← Chapters

ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များ

Vol. 189 Ch. 2697

ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များ

Vol. 189 Ch. 2697

“ကောင်းကင်ဘုံ...”

ဓားဧကရာဇ်အရှင်သည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူတီးတိုးပြောလိုက်၏။

“ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်းကင်ဘုံက အရင် ကောင်းကင်အင်ပါယာဟောင်း ကျဆုံးသွားကတည်းက အင်အားကျဆင်းလာခဲ့တာပဲ။ အမှန်တော့ ကောင်းကင်အင်ပါယာရဲ့ခေတ်တုန်းက ကောင်းကင်ဘုံမှာ ကောင်းကင်အင်ပါယာလို့ နာမည်မတွင်တဲ့ တခြားတစ်ယောက်လည်း ရှိခဲ့တယ်...”

ရီဖူရှင်းသည် ဓားဧကရာဇ်အရှင်ထံမှ ထိုစကားများကို ကြားလိုက်သောအခါ သူမျက်နှာပေါ်တွင် ထူးဆန်းသောအရိပ်အယောင်တစ်ခု ပေါ်လာလေသည်။ ဓားဧကရာဇ်အရှင် ပြောပုံအရ ကောင်းကင်အင်ပါယာအပြင် ကောင်းကင်ဘုံကို အုပ်ချုပ်ခဲ့သော ပြိုင်ဘက်ကင်းဂုဏ်ရှိန်ဂုဏ်ဝါရှိသည့် အခြားတစ်စုံတစ်ယောက် ရှိပေလိမ့်ဦးမည်။

“အခုခေတ်မှာ လောကကြီးက ကောင်းကင်အင်ပါယာရဲ့ သမီးတော်အကြောင်းကို သိပ်မသိကြတော့ဘူး။ ဒါပေမဲ့ အရင်တုန်းက ကျင့်ကြံခြင်းလောကရဲ့ ထိပ်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့တဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်”

ဓားဧကရာဇ်အရှင်သည် မှတ်ဉာဏ်များအတွင်း၌ နစ်မြောနေကာ ဥက္ကာခဲတစ်ခုကဲ့သို့ ကောင်းကင်တစ်ခွင်လုံးကို ဖြတ်သန်းခဲ့သည့် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက်ကို ပြန်အမှတ်ရနေပုံပေါ်လေသည်။

“အဲဒီဆိုရိုးစကားက ဘာတဲ့တုန်း...”

ရီဖူရှင်း မေးလိုက်သည်။

“အင်ပါယာရဲ့သမီးတော်က ဘယ်အသက်အရွယ်တန်းမှာမဆို ပြိုင်ဘက်ကင်းပဲ... သူသာမရှိရင် လောကကြီးက အရောင်အသွေးစုံတော့မှာ မဟုတ်ဘူး”

ဓားဧကရာဇ်အရှင်သည် ဆိုရိုးစကားကို ပြန်ရွတ်ပြလိုက်သည်။ ရီဖူရှင်းသည် သူ့မျက်နှာပေါ်ရှိ မျက်နှာထားကို စူးစမ်းလိုက်သည်။ ဓားဧကရာဇ်အရှင်၏စကားများအရ သူသည် ကောင်းကင်ဘုံ၏ ဆရာသခင်ကြောင့် အတော်လေး စိတ်လှုပ်ရှားနေကြောင်း ထင်ရှား၏။ သူ၏မျက်နှာထားတွင် ချစ်ကြောက်ရိုသေမှု အငွေ့အသက်တစ်ခုပင် ရှိနေလေသည်။

အင်ပါယာ၏ သမီးတော်သည် မည်သည့်အသက်အရွယ်တန်းတွင်မဆို ပြိုင်ဘက်ကင်းသည်။

သူမ မရှိလျှင် လောကကြီးသည် အရောင်အသွေးစုံတော့မည်မဟုတ်။ ထိုစကားသည် သေချာပေါက် အလွန်အမင်းချီးမွမ်းခြင်းပင်။

“သူက အခုရော ရှိသေးလား”

ရီဖူရှင်း မေးလိုက်သည်။

လောကကြီး၏ ဘုံခုနစ်ခုတွင် မဟာအင်ပါယာခုနစ်ပါးရှိသည်လော သို့မဟုတ် ခြောက်ပါးသာ ရှိသည်လော။

