← Chapters

အသွင်ပြောင်းခြင်း

Vol. 7 Ch. 99

အသွင်ပြောင်းခြင်း

Vol. 7 Ch. 99

အခန်း(၉၉) - အသွင်ပြောင်းခြင်း

ညစာစားပွဲအပြီးတွင် သဘောတူညီမှု အဆုံးမသတ်နိုင်ခဲ့ပါ။

ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးခြံကို ရင်းနှီးမြှုပ်နှံမှုအဖြစ် ထည့်သွင်းလိုခြင်း မရှိဘဲ သူ့ရဲ့ နည်းပညာကိုသာ ရှယ်ယာအဖြစ် အသုံးပြုချင်နေသည်။

ဒီအတွက်ကြောင့် လီကျန့်ရမ်နှင့် အခြားသူတွေက နားလည်ရ ခက်ခဲခဲ့ရသည်။

သူတို့အမြင်တွင်တော့ စိုက်ပျိုးရေးခြံကို ရှယ်ယာထဲ ထည့်လိုက်ပါက ငွေများစွာကို အသုံးပြုပြီး စိုက်ပျိုးရေးခြံကို တိုးချဲ့နိုင်သည်။

လက်ရှိ စိုက်ပျိုးရေးခြံ၏ အရွယ်အစားလောက်နှင့် အနာဂတ်တွင် စားသောက်ဆိုင် ကွင်းဆက်၏ ဝယ်လိုအားကို မှီနိုင်ဖို့ ခက်ခဲလာလိမ့်မည်။

သူတို့၏ အဓိက ပူပန်မှုက စိုက်ပျိုးရေးခြံသည် ဤရှယ်ယာဝေစုထဲတွင် မပါဝင်ပါက စားသောက်ဆိုင် ကွင်းဆက်မှာ မတည်မငြိမ် ဖြစ်လာနိုင်မှာကိုပင်ဖြစ်သည်။

စိုက်ပျိုးရေးခြံက အခြေခံအုတ်မြစ်အဖြစ် မတည်ရှိပါက ထိုနာမည်ကြီး သက်သက်လွတ် စားသောက်ဆိုင်က နာမည်အတိုင်း ဖြစ်နိုင်ပါဦးမလား။

ယဲ့ရှောင်ချန်းသာ ရုတ်တရက်ကြီး နုတ်ထွက်သွားပြီး ဟင်းသီးဟင်းရွက်များ ထောက်ပံ့မှုကို ရပ်တန့်လိုက်ပါက စားသောက်ဆိုင်သည် မိနစ်ပိုင်းအတွင်း ပိတ်သွားရနိုင်သည်။

ထိုအချိန်ကျရင် သူတို့ ဘာလုပ်ကြမလဲ။

အခုတော့ အခြေအနေက မဆုတ်သာ မတိုးသာ အခြေအနေကို ရောက်နေလေပြီ။

လက်ရှိအခြေအနေကတော့ ငြိမ်းချမ်းနေသေးပြီး အတိုက်အခံ မဖြစ်ကြသေးပါ။

လုပ်ငန်းအတွက် ပူးပေါင်းဆောင်ရွက်ဖို့ကလည်း အလျင်လိုခြင်း မရှိသေးပါဘူး။

လက်ဘက်ရည်အိမ်ဆိုင်တစ်ခုတွင်။

လီကျန့်ရမ်၊ ရှုကျောင်း၊ ဟေးလဲ့နှင့် လျို့ဖူရှန်းတို့ စုစည်းမိကြ၏။

"အဘိုးကြီးလီ မင်းဘာလုပ်မှာလဲ။ ယဲ့ရှောင်ချန်းက သဘောမတူရင် ဘာမှလုပ်လို့မရဘူး။"

ဟေးလဲ့က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"ယဲ့ရှောင်ချန်း ဒီလောက်ကြီး တုန့်ပြန့်လိမ့်မယ်လို့ ထင်မထားဘူး။ ကြည့်ရတာ ကျုပ်တို့တော့ သူ့ကို အထင်သေးမိပြီထင်တယ်။"

