← Chapters

အတော်လေး ယောက်ျားပီသသည်

Vol. 31 Ch. 435

အတော်လေး ယောက်ျားပီသသည်

Vol. 31 Ch. 435

အခန်း(၄၃၅) - အတော်လေး ယောက်ျားပီသသည်

ကျိုးချင်းပိုင်ကို သူ့သားနှင့် စကားသွယ်ပေးရမလား။ ဘာမှဆက်သွယ်စရာမလိုပါ။

ကျိုးချင်းပိုင်က မေးခွန်းတစ်ခုသာ မေးလိုက်သည်။ "မင်းဗိုက်ဆာလား။"

ကျိုးခိုင်က ညနေအထိ စောင့်ပီးမှ အတူတူ စားကြမည်ဟု ပြောလိုက်၏။ ဒီလောက်သာ ဖြစ်ပါသည်။

တစ်ဖက်တွင်တော့ ဒေါ်လေးမာက ကျိုးခိုင်ပြန်ရောက်နေသည်ကို မြင်သောအခါ အလွန်ဝမ်းသာနေခဲ့သည်။ သူမပြောလိုက်၏။ "ဒီလေ့ကျင့်ရေးကြီးက တော်တော် ပင်ပန်းမယ့်ပုံပဲနော်။ ပြီးတော့ အသားလည်း အရမ်းမည်းသွားတယ်။ ဒီပုံစံနဲ့ နင့်ကိုမြင်လိုက်ရတော့ နင့်အမေ တော်တော်စိတ်ထိခိုက်သွားမှာပဲ။ သူက နင့်ကို အမြဲတမ်း သတိရနေတာ။"

ကျိုးခိုင်ကလည်း ပြုံးကာ ပြန်ပြောလိုက်သည်။ "ကျွန်တော်လည်း အိမ်ကို သတိရပါတယ်။ ဒါပေမယ့် အချိန်မရှိလို့ပါ။" သူဝင်ရောက်ခဲ့သော နယ်ပယ်က အနာဂတ်တွင် သူ့ကိုအားလပ်စေလိမ့်မည် မဟုတ်ပါ။

ဒေါ်လေးမာက ပြောလိုက်၏။ "နင့်အဘွား နင့်အတွက် ကြက်တွေ အများကြီး မွေးထားတယ်လို့လည်း ကြားတယ်နော်။ နင်ပြန်လာတာကို စောင့်ပြီး အာဟာရဖြစ်အောင် ချက်ကျွေးမလို့တဲ့။"

ကျိုးခိုင်ကာ ရွှင်မြူးစွာ ပြန်ပြောလိုက်သည်။ "ဒါဆိုရင်တော့ အဘွားကို အားနာမနေတော့ဘူးဗျာ။"

"ဘာတွေအားနာစရာလိုလို့လဲ။ နင် ပြန်လာဖို့အခွင့်အရေးက ရှားပါးတာကို အာဟာရဖြစ်အောင် စားရမှာပေါ့။ နင့်ပုံစံက ဝိတ်တွေအရမ်းကျသွားတဲ့ပုံပဲ။" ဒေါ်လေးမာက သုံးသပ်လိုက်သည်။

"ကျွန်တော် ဝိတ်မကျပါဘူး။ နည်းနည်း ပိန်သွားတဲ့ပုံပဲပေါက်တာပါ။" ကျိုးခိုင်က ပြောလိုက်သည်။

သူက မိသားစုတစ်စုလုံးတွင် အရပ်အရှည်ဆုံးဖြစ်၏။ သူ့အရပ်က ဖိနပ်ဝတ်ထားလျှင် ၆ပေ ၃ လက်မခန့်ရှိသည်။ အတိအကျ အရပ်ကတော့ ၆ပေ ၂ လက်မ ဖြစ်၏။ ဘယ်ပဲသွားသွား သေချာပေါက် အရပ်မပုပါ။ အထူးသဖြင့် အခုလိုအချိန်တွင်ဖြစ်ပါသည်။

