← Chapters

စျေးကောင်း

Vol. 30 Ch. 413

စျေးကောင်း

Vol. 30 Ch. 413

အခန်း(၄၁၃) - စျေးကောင်း

ကျန်းမေ့လျန်နှင့် ဟူကျစ်တို့ ရှော့ပင်းမောလ်သို့ သွားရာလမ်းတွင် တစ်လမ်းလုံး ကျန်းမေ့လျန်က မေးခွန်းများစွာ မေးခဲ့သည်။

ဟူကျစ်က သိပ်ပြီး အရေးမစိုက်ပါ။ ဒီမိန်းမ၏ ပါးစပ်စည်းကမ်းက အနည်းငယ် ပျက်စီးနေသည်ဟု ခံစားရသည်။ တစ်လမ်းလုံး စကားပဲများနေပြီး အမြဲတမ်း ပုလိပ် စစ်သလို စစ်ဆေးနေခဲ့သည်။

တစ်ခေါက်တွင် သူတို့မိသားစုဝင် ဘယ်နှယောက်ရှိသလဲဟုမေးလာသည်။ နောက်တစ်ခုက သူ့လစာ ဘယ်လောက်ရသလဲ ဆိုတာပင်။

"အများကြီးမေးလို့ စိတ်မဆိုးပါနဲ့။ မင်းက သိပ်မဆိုးတဲ့ပုံပေါ်လို့ မင်းကို မိန်းကလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ။” ကျန်းမေ့လျန်က ပြုံးကာ ပြောလိုက်သည်။

ထိုအခါမှ ဟူကျစ် နားလည်သွား၏။ ဒီနှစ်ထဲ သူက အသက် ၁၉ နှစ်ရှိပြီဖြစ်၍ အရွယ်ရောက်ပြီးသား ယောက်ျားလေးတစ်ယောက်ဖြစ်သည်။ ကျေးရွာမှာဆိုလျှင် သူက မိန်းမယူပြီးသား ဖြစ်လောက်ပြီ။

ထို့ကြောင့် သူ အနည်းငယ် ရှက်သွားပြီး ပြောလိုက်သည်။ "မလိုပါဘူး။ ကျွန်တော်က ရွာပြန်ပြီး ရွာကတစ်ယောက်ယောက်နဲ့ပဲ လက်ထပ်မှာပါ။"

"ဟင်" ကျန်းမေ့လျန်က အနည်းငယ် တုန့်ဆိုင်းသွား၏။ "နောက်ပိုင်း ရွာကမိန်းမတစ်ယောက်ကိုပဲ လက်ထပ်မှာ ဟုတ်လား။"

"ကျွန်တော့်မှာ ကျေးရွာအိမ်ထောင်စုစာရင်းပဲရှိတယ်။ အဲ့တာကြောင့် ရွာက တစ်ယောက်ယောက်ကိုပဲ လက်ထပ်ချင်တယ်။" ဟု ဟူကျစ်က ရိုးရိုးသားသား ရှင်းပြလိုက်သည်။

မြို့တော်က ကောင်မလေးတစ်ယောက်ကို လက်ထပ်ဖို့ သူတစ်ခါမှ မတွေးခဲ့ဖူးပါ။ ဘာပဲဖြစ်ဖြစ် မြို့တော်အိမ်ထောင်စုစာရင်းနှင့် ကျေးရွာအိမ်ထောင်စုစာရင်းတို့အကြား ကွာခြားချက်က အတော်လေး ကြီးမားသည်။

မြို့တော်တွင် လက်ထပ်ပြီး မြို့တော်အိမ်ထောင်စုစာရင်း ရချင်သော ကျေးရွာများမှ မိန်းကလေးများ တကယ်ပဲ ရှိတတ်ကြသည်။ သို့သော် ကျေးရွာမှ ယောက်ျားများအား လက်ထပ်ချင်သော မြို့တော်မှ မိန်းကလေးများကတော့ ကျေးရွာအိမ်ထောင်စုစာရင်းကို ရတတ်ပါသည်။

