← Chapters

ရှန်းယန်၏ကျဆုံးခန်း

Vol. 189 Ch. 2692

ရှန်းယန်၏ကျဆုံးခန်း

Vol. 189 Ch. 2692

“ဗုဒ္ဓကုန်းမြေအရှင်သခင်... ဒီနေရာကို ချိပ်ပိတ်လိုက်ပါ”

တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။ ဗုဒ္ဓကုန်းမြေအရှင်သခင်က ခေါင်းညိတ်လျှက် သဘောတူလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှနေ၍ ဗုဒ္ဓကုန်းမြေနတ်စွမ်းအား ထွက်ပေါ်လာ၏။ ရုတ်ခြည်းအတွင်းမှာပင် ဗုဒ္ဓကုန်းမြေ၏နတ်စွမ်းအားသည် ကြောက်မက်ဖွယ် ဗုဒ္ဓကုန်းမြေအဖြစ် ပြောင်းလဲသွားပြီး ထိုအာကာပြင်ကို ပိတ်ဆို့ရန် ကြိုးပမ်းလိုက်လေသည်။

သို့သော် ထိုအာကာပြင်ကို ထိန်းချုပ်ထားသည်မှာ မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားဖြစ်သည်။ ထိုဝိညာဉ်စွမ်းအားသည် အခြားစွမ်းအားများကို ဝါးမျိုးပစ်နိုင်ပြီး ဗုဒ္ဓကုန်းမြေ၏နတ်စွမ်းအားသည်ပင် ဝါးမျိုခံလိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်ရှိ မဟော်ရာဂီ၏လက်ထဲတွင် ကောင်းကင်တုန်ဟည်းနတ်တူကို ကိုင်ထား၏။  ထိုတူကို ထပ်မံထုချလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ မဟာလမ်းစဉ် ပြိုပျက်သွားပြီး အနားသတ်များသည် ပုံသဏ္ဍာန်အတည်တကျမရှိတော့ပေ။

“ခင်ဗျားတို့ နောက်ဆုတ်နေကြ”

မဟော်ရာဂီက အမိန့်တစ်ခု ပေးလိုက်သည်။ ရုတ်ခြည်းပင် မုန်တိုင်းကြီးသည် စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်တို့မှ ကျင့်ကြံသူများကို အဝေးသို့ ခေါ်ဆောင်သွားသည်။ ရီဖူရှင်းသည် ထိုမုန်တိုင်းစွမ်းအားကို ထိန်းချုပ်နေကြောင်း သူတို့သိသဖြင့် သူတို့သည် ခုခံမနေဘဲ မုန်တိုင်းကို သူတို့အား အဝေးသို့ ခေါ်ဆောင်သွားခွင့်ပြုလိုက်သည်။ ဓားဧကရာဇ်အရှင်၊ ရှီးချီယောင်နှင့် မူလအနောက်အင်ပါယာနန်းတော်သခင်တို့သာ ကျန်ခဲ့သည်။

ထိုသုံးဦးသည် ထိပ်သီးကျင့်ကြံသူများဖြစ်သဖြင့် တိုက်ပွဲပြင်တွင် ဆက်ရှိနေလျှင်လည်း အန္တရာယ်ရှိမည်မဟုတ်ပေ။

ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသော မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး အောက်ဘက်ရှိ ကျင့်ကြံသူများသည် ရင်တုန်ပန်းတုန်ဖြစ်သွားကြသည်။ သူတို့အားလုံးသည် တစ်စုံတစ်ခုက မူမမှန်ကြောင်း ခံစားလိုက်ရ၏။ ထိုဝါးမျိုစွမ်းအားသည် ပို၍အားကောင်းလာသည်ဟု ထင်ရသည်။

မိုးကောင်းကင်တစ်ခွင်လုံးသည် ကြီးမားသော အကန့်အသတ်မဲ့ မဟော်ရာဂီ၏ နတ်အရိပ်ကြီးအဖြစ် ပြောင်းလဲသွား၏။ လေဆင်နှာ‌မောင်းများ ထွက်ပေါ်လာပြီး ထိုလေဆင်နှာမောင်းများသည် မဟာလမ်းစဉ်များ၏စွမ်းအား၊ ဝိညာဉ်စွမ်းအားများနှင့် စိတ်ဝိညာဉ်များကို စုပ်ယူလိုက်သည်။

“သတိထား...”

