← Chapters

သခင်ငယ်လေး

Vol. 155 Ch. 2158

သခင်ငယ်လေး

Vol. 155 Ch. 2158

ရှီမာယူယူသည် ထိုအသံကိုကြားပြီး ၁၁ လေး၏ တုံ့ပြန်မှုကိုမြင်သည်နှင့် ပြုံးမိသည်။

“မင်းမကြောက်ဘူးလို့ မပြောခဲ့ဘူးလား ဘာလို့လာပုန်းနေတာလဲ”

“၁၀ လေးမသိလို့.. တခြားအစ်ကိုတွေက ဆွေးနွေးတဲ့နေရာမှာတော် တယ် ဒါပေမဲ့ အစ်ကိုကြီးကတော့ ကြမ်းတယ်.. သူက ညီမကို အမြဲတမ်းရိုက် ချင်နေတာ” ၁၁ လေးသည် ပုပ်သိုးသောမျက်နှာဖြင့် ပြောလေသည်။

ကံကောင်းစွာပင် တော်ဝင်ခရမ်းရောင်ရေနဂါးမျိုးနွယ်သည် သူမကို စောင့်ကြည့်ထားမည့် လူလွှတ်ထားခဲ့သည်။ မဟုတ်လျှင် ကောင်းကင်ကြီး ပြောင်းပြန်ဖြစ်သွားမည်ပင်။

ဝူလာလီသည် လေဟာပြင်မှထွက်လာပြီး ရှီမာယူယူကို အရင်မြင်လိုက် ရာ သူမ နိုးလာသည်ကို မယုံကြည်သည့်အလား ခေတ္တမျှမှင်တက်သွားသည်။

“အစ်ကိုကြီး ဒီလိုမျိုးကြည့်နေတာ ကျွန်မကို မမှတ်မိလို့လား” ရှီမာယူယူ သည် သူ့ကိုမေးလိုက်သည်။

“မင်း တကယ်ပဲ နိုးလာတာလား” ဝူလာလီသည် အံ့ဩသွားကာ ခံစား ချက်များရောထွေးသွားသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် နောက်ဆုံးတွင် သူမ နိုးလာပြီဖြစ်သည်။

“ဟုတ်တယ် အစ်ကို့ရှေ့မှာ ရပ်နေတာပဲမဟုတ်ဘူးလား” အမြဲတစေ ကြံ့ခိုင်ပြီး ပြတ်သားလေ့ရှိသော ဝူလာလီသည် မှင်တက်နေသည်ကို ရှီမာယူယူ ကြည့်ပြီး ရယ်မောလိုက်သည်။

“မင်း နိုးလာပြီလို့ ၁၁ လေးပြောတော့ သူမ ထပ်ပြီး အပြင်သွားကစားချင် လို့ပြောတယ်ထင်နေတာ” ဝူလာလီပြောလိုက်သည် “မင်းနိုးလာတယ်ဆိုတော့ ကောင်းတာပေါ့”

“၁၁ လေးက ဒီရောက်နေတာ ရက်ပိုင်းလောက်တောင်ရှိပြီ.. ပြီးတော့ အစ်ကိုတို့ကို လူလွှတ်ပြီး သတင်းပို့ခိုင်းထားတယ် မသိဘူးလား.. ဒါဆို ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“၁၁ လေးပျောက်သွားတုန်းက ငါလည်း သူမကိုရှာဖို့ထွက်လာတာ.. သူမ ရဲ့ရောင်ဝါနောက်လိုက်လာတော့ လမ်းကြောင်းတွေ့တော့ ဒီရောက်နေမယ်လို့ မှန်းမိသွားတာ.. ငါ သတင်းလွတ်သွားတယ်” ဝူလာလီ ပြောလိုက်သည်။

“၁၁ လေးနဲ့ ကျွန်မကြားမှာ ရင်းနှီးမှုရှိနေတော့ ကျွန်မနိုးလာတာနဲ့ သူမ ခံစားမိတာ” ရှီမာယူယူသည် အနောက်သို့လက်ဆန့်ကာ ၁၁ လေးကို ပုတ်ပြီး ထွက်လာခိုင်းလိုက်သည်။

၁၁ လေးသည် အနောက်မှ ခေါင်းပြူထွက်ပြီး ပြောလေသည် “မြင်လား ညီမပြောပါတယ် ၁၀ လေးက နိုးနေပါပြီဆို ဘယ်သူမှမယုံကြဘူး”