ထိုကဲ့သို့ လူမျိုး အလွန်နည်းပါးသောကြောင့် ဟူကျစ်က ထိုနည်းလမ်းကို လုံးဝမစဥ်းစားပါ။

သေချာပေါက် သူက ကျေးရွာဘက်မှ စာမတတ်သော အညတရကောင်လေးဖြစ်သည်။ သူ့မှာ ဘာအိပ်မက်မှလည်း မရှိပေ။ သို့သော် ကျန်းမေ့လျန်က လောလောဆယ် သူ့ထက် ပိုကောင်းသော လူမျိုးကို  ရှာမတွေ့နိုင်သေးပါ။

"အိမ်ထောင်စုစာရင်းက ယာယီပါပဲ။ မိန်းကလေးတိုင်းက ကျေးရွာသားတွေကို မကြိုက်တာ မဟုတ်ပါဘူး။ လူကကောင်းရင် အဲ့ဒါကို ဂရုမစိုက်တဲ့ မိန်းကလေးတွေ ရှိပါတယ်။" ဟု ကျန်းမေ့လျန်က ပြောလိုက်သည်။

အညတရ ကျေးရွာသားဖြစ်သောသူ့ကို လက်ထပ်ချင်သည့် မြို့တော်က သူမလို မိန်းကလေးမျိုးကို မီးအိမ်ထွန်းပြီး ရှာလျှင်တောင် ရှာတွေ့ဖို့ တကယ်ခက်ခဲသည်ဟု ခံစားမိပါသည်။

"ဟုတ်ပါတယ်၊ ဒါပေမယ့် ရှားလွန်းပါတယ်။ ကျွန်တော်က အဲ့လိုလူမျိုး တစ်ယောက်နဲ့ ဆုံနိုင်မယ် မထင်ဘူး။" ဟူကျစ်က ခေါင်းခါလိုက်သည်။

သူသာ မြို့တော်က မိန်းကလေးတစ်ဦးနှင့် လက်ထပ်နိုင်ပါက အလွန်ကောင်းမည်ဖြစ်ပါသည်။ ဟူကျစ်က မတုံးအပါ။ သူ့ကလေး မွေးဖွားပါက သူ/သူမတွင် မြို့တော်က မိသားစုအရင်းတစ်ခု ရှိသွားမည်ဖြစ်သည်။ ကလေးအတွက် ကောင်းမွန်ပါသည်။

သို့သော် သူက လက်တွေ့လည်း ဆန်တတ်သည်။ မြို့တော်က မိန်းကလေး တစ်ယောက်နှင့် လက်မထပ်နိုင်လည်း အဆင်ပြေပါသည်။ မွေးရပ်မြေသို့ပြန်ပြီး မိန်းမယူလည်း အတူတူပဲဖြစ်သည်။ နောက်ပိုင်းကျမှ မြို့တော်သို့ ပြန်တက်လာနိုင်၏။ ဘာပဲဖြစ်ဖြစ် သူလက်ထပ်ခွင့်တော့ ရမည်ဖြစ်သည်။

"မင်းပုံစံက အတော်လေး ကောင်းပါတယ်။ တစ်ယောက်ယောက်နဲ့ တွေ့နိုင်မှာပါ။ မြို့တော်က မိန်းကလေး တစ်ယောက်သာ မင်းကို လက်ထပ်ချင်မယ်ဆိုရင် မင်း သူ့ကို ဘာပေးနိုင်မှာလဲ။" ကျန်းမေ့လျန်က မေးလိုက်သည်။

ဟူကျစ်က ကြောင်သွားပြီး ပြောလိုက်သည်။ "ကျွန်တော့်မှာ ပေးစရာ ဘာမှမရှိဘူး။"

သူ့တွင် လစာသာရှိသည်။ ထိုလစာကိုသာ မယားဖြစ်သူကို ပေးနိုင်သည်။ ကျန်တာကတော့ သူ့မှာ တကယ်ပဲ ဘာဆို ဘာမှ မရှိပါ။

ကျန်းမေ့လျန်က သူ့ကို စကားထပ်ပြောရမလား မပြောရမလားပင် မသိတော့ပါ။

ကျေးရွာအိမ်ထောင်စုစာရင်းက အဆင်ပြေပါသည်။ ဒီကောင်က တကယ်တုံးအလှသည်။ အရိပ်ပြလို့ အကောင်မမြင်ပေ။