လီကျန့်ရမ်က ခေါင်းခါပြီး ပြောလိုက်သည်။

"ဒါမှမဟုတ် ငါတို့တွေ ယဲ့ရှောင်ချန်းအကြံအတိုင်းပဲ လုပ်ကြမလား။"

လျို့ဖူရှန်းက တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

"မဟုတ်ဘူး။ ကျွန်တော်တို့ အောက်ကျလို့ မဖြစ်ဘူး။"

လီကျန့်ရမ်က ခေါင်းခါသည်။

"ငါတို့ သူ့ကို အတင်းလုပ်လို့ မရဘူးလေ။"

လျို့ဖူရှန်းက ပြောလိုက်၏။

"သူ့ကိုအတင်းလုပ်ခိုင်းလို့ မရတာတော့ ဟုတ်ပါတယ်။ နောက်ပိုင်းကျရင် အတူတူ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းလုပ်ရင်လည်း ပိုကောင်းတဲ့ အကျိုးအမြတ်တွေ ရလာအောင် ကြိုးစားကြမှာပဲလေ။ ကဲပါ... အလျင်မလိုကြရအောင်။ ငါတို့တွေ ဖြည်းဖြည်းချင်း သွားကြတာပေါ့။"

လီကျန့်ရမ်၏ မျက်လုံးများ အရောင်လက်သွား၏။

သူ့အမြင်တွင် ယဲ့ရှောင်ချန်း အဆင့်မြင့် အရည်အသွေး ဟင်းသီးဟင်းရွက်များ၏ တစ်ခုတည်းသော အားကိုးစရာက သက်သက်လွတ် စားသောက်ဆိုင် ကွင်းဆက်များ တည်ထောင်ဖို့သာဖြစ်သည်။ မဟုတ်ပါက၊ အခြားလမ်းကြောင်းများကို ယဲ့ရှောင်ချန်း အားကိုးပါက အလွန်နှေးကွေးပြီး အောင်မြင်မှုလည်း မရနိုင်ပေ။

တွန့်ဆုတ်နေသည့် နေ့ရက်တိုင်းက ငွေအများကြီး ဆုံးရှုံးနေသည်နှင့် တူညီသဖြင့် ယဲ့ရှောင်ချန်းတစ်ယောက် အလျင်လိုနေလိမ့်မည်ဟု သူယုံကြည်နေသည်။

အခြားသူများကလည်း ဘာမှ မပြောပါ။

ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အတူတကွ ချည်နှောင်ထားကြပါသည်။

ယဲ့ရှောင်ချန်းသည် စိုက်ပျိုးရေးခြံသို့ ပြန်ရောက်လာ၏။

ဟင်းသီးဟင်းရွက် ရောင်းချမှု သဘောတူစာချုပ်များ သက်တမ်းကုန်ဖို့ အချိန်တချို့ ကျန်သေးသဖြင့် သက်သက်လွတ် စားသောက်ဆိုင် ကွင်းဆက်တည်ထောင်ဖို့ ယဲ့ရှောင်ချန်း အလျှင်မလိုပါ။

စာချုပ်ကို သက်တမ်းမတိုးဘူးဆိုရင်တောင် ဆားရည်စိမ် အသီးအရွက်များ ရောင်းချခြင်းဖြင့် ဝင်ငွေ အနည်းငယ် ရနိုင်ပါသေးသည်။ သူ့အခြေအနေက အရင်တုန်းကနဲ့ မတူဘူး။