အကယ်၍ ထိုကဲ့သို့သော သူသာရှိနေသေးလျှင် သူမသည် မည်ကဲ့သို့သော ပုံစံရှိမည်နည်း။

“သူ ရှိနေလိမ့်ဦးမယ်လို့ ငါယုံကြည်တယ်”

ဓားဧကရာဇ်အရှင်က ပြန်ပြောလိုက်၏။

“သူ လောကထဲမှ မရှိတော့ဘူးဆိုရင် လောကကြီးရဲ့ ထိပ်ပိုင်းမှာ အရမ်းအထီးကျန်မှာပဲ။ အဲဒီဆိုရိုးက ချဲ့ကားပြောထားတာ မဟုတ်ဘူး... ပြီးခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်အတွင်းမှာ သူနဲ့ အရှင်ဒွန်ဟောင်တို့ကို ငါတို့ခေတ်ရဲ့ ပြယုဂ်အစစ်အမှန်တွေပဲ”

“အရှင်ဒွန်ဟောင်...”

ရီဖူရှင်း ရေရွတ်လိုက်သည်။ ဓားဧကရာဇ်အရှင်သည် အရှင်ဒွန်ဟောင်ကိုလည်း ထိုမျှ အထင်ကြီးလေးစားသည်လော။

“အခု သူ့ရဲ့ ဆက်ခံသူနဲ့ အရှင်ဒွန်ဟောင်ရဲ့ သမီးတော်တို့က တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ကြတော့မယ်။ ငါ အဲဒီကိစ္စကို အတော်လေးမျှော်လင့်ထားတယ်။ အဲဒီနှစ်ယောက် ယှဉ်ပြိုင်တဲ့အခါ ဘယ်လိုရလဒ်မျိုး ထွက်လာမလဲ”

ဓားဧကရာဇ်အရှင်သည် ရီဖူရှင်းကို မေးလိုက်သည်။ ထို့ကြောင့် ဓားဧကရာဇ်အရှင်သည် သူတို့နှင့်အတူ လိုက်ခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။

သူသည် ပြိုင်ဘက်ကင်းနှစ်ယောက်၏ ဆက်ခံသူများ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်သည်ကို တွေ့လိုနေခြင်းဖြစ်သည်။

ကောင်းကင်ဘုံ၏ ဆက်ခံသူနှင့် ကောင်းကင်ဒေသ၏ ဆက်ခံသူတို့ ယှဉ်ပြိုင်တော့ပေမည်။

ယခုတွင် ရီဖူရှင်းမှာလည်း ထိုကိစ္စကို မျှော်လင့်နေမိပေပြီ။ ကောင်းကင်ဘုံနှင့် ပတ်သတ်သည့် ဇာတ်လမ်းများစွာရှိကြောင်း ယခုမှ သူသိခဲ့ရသည်။ လက်ရှိတွင် ကောင်းကင်ဘုံ၏ နိမ့်ပါးနေမှုကြောင့် ကျင့်ကြံခြင်းလောကသည် ကောင်းကင်ဘုံ၏ အကြောင်းများစွာကို မေ့လျော့နေခဲ့ကြသည်။ သို့သော် ထိုသို့မေ့လျော့ရသည့် အခြားအကြောင်းများလည်း ရှိ၏။ ကောင်းကင်ဘုံသည် ကောင်းကင်ဒေသကဲ့သို့သော အခြားလောကများနှင့် အဆက်အဆံ ကင်းခဲ့ခြင်းကြောင့်လည်း ပါပေသည်။ ထို့ကြောင့် ထိပ်ပိုင်းမှ လူအနည်းငယ်မှလွဲ၍ အခြားသူမည်မျှသည် အခြားဘုံများ၏ အကြောင်းများကို သိနိုင်ဦးမည်နည်း။

ကောင်းကင်ဘုံမှ ဆက်ခံသူသည် ထိုမျှ ထူးချွန်နေခြင်းကို အံ့အားသင့်စရာ မရှိ‌တော့ပေ။ သူ၏ဇစ်မြစ်သည် ထူးကဲပေသည်။ ကောင်းကင်ဘုံ၏သမိုင်းသည်လည်း တစ်ချိန်က ဂုဏ်ရှိန်ပြောင်ခဲ့သည်။

