← Chapters

ရာသီဥတုက ကိုယ့်ဘက်မပါဘူး

Vol. 30 Ch. 419

ရာသီဥတုက ကိုယ့်ဘက်မပါဘူး

Vol. 30 Ch. 419

အခန်း(၄၁၉) - ရာသီဥတုက ကိုယ့်ဘက်မပါဘူး

သာမန်အလုပ်သမားလူတန်းစားများအတွက် အမှန်တကယ် ဝန်လေးလောက်သည့် စျေးနှုန်းမျိုး ဖြစ်နေပါသည်။ သို့သော်လည်း သူတို့အတွက်တော့ တတ်နိုင်သောပမာဏ ဖြစ်ပါသည်။

ကျိုးချင်းပိုင်က အလွန်အားရသွားသည်။

သူ့မိန်းမကို ခေါ်လာဖို့ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ်  ဒါက သန့်စင်သော သဘာဝ ရေပူစမ်း ဖြစ်သည်။ အလွန် အံ့သြဖို့ကောင်းပါသည်။

သူတို့ တည်းခိုနိုင်သော ဟိုတယ်များလည်း ရှိသည်။ အိမ်ပြန်ဖို့ နောက်ကျပါက ဒီမှာပဲ တည်းခိုနိုင်သည်။ ပတ်ဝန်းကျင်တွင် စားသောက်ဆိုင်များလည်း ရှိနေပါသည်။

"ဒါ...ဒါက... ခရီးသွားဧည့်သည်... ဖိတ်ခေါ်ဖို့လား။" စုတာ့လင်းတောင် မနေနိုင်ဘဲ မေးမိ၏။

"သေချာပေါက် ခရီးသွားဧည့်သည် တိုးမြင့်စေဖို့ပေါ့။ နောက်ပိုင်းကျရင် စီးပွားရေးက အကြီးအကျယ် တိုးတက်လာမယ်လို့တောင် ကျွန်တော်ခန့်မှန်းမိတယ်။ အခြားသူတွေဆို ဒီနားက မြေနေရာတွေကို အပိုင်သိမ်းထားပြီးကြပြီ။" ဝမ်ယွမ်က နောင်တကြီးစွာ ပြောလိုက်သည်။

ဒီရေပူစမ်းကို မိသားစုကြီးသုံးစုက စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်။ သူတို့ ဝမ်မိသားစုက နာမည်အနည်းငယ် ရှိသော်လည်း မပိုင်ဆိုင်နိုင်ခဲ့ပါ။

စုတာ့လင်းက ခေါင်းငြိမ့်လိုက်သည်။ ဒီနေရာက အလွန်ကောင်းမွန်သည်ဟု ခံစားရသည်။ တစ်ခုတည်းသော အားနည်းချက်က အလွန်ဝေးလွန်းနေခြင်းသာ။

အမှန်ပင် နှင်းများ ရေခဲများကြောင့် ကားကို အမြန်မမောင်းခဲ့သဖြင့် သုံးနာရီကြာသွားခြင်း ဖြစ်ပါသည်။ ပုံမှန်ဆို နှစ်နာရီဝန်းကျင်လောက်သာ ကြာနိုင်ပါသည်။

ဝေးသည်ဟု ပြောဖို့လောက်အောင်လည်း မဝေးလှပါ။

ရေပူစမ်း စိမ်ပြီးနောက် ဗိုက်ဆာလွယ်သဖြင့် စားသောက်ဆိုင်တစ်ဆိုင်တွင် သွားစားလိုက်ကြသည်။ ပြီးခါမှ အိမ်ပြန်ခဲ့ကြ၏။

အိမ်ပြန်လမ်းတွင် ကျိုးချင်းပိုင်က ကားမောင်းခဲ့သည်။

"စတုတ္ထဦးလေး ကားမောင်းတတ်တာ မသိဘူး။" ဝမ်ယွမ်က ပြုံးလိုက်သည်။

"မင်းစတုတ္ထဒေါ်လေးတောင် မောင်းတတ်တယ်။" ကျိုးချင်းပိုင်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။

