← Chapters

ညကျောင်းတက်ချင်သည်

Vol. 31 Ch. 427

ညကျောင်းတက်ချင်သည်

Vol. 31 Ch. 427

အခန်း(၄၂၇) - ညကျောင်းတက်ချင်သည်

ရှုရှန့်ချမ်းက တကယ်မလာချင်သော်လည်း သူ့အစ်မကို မတွန်းလှန်နိုင်သဖြင့် နောက်ဆုံးတော့ လိုက်လာရသည်။

မောင်နှမနှစ်ယောက် ရောက်လာသည်ကို မြင်သောအခါ ကျိုးချင်းပိုင်က ဘာမှမပြောဘဲ ဗိုက်ဆာသလားဟုသာ မေးလိုက်သည်။

"ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့ ဦးလေးရယ်။ သမီးတို့ စားပြီးမှ လာခဲ့တာပါ။" ရှုရှန့်မိန်က ပြုံးကာ ပြောလိုက်သည်။ "သမီးတို့ တိုက်ခန်းကို ခုမှသွားလာတာ ဒေါ်လေးအိမ်မှာ မရှိဘူးလား။"

"ကျောင်းမှာ" ကျိုးချင်းပိုင်က ပြန်ဖြေလိုက်၏။

ရှုရှန့်မိန်က ပြန်ပြောသည်။ "ဦးလေး သမီးတို့ အဘိုးနဲ့အဘွားတို့အိမ်မှာ စကားသွားထိုင်ပြောလိုက်ဦးမယ်။"

"ဒီဖက်ထုပ်တွေကို နင့်အဘွားဆီယူသွားလိုက်ဦး။" ကျိုးချင်းပိုင်က ဆီစိမ်စက္ကူအိတ် နှစ်အိတ်ဖြင့် ထုပ်ကာ ပေးလိုက်သည်။

"ဟုတ်" ရှုရှန့်မိန်က ပြန်ဖြေလိုက်သည်။ သူမ လက်ခံလိုက်ပြီး ဖက်ထုပ်ဆိုင်ထဲမှ ထွက်လာသည်။

အဖေကျိုးနှင့် အမေကျိုးတို့အိမ်သို့ သွားရာလမ်းတွင် ရှုရှန့်မိန်က ငေါက်လိုက်သည်။ "နင် ဆွံ့အနေတာလား။ ဦးလေးကို ဘယ်လို နှုတ်ဆက်ရမလဲ မသိဘူးလား။"

"အရင်တစ်ခေါက် နင်လက်ထပ်တုန်းက ငါ ဒီမှာ ဆက်နေချင်တယ်လို့ ဦးလေးကို သွားပြောတော့ သူက ငါ့ကို လက်မခံခဲ့ဘူး။” ရှုရှန့်ချမ်းက ထိုကိစ္စကို ဒေါသထွက်နေဆဲဖြစ်သည်။

အရင်တစ်ခေါက် သူမြို့တော်သို့ လာတုန်းက ဒီက ကြွယ်ဝချမ်းသာမှုများကို မျက်စိကျသွားပြီး မြို့တော်တွင် နေချင်သွားခဲ့သည်။ သူ တကယ် နေချင်မိပါသည်။ သူ စကားနားထောင်ပါ့မည်ဟု ကျိန်ဆိုခဲ့သော်လည်း သူ့ဦးလေးက မနေခိုင်းခဲ့ပါ။

"နင်ကလည်း အဲ့တာကို အခုထိ မှတ်ထားတုန်းလား။ ဦးလေးတို့က အခုဆိုင်တွေ ဘယ်လောက်တောင် ဖွင့်ထားပြီလဲ မသိဘူးလား။ နင် သူနဲ့ မနီးစပ်ချင်ဘူးလား။ သူ့တူ နင်က သူနဲ့ မနီးစပ်ချင်တာ ဖြစ်သင့်လား။ သူက နင့်ကို ချီးမွမ်းရအောင် နင့်မှာ ဘာအစွမ်းအစရှိလို့လဲ။" ရှုရှန့်မိန်က အံကြိတ်ကာ ပြောလိုက်သည်။