ထို့ကြောင့် ကောင်းကင်ဘုံသည် ကောင်းကင်နန်း‌တော်ဟောင်း၏ အမွေအနှစ်နယ်မြေကို ရှာနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုနယ်မြေကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သူတို့လူစုသည် သူတို့၏ဦးတည်ရာသို့ ဆက်သွားနေကြ၏။ သူတို့သည် ဟင်းလင်းပြင်ကို လျင်မြန်စွာ ဖြတ်သန်းနေကြသည်။

*****

ထိုအချိန်တွင် ကောင်းကင်နန်းတော်ဟောင်း တည်ရှိနေသော နေရာ၌ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် စုဝေးနေကြပြီဖြစ်သည်။ သူတို့သည် ဤရှေးဟောင်းကုန်းမြေပေါ်ရှိ အရပ်မျက်နှာအသီးသီးမှ လာခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ မစုဝေးမီကပင် ကောင်းကင်ဒေသမှ ဒွန်ဟောင်အင်ပါယာနန်း‌တော်သည် ကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်နယ်မြေအတွက် ယှဉ်ပြိုင်ရန် ကြံရွယ်နေသည်ဆိုသော သတင်းသည် ပျံ့နှံ့နေခဲ့ပြီးဖြစ်သည်။ ယခုတွင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများ ရောက်ရှိလာပြီး အမွေအနှစ်နယ်မြေအတွင်းသို့ ဝင်သွားကြသည်။

ထိုအမွေအနှစ်နယ်မြေ၏ အပြင်ဘက်နယ်နမိတ်တွင် မည်သည့်အမွေအနှစ်မှ မကျန်‌တော့ပေ။ ထိုအမွေအနှစ်အားလုံးကို လွန်ခဲ့သောနှစ်များအတွင်းကပင် ယူဆောင်သွားကြပြီဖြစ်သည်။ ကျင့်ကြံသူများ စုဝေးနေသောနေရာအရှေ့တွင် ကောင်းကင်အထိ ရောက်သော လှေကားတစ်စင်းရှိနေသည်။ လှေကား၏ တစ်ဘက်အဆုံးတွင် ရှေးဟောင်းနန်းတော်များနှင့် ဘုံ‌ကျောင်းများ ရှိနေကြသည်။ သို့သော် ၎င်းတို့အားလုံးသည် ယိုယွင်းနေကြပြီဖြစ်သည်။ ထိုနေရာရှိ ကောင်းကင်ကို ထောက်ကန်ပေးထားပုံရသော ကျောက်တိုင်ကြီးများလည်း ရှိလေသည်။ ထို့ကြောင့် ထိုမြင်ကွင်းသည် ထည်ဝါသောပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေသည်။

ကောင်းကင်နန်း‌တော်ဟောင်း၏ အပျက်အစီးများသည် ကောင်းကင်ထက်တွင် ရှိနေသည်။ ထိုနယ်မြေကို ကောင်းကင်ဘုံမှ ကျင့်ကြံသူများက သိမ်းပိုက်ထား၏။ အောက်ဘက်တွင် ရပ်နေသူများသည် ကောင်းကင်နန်းတော်ဟောင်၏ အပျက်အစီးများကို မော့ကြည့်နေကြသည်။ သူတို့သည် ရှေးဟောင်းအရှိန်အဝါတစ်ခုကို ခပ်ရေးရေး အာရုံခံမိနေကြသည်။ တော်ဝင်ဖိအားတစ်ခုသည် ကောင်းကင်မှ တန်းတန်းမတ်မတ်ကျဆင်းလာ၏။

“ကောင်းကင်နန်း‌တော်ဟောင်း...”

ကျင့်ကြံသူအားလုံး ရင်ခုန်သွားကြသည်။ ထိုမတိုင်ခင်က သူတို့အများစုသည် ထိုနန်းတော်ဟောင်းကို အဝေးမှသာ ကြည့်ဝံ့ကြပြီး အနီးသို့ မကပ်ဝံ့ကြပေ။ ကောင်းကင်ဘုံသည် သိုသိုသိပ်သိပ်နေသော်လည်း ထိုသို့နေခြင်းသည် သူတို့က အခြားသူများထက် ပို၍အားနည်းသည်ဟူသော အဓိပ္ပာယ်မဟုတ်ပေ။

ယခုတွင် ဒွန်ဟောင်အင်ပါယာနန်းတော်သည် လမ်းရှင်းပေးခဲ့ပြီဖြစ်၍ ထိုကျင့်ကြံသူများသည် ယင်းအပျက်အစီးများအောက်အထိ လာကာ ထိုတော်ဝင်နယ်မြေကို မော့ကြည့်ရန် ပို၍ရဲတင်းလာကြသည်။

