အကြီးဆုံးမရီးအဖြစ်
Vol. 30 Ch. 410
အခန်း(၄၁၀) - အကြီးဆုံးမရီးအဖြစ်
သူက ကျေးရွာမှဖြစ်ပြီး သာမန်လူတစ်ယောက် ပုံစံဖြစ်သော်လည်း သူ့ရဲ့ ကြံ့ခိုင်သော ခန္ဓာကိုယ်ပုံစံက သဘောကျစရာကောင်းပါသည်။
ထိုအချိန်မှစပြီး ဟူကျစ်တစ်ယောက် ကျန်းမေ့လျန်နှင့် မကြာခဏ ဆုံတွေ့လာခဲ့ရသည်။ ကျန်းမေ့လျန်က သူမ၏ နူးညံ့ပြီး သဘောကောင်းသည့် ပုံစံကိုသာ ထုတ်ပြသဖြင့် သူမက အတော်လေး ကောင်းသည်ဟု ဟူကျစ် ထင်ခဲ့မိသည်။
လင်းချင်းဟယ်ကတော့ ထိုကိစ္စများကို မသိခဲ့ပါ။
နှစ်သစ်၏ ပထမနေ့တွင် သူတို့အိမ်မှာပဲနေကြပြီး အိမ်လာလည်ကြသော အလုပ်သမားများကို ဧည့်ခံရန် မုန့်ပဲသရေစာများစွာကို ပြင်ဆင်ခဲ့ကြသည်။
နှစ်သစ်၏ ဒုတိယနေ့တွင် အဖေဝိန်နှင့် အမေဝိန်တို့က ဝိန်မိန့်ကျားကို ဧည့်သည်အဖြစ် ခေါ်လာခဲ့ကြသည်။
ပြောစရာမလိုအောင်ပင် လင်းချင်းဟယ်က သဘောကျခဲ့ပါသည်။
အထူးသဖြင့် အမေဝိန်က သူမနှင့် တရင်းတနှီး စကားပြောသည့်အခါတွင်ဖြစ်သည်။
"ဆရာမလင်လိုမျိုး စီမံအုပ်ချုပ်နိုင်စွမ်းကောင်းတဲ့လူမျိုး ကျွန်မ တစ်ခါမှ မတွေ့ဖူးဘူး။ ခိုင်လေးနဲ့ သူ့ညီနှစ်ယောက်တို့က ဒီအရွယ်တွေ ရောက်နေတာတောင် ဆရာမက အသက်ကြီးလာတဲ့ပုံမပေါ်သေးဘူး။ ကျွန်မကတော့ ဆရာမနဲ့ယှဥ်ကြည့်ရင် အတော်အိုနေတဲ့ပုံပေါက်နေတယ်။" ဟု အမေဝိန်က ပြောလိုက်သည်။
အစကတည်းက ဓာတ်ပုံကိုကြည့်ပြီး လင်းချင်းဟယ်ကို ငယ်ရွယ်သည်ဟု သူမ ထင်ခဲ့၏။ လူချင်းတွေ့လိုက်တော့ ပိုသေချာသွားပြီဖြစ်သည်။သူမက တကယ်ပဲ ငယ်ရွယ်နုပျိုပါသည်။ သူမ၏ အသက်အရွယ်နှင့် လုံးဝ မလိုက်ဖက်လှပါ။
လင်းချင်းဟယ်က ပြုံးလိုက်၏။ "ဒီလို အဆင်မပြေနိုင်ခင်က တော်တော် ခါးသီးခဲ့ရပါတယ်။ အရင်တုန်းကဆို ကျွန်မမှာ စိုးရိမ်စရာတွေ အများကြီးပဲ။ အခုတော့ အဲ့ဒီကောင်ဆိုးလေးတွေ အကုန်လုံး အရွယ်ရောက်လာပြီ ဆိုတော့ ကျွန်မအတွက် ကျွန်မ စဥ်းစားပေးလို့ရပြီပေါ့။ တစ်သက်လုံး သူတို့အတွက်ပဲ တွေးပူပြီး မနေချင်ဘူးလေ။ ကျွန်မလည်း နည်းနည်းလောက် အပျင်းထူပါရစေဦး။"
"ကျွန်တော်တို့အမေ ပြောနေကြစကားတစ်ခွန်းက နေ့တစ်ဝက်လောက် အနားယူနိုင်မှ အသက်ရှည်နိုင်မယ်တဲ့။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