ရှုရှန့်ချမ်းက အံ့သြသွားပြီး မေးလိုက်သည်။ "ဆိုင်က ဘယ်နှဆိုင်ရှိလို့လဲ။"

"အရင်တစ်ခေါက် အဘွားဆီသွားတုန်းက ဒီနှစ် နောက်တစ်ဆိုင် အသစ်ဖွင့်တယ်လို့ကြားတယ်။ ဒီတော့ ဆိုင်က ငါးဆိုင်တောင်ရှိပြီပေါ့။” ရှုရှန့်မိန်က ပြန်ဖြေလိုက်သည်။

"အဲ့လောက်တောင်လား။" ရှုရှန့်ချမ်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်၏။

ရှုရှန့်မိန် သူကို ဘာမှဆက်ရှင်းပြမနေတော့ဘဲ ပြောလိုက်သည်။ "ငါတို့ အဲ့ဒီကို ရောက်လို့မှ အဘွားတို့ရှေ့ ကျိုးကျိုးနွံနွံ မနေတတ်လို့ကတော့ နောက်ပိုင်း ငါနင့်ကို ကာကွယ်ပေးမယ်လို့ မထင်လိုက်နဲ့။ ပြဿနာ တစ်ခုခု ဖြစ်လာရင် နင့်ဟာနင်သာရှင်း။”

ရှုရှန့်ချမ်း ဘာမှမပြာတော့ပါ။ အဖေကျိုးနှင့် အမေကျိုးတို့ဆီရောက်ခါမှ ဘယ်လိုယဥ်ကျေးရမလဲ နားလည်သွားသည့်ပုံပင်။

သူတို့၏ မြေး ဖြစ်သဖြင့် အဖေကျိုးနှင့် အမေကျိုးတို့က စကားအများကြီး မပြောသော်လည်း ကျောက်မိသားစုတွင် အဆင်ပြေသလား မေးခဲ့ပါသည်။

အမေကျိုးက ဖက်ထုပ်များကို ယူကာ ဖက်ထုပ်နှစ်ပန်းကန် ချက်ပေးလိုက်သည်။ ရှုရှန့်မိန်က သူမ၏ မောင်လေးမှာ မိသားစုအဆက်အသွယ်ကြောင့် စက်ရုံတွင် နေရာရသွားသည်ဟု လူတွေက အတင်းပြောနေကြောင်း ပြောပြသောအခါ အမေကျိုးက ပြန်ပြောလိုက်သည်။ "နင်တို့က စုံလုံးကန်းနေကြတာကိုး။ လူတွေရဲ့ အတင်းပြောတာကို ခံရဖို့ ဒီအထိ လာခဲ့ရတယ်လို့။"

"ဖြစ်နိုင်ရင် ကျွန်တော်လည်း အဲ့ကို မသွားချင်ပါဘူး။ ဦးလေးတစ်ယောက်လုံးရှိနေတာကို ဘာဖြစ်လို့ အဲ့ဒီကို သွားနေရဦးမှာလဲ။" နောက်ဆုံးတော့ ရှုရှန့်ချမ်းက ရဲတင်းလာပြီး ပြောလိုက်သည်။

သို့သော်လည်း ရင်ထဲကသာဖြစ်သည်။

ကျောက်မိသားစုက သူ့ကို အထင်သေးသည်။ သူ မသိတာ မဟုတ်သော်လည်း သူ့ဦးလေးက သူ့ကို လာခွင့်ပြုမည် မဟုတ်ပါ။ ထိုနေရာတွင် မနေပါက သူ ဘယ်နေရာတွင် နေနိုင်မှာလဲ။

