နတ်ဘုရားအိုကြီးများနှင့် စကားစမြည်
Vol. 189 Ch. 2705
“အဲဒါက ဘာစွမ်းအားမျိုးလဲ”
ရှေးဟောင်းနတ်ဘုရားကလန်များမှ ကျင့်ကြံသူများသည် ရီဖူရှင်းကို ငေးကြည့်ရင်း တွေးတောနေကြသည်။ ထိုနတ်ဘုရားအုပ်စိုးလက်နက်လေးမှ ထွက်ပေါ်လာသော အားသည် အလွန်ကြီးမား၍ ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအားကိုပင် ဖိနှိပ်နိုင်စွမ်းရှိလေသည်။ ၎င်း၏စက်ကွင်းသည်လည်း အားသုံးကာ ချိုးဖျက်ခံလိုက်ရ၏။
ရီဖူရှင်းသည် မဟာအင်ပါယာနောက်တစ်ပါးထံမှ အမွေဆက်ခံနိုင်ခဲ့ခြင်းလော။
ထိုစွမ်းအားသည် အမွေအနှစ်တစ်ခုမှ ရရှိခဲ့သော စွမ်းအားတစ်ခုသဖြစ်ကြောင်း ထင်ရှား၏။ ယခင်က ရီဖူရှင်းထံတွင် ထိုစွမ်းရည် မရှိခဲ့ချေ။ နှစ်အနည်းငယ် ကြာပြီးနောက်တွင် သူသည်လည်း ပို၍သန်မာလာပြီဖြစ်သည်။
ရီဖူရှင်းသည် အားလုံး၏ ခန့်မှန်းချက်များကို လျစ်လျူရှုလိုက်သည်။ သူသည် ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူများ၏ အထက်သို့ ရောက်သွားသည်။ သူသည် အတွေးတစ်ချက်ဖြင့်ပင် ကောင်းကင်ဂိတ်တံခါးကို ဖွင့်လိုက်သည်။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် မဟာလမ်းစဉ်စည်းမျဉ်းများသည် လှည့်ပတ်နေပြီး ဤတစ်လောကလုံးသည် ရီဖူရှင်း၏အမိန့်ပေးနေသော လမ်းစဉ်အဖြစ် ပြောင်းလဲသွား၏။
ရီဖူရှင်းသည် ဤအာကာပြင်တွင် မဟာလမ်းစဉ်စည်းမျဉ်းများကို အုပ်စိုးပေသည်။
ကောင်းကင်သည် ပွင့်ထွက်သွားပြီး လွန်စွာတောက်ပလာသည်။ ကောင်းကင်မှနေ၍ မဟာလမ်းစဉ်စည်းမျဉ်းများ ကျဆင်းလာပြီး အဝေးမှ ကျင့်ကြံသူအားလုံးကို အာရုံစိုက်သွားစေ၏။ သူတို့သည် သူတို့ရှေ့ရှိ ထိုခမ်းနားဆန်းကြယ်သော မြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်တုန်သွားကြသည်။
“အဲဒါ ရီဖူရှင်းပဲ”
ကျင့်ကြံသူများသည် ရီဖူရှင်းကို မှတ်မိကြသည်။ သူတို့သည် ယခုတွင် ဖြစ်ပျက်နေသည်များကို မြင်သောအခါ တုန်ရင်လာကြ၏။ မကြာသေးခင်ကပင် သူတို့သည် ထိပ်တန်းကျင့်ကြံသူအချို့၏ အံ့အားသင့်ဖွယ်တိုက်ပွဲများကို မြင်ခဲ့ရသည်။ အထူးသဖြင့် ဒွန်ဟောင်တိယွမ်နှင့် ကျိဝူတောက်တို့၏ တိုက်ပွဲသည် အတော်လေးအရေးပါသော တိုက်ပွဲတစ်ခုဖြစ်သည်။ ထိုတိုက်ပွဲသည် ကောင်းကင်ဘုံ၏ဆက်ခံသူနှင့် ကောင်းကင်ဒေသ၏ဆက်ခံသူတို့အကြားမှ တိုက်ပွဲပင်။
သူတို့သည် အနာဂတ်တွင် မဟာအင်ပါယာဖြစ်လာမည့် လမ်းကို လျှောက်လှမ်းနိုင်ရန် အခွင့်အရှေးရှိသည့် ထိပ်သီးများဖြစ်သည်။
တိုက်ပွဲပြီးနောက်တွင် လောကကြီးသည် ကောင်းကင်ဘုံ၏ဆက်ခံသူသည် ထိုမျှကြောက်မက်ဖွယ် ကောင်းသည်ကို သိရှိသွားသဖြင့် ကောင်းကင်ဒေသတွင်ဖြစ်စေ သို့မဟုတ် မူလဘုံ၏ ကုန်းမြေတွင်ဖြစ်စေ ရီဖူရှင်းဟုအမည်ရသော ထူးချွန်သူတစ်ဦးရှိသေးသည်ကို သူတို့အများစုသည် မေ့လျော့နေခဲ့ကြသည်။
