← Chapters

ကျိုးမိသားစုဟောင်း၏ တိုးတက်မှု

Vol. 31 Ch. 425

ကျိုးမိသားစုဟောင်း၏ တိုးတက်မှု

Vol. 31 Ch. 425

အခန်း(၄၂၅) - ကျိုးမိသားစုဟောင်း၏ တိုးတက်မှု

လင်းချင်းဟယ်က ဝိန်ကွေ့တုံကို လက်ထပ်ဖို့ ကျိုးစစ်နီကို မခေါ်ပါ။

မိသားစုချင်း ပေါင်းစည်းနိုင်ပါက မဆိုးရွားနိုင်သည်ကတော့ အမှန်ပင်။ ဘာပဲဖြစ်ဖြစ် ဝိန်မိသားစု အခြေအနေက တကယ်ကောင်းမွန်သည်။ မိသားစုနောက်ခံကလည်း ကောင်းမွန်သည်။ ချွေးမဖြစ်သူက မိသားစုထဲ ဝင်ရောက်သောအခါ ခက်ခဲမည်မဟုတ်ပါ။

လင်းချင်းဟယ်က စိတ်ထဲ သိပ်မထားပေ။

တာ့နီနှင့်တုန်းကတော့ သူမမေ့ထားနိုင်သည်။ ထိုအချိန်တုန်းက သူမတို့မိသားစု မြို့တော်သို့ ရောက်မလာခဲ့ကြသေးပေ။ သို့သော်လည်း ကျန်ခဲ့သည့် ကလေးများကို မြို့တော်သို့ ခေါ်လာခဲ့ပြီး အမြင်များ ပွင့်စေခဲ့သဖြင့် အကျိုး တကယ်ရှိခဲ့ပါသည်။

အမှန်ပင်။ သူတို့ကိုယ်တိုင်ကလည်း ကောင်းဖို့ လိုသေးတာကိုး။

သို့သော်လည်း ရှုရှန့်မိန်က ရှေ့ဆောင်လမ်းပြ လုပ်သွားသဖြင့် ကျိုးစစ်နီကို ခေါ်ယူဖို့ လင်းချင်းဟယ်တစ်ယောက် တွန့်ဆုတ်နေမိပါသည်။

အကြီးဆုံးမရီးဖြစ်ဖြစ် ကျိုးစစ်နီဖြစ်ဖြစ် နှစ်ပေါင်းများစွာ သူတို့အရွယ်ရောက်လာသည်ကို စောင့်ကြည့်ခဲ့ရပြီး အဆင်ပြေခဲ့ကြသောကြောင့် အားလုံးက တစ်ယောက်အကြောင်း တစ်ယောက်သိကြပါသည်။

သို့သော်လည်း ရှုရှန့်မိန်၏ လုပ်ရပ်ကြောင့် လင်းချင်းဟယ်က ချက်ချင်း မပြောခဲ့ပါဘူး။

မေလတွင် လင်းချင်းဟယ်သည် အကြီးဆုံးမရီးနှင့် စကားပြောခဲ့သည်။

လင်းချင်းဟယ်သည် မကြာခဏဆိုသလို အကြီးဆုံးမရီးနှင့် ဖုန်းပြောလေ့ရှိသည်။ အနည်းဆုံး တစ်လကို နှစ်ကြိမ်လောက်တော့ ပြောဖြစ်သည်။ အကြီးဆုံးမရီးက တစ်ခါတစ်ရံ သူမ၏ ရုံးခန်းကို ဖုန်းဆက်တတ်၏။

ဘာပဲဖြစ်ဖြစ် သူတို့က ပထမမိသားစု မဟုတ်ပါလား။ အကြီးဆုံးသား၊ အကြီးဆုံး ချွေးမများအနေဖြင့် မြို့တော်တွင် ရောက်နေသည့် အဖေကျိုးနှင့် အမေကျိုးတို့ကို တစ်လတစ်ခါ သို့မဟုတ် တစ်လနှစ်ခါလောက် စစ်ဆေးကြည့်သင့်သည် မဟုတ်ပါလား။ သူတို့ ဘာစရိတ်မှ ကုန်စရာ မရှိသဖြင့် ဖုန်းခေါ်ဖို့ပဲ ရှိပါသည်။