ဒီဗာသည် ကောင်းကင်လမ်းစဉ်အောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ကာ ထိုရှစ်ဖွဲ့တွင် အင်အားအကြီးဆုံးဖြစ်သည်။ သို့ဖြစ်၍ တပ်ဖွဲ့ရှစ်ဖွဲ့ထံမှ တစ်ဖွဲ့ဖြစ်သော ဒီဗာကို ထိုသူများက စိတ်ဝင်စားကြသည်။ ထိုအကြောင်းကြောင့် ဒွန်ဟောင်အင်ပါယာနန်းတော်သည် ဒီဗာကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်များရှိသည့် ထိုနယ်မြေအတွက် ယှဉ်ပြိုင်ရန် ဤနေရာသို့ ထပ်ရောက်လာခြင်းဖြစ်သည်။

လှေကားအရှေ့တွင် လူတစ်စုသည် တိတ်တဆိတ်ရပ်ကာ ခေါင်းမော့၍ ကောင်းကင်အထိ ရောက်သော လှေကားကို ကြည့်နေကြသည်။ ထိုအုပ်စုသည် တိတ်ဆိတ်နေသော်လည်း မည်သူမှ သူတို့ကို လျှော့မတွက်ဝံ့ကြပေ။ သူထို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ထိပ်တန်းအဆင့် ဖြစ်သည်။ သူတို့သည် ထိုနေရာတွင် ရပ်နေရုံဖြင့်ပင် မမြင်နိုင်သော စက်ကွင်းတစ်ခုကို ဖန်တီးထားသကဲ့သို့ ထင်ရသည်။ သူတို့သည် မည်သို့စကားမှ မပြောသဖြင့် ထိုနေရာသည် လွန်စွာ တိတ်ဆိတ်နေသည်။

ထိုလူစုကို ဦးဆောင်လာသူ၏ ကျော့ရှင်းမှုသည် အတုမဲ့ပြီး သူမ၏ တောက်ပသောအလှအပသည် ပြိုင်ဘက်ကင်းလေသည်။ သူမသည် ကျိုးထျန်းနတ်မိမယ်ကဲ့သို့ပင်။ သူမကား အရှင်ဒွန်ဟောင်၏သမီးတော် ဒွန်ဟောင်တိယွမ်ဖြစ်၏။

ကောင်းကင်ဒေသ၏ အင်ပါယာနန်း‌တော်မှ ကျင့်ကြံသူများ ရောက်ရှိလာပေပြီ။ ဒွန်ဟောင်တိယွမ်သည် ထိုသူများကို သူမကိုယ်တိုင် ဤနေရာသို့ ဦးဆောင်ခေါ်လာခဲ့၏။ သူတို့နောက်မှ လူများသည်လည်း ကောင်းကင်ဒေသမှ အရေးပါသူများဖြစ်သည်။ သူတို့သည် ဒွန်ဟောင်တိယွမ်အတွက် အားပေးရန် ဤနေရာသို့ ရောက်နေသကဲ့သို့ပင်။

ထိုနေရာတွင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများသာ ရှိနေသည်မဟုတ်ပေ။ အဝေးရှိ ဟင်းလင်းပြင်ထဲတွင်လည်း လူအများအပြား ရပ်နေကြပြီး အောက်သို့ငုံ့ကြည့်နေကြသည်။

ကျင့်ကြံသူများစွာ စုဝေးနေကြပြီးဖြစ်၍ ဟင်းလင်းပြင်ထဲတွင် ရပ်နေသောသူများ၏ အဆင့်အတန်းကို အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။

ထိုကျင့်ကြံသူများသည် မဟာအင်ပါယာအဆင့်အင်အားစုများမှ ကျင့်ကြံသူများဖြစ်ပြီး ထိုသတင်းကို ရခဲ့သဖြင့် တိုက်ပွဲကိုကြည့်ရန် ရောက်လာခဲ့ကြခြင်းဖြစ်သည်။

သူတို့သည် တိုက်ပွဲကို ဘေးမှသာ ရပ်ကြည့်ရန် ကြံရွယ်ထားကြသည်လောဟု လူတိုင်း တွေးနေကြသည်။

အကယ်၍ ကောင်းကင်ဒေသ၏ အင်ပါယာနန်းတော်သည်ပင် ကောင်းကင်နန်းတော်ဟောင်း၏ အပျက်အစီးများကို လိုချင်လျှင် အခြားအင်အားစုများကလည်း မလိုချင်ပဲနေမည်လော။

