ကျေးရွာသားကိုလက်ထပ်ခြင်း
Vol. 30 Ch. 409
အခန်း(၄၀၉) - ကျေးရွာသားကိုလက်ထပ်ခြင်း
နှစ်သစ်ကူးတွင် အိမ်ပြန်ရောက်လာသော ကျန်းမေ့လျန်တစ်ယောက် အသည်းအသန် လက်ထပ်ချင်နေမှန်း ကျိုးမိသားစုဟောင်း မသိခဲ့ပါ။
ကျိုးမိသားစုဟောင်းက သူမကို သဘောမကျမှန်း သူမသိသည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ဟိုလင်မယားနှစ်ယောက်ကို နှုတ်ဆက်သော်လည်း သူမကိုတော့ လျစ်လျူရှုထားကြသည်။
ထို့ကြောင့် ကျန်းမေ့လျန်တစ်ယောက် တကယ် မျှော်လင့်ချက်မဲ့နေခဲ့ပါသည်။
သူမ ယခုအချိန်မှာ သိပ်မငယ်တော့သဖြင့် တကယ် လက်ထပ်ချင်နေသည်။
ပြီးခဲ့သော ၂နှစ် ၃နှစ်လောက်က နေရာတစ်နေရာတွင် တစ်ယောက်တည်း ငှားနေခဲ့သည်။ ပြီးတော့ တကယ်ပဲ ရည်းစားထားခဲ့ပါသည်။
အားလုံး စုစုပေါင်း ၆ ယောက်လောက်ရှိပြီး ၃ ယောက်လောက်က လူစိတ်မရှိကြပါ။ တစ်လ နှစ်လလောက် အတူတူအိပ်ပြီး သူမနှင့် လမ်းခွဲသွားကြသည်။ နောက်တစ်ယောက် ရှိသေးသည်။ သူမကို ဗိုက်ကြီးအောင်လုပ်ခဲ့ပြီး တာဝန်ယူချင်စိတ်မရှိခဲ့ပါ။ သူမ ဘာလုပ်နိုင်ဦးမှာလဲ။ ဖျက်ချဖို့ပဲ ရှိတာပေါ့။
နောက်ထပ်နှစ်ယောက် ရှိသေးကာ ထိုနှစ်ယောက်ကတော့ သူမကို လက်ထပ်ချင်၏။
သို့သော်လည်း သူမက လက်မထပ်ချင်ပါ။ သူတို့မိသားစုက လူဦးရေများ အလွန်များပြားပြီး အခြေအနေတွေကလည်း အလွန်ဆင်းရဲသောကြောင့်ဖြစ်သည်။ သူမ ဘယ်လိုလုပ်ပြီး သူတို့ကို လက်ထပ်ဖို့ ရွေးချယ်နိုင်ပါ့မလဲ။
ထို့ကြောင့် အသေအချာ စဥ်းစားပြီးနောက် ကျန်းမေ့လျန်က ကျိုးမိသားစုဟောင်းကိုသာ မျက်စိပြန်ကျသွားသည်။
ကျိုးခိုင်ကို သူမ မေ့ရတော့မည် ဖြစ်သည်။ ထို့ကြောင့် ကျန်းမေ့လျန်က ဟူကျစ်ကို မျက်စိကျသွားသည်။
သူ့အမေ အဘွားကျန်းကို မေးခဲ့ရသည်။ သူမ ပြန်မလာတာ ကြာပြီဖြစ်သဖြင့် အခြေအနေများကို နားမလည်ပေ။ သူမ မသိသည်ကို အဘွားကျန်းက သိနေခဲ့သည်။
"ဘာဖြစ်တယ် ဟူကျစ်ဆိုတဲ့ ကောင်လေးကို နင်က လက်ထပ်ချင်လို့ ဟုတ်လား။" အဘွားကျန်းက မျက်စပြစ်ကာ ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ။ သူကလည်း မဆိုးလောက်ပါဘူး။" ဟု ကျန်းမေ့လျန်က ပြောလိုက်သည်။