"နင် ဒီကို လာဖို့ ဘယ်သူက ပြောလို့လဲ။ နင့်အစွမ်းအစ ရှိ မရှိ ဆိုတာက နင် အလုပ် ဘယ်လောက် လုပ်နိုင်လဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။ နင် ရွာမှာသာ အလုပ်ကြိုးစားရင် နင်အဆင်မပြေဘဲ နေပါ့မလား။" အမေကျိုးက ပြန်ပြောလိုက်သည်။

သူမ၏ မြေးကို သူမ အသည်းယားနေပြီ။ လူကြီးများက သူ့ကို မလာခိုင်းဘဲ သူ့ဖာသာသူ လာခဲ့သဖြင့် ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ။

"အဘွား ဒီနေရာက ဘယ်လောက်ကောင်းလဲ မသိဘူးလား။ ကျွန်တော်လည်း ငယ်သေးတာပဲကို၊ အပြင်ဘက်မှာ အခွင့်အလမ်းတွေ ရှာရတာပေါ့။ ဟူကျစ်တို့ ကန်းကျစ်တို့ကို ကြည့်ပါဦး။ သူတို့လည်း ဒီရောက်လာတာပဲ မဟုတ်ဘူးလား။" ရှုရှန့်ချမ်းက ပြောလိုက်သည်။

"ဟုတ်ပါပြီ၊ ဖက်ထုပ်တွေ မြန်မြန်စားစမ်းပါ။" အမေကျိုးက ပြောလိုက်သည်။

"ဦးလေးက သမီးအမေကို သွားတွေ့ပြီး မြို့ကို လာချင်လားလို့ မေးခဲ့တယ်လို့ သမီးကြားတယ်။" ရှုရှန့်မိန်၏ အပြုံးက အတင်းလုပ်ယူထားသလိုပင်။

"နင့်ဦးလေးက နောက်နေတာပါ။ နင့်မိဘတွေကလည်း ရိုးသားတယ်။ သူတို့စိုက်ပျိုးရေးလုပ်တာ အဆင်ပြေတယ်။ ဒီမှာ စီးပွားရေး လာလုပ်တော့ကော ဘာလုပ်နိုင်မှာလဲ။" အမေကျိုးက ပြန်ပြောလိုက်သည်။

"သမီး သိပါတယ်။ အဲ့ဒီအချိန်တုန်းက သမီးပြောတာကြားပြီး ဦးလေးကလည်း ပြောခဲ့တာနေမယ်။ အဲ့ကိစ္စကို သမီး သေချာမတွေးခဲ့မိဘူး။" ရှုရှန့်မိန်က ပြောလိုက်သည်။

သူမ၏ မိဘနှစ်ပါးက ရိုးရိုးအအ ကျေးရွာသားများ ဖြစ်ကြသည်။ မြို့တော်သို့ ရောက်လာသောအခါ အရူးလိုသာ ဖြစ်နေကြလိမ့်မည်။ အရင်တစ်ခေါက် မင်္ဂလာဧည့်ခံပွဲတုန်းက အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။

ယခုတော့ သူမ၏ မောင်လေးကို ပျိုးထောင်ပေးဖို့အတွက် ခေါ်ခဲ့သည်။ အနာဂတ်တွင် အားကိုးဖို့ တစ်ယောက်ယောက် ရှိလာအောင် ဖြစ်ပါသည်။ သူမ၏ မိဘများကတော့ တစ်သက်လုံး ဒီပုံစံအတိုင်းပဲ ဆက်ရှိနေကြဦးမည်ဖြစ်သည်။

"နင့်ဒေါ်လေး(ရှောင်းမိန်)နဲ့ ဦးလေးတို့ကိုမြင်ပြီး စီးပွားရေး လုပ်ရတာ လွယ်တယ် ထင်နေမှာပေါ့။ အေး၊ နင် ထည့်မတွေးမိတာက သူတို့ရဲ့ ပညာရေးနောက်ခံပဲ။" ဟု အမေကျိုးက မီးမောင်းထိုးပြလိုက်သည်။

