ရေပူစမ်း စိမ်ခြင်း
Vol. 30 Ch. 418
အခန်း(၄၁၈) - ရေပူစမ်း စိမ်ခြင်း
ဒုတိယနေ့တွင် လင်းချင်းဟယ်က ကျိုးရွှမ်း၊ ကျိုးကွေ့လိုင်၊ ဟူကျစ်၊ ကန်းကျစ်နှင့် ကျိုးအာ့နီတို့ကို ခေါ်ကာ အမေဝိန်တို့အိမ်ဘက် ထွက်လာခဲ့၏။
ဝိန်မိသားစုအိမ်က ရထားဘူတာသို့ သွားသော လမ်းနှင့် ကြုံသောကြောင့်ဖြစ်သည်။
ကျိုးချင်းပိုင်ကလည်း သူတို့အား တစ်လမ်းလုံး လိုက်ပို့ပေးခဲ့သည်။ သူတင်မကသေးဘဲ အဖေဝိန်ကလည်း သူတို့အိမ်သို့ ရောက်လာသောအခါ ဝန်လေးနေသည့်ပုံပေါက်နေ၏။
အမေဝိန်ကတော့ အပျော်လွန်နေသည်။ ကလေးများ လက်ထဲမှ ခရီးဆောင်အိတ်များကို ကြည့်ပြီး ပြုံးကာ မေးလိုက်၏။ "အားလုံး လိုက်လာကြမှာလား။"
"အဆင်မပြေဘူးလား။ ဒေါ်လေးရဲ့ အထုပ်အပိုးတွေ ကူသယ်ပေးလို့ရတာပေါ့။" ကျိုးကွေ့လိုင်က ပြုံဖြီးဖြီးလုပ်ကာ ပြန်ဖြေလိုက်သည်။ သူက အမေဝိန်၏ အိတ်အား သွားယူလိုက်၏။
သူ့ကိုယ်ပိုင်ပစ္စည်းများကိုတော့ ကန်းကျစ်အိတ်ထဲတွင် ပေါင်းထည့်ထားသည်။ အတွင်းခံတချို့နှင့် အတွင်းအဝတ်အစားတချို့သာပါသည်။ ထိုပစ္စည်းများကို သူ့အစ်ကိုလတ်နှင့် အစ်ကိုဟူကျစ်တို့၏ အိတ်ထဲတွင် ပေါင်းထည့်ထားကြပြီး ဟူကျစ်က သယ်ထား၏။
ကျိုးရွှမ်းက လင်းချင်းဟယ်နှင့် ကျိုးအာ့နီတို့၏ အိတ်ကို သယ်ထားပေးသည်။ အမေဝိန်၏အိတ်နှင့်ဆို လူအများကြီးအတွက် သုံးအိတ်သာပါသည်။ ထို့ကြောင့် မများပါ။
"ဟုတ်ပြီ။ ကျွန်မတို့က ရထားနဲ့သွားမှာ၊ ရှင်တို့တွေ ပြန်လို့ရပြီနော်။" ရထားရောက်လာသောအခါ အမေဝိန်က ပြောလိုက်သည်။
"ရှင် ဆိုင်ဖွင့်ရဦးမယ်၊ ပြန်တော့လေ။" လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောလိုက်သည်။
ဒီလိုနှင့် သူတို့အုပ်စု ရထားပေါ်တက်သွားကြ၏။ ကျိုးချင်းပိုင်နှင့် အဖေဝိန်တို့ကတော့ သနားစရာ ကျန်ရစ်ခဲ့သည်။
"ခင်ဗျားအိမ်မှာ ဟင်းမချက်ချင်ရင် ကျွန်တော့်ဆိုင်မှာ လာစားလို့ရပါတယ်။" ကျိုးချင်းပိုင်က အဖေဝိန်ကို ပြောလိုက်၏။
အဖေဝိန် သက်ပြင်းချလိုက်သည်။ "ဒီလောက် အေးတဲ့ရာသီဥတုမှာ ခရီးသွားချင်တယ်ပြောပြီး တကယ်လည်း သွားကြတာပဲ။ ဟိုင်းအာအထိတောင် သွားကြတာ သူတို့အအေးမကြောက်ကြဘူးလား မသိဘူး။”
