← Chapters

အခွင့်အရေး ပေးလိုက်ပါဦး

Vol. 31 Ch. 429

အခွင့်အရေး ပေးလိုက်ပါဦး

Vol. 31 Ch. 429

အခန်း(၄၂၉) - အခွင့်အရေး ပေးလိုက်ပါဦး

"ဒီတိုင်း ညကျောင်းတတ်တာ မဟုတ်ဘူး။ အဘွား ဒေါ်လေးက ဘယ်လိုလူမျိုးလဲ မသိဘူးလား။ ဒေါ်လေးက ဒီကိစ္စကို ဘယ်လိုလုပ်ပြီး ကန့်ကွက်မှာလဲ။ ဦးလေးက အခြေအနေကို မစစ်ကြည့်ဘဲ ချမ်းကျစ်ကို ဒီအတိုင်း ခွင့်ပြုလိုက်လို့သာ အပြစ်တင်နေတာ။" ဟု ကန်းကျစ်က ပြောလိုက်သည်။

"ချမ်းကျစ်က ကျောင်းမိသားစုမှာ တစ်ခုခု လုပ်ခဲ့လို့လား။" အဖေကျိုးက တစ်ခုခုကို ရိပ်မိသဖြင့် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

စတုတ္ထချွေးမက ဒီလိုကိစ္စများကို တကယ်တမ်း သည်းမခံနိုင်သည်က လွဲပြီး စိတ်ထဲမထားတတ်ပါ။ ထိုအခါမှသာ သူမ၏ စရိုက်ကို ထုတ်ပြတတ်သည်။

"ကျောင်းမိသားစု စက်ရုံထဲမှာလေ ချမ်းကျစ်က အလုပ်သမားတစ်ယောက်ကို ဆေးရုံရောက်တဲ့အထိ ထိုးကြိတ်လိုက်လို့ ဒဏ်ရာအတော်ရသွားတယ်လို့ကြားတယ်။" ကန်းကျစ်က သူ့အဘိုးအဘွားများ ထိုအကြောင်းကို မသိသည်ကိုမြင်သောအခါ ပြောပြလိုက်သည်။

"ဘာ..." အမေကျိုးက ခါးမတ်မတ် ထထိုင်လိုက်၏။

"အဘွား စိတ်လျှော့ပါဦး။ ဒီကိစ္စက ပြီးသွားပါပြီ။" ကန်းကျစ်က ပြော၏။

"ဘယ်တုန်းက ဖြစ်သွားတာလဲ။ သူ လာတာ ဘယ်လောက်ရှိသေးလို့ သူများကို ထိုးရဲတာလဲ။ ပြီးတော့ ဆေးရုံတောင်ရောက်တယ် ဟုတ်လား။" အမေကျိုး ဒီတိုင်း မနေနိုင်ဘဲ မေးလိုက်သည်။

"မဟုတ်ရင် ဒေါ်လေးက သူ့ကို အရေးမလုပ်ဘဲ နေပါ့မလား။" ကန်းကျစ်က ပြောလိုက်သည်။

အမေကျိုး ဒေါသထွက်သွား၏။ "အရင်တစ်ခေါက် သူတို့မောင်နှမလာတုန်းက အဲ့ကိစ္စ ဘာမှမပြောကြဘူး။ ငါလည်း ဒီအခြေအနေကို မသိခဲ့ဘူး။"

"နောက်တစ်ခါ အခြေအနေမသိရင် စကားမများနဲ့ပေါ့။" အဖေကျိုးက ဆူပုတ်ပြီး သူမကို ဆူလိုက်သည်။

သူ့မျက်နှာက လောလောဆယ် တော်တော်လေး ဆိုးရွားနေပြီ။ သူမြို့တော်ကို ရောက်လာတာ ဘယ်လောက် ကြာသေးလို့လဲ။ ပြီးတော့ အဲ့ဒီစက်ရုံက ဘယ်လိုနေရာမျိုး မို့လို့လဲ။ ကျောင်းမိသားစုပိုင် ဆိုရင်တောင် သူတို့မျက်နှာမလိုချင်ကြဘူးလား။

