← Chapters

ဓားစံအိမ်တတိယထပ်သို့

Vol. 3 Ch. 39

ဓားစံအိမ်တတိယထပ်သို့

Vol. 3 Ch. 39

ထို့ပါ့ချန်သည် ဟန်မူယဲ့အား ကျောက်စိမ်းရိုင်းတစ်တုံးကို အာသာငမ်းငမ်း ကြည့်သည့်အလား ကြည့်နေသည်။

ဘေးတွင် ကျောက်ဖူ၏မျက်လုံးများကလည်း အကြီးအကျယ် အံ့အားသင့်ဟန် ပြနေသည်။

ဆရာတပည့်နှစ်ယောက်သားသည် သံမဏိနွားသိုးကျင့်စဉ်အား အဆင့်ကိုးအထိ တွေးတောကြံဆနိုင်ခဲ့ကြ၏။

၎င်းထက် ပိုမို၍ သူတို့ မကြံဆနိုင်ကြတော့ချေ။

ဆိုလိုသည်က သံမဏိနွားသိုးကျင့်စဉ်သည် နွားသိုးကိုးကောင်ပုံရိပ်အထိသာ ရနိုင်ကာ ချီစုဆောင်းခြင်းအဆင့် ၇ နှင့် ညီမျှသောအဆင့်လည်း ဖြစ်သည်။

ထို့ပါ့ချန်က သံမဏနွားသိုးကျင့်စဉ်တွင် နောက်တစ်ဆင့် ရှိကာ သူက မည်သည့်လမ်းကြောင်းသို့ ဦးတည်ရမည်ကို မဆုံးဖြတ်နိုင်ဟု ဆိုသည်။

သူက ဟန်မူယဲ့အား လာရောက်ရန် ပြောခြင်းမှာ ဟန်မူယဲ့သည် သံမဏိနွားသိုးကျင့်စဉ်၏လျှို့ဝှက်ချက်အား ဦးဆုံး ရှာတွေ့သူဖြစ်သောကြောင့် သူ့အား ဆင့်ကဲပညာရပ်အား သင်ကြားပေးလို၍သာ ဖြစ်သည်။

ထို့အတူ သံမဏိနွားသိုးကျင့်စဉ်၏လျှို့ဝှက်ချက်အား ရှာတွေ့ခဲ့သူမှာ မည်သို့သောလူဖြစ်သည်ကိုလည်း ထို့ပါ့ချန်က မြင်တွေ့လိုခဲ့သည်။

ဟန်မူယဲ့က ဤသို့ အံ့အားသင့်ဖွယ်ရာများ ယူဆောင်လာမည်ဟု သူ မထင်ထားချေ။

ဟန်မူယဲ့က သူ၏စကားများကြောင့် ကြက်သေသေနေသည်ကိုမြင်လျှင် ထို့ပါ့ချန် ရယ်မောလိုက်သည်။

“ကောင်လေး… အဆင့်မြင့် ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်တွေဟာ သန်မာတဲ့ မျိုးဆက်သွေးကို စုစည်းတာနဲ့ မူရင်းဇစ်မြစ်ကို ပြန်သွားတာကိုပဲ အာရုံစိုက်ကြတာ”

“မင်းပြောတဲ့စကားအရဆိုအရင် တကယ်လို့ နွားသိုးကိုးကောင်ဟာ တစ်ခုတည်း ပေါင်းစပ်နိုင်ရင် ရှေးဟောင်းနွားသိုး ဒါမှမဟုတ် ကျောက်စိမ်းရေနွားသိုး ဒါမှမဟုတ် တခြားအားကောင်းတဲ့ ရှေးဟောင်းသွေးမျိုးဆက်တွေ ဖြစ်နိုင်တယ်”

“ဒီလို ကျင့်ကြံနည်းစနစ်နဲ့ဆိုရင် ချီစုဆောင်းခြင်းမပြောနဲ့… အခြေခံအုတ်မြစ်အဆင့် ဒါမှမဟုတ် ကမ္ဘာမြေအဆင့်သို့အထိတောင် ရောက်နိုင်တယ်”

ထို့နောက်တွင် ထို့ပါ့ချန်က လက်နှစ်ဖက်ကို ပွတ်သပ်ကာ ဟန်မူယဲ့အား ကြည့်သည်။

“ကောင်လေး… မင်းရဲ့ သိမြင်နားလည်နိုင်စွမ်းနဲ့ဆိုရင် ဆယ်နှစ်အတွင်း တိုက်ရိုက်တပည့် ဖြစ်နိုင်တယ်”