ကျိုးချင်းပိုင်ကလည်း မထောက်ခံဘဲ မနေနိုင်ပါ။
"ဆိုတော့မှ ကျွန်တော်ခင်ဗျားကို ဒုက္ခပေးမိပြီဗျာ။" အဖေဝိန်က ပြောလိုက်သည်။
အမှန်ပင်။ သူ့မိန်းမက သူ့ကိုစကားမပြောချင်သောကြောင့် ခရီးထွက်ချင်နေမှန်း အဖေဝိန် သိသည်။ မနေ့က သူတို့လင်မယား ရန်ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။ ရန်ဖြစ်ရသည့် အကြောင်းအရင်းကိုတော့ မမှတ်မိပါ။ သို့သော် မနေ့က ရန်တော့ဖြစ်ခဲ့ပါသည်။
ထို့နောက် သူမက အဖေဝိန်ကို စိတ်ဆိုးသွားပြီး ခရီးထွက်သွားခဲ့သည်။
ကျိုးချင်းပိုင်ကလည်း စိတ်ထဲမထားပါ။ သူ့မိန်းမကလည်း နဂိုကတည်းက ပျင်းနေခဲ့သည်။ မဟုတ်လျှင် အမေဝိန် ဘာပြောပြော အသုံးဝင်မည် မဟုတ်ပါ။ ထို့ကြောင့် ကျိုးချင်းပိုင်က အခြားသူများကို စိတ်မဆိုးပါ။
သူတို့နှစ်ယောက် လက်ပြကာ နှုတ်ဆက်လိုက်သည်။ ကျိုးချင်းပိုင်က ပြန်သွားပြီး ဖက်ထုပ်ဆိုင်ဖွင့်လိုက်သည်။
ဒီအချိန်တွင် အများကြီး ရောင်းမကောင်းသေးပါ။ သို့သော် ဆိုင်တော့ ဖွင့်ထားပါသည်။
ဒေါ်လေးမာကလည်း ပန်းကန်များ စတင်ဆေးကြောသည်။ ဒီအချိန်တွင် ရာသီဥတုက အေးစက်နေသဖြင့် ရေနွေးဖြင့် ဆေးကြောရသည်။ လင်းချင်းဟယ်က သူမလက်များကို ကာကွယ်ရန်အတွက် ခရင်မ်များလိမ်းဖို့ ပေးခဲ့သည်။
"ဆရာမလင်းက ရုတ်တရက်ကြီး ဘာလို့ သူများတွေနဲ့ ခရီးထွက်သွားတာလဲ။" ဒေါ်လေးမာကလည်း ထိုအကြောင်း သိသဖြင့် မေးကြည့်လိုက်သည်။
"အိမ်မှာပျင်းနေပြီး ကျောင်းပြန်မဖွင့်ခင် လျှောက်လည်ချင်နေတာလေ။ ကလေးတွေကိုလည်း အပြင်ရောက်ဖူးတယ်ရှိအောင် ခေါ်သွားတာ။" ကျိုးချင်းပိုင်က သူ့မိန်းမနှင့် မခွဲချင်သော်လည်း သဘောထားကြီးစွာ ပြောလိုက်ပါသည်။
ဒေါ်လေးမာက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "အပြင်လောကကို မြင်ဖူးတယ်ရှိအောင် ခေါ်သွားတာ ကောင်းပါတယ်။ တန့်လေးကို နောက်နှစ်ထဲ နယ်စပ် ခေါ်သွားရင် ကောင်းမလားလို့ ကျွန်မလည်း စဥ်းစားနေတာ။"