ရိုးရိုးသားသား ပြောရလျှင် သူတို့ညီအစ်ကို ဘယ်သူကမှ အရပ်မပုကြပါ။ သားလတ်က ၆ ပေ ၁ လက်မ ရှိနေပြီဖြစ်သည်။ သူ့ဖွံ့ဖြိုးနှုန်းက နှေးကွေးသွားသည့်ပုံပေါက်သော်လည်း လုံလောက်ပါသည်။ သားငယ်ကိုလည်း ပြောစရာမလိုပါ။ သူကဒီနှစ်ထဲ ၁၅နှစ် ပြည့်ပြီဖြစ်ပြီး အရပ်က ၅ ပေ ၁၁ လက်မ ရှည်လျားသည်။ အနာဂတ်တွင် သူ့အစ်ကိုကြီးအောက် အများကြီး မပုနိုင်လောက်ပါ။

နှိုင်းယှဥ်ကြည့်လျှင် ဟူကျစ်နှင့် ကန်းကျစ်တို့က အနည်းငယ် အရပ်ပိုပု၏။ ၅ပေ ၁၁ လက်မ အောက်ရှိပြီး ပျမ်းမျှ ၅ ပေ ၉ လက်မ - ၅ ပေ ၁၀ လက်မ ဝန်းကျင်လောက်ရှိပါသည်။

အရင်ကတည်းက လင်းချင်းဟယ် ကျွေးခဲ့သည့် အာဟာရများမှာ အလကားမဟုတ်ပါ။

လင်းချင်းဟယ်က ကြက်တစ်ကောင်ဖြင့် ပြန်လာ၏။ ထို့အပြင်  ငါးနှစ်ကောင်နှင့် အခြားပစ္စည်းများစွာတို့လည်း ပါဝင်သည်။

"ကြက်ကို သွားကိုင်လိုက်။" လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ကြက်ပေးလိုက်သည်။

ကျိုးချင်းပိုင်ကလည်း သူ့သားကြီးကို တာဝန်ပြန်ပေးလိုက်သည်။ သို့သော် လင်းချင်းဟယ်က ပြောလိုက်၏။ "သူခုမှ ပြန်ရောက်လာတာ နားပါစေဦး။"

ကျိုးချင်းပိုင်က သူ့မိန်းမကို စိတ်မဆိုးပါ။ သားကြီးကို တစ်ချက်သာကြည့်လိုက်သည်။ ကျိုးခိုင်က ရွှင်မြူးစွာ ပြုံးလိုက်ပြီး ကြက်ကို ပြင်ဆင်သန့်ရှင်းရေးလုပ်ဖို့အတွက် ရေနွေးအိုး တည်လိုက်၏။

သူပြန်ရောက်လာပြီး ပထမသုံးရက်လောက်အထိ သူ့အမေက သူ့ကို ကြွေရုပ်ကလေးလို ဆက်ဆံသည်။ သူ့ကို ကျိုးပဲ့မည်ဆိုးသဖြင့် ဂရုတစိုက် ထိတွေ့ကိုင်တွယ်ခဲ့သည်။

သို့သော်လည်း ဤအကျိုးခံစားခွင့်ကာလက ပထမသုံးရက်သာဖြစ်ပြီး သုံးရက်ပြည့်ပါက အကျိုးကျေးဇူးများ ပြီးဆုံးသွားမည်ဖြစ်ပြီး အရင်လို စည်းကမ်းတကျ ပြန်နေထိုင်ရမည်ဖြစ်သည်။

လင်းချင်းဟယ်က ဟင်းသီးဟင်းရွက်များကို နေရာချနေပြီး သားကြီးနှင့် စကားပြောနေသည်။ "ဒီတစ်ခေါက် တစ်ယောက်တည်း ပြန်လာတာလား။ တခြားသူတွေကော ပါသေးလား။"

"သားတစ်ယောက်တည်း ပြန်လာတာပါ။ ဝိန်ကော်လျန်နဲ့တော့ အဆက်အသွယ်ရှိတယ်။ သူက လောလောဆယ် ပြန်မလာနိုင်သေးဘူး။ ဒီနှစ်ကုန်ကျမှ ပြန်လာဖြစ်မယ်ထင်တယ်။" ကျိုးခိုင်က ပြန်ပြောလိုက်သည်။