တိုက်ရိုက်တပည့်တစ်ဦး…

ထို့ပါ့ချန်သည် ဂိုဏ်းတွင် တကယ့် အင်အားကြီးပုဂ္ဂိုလ်ဖြစ်သည်။ သူ၏တိုက်ရိုက်တပည့်မှာလည်း သေချာပေါက် ဂိုဏ်း၏အရေးပါသော ပုဂ္ဂိုလ် ဖြစ်လာပေမည်။

ထို့ပါ့ချန်၏စကားကိုကြားလျှင် ကျောက်ဖူက အားကျစွာ ကြည့်သည်။

မည်သူက တိုက်ရိုက်တပည့် မဖြစ်လိုဘဲ နေမည်နည်း။

ဟန်မူယဲ့က ထို့ပါချန် သူ့ကို သည်မျှ မြင့်မားသော အကဲဖြတ်မှု ပေးလိမ့်မည်ဟု မထင်ထားပါ။

သူသည် သံမဏိနွားသိုးကျင့်စဉ်၏လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့ခြင်းသည် တိုက်ဆိုင်မှုသာ ဖြစ်သည်။ ၎င်းမှာ သူ၏သဘာဝလွန်စွမ်းအားကြောင့်လည်း ဖြစ်သည်။

ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်အား အဆက်မပြတ်ကျင့်ကြံကာ ခန္ဓာကိုယ်ကျင့်ကြံသူ ဖြစ်ရန်လား။

သူသည် ဓား ၁၀၀၀၀ တို့အိမ်အပြန်အား သင်ယူကာ ဓားဆန္ဒအား ထိန်းချုပ်လျှက် ဓားသမားများ၏စွမ်းအားကို မခံစားဖူးပါက ဟန်မူယဲ့သည် အမှန်တကယ် လက်ခံလောက်ပေသည်။

ယခုကား သူသည် ဓားစံအိမ်တွင် လေ့ကျင့်ကာ ဓားဆန္ဒ ၃၀၀၀ အားစုဆောင်းလျှက် ဓားမာန်ဟုန်တည်ဆောက်ရန်သာ စိတ်ကူးတော့သည်။ ထိုအချိန်တွင် ဓား ၁၀၀၀၀ တို့အိမ်အပြန် မည်မျှ စွမ်းအားကြီးမည်ကို သူ စိတ်ကူးယဉ်ကြည့်နိုင်၏။

“ဆရာဦးလေး… ကျွန်တော်က ဓားစံအိမ်မှာပဲ ဓားထိန်း ဆက်လုပ်ချင်ပါတယ်”

“အကြီးအကဲကောင်းက ကျွန်တော့အပေါ် အတော်လေး ကောင်းပါတယ်”

ဟန်မူယဲ့၏စကားက ကျောက်ဖူအား မျက်လုံးပြူးစေသည်။

‘ဓားထိန်းတစ်ဦးအဖြစ် ဆက်ရှိမည်လား’

ဓားထိန်းတစ်ယောက်အဖြစ် ဆက်လုပ်မည်ဆိုခြင်းက ရူးသွပ်ခြင်းမဟုတ်လား။

ဟန်မူယဲ့၏သိမြင်နားလည်နိုင်စွမ်းက ထိုမျှ မြင့်မားပါလျှက် သူသည် ကျင့်ကြံခြင်းလမ်းစဉ်နှင့်ပတ်သက်၍ အဘယ်ကြောင့် မှန်ကန်သော လမ်းကြောင်းကို မရွေးချယ်နိုင်ရသနည်း။

စားပွဲရှေ့တွင် ထို့ပါ့ချန်က ဟန်မူယဲ့အား စိုက်ကြည့်နေသည်။

ထို့နောက် သူက တစ်ချက်ရယ်မောလိုက်၏။

“ကြည့်ရတာ အစ်ကိုကောင်းကလည်း မင်းအပေါ် အများကြီးမျှော်လင့်ထားပုံပဲ”

သူက ဟန်မူယဲ့၏စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်၏။

ဓားစံအိမ်အကြီးအကဲသည်လည်း ဟန်မူယဲ့အား များစွာ မျှော်လင့်ထားသည်။

အပြင်လူများက ဓားစံအိမ်မှ ဓားထိန်းများသည် ကျင့်ကြံခြင်း၌ မည်သည့်အောင်မြင်မှုမှ မရဟု တွေးထင်ကြသော်လည်း ဂိုဏ်း၏အကြီးအကဲချုပ်တစ်ဦးဖြစ်သော ထို့ပါ့ချန်သည် အတွင်းကျကျ သိနားလည်ပေသည်။