“မင်း ပြောတာမှန်ရင်တောင် တစ်ယောက်တည်း ထွက်မလာသင့်ဘူး လေ မင်းတစ်ခုခုဖြစ်သွားရင် ငါတို့က ဘယ်လိုလုပ်ရတော့မှာလဲ” ဝူလာလီ လျှောက်လာပြီး ၁၁ လေး၏ နားကိုဆုပ်ကိုင်ပြီးသူမကိုဆွဲထုတ်လိုက်သည်။

“ကြည့်လေ အခုကောင်းနေတာပဲမလား” ၁၁ လေးပြောလိုက်သည် “ပြီးတော့ ၁၁ လေးက ကလေးလည်းမဟုတ်တော့ဘူး ဘာလို့အဲလောက်တွေ စိတ်ပူနေတာလဲ”

“ထပ်ပြောပါဦး ဟင်”

“ညီမပြောတာ.. မှားသွားပါတယ် နောက်တစ်ခါမလုပ်တော့ပါဘူး” ဝူလာလီ ထိုအတိုင်းပြုမူသည့်အချိန်တိုင်းတွင် အမှားကိုဝန်ခံရမည်ကို ၁၁ လေး သိသည်။

ပြီးနောက် ဤအစ်ကိုကြီးသည် သူမ၏ခမည်းတော် မယ်တော်များထက် ပိုကြမ်းသည်။ ခမည်းတော်၊ မယ်တော်တို့ပင် သူ့ကိုမတားနိုင်ကြပေ။

“အစ်ကိုကြီး ၁၀ လေးကနိုးလာတာမကြာသေးဘူး၊ သူမနဲ့ စကားမပြော ချင်ဘူးလား” သူမသည် ဝူလာလီအား အာရုံလွှဲပြီး သူမကိုယ်သူမ ကယ်တင် လိုက်သည်။

ပြီးနောက် သူမသည် ရှီမာယူယူ၏ စကတ်ကိုပင် ဆွဲနေသည်။

“အစ်ကိုကြီး ဟုတ်သားပဲ ၁၁ လေးလည်း သူ့အမှားသူသိနေပါပြီ” ရှီမာယူ ယူ ပြောလိုက်သည် “ဒီအချိန်အတွင်းမှာ သူမကိုရှာဖို့ အစ်ကိုကြီးလည်း ပင်ပန်း သွားပြီ အဲတော့ ဒီမှာနေပြီး ကောင်းကောင်းအနားယူလိုက်ပါ.. နောက်နှစ်လဆို ကျွန်မ အသက် ၂၀၀ ပြည့်မွေးနေ့ရောက်ပြီ အဆင်ပြေရင် ၁၁ လေးနဲ့နေလိုက် ပါ”

“ဟုတ်တယ် ၁၀ လေးက အသက် ၂၀၀ ပြည့်တော့မှာ ပြီးတော့ သူမက အခုမှနိုးလာတာ.. ဒီမှာနေပြီး သူမကို ဂုဏ်မပြုချင်ဘူးလား.. အဖေနဲ့အမေ လည်းရောက်လာနိုင်တာပဲ” ၁၁ လေးသည် လျင်မြန်စွာပင် သံယောင်လိုက်လေ သည်။

“အေး လျှောက်မလုပ်နဲ့တော့ သွား.. ကိုယ့်အမှားကိုယ် ပြန်သုံးသပ်နေ” ဝူလာလီ ပြောလိုက်သည်။

“အိုး” ၁၁ လေးသည် နာခံစွာဖြင့် ဘေးသို့လျှောက်သွားပြီး မတ်တတ် ရပ်ကာ ပန်းအကြောင်းကိုသာ တွေးနေလိုက်သည်။

ရှီမာယူယူသည် မျက်ခုံးများကို ပင့်မိသည်။ သူမဒီလောက် လိမ္မာတာပဲ။

ဝူလာလီသည် ရှီမာယူယူအား အနီးအနားရှိ အဆောင်ငယ်ကို ထိုင်ရန် ပြောလေသည်။ သူတို့နှစ်ယောက်ရှိနေသည့်နေရာမှာ ၁၁ လေး၏ ကျောပြင်ကို မြင်နေရသည်။