သူတို့ ထိုကြောက်မက်ဖွယ်စွမ်းအားကို ခံစားလိုက်ရသောအခါ ထိပ်သီးများ၏ မျက်နှာထားသည် လေးနက်သွားသည်။ ထိုစုပ်ယူဝါးမျိုစွမ်းအားသည် ယခင်ကထက်ပင် ပို၍အားကောင်းလာပေသည်။

ရွှီး...

စွမ်းအားကြီးအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး အနန္တတောင်ကုန်း၏ တောင်ကုန်းဆရာသခင် ပတ်ပတ်လည်တွင် မရေမတွက်နိုင်အောင်များပြားသော နတ်ဓားများ ပေါ်ပေါက်လာသည်။ နတ်ဓားတစ်ချောင်းစီတိုင်းသည် စူးရှသောနတ်အလင်း တောက်ပနေပြီး ဓားအလင်းသည် ပို၍လင်းလက်လာကာ နေရာအနှံ့သို့ ပျံသန်းသွားကြသည်။

သူသည် သူ၏လက်ကိုမြှောက်ကာ ညွှန်ပြလိုက်သည်။ မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားပါဝင်သော နတ်ဓား၏ အလင်းသည် ရုတ်တရက် လေထုထဲတွင် ထွက်ပေါ်လာ၏။ သန်းထောင်ချီသော နတ်ဓားများသည် နေရာအနှံ့ကို ချိန်ရွယ်ထားပြီး နေရာလွတ်မကျန်စေဘဲ သတ်ဖြတ်ရန်အလုပ်ကို ဆက်လုပ်လိုက်ကြသည်။

ရုတ်ခြည်းအတွင်းမှာပင် မရေမတွက်နိုင်‌အောင် များပြားသော နတ်ဓားများ ပျံထွက်များပြီး မိုးကောင်းကင်ထဲမှ လေဆင်နှာမောင်းကြီးကို ဖောက်ထွင်းသွားသည်။

တစ်ချိန်တည်းမှာပင် ယွမ်ရှစ်နန်းတော်သခင်သည် လေထဲသို့ ပျံတက်လာသည်။ သူ့အထက်တွင် နတ်ဝင်္ကပါတစ်ခု ထွက်ပေါ်လာ၏။ ထိုနတ်ဝင်္ကပါထဲတွင် မရေတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဘုရားအပြစ်ပေးအားများ ထွက်ပေါ်လာကာ ကမ္ဘာဖျက်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၎င်းအလင်းတန်းသည် မိုးကောင်းကင်ထက်သို့ ပျံတက်သွား၍ ထိုနေရာရှိ ကောင်းကင်ကို ဖောက်ထွင်းရန် ကြိုးစားလိုက်သည်။

အခြားအင်အားစုများမှ ထိပ်သီးကျင့်ကြံသူများသည်လည်း လှုပ်ရှားလိုက်ကြသည်။ သူတို့အားလုံးသည် မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံရထားသော စစ်မှန်သည့် ထိပ်သီးများ ဖြစ်ကြသည်။ သူတို့သည် အထက်ကောင်းကင်သို့ ချိန်ရွယ်၍ တိုက်ခိုက်လိုက်ကြသည်။ ရီဖူရှင်း ထိန်းချုပ်ထားသော မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားသည် နေရာအနှံ့တွင် ရှိနေ၏။ ထို့ကြောင့် သူတို့တွင် ရွေးချယ်စရာမရှိတော့ဘဲ ဤနေရာရှိ ကောင်းကင်ကို အင်အားသုံး၍ ဖောက်ထွက်ရန်သာ ရှိလေတော့သည်။