ဓားစံအိမ်တွင်လည်း ကျင့်ကြံခြင်းနည်းစနစ်များရှိသည်။

သို့သော်လည်း ဓားစံအိမ်မှ ကျင့်ကြံခြင်းနည်းစနစ်များမှာ တစ်သက်မှာတစ်ခါ အစွမ်းကြီးမားမှုဖြစ်ပြီး အသက်ရှည်ရန် ကျင့်ကြံခြင်း မဟုတ်ပါ။

အမှန်တကယ်အားဖြင့် သန်းပေါင်းများစွာသော ကျင့်ကြံသူများတွင် မည်သူသည် ထာဝရ အသက်ရှင်နိုင်သနည်း။

တစ်သက်တာကျင့်ကြံခြင်းအားလုံးကို ကောင်းကင်အဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်နိုင်သော အစွမ်းအဖြစ် ပြောင်းလဲခြင်းမှာ လုံးဝ မှားယွင်းသည်တော့ မဟုတ်ပါ။

ကျင့်ကြံခြင်းမှာ ကံကြမ္မာနှင့် သက်ဆိုင်၏။

ထို့ပါ့ချန်က ဟန်မူယဲ့အား ဆက်လက်၍ နားမချတော့ပါ။ သူက ဟန်မူယဲ့အား နောက်ပိုင်း ခန္ဓာကိုယ်ကျင့်ကြံခြင်းများအတွက် နားမလည်သည်များ ရှိပါက ကျောက်တုံးသုံးတုံး စံအိမ်သို့ လာခဲ့ရန်သာ မှာကြားသည်။

၎င်းသည် ဟန်မူယဲ့အား စိတ်မကောင်း ဖြစ်စေ၏။

ကျောက်ဖူက ဟန်မူယဲ့အား ပြန်လိုက်ပို့သောအခါ သူသည် အမှန်တရားကို လက်ခံရန် ခက်ခဲနေသေး၏။

ဟန်မူယဲ့က သူ့ဆရာ တန်ဖိုးထားသည်ကို အဘယ်ကြောင့် ဂရုမစိုက်ရသနည်း။

“စကားမစပ်… ညီလေးဟန်… သံမဏိနွားသိုးကျင့်စဉ်ဟာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အပျက်အစီးနယ်မြေတစ်ခုမှာ တွေ့တာ။ အဲဒီတုန်းကတော့ သာမန်ပညာရပ်တစ်ခုလို့ တွေးခဲ့တာ။ အခုမှ အဲဒီနေရာက မရိုးရှင်းတာ သိရတယ်”

“အခု ငါပြန်တွေးကြည့်တော့ အဲဒီနေရာမှာ လျှို့ဝှက်ချက်တွေ ရှိနိုင်သေးတယ်”

ဟန်မူယဲ့အား ကြည့်ကာ ကျောက်ဖူက တီးတိုးပြောသည်။

“နောက်ပိုင်း အခွင့်အရေးရရင် ငါတို့ အတူသွားကြည့်တာပေါ့”

သံမဏိနွားသိုးကျင့်စဉ်တွေ့ရှိသော အပျက်အစီးနယ်မြေအား ရှာဖွေရန်လား။

ဟန်မူယဲ့ မျက်တောင်ပင့်လိုက်ကာ အသာအယာ ခေါင်းညိတ်သည်။

သံမဏိနွားသိုးကျင့်စဉ်ကဲ့သို့သော ပညာရပ်အား ရှာတွေ့သောနေရာတွင် တခြား ကောင်းမွန်သော ရတနာများ ရှာတွေ့နိုင်သည်။

ထို့အပြင် ထို့ပါ့ချန်၏အဆိုအရ သံမဏိနွားသိုးကျင့်စဉ်၏နောက်ဆက်တွဲအဆင့်များအား တွေးတောရာတွင် အကိုးအကားများ ရှိခြင်းက ပိုကောင်းသည်။

အကယ်၍ ကံကောင်းပါက ထိုအပျက်အစီးနယ်မြေတွင် သံမဏိနွားသိုးကျင့်စဉ်၏နောက်ဆက်တွဲများအား တွေ့နိုင်သေးသည်။