ရီဖူရှင်းတို့လူစုသည်လည်း အလျင်အမြန် လာနေကြသည်။ သို့သော် သူတို့သည် ခပ်လှမ်းလှမ်းကတည်းကပင် အရှိန်လျှော့လိုက်ကြ၏။ ထို့နောက်တွင် သူတို့သည် အရှေ့သို့ ဖြည်းဖြည်းချင်း ဆက်လာကြပြီး ထိုနေရာအထက်သို့ ရောက်လာကြလေသည်။ သူတို့ရောက်ရှိလာမှုသည် အာရုံစိုက်မှု အများအပြားရရှိခဲ့သည်။ ရီဖူရှင်းသည် အငြင်းပွားဖွယ်လူတစ်ယောက်ဖြစ်၍ ဤရှေးဟောင်းလောကထဲတွင် အလွန်ကျော်ကြားသူတစ်ဦးပင် မဟုတ်ပါလား။

အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများသည် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ရီဖူရှင်းသည် သူ့အရှေ့ဘက်ရှိ လှေကားကို ကြည့်နေ၏။ ထိုအရာသည် အမှန်ပင် ဒီဗာအိမ်တော်က ချန်ခဲ့သော အမွေအနှစ်တစ်ခုဖြစ်သည်ဟု သူတွေးလိုက်သည်။ ထိုနေရာသည် အံ့အားသင့်ဖွယ်နေရာတစ်ခု ဖြစ်လေသည်။

သူ သီးခြားကျင့်ကြံနေခဲ့သော ဤနှစ်များအတွင်း၌ ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ပို၍တိုးတက်လာခဲ့‌မည်ဖြစ်သည်။

“သူတို့လာနေကြပြီ...”

ကျင့်ကြံသူတစ်စုသည် ကောင်းကင်လှေကားထက်မှ ဆင်းလာကြသည်။ ထိုမြင်ကွင်းသည် နတ်ဘုရားများ ဆင်းသက်လာသော မြင်ကွင်းကဲ့သို့ပင်။

ရီဖူရှင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ဖော်ပြ၍မရနိုင်လောက်အောင် အံ့အားသင့်ဖွယ်ကောင်းသော ပန်းချီကားတစ်ချပ်ကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရ၏။

သူသည် ကောင်းကင်ဘုံ၏ ဆက်ခံသူ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူကို ထပ်မံတွေ့လိုက်ရ၏။ ထိုလူ၏အရှိန်အဝါသည် ထပ်မံပြောင်းလဲခဲ့ပြီဖြစ်ကြောင်း သူအာရုံခံနိုင်ပေသည်။ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း၌ သူသည် ကောင်းကင်နန်းတော်အဟောင်း၏ အမွေအနှစ်နယ်မြေကို သိမ်းပိုက်ထားခဲ့သည်ဖြစ်ရာ မဟာအင်ပါယာအချို့၏ ဝိညာဉ်စွမ်းအားများကို အမွေဆက်ခံခဲ့ရနိုင်ပေသည်။ သူသည် မည်ကဲ့သို့ ဆတိုး တိုးတက်မလာဘဲ နေမည်နည်း။

ရီဖူရှင်းသည် ထိုသူ၏ကျင့်ကြံခြင်းအဆင့်တွင် မည်သည့်စွမ်းအားအဆင့်ထိ ရောက်နိုင်မည်ကို ပို၍စိတ်ဝင်စားနေသည်။

ထို့အပြင် ဒွန်ဟောင်တိယွမ်သည်လည်း သူမ၏ကျင့်ကြံခြင်းတွင် မည်သည့်စွမ်းအားအဆင့်အထိ ရောက်နိုင်ခဲ့ပြီနည်း။

ယနေ့ ထိပ်တိုက်တွေ့မှုတွင် သူတို့သည် ထိုနှစ်ဦး၏ အင်အားအစစ်အမှန်ကို တွေ့မြင်နိုင်မည်လောဟု သူတွေးမိနေသည်။

ထိုကျင့်ကြံသူများ လှေကားမှ ဆင်လာသောအခါ ဒွန်ဟောင်တိယွမ်သည် သူတို့ကို မော့ကြည့်၍ မေးလိုက်သည်။