သူမ အကြီးဆုံးသား၏ မိသားစုကို တွေ့ဖို့သာဖြစ်သည်။ သူမတို့ အပြန်ပြန် အလှန်လှန် ဖုန်းဆက်ပြီး စာများလည်း ပို့သော်လည်း မတွေ့ရတာ နှစ်အတော်ကြာနေပြီဖြစ်သည်။
"ခေါ်သွားသင့်တာပေါ့။ ဒေါ်လေးသွားမယ်ဆို ကျွန်တော့်ကို ကြိုပြောပါ။ ခွင့်ရက်ပိုပေးပါ့မယ်။" ဟု ကျိုးချင်းပိုင်က ပြောလိုက်၏။
"မလိုပါဘူးကွယ်။ ပုံမှန်အားလပ်ရက်ဆို လောက်ပါတယ်။" ဒေါ်လေးမာက ပြုံးလိုက်၏။
"မလောက်ပါဘူး။ လမ်းခရီးမှာတင် ရက်တွေ အများကြီး ကြာနေလိမ့်မယ်။" ဟု ကျိုးချင်းပိုင်က ပြောလိုက်သည်။ "ပြီးတော့ ရှားရှားပါးပါး သွားရတဲ့ခရီးပဲလေ။"
"ဟုတ်ပါပြီ။" ဒေါ်လေးမာက ပြုံးကာ ပြောလိုက်သည်။ "အဲ့အချိန်ရောက်ရင် ဒေါ်လေးရဲ့ ချွေးမကို ဒေါ်လေးကိုယ်စား အလုပ်လာလုပ်ခိုင်းလိုက်ပါ့မယ်။ သူက ဒေါ်လေးတို့လို ဒေသိယစကား မပြောနိုင်ပေမယ့် အလုပ်တော့ လုပ်နိုင်ပါတယ်။"
"လိုပါသေးတယ်။ အဲ့အချိန်ကျမှ ပြောကြတာပေါ့။" ကျိုးချင်းပိုင်က ပြောလိုက်သည်။
မာချန်းမင်ကို သူသဘောကျသော်လည်း သူ့ဇနီး ဟွမ်ရှောင်းလျို့ကိုတော့ အတော်အသင့်သာရှိသည်။ မုန်းတီးတာမျိုးလည်း မဟုတ်ပါ။ သို့သော် ဒီနေရာတွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တည်း အလုပ် အတူတူလုပ်ဖို့ မသင့်တော်ဘူးဟု သူခံစားမိသည်။ ထိုအချိန်ရောက်လျှင် ဒေါ်ကြီးတစ်ယောက် သို့မဟုတ် အဘွားတစ်ယောက်ယောက်ကို ရှာရမည်ဖြစ်သည်။
ဒါက ယောက်ျားနှင့်မိန်းမတို့အကြား ခြားနားမှုကို ယောက်ျားတစ်ယောက်ဘက်မှ တန်ဖိုးထားပေးခြင်း ဖြစ်ပါသည်။
ဝမ်ယွမ်က နေ့လည်ခင်းတွင် ရောက်လာခဲ့သည်။
ကျိုးအာ့နီကို သူ့အဘိုးအဘွားများနှင့် ရှိမည်ဟု ထင်ခဲ့သည်။ ထိုနေရာသို့ ရောက်သွားသောအခါ မရှိမှန်း သိလိုက်ရပြီး အမေကျိုး ပြောပြမှ အကြောင်းစုံ သိလိုက်ရသည်။
"အာ့နီလား။ သူ့စတုတ္ထဒေါ်လေး၊ ကလေးတွေအားလုံးနဲ့ ခရီးထွက်သွားကြတယ်လေ။ ဒီမနက် စောစောကမှ ရထားစီးသွားကြတာ၊ အခုလောက်ဆို သွားလောက်ရောပေါ့။" ဟု အမေကျိုးက ပြောလိုက်၏။
"ခရီးသွားတယ်ဟုတ်လား။" ဝမ်ယွမ်က ကြောင်စီစီဖြစ်သွား၏။ "ဒီလောက်အေးတဲ့ ရာသီဥတုမှာ ဘယ်သွားကြတာလဲဗျ။"
