← Chapters

ဆုရရှိခြင်း

Vol. 7 Ch. 100

ဆုရရှိခြင်း

Vol. 7 Ch. 100

အခန်း(၁၀၀) - ဆုရရှိခြင်း

ယန်မြို့တော်၊ မြို့နယ်အစိုးရရုံး။

"ဒါရိုက်တာချိုက်၊ ကျွန်တော် တကယ် တောင်းဆိုချင်ပါတယ်။ ဒီကိစ္စသာ အောင်မြင်သွားမယ်ဆိုရင် ကျွန်တော်တို့ ကျင်းကောင်တီက ခင်ဗျားကို တကယ်ကျေးဇူးတင်နေမှာပါ..."

ကျင်းကောင်တီမှ မြို့တော်ဝန်း ကျင်းပင်းချွေ့က ယန်မြို့တော်သို့ သူ့အဖွဲ့ဖြင့် ရောက်လာပြီး ဤခေါင်းပြောင်လူကြီးကို တောင်းဆိုနေသည်။ သူက အသားဖြူဖြူ မျက်မှန်နှင့် သက်လတ််ပိုင်း အရွယ်လောက်ရှိပြီး အလွန်နူးညံ့သည့်ပုံပေါ်သည်။

ထိုလူက ချိုက်ယန်ဖြစ်၏။ မြူနီစီပယ်အစိုးရရုံး၏ ဒါရိုက်တာဖြစ်ပြီး လက်ရှိမြို့တော်ဝန်များ၏ လူယုံတော်ဖြစ်သည်။

အရင်ကတည်းက ကျင်းပင်းချွေ့နှင့် ဒါရိုက်တာချိုက်တို့က နိုင်ငံရေးကျောင်းတစ်ခုတွင် အတူတက်ရောက်ခဲ့ကြသည်။ သူတို့နှစ်ဦးအကြား ဆက်ဆံရေးက ကောင်းမွန်သည်။ ဒီတစ်ခေါက် ၎င်းတို့လူထုဆက်နွယ်ရေးအဖွဲ့၏ အဓိကပစ်မှတ်က ဒါရိုက်တာချိုက်ဖြစ်သည်။

"ကျင်းမြို့တော်ဝန် ကျွန်တော် ခင်ဗျားကို မကူညီချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ် မကူညီနိုင်လို့ပါ။ အမှန်တိုင်းပြောရရင် သွားရမယ့် နေရာတွေကို သတ်မှတ်ပြီးသွားပြီ။ မကြာခင် ပညာရှင်အသင်းရဲ့ လက်ထဲကို အမြန်ဆုံး ပို့ပေးရတော့မှာပါ။”

ဒါရိုက်တာချိုက်က မဲ့ပြုံးပြုံးလိုက်သည်။

ထိုအချိန်တွင် သူ့ထံသို့ လူဘယ်နှယောက်လောက် လာခဲ့ပြီးပြီလဲ ဆိုတာပင် မမှတ်မိတော့ချေ။

သူက မြို့တော်ဝန်လူယုံတော်ဖြစ်ပြီး အာဏာရှိသော အရာရှိဖြစ်သော်လည်း ဒီအချိန်တွင် အာဏာကို သုံးပြီး ဘယ်လိုဆုံးဖြတ်ချက်မှ မချလိုပါ။

နေရာပမာဏအား မြူနီစီပယ်အဆင့် ကော်မတီက သတ်မှတ်ထားခြင်းဖြစ်ပြီး သူတို့ ကော်မတီအဖွဲ့ဝင်တစ်ယောက်ထံသို့ တိုက်ရိုက်မသွားနိုင်ပါက ပြောင်းလဲဖို့ ခက်ခဲပါလိမ့်မည်။

သူတို့ တွေ့ဆုံခဲ့လျှင်တောင် တည်ဆဲကော်မတီ အဖွဲ့ဝင်များက ခွင့်ပြုချက်ပေးမှ ရမည်။ ညှိနှိုင်းခြင်းများ၊ အပေးအယူများ၊ အာဏာရုန်းကန်မှုများစွာ လိုအပ်သည်။