သူ့အတွက်တော့ အရေးကြီးဆုံး အရာများက အင်မော်တယ်မြေပေါ်က အပင်များ ဖြစ်သည်။

ထိုအချက်ကတော့ အလွန်သေချာပါသည်။

သူ့မှာ ငွေလည်း လုံလုံလောက်လောက် ရှိသည်။

ယဲ့ရှောင်ချန်းသည် သိုလှောင်နေရာကွက်ထဲမှ အင်မော်တယ် ပျားအုံကို ထုတ်လိုက်သည်။ သူ့အာရုံများ လှုပ်ရှားသွားပြီး စိတ်ဝိညာဥ်ပါရမီကို သုံးလျက် ဝတ်မှုန်ကူး ပျားပိုးလောင်းကို ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။

ရွှေရောင်မျဥ်းကြောင်းလေးက ခေါင်းနှင့် အတော်နီးစပ်နေပြီ။

ပိုးလောင်းမှ ပိုးတုံးလုံးဘဝဖြစ်ဖို့ အချိန်သိပ်မကြာတော့ပါ။

ယဲ့ရှောင်ချန်း အသက်ဝဝရှူလိုက်သည်။ ဝတ်မှုန်ကူးပျား အပြည့်အဝ အရွယ်ရောက်လာမည့် အချိန်ကို သူ စောင့်မျှော်နေမိ၏။

အင်မော်တယ်ပျားအုံကို ပြန်ထည့်ထားလိုက်ပြီး အင်မော်တယ်မြေသို့ လမ်းလျှောက်သွား၏။

အင်မော်တယ် လေမြက်မျိုးစေ့ကို ဆေးရည်စိမ်ထားတာ ၁၂ နာရီကျော်ပြီဖြစ်ပြီး ကျဲပက်ဖို့ အသင့်ဖြစ်လေပြီ။

ယဲ့ရှောင်ချန်းက မျိုးစေ့ကို အသေအချာ ကြည့်လိုက်၏။ ပုံစံပြောင်းလဲမှုတချို့ရှိနေ၏။ မျိုးစေ့က ပိုမိုတောက်ပလာပြီး ကျောက်နက်တစ်လုံးနှင့် တူလာသည်။

မျိုးစေ့အထဲတွင် ထူးဆန်းသည့် အလင်းရောင် တောက်ပနေသည့်ပုံပင်။

မျိုးစေ့၏ အသိစိတ်က လုံးဝနိုးထလာပြီဖြစ်သည်။ အမြစ်ပေါက်ခြင်းနှင့် အညှောက်ပေါက်ခြင်းဆိုင်ရာ အာရုံများကို သန်မာစွာ ပြသနေသည်။

မျိုးစေ့များကို ဆေးရည်စိမ်ပြီးနောက် ၎င်း၏ အသိစိတ်က ပြီးပြည့်စုံလာသည်။ ဖွံ့ဖြိုးနှုန်းလည်း မြန်ဆန်ပြီး နောက်ပိုင်း အထွက်နှုန်းနှင့် အရည်အသွေးကိုလည်း သက်ရောက်မှု ရှိပါလိမ့်မည်။

ချက်ချင်းဆိုသလိုပင် ယဲ့ရှောင်ချန်းသည် မျိုးစေ့ကို တူးဆွထားပြီးသား တွင်းထဲတွင် ထည့်လိုက်သည်။

ထိုတွင်းထဲတွင် သဘာဝမြေသြဇာများဖြင့် ဖြည့်ထား၏။

ဆန်းကြယ်သော ဖြစ်ရပ်တစ်ခု ဖြစ်လာသည်။

အင်မော်တယ်မြေထဲသို့ မျိုးစေ့ကို ထည့်လိုက်သည်နှင့် တပြိုင်နက် မျိုးစေ့၏ အခွံကွဲထွက်သွားပြီး အစိမ်းရောင်အရာတစ်ခုက ထွက်လာသည်။ ၎င်းမှာ နူးညံ့သော အဖူးလေး တစ်ခုဖြစ်ပြီး ၎င်း၏ ကျောက်စိမ်းဖြူ အမြစ်များကလည်း ပြန့်ထွက်သွားကြသည်။