ထိုနေရာသို့ သွားပြီးရင် သည်းခံရပေမည်။ ဘယ်သူ့ကိုမှ ထိုးလို့မရပေ။ သို့သော်လည်း သူ့မြေးက သူများကို ဆေးရုံရောက်အောင် ထိုးနှက်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူက မှားယွင်းသည့်ဘက်တွင် ရှိနေဆဲပင်။

ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ ကလေးများဖြင့် ပြန်လာကြသောအခါ သူမ၏ မိဘများ မျက်နှာမကောင်းသည်ကို မြင်ပြီး မေးလိုက်သည်။ "ဘာတွေဖြစ်နေကြတာလဲ။"

အဖေကျိုး ပြောပြမှသာ ဘာတွေဖြစ်နေမှန်း သူတို့ သိခဲ့ရသည်။

"ဒီမောင်နှမနှစ်ယောက်ကြောင့် သမီးတို့ ပြဿနာတက်နေတာ မရပ်တော့ဘူးပဲ။ စတုတ္ထယောင်းမက အဲ့တာကြောင့် ဒင်းကို မြို့လာခွင့်မပေးတာ။" ကျိုးရှောင်မိန်က သွေးအေးစွာ ခနဲ့လိုက်သည်။

စုတာ့လင်းလည်း မျက်မှောင်ကြုတ်နေ၏။ သူက ငြိမ်းချမ်းရေးကိုသာ အမြဲထိပ်တန်းတင်တတ်သည်။ ဒီရောက်လာပြီး အချိန်တိုအတွင်း သူများကို ထိုးကြိတ်ခဲ့သည့် အပြုအမူကတော့ လက်မခံနိုင်စရာ ဖြစ်သည်။

"အမေ ဘယ်လိုထင်လဲ။ စတုတ္ထယောင်းမရှေ့မှာ သူတို့ကို ကူညီပေးချင်သေးလား။" ကျိုးရှောင်မိန်က သူမ၏ အမေကို ပြောလိုက်သည်။

အမေကျိုးက သူမကို စိုက်ကြည့်လိုက်၏ "နင် ပြဿနာ ဖြစ်ချင်လို့လား။"

"သမီးက အမေ့ကို သတိပေးနေတာပါ။ အမေ အဲ့ဒီကိစ္စတွေကို ဝင်မပါဘဲ စတုတ္ထယောင်းမအတွက် ပြဿနာမရှာပေးပါနဲ့။ စတုတ္ထယောင်းမက သူ့အလုပ်နဲ့သူတောင် မအားလပ်ရှာဘူး။" ကျိုးရှောင်မိန်က ပြောလိုက်သည်။

"နင့်စတုတ္ထယောင်းမက မလွယ်ကူတာ ငါသိတယ်။ ဒါပေမယ့် အခု သူနဲ့ နင့်စတုတ္ထအစ်ကိုနဲ့က စကားမပြောတာ ရက်တော်တော်ကြာနေပြီ။ နင် အချိန်ရလား၊ နင်အချိန်ရရင် နင့်ယောင်းမကို သွားရှာပြီး ချော့ပေးလိုက်ချေ။" အမေကျိုးက စတုတ္ထချွေးမကို စကားသွားမပြောရဲသဖြင့် သူ့သမီးဘက်ကိုသာ လှည့်လိုက်သည်။

"သူတို့ စကားမပြောတာ အမေ သိတယ်လား။" ကျိုးရှောင်မိန်က မေးလိုက်သည်။

"ကန်းကျစ် လာပြောသွားတာ။" အမေကျိုးက ရှင်းပြ၏။

"ဒီနေ့ည တာ့လင်းနဲ့ အတူတူ သွားလိုက်ပါ့မယ်။" ကျိုးရှောင်မိန်က ပြန်ဖြေလိုက်ပြီးနောက် ပွစိပွစိ ပြောလိုက်သည်။ "ပထမအစ်မက ဒီကလေးနှစ်ယောက်ကို ဘယ်လိုသင်ပေးထားလဲမသိပါဘူး။ ဒီနှစ်ယောက်ကတော့ တကယ်ပါပဲ။”

