ရင်းနှီးနေသောရောင်ဝါ
Vol. 155 Ch. 2157
ရှီမာယူယူသည် သူမဆီသို့ တဟုန်ထိုးလာနေသည့် အဝါတောက်တောက် စကတ်နှင့် ခေါင်းပေါ်တွင် ဆံထုံးလေးနှစ်ထုံးထုံးထားသော ကလေးငယ်ကို ကြည့်လိုက်သည်။ မျက်နှာသေးသေးလေးမှာ လုံးဝန်းပြီးချစ်စရာကောင်းနေရာ လူများကို ဆွဲဆိတ်ချင်စိတ်ပေါ်စေသည်။
သူမကို စောဒကတက်နေသည့် အသံနေအသံထားမှာ သူတို့နှစ်ယောက် သည် အသိအကျွမ်းများအလား အလွန်ပင်ရင်းနှီးလှသည်။
ဒါပေမဲ့ သူမက လူသားလောကမှာ မနေတာနှစ် ၁၀၀ ကျော်နေပြီ။ ဘယ် လိုလုပ် ဒီလောက် အသိအကျွမ်းငယ်ငယ်လေးရှိမှာလဲ။
“၁၀ လေး ဘာတွေစဉ်းစားနေတာလဲ ၁၀ လေးက လူတွေကိုမမှတ်မိဘူး မလား” ၁၁ လေးအော်လေသည်။
ရှီမာယူယူသည် သူမကိုထိုသို့အမည်တပ်မှပင် သတိထားမိကာ တအံ့တဩမေးလိုက်သည် “မင်းက ၁၁ လေးလား”
“ဟင်း မှတ်မိလို့တော်သေးတာပေါ့.. မဟုတ်ရင် ဒေါသထွက်တော့မလို့” ၁၁ လေးပြောလေသည်။
“ဟား ဟား တကယ်ပဲ မင်းပဲ” ရှီမာယူယူသည် ရင်းနှီးသောရောင်ဝါကို ခံစားမိသဖြင့် ဆောင့်ကြောင့်ထိုင်ကာ သူမ၏ခေါင်းကို နူးညံ့စွာကိုင်ပြီးမေး လိုက်သည် “ဘာလို့ မင်းတစ်ယောက်တည်းဖြစ်နေတာလဲ ကျန်တဲ့မိသားစုတွေ ရော”
“သူတို့ကထွက်မလာလို့ ကိုယ့်ဘာသာခိုးထွက်ခဲ့တာ” ၁၁ လေးသည် ဂုဏ်ယူစွာဖြင့်ပြောကာ ရင်ဘတ်ကိုကော့လေသည် “၁၀ လေး နိုးလာတော့ မယ်လို့ ညီမလေးပြောတာကို သူတို့ကမယုံကြဘူးလေ.. အဲဒါကြောင့် ထွက်ပြေးလာတာ.. ဘယ်လိုလဲ ညီမလေးပြောတာမှန်တယ် ၁၀ လေးက အခုပဲ နိုးလာတာပဲ”
၁၁ လေးသည် အလွန်ဂုဏ်ယူနေသည်။ သူမနှင့် ၁၁ လေးကြားတွင် ဆက်သွယ်ချက်တစ်ခုရှိနေသည့်ပုံပင်။
“၁၁ လေးနဲ့ အစ်မကြီးက စိတ်ချင်းဆက်နေတာပဲ” ရှီမာယူယူသည် ပြုံးပြီး ပြောလေသည် “ဒါပေမဲ့ မင်းဒီလိုလုပ်ရင် အဖေနဲ့အမေက စိတ်ပူနေမှာ ပေါ့”
သူမ မွေးဖွားခဲ့စဉ်က အားလုံးသည် သူမကိုစိတ်ပူပန်ခဲ့ကြသည်။ လက်ရှိ တွင် သူမ မည်မျှအဖိုးတန်သည်ကို တွေးကြည့်၍ရနိုင်သည်။
“ရပါတယ် ညီမလေးဘေးကင်းတယ်ဆိုတာ သူတို့သိကြတယ် အဲတော့ စိတ်ပူမှာမဟုတ်ဘူး” ၁၁ လေးသည် ပြုံးပြိးပြောလေသည်။
“ငါ သူတို့ကို ဆက်သွယ်ခိုင်းလိုက်မယ်.. ပြီးတော့ မင်းဒီကိုရောက်နေ တယ်ဆိုတာ ပြောလိုက်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပါပြီ သူတို့ကိုပြောမယ်ဆိုရင်လည်း ပြောပေါ့” ၁၁ လေးသည် မွေးဖွားကတည်းကပင် မငြိမ်မသက်ဖြစ်ခဲ့သည်။ သို့သော် သူတို့အကြားမှ နီးစပ် သည့် ဝိညာဉ်စွမ်းအားကြောင့်လားမသိပေ တခြားသူများ၏စကားကို နား မထောင်သော်လည်း သူမစကားကိုတော့ နားထောင်သည်။