အဖေဝိန်နှင့် အမေဝိန်တို့ ပြုံးမိသွားကြ၏။
လင်းချင်းဟယ်က ဝိန်မိန့်ကျားကို မေးလိုက်သည်။
"ဒီနှစ် အလုပ်သင်ကာလ စပြီလား။"
"ဟုတ်ကဲ့၊ သီအိုရီတွေ အားလုံး နီးပါးတော့ ပြီးသွားပါပြီ။ ဒီနှစ်ထဲ အလုပ်သင် စဆင်းရတော့မယ်။" ဟု ဝိန်မိန့်ကျားက ခေါင်းငြိမ့်ကာ ပြန်ဖြေခဲ့သည်။
အလုပ်သင်ကာလက အချိန်အများကြီး ကြာမြင့်ပါသည်။ ပုံမှန်ဝန်ထမ်းမဖြစ်မီ နှစ်နှစ်ခန့်ကြာသည်။
"အလောမကြီးပါနဲ့၊ အချိန်ယူပါ၊ မင်းက ငယ်ပါသေးတယ်။ ဒါပေမယ့် အထူးပြုဘာသာရပ်ကိုတော့ သေချာရွေးရမယ်။” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"အရမ်းပင်ပန်းလွန်းပါတယ်"။ အမေဝိန်က သူ့သမီးအတွက် စိတ်ပင်ပန်းစွာ ပြောလိုက်သည်။
သူနာပြု တစ်ယောက်လုပ်ရတာ မလွယ်ကူပါ။ လူနာများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးက သဘောမကောင်းတတ်ကြပါ။ တချို့က ရိုင်းစိုင်းတတ်ကြပါသည်။
"သမီး ဒီအလုပ်ကို ကြိုက်လို့ပါ။" ဝိန်မိန့်ကျားက ခေါင်းခါလိုက်သည်။
"သူနာပြုတစ်ယောက်လုပ်တာက တကယ်ပင်ပန်းတယ်။ အထူးသဖြင့် အလုပ်သင် ကာလမှာဆို ပိုဆိုးတယ်။ ဒါပေမယ့်လည်း ပညာရပါတယ်။ သမီးက အရွယ်လည်း ရောက်ပြီဆိုတော့ ကိုယ့်ဖာသာကိုယ် လေ့လာသင်ယူရတော့မှာပေါ့။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"စစ်ဆေးရုံတွေက သူနာပြုတွေက ပိုကောင်းတယ်နော်။" ဟု ကျိုးချင်းပိုင်က ဝင်ပြောသည်။
"ဟုတ်ကဲ့ အချိန်ကျရင် သမီးလည်း အဲ့နယ်ပယ်ထဲ ဝင်ဖို့ အစီအစဥ်ရှိပါတယ်။" ဟု ဝိန်မိန့်ကျားက ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
"ဒေါ်လေးတို့ရဲ့ သားကြီးလည်း နောက်နှစ် စစ်တက္ကသိုလ်က ကျောင်းဆင်းပြီး။ အချိန်ကျရင် သမီးနဲ့ တစ်နေရာတည်း ကျလိမ့်မယ်ထင်တယ်။ သူ့ကို ထိန်းကျောင်းဖို့ ဒေါ်လေးလင်းကို ကူညီပေးပါဦး။" ဟု လင်းချင်းဟယ်က ပြုံးရယ်ကာ စကားဆိုလိုက်သည်။
"သမီးအစ်ကိုတွေလည်း အဲ့မှာရှိပါတယ်။ အဲ့အချိန်ကျရင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးမှာပါ။" ဟု ဝိန်မိန့်ကျားက ခေါင်းငြိမ့်လိုက်သည်။
လင်းချင်းဟယ်က အလွန်ကျေနပ်သွားသည်။ သူမစကားလုံးများက ဘယ်လောက် ကောင်းလိုက်သလဲ နားထောင်ကြည့်ပါဦး။