အမေကျိုးကလည်း ဆူလိုက်၏။ "အရင်တစ်ခေါက် မင်္ဂလာဧည့်ခံပွဲတုန်းက ချမ်းကျစ်ကို ဒီမှာနေခိုင်းဖို့ နင့်အစ်ကိုနဲ့ ယောင်းမကို ပြောပေးဖို့ ငါ့ကို ကိုယ်စား ပြောခိုင်းတယ်လေ။ သူက လူကောင်းဖြစ်ပြီး အလုပ်ကြိုးစားပါတယ်လို့ ငါ့ကိုပြောတယ်။”

ကံကောင်းစွာဖြင့် ထိုအချိန်တုန်းက စတုတ္ထချွေးမ ဒေါသပေါက်ကွဲနေမှန်းသိသဖြင့် အမေကျိုးက ချက်ချင်း ငြင်းခဲ့ပါသည်။ သူမသာ သွားပြောပြီး ချမ်းကျစ်ကို ခေါ်ထားကာ သူများကို လိုက်ထိုးကြိတ်နေပါက သူတို့စီးပွားရေးပင် လုပ်နိုင်ပါဦးမလား။

ကျိးရှောင်မိန်နှင့် စုတာ့လင်းတို့ ညနေဘက် ရောက်လာသောအခါ ဟူကျစ်နှင့် အခြားသူများ ညကျောင်းသွားတက်ကြပြီဖြစ်သည်။ ကျိုးရွှမ်ကတော့ အချိန်ပိုင်း အလုပ်ထွက်လုပ်၏။

ကျိုးရွှမ်က ထိုအလုပ်ကို ဘယ်ကရလာမှန်းမသိပေ။ အထက်တန်းကျောင်းသားများကို ညဘက် နှစ်နာရီ ကျူရှင်ပြပေးသည်။ ကျူရှင်လခက တစ်ယွမ်လောက်သာ ဖြစ်၏။

လင်းချင်းဟယ်က သူ့သဘောအတိုင်း လုပ်ခိုင်းလိုက်ပါသည်။

ကျိုးကွေ့လိုင်ကတော့ သူ့အတန်းဖော်အိမ်တွင် စာသွားလုပ်နေသည်။ ဒီနှစ်ထဲ ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေမည်ဖြစ်ပြီး လောလောဆယ် ခေါင်းမဖော်နိုင်အောင် စာလုပ်နေရသည်။

ထို့ကြောင့် အိမ်တွင် ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့သာ ကျန်ခဲ့သည်။

ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့  ရောက်လာသောအခါ လင်းချင်းဟယ်ကို ကျိုးချင်းပိုင်က ချော့မြူနိုင်လုနီးပါးဖြစ်နေပြီ။

"စတုတ္ထယောင်းမ၊ ရှန့်ချမ်းက တစ်ယောက်ယောက်ကို ထိုးခဲ့တယ်လို့ကြားတယ်။ ဘာဖြစ်တာလဲ။" ဟု ကျိုးရှောင်မိန်က တံခါးမှဝင်လာသည်နှင့် တပြိုင်နက် မေးလိုက်သည်။

"သူများကို ထိုးတယ်ဟုတ်လား။" ကျိုးချင်းပိုင်က ထိုကိစ္စကို မသိသေးပါ။ ကလေးများက သူ့ကိုသိပြီးသားဟု ထင်ပြီး သူ့ရှေ့တွင် ဘာမှမပြောခဲ့ကြပေ။ တကယ်တမ်းက သူ မသိသေးပါ။

"စတုတ္ထအစ်ကို မသိဘူးလား။" ကျိုးရှောင်မိန်က အံ့သြစွာ ပြောလိုက်သည်။ "စတုတ္ထယောင်းမက မပြောဘူးလား။"

