← Chapters

ပါတီ

Vol. 7 Ch. 97

ပါတီ

Vol. 7 Ch. 97

အခန်း(၉၇) - ပါတီ

တောင်ပိုင်း ဂလိုဘယ်စိုက်ပျိုးရေး မျိုးစေ့နည်းပညာ ကုမ္ပဏီ လီမီတက်။

ပြန်လည်ဖွဲ့စည်းခြင်းကာလ ပြီးဆုံးသွားသောအခါ ကုမ္ပဏီလည်း ပြန်လည်တည်ငြိမ်သွားပြီဖြစ်သည်။

လင်းမျိုးရိုးအမည်ဖြင့် ယခင်က ဗဟိုရုံးမှ လွှတ်လိုက်သော အမျိုးသမီးက ကုမ္ပဏီ၏ အထွေထွေမန်နေဂျာအဖြစ် တရားဝင် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ယခင် အထွေထွေမန်နေဂျာ ဟယ်ဟောက်မင်က အခြားဌာနတစ်ခုကို ဒုအထွေထွေ မန်နေဂျာအဖြစ် ပို့ဆောင်ခံရပြီး အာဏာလည်း မရှိတော့ပေ။

ကျောင်းဟွေ့ကတော့ အခြား အကြောင်းကိစ္စများကြောင့် ဗဟိုရုံးသို့ ပြန်လည် လွှဲပြောင်း ခံခဲ့ရ၏။

လင်းကျင်းရှုက အထွေထွေမန်နေဂျာ ရာထူးကို ရရှိပြီးနောက် ပြန်လည်ပြုပြင်ခြင်းများနှင့် ယခင်ဌာန၏ ရာထူးများကို ပြန်လည် ထိန်းညှိမှုများ ဆောင်ရွက်ခဲ့သည်။ လျင်လျင်မြန်မြန်နှင့် ပြတ်သားစွာ ဆောင်ရွက်ခဲ့ပါသည်။

ကုမ္ပဏီကြီးက တဖြည်းဖြည်းနှင့် သူမ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့၏။

ယခု အစည်းအဝေးခန်းထဲတွင် တန်ပြန်ရေးများကို ဆွေးနွေးရန် ပြောရေးဆိုရေးရှိသူများစွာက စုစည်းနေကြသည်။

ပညာရှင်ကြီးယန်နှင့် အခြားထိပ်တန်း ရုက္ခဗေဒပညာရှင်များ ရှရှီမြို့တော်သို့ ရောက်လာကတည်းက လင်းကျင်းရှုမှာ ၎င်းတို့ကို အခွင့်အရေးတစ်ခုအဖြစ်မြင်ပြီး အဆက်အသွယ်အားလုံးကို အသုံးပြုကာဖြင့် ပညာရှင်ကြီးယန်နှင့် အခြားသူများကို သူတို့ကုမ္ပဏီသို့ လာရောက်ဆန်းစစ်ဖို့အတွက် ဖိတ်ခေါ်ဖို့ ကြိုးစားသည်။

ဒါက ကြော်ငြာဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။ အထူးသဖြင့် အရင်က မျိုးစေ့ချွတ်ယွင်းချက် ပြဿနာပြီးကတည်းက ကုမ္ပဏီမှာ လူထုရှေ့ရောက်ဖို့ ပိုပိုပြီး ဝေးကွာသွားသလိုဖြစ်နေသည်။

လင်းကျင်းရှုတွင် အံ့အားသင့်ဖို့ကောင်းသော စွမ်းရည်တစ်ခုရှိ၏။ သူမက မျိုးစေ့ချွတ်ယွင်းမှု ပြဿနာကို တည်ငြိမ်သွားအောင် လုပ်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း လင်းကျင်းရှုက ကုမ္ပဏီ၏ ပြောရေးဆိုရေးကို နှံ့နှံ့စပ်စပ် ရရှိနိုင်မည့် အခြေခိုင်ခဲ့ခြင်းဖြစ်သည်။

ပညာရှင်ကြီးယန်နှင့် အခြားကျွမ်းကျင်သူများ ရှရှီမြို့တော်တွင် ခဏလောက်ကြာကြာ ထပ်နေကြဦးမည်ဟု ထင်ခဲ့၏။

သို့သော်လည်း သူတို့ ရှရှီမြို့တော်မှ ထွက်လာကာ ပညာရှင်အသင်းတစ်ခုဖွဲ့ပြီး စီရင်စုနယ် မြို့တော်များကို ဆန်းစစ်လေ့လာနေသည်။