ရှီမာယူယူသည် အန်းလေကို ခိုင်းလိုက်ပြီးနောက် ၁၁ လေးကို အခန်းထဲ သို့ခေါ်သွားလေသည်။
ရှီမာယူယူသည် ဝိညာဉ်အသီးများနှင့် မုန့်ပဲသရေစာများထုတ်ပြီး ဗန်းပေါ် တင်ကာ သူမရှေ့သို့ချပေးရင်း မေးလိုက်သည် “၁၁ လေး မင်းက လူသားပုံစံ တောင်ပြောင်းနေပြီလား”
၁၁ လေးသည် ဝိညာဉ်အသီးကိုရွေးပြီး သူမ၏လက်နှစ်ဖဝါးထက်ကြီး သည့် ပမာဏကိုကိုက်ပြီး ပြောလေသည် “ညီမ အဆင့်တက်ကတည်းက သွေးသားလည်း နိုးထလာတယ်.. အဲဒါကြောင့် ဒီလိုပုံစံပြောင်းလိုက်တာပဲ”
ရှီမာယူယူသည် သူမ၏အဖြေကို ကြားသောအခါ ရယ်ရမလား၊ ငိုရမလား ကိုမသိတော့ဘဲ သူမ၏ပါးပြင်လေးကို ဆွဲဆိတ်လိုက်သည်။
“၁၀ လေး ဘာလို့ အကြာကြီးအိပ်နေတာလဲ.. ၁၀ လေးသာရှိရင် ညီမက မိုးကြိုးဘေးဒုက္ခကို ဒီလောက်ဆိုးဆိုးကြီး ရင်မဆိုင်ရဘူးလို့ အဖေအမေတို့နဲ့ အစ်ကိုကြီးတွေပြောတယ်.. ညီမပြောမယ် အဲဒါက အရမ်းကိုနာတာပဲ” ၁၁ လေးသည် ရှီမာယူယူနှင့် နီးနီးကပ်ကပ်နေရသည်ကို သဘောကျသဖြင့် ယူယူ သူမကို ဆွဲဆိတ်ရာတွင် ရှောင်တိမ်းခြင်းမပြုပေ။
“အစ်မလို့ခေါ်” ရှီမာယူယူသည် သူမကိုအမှန်ပြင်ပေးလိုက်သည် “အစ်မ က ဒဏ်ရာရပြီး ဝိညာဉ်က တစ္ဆေလောကကိုရောက်သွားတာလေ၊ အဲဒါကြောင့် ဒီအစ်မရဲ့ခန္ဓာကိုယ်က တစ်ချိန်လုံးအိပ်နေတာ.. အခုပြန်လာပြီဆိုတော့ နိုးလာ တာပေါ့”
“ဒါဆို ၁၀ လေး နာလား.. ညီမလေး အရင်တစ်ခေါက်က ဒဏ်ရာအများ ကြီးမရတာတောင် အရမ်းနာတာပဲ” ၁၁ လေးသည် သူမကို ၁၀ လေးဟုသာ ခေါ်နေသည်။
“ဟုတ်တယ် အရမ်းကိုနာတာ.. အဲတော့ မင်းလိမ္မာရမယ်နော် ဒဏ်ရာ နည်းလေ မနာလေပဲ သိပြီလား” ရှီမာယူယူ ပြောလိုက်သည်။
“အိုး သိပြီ” ၁၁ လေးခေါင်းညိတ်လေသည်။
ရှီမာယူယူသည် သူမကို ပြုံးပြီးချီးကျူးလိုက်သည် “လိမ္မာတယ်”
“၁၀ လေး ခုနက ၁၀ လေးနဲ့အတူရှိနေတဲ့ အမတလိုလူမျိုးက ဘယ်သူလဲ သူကအရမ်းကြည့်ကောင်းတာပဲ.. အစ်ကိုတွေအကုန်လုံးထက် ပိုကြည့်ကောင်း တယ်” ၁၁ လေးပြောလေသည်။
“အဲဒါက အစ်မသူငယ်ချင်းလေ” ရှီမာယူယူ ပြောလိုက်သည်။
“သူနဲ့ ကစားလို့ရလား”
“သူက တိတ်တိတ်ဆိတ်ဆိတ်နေရတာကြိုက်တယ် အဲဒါကြောင့် သူ့ကို သွားမနှောင့်ယှက်နဲ့” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ” ၁၁ လေးသည်မျက်လုံးများ အရောင်တောက်စွာဖြင့် နာခံ စွာ ပြန်ဖြေလေသည်။