သူ့အသွင်အပြင်နှင့် အရပ်အမောင်းတို့က ကျိုးခိုင်လောက် မကောင်းသော်လည်း ဆိုးတော့ မဆိုးဝါးသေးပါ။ မျက်လုံးများကလည်း အရုပ်မဆိုးဘဲ အရပ်လည်းမပုပေ။ အနည်းဆုံး ၁.၇၈ မီတာလောက်ရှိမည်။ အရေးအကြီးဆုံးက ကျိုးမိသားစုဟောင်းနှင့် ဆက်နွယ်နေခြင်းဖြစ်သည်။
"မေ့လိုက်စမ်းပါအေ" အဘွားကျန်းက ဒေါသကြီးစွာ ပြောလိုက်သည်။ "ဟူကျစ်က သူတို့တူ သူ့မိသားစုက ကျေးရွာကလူတွေ ဘာနာမည်မှ မရှိဘူး။ သူတို့ညီအစ်ကိုတွေက ဒီမှာ အလုပ်လုပ်ဖို့ လာခဲ့တာ၊ ဒါတောင် သူနဲ့တွဲချင်နေသေးတာလား။"
အဘွားကျန်းက သူမမိသားစု၏ အာလူးချိုချိုလေးမှာ တကယ်တမ်း ပုပ်နေပြီဖြစ်ကြောင်း မသိဘဲ လတ်လတ်ဆတ်ဆတ် ရှိနေဆဲဟုထင်နေသည်။ ထို့ကြောင့်လည်း အခြားသူများကို အထင်သေးနေခြင်း ဖြစ်၏။
"သူက သူတို့တူပဲလေ။ သူတို့ဆိုင်တွေလည်း အများကြီးဖွင့်ထားတာကို နောက်ပိုင်း သူ့ကို မကူညီဘဲ နေပါ့မလား။" ကျန်းမေ့လျန်က ပိုပိုပြီး တွေးကြည့်လေလေ ဒါက အကြံကောင်းဖြစ်နိုင်သည်ဟု ပိုထင်လာလေလေဖြစ်သည်။
ဟူကျစ်က အနည်းငယ် အသားမည်းသည်။ မြို့တော်တွင် နေထိုင်ခြင်းက သူ့ကိုအသားမဖြူစေပါ။ သို့သော် သူကျေးရွာကဖြစ်နေတာတောင် အဆင်ပြေသည်ဟု ကျန်းမေ့လျန် ခံစားရပါသည်။
ကျေးရွာသားတစ်ယောက်ကို လက်ထပ်ခြင်းက ကောင်းသည်။ သူမလို မြို့သူတစ်ယောက်က သူ့လိုလူမျိုးကို လက်ထပ်ချင်နေသည်။ သူ့မိဘဆွေမျိုးများကလည်း သူမကိုသာ တွေ့လိုက်လျှင် ကပ်ဖားလျက်ဖား လုပ်ကြမည် မဟုတ်ပါလား။
နာမည်ဆိုးများ ထွက်နေတာကတော့ အရေးမကြီးပါ။ နာမည်က ထမင်းကျွေးနိုင်လို့လား။
"အမေ သူက သူတို့ရဲ့တူပါ၊ တစ်သက်လုံး သူတို့ဆီမှာပဲ အလုပ်လုပ်မှာမဟုတ်ဘူး။ သူဖာ့သာသူ တစ်ယောက်တည်း ရပ်တည်တဲ့ အချိန်ကျရင် သူ့ဦးလေးက သူ့ကို မထောက်ပံ့ဘဲ နေပါ့မလား။" ဟု ကျန်းမေ့လျန်က ပြောလိုက်သည်။
အဘွားကျန်းက ဘာမှ ထပ်မပြောတော့ပါ။
ကျန်းမေ့လျန်က ဆက်ပြောသည်။ "သူတစ်ယောက်တည်း ရပ်တည်တဲ့အချိန်ကျရင် သူက မဆိုးလောက်ပါဘူး။ အဲ့ဒီအချိန်ကျရင် ပိုက်ဆံမရှာနိုင်ဘဲ နေပါ့မလား။ ပြီးတော့ ရွာနဲ့လည်း အဝေးကြီးဖြစ်နေတော့ သူက ဒီမှာပဲ နေရမှာ၊ သမီးအမေ့ကိုလည်း ဂရုစိုက်ပေးလို့ အဆင်ပြေတာပေါ့။"