ထို့ကြောင့် လင်းကျင်းရှုနှင့် အခြားသူများ စိတ်ဖိစီးကြရ၏။

ကံမကောင်းစွာဖြင့် သူတို့ ပညာရှင်များ အုပ်စုနှင့် လွဲသွားခဲ့သည်။

သို့သော်လည်း လင်းကျင်းရှုက အရှုံးမပေးသေးပါ။

ပညာရှင်များ အသင်းက စီရင်စုနယ်မှ မထွက်သေးပါက မျှော်လင့်ချက် ရှိနေပါသေးသည်။

ထို့ကြောင့် လင်းကျင်းရှုက လူထုဆက်သွယ်ရေးအဖွဲ့ကို လွှတ်ပြီး ပညာရှင်များ၏ နောက်သို့ လိုက်ခိုင်းလိုက်သည်။ သူတို့နှင့် ဆက်သွယ်နိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံကို သုံးခဲ့သည်။

သို့သော်လည်း အခုချိန်ထိ ဘာရလဒ်မှ မရခဲ့ပေ။ ပညာရှင်များအသင်းနှင့်လည်း ဆက်သွယ်လို့ မရခဲ့ပေ။

ထို့အပြင် ဆက်သွယ်၍ ရခဲ့ရင်တောင် ပညာရှင်များက သူမတို့ကို လျစ်လျူရှုမည်ဟု စိုးရိမ်နေမိ၏။

တောင်ပိုင်း ဂလိုဘယ်စိုက်ပျိုးရေး မျိုးစေ့နည်းပညာ ကုမ္ပဏီလီမီတက်က ကြီးမားသော စိုက်ပျိုးရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သော်လည်း နိုင်ငံထဲတွင်တော့ သာမန်ဟုသာ မှတ်ယူနိုင်ပါသည်။

ဗဟိုရုံးသာ ဆိုလျှင် ပညာရှင်များအသင်းက သူတို့ကို အနည်းငယ် အာရုံစိုက်လောက်သည်။

ဘာပဲဖြစ်ဖြစ် ဗဟိုရုံးက ဗဟိုစီးပွားရေး အဖွဲ့အစည်းများနှင့် ဆက်နွယ်နေသည် မဟုတ်ပါလား။

"အခုပညာရှင်အသင်းက ယန်မြို့တော်ကို ရောက်နေပြီ။ ပညာရှင်အသင်းရဲ့ လမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် သူတို့ဒီတစ်ခါ မအောင်မြင်ရင် နောက်ပိုင်းအခွင့်အရေးရဖို့က အရမ်းနည်းသွားပြီ။"

အသစ်ခန့်အပ်ထားသော ပြောရေးဆိုရေးရှိသူက ပြောလိုက်သည်။

"ကျွန်မသိပါတယ်။ အဲ့တာကြောင့် ဗဟိုရုံးကနေ ကျွမ်းကျင်သူတစ်ယောက်ကို ဖိတ်ထားပါတယ် အခု သူလာနေပြီ။ သူက ပညာရှင်ကြီးယန် သဘောအကျဆုံး ကျောင်းသား ဖြစ်ခဲ့ဖူးတယ်။ ကျွန်မတို့ကို သူ ကူညီပေးနိုင်လောက်တယ်။"

လင်းကျင်းရှုက ရုတ်တရက် ပြောလိုက်သည်။

ထိုနေရာတွင် ရှိနေသော လူများ အံ့အားသင့်သွားကြရသည်။ အလွန်တိတ်ဆိတ်တတ်သော လင်းကျင်းရှုလို လူမျိုးက ဒီလိုလှုပ်ရှားမှုမျိုး လုပ်လိမ့်မည်ဟု ထင်မထားပါ။

ထိုကျွမ်းကျင်သူက ပညာရှင်ကြီးယန်နှင့် ဆရာတပည့် ဆက်ဆံရေးမျိုးရှိသဖြင့် စကားပြောဖို့ ကြိုးစားကြည့်ပါက အောင်မြင်နိုင်ချေ ပိုရှိပါသည်။