"ဒီနှစ် မိန့်ကျားက အဲ့ဒီဘက်က ဆေးရုံမှာ အလုပ်သင်လာလုပ်လိမ့်မယ်။" လင်းချင်းဟယ်က ဆက်ပြောသည်။

"မြန်လှချည်လား။" ကျိုးခိုင်က ပြောလိုက်၏။

"မိန့်ကျားက အမှတ်တွေလည်း ကောင်းတယ်လေ။ သူ အဲ့ဒီကို ရောက်တာနဲ့ နင်စောင့်ရှောက်ပေးရမယ်နော် နားလည်လား။ နင့်ဒေါ်လေးဝိန်နဲ့ ငါ တော်တော်ရင်းနှီးနေပြီ။" လင်းချင်းဟယ်က ပြောလိုက်သည်။

ကျိုးခိုင်က ပြန်ပြော၏။ "ကျွန်တော် သေချာ စောင့်ကြည့်ပေးပါ့မယ်။"

"စောင့်ကြည့်ရုံတင်မဟုတ်ဘူးနော်။ နင် ကာကွယ်ပေးရမယ်။ အထူးသဖြင့် မိန့်ကျားက ငယ်သေးတော့ အဲ့ဒီဘက်က ကောင်လေးတွေ လူပျိုလှည့်တာကို ခွင့်ပြုလို့မဖြစ်ဘူးနော်။" လင်းချင်းဟယ်က မှာကြားလိုက်၏။

ကျိုးခိုင်က ချက်ချင်း ရယ်လိုက်သည်။ "မဖြစ်စေရပါဘူးဗျာ။ မိန့်ကျားက ကလေးလေးပဲ ရှိပါသေးတယ်။" သူမအရွယ်ရောက်လာသည်ကို သူ့မျက်စိနှင့် မြင်တွေ့ခဲ့ရပါသည်။

လင်းချင်းဟယ်က မျက်စပြစ်လိုက်သည်။ ဒီငတုံးကတော့ ဘာလို့နားမလည်နိုင်တာလဲ။ သူရှင်းရှင်းလင်းလင်းပြောတာတောင် နောက်နေသည် ထင်နေသေး၏။

"နင့်အဖေက မြေးမ ချီချင်နေပြီ။ သားလတ်ကလည်း ဒီနှစ်မှ အသက် ၁၇ နှစ်ပဲရှိသေးတော့ ငယ်သေးတယ်။ သူ့ကိုစောင့်ဖို့က ကြာဦးမယ်၊ သားငယ်ဆို ပိုဆိုးပေါ့၊ အဲ့တော့ သားကြီး နင်ဘာပြောမလဲ။" လင်းချင်းဟယ်က မျက်နှာအနေအထားဖြင့် ပြောလိုက်သည်။

ကျိုးခိုင်က နားလည်သွားပြီး ရှက်သွား၏။ "အဲ့ကောင်မလေး မိန့်ကျားက ငယ်ပါသေးတယ်။"

"ဘာကို ငယ်သေးတာလဲ။ သူက အပျိုလေးဖြစ်နေပြီလေ။" ဟု လင်းချင်းဟယ်က စိတ်ပေါက်ပေါက် ငြင်းဆန်လိုက်သည်။

"အဟမ်း... ကျွန်တော့်အဖေလိုချင်နေတာက သမီးပါ၊ မြေးမ မဟုတ်ဘူး။ အမေ ကျေးဇူးပြုပြီး အဖေ့ကို ကလေးမွေးပေးလိုက်ပါလား။ ကျွန်တော်တို့လည်း ဒီအရွယ်ရောက်နေပြီ။ သူ့ကိုအလိုလိုက်ပြီး ရတနာလေးလို သဘောထားပါ့မယ်။" ကျိုးခိုင်က ပြောလိုက်၏။

လင်းချင်းဟယ် သူ့ကိုရိုက်ချင်သွားသည်။ "စောက်ကောင်လေး၊ နင့်အမေငါက ဒီအရွယ်တောင်ရောက်နေပြီ။ အရွယ်လွန် ကိုယ်ဝန်သည်ဖြစ်လာနိုင်တယ်ဟဲ့။”