ဖုန်းပြောရင်း အကြီးဆုံးမရီးက သူမကို ပြောပြခဲ့သည်။ "မနေ့က တတိယမောင် ပြန်လာပြီး နင့်ကို အသိပေးခိုင်းလိုက်တယ်။ နင် အဆင်ပြေ မပြေ ကြည့်လိုက်ပါဦး။ အဆင်ပြေရင် နွေရာသီ အားလပ်ရက်မှာ သူ့အတွက် တောင်ပိုင်းကနေ မော်တော်ဆိုင်ကယ် တစ်စီး ဝယ်လာပေးလိုက်ပါဦး။"

"သူစဥ်းစားပြီးပြီပေါ့။" လင်းချင်းဟယ်က ပြုံးလိုက်သည်။

အရင် နွေရာသီ ခရီးစဥ်တုန်းက သူမနှင့် ကျိုးချင်းပိုင်တို့က သူမမောင်လေးအတွက် မော်တော်ဆိုင်ကယ် တစ်စီး ဝယ်ပေးခဲ့သည်။ ယွမ် ၇၀၀ ကျော်ကုန်ပြီး စျေးမနည်းလှပါ။

ထိုအချိန်တုန်းက တတိယအစ်ကိုနှင့် တတိယမရီးတို့ နှစ်ယောက်စလုံး တွန့်ဆုတ်နေကြသည်။ လင်းချင်းဟယ်ကလည်း သူတို့ကို လွှတ်ထားလိုက်ပြီး ကိုယ်တိုင် တွေးတောစေခဲ့သည်။ အခုတော့ သူတို့စဥ်းစားပြီးကြလောက်ပြီထင်သည်။

"သူတို့ စဥ်းစားပြီးပါပြီ။ နင့်အစ်ကိုအတွက် အဲ့တာ ဘယ်လောက်ကြီးကျယ်လဲ နင်မသိဘူးနော်။ အဲ့ဒီမော်တော်ဆိုင်ကယ်က လူကို စွဲလမ်းအောင် လုပ်နိုင်တာပဲ။" အကြီးဆုံးမရီးက မြူးထူးစွာ ပြောလိုက်သည်။

၁၉၈၀ အစောပိုင်းများက မော်တော်ဆိုင်ကယ်များမှာ တကယ်ပဲ ရှားပါးပါသည်။ အထူးသဖြင့် ကျေးရွာဘက်တွင် ပိုဆိုးသည်။ မြို့တော်တွင်ဆိုရင်တော့ ဒါက သာမန်ပဲဖြစ်သည်။ တချို့လူများတွင် ကားငယ်လေးများပင် ရှိနေပြီ ဖြစ်သဖြင့် မော်တော်ဆိုင်ကယ်က အရမ်းမရှားတော့ပါ။

သို့သော်လည်း တွေ့ရခဲပါသည်။

တတိယမောင်လင် မော်တော်ဆိုင်ကယ် တစ်စီး ပိုင်ဆိုင်သွားပြီးနောက်တွင် သူက လေလိုပင် သွားရလာရ အဆင်ပြေသွားခဲ့သည်။

တစ်ခေါက်ကို ပစ္စည်းများ ပိုတင်နိုင်သည်သာ မကဘဲ အရေးအကြီးဆုံးကတော့ သူ အများကြီး မပင်ပန်းရတော့ခြင်းဖြစ်သည်။

မြို့တော်သို့ စက်ဘီးဖြင့် အသွားအပြန် သွားရခြင်းက တစ်ခါနှစ်ခါဆို ပြဿနာ မဟုတ်သော်လည်း တစ်နှစ်လုံးနီးပါး သွားလာရတာ ဖြစ်သည်။ လူက ခက်ခဲမှုကို တောင့်ခံနိုင်လျှင်တောင် ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမည် မဟုတ်တော့ပါ။