ဒိတစ်ခေါက် ဝမ်ယွမ်သာမကဘဲ အဘိုးဝမ်၊ အဖေကျိုးနှင့် စုတာ့လင်းတို့ပါ အံ့အားသင့် သွားကြသည်။

"မင်းမိန်းမက ဒီလိုကားမျိုး မောင်းတတ်တယ်လား။" အဘိုးဝမ်က မေးလိုက်သည်။

"တောင်ပိုင်းကနေ သင်လာတာ စမ်းမောင်းဖို့ပဲ လိုတော့တယ်။" ကျိုးချင်းပိုင်က အေးဆေးစွာ ပြန်ဖြေလိုက်သည်။

"တော်...တော်လိုက်တာ။” စုတာလ့င် မနေနိုင်တော့ဘဲ ချီးကျူးလိုက်ရသည်။

ဒါက စက်ဘီးမဟုတ်၊ ကားတစ်စီးဖြစ်သည်။ စတုတ္ထမရီးကို ကားမောင်းတတ်လိမ့်မည်ဟု သူထင်မထားခဲ့ပါ။ တကယ် တော်လွန်းပါသည်။

သို့သော်လည်း လင်းချင်းဟယ်လို သန်မာသည့် အမျိုးသမီးက ဒီလို အမြဲတစေ အံ့သြစေတတ်သဖြင့် အားလုံးက ခဏတာသာ အံ့အားသင့်သွားကြပြီး ပြန်ငြိမ်သွားကြသည်။

"ဒီကားက ယွမ် ၃၆,၀၀၀ ပေးရတယ်။ ပိုက်ဆံစုပြီးရင် ဝယ်လိုက်ပါလား။ ကျွန်တော် မိတ်ဆက်ပေးမှာမို့လို့ စျေးအများကြီး သက်သာစေရမယ်။" ဟု ဝမ်ယွမ်က ပြုံးကာ ပြောလိုက်သည်။

ဒီကားကို သူ့ဖာသာသူ ဝယ်ထားခြင်းဖြစ်သည်။ အဖေကျိုးနှင့် အမေကျိုးတို့ အိမ်နားတွင် အိမ်တစ်လုံးလည်း ဝယ်ထားသေးသည်။ အလွန် ကျယ်ဝန်းပါသည်။ သူက အိမ်တစ်လုံး ကားတစ်စီးရှိသော လူမျိုးထဲတွင် ပါနေသည်။ သူ့အားသူကိုးပြီး ရရှိခဲ့ခြင်းဖြစ်ပြီး ဒီအတွက် သူ့မိသားစုကို လုံးဝအားမကိုးခဲ့ပါ။

"နောက်မှ စဥ်းစားကြတာပေါ့။" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။

ဒီကားက ထရပ်ကားထက် ပိုစျေးကြီးသည်။ ထရပ်ကားတစ်စီးထက်လည်း အဆင့်မြင့်သည်။ သို့သော်လည်း သူတို့ထရပ်ကားတစ်စီး ပိုင်ဆိုင်ထားပြီးပြီဖြစ်သဖြင့် သူတို့မိသားစုအတွက် ကားတစ်စီးရဖို့က မကြာလောက်တော့ပါ။

ထိုကိစ္စအတွက်တော့ ကျိုးချင်းပိုင်က အလွန်ယုံကြည်ချက် ရှိနေပါသေးသည်။

ပြီးခဲ့သောနှစ်ကုန်က တစ်နှစ်စာဝင်ငွေကို သူ အကျဥ်းချုံး တွက်ကြည့်ခဲ့သည်။ တစ်နှစ်စာဝင်ငွေက ယွမ် ၃၈,၀၀၀ ကျော်နေ၏။ နွေရာသီ အားလပ်ရက်တုန်းက ပြန်လည်ရောင်းချသည့် ဝင်ငွေများ မပါဝင်သေးပါ။