“ကောင်းကင်ဘုံကလူတွေ ဒီနေရာမှ ကျင့်ကြံနေတာ အချိန်တစ်ခု ရှိခဲ့ပါပြီ။ အခု ရှင်တို့ ကောင်းကင်နန်းတော်ဟောင်းရဲ့ အမွေအနှစ်နယ်မြေကနေ ဖယ်ပေးနိုင်မလား။ ကောင်းကင်ဒေသက ဒီနေရာကို တော်တော်လေး စိတ်ဝင်စားနေပါတယ်... ကျွန်မတို့ ကောင်းကင်နန်းတော်ဟောင်းထဲမှာ ကျင့်ကြံချင်တယ်။ ကောင်းကင်ဘုံက ဒီနေရာကို ကျွန်မတို့ကို လွှဲပေးနိုင်မလား”

လှေကားအထက်တွင် နတ်အလင်း ဖြာကျလာပြီး ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ကောင်းကင်ထက်တွင် ရပ်နေကြလေသည်။ ထို့နောက် သူတို့သည် ဒွန်ဟောင်တိယွမ်နှင့် သူမ၏အုပ်စုကို ငုံ့ကြည့်သည်။ သူတို့ထုတ်လွှတ်ထားသော ဖိအားသည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများ၏ ဖိအားထက် မနိမ့်ပေ။

ဦးဆောင်လာသော ကောင်းကင်ဘုံ၏ ဆက်ခံသူ လူငယ်သည် ဒွန်ဟောင်တိယွမ်ကိုကြည့်ကာ မေးလိုက်သည်။

“ကောင်းကင်ဒေသက ဒီနယ်မြေကို နာဂါအမွေအနှစ်နယ်မြေနဲ့များ လဲချင်မလား”

သူသည် ဝေ့ဝိုက်မနေတော့ဘဲ တိုက်ရိုက်မေးလိုက်သည်။ ဒွန်ဟောင်တိယွမ်သည် ကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်နယ်မြေကို လိုချင်နေရာ ဤနယ်မြေနှင့် နာဂါအမွေအနှစ်နယ်မြေကို လဲလိုမည်လော။

“အင်း...”

ဒွန်ဟောင်တိယွမ် ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်သည်။ ထို့ကြောင့် သူတို့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အံ့အားသင့်သွားကြ၏။ ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် နာဂါအမွေအနှစ်နယ်မြေတွင် သူတို့၏ကျင့်ကြံခြင်းကို ပြီးဆုံးတော့မည့်ပုံပင်။ ယခုတွင် သူတို့သည် ကောင်းကင်နန်း‌တော်ဟောင်းပေါ်တွင် မျက်စိကျနေကြပြီဖြစ်သည်။

ဒွန်ဟောင်တိယွမ်သည် ဤနယ်မြေအတွက် နာဂါအမွေအနှစ်နယ်မြေနှင့် လဲလှယ်လိုနေသည်။

“မင်းသမီးတိယွမ်ကတောင် ကောင်းကင်နန်းတော်ဟောင်းရဲ့ အမွေအနှစ်နယ်မြေက နဂါအမွေအနှစ်နယ်မြေထက်ပိုပြီး အဖိုးတန်တယ်လို့ ခံစားရတယ်ဆိုရင် ကောင်းကင်ဒေသကလည်း အဲဒီလိုပဲ ခံစားရမှာပဲလေ။ မင်းသမီးတိယွမ် စိတ်ပျက်ရမယ် ထင်ပါတယ်”

ဟင်းလင်းပြင်ထဲမှ လူငယ်သည် ယဉ်ကျေးပုံပေါ်ပြီး သင့်တင့်သလို တုံ့ပြန်ခဲ့ပေသည်။ သူ၏စကားသည် လဲလှယ်လိုသည့် စကားမဟုတ်ဘဲ ကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်နယ်မြေက ပို၍အဖိုးတန်သည်ဟူသော အချက်ကို ထောက်ပြရန်ဖြစ်သည်။

ထိုအတွေးစဉ်တွင် မည်သည့်ပြဿနာမှ မရှိပေ။ သို့သော် အကယ်၍ ဒွန်ဟောင်အင်ပါယာနန်းတော်သည် ကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်နယ်မြေကို အင်အားသုံး၍ ရယူလိုပါက ကောင်းကင်ဘုံသည် သူတို့ကို ခုခံနိုင်ပါမည်လော။