ရှန်းယန်ဗုဒ္ဓအရှင်၏ နတ်မျက်လုံးသည် အထက်ကောင်းကင်ကို စူးစမ်းကာ ရီဖူရှင်း၏တည်နေရာကို အတည်ပြုနိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် နတ်မျက်စိအောက်တွင် ရီဖူရှင်းသည် နေရာအနှံ့တွင် ရှိနေကြောင်း သူတွေ့လိုက်ရ၏။ ထိုကောင်းကင်ထဲတွင် သူသည် နေရာအနှံ့၌ ရှိနေသည်။

ကျင့်ကြံသူအားလုံး၏ ပူးပေါင်းတိုက်ခိုက်မှုနှင့်အတူ ကမ္ဘာဖျက်နတ်အလင်းသည် မိုးကောင်းကင်ထက်သို့ ပျံတက်သွားသည်။ ထိုတိုက်ခိုက်မှုများထဲမှ မည်သည့်တစ်ခုကိုမဆို ပြင်ပလောကအတွင်းသို့ ထုတ်လွှတ်လိုက်ပါက တွေး၍ပင် မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းမည်ဖြစ်သည်။ ၎င်းတို့သည် မဟာအင်ပါယာအဆင့်အောက်မှ ထိပ်တန်းတိုက်ခိုက်အတတ်များ ဖြစ်ပေသည်။ ထိုအခိုက်အတန့်တွင် ထိုတိုက်ခိုက်မှုများသည် လူတစ်ယောက်တည်းကိုသာ သတ်ဖြတ်ရန် ရည်ရွယ်ထားပေသည်။

ထိုကြောက်မက်ဖွယ်တိုက်ခိုက်မှုများသည် မိုးကောင်းကင်အထက်ရှိ ဝါးမျိုမုန်တိုင်းကို ထွင်းဖောက်သွားသည်။

ထိုတိုက်ခိုက်မှုများ၏ ပေါက်ကွဲမှုများသည် ကောင်းကင်တစ်ခွင်လုံးကိုပင် ဖုံးလွှမ်းသွားလုနီးပါးဖြစ်ပြီး ရီဖူရှင်းကို အင်အားသုံး၍ ရှင်းပစ်ရန် ကြံရွယ်နေလေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအလင်းအောက်တွင် မဟော်ရာဂီ၏ ဧရာမဝိညာဉ်ပုံရိပ်ကြီးသည် ဖောက်ထွင်းခံလိုက်ရသကဲ့သို့ ထင်ရသည်။ အဖျက်မုန်တိုင်းသည် အရာအာလုံးကို တစ်စစီဖျက်ဆီးသွားပြီး ထိုဝိညာဉ်စွမ်းအားကို အစိတ်စိတ်အမွှာမွှာလုပ်ကာ ဖျက်ဆီးရန် ကြိုးစားလိုက်သည်။

ထိုကျင့်ကြံသူများသည် ခေါင်းမော့၍ ကောင်းကင်ထက်သို့ ငေးကြည့်လိုက်ကြ၏။ ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများကို ခံရလျှင် မည်သူသည် အသက်ရှင်နိုင်ဦးမည်နည်း။

“သူ အခုလောက်ဆို သေလောက်ပြီမလား...”

ရှန်းယန်ဗုဒ္ဓအရှင်နှင့် ထုံချန်းဗုဒ္ဓအရှင်တို့၏ ဗုဒ္ဓအလင်းသည် သတ်ဖြတ်တိုက်ခိုက်မှုများထဲသို့ ဆက်၍စီးဝင်နေသည်။ သို့သော် ထိုအခိုက်တွင် ဖောက်ထွင်းခံလိုက်ရသော ကောင်းကင်သည် ကြောက်မက်ဖွယ် ဝါးမျိုခြင်းဝိညာဉ်စွမ်းအားနှင့် ပြည့်နှက်နေပေသေးသည်။ ၎င်းသည် သူတို့၏ တိုက်ခိုက်မှုများနှင့် နတ်စွမ်းအားများကို ဝါးမျိုနိုင်လေသည်။