တိဟောက်နှင့် ဒွန်ဟောင်တိယွမ်တို့နှင့် နှိုင်းယှဉ်လျှင် သဘာဝကိုပင် အံတုနိုင်လုနီးပါးရှိသော ပါရမီရှင်တစ်ဦးဖြစ်သည့် ရီဖူရှင်းသည် ထိုနှစ်ယောက်၏ လောင်းရိပ်မိနေသည်ဟု ထင်ရသည်။ ထိုနှစ်ယောက်၏ရှေ့တွင် သူ၏ဂုဏ်ရှိန်သည် မှေးမှိန်သွားပြီး သူသည် သူတို့တိုက်ပွဲဝင်နေသည်ကို အောက်မှသာ ရပ်ကြည့်နေနိုင်သည့်ပုံပင်။
သို့သော် ထိုအခိုက်တွင် သူတို့သည် ရီဖူရှင်း ထပ်မံလှုပ်ရှားနေသည်ကို တွေ့လိုက်ရလေသည်။ စီဝေ့အင်ပါယာနန်းတော်ကို ဦးဆောင်၍ တပ်ဖွဲ့ရှစ်ဖွဲ့၏ တစ်ဖွဲ့ဖြစ်သော မဟော်ရာဂီ၏ အမွေအနှစ်နယ်မြေကို သိမ်းပိုက်ထားသည့် ထိုပါရမီရှင်သည် နှစ်များစွာ ဆက်ကျင့်ကြံပြီးနောက်တွင် အင်အားပိုကြီးလာပေသည်။ သူသည် နတ်ဘုရားတစ်ဝက်အဆင့်သို့ပင် ရောက်တော့မည့်ပုံပင်။
ထိုအခြင်းအရာသည် ရီဖူရှင်းကလည်း မဟာအင်ပါယာဖြစ်လာမည့် လမ်းပေါ်သို့ သူ့ဘာသာ တရားဝင် တက်လှမ်းနိုင်တော့မည့် အဓိပ္ပာယ်ပင်။ သို့သော် သူသည်လည်း အခြားသူများကဲ့သို့ပင် ဤခရီးရှည်ကြီးတွင် စမှတ်၌သာ ရှိနေပေသေးသည်။
ကောင်းကင် ပွင့်သွားသောအခါ စွမ်းအားကြီးဆုံး နတ်စည်းမျဉ်းတစ်ခု ကောင်းကင်ထက်တွင် ထွက်ပေါ်လာ၏။ ရီဖူရှင်းသည် နတ်အလင်းအောက်တွင်ရှိနေပြီး ကောင်းကင်မှ နတ်ဘုရားတစ်ပါးနှင့် ဆင်တူနေသည်။ ထိုနတ်ဘုရားအုပ်စိုးလက်နက်သည် သူ့အရှေ့တွင် မျောနေပြီး ၎င်းထံမှ ထုတ်လွှတ်နေသော နတ်ရောင်ဝါသည် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိပုံ ပေါ်လေသည်။
ရှေးဟောင်းနတ်ဘုရားကလန်များမှ ကျင့်ကြံသူများသည် ထိုနတ်ဘုရားအုပ်စိုးလက်နက်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်အငွေ့အသက်ကို အာရုံခံမိသည်။ သူတို့သည် ထင်ရှားသော ပင်ကိုအရည်အသွေးရှိသည့် မည်သည့် မဟာလမ်းစဉ်အရှိန်အဝါကိုမှ မခံစားမိခဲ့ပေ။ သို့သော် ထိုနတ်ဘုရားအုပ်စိုးလက်နက် ကိုယ်တိုင်သည်ပင် မဟာလမ်းစဉ်စည်းမျဉ်းများကို ကိုယ်စားပြုပုံပေါ်ပြီး ၎င်းအလိုရှိသည့် မည်သည့် မဟာလမ်းစဉ်စွမ်းအားမျိုးအဖြစ်မဆို ဖန်ဆင်းနိုင်လေသည်။
ဗုဒ္ဓကုန်းမြေအရှင်သခင်၏ မျက်လုံးများထဲမှ အရိပ်အယောင်များသည် မည်းမှောင်နေပြီး သူသည် ကောင်းကင်ထက်သို့ ငေးကြည့်နေသည်။ သူသည် ရီဖူရှင်းတစ်ယောက် မတွေ့ရသည့်နှစ်အနည်းငယ်အတွင်း၌ ပို၍သန်မာလာမည်ဟု သူမမျှော်လင့်ထားပေ။ ရီဖူရှင်းသည် နတ်ဘုရားအုပ်စိုးလက်နက်နှင့် ထိုအဆင့်အထိ ကျင့်ကြံထားနိုင်သဖြင့် ဗုဒ္ဓကုန်းမြေအရှင်သခင်သည် အားကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားနေရလေသည်။
ထန်း...
ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရပြီး ဗုဒ္ဓကုန်းမြေအရှင်သခင်သည် လက်အုပ်ချီလိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် ရွှေရောင်အလင်းသည် မိုင်ထောင်ချီအဝန်းအဝိုင်းရှိသည့် အကန့်အသတ်မဲ့အာကာပြင်ကို လွှမ်းခြုံသွားသည်။ အဝေးမှ ကျင့်ကြံသူများပင် နေရာအနှံ့သို့ အလင်းပေးနေသည့် ရွှေရောင်အလင်းကို မြင်ကြရလေသည်။
ထို့အပြင် ထိုရွှေရောင်နတ်အလင်းထဲတွင် ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအား ပါဝင်ပေသည်။
ဗုဒ္ဓကုန်းမြေအရှင်သခင်၏နောက်တွင် ဧရာမပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ထိုဗုဒ္ဓကုန်းမြေ၏ ရှေးဟောင်းနတ်ဘုရားပုံရိပ်ကြီးကို မိုင်ထောင်ချီသည့် ရွှေရောင်အလင်းက ဝန်းရံထားသကဲ့သို့ပင်။ ထိုဗုဒ္ဓကုန်းမြေ၏ ရှေးဟောင်းနတ်ဘုရားသည် ရွှေအတိပြီးကာ တစ်ကိုယ်လုံ တောက်ပနေလေသည်။ ၎င်းအပေါ်တွင် နတ်စွမ်းအား လည်ပတ်လာသောအခါ ၎င်းသည် ဖျက်စီး၍မရနိုင်သော ခန္ဓာကိုယ်တစ်ခု ဖြစ်လာသည်ဟု ထင်ရသည်။
ဗုဒ္ဓကုန်းမြေ၏ရှေးဟောင်းနတ်ဘုရား၏ ရင်ဘတ်ပေါ်တွင် စီးဆင်းနေသော နတ်စွမ်းအားထဲတွင် မဟာအင်ပါယာ၏ အရှိန်အဝါတန်းတစ်ခု ပါဝင်ကြောင်း အားလုံးခပ်ရေးရေး အာရုံခံနိုင်လေသည်။
ရီဖူရှင်းသည် သူ၏လက်များကို ဆန့်တန်းလိုက်၏။ ရုတ်တရက် သူ့ကိုယ်ပေါ်တွင် တလက်လက်တောက်ပနေသော နတ်အလင်းတစ်ခု စီးဆင်းသွားပြီး ယင်းအလင်းသည် နတ်ဘုရားအုပ်စိုးလက်နက်အတွင်းသို့ ဝင်ရောက်သွားသည်။ ကောင်းကင်ထက်ရှိ မဟာလမ်းစဉ်သည် သူတို့အပေါ်သို့ ကျဆင်းလာပြီး ကြောက်မက်ဖွယ် မဟာလမ်းစဉ်မုန်တိုင်းကြီးတစ်ခု စတင်တိုက်ခတ်လာသည်။
“သတ်...”