"လေ့ကျင့်ခန်းပိုလုပ်ပေါ့။ ကျွန်တော်တို့ သုံးယောက်စလုံးကိုတောင် မွေးပေးထားတာပဲ အမေ ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး။ ကျွန်တော် မြင်ဖူးတယ် ရွာက ဘယ်သူပါလိမ့် သူက အသက် ၄၃ နှစ်မှ အငယ်ဆုံးလေးကို မွေးတာလေ။" ကျိုးခိုင် ပြုံးလိုက်သည်။ "အမေသာ ပုလဲလုံးလေးတွကို မွေးဖွားပေးတဲ့ ကမာဖြစ်လာရင် အဖေရူးလောက်အောင် ပျော်သွားလိမ့်မယ်။ သူက သမီးလိုချင်လွန်းလို့ သားတို့ကိုတောင် မျက်စိထဲ မထည့်ဘူး။"

လင်းချင်းဟယ် စိတ်ထဲတွင် ရေရွတ်လိုက်သည်။ နင်ထင်တာ မမှားဘူး။

နင်တို့အဖေက နင်တို့ကို အရင်က မျက်စိထဲ ထည့်လေ့မရှိဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တိုးတက်လာပါပြီ။

"ဒါကို နင့်အဖေရှေ့ သွားမပြောနဲ့နော်။" လင်းချင်းဟယ်က တီးတိုးပြောလိုက်သည်။

ဒီနှစ် တရုတ်နှစ်သစ်ကူးနေ့က သူမယောက်ျားချင်းပိုင် နောက်ဆုံးတော့ စိတ်ပိုင်းဖြတ်နိုင်ခဲ့သည်။ သူက ထိုကိစ္စ စဥ်းစားနေမှ မဟုတ်သော်လည်း သူ့ရှေ့တွင် မပြောတာ ပိုကောင်းပါလိမ့်မည်။

တကယ်တော့ လင်းချင်းဟယ်က မွေးပေးချင်ပါသည်။ သူမ သားကြောဖြတ်လိုက်သောကြောင့် ကိုယ်ဝန်ရနိုင်ခြေက နည်းပါးလွန်းလှသည်။ အမှန်ပင် သူမ မကာကွယ်ခဲ့ပါ။

သူတို့မှာသာ ကံတရားရှိသေးပြီး စတုတ္ထကလေး ကိုယ်ဝန်ရလာပါက အသက်ကြီးနေလျှင်တောင် သေချာပေါက် ပျော်ပျော်ကြီး မွေးပေးပါမည်။ ကြိုးစားကြည့်ဖို့ ဘာမှ အရှုံးမရှိပါ။

သူမ၏ ကံတရားက အဲ့လောက်ဆိုးမည်ဟု မထင်ထားပေ။ ထို့အပြင် သူတို့က မြို့တွင်ဖြစ်သဖြင့် ဒီကဆရာဝန်များကလည်း အလွန်လုံခြုံမှု ရှိကြပါသည်။

ထိုကံကြမ္မာမျိုး ရှိဦးမှလည်းဖြစ်မည်။

"တကယ်တော့ ကျွန်တော်နားမလည်ဘူး။ အမေ ဘာလို့ အငယ်လေးကိုမွေးပြီး ထပ်မမွေးတော့တာလဲ။" ကျိုးခိုင်က မေးလိုက်သည်။

"နင့်ကိစ္စပြောနေတာ ဘာလို့ ငါ့ဘက်ရောက်လာတာလဲ။ ကြည့်ပါဦး နင့်က အခု အသက် ၁၉ နှစ်ရှိနေပြီ။ နင်သာ အစွမ်းအစရှိရင် ငါအဘွားဖြစ်နေလောက်ပြီ။" လင်းချင်းဟယ်က ပြောလိုက်၏။

"တူထက်ပိုငယ်တဲ့ ဒေါ်လေးတွေလည်း အများကြီးရှိပါတယ်ဗျာ။" ကျိုးခိုင်က ပြောပြလိုက်သည်။