"ဘယ်လိုဖြစ်ရတာလဲကွာ။"

ဒုမြို့တော်ဝန်ကျင်းမှာ စိတ်ဓာတ်ကျသွား၏။

အရင်က ရာထူးကြီးတဲ့သူတစ်ယောက်ဆီ သွားခဲ့သော်လည်း သူနဲ့တောင် မဆုံနိုင်ခဲ့ဘူး။

"ဒါရိုက်တာချိုက် သတ်မှတ်ထားတဲ့ နေရာဘယ်နှရာရှိလဲမေးလို့ရမလား။"

ဒုမြို့တော်ဝန်ကျင်းက အားပျော့သော လေသံဖြင့် မေးလိုက်သည်။

"ရှစ်နေရာ။ ငါးနေရာက မဖြစ်မနေပဲ။ ကျန်တဲ့ သုံးနေရာကတော့ အရန်ပါ။"

ဒါရိုက်တာချိုက်က စဥ်းစားကြည့်ပြီး ပြန်ပြောလိုက်သည်။

"အဲ့လောက်တောင် နည်းတာလား။"

ဒုမြို့တော်ဝန် အံ့အားသင့်သွားရသည်။

ဒီလိုကြီးကျယ်သည့် ယန်မြို့တော်ကြီးတွင် ဆန်းစစ်လေ့လာမှုအတွက် နေရာ ရှစ်နေရာသာ ရှိပြီး သုံးနေရာက အရန်မျှသာဖြစ်သည်။ ပြောရမည်ဆိုလျှင် ပညာရှင်များ မသွားပါကလည်း ဘာမှမဖြစ်နိုင်ပါ။

ယခင်က ရှန်းမြို့တော်တွင် ပညာရှင်အသင်းက အရန်နေရာများကို သွားရောက်လည်ပတ်ခြင်း မရှိဘဲ ယန်မြို့တော်အဖွဲ့မှ လာရောက်ခေါ်ဆောင်သွားခဲ့သည်။

မြို့တော်အစိုးရအဆောက်အဦးမှ ထွက်ခွာလာပြီးနောက် ကျင်းပင်းချွေ့က ကောင်တီကို ဖုန်းပြန်ခေါ်ပြီး အခြေအနေကို ပြောပြလိုက်သည်။

ခေါင်းဆောင်များက စိတ်ပျက်လျက်ရှိကြ၏။

သို့သော်လည်း ကျင်းမြို့တော်ဝန်ကို တတ်နိုင်သမျှ ကြိုးစားကြည့်ဖို့ တောင်းဆိုကြပါသေးသည်။ အခွင့်အရေးရှိဦးမလား ရှာကြည့်စေချင်သည်။

ကျင်းပင်းချွေ့က မဲ့ပြုံးပြုံးလိုက်၏။ ယခုတော့ ဆန်းစစ်လေ့လာမည့် နေရာများကိုပင် အတည်တကျ သတ်မှတ်ပြီးသွားပြီဖြစ်သဖြင့် သူတို့မှာ ဘယ်လိုမျှော်လင့်ချက် ရှိနိုင်ပါဦးမလဲ။

မြို့တော် အဓိကခေါင်းဆောင်များ၏ မျက်နှာကိုပင် သူ မတွေ့ခဲ့ရပါ။

ဒါရိုက်တာချိုက်ကိုသာ တွေ့နိုင်ခဲ့ပြီး သူက ရာထူးကြီးသူဖြစ်သော်လည်း အသုံးမဝင်ခဲ့ပါ။