မော်တော်ဆိုင်ကယ်တစ်စီး ရပြီးကတည်းက  အလုပ်လုပ်နိုင်သော တတိယမောင်လင်းက ခပ်ဝေးဝေးရှိ မွေးမြူရေးနေရာတစ်ခုကို သွားခဲ့သည်။ ထိုနေရာတွင် ဘဲများစွာ မွေးသည့် မိသားစုတစ်စုရှိ၏။

သူက ဘဲဥများ၊ ဘဲများ၊ ငါးအရှင်များကို သူတို့ထံမှ သွားယူခြင်းဖြစ်သည်။ သူတို့၏ ဆိုင်တစ်ဆိုင်လုံးမှာ ပစ္စည်းတွေ ပိုစုံလင်လာ၏။

စီးပွားရေးကလည်း ပိုမိုတိုးတက်လာပြီး ဆိုင်ကယ်ကြောင့် အရမ်း မပင်ပန်းတော့ပါ။

တတိယအစ်ကိုကတော့ စက်ဘီးသာ စီးနေခဲ့သည်။ သူက တတိယမောင်လေးလင်းကဲ့သို့ လုပ်နိုင်လျှင် အဆင်ပြေနိုင်သည်။ အခုတော့ ကွာခြားချက်များက မျက်မြင်ဖြစ်လာပြီ ဖြစ်သဖြင့် သူ့စိတ်လည်း ပြောင်းလဲလာခဲ့သည်။

သို့သော်လည်း မော်တော်ဆိုင်ကယ်များက အလွန် စျေးကြီးလွန်းလှပါသည်။ ဆိုင်တစ်ဆိုင်လောက်နီးပါး  စျေးရှိပြီး ယွမ် ၇၀၀ ကျော်သည်။

ထို့ကြောင့် တတိယအစ်ကိုနှင့် တတိယမရီးတို့က အနည်းငယ် လက်တွန့်နေကြဆဲဖြစ်သည်။ လင်းချင်းဟယ်နှင့် အကြီးဆုံးမရီးတို့ ဖုန်းမပြောခင် ရက်အနည်းငယ်လောက်အထိ ဖြစ်သည်။

တတိယအစ်ကိုက မော်တော်ဆိုင်ကယ်စီးကာ ကြက်လာဝယ်သော လူတစ်ယောက်ကို ဆိုင်ကယ် ဘယ်လောက်ပေးရသလဲဟု မေးခဲ့၏။

ဒီဆိုင်ကယ်ကို သူကိုယ်တိုင် ဝယ်လာခြင်း မဟုတ်ဘဲ တောင်ပိုင်းမှ သူငယ်ချင်းတစ်ယောက် ဝယ်လာပေးခြင်းဖြစ်ပြီး ယွမ် ၁,၁၀၀ လောက် ကုန်ကျသည်ဟုဆိုသည်။

ထိုစကားကို တတိယအစ်ကိုနှင့် တတိယမရီးတို့ နှစ်ယောက်စလုံး ကြားခဲ့ရပါသည်။ နေရာမှာပင် ထိုဆိုင်ကယ်က တကယ်ပဲ ကြီးကျယ်လှသည်ဟု ထင်သွားကြသည်။ ထိုလူ ထွက်သွားသောအခါ ပွစိပွစိ ပြောခဲ့ကြပါသည်။

ထိုအခါမှ စတုတ္ထမောင်နှင့် စတုတ္ထဇနီးသည်တို့က ဘယ်လောက် သဘောကောင်းမှန်း သိခဲ့ကြရသည်။

တစ်ပြားတစ်ချပ်မှ မရဘဲ သူတို့တောင်ပိုင်းမှ ဘယ်လောက်နဲ့ ဝယ်ခဲ့ရတယ် ဘယ်လောက် ပေးရတယ် ဆိုတာ ရိုးရိုးသားသား ပြောခဲ့သည်။ ထိုလူ၏ သူငယ်ချင်းဆိုသူကတော့ ပွဲစားလုပ်ပြီး ယွမ် ၄၀၀ လောက် ဖြတ်စားသွားခဲ့သည်။ တကယ်ပဲ လူလူချင်း ကောက်ကျစ်လှပါသည်။