၁၁ လေးသည် ကလေးဘဝကထက် ပို၍ကျိုးနွံနေသည်ကို ရှီမာယူယူ ခံစားမိသဖြင့် အကြိမ်အနည်းငယ် ချီးကျူးမိသည်။ သို့သော် သူမမျက်နှာကို ဖြတ်ရိုက်ရန် အချိန်မကြာလိုက်ပေ။
“သခင်မလေး မင်းသမီးလေး ၁၁ က လက်ထောက်လေးရဲ့ ခေါင်မိုးကို လှန်ပစ်လိုက်တယ်” ရှီမာယူယူသည် ရှီယူနှင့် မိုဒိဆန်းတို့နှင့် စကားပြောနေချိန် တွင် အန်းလေသည် ပြေးလာပြီး အစီရင်ခံလေသည်။
“ဘာ” ရှီမာယူယူသည် ထိတ်လန့်သွားကာ လက်ထောက်လေး နေသည့် နေရာသို့သွားလိုက်သည်။
ထိုနေရာတွင် လူအများစုဝေးနေပြီဖြစ်ကာ လူအုပ်၏တခြားတစ်ဖက် တွင် လှန်ကျနေသောအိမ်အမိုးကိုတွေ့ရလေသည်။ ရှီမာယူယူ လာနေသည်ကို မြင်သောအခါ သူတို့သည် သူမကို ဖြတ်သွားရန်လမ်းဖယ်ပေးကြသည်။
ရှီမာယူယူ ဝင်သွားလိုက်ရာ အကူအညီမဲ့နေသည့် လက်ထောက်လေးနှင့် ဒေါသထွက်နေသည့် ၁၁ လေးကိုမြင်လိုက်ရသည်။
“ဘာဖြစ်တာလဲ” ရှီမာယူယူ လျှောက်သွားကြည့်ရာ လှန်နေသောအိမ် ခေါင်းမိုးကိုတွေ့လိုက်ရသည် “အဲဒီအမိုးကို လှန်ပစ်တာဘယ်သူလဲ”
၁၁ လေးကြည့်လိုက်ရာ ရှီမာယူယူ၏ ရင့်သီးသောမျက်လုံးများကို မြင် သောအခါ သူမ အဆုံးသတ်သွားပြီကို သိလိုက်ရသည်။
“ညီမက သူနဲ့ကစားချင်ရုံတင်ပါ.. သူက ညီမကိုလျစ်လျူရှုတော့ ဒေါသ ထွက်သွားပြီး ခန္ဓာကိုယ်ထဲက စွမ်းအားကို ခဏလောက် မထိန်းနိုင်ဖြစ်သွား တာ.. တောင်းပန်ပါတယ် ၁၀ လေး” ၁၁ လေးသည် တိုးညင်းသောအသံဖြင့် ပြောလေသည်။
သူမ အမှားကို သူမသိသွားသည်ကို ရှီမာယူယူမြင်သောအခါ ပြောင်းလဲ သွားပြီး သူမကိုဒေါသမထွက်တော့ဘဲ ပြောလိုက်သည် “သူ့ကို သွားမနှောင့် ယှက်ပါဘူးလို့ ကတိပေးထားတယ်မလား”
“သူက ကြည့်ကောင်းတယ်လို့ ထင်ရုံတင်ပါ” ၁၁ လေးသည် ရေရွတ် လိုက်သည်။
လူကသာငယ်တာ တော်တော်ရူးတာပဲ။
ရှီမာယူယူသည် သူမ၏ခေါင်းကိုပုတ်လိုက်သည်။ ထို့နောက် လက်ထောက်လေးကို ပြောလိုက်သည် “မင်းကို ခြံဝန်းနောက်တစ်ခုပေးမယ်”
“ဟုတ်ပြီ” သူ ခေါင်းညိတ်လိုက်သည်။ သူ မည်သည့်နေရာတွင် နေရ စေကာမူ ကိစ္စမရှိပေ။
ရှီမာယူယူသည် လက်ထော်ကလေးအတွက် နောက်ထပ်ခြံဝန်းတစ်ခု စီစဉ်ပေးပြီးနောက် ၁၁ လေးကို ပြန်ခေါ်လာသည်။
“၁၁ လေး လက်ထောက်လေးကို ထပ်ပြီးသွားမနှောင့်ယှက်နဲ့တော့ ဟုတ် ပြီလား” ရှီမာယူယူ တိုက်တွန်းလေသည်။