သူ အခု ဘာဆက်လုပ်နိုင်ဦးမှာလဲ။

လက်ရှိ၊ ယန်မြို့တော် ကျင်းဟွမ်ဟိုတယ်တွင်။

နိုင်ငံပိုင်ကြယ်ငါးပွင့် ဟိုတယ်တစ်ခုဖြစ်ပြီး ယန်မြို့တော်က ကြယ်ငါးပွင့်ဟိုတယ်များထဲက တစ်ခုဖြစ်သည်။

မူလကတော့ ဟိုတယ်၏ တာဝန်က အစိုးရ ဧည့်သည်များကို ဧည့်ခံဖို့ဖြစ်သည်။

ဟိုတယ်၏ အတွင်းပိုင်း ပြန်လည် ပြင်ဆင်မှုများ လုပ်ဆောင်ပြီးသည့်နောက် လူထုအတွက် ဖွင့်လှစ်ပေးခဲ့၏။ သို့သော်လည်း လူထုအတွက် မဖွင့်လှစ်သော အထူးအထပ်တချို့လည်း ရှိသေးပြီး လူကြီးပိုင်းများအတွက်သာ အသုံးပြုသည်။

ပညာရှင်အသင်းက ကျင်းဟွမ် ဟိုတယ် ထိပ်တန်းအဆင့် အခန်းများတွင် နေထိုင်ကြရသည်။

အစည်းအဝေးခန်းတစ်ခုတွင်။

ယန်မြို့တော်၏ အမှုဆောင် ဒုမြို့တော်ဝန်ဖြစ်သော လီဟူက ပညာရှင်များအတွက် ဆန်းစစ်လေ့လာရမည့် နေရာများစာရင်းများကို တင်ပြနေသည်။

ပညာရှင်အသင်းကတော့ ယန်မြို့တော်၏ ဆန်းစစ်လေ့လာခြင်း လမ်းကြောင်း စီစဥ်ထားမှုကို ဘာမှ မပြောသလောက် ရှိပါသည်။

ရှန်းမြို့တော်ဖြစ်ဖြစ် ယန်ရှစ်မြို့တော်ဖြစ်ဖြစ် လမ်းကြောင်းများကို မြို့တော်က စီစဥ်ပေးပြီး ၎င်းတို့က စီစဥ်ထားသည်ကိုသာ လိုက်နာရသည်။

အမှန်ပင်။ ၎င်းတို့ကိုယ်တိုင် ရွေးချယ်ထားသော နေရာများလည်းရှိပြီး သတ်မှတ်ထားပြီးသား ဖြစ်ပါသည်။

အတည်တကျ နေရာ ငါးခုနှင့် အရန် သုံးနေရာ ဖြစ်သည်။

အတည်တကျ နေရာများကို သေချာပေါက် သွားကြမည်ဖြစ်ပြီး အရန် နေရာများကိုတော့ အခြေအနေနှင့် အချိန်အခါပေါ် မူတည်ပြီး မသွားလည်း ရပါသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မြို့တော်အစိုးရကတော့ ဘာမှမပြောပေ။ နေရာများက အတော်လေး များနေပြီဖြစ်သည်။

ဘာပဲဖြစ်ဖြစ် နေရာတစ်နေရာကို သွားရောက်ခြင်းက ယဥ်ကျေးမှုတစ်ခုသက်သက်မဟုတ်ဘဲ အကြံဉာဏ်များ ပေးဖို့ လိုအပ်ပြီး ဆွေးနွေးပွဲတစ်ခုလည် ကျင်းပဖို့ လိုအပ်သည်။ အနည်းဆုံး နေ့တစ်ဝက်လောက်တော့ အချိန်ယူရမည်။

ဒီလိုနှင့် အတည်တကျ နေရာငါးခုအတွက် နှစ်ရက်သုံးရက်လောက် ကြာလိမ့်မည်။ အရန်နေရာများကိုပါ သွားရောက်ပါက ပို၍ပင် ကြာဦးမည်။

ရှန်းမြို့တော်က ယန်မြို့တော်ကို အရင်တစ်ခေါက် ဒေါသထွက်ရသည့် အကြောင်းအရင်းက ပညာရှင်များမှာ သူတို့မြို့တွင် သုံးရက်တောင် ပြည့်အောင် နေမသွားကြသောကြောင့် ဖြစ်သည်။