ဒီနေ့ သူဆိုင်မဖွင့်တော့ပါ။ အဖေကျိုးနှင့် အမေကျိုးတို့ အိမ်တွင်သာ သွားစားခဲ့သည်။

တစ်ချိန်တည်းတွင် လင်းချင်းဟယ်နှင့် အခြားသူများကလည်း ရထားပေါ်တွင် စိတ်ရွှင်နေကြပါသည်။

"ဒါ ကျွန်မတစ်ယောက်တည်း အပြင်ထွက်ဖူးတာ ပထမဆုံးအကြိမ်ပဲ။ ပြီးတော့လည်း အဝေးကြီးကိုသွားမှာလေ။" အမေဝိန်က လက်ထဲတွင် ကတ်ကစားရင်း ပြုံးကာ ပြောလိုက်သည်။

"မကြာမကြာ အပြင်ထွက်လည်တာ ကောင်းပါတယ်။" လင်းချင်းဟယ်က အလှည့်ကျော်ရင်း ရွှင်လန်းစွာပြန်ပြောသည်။

ကျိုးကွေ့လိုင်က ဆက်ကစား၏။ ကန်းကျစ်ကတော့ အလှည့်ကျော်လိုက်သည်။

သူတို့လေးယောက်သား ကတ်ကစားနည်း ကစားနေကြပြီး ဟူကျစ်နှင့် အာ့နီတို့က ဘေးမှ ထိုင်ကြည့်နေကြ၏။ ကျိုးရွှမ်းကတော့ အင်္ဂလိပ်စာ စာအုပ်တစ်အုပ် ဖတ်နေသည်။

လူပမာဏ အလွန်များပြားသောကြောင့် ဒီခရီးမှာ ပျင်းစရာ မကောင်းပါ။ သူတို့အားလုံး ဟိုင်းအာထိရောက်အောင် ပျော်ရွှင်စွာ သွားခဲ့ကြပါသည်။

ထိုနေရာတွင် တကယ်ပဲ အေးစက်လှပါသည်။ သူတို့ ဧည့်ရိပ်သာ ကောင်းကောင်း တစ်ခု တွေ့ပြီး ချက်ကင်လုပ်ခဲ့ကြသည်။ လင်းချင်းဟယ်က ပြောလိုက်၏။ "ကံကောင်းလို့ ကျွန်မတို့ ပြင်ဆင်လာခဲ့မိတယ်။ မဟုတ်ရင် အပြင်တောင် ထွက်ရဲမှာ မဟုတ်ဘူး။"

"ဟုတ်ပါ့။ ကျွန်မတို့ဘက်ထက် အများကြီး ပိုအေးတယ်။" အမေဝိန်က ပြန်ပြောလိုက်သည်။

သူတို့ အခန်းနှစ်ခန်း ငှားရမ်းခဲ့သည်။ လင်းချင်းဟယ်၊ ကျိုးအာ့နီနှင့် အမေဝိန်တို့က တစ်ခန်းနေပြီး ယောက်ျားလေး လေးယောက်ကတော့ နှစ်ယောက်အိပ်ခန်းထဲ စုပြုံနေခဲ့ကြသည်။

သူတို့က သူတို့ဖာသာသူတို့ ဂရုစိုက်နိုင်ကြပါသည်။ လင်းချင်းဟယ်တို့ အနားယူပြီးသွားကြသောအခါ အပြင်ထွက်ဖို့ ပြင်ကြသည်။

"အမေ အောက်ထပ်က ဧည့်ကြိုက သားတို့ လျှောက်လည်လို့မရဘူးလို့ပြောတယ်။ မိုးလေဝသ ခန့်မှန်းချက်က မနက်ဖြန်နဲ့ သဘက်ခါ လေနဲ့ နှင်းတွေ ပြင်းထန်မယ်တဲ့။ အဲ့ဒီကို သွားတဲ့ ဘတ်စ်ကားတွေ အားလုံးလည်း ရပ်နားထားလိမ့်မယ်တဲ့။" ကျိုးရွှမ်းက ပြောလိုက်သည်။