အဘွားကျန်းက အနည်းငယ် တွေဝေသွား၏။ ထို့ကြောင့် သူမ ပြောလိုက်သည်။ "နင်ရည်းစားများတဲ့အကြောင်း အဲ့ဒီပါးစိပါးစပ်များတဲ့ အဘွားကြီးတွေက သိနေကြတယ်။"
ထိုစကားပြောသောအခါ သူမ မနေနိုင်ဘဲ သမီးဖြစ်သူကို ဆွဲဆိတ်ပြီး ဆူလိုက်သည်။ "သူတို့ကို ညဘက် အိမ်ခေါ်သွားတဲ့အပြင် လူလည်းမိသွားသေးတယ်ဆို နင် ပြဿနာရှာတာ မလုံလောက်သေးဘူးလို့များ ထင်နေလား။"
ကျန်းမေ့လျန် အလွန်စိတ်ညစ်သွား၏။ တကယ်တော့ သူတို့ကို ညဘက် အလွန်နောက်ကျသော အချိန်မှ အိမ်ခေါ်လာပြီး မနက်ဘက် စောစော အိမ်ပြန်ခိုင်းခဲ့ပါသည်။ သူမကို လူမိသွားလိမ့်မည်ဟု ဘယ်သူက ထင်မိမှာလဲ။
"ဟိုဘက်အိမ်က လင်မယားနှစ်ယောက် သဘောမတူမှာ စိုးရတယ်။" ဟု အဘွားကျန်းက ပြောလိုက်သည်။
"သူတို့တူတစ်ယောက် မိန်းမယူတာ မယူတာ သူတို့သဘောတူဖို့ မလိုပါဘူး။" ကျန်းမေ့လျန်က ဒါကို သိပ်ပြီး ခေါင်းထဲထည့်မထားပါ။
ဟူကျစ်ဆိုသည့်ကောင်လေးနှင့် သူမတို့ အတူတူရှိနေသည့်အချိန်တွင် ရေလာမြောင်းပေး လုပ်လိုက်မည်ဖြစ်ပြီး ကျိုးမိသားစုဟောင်းက ငြင်းနိုင်မည် မဟုတ်တော့ပါ။
"တကယ်တော့ အဲ့ဒီကောင်လေးက မဆိုးတော့ မဆိုးပါဘူး။ ဒါပေမယ့် ကျေးရွာ အိမ်ထောင်စု စာရင်းရှိပြီး သိပ်ပြီး လုပ်နိုင်ကိုင်နိုင်ရည် မရှိတာပဲ ခက်နေတာ။" ဟု အဘွားကျိုးက ပြောလိုက်သည်။
"ကျေးရွာအိမ်ထောင်စုစာရင်း ဆိုလည်း ထားလိုက်ပေါ့။ နောက်ပိုင်း ပြောင်းဖို့ အခွင့်အရေး ရမလား စောင့်ကြရတာပေါ့။" ဟု ကျန်းမေ့လျန်က ပြန်ပြောလိုက်သည်။
"အငယ်မ နင်ပိုကြိုးစားမှရမယ်။ ကျိုးမိသားစုဟောင်းက တူတွေ တူမတွေ အများကြီးကို ဒီခေါ်ထားကြတာ။ ရှုရှန့်မိန်ဆိုတဲ့ သူတို့တူမတစ်ယောက်က သိပ်မကြာသေးခင်က လက်ထပ်ခဲ့တာ မဟုတ်လား။ ယောက်ျားဘက်ကလည်း အရမ်းချမ်းသာတယ်လို့ ကြားတယ်။" ဟု အမျိုးသမီးကျန်းက ပြောလိုက်သည်။
သူမ၏ အငယ်ဆုံးယောင်းမက အကြီးဆုံးယောင်းမနှင့် ဆင်တူသည်ဟု ခံစားမိသည်။ သူတို့က စွယ်စုံရသော လူများ ဖြစ်ကြသည်။ ဘယ်လိုယောက်ျားမဆို သူတို့အိမ်တွင် သွားအိပ်နိုင်သည်။ သို့သော်လည်း မြို့ကြီးပြကြီးတွင် နေထိုင်သူ တစ်ယောက်ဖြစ်ဖို့ အကျိုးကျေးဇူးများ ရနေပါသေးသည်။
