မသန်စွမ်းကဲ့သို့ဆက်ဆံခြင်း
Vol. 155 Ch. 2159
ရှီမာယူယူသည် ၁၁ လေး၏ နစ်နာသောပုံစံကိုမြင်သည်နှင့် လျှောက် သွားပြီး သူမခေါင်းကိုထိပြီးနှစ်သိမ့်ပေးလေသည်။ ထို့နောက် ရှောင်ချီကိုကြည့် ပြီးပြောလိုက်သည် “လူခေါ်လာတာဆို”
“ဟုတ်တယ် အဖွဲ့လိုက်ပဲ” ရှောင်ချီ အော်လေသည်။
ရှီမာယူယူသည် ခြံဝန်းတံခါးဝမှ လှုပ်ရှားမှုကိုခံစားမိသဖြင့် ကြည့်လိုက် ရာ ထိုလူမျာသည်ကိုမြင်သည်နှင့် မျက်လုံးများသည် ချက်ချင်းများပင် နီရဲသွား လေသည်။
“အစ်မ” ရှီမန်ဖန်သည် တုန်ယင်သောအသံဖြင့် ခေါ်လေသည်။
ရှီမန်လီသည် သူမဆီသို့ ပြေးဝင်လာကာ ရှီမာယူယူအားရင်ခွင်ထဲထည့် ပြီး ဆို့နင့်နေသောအသံဖြင့် ခေါ်လေသည် “မမ နောက်ဆုံးတော့ နိုးလာပြီပဲ”
“လီအာ” ရှီမာယူယူသည် သူမပခုံးပေါ်မှ အဝတ်သည် မျက်ရည်များ ကြောင့် ရုတ်တရက်စိုရွှဲသွားသည်ကို ခံစားမိပြီး သူမ၏ကျောပြင်ကို ပုတ်ပေး လိုက်သည် “မငိုနဲ့ မမ ဒီကိုရောက်နေပြီ”
“မမ တောင်းပန်ပါတယ် ညီမကြောင့် မမက… အဲတုန်းက ညီမကို လာ မတွေ့ရင်ပိုကောင်းမှာ” နှစ်ပေါင်းများစွာကြာသွားသော်ငြား ထိုစဉ်ကအဖြစ်ကို ပြန်တွေးလိုက်သည်နှင့် ရှီမန်လီသည် နောင်တရနေတုန်းပင်။
ထိုစဉ်က သူမအဖမ်းခံရသဖြင့် ရှီမာယူယူသည် သူမကိုကယ်ရန်သွားခဲ့ ရာမှ အနက်ဝတ်လူများသည် ပညာရှိစံအိမ်တော်နှင့် ဆက်စပ်နေသည်ကိုသိခဲ့ ပြီး ကိစ္စများစွာဖြစ်ပျက်ခဲ့သည်။ သူမ အကြိမ်ပေါင်းများစွာစဉ်းစားမိတိုင်း ထို စဉ်ကသာ သူမ လေ့ကျင့်ရန်ထွက်မသွားခဲ့လျှင်၊ သူမသာ အဖမ်းမခံရခဲ့လျှင်၊ သို့မဟုတ် အဖမ်းခံရပြီးနောက် ရှီမာယူယူကို မဆက်သွယ်ခဲ့လျှင် ဤကဲ့သို့ ကိစ္စ များဖြစ်လာမည်လား။
“မဟုတ်တာတွေ” ရှီမာယူယူသည် သူမကိုလွှတ်ပြီး လက်ဆန့်ထုတ်ကာ သူမမျက်နှာမှ မျက်ရည်များကို သုတ်ပြီးပြောလိုက်သည် “မမက လီအာရဲ့ မမ လေ ဘယ်လိုလုပ် လျစ်လျူရှုနိုင်မှာလဲ.. ပြီးတော့ မမကဘာမှမလုပ်ခဲ့တာ မဟုတ်ဘူး.. တစ္ဆေလောကကို သွားပြီးအမေ့ကိုကယ်ခဲ့တယ်.. မမကအိပ်နေ တာမဟုတ်ဘူး.. လုပ်စရာရှိတာကို သွားလုပ်နေရုံပဲ.. လီအာက မမကို အခွင့် အရေးပေးခဲ့တာပဲ.. မဟုတ်ရင် တစ္ဆေလောကကိုသွားဖို့ တခြားနည်းလမ်းရှာရ ဦးမယ်.. အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့တော့”