ရီဖူရှင်းသည် အစူးရှဆုံး မျက်လုံးများဖြင့် အောက်ဘက်ကို စူးစမ်းကြည့်ရှုနေသည်။ သူသည် သူ၏လက်ကိုမြှောက်လိုက်ပြီး ဗုဒ္ဓကုန်းမြေအရှင်သခင်ကို ညွှန်ပြလိုက်သည်။ ရုတ်တရက် အတုမဲ့ အလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်ကို ထွင်းဖောက်သွားပြီး အောက်ဘက်သို့ တန်းတန်းမတ်မတ် ကျဆင်းသွားသည်။ နတ်အလင်းသည် ၎င်း၏လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။
ထန်း...
နောက်ထပ် ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရပြီး ဗုဒ္ဓကုန်းမြေ၏ရှေးဟောင်းနတ်ဘုရားအပေါ်တွင် လည်ပတ်နေသော မဟာလမ်းစဉ်နတ်အလင်းသည် စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဧရာမ အတုမဲ့ဗုဒ္ဓနတ်ချိပ်စည်းသည် ကျဆင်းလာသော နတ်ဘုရားအုပ်စိုးလက်နက်နှင့် ထိခတ်သွားသည်။ အချိန်တစ်ခုအထိ အရာအားလုံးသည် ဗြောင်းဆန်ကုန်ပြီး ဖိနှိပ်ချေမွှခံလိုက်ရသည်ဟု ထင်သွားရလေသည်။
နတ်ဘုရားအုပ်စိုးလက်နက်နှင့် အကန့်အသတ်မဲ့ဗုဒ္ဓနတ်ချိပ်စည်းသည် ဟင်းလင်းပြင်ထဲတွင် ထိခတ်သွားပြီး နောက်ထပ် ကျယ်လောင်သောဆူညံသံတစ်သံ ထွက်ပေါ်လာကာ အားလုံး၏ နားစည်များကို အပြင်းအထန်တုန်ခါသွားစေ၏။ ဗုဒ္ဓနတ်စွမ်းအားအောက်တွင် နတ်ချိပ်စည်းသည် ၎င်းအတွင်း၌ လှည့်ပတ်နေသော မဟာလမ်းစဉ်သင်္ကေတများ ရှိပြီး အတုမဲ့နတ်အလင်းဖြင့် တောက်ပနေသည်။
သို့ပင်လျှင် ထိုကြောက်မက်ဖွယ်စွမ်းအား၏ တိုက်ခိုက်မှုအောက်တွင် ရွှေရောင်အလင်းစက်များ ဖွားခနဲထွက်ပေါ်လာပြီး နတ်ဘုရားအုပ်စိုးလက်နက်သည် ဧရာမ ဗုဒ္ဓနတ်ချိပ်စည်းကြီးကို နည်းနည်းချင်း ထွင်းဖောက်နေကာ နောက်ဆုံးတွင် အပြည့်အဝထွင်းဖောက်သွားနိုင်လေသည်။
ထိုဧရာမ ဗုဒ္ဓကုန်းမြေ၏ရှေးဟောင်းနတ်ဘုရားကြီး၏ လက်များအကြားမှ မရေမတွက်နိုင်အောင် များပြားသော နတ်ချိပ်စည်းပုံရိပ်များ ပျံထွက်သွားကြပြီး နတ်ဘုရားအုပ်စိုးလက်နက်ကို အကြိမ်ကြိမ် တိုက်ဆောင့်နေလေသည်။ တဖြည်းဖြည်းဖြင့် ထိုချိပ်စည်းများသည် နတ်ဘုရားအုပ်စိုးလက်နက်၏အဟုန်ကို ရပ်တန့်နိုင်လာပေသည်။
ထိုသို့ပြင်းထန်သော တိုက်ခိုက်မှုသည် ဘေးမှကြည့်နေသူများအားလုံးကို ကြောက်ရွံ့တုန်ရင်နေစေ၏။ တိုက်ပွဲကို အဝေးမှကြည့်နေသူများသည်ပင် တုန်လှုပ်သွားကြသည်။
ရီဖူရှင်း၏တိုက်ခိုက်မှုသည် လွန်စွာပြင်းထန်လာပြီလော။
ရှေးဟောင်းနတ်ဘုရားကလန်များထံမှ တစ်ခုဖြစ်သော ဗုဒ္ဓကုန်းမြေကို အုပ်ချုပ်ရသော ဗုဒ္ဓကုန်းမြေအရှင်သခင်သည် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့သော်လည်း ရီဖူရှင်း၏ ဖိနှိပ်မှုကို ခံခဲ့ရလေသည်။
အခြားရှေးဟောင်းနတ်ဘုရားကလန်များမှ ကျင့်ကြံသူများသည် တိုက်ပွဲအတွင်းသို့ မဝင်ခဲ့ကြပေ။ သူတို့သည် အစောက နတ်ဘုရားအုပ်စိုးလက်နက်ကို ရှိန်နေကြပြီး ရီဖူရှင်း ထုတ်ပြခဲ့သော အင်အားကို တုန်လှုပ်နေကြသည်။ ယခုတွင် သူတို့သည် စောင့်ကြည့်ရန်သာ ရွေးချယ်လိုက်သည်။
“သတိထားကြ...”