လာပြန်ပြီ။ ဒီပညာရေးနောက်ခံပဲ

သို့သော်လည်း ပညာရေးနှင့် ပတ်သက်လာပါက သူမက ချွေးမတစ်ယောက် ဖြစ်နေပြီဖြစ်သဖြင့် ဘာမှလုပ်လို့မရတော့ပါ။ ထို့ကြောင့် ရှုရှန့်မိန်က အကြံပေးလိုက်သည်။ "အဘွား၊ ဒေါ်လေးကို ပြောပေးပါလား။ ရှန့်ချမ်းကို ညကျောင်းထားပေးရင်ကော ဘယ်လိုလဲ၊ ရှန့်ချမ်းက ဒီကို ရောက်နေပြီဆိုမှတော့ တစ်ခုခု သင်ယူသင့်တယ် မဟုတ်လား။"

"နင်တို့ ဘာပဲသင်ချင်သင်ချင် နင့်ဒေါ်လေးကို ကိုယ့်ဖာသာကိုယ် သွားပြောကြ။ ငါ ဝင်မပါဘူး။” အမေကျိုးက တဲ့တိုး ပြောလိုက်သည်။

စတုတ္ထချွေးမက သူမ၏ မြေးမနှင့် ကျောက်ကျွင့်တို့၏ ကိစ္စကို အခဲမကျေသေးပါ။ သူမက ပညာတတ်အပိုင်းကဖြစ်ပြီး သူမ ခေါ်ယူလာသော တူမက ဒီလိုအရာမျိုး လုပ်ခဲ့သည်။ ထိုအချိန်က စတုတ္ထချွေးမ၏ နေရာမှာ သူမသာဆိုလျှင် ရှုရှန့်မိန်ကို ဘာမှ မရိုက်နှက်ခဲ့ဘဲ လွယ်လွယ်နှင့်လည်း ခွင့်လွှတ်မည် မဟုတ်ပါ။

သူမ၏ အကြီးဆုံးသမီး ရောက်လာတုန်းကတောင် လင်းချင်းဟယ်က သဘောမကျခဲ့ပေ။ စတုတ္ထချွေးမ သူတို့နှင့် မဆက်ဆံချင်တော့တာ သိသာပါသည်။

အမေကျိုးက စတုတ္ထချွေးမ၏ စိတ်ဓာတ်က အလွန်တင်းကျပ်လွန်းသည်ဟု ခံစားရသော်လည်း ဘယ်သူကို အပြစ်တင်ရမည်နည်း။ သူမ၏ မြေးမလုပ်ရပ်ကြောင့်သာ ဖြစ်သည်။

"အဘွားပြောရင် ပိုထိရောက်တာပေါ့။" ရှုရှန့်မိန်က တိုက်တွန်းသည်။ "ပြီးတော့ ဒေါ်လေးက အစ်မအာ့နီ၊ ဟူကျစ်နဲ့ ကန်းကျစ်တို့ကိုတောင်မှ ထားပေးတယ်။ ချမ်းကျစ်က ထားပေးလို့မရဘူးလား။"

"အဲ့တာ ဘာစကားလဲ။ နင့်ဒေါ်လေးက နင့်အပေါ် ဘာအကြွေးရှိလို့လဲ။" အခုလေးတင် အိမ်ပြန်ရောက်လာသော ကျိုးရှောင်မိန်က သူမ၏ စကားစကို ဖြတ်ကာ ဝင်ပြောလိုက်သည်။

ရှုရှန့်မိန်က ပြန်ပြောလိုက်၏။ "ဒေါ်လေး နားလည်မှုလွဲတာပါ။ သမီးက ချမ်းကျစ်ကို ပညာသင်စေချင်လို့ ပြောတာပါ။ ဒါမှ သမီးလို မဖြစ်မှာ..."