“အိုး” ၁၁ လေးသည် မွန်းကြပ်စွာဖြင့် ခေါင်းညိတ်သွားသည် “ဒါပေမဲ့ သူက တကယ်ချောနေတာလေ”
“အကုန်လုံးကတော့ အလှကြိုက်တတ်ကြတာပဲ.. ဒါပေမဲ့ အဲဒါက ဘာမှ မဟုတ်ဘူး.. ဒါပေမဲ့ မင်းကြိုက်တာနဲ့ပဲ သူများကိုဒုက္ခဖြစ်စေမယ်ဆိုရင် အဲဒါက မမှန်ဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ မင်းကြိုက်တာကြောင့်ပဲ သူများကို ပြဿနာဖြစ်စေလိမ့်မယ်.. ပြောပါဦး မင်းသဘောကျတဲ့လူက မင်းကို မုန်းရင် မင်းဝမ်းမနည်းဘူးလား.. အဲဒါက ပိုပြီးမတန်တာမဟုတ်ဘူးလား ပြော ပါဦး ငါပြောတာမှန်လား”
၁၁ လေးသည် လက်ထောက်လေး၏ လျစ်လျူရှုသည့် မျက်နှာကို ပြန်တွေးကြည့်ပြီး ခေတ္တမျှစဉ်းစားနေသည်။
“ရုပ်ချောတဲ့လူကိုကြိုက်ရင် အဝေးကကြည့်နေလို့ရတယ် သူတို့ကို သွား မနှောင့်ယှက်ရဘူး.. အဆိုတစ်ခုတောင်ရှိသေးတယ်.. အဝေးကနေပဲကြည့်နေ လို့တော့မရဘူး” ရှီမာယူယူ ဆက်ပြောလေသည် “မင်းလူတစ်ယောက်ကို သဘောကျရင် အဲလူကိုလေးစားရမယ်”
“သိပါပြီ ၁၀ လေး” သူမ နားထောင်သည်ကို ရှီမာယူယူ မြင်သဖြင့် ဘာမှ ထပ်မပြောတော့ပေ။ အလွန်အကျွံပြောမိလျှင် ဆန့်ကျင်ဘက်ဖြစ်သွားနိုင် သည်။
“ဒါနဲ့ ၁၀ လေး ရှောင်ချီဘယ်မှာလဲ.. သူမကို မတွေ့မိဘူး” ၁၁ လေးမေး လေသည်။
သူမ သဘောကျသည့်လူ သူမကိုမမုန်းစေရန်အတွက် ယနေ့တော့ သွား မရှာရန်ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အရင်က အတူကစားခဲ့သည့် ရှောင်ချီ ကို သွားအမှတ်ရလိုက်သည်။
သူမကို မွေးဖွားရခက်စဉ်က ရှောင်ချီ၏အဆီအနှစ်နှင့် ကယ်ခဲ့ရသည်။ နောက်ပိုင်းတွင် ရှောင်ချီသည်လည်း သူမနှင့် ကစားပေးခဲ့ရာ သူတို့နှစ်ယောက် သည် သူငယ်ချင်းဟုပင် ပြော၍ရသည်။
“ရှောင်ချီတို့က အပြင်ထွက်ပြီး သွားလည်ကြတယ်” ရှီမာယူယူ ပြော လိုက်သည် “သူတို့တွေက အရင်က အကြာကြီးပိတ်လှောင်ခံထားခဲ့ရတော့ ငါ နိုးလာတာနဲ့ အပြင်သွားခိုင်းလိုက်တာ”
ရှောင်ချီတို့သာမကဘဲ ဗျိုင်းမျိုးနွယ်၏အကြီးအကဲများနှင့် တောင်ပံလေး ခုဂဠုန်မျိုးနွယ်များပါ ပါသည်။ ယခု သူမ၏အင်အား တိုးလာသဖြင့် သူတို့၏ ကာကွယ်မှုကိုမလိုတော့ပေ။ ထို့ကြောင့် ကြက်သွေးရောင်မီးတောက်ကလွဲပြီး သူမဘေးတွင် မည်သူမှမရှိပေ။
“၁၁ လေး” မာန်ဟိန်းသောအသံတစ်သံကြောင့် ၁၁ လေး၏ ခန္ဓာကိုယ် မှာတုန်ယင်သွားပြီး ရှီမာယူယူ၏ နောက်သို့ အလိုလိုပြေးဝင်ပုန်းလေသည်။
***