ထိုကဲ့သို့ အဖြစ်အပျက်မျိုးနှင့် တတိယမောင်လေးလင်း၏ စီးပွားရေးမှာ မော်တော်ဆိုင်ကယ်ရပြီးမှ တိုးတက်လာကြောင်း မြင်လိုက်ရသောအခါ တတိယအစ်ကိုတစ်ယောက် အံကြိတ်မိသွားသည်။ သူရွာဘက်သို့ ပစ္စည်းများ လာယူသောအခါ အကြီးဆုံးမရီးကို စကားပြောခဲ့ပါသည်။

လင်းချင်းဟယ်ကလည်း သဘောတူ၏။ မော်တော်ဆိုင်ကယ်၏ စျေးတက်မတက်ကတော့ အရေးမကြီးပါ။ စျေးတက်မယ်ဆိုရင်တောင် ဘယ်လောက်များ တက်နိုင်မှာလဲ။ သူမ၏ မောင်လိုမျိုး စျေးပေးစရာအကြောင်းမရှိပါ။

သိပ်ပြီး စျေးကွာခြားမှု မရှိလောက်ပေ။

"ဒီနှစ် ကြက်ဥဆားရည်စိမ်တွေ လုပ်ပေးထားတယ်။ နင်တို့ လာတဲ့အခါကျရင် မြို့မှာစားဖို့ ပြန်ယူသွားလိုက်။" အကြီးဆုံးမရီးက ဖုန်းချခါနီးတွင် ရွှင်ရွှင်လန်းလန်း ပြောလိုက်သည်။

"ဒါဆိုလည်း ကျွန်မ အကြီးဆုံးမရီးကို အားမနာတော့ဘူးနော်။" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။

"ဘာအားနာစရာ လိုလို့လဲ။" အကြီးဆုံးမရီးက သွားပေါ်အောင် ပြုံးလိုက်သည်။

သမီးယောင်းမနှစ်ယောက်သား ဖုန်းချလိုက်ကြသည်။ အကြီးဆုံးမရီးက ကျေးရွာအတွင်းရေးမှူး၏ မိန်းမကို ဖုန်းဘေလ်ဆောင်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဒါကို ခဏခဏ အသုံးပြုနေရလို့ တောင်းပန်ပါတယ်။"

"မလိုပါဘူးရှင်။ ကြည့်ရတာ ရှင်နဲ့ ရှင့်ယောက်မက ဆက်ဆံရေးကောင်းတဲ့ပုံပဲနော်။ ရွာမှာ ဒါမျိုး မြင်ရတာ ရှားတယ်။" ကျေးရွာအတွင်းရေးမှူး၏ မိန်းမက ပြုံးကာ ပြောလိုက်သည်။

ယနေ့ ကျိုးမိသားစုဟောင်းမှာ ကျိုးကျားရွာတွင် အလွန်နာမည်ကောင်းရနေပြီဖြစ်သည်။ သူတို့က ပိုက်ဆံမပေးဘဲလည်း မနေကာ ဖုန်းဆက်ရုံသာဖြစ်သဖြင့် ကိစ္စမရှိပါ။

အကြီးဆုံးမရီးက ပြန်မသွားခင် ယဥ်ယဥ်ကျေးကျေး စကားပြောခဲ့ပါသည်။

ကျေးရွာအတွင်းရေးမှူးမိန်းမက အတွင်းရေးမှူးကို ပြောလိုက်သည်။ "ဒီခြောက်ယောက်မြောက်ဦးလေးတို့ မိသားစုက ဒုတိယမိသားစုပဲ မတိုးတက်ကြတာ။ အခြားမိသားစု သုံးစုစလုံးက တိုးတက်နေကြတာပဲနော်။"

"မင်း ဘာတွေပြောနေတာလဲ။ ဒုတိယမိသားစုကကော အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။" ကျေးရွာ အတွင်းရေးမှူးက ဆေးလိပ်ကြီးတစ်လိပ်ကို သောက်ရင်း ပြောလိုက်သည်။

ကျေးရွာ အတွင်းရေးမှူးမိန်းမက ဆက်မပြောတော့ပါ။ သူတို့မိသားစုကိစ္စနှင့် သူတို့ ရှိသေးသည်။ ထို့ကြောင့် ဘာကြောင့် အခြားမိသားစု ပြဿနာကို ဂရုစိုက်အားမှာလဲ။