“မင်းလည်းသိတဲ့အတိုင်းပဲ မွေးဖွားရခက်ခဲ့လို့ အကုန်လုံးက သူမကို အရမ်းချစ်ကြတာ.. ပြီးတော့ သူမရဲ့သွေးသားလည်း နိုးထလာပြီ အဲဒါကြောင့် သူမ လုပ်ချင်တဲ့အတိုင်း လုပ်ခွင့်ပေးထားကြတာလေ.. မျိုးနွယ်မှတော့ သူမက နတ်ဆိုးလေးပဲ” ဝူလာလီ ပြောလိုက်သည် “သူမကိုသာ စောင့်ကြပ်မထားရင် စည်းမဲ့ကမ်းမဲ့ဖြစ်သွားတော့မှာ”

“သူမက ငယ်ပါသေးတယ် အဲလောက်အရမ်းကြီး ဖိအားပေးဖို့မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ငယ်တယ်ဟုတ်လား” ဝူလာလီသည် သူမကို စူးရှစွာ ကြည့်လိုက်သည် “မင်းက သူမထက် ဘယ်လောက်တောင် အသက်ကြီးလို့လဲ.. မင်းကသာ အဲလိုပြောနေတာ သူမကတော့ ဝန်ခံဖို့ရှက်နေတာ”

“အာ…” ရှီမာယူယူသည် နှာခေါင်းကိုထိလိုက်သည်။ သူမသည် အမှန် တကယ်ပင် ၁၁ လေးနှင့် အသက်မကွာလှပေ။ “အစ်ကိုပြောသလောက်ထိ တော့မဟုတ်ပါဘူး”

“ဘာလို့လဲ.. မင်းကြုံတွေ့ခဲ့ရတာကိုကြည့်ဦး သူမရော ဘာတွေကြုံတွေ့ ခဲ့လဲ” ဝူလာလီသည် ခေါင်းကိုခါယမ်းလိုက်သည် “သူမသာ မင်းရဲ့ ၁၀ ပုံ ၁ ပုံ သာတည်ငြိမ်ရင် ငါစိတ်ပူမှာမဟတု်ဘူး”

“သူမက အများကြီး ဒုက္ခပေးခဲ့တာလား”

“ဒီနေ့ သူများရဲ့နဂါးမုတ်ဆိတ်ကိုသွားမဆွဲရင် မနက်ဖြတ်ကျ သူများအိမ် ကိုသွားဖျက်ဆီးတယ်.. မဟုတ်ရင် ဘေးအိမ်ကသခင်လေးကို ရိုက်တယ်.. သူများအိမ်က မိသားစုရတနာကိုတောင် ဖျက်ဆီးပစ်ဖူးတယ်.. အဲလိုမျိုး ကိစ္စ တွေတော့ ပြောလို့ကိုမဆုံးတော့ဘူး.. ဒါပေမဲ့ ခမည်းတော်နဲ့ မယ်တော်တို့က သူမကို အလိုလိုက်နေတော့ အပြစ်လုပ်တိုင်းလည်း အပြစ်ပေးမခံရဘူး.. အခု သူမက ပင်လယ်ရဲ့ သခင်ငယ်လေးကိုဖြစ်ရော”

၁၁ လေးသည် အနည်းငယ် ဆိုးသွမ်းသည်ဟု ရှီမာယူယူလည်း ထင်ခဲ့ သည်။ သို့သော် သူပြောသည့်စကားများကို နားထောင်ရုံနှင့် ခေါင်းကိုက်လာ သည်။

“ကံကောင်းလို့ ငါတို့တွေက ကြယ်ကိုးပွင့်သမုဒ္ဒရာကို နှစ်တွေ အများကြီးအုပ်စိုးလာခဲ့လို့.. သူတို့တွေက ငါတို့ကိုမနာခံဘူးဆိုရင်တောင် ပြဿနာမရှာရဲကြဘူး.. တခြားနေရာမှာသာဆိုရင် သူမတော့ ငြိမ်းချမ်းတဲ့ဘဝ ဆိုတာ ဝေးသေး”

“အရမ်းကြီးလည်းစိတ်မပူပါနဲ့.. ပတ်ဝန်းကျင်ကြောင့် လူဆိုတာဖြစ်လာ တာပဲ.. ကြယ်ကိုးပွင့်သမုဒ္ဒရာသာ အရင်ကလို ရှုပ်ထွေးနေရင် သူမလည်း ဒီလိုဖြစ်မှာမဟုတ်ပါဘူး” ရှီမာယူယူ ရှင်းပြလေသည် “ဒီလိုဖြစ်လာမှတော့ နောက်ကို သူမကို အပြင်ထွက်ပြီး အတွေ့အကြုံယူခိုင်းလိုက်ရင် သူမလည်း မြန်မြန်အရွယ်ရောက်လာမှာပါ.. အပြင်မှာ အန္တရာယ်များတာနဲ့ပဲ သူမကို အပြင်ထွက်ဖို့ တားလို့မရဘူး.. အဲဒါက သူမအတွက် ပိုဆိုးလိမ့်မယ်”