"ကုမ္ပဏီက အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ဒီအချိန်တောအတွင်း ကျွန်မတို့ တိတ်ဆိတ်တည်ငြိမ်တဲ့ အခြေအနေကို ဆက်ပြီး ထိန်းထားရမယ်။ အရင်အဖြစ်အပျက်ကြောင့် လူတွေရဲ့စိတ်ကို မသက်ရောက်စေချင်ဘူး။ အဲ့တာကြောင့် ကျွန်မမှာ ပန်းတိုင်အသေးစားလေး တစ်ခု ရှိတယ်။ အဲ့တာက နောက်နှစ်ကျရင် ကုမ္ပဏီကို လူထုရှေ့ချပြဖို့ပဲ။"

လင်းကျင်းရှုက လှပသည်။ သို့သော် သူမ၏ မျက်နှာက အနည်းငယ် အေးတိအေးစက် နိုင်၏။ သူမ စကားပြောလျှင် အရှိန်အဝါ ပြင်းပြင်း တစ်ခုကို ရသည်။ ထိုနေရာတွင် ရှိနေသော လူများက တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။

နှစ်အနည်းငယ်လောက်အထိ ကုမ္ပဏီအား လူထုရှေ့ထွက်ဖို့ ကိစ္စကို အရှုံးပေးလုနီးပါး ဖြစ်နေခဲ့သော်လည်း လင်းကျင်းရှုက ထိုကိစ္စအကြောင်းကို ထပ်ပြောပြီး ပေးထားသည့် အချိန်ကလည်း အလွန်တိုတောင်းနေလိမ့်မည်ဟု ထင်မထားပါ။

ဖြစ်နိုင်ပါ့မလား။

သို့သော်လည်း လင်းကျင်းရှု၏ အရှိန်အဝါကြောင့် သူတို့ချက်ချင်း ခေါင်းငြိမ့်လိုက်ကြသည်။

"မစ္စတာလီ ရှင့်ရဲ့ သုတေသနဌာနက အခု ဆားပျော်ရည်ရဲ့ သဘောတရားက ဘယ်လို အခြေအနေရှိလဲ၊ ဖော်ထုတ်နိုင်ပြီလား။"

လင်းကျင်းရှုက သူမဘေးတွင် ထိုင်နေသော လီချွမ်းကို ကြည့်လိုက်သည်။

ကုမ္ပဏီ ပြန်လည်ဖွဲ့စည်းမှုတွင် လီချွမ်းက ဘာမှထိခိုက်မှုမရှိဘဲ အာရုံပင် ပိုစိုက်ခံလာရသည်။

လီချွမ်း ရှက်ရွံ့သွားပြီး ပြောလိုက်၏။ "မန်နေဂျာလင်း ကျွန်တော် မသိရသေးပါဘူး။"

"အင်း... အဲ့တာဆိုလည်း ယဲ့ရှောင်ချန်းကို ထပ်ဆက်သွယ်ကြည့်ပါဦး။"

လင်းကျင်းရှုက ထို့နောက် စကားအများကြီး ဆက်မပြောတော့ပါ။

"မစ္စလင်း... ဒါက မလိုလောက်ဘူးထင်တယ်။ ယဲ့ရှောင်ချန်းက ဒါကို မတော်တဆ ရှာတွေ့ခဲ့တာ ဖြစ်နိုင်တယ်။ မဟုတ်ရင် သူ့အသက်အရွယ်နဲ့ ဒီလောက် မက်လုံးပေးတာကို ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်မှာလဲ။"

ပြောရေးဆိုရေးရှိသူတစ်ဦးက ခေတ္တ တွန့်ဆုတ်သွားပြီး ပြောလိုက်သည်။

"ကျွန်မသိပါတယ်၊ ဒါပေမယ့် ကြိုးတော့ ကြိုးစားကြည့်ရမယ်။ ကျွန်မတို့သာ ဆားပျော်ရည်ရဲ့ သဘောတရားကို ရှင်းရှင်းလင်းလင်း နားမလည်ရင် ဟာသဖြစ်မလာနိုင်ဘူးလား။"

လင်းကျင်းရှုက ပြောလိုက်သည်။

သူမ ထိုအရာကို သတိထားမိပါသည်။ ယဲ့ရှောင်ချန်း၏ အတိတ်ကိုပင် သူမ စုံစမ်းပြီးသွားပြီ။ စိုက်ပျိုးရေးတက္ကသိုလ်တွင် ဘွဲ့ကြိုပညာသင်ခဲ့ပြီး ဘွဲ့ပင်မရလိုက်ပါ။ သူသာ ကိုယ့်ဖာသာကိုယ် လေ့လာသင်ယူခဲ့ခြင်း ဆိုပါက ပိုတောင် ထူးဆန်းနေလိမ့်မည်။