အကြီးဆုံးမရီးနှင့် အကြီးဆုံးအစ်ကိုတို့က နှစ်ကုန်တွင် အိမ်အသစ်သို့ ပြောင်းရွှေ့သွားကြ၏။ ကျိုးမိသားစု အိမ်ဟောင်းကို ထင်းသိုလှောင်ရာ နေရာအဖြစ် ပြုလုပ်ထားခဲ့လိုက်သည်။ တတိယအစ်ကိုနှင့် တတိယမရီးတို့ မိသားစုတစ်စုလုံးကလည်း နှစ်သစ်ကူးမှ ရက်အနည်းငယ်လောက်သာ ပြန်လာကြသည်။

အခုတော့ ဒုတိယမိသားစု တစ်စုသာ ထိုနေရာတွင် ကျန်ခဲ့တော့သည်။

တတိယအစ်ကိုက ရွာဘက်သို့ ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများ သွားယူသောအခါ အကြီးဆုံးမရီးက သူ့ကို ပြန်ပြောပြပေးလိုက်သည်။

"ဒါဆို စတုတ္ထညီနဲ့ သူ့မိန်းမတို့ကို ဒုက္ခပေးမိပြီပဲ။" တတိယအစ်ကိုက ပြုံးကာ ပြောလိုက်သည်။

မလွယ်ကူမှန်း သူသိသည်။ တောင်ပိုင်းလို ဝေးကွာသည့်နေရာမျိုးမှ ပြန်ယူလာဖို့ဆိုတာက လွယ်ကူသော အလုပ်ဖြစ်ပါ့မလား။ သို့သော်လည်း သူ့ဖာသာသူ ဝယ်ဖို့ကျ နည်းလမ်းမရှိသဖြင့် စတုတ္ထညီကိုသာ အားကိုးရသည်။

အကြီးဆုံးမရီးက စကာအများကြီး မပြောပါ။ အဖေကျိုးနှင့် အမေကျိုးတို့ မြို့တွင် အဆင်ပြေကြသည့်အကြောင်းသာ ပြောလိုက်သည်။

"ချမ်းကျစ်က အဲ့သွားတယ်ဆို ဘယ်လိုလဲ။" တတိယအစ်ကိုက ဆက်ပြောသည်။

အကြီးဆုံးမရီး ကြောင်သွားသည်။ "ချမ်းကျစ်က ဘယ်တုန်းက မြို့ကို သွားတာလဲ။"

"အခုလောက်ဆို နည်းနည်းတောင်ကြာပြီ အကြီးဆုံးမရီးက မသိဘူးလား။” တတိယအစ်ကိုက ပြောလိုက်သည်။

"လင်းချင်းဟယ် ပြောတာလည်း မကြားမိပါဘူး။" အကြီးဆုံးမရီးက ခေါင်းခါကာ မေးလိုက်သည်။ "လင်းချင်းဟယ်က သူ့ကို ခေါ်လိုက်တာလား၊ ဒါမှမဟုတ် ဘယ်လိုမျိုးလဲ။"

"ကျွန်တော်လည်း မသိဘူး။ ပထမအစ်မက ချမ်းကျစ်ကို ကျွန်တော့်အိမ် လာခိုင်းလိုက်လို့သိတာလေ။" တတိယအစ်ကိုက ရှင်းပြလိုက်သည်။

အကြီးဆုံးမရီးက ခေါင်းငြိမ့်လိုက်သည်။ သူမ၏ ဒုတိယသမီး ဖုန်းဆက်သောအခါ ဘာတွေဖြစ်နေလဲ မေးရပါဦးမည်။ ချမ်းကျစ်လို စိတ်ဓာတ်မျိုးနှင့် ဘယ်လိုလုပ်ပြီး ဆိုင်ကို ကြည့်နိုင်ပါ့မည်နည်း။ အခြားသူများနှင့် အလွယ်တကူ ပြဿနာတက်သွားနိုင်သည်။

All Chapters