“ကောင်းပြီ… နောက်ပိုင်းပေါ့”

သူတို့ စကားပြောနေကြစဉ်မှာပင် အဝေးမှ အသံတစ်ခုကို ကြားရသည်။

“စီနီယာအစ်ကိုကျောက်ဖူ…”

ဟန်မူယဲ့တို့က လှမ်းကြည့်လျှင် အဖြူရောင်ဝတ် အတွင်းစည်းတပည့်တစ်ဦး လှမ်းလာသည်ကို မြင်၏။

ထိုသူမှာ ဟန်မူယဲ့အား တပည့်အဖြစ် လက်ခံပေးရန် လင်းရှန်က မိတ်ဆက်ပေးသော အတွင်းစည်းတပည့် ရှုမင် ဖြစ်သည်။

သို့သော်လည်း ရှုမင်သည် ဟန်မူယဲ့အား အထင်သေးကာ လင်းရှန်နှင့် ဟန်မူယဲ့တို့နှစ်ဦးလုံးကိုပင် ရှုံ့ရှကာ မာန်မဲခဲ့သေးသည်။

ရှုမင်သည် သူတို့ထံသို့ လျှောက်လာကာ ဟန်မူယဲ့အား အေးစက်တင်းမာသော မျက်နှာထားဖြင့် ပြောသည်။

“ဟေး… မင်းက စီနီယာအစ်ကိုလင်းရှန် ငါ့ဆီမှာ တပည့်အဖြစ် လက်ခံဖို့ မိတ်ဆက်ပေးတဲ့လူမလား”

သူက ကျောက်ဖူအား ကြည့်ကာ ရယ်မော၍ ပြောသည်။

“ဒီလူရဲ့ သိမြင်နားလည်နိုင်စွမ်းက သိပ်မဆိုးဘူးလို့ ကြားတယ်။ ဒါပေမဲ့ သူစိတ်နေသဘောထားက သိမ်ဖျင်းပြီးတော့ ကြိုးစားချင်စိတ်မရှိဘူး။ ဒါကြောင့်ပဲ စီနီယာအစ်ကိုလင်းရှန်ရဲ့ တောင်းဆိုမှုကို ကျုပ် ငြင်းခဲ့တာပဲ”

“စီနီယာအစ်ကိုလင်းဟာ အပြင်စည်းဂိုဏ်းမှာ လေ့ကျင့်ရင်းနဲ့ တဖြေးဖြေး ပိုပြီး စိတ်သဘောထားကျဉ်းမြောင်းလာတယ်”

ထို့နောက်တွင် ရှုမင်က ရယ်မောလျှက် ထပ်ပြောသည်။

“စီနီယာအစ်ကိုကျောက်ဖူ… ခင်ဗျားက သူ့လိုလူကို သဘောကျသွားတာတော့ မဟုတ်ပါဘူးနော်”

‘သဘောကျရမည်လား’

ကျောက်ဖူ သက်တောင့်သက်သာ မဖြစ်တော့ပါ။

သူ၏ဆရာကိုယ်တိုင်က တိုက်ရိုက်တပည့်အဖြစ် လက်ခံလိုသူအား တစ်စုံတစ်ယောက်က အထင်သေးရှုံ့ချနေသည်။

၎င်းက သူ၏ဆရာမှာ အမြင်မရှိသည်ဟု စော်ကားခြင်းနှင့် အတူတူမဟုတ်ပါလား။

ဟန်မူယဲ့က ဘေးတွင်ရပ်ကာ အသာခြောင်းဟန့်လိုက်၏။ ထို့နောက် လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“စီနီယာအစ်ကိုကျောက်ဖူ… ကျုပ်အရင်ပြန်လိုက်ပါဦးမယ်။ နောက်ပိုင်းမှ ဆရာဦးလေးဆီကို လာခဲ့ပါ့မယ်”

ထို့နောက် သူ နောက်လှည့်ကာ ထွက်လာခဲ့သည်။

‘စီနီယာအစ်ကို…’

‘ဆရာဦးလေး’

ရှုမင် နားမလည်ပါ။

‘ဘာဖြစ်နေတာလဲ’

သည်ကောင်လေးမှာ စီနီယာအစ်ကိုလင်းရှန် မိတ်ဆက်ပေးသောတစ်ယောက် မဟုတ်ပေဘူးလား။

သူ၏စီနီယာကျမှုက အဘယ်ကြောင့် မြင့်တက်သွားသနည်း။

ထို့အပြင် သူ၏ဆရာမှာ အလွန်မာနကြီးသူဖြစ်ကာ အပြင်လူများနှင့် အလွယ်တကူ အဆက်အဆံ မလုပ်ပါ။ ကောင်လေးက သူ့ဆရာအား ဆရာဦးလေးဟု တိုက်ရိုက်ခေါ်နေသည်။