ထို့အပြင် သူ့မိသားစုထဲတွင် ညီအစ်ကိုများစွာ ရှိနေကြောင်း သူမ ပြောနိုင်သည်။ ထို့ကြောင့် သူတို့က အလွန်ဆင်းရဲသည်။

ကျန်းမေ့လျန် တွန့်ဆုတ်သွား၏။

သူမသည် ဂျုံ ၁၀ ကျင်းလောက်ဝယ်လာပြီး အိမ်သို့ပြန်ယူလာခဲ့သည်။ ဒါမျိုးကို ဇိမ်ခံပစ္စည်းဟု မှတ်ယူနိုင်ပါသည်။

ဂျုံများစွာကို ဝယ်ကာ ပြန်လာသော သူမကိုမြင်သောအခါ အမျိုးသမီးကျန်း၏ မျက်နှာဟာ ပြုံးသွားပြီး စိတ်ပါလက်ပါ ဖြစ်လာသည်။ သူမမျက်နှာကိုမြင်ကာ မေးလိုက်၏။ "ဘာဖြစ်လို့လဲ ဟိုဘက်အိမ်က ဟူကျစ်ဆိုတဲ့ကောင်လေး ဝယ်ပေးလိုက်တာလား။"

"ယောင်းမ၊ ကျွန်မ သူ့ကို ဆက်လိုက်ရမလား မသိတော့ဘူး။" ကျန်းမေ့လျန်က စိတ်ထဲကရှိသည့်အတိုင်း ပြောလိုက်သည်။

အမျိုးသမီးကျန်းက ပြောလိုက်၏။ "ဘာလို့ ရုတ်တရက်ကြီး ဒီလိုပြောတာတုန်း။"

"ယောက်မ မသိပါဘူး။ သူ့မိသားစုက အရမ်းဆင်းရဲတယ်။ ပြီးတော့ သူ့မိသားစုထဲမှာလည်း ညီအစ်ကိုတွေ အများကြီးပဲ။ သူက အရပ်ရှည်ပေမယ့် သစ်သားချောင်းကြီးလိုပဲ၊ ပါးနပ်မှုလည်း မရှိဘူး။ ဒီလိုပုံစံမျိုးနဲ့ အနာဂတ်မှာ သူ့ဖာသာသူရပ်တည်ပြီး အလုပ်လုပ်နိုင်ဖို့ ဘယ်လိုမျှော်လင့်ရမှာလဲ။" ကျန်းမေ့လျန်က ပြန်ပြောလိုက်သည်။

အမျိုးသမီးကျန်းက ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "သူတစ်ယောက်တည်း ရပ်တည်ဖို့ အလုပ်ထွက်လုပ်နိုင်မလား ဆိုတာတော့ မသေချာဘူးလေ။ ဒါပေမယ့် ဒီနှစ်ထဲ သူ့ဒေါ်လေးက သူ့ကို လစာတိုးပေးပြန်ပြီဆိုတာတော့ ငါသိတယ်။ အဲ့ဒီလစာနဲ့တင် သူတစ်ယောက်တည်း မရပ်တည်နိုင်ရင်တောင် နင့်ကို ကျွေးမွေးဖို့ လုံလောက်တယ်။"

ပိုအရေးကြီးသည်က ဆက်ဆံရေး ခိုင်မာသွားပြီဆိုတာနှင့် သူမသည် ထိုနေရာက လစာအကြောင်း စုံစမ်းတော့မည်ဖြစ်သည်။ သူမသည် ကျိုးမိသားစုဟောင်းနှင့် ဆွေမျိုးဖြစ်လာပါက အလုပ်ရုံငယ်လေးတွင် သူမအတွက် နေရာတစ်နေရာ ဘယ်လိုပဲဖြစ်ဖြစ် ပေးရလိမ့်မည်။