"ဒီစာရင်းနဲ့ပတ်သတ်ပြီး ပညာရှင်ကြီးယန် ပရော်ဖက်ဆာဟဲ့နဲ့ ဒေါက်တာဂျိမ်းစ်တို့... ကန့်ကွက်စရာ ရှိပါသလား။"

မြို့တော်ဝန် လီဟူက မေးသင့်မေးထိုက်သည်ကို မေးလိုက်သည်။

ပညာရှင်များက သူတို့ဆုံးဖြတ်ထားသည့် ခရီးစဥ်ကို ပုံမှန်အားဖြင့် မပြောင်းလဲတတ်သည်ကို သူသိထားပါသည်။

ထိုစာရင်းကို တည်ဆဲကော်မတီနှင့် ဆွေးနွေးပြီးမှ ဆုံးဖြတ်ထားခြင်း ဖြစ်ပါသည်။

စာရင်းပေါ်တွင် လေ့လာရမည့် နေရာများ၏ အမည်များသာမကဘဲ အသေးစိတ် မိတ်ဆက်များကိုလည်း ရေးသားထားသည်။

"မြို့တော်ဝန်လီ၊ ဒီရှင်းဟုန်ဓာတ်မြေသြဇာကုမ္ပဏီလီမီတက်ကို မေ့ထားလိုက်စမ်းပါဗျာ။"

ပညာရှင်ကြီးယန်က စာရင်းကို ယူကြည့်လိုက်ကာ ရုတ်တရက် ပြောလိုက်သည်။

ကျင်းကောင်တီအတွက် နေရာမရှိပါ။

သူတို့၏ ရည်ရွယ်ချက်က ဘာလဲ။ ယဲ့ရှောင်ချန်းကို ရှာဖို့ပဲမဟုတ်လား။

ယဲ့ရှောင်ချန်းက ကျင်းကောင်တီတွင် ရှိနေပြီး သူတို့ ကျင်းကောင်တီကို မသွားပါက သူနဲ့ ဘယ်လိုလုပ် ဆုံနိုင်ပါဦးမလဲ။

ဟာသဖြစ်မလာနိုင်ဘူးလား။

မြို့တော်ဝန်လီက အနည်းငယ် အံ့အားသင့်သွားသည်။ ပညာရှင်အသင်းက စာရင်းကို ပြန်ပြင်ချင်လို့လား။

သူ ထိတ်လန့်သွား၏။ ထိုရှင်းဟုန်ဓာတ်မြေသြဇာကုမ္ပဏီလီမီတက်က မြို့တော်တွင် အလွန်အာဏာရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး အခွန်အများဆုံးဆောင်သူလည်းဖြစ်သည်။ ထို့အပြင် မြို့တော်၏ အဓိကခေါင်းဆောင်တစ်ဦးနှင့်လည်း အလွန် ကောင်းမွန်သော ဆက်ဆံရေးမျိုးရှိသည်။

မဟုတ်လျှင် ဒီရှင်းဟုန်ဓာတ်မြေသြဇာကုမ္ပဏီလီမီတက်က ပုံမှန်စာရင်းထဲ ပါလာနိုင်ပါ့မလား။

ယခုတော့ ပညာရှင်ကြီးယန်၏ ပြောစကားအရ သူတို့၏ ခရီးစဥ်ကို သေချာပေါက် ဖယ်ရှားပြစ်ရတော့မည်။

ပညာရှင်များက အရူးလုပ်ဖို့ မလွယ်ကူကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

နေရာပြောင်းခြင်းကလည်း ပြဿနာ အများကြီး တက်နိုင်သည်။

"အင်း ပညာရှင်ကြီးယန် ရှင်းဟုန်ကို အရန်နေရာထဲပြောင်းပြီး အဲ့ဒီအရန်ခရီးစဥ်ထဲက နေရာတစ်ခုခုကို ပုံမှန်ခရီးစဥ်အဖြစ် ပြန်ပြောင်းရင်‌ရော အဆင်ပြေမလား။"