"အကုန်လုံး ရပ်နားထားမှာလား။" လင်းချင်းဟယ် ကြက်သေသေသွားသည်။

"တိုက်ဆိုင်လိုက်တာဟယ်။ အခုမှ ရောက်တာကို သွားလို့မရတော့ဘူးတဲ့။" အမေဝိန်လည်း ရေရွတ်လိုက်မိသည်။

"ရေခဲမြို့တင်မဟုတ်ဘူး။ ရေပူစမ်းတွေကိုလည်း သွားလို့မရဘူး။ ပို့ဆောင်ရေးတွေအားလုံး ဖျက်သိမ်းထားတယ်။" ကျိုးရွှမ်းက စိတ်ပျက်လက်ပျက် လက်ပြစ်ကာ ပြောလိုက်သည်။

"အရင်စားလိုက်ကြပါဦး။ ပြီးကျမှ ကျွန်မတို့ ဆင်းမေးကြတာပေါ့။" လင်းချင်းဟယ်က အမေဝိန်ကို ပြောလိုက်သည်။

"အင်း" အမေဝိန်က ခေါင်းငြိမ့်၏။

ခေါက်ဆွဲများ စားပြီးသွားကြသောအခါ ဧည့်ကြိုကို မေးမြန်းဖို့ ဆင်းလာခဲ့ကြသည်။

"ရေခဲမြို့ကို ကြည့်ဖို့ ဒီလောက် အဝေးကြီး လာခဲ့တာလား။ ရှင်တို့တွေ တကယ် အချိန်အားနေတယ်ထင်တယ်။" ဧည့်ကြိုက ပြောလိုက်သည်။ "ဒါပေမယ့် နည်းလမ်းမရှိဘူး။ မနက်ဖြန်နဲ့ သဘက်ခါ နှင်းမုန်တိုင်းရှိနိုင်တယ်လို့ ပြောထားတယ်။ ကားတွေအကုန်လုံးလည်း အခုရပ်ထားပြီ။ သွားဖို့ နည်းလမ်း မရှိဘူး။"

"ဒီနားဝန်းကျင်က ရေပူစမ်းတွေကကော" လင်းချင်းဟယ် မေးလိုက်သည်။

"အဲ့တာတွေလည်း သွားလို့မရပါဘူး။" ဧည့်ကြိုက ပြန်ဖြေလိုက်သည်။

လင်းချင်းဟယ်က သူမကိုမယုံကြည်ပါ။ နယ်စိမ်းသော ခရီးသွားများကို ခရီးသွားဧည့်သည် နယ်မြေများမှ လူများက ဒီလိုပုံစံဖြင့် လိမ်ညာတတ်သည်။ ထိုအကြောင်းကြောင့် လှပသော  နေရာများကို သူတို့မသွားနိုင်ကြပါ။ တကယ်တော့ ခရီးသွားများကို သူတို့၏ ပို့ဆောင်ရေးကိုသာ ငှားစေချင်ကြခြင်း ဖြစ်သည်။

သို့သော်လည်း မယုံချင်တောင် လင်းချင်းဟယ် ယုံလိုက်ရတော့သည်။ ဒီအချိန်တွင် လူတွေက လိမ်ညာနေခဲ့ခြင်း မဟုတ်ပါ။ အကြောင်းမှာ နောက်တစ်နေ့မနက် တကယ်နှင်းထူနေခဲ့ခြင်းကြောင့် ဖြစ်သည်။

"ဒီနှင်းက နောက်ထပ် နှစ်ရက်သုံးရက်လောက် ဆက်ကျနေဦးမယ်ထင်ပါတယ်။" လင်းချင်းဟယ် သက်ပြင်းချလိုက်သည်။

"ဒီနှင်းတွေကို ကြည့်ဖို့လာခဲ့သလိုတောင် ဖြစ်နေပြီ။" အမေဝိန်လည်း အလွန်စိတ်ပျက်သွားသည်။

ရေခဲမြို့လို နေရာအထိလာနိုင်ဖို့အခွင့်အရေးက ရှားပါးလွန်းလှသည်။ ဘယ်မှ သွားလို့ မရလိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ကြပါ။ ဒီနေရာသို့ မတူသော နှင်းစက်များကိုကြည့်ဖို့သာ လာခဲ့သလိုဖြစ်ပြီး တူညီသောလမ်းအတိုင်း လှည့်ပြန်ကြရတော့မည်။