"ခိုင်လေးက အသက်အရွယ် မငယ်တော့ဘူးနော်။ ကျွန်မတို့မိသားစုက ကော်လျန်ကလည်း သူ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ ပြောထားတယ်။" ဟု အမေဝိန်က ပြုံးကာ ပြောလိုက်သည်။
"ဘာလို့ မိတ်ဆက်ပေးမှာလဲ။ သူက ငယ်ပါသေးတယ်၊ လူကြီး မဖြစ်သေးပါဘူး။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ကျွန်မရဲ့ ချွေးမဖြစ်လာမယ့်သူကို သမီးအရင်းလို ဆက်ဆံပေးမှာပါ။ ကျွန်မတို့ဘက်မှာတော့ ယောက္ခမနဲ့ ချွေးမ ပြဿနာမျိုး လုံးဝ မရှိစေရဘူး။ ကျွန်မနဲ့ နေစရာလည်း မလိုပါဘူး။ အချိန်တန်ရင် သူတို့ ကိုယ့်နေရာကိုယ် ပြောင်းသွားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လို့ ရပါတယ်။" ဟု လင်းချင်းဟယ်က ပြောပြလိုက်သည်။
"သြော်... ကျွန်တော် ခဏလောက် နားမထောင်မိလိုက်တာ၊ စကားပြောတာ ဒီလောက်အခြေအနေအထိတောင် ရောက်နေကြပြီလား။ အစ်မမိန့်ကျားက သားတို့ရဲ့မရီး ဖြစ်တော့မှာလား။" ဟု တီဗီကြည့်နေသောာ ကျိုးကွေ့လိုင်က လှည့်ကြည့်ပြီး ပြောလိုက်သည်။
ဝိန်မိန့်ကျားက ဘယ်လောက်ပဲ တည်တည်ငြိမ်ငြိမ် နေတတ်ပါစေ ဒီတစ်ခါတော့ မနေနိုင်တော့ဘဲ ရှက်သွေးဖြာသွားသည်။
"သောက်ကလေး ပါးစပ်စည်းကမ်းကို မရှိဘူး။ ဦးလေးတို့ သူ့ကို လျစ်လျူရှုထားလိုက်ပါ။" ဟု ကျိုးရွှမ်းက ပြောလိုက်သည်။
လင်းချင်းဟယ်က ဘာမှမပြောဘဲ အမေဝိန်ဘက်သို့သာ လှည့်လိုက်ပြီး "ပုံမှန် ဘယ်အချိန်ဆို အနားယူလေ့ရှိကြလဲ။"
"တနင်္ဂနွေနေ့ပါ။" အမေဝိန်က ထိုစကားကို တမင်တကာ လျစ်လျူရှုလိုက်ပြီး ဖြေလိုက်၏။
"ကျွန်မကောပဲ၊ တနင်္ဂနွေနေ့ဆို အားတယ်။ အချိန်ရရင် ကျွန်မဆီ လာလည်လေ။ ကျွန်မ ဟင်းကောင်းကောင်း ချက်ကျွေးပါ့မယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"ဒါဆိုလည်း ကျွန်မ ဒုက္ခလာပေးရဦးမှာပေါ့။" အမေဝိန်က သွားပေါ်အောင် ပြုံးလိုက်ပြီး ပြောလိုက်သည်။
အစကတော့ သူတို့နေ့လည်စာ စားသွားဖို့ အစီအစဥ်မရှိကြပါ။ သို့သော် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က သူတို့သမီးကို အလွန် သဘောကျနေသဖြင့် ငြင်းဆန်၍ မရခဲ့ပါ။
သူတို့ နေ့လည်စာ စားပြီးမှ လိုက်ပို့ခဲ့ကြသည်။