ယဲ့ရှောင်ချန်းက အံ့အားသင့်သွားသည်။

ပြောင်းလဲမှုက မများလွန်းဘူးလား။

ယခင်က စိုက်ပျိုးထားသော အင်မော်တယ် မုန်လာဥဖြူများနှင့် အင်မော်တယ် မုန်လာဥနီများကတောင် ဒီလောက်ထိ ပြောင်းလဲမှု ကြီးကြီးမားမား မဖြစ်ဖူးပါ။

မျိုးစေ့များက ဆေးရည်စိမ်ပြီးနောက် ပိုမို သန်မာလာသည်မှာ အမှန်ဖြစ်သော်လည်း မြေကြီးထဲ ရောက်သည်နှင့် ချက်ချင်း အညှောက် မပေါက်တတ်ကြပါ။

"တကယ့် ဝိညာဥ်အသွင်ပြောင်းခြင်း အပင်ပါလား။ မှော်ဆန်လိုက်တာ။"

ယဲ့ရှောင်ချန်းက အကြောင်းအရင်းကို အမြန်ပဲ နားလည်သွားပြီး အလွန် အံ့အားသင့်သွား၏။

ဝိညာဥ်အသွင်ပြောင်းခြင်း အပင်များတွင် သာမန်ထက် ထူးကဲသော လက္ခဏာများရှိသည်။ အင်မော်တယ်မြေ၏ အင်မော်တယ်ချီကို စုပ်ယူကာ မျိုးစေ့၏ သဘာဝချီအဖြစ် ပြောင်းလဲနိုင်သည်။ ထိုဝိညာဥ်အသွင်ပြောင်း အပင်က အပင်၏ ဖွံ့ဖြိုးမှုကို အရှိန််တိုးမြှင့်ပေးကာ ဒီလိုမှော်ဆန်သည့် အမြစ်အမြန်ပေါက်ခြင်း၊ အညှောက်ပေါက်ခြင်းတို့ကို ဖြစ်စေသည်။

ဝိညာဥ်အသွင် မပြောင်းနိုင်သော အပင်များတွင် ထိုကဲ့သို့ ဖြစ်စဥ်မျိုးမရှိပါ။

၎င်းကိုမြင်သောအခါ ယဲ့ရှောင်ချန်းက သေသေချာချာ တူးဆွထားသော အင်မော်တယ်မြေကို အင်မော်တယ် လေမြက် အပင်ပေါက်အပေါ်တွင် ဂရုတစိုက် ဖို့လိုက်၏။

အင်မော်တယ်စမ်းရေ တချို့လည်း လောင်းလိုက်သည်။

အခြားအင်မော်တယ် အပင်များထက် ဒီအပင်ကို ပိုမိုအရေးကြီးသည်ဟု သတ်မှတ်ထားပါသည်။

ဖူဆန်သစ်ပင်သာ ဒီအပင်၏ တန်ဖိုးနှင့် ယှဥ်နိုင်သည်။

လက်ရှိတွင် ဖူဆန်သစ်ပင်ကလည်း အများကြီး ပြောင်းလဲလာပြီ။ အဖူးက ပိုကြီးလာပြီး အနားကပ်ကြည့်သောအခါ အပူလှိုင်းတချို့ကိုပင် ခံစားရသည်။

"ဒီတစ်ခေါက် အင်မော်တယ် ပဲပင်တွေ ကြီးလာရင် ရောင်းပြီး အင်မော်တယ်မြေ နောက်တစ်ကွက် ဝယ်ရမယ်။ ပြီးရင် ဖူဆန်သစ်ပင်နဲ့ အနီရောင် အင်မော်တယ် ပဲပင်တွေကို အဲဒီနေရာမှာ ပြောင်းစိုက်ရမယ်။"

