← Chapters

အကွက်ရွှေ့ခြင်း

Vol. 30 Ch. 412

အကွက်ရွှေ့ခြင်း

Vol. 30 Ch. 412

အခန်း(၄၁၂) - အကွက်ရွှေ့ခြင်း

သို့သော်လည်း နှစ်သစ်ကူးအကြိုနေ့ဖြစ်ပြီး လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ဘက်တွင် ရှုရှန့်မိန်တို့လင်မယားသည် သူစိမ်းဆန်စွာ ဆက်ဆံခံခဲ့ရသည်။ သို့သော် အဖေကျိုးနှင့်အမေကျိုးတို့လို မျိုးဆက်ဟောင်းများကတော့ နှစ်သစ်ကူးပွဲတော်ကို ပိုမိုအလေးထားကြပါသည်။

ထို့ကြောင့် သူတို့ကို နေလည်စာ ကျွေးမွေးခဲ့သည်။

နေ့လည်စာက အကောင်းကြီး မဟုတ်သော်လည်း လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့အိမ်တွင် ပျက်ခဲ့ရသောမျက်နှာကို ပြန်ရရှိသွားသဖြင့် သူတို့၏ မျက်နှာက ညစ်နွမ်းနွမ်း ဖြစ်မနေတော့ပါ။

သို့သော်လည်း ကျိုးရှောင်မိန်ကတော့ စတုတ္ထယောင်းမလို သဘောထားမျိုးရှိနေသည်။

ရေချိုးအိမ်သို့ အတူသွားရန် လင်ချင်းဟယ်ထံသို့ သူမ လာတုန်းက သူမ၏ စတုတ္ထယောင်းမကို ပြောခဲ့သည်။ "နင်မမြင်ဘူးနော်။ အဲ့ဒီမျက်နှာထားကို ကြည့်ပြီး ငါကန်ပါထုတ်ချင်မိတာပါဟယ်။ သူ့ရဲ့ အပုပ်နံ့ထွက်နေတဲ့ ခြေဖျားကိုများ ငါတို့ကို ဖားယားစေချင်နေသေးတယ်။”

ထိုအကြောင်းကိုပြောရုံဖြင့်ပင် သူမ အနည်းငယ် ဒေါသထွက်မိသည်။ ကျောက်ကျွင့်က တာ့လင်း၏ အနည်းငယ် စကားထစ်သည့် ပြဿနာကြောင့် အထင်သေးခဲ့သည်။ ထို့ကြောင့် သူသည် တာ့လင်းကို လျစ်လျူရှုခဲ့၏။

"အဖေနဲ့အမေတို့ သူတို့ကို မျက်နှာသာပေးနေတာကြောင့်သာမဟုတ်ရင် အိမ်က ဆန်တစ်စေ့တောင် သူတို့စားဖို့ မစဥ်းစားကြနဲ့။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။

သူတို့ကျောက်မိသားစု၏ လုပ်စာကို သူမတို့ ထိုင်စားနေတာလည်း မဟုတ်ဘဲနဲ့ ဘာကြောင့် သူမတို့ကို အထင်သေးရသနည်း။

ဝမ်ယွမ်ကဲ့သို့ ငယ်ရွယ်၊ အလားအလာရှိပြီး အထည်စက်ရုံကြီးတစ်ခု၏ သူဌေးဖြစ်သူကတောင် သူမယောက်ျားတာ့လင်းကို အထင်မသေးခဲ့ပါ။ ထို့ကြောင့် ကျောက်ကျွင့်က သူ့ကိုယ်သူ ဘာထင်နေသနည်း။

ထို့အပြင် သူမမိသားစု၏ အခြေအနေက သာမန်ဟုဆိုနိုင်သော်လည်း ယခုဆို သူမတို့၏ ဘန်းမုန့်ဆိုင်စီးပွားရေးက တည်ငြိမ်နေပြီဖြစ်သည်။ တစ်လကို ယွမ်ရာကျော်ရဖို့အတွက်က မခက်ခဲတော့ပါ။ သူမတို့က ချမ်းသာဖို့ အဝေးကြီး လိုသေးသော်လည်း ကျောက်ကျွင့်၏ အထင်သေးသည်ကို ခံနေစရာမလိုပါ။