"ငါ သူ့ကို ပြောရမှာ ပျင်းတယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။

ကျိုးရှောင်မိန်ကပဲ သူမ၏ စတုတ္ထအစ်ကိုကို ပြောပြလိုက်ရသည်။ ကျိုးချင်းပိုင် မျက်နှာပျက်သွား၏။

"ပြီးတာလည်း ပြီးသွားပြီပဲ။ နောက်မှပြန်စဥ်းစားဖို့က နောက်ကျသွားပြီ။ အခုညကျောင်းတောင် တက်နေပြီလေ။ သူ့ဦးလေးမျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမှာပါလေ။" လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

ဒါက ရှုရှန့်ချမ်းကို သူမ ပေးနိုင်သော နောက်ဆုံးအခွင့်အရေးဖြစ်သည်။

"မင်း ကိုယ့်ကို ဘာမှမပြောဘူး။" ကျိုးချင်းပိုင်က ပြောလိုက်သည်။

"ကျွန်မ ရှင့်ကို မပြောပြခင် ရှင်က သူ့ကို ညကျောင်းထားချင်တယ်လို့ ပြောတာကိုး။ ရှင်က သဘောတူပြီးမှတော့ ကျွန်မက ဘာပြောလို့ ရဦးမှာလဲ။" ဟု လင်းချင်းဟယ်က ပြန်ငေါက်သည်။

ကျိုးချင်းပိုင် ဘာမှပြန်မပြောနိုင်တော့ပါ။

"လောင်တ ပြန်မလာတာ ကြာပြီနော်။ သူ ဖုန်းဆက်သေးလား။ အဖေနဲ့အမေတို့က သူ့ကို မေးနေပြီ။ အမေက ကြက်တွေ အများကြီး မွေးထားပြီး လောင်တ ပြန်လာရင် ချက်ကျွေးချင်နေတယ်။" ကျိုးရှောင်မိန်က အကြောင်းအရာကို အမြန်ပြောင်းလိုက်ရသည်။

"သူ လာမယ့်လထဲ ပြန်လာပါလိမ့်မယ်။" သူမ၏ သားကြီးအကြောင်း ပြောသောအခါ ဟိုကိစ္စများကို လင်းချင်းဟယ်က ဂရုမစိုက်တော့ပါ။

"တာ့လင်းနဲ့ မနေ့က ကုန်တိုက်ကိုသွားပြီး လျှောက်ကြည့်ကြသေးတယ်။ ငါတို့ရေခဲသေတ္တာဝယ်ချင်ပေမယ့် စျေးကမနည်းဘူးပဲ။" ကျိုးရှောင်မိန်က ပြောလိုက်သည်။

"စျေးမနည်းပေမယ့် အကြာကြီးသုံးလို့ရတယ်လေ။ လပိုင်းနဲ့ အဲ့ငွေတွေ ပြန်ရမှာပါ။" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။

"အင်း၊ မနက်ဖြန်ကျ ဝယ်ပြီး သုံးဖို့ စီစဥ်ထားတယ်။ ဆိုင်မှာ ရေခဲသေတ္တာလည်း လိုနေပြီလေ။" ကျိုးရှောင်မိန်က ခေါင်းငြိမ့်ကာ လင်းချင်းဟယ်ကို မေးလိုက်သည်။ "စတုတ္ထယောင်းမ၊ ဆိုင်အသစ် အခြေအနေ ဘယ်လိုနေလဲ။"

"အဆင်ပြေပါတယ်။" လင်းချင်းဟယ်က ခေါင်းငြိမ့်၏။ "ဘန်းမုန့်ဆိုင်ကကော ဘယ်လိုလဲ၊ ဝင်ငွေတည်ငြိမ်ရဲ့လား။"