“အင်း” ရှီမန်လီသည် သူမစကားများကို လက်ခံလှသည်မဟုတ် သော်လည်း ခေါင်းညိတ်လိုက်သည်။
“ယူယူ”
“ယူယူ နိုးလာပြီပဲ.. ဒီတစ်ခါမှမနိုးရင်လည်း မင်းကို လွှင့်ပစ်တော့မလို့”
ဘေဂုံထန်၊ ဝူရန်ဖေ၊ ဝေကျိရွှီနှင့် ဖက်တီးကျူတို့ရောက်လာပြီး ပြုံးရွှင် စွာပြောလေသည်။
ရှီမာယူယူသည် သူတို့လေးယောက်ကိုမြင်လိုက်သည်နှင့် သူတို့ အတူတကွ ကြီးပြင်းခဲ့သည့်အချိန်များကို ပြန်မြင်ယောင်ကာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်
ဖက်တီးကျူ သူမကို ဘုပြောနေသည်ကိုကြားသည်နှင့် သူမ မျက်ခုံးများ ပင့်ပြီးပြောလိုက်သည် “အဲဒါတော့ မဟုတ်သေးဘူး”
“မင်းအားက ဘယ်တုန်းက ထပ်တိုးသွားပြန်တာလဲ” ဖက်တီးကျူသည် သူမ၏ အားကိုမမြင်နိုင်သဖြင့် တအံ့တဩကြည့်လိုက်သည်။
“ဝိညာဉ်က ခန္ဓာကိုယ်ဆီကိုပြန်လာတုန်းက အားနည်းနည်းတိုးလာတယ်” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။
“ဒါဆို မင်းဘယ်အဆင့်ရောက်သွားပြီလဲ”
“အိုး ငါ စံတင်အဆင့်ပဲရောက်သေးတယ်”
“ဟား.. စံတင်အဆင့်ပဲ.. ဒါပဲလား” ဖက်တီးကျူသည် ဤနှစ်များတွင် သူတို့အတွက် အခွင့်အရေးရပြီး သူမကိုဖိနှိပ်နိုင်တော့မည်ဟု ထင်ထားခဲ့သည်။ သူမ နိုးလာသည်နှင့် သူမ၏အားမှာ စံတင်အဆင့်သို့ရောက်သွားမည်ဟု မည်သူ ထင်ထားမည်နည်း။ သူတို့အတွက် ရိုက်ချကြီးလှသည်။
သူမ၏ အားအင်ကို ပထမဆုံးအကြိမ်ကြားလိုက်ချိန်တွင် အခန်းထဲမှ လူ များအားလုံး အံ့ဩသွားကြသည်။
“ငါ့ကို အဲလိုမျိုးကြည့်ဖို့မလိုပါဘူး.. ငါက ဒီအားတွေကို ကျင့်ကြံခဲ့တာ မဟုတ်ဘူး.. ငါ့ဘိုးဘေးကြီးက သူ့စွမ်းအားကို ပေးထားခဲ့တာ.. ငါ့ဝိညာဉ် ခန္ဓာ ကိုယ်ကိုပြန်လာတုန်းက ဒီအားတွေက ငါ့ခန္ဓာကိုယ်ကို အားဖြည့်ပေးခဲ့တာ.. အဲဒါကြောင့် ငါ့မှာ ဒီအင်အားရှိနေတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
တကယ်တော့ သူမသည် စွမ်းအားများအားလုံးကို မစုပ်ယူခဲ့ပေ။ သူမ၏ တချို့သောစွမ်းအားများမှာ ချိပ်ပိတ်ခံထားရတုန်းပင်။ မဟုတ်လျှင် သူမ၏ လက်ရှိအဆင့်မှာ ပို၍ကြောက်ဖို့ကောင်းမည်။