ပြောစရာမလိုအောင် သူတို့ပြန်ဖို့သာ ရှိတော့သည်။ တခြား ဘာလုပ်နိုင်ဦးမည်နည်း။ ဒီခေတ် ပို့ဆောင်ရေးများက အနာဂတ်မျိုးဆက်များနှင့် မယှဥ်နိုင်ပါ။ အနာဂတ်မျိုးဆက်များတွင် အသွားအပြန် ငါးရက်လောက်နှင့် ပျော်ပျော်ကြီး နေနိုင်သည်။

သို့သော်လည်း ရထားစီးရတာနှင့်ပင် အတော်ကြာသည်။

ဒီကိုရောက်ဖို့ နှစ်ရက်ကြာခဲ့၏။ လင်းချင်းဟယ်က သုံးရက်လောက် လျှောက်လည်ဖို့ စီစဥ်ထားခဲ့၏။ ကျောင်းက ဇန်နဝါရီလ ၁၆ရက်နေ့ ပြန်ဖွင့်မည်ဖြစ်သဖြင့် စီစဥ်ထားသည်က ၇ရက်လောက်ဖြစ်သည်။

သူမကော ကျိုးရွှမ်းကော ကျောင်းပြန်သွားရမည်ဖြစ်သည်။

"မနက်ဖြန် ပြန်ကြရအောင်။ နှင်းက ထူလွန်းတယ်။" အမေဝိန်က ပြောလိုက်သည်။

"ကောင်းပြီ။ သားလတ်နဲ့ ဟူကျစ် လက်မှတ်သွားဝယ်ကြ။" လင်းချင်းဟယ်က ခိုင်းလိုက်သည်။

ရှားရှားပါးပါး ခရီးဖြစ်သော်လည်း ရာသီဥတုက သူတို့ဘက်မပါသည်မှာ ကံဆိုးလှပါသည်။ ဒီလိုနှင်းထူထူမျိုးနှင့် ဘယ်ကိုသွားဖို့မှ မဖြစ်နိုင်လောက်ပါ။

ထို့ကြောင့် သုံးရက်မြောက်နေ့တွင် သူတို့အုပ်စု လာရာလမ်းအတိုင်း ပြန်လိုက်ကြရသည်။

"ဘာမှမဟုတ်ဘဲ လာခဲ့ရတယ်။" ကျိုးကွေ့လိုင်က ရထားအိပ်ယာပေါ်တွင် လှဲရင်း သက်ပြင်းချလိုက်သည်။

"ဘာမှမဟုတ်တာတော့ မဟုတ်ပါဘူး။ ဟိုင်းအာက ရထားဘူတာအကြောင်း တော်တော်လေး သိလိုက်ရတယ်လေ။" ကန်းကျစ်က ပြုံးကာ ပြောလိုက်သည်။

"ဟိုင်းအာက တော်တော်လေး ကောင်းတယ်နော်။" ကျိုးအာ့နီက ခေါင်းငြိမ့်လိုက်သည်။

"အိမ်ပြန်ဖို့အတွက်ပဲ လာခဲ့ရတာကို ဘာမှလည်း မမြင်လိုက်ရဘူး၊ တကယ် မျက်နှာ ပျက်စရာပဲ။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"နင်က မျက်နှာပျက်မှာ ကြောက်နေတာလား။ နင့်မျက်နှာက မြို့တော်နံရံကြီးထက်တောင် ပိုထူသေးတယ်။" ကျိုးအာ့နီက နောက်လိုက်၏။

"မှားပါတယ်။ ကျွန်တော် ဝမ်းနည်းသွားပြီ။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

သို့သော်လည်း ဘာပဲဖြစ်ဖြစ် သူတို့အုပ်စု လာရာလမ်းအတိုင်းသာ ပြန်နိုင်ကြတော့သည်။

All Chapters