အသိပညာများက ပိုပြီး အဆင့်မြင့်လာလေလေ တစ်ယောက်တည်း သင်ယူဖို့ ပိုခက်ခဲ လာလေလေဖြစ်ပြီး လမ်းညွှန်ဖို့ ဆရာတစ်ယောက်တော့ လိုအပ်ပါသည်။

ယဲ့ရှောင်ချန်းက ပျော်ရည်၏ သဘောတရားကို ရှာတွေ့နိုင်စွမ်း ရှိလိမ့်မည်ဟု မယုံကြည်ပါ။

ယဲ့ရှောင်ချန်းက မတော်တဆ တွေ့ရှိခဲ့သည်ဟုသာ သူမ ပိုယုံကြည်မိသည်။

သို့သော်လည်း သေချာတာတစ်ခုကတော့ ယဲ့ရှောင်ချန်း၏ နည်းလမ်းက ကုမ္ပဏီ၏ ကပ်ဘေးတွင် အရေးပါသော ကဏ္ဍတစ်ခုက ပါဝင်ခဲ့သည် ဆိုတာပင်။

မဟုတ်လျှင် ဒီကပ်ဘေးကြီးကို သူမ ဖြေရှင်းဖို့ လွယ်ကူမည်မဟုတ်ပါ။

ထို့ကြောင့် သူမ ထပ်ကြိုးစားချင်မိသည်။ ယဲ့ရှောင်ချန်းက မတော်တဆရှာတွေ့ခဲ့နိုင်ချေ ရှိသည်ဆိုရင်တောင်  ကြိုးစားချင်မိသည်။

....

လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်ညစာပါတီ။

ဒီနေ့ လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်က ကိစ္စတစ်ချို့ကြောင့် ပိတ်ထားသည်။

ယဲ့ရှောင်ချန်းနှင့် အခြားသူများသာ ဝင်ခွင့်ရကြ၏။

ဆရာကြီးလင်ကလည်း ကိုယ်တိုင် ချက်ပြုတ်နေဆဲဖြစ်သည်။

ယဲ့ရှောင်ချန်းရောက်သွားသောအခါ အရင်ရောက်နေသည့် လူများစွာ ရှိနေခဲ့ပါသည်။ လျို့ဖူရှန်း၊ လီကျန့်ရမ်၊ ရှုကျောင်း၊ ဟေးလဲ့အပြင် ဆရာကြီးလင် ဖိတ်ကြားထားသည့် စားဖိုမှူးကြီးများစွာလည်း ရှိနေသည်။

အားလုံးက အံ့အားသင့်ဖို့ကောင်းသော ဟင်းချက်စွမ်းရည်များကို ပိုင်ဆိုင်ထားကြပြီး ယန်မြို့တော်တွင် ကိုယ်ပိုင် စားသောက်ဆိုင်များ ဖွင့်ထားကြပြီးသား ဖြစ်သည်။

ယဲ့ရှောင်ချန်းတစ်ယောက် ဘယ်လောက် ငယ်ရွယ်မှန်း မြင်သောအခါ စားဖိုမှူးကြီးများက အံ့အားသင့်သွားကြ၏။

သူတို့အားလုံးက ယဲ့ရှောင်ချန်း ထောက်ပံ့ပေးသော အဆင့်မြင့် အရည်အသွေးရှိ ဟင်းသီးဟင်းရွက်များကို အသုံးပြုဖူးပြီးသားဖြစ်ပြီး ထိုကဲ့သို့ ဟင်းသီးဟင်းရွက်များက သာမန် စိုက်ပျိုးရေးခြံတွင် စိုက်ပျိုးလို့ မရမှန်း သိနေသည်။

အထူးသဖြင့် အခုတလော ပို့ဆောင်ပေးသည့် ဟင်းသီးဟင်းရွက် အသုတ်များတွင် မည်သည့်ပိုးသတ်ဆေးမျိုးကိုမှ မတွေ့မိကြပါ။

ယဲ့ရှောင်ချန်းက သူတို့ကို နှုတ်ဆက်လိုက်သည်။

"ညီလေးယဲ့ မင်းသိတဲ့လူတစ်ယောက်လည်း ရောက်လာလိမ့်မယ်။ မင်းမငြင်းဘူးမလား။"