"မလိုပါဘူး။ ကျွန်တော်တို့ အသင်းက ဆုံးဖြတ်ချက်ချပြီးသွားပြီ။ နောက်ဆုံးပုံမှန် ခရီးစဥ်ကို ကျင်းရွာအဖြစ် သတ်မှတ်လိုက်ပါ။"

ပညာရှင်ကြီးယန်က ခေါင်းခါကာ ပြောလိုက်သည်။

သူ့လေသံက ပြတ်သားသည်။

မြို့တော်ဝန်လီ ကြက်သေသေသွားရသည်။

ကျင်းရွာ ဟုတ်လား။

ကျင်းရွာက လူထုဆက်သွယ်ရေး အဖွဲ့တစ်ခု စေလွှတ်လိုက်ကြောင်း သူသိထားသော်လည်း ဘယ်သူကမှ အတည်ပေါက် စိတ်ထဲမထားဘဲ ကျင်းရွာကို လျစ်လျူရှုထားခဲ့ကြသည်။

သို့သော်လည်း ဒီပညာရှင်အသင်းက ကျင်းရွာကို တိုက်ရိုက်ရွေးချယ်ခဲ့၏။

ပညာရှင်အသင်းနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သော ကောင်းကင်ဘုံက ပုဂ္ဂိုလ်တစ်ယောက်ယောက်များ ကျင်းရွာမှာ ရှိနေလို့လား။

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

သူ သိရသလောက် ဒီအချိန်အတောအတွင်း ပညာရှင်အသင်းက အပြင်လောကနှင့် အထိအတွေ့ မရှိသလောက် နည်းပါးသည်။

အခြေအနေကို သူ နားမလည်နိုင်ဘဲ ကိုယ့်ခေါင်းကိုသာ ရိုက်ခွဲချင်မိတော့သည်။

ပညာရှင်အသင်းက ဆုံးဖြတ်ပြီးသားဖြစ်သဖြင့် သူတို့ကို ဆန့်ကျင်လို့မရပါ။ ဘာပဲဖြစ်ဖြစ် ပညာရှင်အသင်း၏ ဆန်းစစ်လေ့လာရေးခရီးများက လူထုကောင်းစားရေး ကိစ္စတစ်ခုသာ ဖြစ်သည်။

"ကျင်းရွာက တကယ်ကံကောင်းတာပဲ။"

ဒုမြို့တော်ဝန်လီက တစ်ယောက်တည်း တွေးလိုက်သည်။

သူ ပြန်ပြီး စုံစမ်းဖို့ ဆုံးဖြတ်လိုက်၏။

ဒီကိစ္စက ထင်သလောက် မရိုးရှင်းမှန်း သူခံစားနေခဲ့ရသည်။

တစ်နေရာရာတွင် ကျင်းမြို့တော်ဝန်က နံရံနှင့်ခေါင်းတိုက်နေမိပြီး မျှော်လင့်ချက်မဲ့နေခဲ့သည်။ သူ့ရဲ့ လူထုဆက်သွယ်ရေးအဖွဲ့ကို ပြန်လာခိုင်းဖို့ပင် အသင့်ဖြစ်နေပြီဖြစ်သည်။

ရုတ်တရက်ဆိုသလိုပင် ဒါရိုက်တာချိုက်က သူ့ကို ဖုန်းဆက်လာခဲ့၏။

"အဘိုးကြီးကျင်း ခင်ဗျားအတွက် သတင်းကောင်းရှိတယ်။"

ဒါရိုက်တာချိုက်က ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။

လောလောဆယ် ကျင်းရွာက ဘယ်လိုများ ပညာရှင်အသင်းနဲ့ ဆက်သွယ်ပြီး ပုံမှန်ခရီးစဥ်နေရာအဖြစ် သတ်မှတ်ခံရသလဲ စဥ်းစားနေမိသည်။