"ဒါပေမယ့် ဒီကောင်က မကောင်းပါဘူး။ ဘာအိပ်မက်မှလည်း မရှိဘူး။" ကျန်းမေ့လျန်က မျက်မှောင်ကြုတ်လိုက်သည်။

အမျိုးသမီးကျန်းက စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သူကသာ အရမ်းတော်နေပြီး အိပ်မက်တွေ မြင့်မားရင် နင့်လိုလူမျိုးကို မျက်စိကျပါ့မလား။

နင့်နာမည် ဘယ်လောက် ဆိုးရွားနေပြီလဲဆိုတာ ပြန်မကြည့်တော့ဘူးလား။ ဒီလောက် လူတွေအများကြီးနဲ့ တွဲပြီး အဆောင်ကိုတောင် လူတွေအများကြီး ခေါ်လာတာကို လူမိပြီးတာတောင်လေ။

နင့်မှာ ထုတ်ပြစရာဆိုလို့ မြို့တော်အိမ်ထောင်စုစာရင်းပဲ ရှိတော့တယ်။ ကျန်တာ ဘာပြဖို့ ရှိသေးလို့လဲ။

သို့သော်လည်း ထိုစကားလုံးများကို တဲ့တိုး ပြောလိုက်လို့ မဖြစ်ပါ။

အမျိုးသမီးကျန်းက ပြောလိုက်သည်။"သူ့ပုံစံနဲ့ဆိုရင် နောက်ပိုင်း အရမ်းဆိုးရွားမယ်လို့ မထင်ပါဘူးဟယ်။ ပြီးတော့ မိသားစုထဲမှာ ညီအစ်ကိုတွေများတာကလည်း အနာဂတ်ကျရင် အိမ်မပြန်နဲ့ပေါ့။ ဒီမှာ အိမ်တစ်လုံးငှားနေလည်း ပြဿနာမှ မရှိတာ၊ အခြားညီအစ်ကိုတွေ ရှိသေးတယ်။ သူ့ဦးလေးနဲ့ ဒေါ်လေးတို့က တော်ကြတယ်။ သူအလုပ်ကြိုးစားသ၍ သူအဆင်ပြေမှာပေါ့။"

ကျန်းမေ့လျန်က သက်ပြင်းချလိုက်သည်။

အနှုတ်သဘောဆောင်သော ဆုံတွေ့မှုများနှင့် သူမကို လက်မထပ်လိုသော လူများသာ မရှိပါက သူမ ဒီအခြေအနေအထိ ရောက်လာပါဦးမလား။

သူမကို လက်ထပ်ချင်သည့် လူများ၏ အလုပ်အကိုင်ကလည်း ယာယီသာဖြစ်ကြပြီး အိမ်အခြေအနေများကလည်း မကောင်းကြပါ။ သူတို့က ဟွမ်းဟူထက်တောင် ပိုဆိုးကြသေးသည်။

မြို့တော် အိမ်ထောင်စုစာရင်းရှိတာ ဘာသုံးစားလို့ ရဦးမည်နည်း။

"အများကြီး စဥ်းစားမနေပါနဲ့။ သူက အရမ်းကောင်းပါတယ်။" အမျိုးသမီးကျန်းက မနေနိုင်ဘဲ ပြောလိုက်သည်။

ဒီကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်ရမည်ဟု သူမ တွေးနေဆဲဖြစ်သည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သာ ထိုအကြောင်း သိသွားပါက သဘောတူမည် မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် သူတို့တူလေးကို ဒီလိုမိန်းမမျိုးဖြင့် လက်ထပ်ခွင့်ပေးမည်မဟုတ်ပါ။ မြို့တော် အိမ်ထောင်စုစာရင်း ရှိနေလျှင်ပင် မရပါ။

ထိုအထိ စကားရောက်ပြီးသွားသောအခါ အမျိုးသမီးကျန်းက မနေနိုင်ဘဲ နောက်ထပ်တစ်ခွန်း ထပ်ပြောလိုက်သည်။ "ပြီးတော့ ညီမလေး သူမိန်းမ မရနိုင်ဘူးလို့ မယူဆလိုက်နဲ့ဦး။ အဘွားရှုရဲ့ မြေးမ ချန်းရှန်ရှန်ကို သိတယ်မလား။ သူက အခု အထည်ဆိုင်မှာ အလုပ်ရနေပြီ။ ပြီးတော့ မာချန်းမင်ရဲ့ ဝမ်းကွဲ မာချန်းယွဲ့ဆိုတဲ့သူကလည်း သူ့အသက်အရွယ်နဲ့ အတူတူပဲနော်။”