"နင်အပျင်းထူလို့ ဒီလိုပုံစံမျိုး ဖြစ်လာတာလေ။ အခုမှ မှားပါပြီ၊ မပြောနဲ့လေ။ အဲ့ဒီအချိန်တုန်းက နင့်ဒေါ်လေးက နင့်ကိုလည်း ညကျောင်းပို့ပေးမလို့ပဲ မဟုတ်ဘူးလား။ နင်က ဒီမှာ တီဗီပဲ လာကြည့်နေတာ မဟုတ်လား။ နင့်အဘိုးအဘွားနဲ့ ငါတို့က နင့်ကို ပညာသင်ဖို့ ပြောလည်း ငါတို့က နင့်ကို တီဗီမကြည့်စေချင်ဘူးလို့ ထင်နေတာမလား။" ကျိုးရှောင်မိန်က အိတ်ကိုချရင်း ပြောလိုက်သည်။

"အဲ့ဒါတွေက ပြီးခဲ့ပြီပဲကို၊ သမီး ဘဝင်မြင့်ခဲ့တာ နားလည်ပါတယ်။ အခုက ချမ်းကျစ်ကိစ္စကို ပြောနေတာလေ။" ရှုရှန့်မိန်က ဒေါ်လေး၏ စကားများကို သိပ်ပြီး လက်မခံပါ။

"ဘာကိစ္စဖြစ်ဖြစ် တစ်ခုခု လိုချင်တိုင်း နင့်အဘွားဆီ အမြဲလာမနေနဲ့။ နင့်ဒေါ်လေးကို နင့်ဖာသာနင်သွားပြော။" ကျိုးရှောင်မိန်က ဒီတူမကြောင့် စိတ်အရှုပ်မခံနိုင်သဖြင့် နှင်ထုတ်လိုက်သည်။

ရှုရှန့်မိန်က ပြန်ပြောလိုက်၏။ "ပြီးတာပဲ၊ ဒေါ်လေးကို သမီးဖာသာသွားပြောမယ်။"

ရှုရှန့်ချမ်းက မျက်မှောင်ကြုတ်နေသည်။ စကားပြောချင်စိတ်ကို မနည်းထိန်းထားရ၏။ သို့သော် အဘိုးအဘွားများအိမ်မှ ထွက်လာသည်နှင့် မနေနိုင်ဘဲ ပြောလိုက်၏။ "အစ်မ ငါဘယ်တုန်းက ညကျောင်းသွားမယ်လို့ ပြောခဲ့လို့လဲ။ ဦးလေး ငါ့ကိုအလုပ်ပေးဖို့ အဘွားကို ပြောခိုင်းမလို့ မဟုတ်ဘူးလား။ ငါ ကျောက်မိသားစုအလုပ်မှာ မနေချင်တော့ဘူးနော်။”

"နင်က ဦးလေးဆီ လာနေချင်တယ်မလား။ နင့်မှာ ပြစရာ တစ်ခုခု ရှိထားမှ ဖြစ်မှာပေါ့။ မဟုတ်ရင် ဒီတိုင်း ဦးလေးတို့ဆိုင်ထဲ လွယ်လွယ်ကူကူ ဝင်နိုင်မယ်လို့ ထင်နေတာလား။" ရှုရှန့်မိန်က ပြန်ပြောလိုက်သည်။

"အရမ်းတွေ ကြီးကျယ်နေသလို မပြောစမ်းပါနဲ့။ ကန်းကျစ်က ဘာအစွမ်းအစမှတောင်မရှိဘဲ သူတောင် သွားနိုင်သေးတာပဲ။" ရှုရှန့်ချမ်းက အရွဲ့တိုက်ပြောလိုက်သည်။

"ကန်းကျစ်က အခုညကျောင်းသွားဖို့ စကားနားထောင်တာပဲမဟုတ်ဘူးလား။" ရှုရှန့်မိန် ပြောလိုက်သည်။ "တော်ပြီ... တော်ပြီ။ နင့်ကို သူ တက်ခိုင်းပါ့မလားတောင် မသိဘူး။ အရင်ဆုံး ဦးလေးကို သွားတွေ့ကြည့်ရမယ်။”

All Chapters