“ဟမ်… ဆရာတောင်မှ သူ့ကို အရမ်းသဘောကျပြီးတော့ တိုက်ရိုက်တပည့်အဖြစ် လက်ခံချင်တာ။ မင်းက တစ်ခုခုပဲ”

“ဟီးဟီး… ရှုမင်… မင်းရဲ့စံညွန်းက အရမ်းမြင့်တာပဲ။ ဆရာ့ထက်တောင် မြင့်သေးတယ်”

ကျောက်ဖူ အဝတ်အစားကို ခါကာ ထွက်သွားသည်။

ဆရာက သူ့အား တိုက်ရိုက်တပည့်အဖြစ် လက်ခံလိုသည်လား။

ရှုမင်က မျက်လုံးများ ပြူးကျယ်လျှက် ဟန်မူယဲ့၏နောက်ကျောကို ကြည့်သည်။

မည်သို့ ဖြစ်နိုင်မည်နည်း။

ဟန်မူယဲ့ ဓားစံအိမ်သို့ ပြန်ရောက်သောအခါ ဟွမ်လောင်လျှိုက အပျင်းဆန့်ကာ ပြောသည်။

“ဒီနေ့ကတော့ ဘာအကျိုးအမြတ်မှ မရှိတဲ့နေ့ပဲ”

“စကားမစပ်… ဆိုင်ရှင်ပိုင် ရောက်လာသေးတယ်။ မင်း မသေသေးဘူးကြားတော့ သူမမျက်နှာ သိပ်မကောင်းဘူး”

‘မျက်နှာမကောင်းဘူးလား’

ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ကြည့်ကာ ရယ်ချင်စိတ်အား မျိုသိပ်လိုက်သည်။

ဟွမ်လောင်လျှိုကား သူနှင့် မူဝမ်ကို တွဲစပ်ပေးရန် ကြိုးစားနေရာ ပိုင်စုကျန်းကို သိပ်သဘောမကျပါ။

သို့သော်လည်း သူသည်လည်း အမှန်တကယ် ဆိုင်ရှင်ပိုင်နှင့် မရင်းနှီးရဲပေ။

ဟွမ်လောင်လျှိုက ဓားစံအိမ်တံခါးကို ပိတ်ကာ သူ၏အခန်းထဲကို သေရည်အိုးတစ်လုံးနှင့် ဝင်သွားသည်။

ဟန်မူယဲ့ ခေါင်းယမ်းကာ သူ၏အခန်းထဲကို ဝင်လာ၏။ ညမှောင်လာလျှင် သူသည် ထရပ်ကာ အဝတ်အစား သပ်သပ်ရပ်ရပ်ပြင်ဆင်လျှက် ဓားစံအိမ် ဒုတိယထပ်သို့ တက်လာ၏။

ယနေ့မှာ ဧပရယ် ၁ရက်နေ့ ဖြစ်သည်။

ယနေ့သည် ဓားစံအိမ်အကြီးအကဲက တတိယထပ်သို့ တက်လာရန် ပြောထားသောနေ့လည်း ဖြစ်သည်။

အသက်ပြင်းပြင်းရှူလိုက်ကာ သူသည် တတိယထပ်သို့ တက်လာခဲ့၏။ ဟန်မူယဲ့က စားပွဲခုံရှည်ရှေ့တွင် ထိုင်နေသော ဓားစံအိမ်အကြီးအကဲအား ဦးညွှတ်လိုက်သည်။

“ဟန်မူယဲ့ အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်”

ဓားစံအိမ်အကြီးအကဲက ခေါင်းညိတ်ကာ သူ့ရှေ့မှ စားပွဲရှည်ကို ညွှန်ပြကာ ပြောသည်။

“ထိုင်…”

ဟန်မူယဲ့ ထိုင်လိုက်သည်တွင် ဓားစံအိမ်အကြီးအကဲက ထူးမခြားနားစွာ ပြောသည်။

“ဟန်မူယဲ့… မင်းဘာလို့ ဓားစံအိမ်မှာ နေတာလဲ”

ဟန်မူယဲ့ တုန်လှုပ်သွားသည်။

All Chapters