လင်းချင်းဟယ် တံတွေးသီးသွား၏။ တူနှင့်တူမများထက် ငယ်ရွယ်သော ဦးလေးနှင့်ဒေါ်လေးများကို မွေးထုတ်ပေးခြင်းက ပုံမှန်မဟုတ်ပါ။ သူမ စကားလမ်းကြောင်း လွှဲလိုက်သည်။ "ကြက်ကို ကိုင်ပြီးတာနဲ့ ခုတ်ထစ်လိုက်။ နင့်အဖေ ဒါကို အရင်ချက်ပါစေ၊ ငါးနှစ်ကောင်လည်းရှိတယ်၊ အဲ့တာကိုပါ တစ်ခါတည်း ကိုင်ထားလိုက်။"

"ဟုတ်ကဲ့" ကျိုးခိုင်က ပြန်ပြောလိုက်သည်။

တကယ်တော့ ကျိုးချင်းပိုင်လည်း သူတို့စကားများ အကုန်လုံးကို ကြားခဲ့ပါသည်။ သို့သော် စိတ်ထဲမထားခဲ့ပါ။ သူတစ်ယောက်လောက် လိုချင်သော်လည်း သူ့မိန်းမ၏ အသက်အရွယ်ကိုလည်း စိုးရိမ်မိသည်။ ဘာပဲဖြစ်ဖြစ် သူနာပြုများက ထိုအကြောင်းကို ရှင်းပြခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့် ယခုတော့ ပုံမှန်အတိုင်းပဲ သူဖြတ်သန်းနေသည်။ ဖြစ်လာလျှင်လည်း မီးဖွားချိန်အထိ သူ့မိန်းမနှင့်အတူ ရှိနေပေးမည်။ ဖြစ်မလာပါက ထပ်ပြီးစဥ်းစားတော့မည်မဟုတ်ပါ။

ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့ ပြန်လာသောအခါ သူတို့အစ်ကိုကြီးအိမ်ကို စောစောပြန်ရောက်နေကြောင်းမြင်ကာ ပျော်ရွှင်သွားကြသည်။

"မင်းက မီးသွေးလို မည်းတူးနေတာပဲကွာ။ မင်းမိန်းမ အရင်မယူရင် နောက်ပိုင်းရမှာ မဟုတ်ဘူး။ တော်တော် အိုလာပြီ။" ကျိုးကွေ့လိုင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ဖြစ်နိုင်တယ်။" လင်းချင်းဟယ်က ခေါင်းငြိမ့်၏။

"မင်းပုံစံက အစကတည်းက အဖေ့အတိုင်းပဲ။ ဘာလို့ လောမှာလဲ စဥ်းစားကြည့်မှ ငါလည်း မင်းလိုပါပဲ အဖေနဲ့တူတယ်။ ငါအပြင်သွားရင် လူတွေက ငါ့ကို ၁၅ နှစ်လို့မထင်ကြဘူး။ အစ်ကိုလတ်က ကံကောင်းလို့ အမေနဲ့ သွားတူတယ်။ သူက ဖြူဖြူချောချော ပညာတတ်လေးနဲ့တူပြီး အမြဲတမ်း အားသာချက်ရတယ်။" ကျိုးကွေ့လိုင်က ပြောလိုက်၏။

သူက အသက် ၁၅နှစ်ဖြစ်ပြီး ကြည့်ကောင်းသော အရွယ်ဖြစ်သည်။ သူ့ပုံစံက အလွန်ရင့်ကျက်နေသည့်ပုံပေါက်သဖြင့် သူစိတ်ညစ်နေပြီဖြစ်သည်။

"နင်တို့အဖေက အတော်လေးကို ယောက်ျားပီသပါတယ်။" လင်းချင်းဟယ်က ပြောလိုက်၏။

ကျိုးချင်းပိုင်က သူမကို ကြည့်လိုက်သည်။ လင်းချင်းဟယ်က မျက်စိမှိတ်ပြလိုက်၏။ "သူ့ကို ကြည့်ကောင်းတယ်လို့ ထင်တာပဲ။"

ကျိုးချင်းပိုင်၏ နှုတ်ခမ်းထောင့်တို့ ကွေးကာ အပြုံးတစ်ခု ပေါ်လာတော့သည်။

All Chapters