မဟော်ရာဂီသည် အစကတည်းက အသက်ရှိနေသော တည်ရှိမှုတစ်ခု မဟုတ်သဖြင့် ၎င်းတွင် ဒြပ်ထည်မရှိပေ။ ထိုတိုက်ခိုက်မှုအားလုံးသည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကို ဖျက်ဆီးပစ်ခြင်းသည်သာ ၎င်းကို သတ်နိုင်မည့် တစ်ခုတည်းသောနည်းဖြစ်သည်။

သို့သော် ထိုဝါးမျိုခြင်းဝိညာဉ်စွမ်းအားသည် ကောင်းကင်ထက်တွင် ရှိနေဆဲပင်။ ၎င်းသည် ယခုအထိ ဖျက်ဆီးမခံရသေးကြောင်း ထင်ရှား၏။

အဖျက်မုန်တိုင်းသည် ဆက်၍စုဝေးနေပြီး ဝါးမျိုခြင်းစွမ်းအားလည်း ရှိနေသေးသည်။ ကောင်းကင်ထက်ရှိ အကန့်အသတ်မဲ့ ဧရာမအရိပ်ကြီးသည် ကောင်းကင်တုန်ဟည်းနတ်တူကို မလိုက်၏။ နတ်တူသည် အရွယ်အစား ကြီးမားလာသည်။ အဖျက်တုန်ခါလှိုင်းသည် လွန်စွာအရှိန်အဝါကြီးသည့် အတုမဲ့စွမ်းအားကို သယ်ဆောင်ကာ ပျံထွက်သွားသည်။

မဟော်ရာဂီ၏အကြည့်သည် ရှန်းယန်ဗုဒ္ဓအရှင်အပေါ်သို့ ကျရောက်နေသည်။ ထိုခက်ထန်သောမျက်လုံးများထဲရှိ နက်ရှိုင်းသောတစ်နေရာတွင် ပြင်းပြသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခု ရှိနေလေသည်။

ဝုန်း...

ကြောက်မက်ဖွယ် တိုက်ခိုက်မှု ဆင်းသက်သွားပြီး ကောင်းကင်တုန်ဟည်းနတ်တူသည် ကောင်းကင်ထက်မှ ကျဆင်းလာသည်။ ရုတ်ခြည်းအတွင်းမှာပင် မုန်တိုင်းကို ထွင်းဖောက်နေသော အဖျက်တိုက်ခိုက်မှုများသည် ထိုအားကောင်းသည့် တုန်ခါလှိုင်းအောက်တွင် ဖျက်ဆီးရှင်းလင်းခံလိုက်ရလေသည်။

ထိုထိပ်သီးကျင့်ကြံသူများ၏ မျက်နှာထားသည် အလွန်တုန်လှုပ်သော မျက်နှာထားအဖြစ် ပြောင်းလဲသွားပြီး သူတို့သည် ကောင်းကင်ထက်မှ ကျဆင်းလာသော ကောင်းကင်တုန်ဟည်းနတ်တူထံသို့ သူတို့၏ အင်အားအကြီးဆုံး တိုက်ခိုက်မှုများကို ထပ်မံပစ်လွှတ်လိုက်သည်။ စွမ်းအားကြီး တိုက်ခိုက်မှုနှစ်ခုသည် ဟင်းလင်းပြင်ထဲတွင် တစ်ခဏမျှ ထိခတ်သွားပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် မုန်တိုင်းတစ်ခု ထွက်ပေါ်လာစေလေသည်။ ဤ‌လောက၏ နဂိုတည်မြဲမှုကြောင့်သာ မဟုတ်ပါက အာကာပြင်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်ပြီးသွားလောက်ပေပြီ။ သို့သော် အဖျက်မုန်တိုင်းသည် အဝေးရှိ အကန့်အသတ်မဲ့အာကာပြင်သို့ ဦးတည်ထွက်သွားပြီး ပြင်ပလောကသို့ပင် ရောက်သွားသည်။ အမွေအနှစ်နယ်မြေအပြင်တွင် ကျင့်ကြံနေကြသော ကျင့်ကြံသူများသည် ထိုအားကို အာရုံခံမိလိုက်သောအခါ ကြောက်ရွံ့တုန်ယင်သွားကြသည်။ အလွန်ဝေးသောနေရာမှ ကျင့်ကြံသူများပင် ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး အလွန်အမင်း ရင်ခုန်သွားကြသည်။