"ပုံမှန်အတိုင်းပါပဲ။ တော်တော်လေး တည်ငြိမ်ပါတယ်။" ကျိုးရှောင်မိန်က ပြန်ဖြေလိုက်သည်။ "စျေးက နည်းနည်းလေး တက်သွားတာကို သူတို့အကုန်လုံးက စျေးကြီးတယ်လို့ ပြောနေကြတယ်။"

"ဘယ်ဟာပဲဖြစ်ဖြစ် စျေးတွေတက်နေတာပဲကို ဘန်းမုန့်ကရော စျေးမတက်ဘဲ နေပါ့မလား။" လင်းချင်းဟယ်က ပြောလိုက်သည်။ ဒီနှစ် ကုန်စျေးနှုန်းများက ပိုမို လျင်မြန်စွာ မြင့်တက်နေသည်။ ယခင်တုန်းက မိသားစုဝင်ငါးယောက်ရှိသော မိသားစုမှာ တစ်လကို ယွမ် ၃၀ ဖြင့် စားလောက်သော်လည်း အခုတော့ ယွမ် ၄၀ ရှိမှဖြစ်တော့မည်။ စျေးနှုန်းများက သိသိသာသာ အများကြီး မြင့်တက်သွားပါသည်။

ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့က သူမတို့အိမ်တွင် အကြာကြီး စကားထိုင်ပြောခဲ့သည်။ လင်မယားနှစ်ယောက်သား ကြီးကြီးမားမား ပြဿနာရှိပုံမပေါ်သဖြင့် ပြန်ခဲ့ကြပါသည်။

"အဲ့ကိစ္စတွေ နောက်ပိုင်းကျရင် ကိုယ့်ကို ကြိုပြောပါ။" ကျိုးချင်းပိုင်က တံခါးပိတ်ကာ ပြောလိုက်သည်။

လင်းချင်းဟယ်က သူ့ကိုမျက်စပြစ်ကာ " ရှင်က သဘောတူပြီးသွားပြီပဲ။ ဘာပဲပြောပြော ကျွန်မ ပြောမယ့် စကားတွေက အရေးမှ မပါတော့တာလေ။"

"သူ့ကို အခွင့်အရေး ပေးလိုက်ပါ။" ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။

လင်းချင်းဟယ်က သူ့လက်မောင်းပေါ်တွင် မှီရင်း ပြောလိုက်သည်။ "ရှင့်တူပဲ ရှင် အခွင့်အရေး ပေးချင်ရင် ကျွန်မ မငြင်းပါဘူး။"

ကျိုးချင်းပိုင်၏ မျက်နှာ ချက်ချင်း ပျော့ပျောင်းသွားပြီး သူမကို ဖက်ထားလိုက်သည်။ ကျိုးချင်းပိုင်က သိပ်မကျေနပ်သေးဘဲ ပြောလိုက်၏။ "မင်း ကိုယ့်ကို ရက်တော်တော်ကြာအောင် လျစ်လျူရှုထားတယ်နော်။"

"ကျွန်မ အန်တီရောက်လာတော့ စိတ်က အခြေအနေ မကောင်းဘူး။ ကျွန်မ ရှင့်နား မလာတာ ရှင်ကောင်းဖို့အတွက်ပဲ။" လင်းချင်းဟယ်က အရွဲ့တိုက်လိုက်၏။

"သွားပြီလား။" ကျိုးချင်းပိုင်က သူမလက်မောင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။

လင်းချင်းဟယ်က သူဘာကိုဆိုလိုသလဲ နားလည်သဖြင့် မျက်စပြစ်ကာ ပြန်ပြောလိုက်သည်။ "ကျွန်မကို ဒီနေ့ည လာမထိနဲ့။ ကိုယ့်ဟာကိုယ်သွားအိပ်။"

သူမကို မထိတွေ့ဖို့က မဖြစ်နိုင်ပါ။ တီဗီကိုပိတ်ပြီး ကျိုးချင်းပိုင်က အနားယူဖို့ အခန်းထဲသို့ သူမကို ပွေ့ချီသွားတော့သည်။

All Chapters