“ငါလည်း အဲလိုတွေးမိပါတယ် ဒါပေမဲ့ သူက ဘယ်သူ့စကားမှနား မထောင်ဘူးလေ.. သူမကို ဒီအတိုင်းလွှတ်ထားလိုက်ရင် မြေကြီးကိုတောင် အထက်အောက်လှန်ပစ်လိမ့်မယ်” ဝူလာလီ ပြောလိုက်သည် “သူမကို မင်းရဲ့ နောက် ဘာလို့မလိုက်ခိုင်းတာလဲ.. အရင် သူမ ဥထဲမှာရှိတုန်းက ငယ်ငယ် ကတည်းက မင်းနဲ့ရင်းနှီးခဲ့တာပဲ မင်းသာ သူမကိုကြည့်ပေးရင် သူမလည်း အရမ်းမဆိုးလောက်ပါဘူး”

“သူမကို ကျွန်မနောက်လိုက်စေချင်လို့လား”

“နောက်မှ အဖေအမေတို့နဲ့ ဆွေးနွေးလိုက်ဦးမယ်.. သူတို့လည်း သဘော တူမှာပါ.. မင်းက သူတို့ရဲ့ဂုဏ်ယူစရာလေးဖြစ်နေတာလေ” ဝူလာလီ ပြော လိုက်သည်။

ရှီမာယူယူသည် တဒင်္ဂမျှတွေဝေသွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည် “ကျွန်မလည်း လုပ်ငန်းကြီးတော့မရှိသေးဘူး သူမ ကျွန်မနောက်ကိုလိုက်လို့ရ ပါတယ်.. နောက်ကို အန္တရာယ်ရှိလာရင်တော့ သူမကိုလာကြိုဖို့ လူလွှတ်လိုက် ပါ”

“တစ်ခုခုဖြစ်လို့လား” ဝူလာလီ မေးလိုက်သည် “အန္တရာယ်များလို့လား”

“ဘာမှတော့မဖြစ်သေးပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ကြိုပြောထား တာပါ”

“အန္တရာယ်များတာဆိုရင်လည်း ငါတို့ကို သတင်းပို့လိုက်ပါ မင်းကို ကူညီ ဖို့လူလွှတ်ပေးမယ်.. ကြယ်ကိုးပွင့်နဲ့ မြေအောက်ပင်လယ်တွေက ငါတို့အုပ်စိုးမှု အောက်မှာပဲ” ဝူလာလီ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” ရှီမာယူယူ ရင်ထဲထိသွားရသည်။

“ယူယူ ယူယူ ရှောင်ချီတို့ ပြန်လာပြီ ဘယ်သူ့ကိုခေါ်လာလဲ ကြည့်လိုက်” ရှောင်ချီသည် အပြင်မှ အော်ပြီးပြေးဝင်လာကာ ခြံထဲမှ အရုပ်လေးကိုမြင်သော အခါ ပြောလေသည် “မင်းက ဘယ်သူလဲ”

“ရှောင်ချီ” ၁၁ လေးသည် ရှောင်ချီကိုမြင်သောအခါ ပျော်ရွှင်စွာ ပြေးဝင် သွားလိုက်သည်။ သို့သော် ရှောင်ချီ၏ လက်သီးကြောင့် အဝေးသို့လွင့်သွားလေ သည်။

“ရှောင်ချီ သူမက ၁၁ လေးလေ” ရှီမာယူယူ ပြောလိုက်သည်။

“၁၁ လေးလား အဲဒီဥလား” ၁၁ လေးကို စဉ်းစားမိပြီး ရှောင်ချီသည် နှစ် ကြိမ်ရယ်မောကာ ပြောလိုက်သည် “ဒါက.. တောင်းပန်ပါတယ် ၁၁ လေး ငါ စိတ်လှုပ်ရှားသွားလို့ စိတ်နဲ့လူနဲ့ မကပ်ဘူးဖြစ်သွားတယ်”

သူမသည် ၁၁ လေးကိုဆွဲထူရာ ၁၁ လေးသည် ဆူပုပ်နေပြီး ငိုတော့ မတတ်ဖြစ်နေသည်။

***

All Chapters