ဗုဒ္ဓကုန်းမြေအရှင်သခင်သည် သူတို့ကို သတိပေးလိုက်သည်။ ရီဖူရှင်းသည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပျောက်ကွယ်သွား၏။
ဗုဒ္ဓကုန်းမြေအရှင်သခင်ထံမှ ဗုဒ္ဓနတ်စွမ်းအား ထပ်မံထွက်ပေါ်လာပြီး သူ့နောက်ရှိ ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူအားလုံးကို လွှမ်းခြုံလိုက်သည်။ သို့သော် နောက်ကျသွားခဲ့ပေပြီ။ ရီဖူရှင်းသည် သူ့နေရာသို့ ပြန်ရောက်သွားချိန်တွင် ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူအများအပြား သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်များသည် နတ်ဘုရားအုပ်စိုးလက်နက်၏ အလင်း၏ ဖောက်ထွင်းသွားခြင်းကို ခံခဲ့ရ၏။ ထိုအလင်းသည် သူတို့ကို ရုတ်ခြည်းသတ်ပစ်ခဲ့လေသည်။
“ခင်ဗျားတို့က အတိတ်တုန်းက သင်ခန်းစာတွေကို မေ့သွားတဲ့ပုံပဲ... ဒါက ခင်ဗျားတို့အားလုံးအတွက် သတိပေးချက်ပဲ”
ရီဖူရှင်း ပြောလိုက်၏။ သူသည် ဟင်းလင်းပြင်အထက်တွင် ရပ်နေပြီး ကောင်းကင်ထက်မှ နတ်အလင်းသည် သူ့အပေါ်သို့ ဖြာကျနေလေသည်။ သူသည် အောက်ဘက်သို့ ကြည့်ကာ ပြောလိုက်၏။
“ကျုပ်သာ အထိန်းအကွပ်မရှိ သတ်မယ်ဆိုရင် ခင်ဗျားတို့ထဲက ဘယ်နှစ်လောက်ကများ ကျုပ်ကို တားနိုင်မလဲ”
ထိပ်သီးအနည်းငယ် အပါအဝင်ပင် ရှေးဟောင်းနတ်ဘုရားကလန်များမှ လူမည်မျှသည် သူ၏အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို တားနိုင်မည်နည်း။
ထို့အပြင် ဗုဒ္ဓစက်ကွင်းသည် ရီဖူရှင်းကို မချုပ်ထားနိုင်ပေ။ ထို့ကြောင့် မည်သူသည် သူ၏ဗုဒ္ဓရောင်ဝါခြေလှမ်းကို ထိန်းချုပ်နိုင်မည်နည်း။
သူတို့ထဲက မည်သူမှ ထိုသို့မလုပ်နိုင်ခဲ့ဖူးပေ။ တစ်ချိန်တုန်းက အဓိကရှေးဟောင်းနတ်ဘုရားကလန်အားလုံးသည် အင်အားပူးပေါင်းကာ စီဝေ့ကြယ်ကောင်းကင်ကို စိန်ခေါ်ခဲ့သည်။ သို့သော် ဗုဒ္ဓရောင်ဝါခြေလှမ်းနှင့် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားတို့ကြောင့် သူတို့သည် ရွေးစရာမရှိတော့ဘဲ လက်လျှော့ခဲ့ရသည်။
သို့သော် ယခုတွင် သူတို့သည် ယခင်က ဖြစ်ပျက်ခဲ့သော ကိစ္စအားလုံးကို မေ့သွားသည့်ပုံပေါ်လေသည်။