"သူက အခြားသူတွေကို ခြေနင်းတုံးလို နင်းပြီးမှ အမြင့်တက်တတ်တဲ့လူစားမျိုးပဲ။ သူ့ကို စိတ်ထဲထားမနေပါနဲ့။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"ရှန့်မိန်က ဗိုက်ကြီးနေတာကိုတောင် သူက စိတ်မပူဘူး။ အခု သူဘယ်လိုနေထိုင်နေတာလဲ။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။

ရှုရှန့်မိန်ကို သူမ သဘောမကျသော်လည်း အကြီးဆုံးအစ်မ၏ သမီးဖြစ်နေပါသေးသည်။ သူမအတွက် အကောင်းဆုံးကို မျှော်လင့်ထားပေးခဲ့သည်။ သို့သော်လည်း ကျိုးရှောင်မိန် မြင်သလောက်တော့ သူမက သခင်လေးတစ်ယောက်ကို အမှုထမ်းနေရသော ယခင်အိမ်ရှင်ကြီး၏ ကျွန်တစ်ယောက်လို ဖြစ်နေသည်။

သူမက ဒေါ်လေးအရင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျိုးရှောင်မိန်က ထိုမြင်ကွင်းများကို မြင်သောအခါ အလွန်နေရခက်မိသည်။

"သူ့လမ်းကိုသူ ရွေးချယ်ခဲ့တာပဲလေ။ သူ့ခြေဖဝါးတွေ အရည်ကြည်ဖုပေါက်တဲ့အထိ လျှောက်ရမယ်ဆိုရင်တောင် သူက ဆက်လျှောက်နေရဦးမှာပဲ။ ပြီးတော့လည်း နင်ကသာ မကောင်းဘူးလို့ မြင်နေပေမယ့် သူကတော့ အရမ်းကောင်းတယ်လို့ ထင်ချင်ထင်နေဦးမှာ။" လင်းချင်းဟယ်က တခြားနည်းဖြင့် တွေးလိုက်သည်။

ရှုရှန့်မိန်က ထင်သလောက် မပျော့ညံ့ပါဘူးဟု သူမခံစားမိသည်။ သခင်လေးအား အမှုထမ်းနေသော ကျွန်ဆိုသည်မှာ ရှေ့တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းဆုတ်သည်သာ ဖြစ်သည်။ ကျောက်ကျွင့်ကို ကိုင်တွယ်သည့်နေရာတွင် ဒီလိုအကွက်က သက်ရောက်မှု ရှိလိမ့်မည်ဆိုတာကို သူမ မသိပေ။

ဒီနှစ်ကစပြီး နှစ်သစ်ကူးတိုင်း ရှုရှန့်မိန််က ကျောက်ကျွင့်ကို ခေါ်လာရဲသည့် သတ္တိရှိနေသေးသည် ဆိုပါက လင်းချင်းဟယ် သူမ၏တူမကို အထင်သေးတော့မည်မဟုတ်ပါ။

သူမ၏ အတွေးများက ပုံမှန်ထက် ကျော်လွန်နေသည်။ မဟုတ်လျှင် သူမအိမ်အထိ ရောက်လာရဲမည် မဟုတ်ပေ။ ရှုရှန့်မိန်တစ်ယောက် ရှက်ရွံ့နေတာမျိုး တွေ့ဖူးလို့လား။ မတွေ့ဖူးပါဘူး။ သူမက အလွန်ကို တည်ငြိမ်နေပါသည်။

ကျောက်မိသားစုကို ထိန်းချုပ်ဖို့အတွက် ကျိုးမိသားစုဟောင်းကို သူမက အသုံးချချင်နေခဲ့သည်။ ထိုနည်းလမ်းဖြင့် သူမက တစ်ကိုယ်တည်း မဟုတ်ကြောင်း ကျောက်မိသားစု မြင်နိုင်လိမ့်မည်ဖြစ်သည်။ သူမနောက်ကွယ်တွင် ကျိုးမိသားစုဟောင်း ရှိနေသည်။

လင်းချင်းဟယ်က ထိုအတွေးများကို အလွန်ရှင်းရှင်းလင်းလင်း ယုံကြည်နေမိပါသည်။

"မနေ့က အာ့နီရဲ့ စိတ်အခြေအနေ မကောင်းတာကို မြင်ခဲ့ရတယ်။" ဟု ကျိုးရှောင်မိန်က ဆက်ပြောသည်။