အိမ်ပြန်လမ်းတွင် အဖေဝိန်က "သူတို့က တကယ် သဘောကောင်းတာပဲ" ဟုသာ ဆက်တိုက် ပြောနေသည်။
အမေဝိန်ကလည်း အထူးပြောစရာမလိုပါ။ လင်းချင်းဟယ်နှင့် အမျိုးတော်နေသလို ခံစားနေရပါသည်။ သူမတို့က ညီအစ်မတွေလို ဖြစ်နေကြပြီး အလွန်ပျော်ဖို့ ကောင်းပါသည်။
"မိန့်ကျား ဘယ်လိုသဘောရလဲ။" အမေဝိန်က သူမ၏ သမီးအငယ်ဆုံးကို မေးလိုက်သည်။
ဝိန်မိန့်ကျားက ရှက်သွားကာ ပြောလိုက်သည်။ "အမေ ဘာတွေပြောနေတာလဲ၊ မဟုတ်တာတွေ မပြောပါနဲ့။ ကျိုးခိုင်ရဲ့ ညီတွေက အခြေအနေကို မသိလို့ပါ။"
"နင် ဒီလောက်တောင် အရွယ်ရောက်နေပြီပဲ။ နင့်အတွက် အမေက လူလိုက်ရှာပေးနေရပြီ။ နင့်အဖွားလည်း အဲ့ကိစ္စ အရင်တုန်းက ပြောဖူးတယ်။ ဒါပေမယ့် မိသားစုအခြေအနေတွေကြောင့် နင့်အဘွားက လက်မခံခဲ့ဘူး။ ဟိုဘက်အိမ်က ကျီမိသားစုဟောင်းကလည်း အဲ့ကိစ္စ လာပြောသေးတယ်၊ အမေ လက်မခံခဲ့ဘူး။" ဟု အမေဝိန်က ပြောလိုက်သည်။
ကျိုးခိုင် ကောလိပ်စတက်ကတည်းက အမေဝိန်က ဒီအကြောင်းကို စဥ်းစားလာခဲ့တာဖြစ်သည်။ ယခုဆို နှစ်ပေါင်းများစွာ ကြာမြင့်လာပြီး ကျိုးခိုင်ကို သူမ ပိုကြည့်လေလေ ပိုပြီး ကျေနပ်အားရလာလေလေ ဖြစ်ပါသည်။
သို့သော်လည်း ထိုကျေနပ်အားရမှုမှာ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ကို တွေ့ပြီးသောအခါ အထွတ်အထိပ်သို့ ရောက်ရှိသွားရသည်။
"နင့်အတွက် အမေ တစ်ယောက်ယောက် ရှာပေးရမယ်ဆိုရင် ကျိုးမိသားစုထဲကပဲ ရှာပေးမိမှာပဲ။ နင်လည်း မြင်ပြီးပြီပဲ။ နင့်ဒေါ်လေးလင်းနဲ့ ဦးလေးကျိုးတို့က အဆင်ပြေကြတယ်။ ကျိုးခိုင်ကလည်း နင့်ဒုတိယအစ်ကိုနဲ့ တရင်းတနှီး ကြီးပြင်းလာကြတာ သူ့စရိုက်ကို နင်လည်း သိသားပဲ။” ဟု အမေဝိန်က ပြောလိုက်သည်။
"အမေ အခုမှ နှစ်သစ်ကူးတာ အဲ့အကြောင်းတွေ မပြောပါနဲ့ဦး။" ဟု ဝိန်မိန့်ကျားက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"ဒါဆိုလည်း မပြောဘူးပေါ့အေ။ ဘာပဲဖြစ်ဖြစ် ကျိုးခိုင်ကို ငါသဘောကျတယ်နော်။ နင် အခြားတစ်ယောက်ကို ရှာပြီး အနာဂတ်မှာ အဆင်မပြေမှ ငါ့ရှေ့မှာ လာမငိုနဲ့။" ဟု အမေဝိန်က ပြောလိုက်သည်။
အတွေ့အကြုံရှိသော မျက်လုံးများအတွက်တော့ ကျိုးမိသားစုတွင် အပြစ်အနာအဆာ လုံးဝမရှိပေ။ ထို့အပြင် သူမတို့ မိသားစု အခြေအနေများနှင့်လည်း ကိုက်ညီမှုရှိပါသည်။