တစ်နည်းဆိုရလျှင် သူတို့သည် အကန့်အသတ်တစ်ခုသာ ဆင်နိုင်ပါက ရီဖူရှင်းကို အဆုံးသတ်နိုင်လိမ့်မည်ဟု တွေးနေကြသည်။
မကြာသေးခင်ကပင် သူတို့သည် ရီဖူရှင်းကို အရင်ဆုံးသတ်လိုက်ပြီး မဟော်ရာဂီအမွေအနှစ်နယ်မြေသို့သွားကာ ကျန်သူများအားလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ရီဖူရှင်းသည် သူတို့ကို သူတို့၏ရူးမိုက်သောအိပ်မက်မှ လှုပ်နိုးလိုက်သည်။
ရှေးဟောင်းနတ်ဘုရားကလန်များမှ ထိပ်သီးများ၏ အရှိန်အဝါများ ထွက်ပေါ်လာ၏။ သူတို့အထက်တွင် မဟာအင်ပါယာရောင်ဝါတစ်ခုလည်း စီးဆင်းနေသည်။ သို့သော် ထိုအခိုက်တွင် ဗုဒ္ဓကုန်းမြေအရှင်သခင်၏စိတ်ထဲ၌ အသံတစ်သံ ထွက်ပေါ်လာ၏။
“ထွက်သွား...”
ဗုဒ္ဓကုန်းမြေအရှင်သခင်၏ မျက်လုံးများ စူးရှသွားသည်။ ဘိုးဘေးများသည် အနည်းငယ် စိုးရိမ်နေသည့်ပုံပင်။
ရီဖူရှင်းသည် အမှန်ပင် သူတို့ကို အန္တရာယ်ပြုနိုင်သည်လော။
ရီဖူရှင်းသည် ဤတစ်ကြိမ်တွင် ဗုဒ္ဓကုန်းမြေအရှင်သခင်ကို ပို၍ဂရုတစိုက်ကြည့်လိုက်ပြီး တွေးတောလိုက်သည်။ ထိုအခိုက်တွင် သူသည် အရှိန်အဝါတစ်ခုကို ထင်ထင်ရှားရှား အာရုံခံမိနေ၏။ သို့သော် ထိုအရှိန်အဝါသည် ဗုဒ္ဓကုန်းမြေအရှင်သခင်၏ အရှိန်အဝါ မဟုတ်ချေ။ ထိုအရှိန်အဝါသည် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအား ဖြစ်နိုင်သည်ဟု သူတွေးလိုက်သည်။
သို့သော် သူတို့သည် အပြည့်အဝ ပြန်လည်အသက်မဝင်လာသေးသဖြင့် ဗုဒ္ဓကုန်းမြေအရှင်သခင်၏ အင်အားအကုန်ကို မသုံးနိုင်လောက်ပေ။ အကယ်၍ သူတို့သည် ဝမ်ရှောင်၏စွမ်းအားကို အသုံးပြုခဲ့သော အရှင်ထျန်းယန်ကဲ့သို့ ပြန်လည်မွေးဖွားရန် ကြံထားပါက မယုံနိုင်လောက်အောင်ပင် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
ထိုရှေးဟောင်းနတ်ဘုရားကလန်များ၏ မဟာအင်ပါယာများသည် ယခုအထိ ထိုအဆင့်သို့ မရောက်သေးပေ။ သူတို့သည် အမွေအနှစ်များ၏စွမ်းအားဖြင့် ပြန်လည်ရှင်သန်လာလိုကြခြင်းပင်။ ထို့ကြောင့် သူတို့သည် မည်သည့်အန္တရာယ်ကိုမှ မစွန့်စားလိုပေ။
တစ်ချိန်တုန်းက ဟောင်ထျန်းကလန်၏ ဘိုးဘေးများသည်လည်း ထိုကဲ့သို့ ပြောခဲ့ဖူးသည်။
“နတ်ဘုရားအိုကြီးတွေ...”