ထို့အပြင် သူသည် နဝမမရဏာမျိုးနွယ်၏ ဘိုးဘေးကြီးဖြစ်ရာ သူ၏ အသက်အားအင်သည် ဧကရာဇ်လောက် မရိုးရှင်းပေ။
“ဒါပေမဲ့ မင်းတို့တွေ အခုလုပ်တာကောင်းပါတယ်.. နှစ်ပေါင်း ၁၀၀ ကျော် တာကို ဒီအဆင့်ရောက်နေကြပြီပဲ” ရှီမာယူယူသည် သူတို့၏စွမ်းအားမှာ များစွာတိုးတက်လာသည်ကို ခံစားမိသည်။
“ငါတို့က ဒီနှစ်တွေမှာ ကံကောင်းခဲ့လို့ပါ” ဝေကျိရွှီ ပြောလိုက်သည်။
“ယူယူ နင့်ခန္ဓာကိုယ် ဘယ်လိုနေလဲ” ဘေဂုံထန်သည် သူမလက်အား ဆုပ်ကိုင်လေသည် “နင် အခုထိ…”
အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်သည် သူမ၏ကျင့်စဉ်အတွက် အားကောင်း သည့်အရည်အချင်းကို ပေးစွမ်းခဲ့သည်။ သို့သော် အချိန်မရွေး ပေါက်ကွဲအောင် လည်းတွန်းပို့ပေးခဲ့သည်။ သူမ ပညာရှိစံအိမ်တော်တွင်ရှိစဉ်က ခန္ဓာကိုယ်ထဲမှ အမှောင်နှင့် အလင်းစွမ်းအားများ ပဋိပက္ခများဖြစ်ခဲ့ပြီး အတွင်းအားများကို အထိန်းချုပ်မဲ့ကာ ပေါက်ကွဲပြီးသေခဲ့သည်။
ယခု သူမနိုးလာသောအခါ ထိုအဖြစ်ထပ်ဖြစ်မည်ကို သူတို့စိုးရိမ်ကြ သည်။
“စိတ်မပူနဲ့ ငါ့ခန္ဓာကိုယ်ကိစ္စကို ဖြေရှင်းပြီးသွားပြီ” ရှီမာယူယူ ပြောလိုက် သည် “နောက်ကို ဒီလိုထပ်ဖြစ်မှာမဟုတ်ဘူး”
“တကယ်လား”
“အရင်တစ်ခေါက် ပေါက်ကွဲတုန်းက ငါ့ခန္ဓာကိုယ်ထဲက အမှောင်စွမ်းအင် ကဝိညာဉ်နဲ့အတူ ပျောက်သွားပြီးပြီ.. အခု ငါ အမှောင်စွမ်းအင်ကိုသုံးနိုင်တာက ငါ့ခန္ဓာကိုယ်နဲ့ဆက်နေလို့မဟုတ်ဘဲ ဝိညာဉ်နဲ့ ဆက်နေလို့ပဲ.. တစ်ခုက ခန္ဓာ ကိုယ်ထဲမှာရှိပြီး တစ်ခုကဝိညာဉ်ထဲမှာရှိနေတာ အဲဒါကြောင့် အတွင်းပိုင်း ပဋိပက္ခဖြစ်မှာမဟုတ်တော့ဘူး” ရှီမာယူယူ ရှင်းပြလေသည်။
သူမ အသေအချာပြောနေသည်ကို ကြားပြီးနောက် သူတို့စိတ်သက်သာ ရာရသွားသည်။
“အဲလိုဆိုရင် ကောင်းတာပေါ့… နောက်ဆိုရင် ဒီကိစ္စကို စိတ်ပူနေဖို့မလို တော့ဘူး” ဝူရန်ဖေပြောလေသည်။
“ဟုတ်တယ် ဒီဓားက နှစ်တွေအများကြီး ငါ့ခေါင်းပေါ် တဝဲလည်လည် ဖြစ်နေတာ.. အခုနောက်ဆုံးတော့ ဖြေရှင်းပြီးသွားပြီ” ရှီမာယူယူ ပြောလိုက် သည် “နင်တို့တွေ ဘယ်လိုလုပ် ဒီလောက် အစောကြီးရောက်လာကြတာလဲ”