ယဲ့ရှောင်ချန်းက အနည်းငယ် စဥ်းစားလိုက်ပြီး အကြံရသွားသည်။

ယခု ဖူဆန်သစ်ပင်တွင် အဖူးတစ်ဖူးသာ ရှိသေးသည်။ သို့သော် အချိန်အကြာသောအခါ အပူလှိုင်းက ပိုမိုပြင်းထန်လာပြီး သေချာပေါက် ဖန်လုံအိမ် တစ်ခုလုံး၏ အပူချိန်ကို တိုးမြှင့်ကာ အခြားအင်မော်တယ် အပင်များ၏ ကြီးထွားမှုကိုလည်း သက်ရောက်မှုရှိစေမည်ဖြစ်သည်။

မနေ့က စိုက်ပျိုးခဲ့သော မျိုးစေ့များကို လိုက်ကြည့်လိုက်သည်။ အညှောက်များ ပေါက်နေကြပြီဖြစ်သည်။

အနီရောင် အင်မော်တယ် ပဲပင်က ထူးခြားပါသည်။ ၎င်း၏ အဖူးက သွေးလိုနီရဲနေသည်။

ဒီအနီရောင် အင်မော်တယ် ပဲစေ့၏ မီးဂုဏ်သတ္တိက အဖူးမှာပင် ပေါ်နေပြီဖြစ်သည်။

အင်မော်တယ် မျိုးစေ့များအားလုံး ချောချောမွေ့မွေ့ဖြင့် အညှောက်ပေါက်နေကြသည်ကို မြင်သောအခါ ယဲ့ရှောင်ချန်းမှာ ကျေနပ်အားရသွား၏။

အင်မော်တယ် မျိုးစေ့များကို ဆေးရည်စိမ်လိုက်သောအခါ အညှောက်ပေါက်ခြင်းဆိုင်ရာ ဖြစ်စဥ်က ပိုမို ချောမွေ့လာ၏။

အဖူးများကလည်း ပိုမို ကောင်းမွန်လာသည်။

အပင်ပေါက်ဘဝကတည်းက ဒီလို သိသာသည့် တိုးတက်မှုမျိုး ရှိနေသဖြင့် အရွယ်ရောက်ပြီး ကြီးထွားလာပြီးနောက် တိုးတက်မှုကလည်း သေချာပေါက် မြင့်မားလာမည်ဖြစ်ပါသည်။

ယဲ့ရှောင်ချန်းသည် အဝါရောင် အင်မော်တယ် ပဲပင်များထံသို့ သွားလိုက်သည်။

စုစုပေါင်း ၂၆ ပင်ရှိပါသည်။

အားလုံးက ရွှေရောင် ပဲတောင့်များဖြင့် ပြည့်နှက်နေ၏။ တစ်ရက်နှစ်ရက်အတွင်း ခူးဆွတ်လို့ ရနိုင်မည့်ပုံပင်။

ထိုအင်မော်တယ်ပဲပင်များကို နှစ်အုပ်စု ခွဲထား၏။ အင်မော်တယ် အပင်ပေါက် ၁၄ ပင်က ရှည်လျားပြီး အလွန်အမင်း စိမ်းလန်းကာ အင်မော်တယ် ပဲတောင့်များစွာလည်း ရှိသည်။ တစ်ပင်ကို အနည်းဆုံး ပဲတောင့် ၇၀ မှ ၈၀ အထိရှိ၏။ ယခင်တစ်ခေါက်ကထက် ပိုများပါသည်။

အခြား ၁၂ ပင်ကတော့ ပုတိုတိုဖြစ်ကြပြီး အရောင်ကလည်း သိပ်မတောက်ပပေ။ ပဲတောင့် ပမာဏကလည်း နည်းပါးသည်။ အရောင်က အဝါဖြစ်ပြီး ရွှေရောင်လို ခံစားချက်မျိုး မရပါ။

ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်၏။ သူ စိုက်ပျိုးထားသည့် ပဲစေ့ ဒုတိယမျိုးဆက်က စတိုးဆိုင်မှ ဝယ်ယူခဲ့သည့် ပထမမျိုးဆက်အောက် အများကြီးနိမ့်ကျပါသည်။

All Chapters