ရီဖူရှင်းသည် ဗုဒ္ဓကုန်းမြေအရှင်သခင်ကို စိုက်ကြည့်၍ ပြောလိုက်၏။
ဗုဒ္ဓကုန်းမြေအရှင်သခင်၏ ပင်မခန္ဓာကိုယ်ထဲမှ အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသည်ဟု ရီဖူရှင်း ခံစားလိုက်ရ၏။
“မင်းခုနတုန်းက ဘယ်လိုစွမ်းအားမျိုးကို သုံးလိုက်တာလဲ”
ဗုဒ္ဓကုန်းမြေအရှင်သခင်က မေးခွန်းမေးလိုက်သည်။ သို့သော် ထိုသို့မေးလိုက်သူမှာ ဗုဒ္ဓကုန်းမြေအရှင်သခင်မဟုတ်ကြောင်း ရီဖူရှင်းသိပေသည်။ သူ၏ကိုယ်တွင်းမှ နတ်ဘုရားအိုကြီးများက မေးလိုက်ခြင်းဖြစ်သည်။
သူတို့သည် နတ်ဘုရားအုပ်စိုးလက်နက်၏ ထူးခြားသောစွမ်းအားကို သတိပြုမိခဲ့ကြသည်။ နတ်ဘုရားအုပ်စိုးလက်နက်ထဲတွင် ကောင်းကင်လမ်းစဉ်၏စွမ်းအား ပါဝင်လေသည်။ ထို့ကြောင့်လည်း ၎င်းသည် ဗုဒ္ဓနတ်စွမ်းအားကို ဖိနှိပ်နိုင်ခဲ့ခြင်းပင်။
“လောကထဲမှာ ပြန်ထွက်ပေါ်လာနိုင်ဖို့ ကြိုးစားနေကြတဲ့ ကျဆုံးပြီးသွားတဲ့ နတ်ဘုရားအိုကြီးတွေ... ခင်ဗျားတို့ရဲ့ နတ်စွမ်းအားတွေကို ပြန်ရသွားလည်း ကျုပ်က ခင်ဗျားတို့ထက် စွမ်းအားကြီးနေဦးမှာပဲ”
ရီဖူရှင်းသည် ထိုမေးခွန်းကို ပြန်မဖြေလိုက်ဘဲ ဗုဒ္ဓကုန်းမြေအရှင်သခင်ကို စူးစူးဝါးဝါးကြည့်ကာ ပြောလိုက်၏။ ဗုဒ္ဓကုန်းမြေအရှင်သခင်သည် ရီဖူရှင်းသည် ကြည့်သည်ဆိုရုံသာ ပြန်ကြည့်သည်။
တစ်ချိန်က ရီဖူရှင်းသည် ဟောင်ထျန်းကလန်၏ ဘိုးဘေးကိုလည်း ထိုကဲ့သို့ပင် ပြောခဲ့ဖူးသည်။ သို့သော် ကျဆုံးသွားသော နတ်ဘုရားအိုကြီးများကို ထိုမျှအလွယ်တကူ ခြိမ်းခြောက်နိုင်ပါမည်လော။
“အခု မဟာလောကပွင့်သွားပြီဆိုတော့ လောကထဲမှာ နတ်ဘုရားတွေ ပြန်ထွက်ပေါ်လာကြပြီ... ငါ ပြန်လာတဲ့နေ့က မင်းရဲ့သေနေ့ပဲ ဖြစ်လိမ့်မယ်”
ဗုဒ္ဓကုန်းမြေအရှင်သခင်သည် ရီဖူရှင်းကို ပြောလိုက်၏။ သူ၏လေသံသည် အလွန်ခက်ထန်နေသည်။ သူတို့သည် အသေးစိတ်အချက်များအားလုံးကို မေ့သွားကြပြီဖြစ်၍ ဟန်ဆောင်နေရန် မလိုတော့ပေ။
“အဲဒီလိုဆိုလည်း ကျုပ် အဲဒီနေ့ကို စောင့်နေပါ့မယ်”
ရီဖူရှင်းသည် သူ့ကို ကြည့်လိုက်ပြီးနောက် အဝေးသို့ လျှောက်သွားကာ ထိုနေရာမှ ထွက်ခွာသွားသည်။
သူတို့သည် ယခုတွင် သူတို့၏အသက်ကိုရင်း၍ တိုက်ခိုက်ခဲ့ပါက မည်သူရှင်မည်၊ မည်သူသေမည်ကို မပြောနိုင်ကြောင်း သိပေသည်။ ထို့ကြောင့် ထိုနေ့ရောက်သည်အထိ သူတို့သည် ဆက်၍ကျင့်ကြံနေကြရမည်ဖြစ်သည်။