မည်မျှကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲလှိုင်းဂယက်ပင်နည်း။

အမွေအနှစ်နယ်မြေအတွင်းရှိ တိုက်ပွဲပြင်တွင် ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ ကျဆင်းလာပြီး ထိုထိပ်သီးအဆင့်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများသည် ဖိနှိပ်ခံနေရလေသည်။ သူတို့သည် သူတို့၏စွမ်းအားကို အဆုံးအစွန်အထိ ထုတ်လွှတ်ကာ ထိုတုန်ခါလှိုင်း၏ တိုက်ခိုက်မှုကို ခုခံနေကြသည်။ ပတ်ဝန်းကျင်တွင် မဟာလမ်းစဉ်၏ အနှိုင်းမဲ့စွမ်းအားကြီးစက်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

ခပ်အုပ်အုပ်အသံတစ်သံကို ကြားလိုက်ရပြီး တုန်ခါလှိုင်းသည် ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဖိနှိပ်ရန် ရောက်ရှိလာလေသည်။

ကျင့်ကြံသူများအကြားတွင် တစ်ယောက်သောသူသည် အပြင်းထန်ဆုံး ခံစားလိုက်ရ၏။ ရှန်းယန်ဗုဒ္ဓအရှင်သည် မုန်တိုင်းအလယ်တွင်ရှိနေပြီး ကြောက်မက်ဖွယ်တုန်ခါလှိုင်း၏ အလင်းတန်းတစ်ခုသည် သူ့အပေါ်သို့ ကျဆင်းလာသည်။ ဗုဒ္ဓနတ်ဓားတစ်ချောင်း ထွက်ပေါ်လာပြီး သူ့မျက်လုံးများမှနေ၍လည်း နတ်အလင်းတစ်ခုထွက်ပေါ်လာ၏။ ဓားသည် ထိုနတ်အလင်းအတွင်းသို့ ပေါင်းစည်းသွားပြီး ကျဆင်းလာသော အလင်းတန်းနှင့် ရိုက်ခတ်သွားသည်။

သို့သော် သူ့ခန္ဓာကိုယ်သည် အောက်ဘက်သို့ ဆက်၍ပြုတ်ကျသွားပြီး ထိုဗုဒ္ဓနတ်ဓားသည်လည်း ဖိနှိပ်ခံရကာ အောက်သို့ ကျဆင်းနေသည်။ သူသည် တိုက်ပွဲပြင်မှ ထွက်ပြေးလိုသော်လည်း ပတ်ဝန်းကျင်သည် လွန်စွာလေးလံနေပြီး ထိုတုန်ခါလှိုင်း၏ လွှမ်းခြံမှုကို ခံထားရကြောင်း တွေ့လိုက်ရ၏။ သူ့အတွက် ပုန်းစရာနေရာမရှိပေ။ ထိုဗုဒ္ဓနတ်ဓားကသာ မကာကွယ်ပေးထားလျှင် သူသည် တုန်ခါလှိုင်းကြောင့် အပိုင်းပိုင်းပြတ်သွားလောက်ပြီဖြစ်သည်။

ကျယ်‌လောင်သည် ဟိန်းသံကြီးကို ကြားလိုက်ရပြီး ရှန်းယန်ဗုဒ္ဓအရှင်၏ မျက်လုံးများသည် သူနှင့်မသက်ဆိုင်တော့သကဲ့သို့ ထင်ရသည်။ ၎င်းတို့သည် သူ့ခန္ဓာကိုယ်အပြင်သို့ ထွက်လာကြပြီး နတ်အလင်းနှစ်ခုကို ပစ်လွှတ်လိုက်သည်။ ထို့နောက်တွင် ထိုနတ်အလင်းနှစ်ခုသည် နတ်ဓားနှင့် ပေါင်းစည်းသွားသည်။

ဝုန်း...ဝုန်း...ဝုန်း...

သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် တုန်ခါသွားပြီး အရာအားလုံးသည် အမှုန့်များ၊ အခိုးအငွေ့များအဖြစ် ဖျက်ဆီးခံရလုနီးပါး ဖြစ်နေသည်။

“အား...”

ကျောချမ်းဖွယ် အော်သံတစ်သံ ထွက်ပေါ်လာပြီး အဖျက်အလင်းတန်းသည် အောက်သို့ ဆက်၍ ဆင်းလာသည်။ ထို့နောက်တွင် ရှန်းယန်ဗုဒ္ဓအရှင်သည် အောက်ဘက်သို့ ပြုတ်ကျသွားကာ မြေကြီးအတွင်း နစ်ဝင်သွားသည်။ သူ့ပတ်ပတ်လည်ရှိ မြေပြင်သည် အပြင်းအထန် ပေါက်ကွဲ၊ ကွဲအက်နေပြီး တမဟုတ်ခြင်းမှာပင် အမှုန့်ဖြစ်သွားသည်။

အားလုံးသည် အလွန်အမင်း ရင်တုန်သွားသည်။ သူတို့၏မျက်လုံးများသည် ထိုနေရာသို့ ကြည့်နေကြပြီး အလွန်ကြောက်ရွံ့နေသော မျက်နှာထားများ ရှိနေ၏။ သူတို့အားလုံးသည် အင်အားပူးပေါင်း၍ ကမ္ဘာဖျက်တိုက်ခိုက်မှုတစ်ခုဖြင့် တိုက်ခိုက်ခဲ့သည်။ သို့သော် ရီဖူရှင်းသည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်၍ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့သည်။ ပို၍အရေးကြီးသည်မှာ သူသည် ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်ခိုက်မှုကို ရှန်းယန်ဗုဒ္ဓအရှင်တစ်ဦးတည်းဆီသို့သာ ပစ်လွှတ်လိုက်ခြင်းပင်။

ထိုအခိုက်တွင် လူရိပ်တစ်ခုသည် ဖုန်မှုန့်များအကြားတွင် ထရပ်လာသည်။ သူ၏မျက်လုံးများမှနေ၍ သွေးများ ထွက်နေပြီး သူ၏မျက်နှာပေါ်တွင် စီးကျနေသည်။ သွေးများသည် သူ့မျက်နှာတစ်ပြင်လုံးကို ဖုံးလွှမ်းနေသဖြင့် ထိုမြင်ကွင်းသည် တုန်လှုပ်ဖွယ်ကောင်းလှသည်။

“ရှန်းယန်ဗုဒ္ဓအရှင်...”

အားလုံးသည် ရင်တုန်သွားသည်။ အထူးသဖြင့် ထုံချန်းဗုဒ္ဓအရှင်သည် မျက်နှာမည်းမှောင်နေသည်။ အစောက တိုက်ခိုက်မှုကြောင့် ရှန်းယန်ဗုဒ္ဓအရှင်၏ မျက်လုံးများသည် ကန်းသွားပေပြီ။

ရှန်းယန်ဗုဒ္ဓအရှင်သည် ဗုဒ္ဓတန်ခိုး‌တော်ခြောက်ပါးထဲမှ ဗုဒ္ဓအကြားအမြင်တန်ခိုးကို ကျင့်ကြံသူဟု ကျော်ကြားသည်။ သူ၏မျက်လုံးများသည် များစွာသော ပြောင်းလဲမှုများနှင့် ကြုံခဲ့ရပြီး နတ်မျက်လုံးများဟု ထင်ရှားသည်။ ထို့ကြောင့် သူ၏ဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုတွင် ထိုနတ်မျက်လုံးတစ်စုံသည် ရီဖူရှင်းကြောင့် ကန်းသွားပြီဖြစ်သည်။ သူ့ကို ရှန်းယန်ဗုဒ္ဓအရှင်ဟု သတ်မှတ်နိုင်ပါဦးမည်လော။

“ဆရာ...”