"ဒီအေးတဲ့ရာသီဥတုနဲ့ အိမ်မှာပဲနေတာ ကောင်းတယ်လို့ ငါလည်း ပြောပါသေးတယ်။ သူတို့တွေက ပြောလို့ကိုမနိုင်တာလေ။" အမေကျိုးက ပွစိပွစိ ပြောလိုက်သည်။
"ဘာကို ပြောလို့ မနိုင်တာလဲ။ ဒီကလေးတွေကို ထိန်းဖို့သာ မလိုရင် သမီးလည်း စတုတ္ထယောင်းမနဲ့ လိုက်သွားချင်တာ။" ကျိုးရှောင်မိန်က ကြားဖြတ်ပြောလိုက်သည်။
သူမ၏ ကလေး လေးယောက်စလုံးက ငယ်သေးသည်။ မတတ်နိုင်ပါ။ ၁၀နှစ်လောက်အထိ ခရီးသွားဖို့နှင့် သူမ၏ စတုတ္ထယောင်းမလို အေးအေးချမ်းချမ်း နေနိုင်ဖို့ကို မေ့ထားရဦးမည်။
"ဒေါ်လေး၊ သူတို့ ဘယ်ကို သွားကြတာလဲ။ ဘယ်နှယောက်ပါသွားတာလဲ။" ဝမ်ယွမ်က မေးလိုက်၏။
"အများကြီးပဲ။ စတုတ္ထအစ်ကိုကလွဲပြီး စတုတ္ထယောင်းမတို့အိမ်က အကုန်လုံးပဲ။" ကျိုးရှောင်မိန်က ဖြေလိုက်သည်။ "ဘယ်လဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူး။ ရေခဲမြို့တော်ဆိုလား အဲ့သွားမယ်ဆိုပဲ။"
"ရေခဲမြို့တော် ဟုတ်လား။” ဝမ်ယွမ်တစ်ယောက် ဇဝေဇဝါ ဖြစ်သွားသည်။ ထို့ကြောင့် ကျိုးချင်းပိုင်အား လာမေးကြည့်ခဲ့သည်။
"ဟိုင်းအာကိုသွားကြတာ" ကျိုးချင်းပိုင်က ပြောလိုက်သည်။"ဒီမနက် ကိုးနာရီရထားနဲ့လေ။"
"ရုတ်တရက်ကြီးပါလား။ ဘာလို့ အဲ့လောက် အဝေးကြီး သွားကြတာလဲ။" ဝမ်ယွမ်က မေးလိုက်သည်။
"ရေခဲမြို့တော်ကို သွားကြည့်ချင်လို့တဲ့။ အဲ့က ရေခဲမြို့တော်က အရမ်းကြီးပြီး ရေပူစမ်းကြီးတစ်ခုလည်း ရှိတယ်လို့ကြားတယ်။" ဟု ကျိုးချင်းပိုင်က ရှင်းပြလိုက်သည်။
သူ့မိန်းမ ပြောခဲ့သောစကားများဖြစ်ပါသည်။ သူ ရေပူစမ်းသို့ မရောက်ဖူးသော်လည်း ဒီစကားပြောရင်း စိတ်ဆိုးလာမိပြန်သည်။ သူမက ဘာမှကြိုမပြောဘဲ ဒီတိုင်းထွက်သွားခဲ့၏။
"ရေပူစမ်းစိမ်ဖို့ ဟိုင်းအာလိုနေရာမျိုးကို အဝေးကြီးသွားစရာလိုလို့လားဗျာ။ မြို့တော်ထဲမှာလည်း တစ်ခုရှိတာပဲ။” ဝမ်ယွမ်က ပြောလိုက်၏။
"ဘယ်မှာလဲကွ။" ကျိုးချင်းပိုင်က အံ့အားသင့်စွာဖြင့် သူ့ကိုကြည့်လိုက်သည်။
သူမြို့တော်တွင် နေခဲ့တာ ၂နှစ် ၃နှစ်လောက် ရှိပြီဖြစ်သော်လည်း နေရာများများစားစား မသွားဖူးသေးပါ။ မြို့တော်မှာ ရေပူစမ်းရှိမှန်း တကယ်မသိခဲ့ပါ။