နှစ်သစ်၏ အစောပိုင်း ရက်အနည်းငယ်အတွင်း ကျိုးအာ့နီက သူမတို့အိမ်တွင် နေခဲ့သည်။

"ဘာဖြစ်လို့လဲ။" လင်းချင်းဟယ်က မေးလိုက်၏။

"မသိဘူး။ သူက ပြောလည်းမပြဘူး။" ကျိုးရှောင်မိန်က ခေါင်းခါလိုက်သည်။

လင်းချင်းဟယ်က ဘာမှမပြောတော့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ယွမ်၏ မိသားစုကြောင့်သာ ဖြစ်လိမ့်မည်။

ကျိုးအာ့နီက အသက် ၂၀ ရှိနေပြီ။ ထိုသို့ အရွယ်ရောက်ပြီးသား မိန်းကလေးတစ်ဦးကို သူတို့ပြောဖို့ လိုပါဦးမည်လား။ သူမဖာသာ သူမ ဖြေရှင်းဖို့ လွှတ်ထားသင့်သည်။ သူမ မဖြေရှင်းနိုင်ပါက လင်းချင်းဟယ်ထံလာပြီး မေးမြန်းပါလိမ့်မည်။

ကျောက်ကျွင့်နှင့် ရှုရှန့်မိန်အကြောင်းကလွဲပြီး ဘာပြဿနာမှ မရှိခဲ့ပါ။

နှစ်သစ်တွင် မိသားစုတစ်စုလုံးက ပျော်ရွှင်နေခဲ့ကြပါသည်။

ဟိုဘက်အိမ်က ကျန်းမေ့လျန်ကတော့ သူမကိုတွေ့တိုင်း ယဥ်ကျေးပြနေသည့်ပုံပေါက်နေသည်။ လင်းချင်းဟယ်ကလည်း ဂရုမစိုက်ပါ။ ဒီတိုင်း သာမန်အိမ်နီးချင်းတစ်ယောက်သာ ဖြစ်ပြီး ပြဿနာအဆင့်က ရှုရှန့်မိန်လောက် မများပေ။

သို့သော် ရှုရှန့်မိန်က ဗိုက်ကြီးနေသည်။ ဒီလိုနှင်းထူသော ရာသီဥတုမျိုးတွင် ကျောင်းမိသားစုအိမ်ထဲ၌သာ နေထိုင်နေလိမ့်မည်။

လင်းချင်းဟယ်က မာချန်းမင်ကို နှစ်သစ်ကူးအတွင်း ဆွေမျိုးများနှင့် မိတ်ဆွေများထံ သွားလည်သောအခါ အနည်းငယ် သတိထားပြီး စောင့်ကြည့်ဖို့ ပြောသည်။ ကောင်းမွန်သော တစ်ယောက်ယောက်ရှိပါက လူ ၂ ယောက် ၃ ယောက်လောက် အလုပ်လုပ်ကိုင်ဖို့ ခေါ်ယူဦးမည်ဖြစ်သည်။

နောက်နှစ်ထဲ  အမျိုးသမီးအထည်ဆိုင် တစ်ဆိုင် ထပ်ဖွင့်ဖို့ရှိသည်။ အမျိုးသမီးအထည်ဆိုင်က အလွန်အကျိုးအမြတ်များသောကြောင့် ဖြစ်ပါသည်။ အမျိုးသားအထည်ဆိုင်၏ အကျိုးအမြတ်ကလည်း မနည်းပါးလွန်းပါ။ အများဆုံး အမျိုးသမီးအထည်ဆိုင် ဝင်ငွေ၏ သုံးပုံနှစ်ပုံလောက်အထိ ရောက်ရှိနိုင်ပါသည်။

အနည်းဆုံးဆိုလျှင်တော့ သုံးပုံတစ်ပုံခန့်သာ ရနိုင်သည်။ ဘယ်ခေတ်ပဲဖြစ်ဖြစ် အမျိုးသမီးဝတ် အထည်များက စျေးကွက်ထဲတွင် ရေပန်းအစားဆုံးဆိုတာကို ပြသနေခြင်း ဖြစ်ပါသည်။

ဒီနယ်မြေထဲတွင် အမျိုးသားများ၏ အဝတ်အစား ဝယ်လိုအားက သိပ်ပြီး မများပြားလှပါ။ အထူးသဖြင့် ဒီခေတ် အမျိုးသားများဖြစ်သည်။ အများစုမှာ တစ်နှစ်တာလုံး အဝတ်ကို တစ်ထည် နှစ်ထည်ကလွဲပြီး ပြောင်းဝတ်လေ့မရှိပါ။