ရဟန်းရှန်းယန်နှင့် အခြားဗုဒ္ဓကျင့်ကြံသူများသည် ရှန်းယန်ဗုဒ္ဓအရှင် ပတ်လည်တွင် ဝန်းရံလိုက်သည်။ သူတို့၏မျက်လုံးများတွင် ကြီးမားသော အမုန်းတရားရှိနေပြီး ကောင်းကင်ထက်ရှိ မဟော်ရာဂီ၏ ဧရာမပုံရိပ်ကြီးကို လှမ်းကြည့်လိုက်ကြသည်။

ရီဖူရှင်းသည် ဆက်၍ မတိုက်ခိုက်လိုက်ပေ။ အစောက သူ့ကို ပူးပေါင်းတိုက်ခိုက်မှုသည် သူ၏စွမ်းအားကို အတော်လေး ကုန်ဆုံးစေလေသည်။ ထိုအခိုက်တွင် သူသည် အကောင်းဆုံးအခြေအနေတွင် ရှိမနေပေ။ မည်သို့ပင်ဖြစ်စေ သူ၏တန်ပြန်တိုက်ခိုက်မှုသည် အောက်ဘက်ရှိ ကျင့်ကြံသူများကို ဟန့်တားရန်အတွက် လုံလောက်ခဲ့ပေသည်။

မဟော်ရာဂီ၏ ဧရာမမျက်နှာကြီးသည် ထိုကျင့်ကြံသူများကို အရေးမစိုက်သော မျက်နှာထားဖြင့် ကြည့်သည်။ ဝါးမျိုခြင်းမုန်တိုင်း ရှိနေပေသေးသည်။ ထိုဗုဒ္ဓကျင့်ကြံသူများသည် သူ့ကို ထိုမျှပင် မုန်းတီးလေသလော။

သူ့ကို သတ်ရန် ကြံရွယ်ခဲ့ပြီး ယခင်ကတည်းက သူ့ကို အန္တရာယ်များကာ သေနိုင်လောက်သည့် အခြေအနေများအတွင်းသို့ အကြိမ်များစွာ တွန်းပို့ခဲ့သူများမှာ ရှန်းယန်ဗုဒ္ဓအရှင်နှင့် ထုံချန်းဗုဒ္ဓအရှင်တို့ဖြစ်ကြသည်။ သူသည် သူတို့ကြားမှ ကိုယ်ရေးကိုယ်တာရန်ငြိုးဖြစ်ပြီး သူတို့ကို ဆက်၍ ညှာတာတော့မည် မဟုတ်ကြောင်း သူကြိုတင် ပြောထားခဲ့၏။

ထိုတိုက်ခိုက်မှုဖြင့် ရှန်းယန်ဗုဒ္ဓအရှင်သည် ကျဆုံးခဲ့ပေပြီ။

“အောမီထောဖော...”

အသံတစ်သံက ရွတ်လိုက်သည်။ ရုတ်တရက်ပင် ကော်းကင်ထဲတွင် ဗုဒ္ဓအလင်းပြည့်နှက်သွားပြီး အပြင်လောကမှနေ၍ ရှေးဟောင်းရွှေဗုဒ္ဓအများအပြား ထွက်ပေါ်လာ၏။ သူတို့ ထိုနေရာသို့ ဆင်းသက်လာသောအခါ သူတို့သည် ဗုဒ္ဓလောက၏ အနောက်ဘက်ကောင်းကင်မှ မဟာဗုဒ္ဓများဖြစ်ကြောင်းကို တွေ့လိုက်ရ၏။ ရီဖူရှင်းသည် သူတို့အကြားတွင် ဗုဒ္ဓအရှင်များစွာကို မြင်လိုက်၏။

မိုးကောင်းကင်ထက်တွင် ရီဖူရှင်း၏ပုံရိပ်ထွက်ပေါ်လာ၏။ သူသည် ဗုဒ္ဓများကို ဦးညွှတ်လိုက်၏။

“ရီဖူရှင်းက ဗုဒ္ဓအရှင်တွေကို နှုတ်ခွန်းဆက်ပါတယ်”

“ဒကာလေးရီ...”