ဝမ်ယွမ်ကတော့သိသည်။ ဒီနေရာနှင့် အနည်းငယ်ဝေးသော်လည်း ဝမ်ယွမ့်တွင် ကိုယ်ပိုင်ကားရှိသဖြင့် သိပ်ဝေးလှပါ။
"စတုတ္ထဦးလေး၊ ဘယ်တော့ အချိန်အားမလဲ။ ကျွန်တော်တို့လည်း ရေပူစမ်း သွားစိမ်ကြမလား။" ဝမ်ယွမ်က ပြုံးကာ ပြောလိုက်သည်။
"ဦးလေးဝမ်နဲ့ မင်းအဘိုးကို ခေါ်လာခဲ့။" ကျိုးချင်းပိုင်က ပြောလိုက်သည်။
"ခေါ်ရမှာပေါ့။" ဝမ်ယွမ်က ချက်ချင်း ပျော်ရွှင်စွာ ပြောလိုက်သည်။
ဒီလိုနှင့် ဆိုင်ကို ဒီနေ့တစ်ရက်သာ ဖွင့်ခဲ့ပြီး ရှစ်ရက်နေ့တွင် ဆိုင်ပိတ်ခဲ့ပါသည်။
အဘိုးဝမ်၊ အဖေကျိုး၊ စုတာ့လင်းနှင့် ကျိုးချင်းပိုင်တို့ ဝမ်ယွမ်၏ ကားထဲတွင် လိုက်ပါပြီး ရေပူစမ်းသို့ အတူတူ ထွက်လာခဲ့ကြသည်။
ကျိုးချင်းပိုင်၏ ရည်ရွယ်ချက်ကတော့ လမ်းမှတ်မိအောင်ဖြစ်သည်။ သူ့မိန်းမပြန်လာသောအခါ ထိုနေရာသို့ အပျော်ခေါ်သွားမည်ဖြစ်သည်။ သူ့မိန်းမက ထိုကဲ့သို့ အရာများကို သဘောကျတတ်သည်။
မနှစ်က ဝယ်ခဲ့ပြီး နေရာလွတ်ထဲတွင် ထည့်ထားသည့် ထရပ်ကားကြီးကို ထုတ်ယူဖို့ အချိန်ကျပြီဖြစ်သည်။ ထိုခေတ်က ကားတစ်စီးရှိခြင်းမှာ အလွန်အဆင်ပြေပါသည်။
ရေပူစမ်းသို့ ရောက်သောအခါ အဘိုးဝမ်က ကြည့်ကာ အံ့သြစွာဖြင့် ပြောလိုက်၏။ "တော်လိုက်တာ။ ကောင်လေး၊ မင်းက ဒီလောက်ဝေးတဲ့ နေရာကိုတောင် သိတယ်ပေါ့။"
အိမ်မှထွက်လာပြီး ရေပူစမ်းသို့ရောက်သည်အထိ သုံးနာရီမောင်းရသည်။
အဖေကျိုးကလည်း အလွန်စိတ်လှုပ်ရှားနေ၏။ ယခင်က သူ ရေပူစမ်း မစိမ်ဖူးပါ။
ဒီနေ့ အမေကျိုးကိုပါ ခေါ်လာဖို့ လုပ်သော်လည်း အမေကျိုးတစ်ယောက်တည်း ဖြစ်နေသည်။ သူမကို စောင့်ရှောက်ဖို့ ဘယ်သူမှ မရှိသဖြင့် သူမ နားလည်မည် မဟုတ်ပါ။ ထို့ကြောင့် စုတာ့လင်းကိုသာ အစားခေါ်လာလိုက်သည်။
ဆိုင်ကိုတော့ ကျိုးရှောင်မိန် ကြည့်ထားပေး၏။
ဒီလိုနှင့် သူတို့ယောက်ျားလေးများ ရေပူစမ်း စိမ်လိုက်ကြသည်။ ပြောရမည်ဆို တကယ် သက်တောင့်သက်သာ ဇိမ်ရှိလှပါသည်။ သို့သော်လည်း စျေးကတော့ အနည်းငယ် ကြီး၏။
လူငါးယောက်ကို ယွမ် ၅၀ ကျသင့်ပြီး တစ်ယောက်ကို ၁၀ ယွမ် ကျသင့်သည်။