ထို့ကြောင့် လင်းချင်းဟယ်က နောက်ထပ် အမျိုးသမီးဝတ် အထည်ဆိုင်တစ်ဆိုင်သာ ထပ်ဖွင့်ချင်မိသည်။ အနာဂတ်တွင် ငွေပြတ်လပ်မှု ရှိလာမည်ဖြစ်သဖြင့် အကြံကောင်း တစ်ခုဖြစ်ပါသည်။ သူမသည် အခုသာ ဆိုင်အများကြီးထပ်ဖွင့်ပြီး ငွေပိုရှာမထားလျှင် ဘယ်လိုလုပ်မည်နည်း။

သို့သော် ဆိုင်နေရာကို မစစ်ဆေးရသေးပေ။ နှစ်သစ်ကူး မကုန်မီအထိ စောင့်ရဦးမည်။ အိမ်ရာစီမံရေး ဌာနက အလုပ်လုပ်သောအခါ သူမ သွားမေးမည်ဖြစ်သည်။

ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ ထိုနေ့က ရုပ်ရှင်သွားကြည့်ခဲ့သည်။ ကျိုးရွှမ်းနှင့် ဟူကျစ်တို့က အိမ်တွင် ကျန်ခဲ့ကြ၏။ ကန်းကျစ်နှင့် ကျိုးကွေ့လိုင်တို့ကတော့ ကင်မရာကိုယူပြီး တစ်နေရာရာသို့ လျှောက်သွားနေကြသည်။

ကျိုးကွေ့လိုင်၏ ပြောစကားအရ ထိုအမှတ်တရများကို သိမ်းဆည်းထားရန် ကင်မရာကို အသုံးပြုဖို့ လိုအပ်ပါသည်။ ထို့အပြင် ဝမ်ယွမ်က သူ့အတွက် ဝယ်လာပေးသော ဖလင်များကြောင့် သူသည် ဖလင်များကို ဗုံးပေါလအော အသုံးပြုနိုင်နေပါသည်။

"ငါအဘိုးတို့အိမ်ဘက်ကို သွားလိုက်ဦးမယ်။ မင်းလိုက်ဦးမလား။" ဟူကျစ်က တီဗီကြည့်ပြီးနောက် မေးလိုက်သည်။

ကျိုးရွှမ်းက အင်္ဂလိပ်စာအုပ် တစ်အုပ် ဖတ်နေခြင်းဖြစ်သည်။ သူ့လက်ရှိ အင်္ဂလိပ်စာအဆင့်က လင်းချင်းဟယ်၏ သင်ကြားပြသပေးမှုကြောင့် အလွန်မြင့်မားနေပါသည်။ သူဖတ်လို့ပြီးသွားသောအခါ ဒီစာအုပ်ကို အကြီးဆုံးအစ်ကိုကြီးထံ ပို့ပေးမည်ဖြစ်သည်။ ဒီစာအုပ်က အလွန်ကောင်းမွန်သဖြင့် သူသဘောကျမိ၏။

"မင်းပဲသွားပါ။" ကျိုးရွှမ်းက ပန်းသီးတစ်လုံးကို စားဖို့ ယူလိုက်ရင်း ပြောလိုက်သည်။

ဟူကျစ်က သူ့ကို ထားခဲ့လိုက်၏။ ပန်းသီးတစ်လုံးကို ယူစားကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။

သူလှေကားအောက်သို့ ဆင်းလာသောအခါ ကျန်းမေ့လျန်က သူ့နောက်သို့ အမြန်လိုက်လာသည်ကို မြင်လိုက်ရသည်။ ဟူကျစ်က သူမကို တစ်ချက်စောင်းကြည့်လိုက်သည်။ သူတို့ စကားအနည်းငယ် ပြောဖူးကြသော်လည်း တစ်ယောက်နှင့် တစ်ယောက် မရင်းနှီးကြသေးပါ။ သူက လျစ်လျူရှုထားပါသည်။

"ဟူကျစ်၊ တို့ဂျုံနည်းနည်းလောက် သွားဝယ်ချင်လို့၊ အဲ့တာ လေးလို့ တို့ကို ကူညီပေးပါဦး။" ကျန်းမေ့လျန်က နှုတ်ခမ်းကိုက်ကာ သူ့ကို ကြည့်လိုက်သည်။