"အဲ့ဒီမိန်းကလေးတွေက သူ့ကိုမျက်စိကျမှာလား။" ကျန်းမေ့လျန်က အံကြိတ်ကာ ပြောလိုက်သည်။

"ဘာလို့ မကျနိုင်ရမှာလဲ။ သူ့ဦးလေးက လုပ်နိုင်ကိုင်နိုင်စွမ်းရှိပြီး သူ့ကို မြို့ခေါ်လာတာလေ။ သူတို့သာ ဟူကျစ်ကို ဆွဲ‌ဆောင်လို့ အောင်မြင်သွားမယ်ဆိုရင် သူတို့အလုပ်က တည်ငြိမ်သွားလိမ့်မယ်။ သူတို့နှစ်ယောက်စလုံးက လစာတွေဘာတွေနဲ့။ သူ့ဒေါ်လေးကလည်း နောက်ပိုင်း အိမ်ထောင်စုစာရင်း ပြောင်းဖို့ စဥ်းစားပေးပါလိမ့်မယ်။ အဲ့ကျရင် သေချာပေါက် မြို့တော်အိမ်ထောင်စုစာရင်း ဖြစ်လာမှာပဲ။" အမျိုးသမီးကျန်းက ပြောလိုက်သည်။ သူ့ယောက်မက အနည်းငယ် အတွေးခေါင်သည်ဟု ခံစားလိုက်ရ၏။

ထိုကဲ့သို့ အိမ်ထောင်တစ်ခု ရရှိနိုင်တာတောင် သူမက ဘာကို ပိုလိုချင်သေးသနည်း။

အိမ်ထောင်စုစာရင်းကို ပြောင်းလဲဖို့ဆိုတာ တကယ်ပဲ မလွယ်ကူပါ။ နိုင်ငံပိုင်ယူနစ်၏ ထောက်ခံချက်နှင့် မြေရာအိမ်ရာကို ရပြီးမှ ပြန်လည်နေရာချထားနိုင်မည်ဖြစ်သည်။

ပြီးတော့ အမြဲတမ်းလည်း မအောင်မြင်နိုင်ပါ။

မာချန်းမင်တစ်ယောက် ပြန်လာနိုင်ခဲ့ခြင်းမှာ ဦးလေးမာနှင့် ဒေါ်လေးမာတို့က သူတို့အသုဘစရိတ် ကုန်ခမ်းသည်အထိ သုံးစွဲပေးခဲ့ကြသောကြောင့် ဖြစ်သည်။

ဟူကျစ်က ကျန်းမေ့လျန်အတွက် ဂျုံများကို လိုက်ပို့ပေးခဲ့ပြီးနောက် အဘိုးအိမ်သို့ သွားခဲ့သည်။ သူက မကြာခဏသွားတတ်သဖြင့် အဘွားဟူက သူ့ကို အနည်းငယ် ရင်းနှီးနေပါပြီ။

အဘိုးဟူက ဟူကျစ်ကို အလွန်အကောင်းမြင်သည်။ သူက အနည်းငယ် အသားညိုသော်လည်း တစ်ချက်ကြည့်လိုက်ရုံနှင့် အလွန်အားအင်ပြည့်ဝမှန်း သိနိုင်ပါသည်။

သူမ အမေကျိုးကို ပြောမပြရဲပါ။ အမေကျိုးက လောလောဆယ် သူမကို စကားမပြော ဘာမပြော လုပ်နေသဖြင့် အဘွားကျူးဖြင့်သာ ထိုအကြောင်း သွားပြောခဲ့သည်။

ဘာအကြောင်းပြောတာလဲ။

ကျူးကျန်းကျန်း အကြောင်း ဖြစ်ပါသည်။

All Chapters