ဗုဒ္ဓအရှင်များစွာသည် လက်အုပ်ချီကာ ပြန်နှုတ်ဆက်လိုက်သည်။ သူတို့သည် မဖော်ရွေသည့်အရိပ်အယောင်တစ်ခုပင် မပြပေ။ ထို့နောက်တွင် သူတို့သည် လက်အုပ်ချီ၍ ရှန်းယန်ဗုဒ္ဓအရှင်ကို ကြည့်လိုက်ပြီး ဗုဒ္ဓတရားတော်တစ်ခုကို ရွတ်ဆိုလိုက်သည်။ ထိုအချိန်တွင် ထုံချန်းဗုဒ္ဓအရှင်က ပြောလိုက်၏။

“ရီဖူရှင်းက ဗုဒ္ဓလောက,က လူအများကြီး သတ်ခဲ့တယ်... အခုလည်း သူက ရှန်းယန်ကို မျက်လုံးကန်းစေခဲ့ပြီ။ သူသည် ဒီမွန်းလမ်းစဉ်ထဲကို ကျရောက်သွားပြီဆိုတာ ထင်ရှားတယ်။ ကိုယ်တော်တို့ သူ့ကို ဘာလုပ်သင့်တယ်လို့ ဗုဒ္ဓအရှင်တွေ ထင်ပါသလဲ”

ရီဖူရှင်းသည် လွန်စွာသန်မာသော်လည်း ထိုဗုဒ္ဓအရှင်များသာ သူ့ကို သတ်လိုလျှင် သူထွက်ပြေးနိုင်မည်မဟုတ်ဘဲ သေဆုံးသွားရမည်ဖြစ်သည်။

သို့သော် ထိုအခိုက်တွင် အပြင်လောကတွင် နတ်အလင်း စတင်တောက်ပလာပြီး ကျင့်ကြံသူအများအပြား ရောက်ရှိလာသည်။

ရီဖူရှင်းက အပြင်မှ ရောက်လာသော ကျင့်ကြံသူများကို ကြည့်လိုက်ပြီး သူတို့ကို လူသားဘုံမှ ကျင့်ကြံသူများက ဦးဆောင်လာကြောင်း တွေ့လိုက်၏။ သူတို့၏မျက်လုံးများသည် တိုက်ပွဲပြင်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ဟင်းလင်းပြင်ထဲရှိ ရီဖူရှင်းကို ကြည့်သည်။

သူတို့သည်လည်း ရီဖူရှင်းက တပ်ဖွဲ့ရှစ်ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်သည့် မဟော်ရာဂီအိမ်တော်၏ အမွေအနှစ်နယ်မြေကို ထိန်းချုပ်ထားကြောင်း ကြားခဲ့သည်။ မဟာအင်ပါယာအဆင့် အင်အားစုများမှလွဲ၍ ရီဖူရှင်းတို့သည်သာ ထိုကဲ့သို့ တပ်ဖွဲ့ရှစ်ဖွဲ့၏ အမွေအနှစ်နယ်မြေတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ သူသည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားနှင့်ပင် ပေါင်းစည်းခဲ့ပေသည်။

အားလုံးသည် သူတို့ရှေ့မှ မြင်ကွင်းများကို ကြည့်ကာ ရီဖူရှင်းအနေဖြင့် သူရရှိထားသည့် အရာအားလုံးကို ထိန်းသိမ်းထားနိုင်ရန် ခက်ခဲပေလိမ့်မည်ဟု တွေးလိုက်ကြသည်။

All Chapters