လျို့ဖူရှန်းက ရုတ်တရက် ပြုံးလိုက်သည်။

"အစ်ကိုကြီးဖူကတော့ နောက်နေပြန်ပြီ။ အတူတူ ပူးပေါင်းဆောင်ရွက်တာပါဆို အထင်အမြင်တွေ လိုအပ်လို့လား။ အခုက ဆွေးနွေးတဲ့အဆင့်တောင် ရောက်နေပြီ။"

ယဲ့ရှောင်ချန်းက ရယ်မောလိုက်သည်။

သူက အမြဲတမ်း လျို့ဖူရှန်းကို ကျေးဇူးတင်မိပါသည်။ သူ့စကားများကြောင့်သာမဟုတ်လျှင် ယခုချိန်ဆို သူ့အခြေအနေက မတူလောက်ပေ။

သူသာ ချန်းရှု စားသောက်ဆိုင်ကို ဟင်းသီးဟင်းရွက်များ မပို့ဆောင်ရပါက ထိုနေ့က ရှီပေါင်းလေးကိုလည်း ကယ်တင်နိုင်ခဲ့မည် မဟုတ်ဘဲ ဝမ်ရွှေရှန့်နှင့်လည်း ဆုံရမည်မဟုတ်ပေ။ ဝမ်ရှင်းယီကိုတော့ သေချာပေါက် သိပင်သိရမည် မဟုတ်ပါ။

ထိုကိစ္စ မဖြစ်ပျက်ခဲ့ပါက ကျန်းခယ့်ချင်းကိုလည်း သိခဲ့ရမည် မဟုတ်သလို ဘွန်ဆိုင်းပင်ကိုလည်း ကုသခွင့်ရခဲ့မည်မဟုတ်ပါ။ ထို့အပြင် ရှရှီမြို့တော်ကိုသွားပြီး ဖူဆန်သစ်ပင်ကိုလည်း ကုသနိုင်မည် မဟုတ်ပေ။

တစ်ခါတစ်ရံ ဘဝက အလွန်အံ့အားသင့်ဖို့ ကောင်းလှသည်။ ရည်ရွယ်ချက်မရှိသော လှုပ်ရှားမှုလေးတစ်ခုက လူများစွာ၏ ဘဝများကို ပြောင်းလဲပေးလိုက်နိုင်သည်။

ယဲ့ရှောင်ချန်း၏ ဒီလို ဘဝအတွေ့အကြုံ အခိုက်အတန့်က ဟိုးအစကတည်းက လျို့ဖူရှန်းနှင့် နီးစပ်စွာ ဆက်နွယ်နေခဲ့သည်မှာ သံသယဖြစ်စရာမရှိပါ။

လျို့ဖူရှန်းပြောသော လူရောက်လာသောအခါ ယဲ့ရှောင်ချန်း အနည်းငယ် အံ့အားသင့်သွားရ၏။ ချန်းရှု ဖြစ်နေသည်။

"ညီလေးယဲ့ ငါလာမယ်လို့ မထင်ထားဘူးမလား ဒီပါတီကို ငါ မတက်ဘဲနေမလားကွ။"

ချန်းရှုက ပြုံးကာ ပြောလိုက်သည်။

ယဲ့ရှောင်ချန်းနှင့် လျို့ဖူရှန်းတို့က အလုပ်အတူတူလုပ်ပြီး ဟင်းသီးဟင်းရွက် စားသောက်ဆိုင် ကွင်းဆက်တစ်ခု ဖွင့်ချင်နေကြသည်ဖြစ်ကြောင်း သူအကုန်သိထားပြီးဖြစ်ပါသည်။

သူကတော့ သိပ်ပြီး စိတ်မဝင်စားပါ။

ယဲ့ရှောင်ချန်း ထောက်ပံ့ပေးထားသော အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်များနှင့် ယခုဆို ဆားရည်စိမ် အသီးအရွက်များကိုပါ အားကိုးနေရပြီးသားဖြစ်ပါသည်။

ယဲ့ရှောင်ချန်းနှင့် ဆက်ဆံရေးကောင်းသော လူများစွာရှိသည်။

ထိုကဲ့သို့ အခွင့်အရေးမျိုးကို လွဲသွားပါက လုံးဝ နောင်တရမိမည် ဖြစ်ပါသည်။

All Chapters