ကျိုးခိုင်ကိုတော့ မေ့လိုက်ပါတော့။ သူတို့နှစ်ယောက်စလုံးက မြို့တော် အိမ်ထောင်စာရင်း ရထားပြီးဖြစ်သည်။ ကျန်းမိသားစုကို သူတို့ အထင်အမြင်သေးတာလည်း ဖြစ်သင့်ပါသည်။ ထိုဟူကျစ်ဆိုသူကတော့ ရွာသား တစ်ယောက်သာဖြစ်သည်။
မြို့တော်မှ ဇနီးတစ်ယောက် ခေါ်လာနိုင်ပါက သူ့မိသားစု သေချာပေါက် ဝမ်းသာကြလိမ့်မည်။
အောင်မြင်သွားပါက ကျိုးမိသားစုဟောင်းက သူတို့မွေးရပ်မြေကိုပြန်ပြီး နာမည်ဖျက်မည် မဟုတ်တော့ပါ။
ထို့ကြောင့် အမျိုးသမီးကျန်းက ကျိုးခိုင်ကိုတော့ သိပ်ဘဝင်မတွေ့သော်လည်း သူ့ယောင်းမငယ် ဟူကျစ်ကိုချိန်ရွယ်မည့် ကိစ္စကိုတော့ အကောင်းမြင်နေပါသည်။ အဆင်ပြေသွားပါက သူမကိုလည်း ကျိုးမိသားစု၏ ဆွေမျိုးအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။
အမျိုးသမီးကျန်းက လင်းချင်းဟယ်၏ အလုပ်ရုံကို မျက်စိကျနေသည်။ ဒီနှစ်ထဲ လစာတိုးတာတွေလည်း အများကြီးရှိကြောင်း သူမ ကြားထား၏။
နွေရာသီတွင် မတ်ပဲစွပ်ပြုတ်တိုက်ပြီး ညနေဘက်တွင် ညစာလည်း ကျွေးသည်။ ပြုစုမှုက အလွန်ကောင်းမွန်ပါသည်။
သူသာ ဆွေမျိုးတစ်ယောက် ဖြစ်လာလျှင် ဘာပဲဖြစ်ဖြစ် သူမအတွက် နေရာတစ်နေရာတော့ စီစဥ်ပေးရပါလိမ့်မည်။
"ဟူကျစ်က ဒီမှာနေတာဆိုတော့ ဒါဆို သမီး ဒီအိမ်မှာ ပြန်လာနေရမှာပေါ့။" ဟု ကျန်းမေ့လျန်က ပြောလိုက်သည်။
"နင် ဒီမှာ ပြန်လာနေရင် နင့်ဘက်ကို ဘယ်လိုလုပ်မလဲ။" ဟု အဘွားကျန်းက မေးလိုက်၏။
"အိမ်မှာ စက်ဘီးတစ်စီးတော့ ရှိသေးတယ်လေ၊ ဒါကို သမီး သုံးပါရစေ။" အမျိုးသမီးကျန်းက ကြားဖြတ်ပြောလိုက်သည်။ "မိသားစုထဲမှာ ညီမငယ်က တစ်ယောက်ပဲရှိတာ ကောင်းကောင်းမွန်မွန်နေရပါစေလို့ပဲ မျှော်လင့်မိပါတယ်။"
ကျန်းမေ့လျန်က သဘောတူသည်။ အနာဂတ်တွင် ဒီလို ကူညီပေးမှုကို သေချာပေါက် မေ့မည် မဟုတ်ပါ။
ကျန်းမိသားစုဟောင်းက ထိုအကြောင်း ပြောနေကြစဥ် ကျိုးမိသားစုဟောင်း၏ သဘောထားအကြောင်း မသိခဲ့ကြပါ။