“ကောင်းကင်နန်းတော်ဟောင်းရဲ့ အမွေအနှစ်နယ်မြေက ကျွန်မဟာဖြစ်လာမှာပဲ”

ဒွန်ဟောင်တိယွမ်သည် ခေါင်းမော့လိုက်ပြီး လှေကားအထက်ရှိ ကောင်းကင်ဘုံမှ ကျင့်ကြံသူများကို ပြောလိုက်၏။ သူမ၏မျက်လုံးများသည် လွန်စွာပြတ်သားနေပြီး သူမသည် မယိမ်းမယိုင် ယုံကြည်မှုရှိနေလေသည်။

ထို့ကြောင့် လူများသည် အံ့အားသင့်သွားကြသည်။ ကောင်းကင်ဒေသမှ မင်းသမီးသည် ကောင်းကင်နန်း‌တော်ဟောင်းကို ထူးထူးခြားခြား စိတ်ဝင်စားနေပုံပင်။

အခြားမဟာအင်ပါယာအဆင့်အင်အားစုများမှ ကျင့်ကြံသူများသည် အရာအားလုံးကို တိတ်တဆိတ်ကြည့်နေကြသည်။ သူတို့သည် ဒွန်ဟောင်တိယွမ်ပြောသည်ကို မှတ်သားနေကြသည်။ အရေးပါသော ကျင့်ကြံသူအချို့သည် ထိုစကား၏နောက်ကွယ်မှ အကြောင်းများကို သိပေသည်။ သူတို့သည် လှေကားထက်သို့ မော့ကြည့်လိုက်၏။ သူတို့အားလုံးသည် ကိုယ်ပိုင်ထင်မြင်ချက်များ ရှိကြသည်။

ဒွန်ဟောင်အင်ပါယာနန်းတော်သာမဟုတ်ဘဲ သူတို့သည်လည်း လှေကားထက်သို့ တက်ကာ ကောင်းကင်နန်းတော်ဟောင်း၏ အပျက်အစီးများထဲတွင် မည်သည့်အရာများ ကျန်နေသေးသည်ကို သိလိုနေသည်။

“ဒီ‌တော့ မင်းသမီးဒွန်ဟောင်က တိုက်ခိုက်ချင်နေတာလား”

လူငယ်သည် ခေါင်းငုံ့၍ အောက်ဘက်ရှိ ဒွန်ဟောင်တိယွမ်ကို ကြည့်လိုက်လေသည်။

ဒွန်ဟောင်တိယွမ်သည် ပြန်မတုံ့ပြန်ခဲ့ပေ။ သို့သော် သူမထံမှနေ၍ စွမ်းအားကြီးသော တိုက်ပွဲဝိညာဉ်စွမ်းအား ထွက်ပေါ်လာ၏။ သို့သော် ထိုသို့ ထုတ်လွှတ်လိုက်သူမှာ သူမတစ်ဦးတည်းမဟုတ်ပေ။ ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံးသည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။ ထိုအရှိန်အဝါများသည် ကောင်းကင်ထက်သို့ တဟုန်ထိုးတက်သွားပြီး လှေကားတစ်လျှောက် ဆက်၍တက်သွား၏။ သူတို့ထုတ်ပြလိုက်သော တိုက်ပွဲဝိညာဉ်စွမ်းအားသည် အံ့အားသင့်ဖွယ် ကောင်းပေသည်။

ကောင်းကင်ဘုံသည် ဒွန်ဟောင်အင်ပါယာနန်း‌တော်ကို တားဆီးနိုင်မည်လော။

ကျင့်ကြံသူများစွာသည် သတိကြီးကြီး ပြန်ဆုတ်သွားကြသည်။ သူတို့သည် ယင်းကြောက်မက်ဖွယ်အရှိန်အဝါများကို ခံစားလိုက်ရသောအခါ ထိုထိပ်တိုက်တွေ့မှုသည် စစ်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ ထိုစစ်ပွဲ၏ အဖျက်စွမ်းအားသည် တွေးကြည့်၍ပင် ရနိုင်မည် မဟုတ်ပေ။ ပတ်ဝန်းကျင်သည် အတော်လေး ထိခိုက်သွားမည်ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်နိမ့်သူများသည် နောက်တွင်နေ၍ ပို၍သန်မာသော ကျင့်ကြံသူများကို အရှေ့မှ ကာကွယ်ပေးခိုင်းခြင်းသည် ပို၍ကောင်းပေမည်။

All Chapters