"ကျွန်တော့်နာမည် ဟွမ်းဟူပါ။ ကျွန်တော့်ကို ဟွမ်းဟူလို့ပဲခေါ်ပါ။" ဟု ဟူကျစ်က ပြောလိုက်သည်။

ထူးဆန်းသော မိန်းမတစ်ယောက်က သူ့နာမည်ပြောင်ကို ခေါ်နေသည်က ထူးဆန်းသည်။ ထို့ကြောင့် အမှန်ပြင်ပေးလိုက်ပါသည်။

ကျန်းမေ့လျန်က ပြုံးပြီး ပြောလိုက်သည်။ "ဟွမ်းဟူဟုတ်တယ်မလား။ တွေ့ရတာ ဝမ်းသာပါတယ်။ တို့ကို တို့ ထပ်မိတ်ဆက်ဦးမယ်နော်။ တို့နာမည်က ကျန်းမေ့လျန်ပါ။ မင်းတို့ရဲ့ အိမ်နီးချင်းပါ။"

ဟူကျစ်က ခေါင်းငြိမ့်ပြီး ထွက်သွားဖို့ လုပ်လိုက်သည်။ ကျန်းမိသားစုဟောင်းက သူ့ဦးလေးမိသားစုနှင့် သာမန်ဆက်ဆံရေးမျှသာရှိသည်။ ထို့ကြောင့် ဘာမှပြောစရာမလိုပါ။

"ဟွမ်ဟူ တို့အကူအညီလိုနေလို့ပါ။" ကျန်းမေ့လျန်က သူ့နောက်လိုက်လာနေဆဲဖြစ်ပြီး ပြောလိုက်သည်။

ဟူကျစ်က တဲ့တိုးပြောလိုက်သည်။ "မင်း‌ လျှော့ဝယ်လိုက်သင့်တယ်။ ကျွန်တော် အဘိုးတို့အိမ်သွားမလို့ အချိန်မရှိဘူး။"

"တို့မိသားစု အရင်တစ်ခေါက်က ပိုဝယ်ထားဖို့ မေ့သွားတာ၊ ဒီတစ်ခေါက် ပိုဝယ်ဖို့ကလည်း သေချာပေါက် မလွယ်လောက်ဘူး၊ တန်းစီစောင့်ရဦးမယ်။ တစ်ခါတည်းနဲ့ အကုန် မဝယ်နိုင်လို့ပါ။ တို့ဘယ်လိုလုပ် နည်းနည်းလေး ဝယ်လို့ဖြစ်မှာလဲ။" ကျန်းမေ့လျန်က ရှင်းပြလိုက်သည်။ သူမ မနေနိုင်ဘဲ စိတ်ထဲတွင် စိတ်ပျက်သွားမိသည်။ ငါနင့်ကို အခွင့်အရေးပေးနေတာတောင် ဘယ်လိုယူရမလဲမသိဘူးလား။

"ပြီးတော့လည်း တို့မိသားစုနှစ်စုက အိမ်နီးချင်းတွေလေ။ ဟိုဘက်ဒီဘက် အိမ်နီးချင်းတွေပဲကို ဒီလောက်လေးတောင် မကူညီနိုင်ဘူးလား။" ဟု ကျန်းမေ့လျန်က ဆက်ပြောနေသေးသည်။

ဟူကျစ်က သဘောကောင်းပြနေသေးသည်။ ကျန်းမေ့လျန်နှင့် သူ သိပ်ပြီး ရင်းနှီးမှုမရှိသဖြင့် အနည်းငယ် တွန့်ဆုတ်ပြီး ခေါင်းငြိမ့်လိုက်သည်။

ကျန်းမေ့လျန်က ကျေနပ်မှုများဖြင့် မျက်နှာက တောက်ပသွား၏။ "ကျေးဇူးပါ ၊မင်းက သဘောကောင်းလိုက်တာ။ အခု မင်းဒေါ်လေး အိမ်မှာ ကူညီပေးနေတာလား။"

"ဟုတ်တယ်" ဟူကျစ်က ခေါင်းငြိမ့်လိုက်၏။ ဒါက ရပ်ကွက်ထဲက လူတိုင်းသိပြီးသားအရာဖြစ်သဖြင့် ဘာမှပြောစရာမလိုပါ။

All Chapters