ကံကြောင့်လားပင်မသိ။ ကျန်းမေ့လျန်သည် အပြင်ကို ထွက်ထွက်ချင်း ဟူကျစ်နှင့် သွားဆုံလေသည်။
ဟူကျစ်က သူ့အဘွားတို့အိမ်မှ ပြန်လာခြင်းဖြစ်သည်။
"မင်းက ဟူကျစ်ဆိုတဲ့ တစ်ယောက်လား။" ကျန်းမေ့လျန်က သူ့ကိုမြင်သောအခါ နူးနူးညံ့ညံ့ ပြုံးပြလိုက်သည်။
ဟူကျစ်က သူမကို မသိပါ။ နေ့ဘက် အလုပ်လုပ်ရပြီး ညဘက်ကျောင်းတက်ရသည်။ သူအိမ်ပြန်ရောက်သောအခါ အတော်နောက်ကျနေပြီဖြစ်သည်။ တီဗီကို ခဏကြည့်ပြီး အိပ်ယာ တန်းဝင်ခဲ့ရသည်။
ကျန်းမေ့လျန်ကလည်း အခြားနေရာတွင် ၂နှစ်လောက် နေထိုင်ခဲ့သဖြင့် သူတို့အချင်းချင်း မသိကြပါ။
"အစ်မတို့မိသားစုက မင်းတို့ဦးလေးအိမ် ဟိုဘက်က ကျန်းမိသားစုဟောင်းလေ။ အစ်မနာမည်က ကျန်းမေ့လျန်ပါ။" ဟု ကျန်းမေ့လျန်က ပြုံးကာ ပြောလိုက်သည်။
ဟူကျစ်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလိုက်သည်။ "ကျွန်တော် လုပ်စရာ ကိစ္စလေး ရှိသေးလို့၊ သွားလိုက်ပါဦးမယ်။"
လင်းချင်းဟယ်က ကျန်းမိသားစုအကြောင်း အတင်းပြောတတ်သူမဟုတ်ပါ။ ထို့အပြင် ကျန်းမိသားစုလို မိသားစုမျိုးက သူတို့ကိုယ်သူတို့ အဟုတ်ထင်တက်သောမိသားစုမျိုးဖြစ်ပါသည်။ သူတို့ဟူကျစ်၏ ကျေးရွာအိမ်ထောင်စာရင်းကို စိတ်ဝင်စားမည်ဟု မထင်ခဲ့ပါ။ သူတို့က သူမ၏ သားအကြီးဆုံးကို ပစ်မှတ်ထားခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် လင်းချင်းဟယ်က ဘာမှမပြောပါ။ ကျိုးချင်းပိုင်ကလည်း ပါးစပ်တောင်မဟပေ။ ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်တို့ကလည်း အရေးပါသော ကိစ္စဟု မသတ်မှတ်ကြပါ။
ထို့ကြောင့် ဒေါ်လေးမာမိသားစုနှင့် သူတို့ဆက်ဆံရေး ကောင်းမွန်သော်လည်း ဟိုဘက်အိမ်က ကျန်းမိသားစုဟောင်းနှင့် အဆက်အဆံ မလုပ်ကြသည်ကို ဟူကျစ် သိထားသည်။ ဆက်ဆံရေးကလည်း ဟိုမရောက် ဒီမရောက်ဖြစ်သည်။
မဟုတ်လျှင် သူ့ဦးလေးနှင့်ဒေါ်လေးတို့၏ အစီအစဥ်ဖြင့် သူတို့လည်း နှစ်သစ်ကူးညတွင် တစ်ဖက်အိမ်နှင့် တစ်ဖက်အိမ် အလည်လာကြမည်ဖြစ်သည်။
ထို့ကြောင့် ကျန်းမေ့လျန်ကို ဟူကျစ် စကားအများကြီး မပြောခဲ့ပါ။
သို့သော် ကျန်းမေ့လျန်၏ မျက်လုံးများကတော့ အရောင်တောက်နေခဲ့ပါသည်။