အဖေဝိန်က အခြေအနေကို ဖြေလျှော့ပေးလိုက်၏။ "နှင်းကျတော့မယ်ထင်တယ်။ ငါတို့ မြန်မြန် ပြန်ကြရအောင်။"
ဒီလိုနှင့် သူတို့မိသားစု အိမ်ပြန်သွားကြသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့လည်း စိတ်ရွှင်နေကြသည်။ လင်းချင်းဟယ်က ၁၀ ယွမ် ထုတ်ပြီး သူ့သားငယ်ကို ပေးလိုက်၏။ "သကြားလုံး ဝယ်စားလိုက်"
ခုနက သားငယ်၏ ဖြူစင်သော ထင်ကြေးပေမှုကြောင့် အမေဝိန်တွင်လည်း ထိုကဲ့သို့ ရည်ရွယ်ချက်မျိုး ရှိနေကြောင်း သူမ သိလိုက်ရပါသည်။ အခြားတစ်ယောက်၏ သမီးက သူမ၏ ချွေးမဖြစ်လာတော့မည့်အကြောင်း စဥ်းစားရင်း လင်းချင်းဟယ်တစ်ယောက် အလွန်ကျေနပ်နေခဲ့ပါသည်။
"အမေ၊ အစ်မမိန့်ကျားကို သားတို့မရီး တကယ်ဖြစ်စေချင်နေတာလား။" ကျိုးကွေ့လိုင်က ပိုက်ဆံရပြီးနောက် စပ်ဖြဲဖြဲ လုပ်လိုက်သည်။
"ဘာလဲ မရဘူးလား။" လင်းချင်းဟယ်က ပြောလိုက်သည်။
"ရတာပေါ့ဗျ။ သားတို့အစ်ကိုကြီးက ဒီလိုလူမျိုးနဲ့ လက်ထပ်သင့်တာပေါ့။ သူက နူးညံ့ပြီး ပညာလည်းတတ်တယ်။ သူက ကောလိပ်ကျောင်းသူလည်းဟုတ် သူနာပြုလည်းဟုတ်တယ်။ အိမ်ကအခြေအနေတွေကလည်း အဆင်ပြေတယ်။ သားတို့မိသားစုနဲ့ လိုက်ဖက်ပါတယ်။" ဟု ကျိုးကွေ့လိုင်က တစ်ခွန်းပြီးတစ်ခွန်း ချီးမွမ်းစကားများဆိုသည်။
"နင် ဒီအကြောင်းကို ငါနဲ့ပြောလို့တော့ရတယ်။ အပြင်မှာတော့ အဲ့အကြောင်းတွေ လျှောက်ပြောခွင့်မပြုဘူးနော် နားလည်လား။" ဟု လင်းချင်းဟယ်က သတိပေးလိုက်သည်။
"သား သိပါတယ်။ သား မတုံးပါဘူး။ ဒီကိစ္စက အတည်တကျမှ မဖြစ်သေးတာ။" ဟု ကျိုးကွေ့လိုင်က ပြန်ပြောလိုက်သည်။
လင်းချင်းဟယ်က ကျေနပ်သွားပြီး ကျိုးကွေ့လိုင်နှင့်အတူ လက်ဘက်ရည်သောက်ရန် ထိုင်လိုက်သည်။ သူမက သက်တော့သက်သာဖြင့် ပြောလိုက်၏။ "ဒီကိစ္စသာ အဆင်ပြေသွားလို့ကတော့ နှစ်နှစ် သုံးနှစ်အတွင်း ကျွန်မတို့မိသားစု တိုးတက်ဦးမှာပဲ။"
ကျိုးချင်းပိုင်ကလည်း သူ့ဆန္ဒကို သမီးတစ်ယောက်ရရှိရန်မှ မြေးမလေးတစ်ယောက် ရရှိရန်အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သည်။ သူ မြေးမလေး ချီချင်သလိုလို ဖြစ်နေပြီဖြစ်ပြီး ပြောလိုက်သည်။ "သူ့ကို ပိုကြိုးစားခိုင်းကြတာပေါ့။"