ခရီးစဥ်စာရင်းက ပုံသေဖြစ်ပြီးတာတောင် ပြန်ပြင်ခဲ့ရသည်။

ဒါရိုက်တာချိုက်သည် ထိုသတင်းကို ကြားသောအခါ ကြက်သေသေသွားရ၏။

ထို့ကြောင့် ကျင်းမြို့တော်ဝန်ကို ချက်ချင်း အကြောင်းကြားပြီး သူ့နှုတ်မှ ပြောသည့် အသေးစိတ် အကြောင်းအရာများကို ကြားချင်မိသည်။

သို့သော်လည်း ကျင်းမြို့တော်ဝန်ကကော ဘယ်လိုလုပ်ပြီး သိမှာလဲ။ သူလည်း ထိုသတင်းကြားပြီးနောက် ကြက်သေသေသွားရသည်။

ကျင်းကောင်တီက ကံစမ်းမဲများ ပေါက်သွားတာလား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျင်းမြို့တော်ဝန်က သူ့အဖွဲ့တစ်ဖွဲ့ကိုသာ လွှတ်ခဲ့ပြီး ကျန်ဘယ်သူ့ကိုမှ မလွှတ်ခဲ့ပါ။ ထို့အပြင် လူဘယ်နှယောက်လွှတ်လွှတ် အသုံးဝင်မှာလည်း မဟုတ်ပါ။

ဒါရိုက်တာချိုက် သူ့ကို နောက်နေတာတော့ မဖြစ်နိုင်ဘူးမလား။

မဖြစ်နိုင်ပါဘူး။ ဒါရိုက်တာချိုက်လို အဆင့်အတန်းမျိုးက စကားကို ပေါ့ပေါ့ပျက်ပျက် ပြောမည့် လူမျိုး မဟုတ်ပေ။

သူစဥ်းစားကြည့်ပြီးနောက် ရုတ်တရက် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များပေါ်လာပြီး အခြေအနေအကြောင်း အမြန်မေးလိုက်သည်။

ဒါရိုက်တာချိုက်က ကျင်းမြို့တော်ဝန်၏ လေသံကိုကြားပြီး ကျင်းမြို့တော်ဝန်လည်း ဘာမှမသိကြောင်း ချက်ချင်း နားလည်သွားသည်။

ချက်ချင်းဆိုသလို ပညာရှင်အသင်းက ခရီးစဥ်ကို ပြန်လည်ပြုပြင်ခဲ့သည့် အကြောင်း ပြန်ရှင်းပြလိုက်သည်။ ရှင်းဟုန်ကုမ္ပဏီသို့ သွားရောက်မည့် ခရီးစဥ်ကို ဖျက်ပြီး ကျင်းကောင်တီကို တိုက်ရိုက်ထည့်ခဲ့သည်ဟု ဆို၏။

ကျင်းပိုင်ချွေ့က ထိုနေရာမှာပင် ကြက်သေသေသွားရသည်။ ခရီးစဥ်ရဖို့အတွက် အဲ့လောက်လွယ်တာလား။

သူတို့နှစ်ဦး ဖုန်းပြောပြီးနောက် ကျင်းမြို့တော်ဝန်က ကောင်တီကို ချက်ချင်းဖုန်းဆက်ခဲ့ပြီး ကောင်တီထဲတွင်လည်း ပွက်လောရိုက်ကုန်ကြသည်။

ပညာရှင်အသင်းမှလွဲပြီး ဘယ်သူမှ အကြောင်းစုံကို မသိကြပါ။

ကျင်းကောင်တီက ဘယ်လိုလုပ်ပြီး ခရီးစဥ်ကို အနိုင်ရသွားတာလဲ။ အမည်မသိလူတစ်ယောက်များ ရှိနေသလား...

All Chapters