“အစ်မမေ့သွားပြီပဲ.. ထိပ်တန်းတောင်ကြားက ပြည်နယ် ၆၄ ခုမှာ အခွဲ တွေရှိနေပြီ အခု အဲဒီကိစ္စတွေကိုစီမံနေကြတာ” ရှီမန်ဖန် ပြောလေသည် “အစ်မ သတင်းကြားတာနဲ့ ချက်ချင်းလာခဲ့လိုက်ကြတာပဲ”
“အင်း အဘိုးတို့က ငါ့ကိုလည်း မပြောပြကြဘူး” ရှီမာယူယူ ပြောလိုက် သည် “ဘာလို့ မင်းတစ်ယောက်တည်းဖြစ်နေတာလဲ ရှန်ယိရော”
“ရှန်ယိက လွန်ခဲ့တဲ့ရက်ပိုင်းကမှ မီးဖွားထားတာ.. ကျွန်တာ်တို့ထွက်လာ တော့ သူမကလိုက်လာလို့မရဘူးလေ.. အဲဒါကြောင့် အစ်မရဲ့ အသက် ၂၀၀ ပြည့်မွေးနေ့အထိစောင့်ပြီးမှ ကလေးပါခေါ်လာလိမ့်မယ်” ရှီမန်ဖန် ပြောလေ သည်။
“တကယ်လား ငါ အဒေါ်ဖြစ်ပြန်ပြီ” ရှီမာယူယူသည် အလွန်ပျော်ရွှင်မိ သည်။ သူမ ပြန်လာစဉ်က စီနီယာအစ်ကိုနှင့် စီနီယာအစ်မတို့တွင် ကလေးရှိနေ ပြီဟု ကြားခဲ့ရသည်။ ယခု ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့တွင်လည်း ကလေးရှိနေပြီ ဟု ကြားလိုက်ရာ စဉ်းစားမိသည်နှင့် ပျော်မိသည်။
“ရက်တွေတွက်ကြည့်လိုက်တော့ အဲကလေးမွေးတဲ့နေ့က အစ်မနိုးလာ တဲ့နေ့ပဲ.. ယောင်းမက မမကို ကလေးနာမည်ပေးခိုင်းချင်နေတာ” ရှီမန်လီသည် အနည်းငယ်ပိုသက်သာသလို ခံစားလာရပြီး စကားဝိုင်းတွင် ဝင်ပြောလေသည်။
“ရှန်ယိက ကလေးမွေးတာဆိုတော့ ငါသွားကြည့်သင့်တယ်.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ငါ့ကိုမသန်စွမ်းလိုမျိုး ဆက်ဆံနေကြတယ်.. ဘယ်ကိုမှ သွားလို့မရဘူး” ရှီမာယူယူ ပြောလိုက်သည် “သူမကို မင်းပြန်ခေါ်လိုက်ဦးနော် ဘာမှမဖြစ်စေနဲ့”
“ဟုတ်ကဲ့ပါ” ရှီမန်ဖန် ပြန်ဖြေလေသည်။
သူသည်လည်း ရှီမာယူယူကိုတွေ့ပြီးသည်နှင့် ကုန်ရှန်ယိကို ပြန်ခေါ်ရန် စီစဉ်ထားသည်။ သူသည် သူမ၏စိတ်ကို စိုးရိမ်သည်။ ဤရက်ပိုင်းအတွင်းတွင် သူမ ကလေးခေါ်လာပြီး ပြေးလာမည်ကို ကြောက်မိသည်။
“ထားလိုက်ပါ မင်း နားပြီးတာနဲ့ ပြန်သွားလိုက်.. ရှန်ယိရဲ့အကျင့်နဲ့ဆိုရင် ဒီအတိုင်းထိုင်နေနိုင်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုပဲဖြစ် ဖြစ် ဒီကိုရောက်လာတဲ့သူတွေများတယ် မင်းတို့ကို နှုတ်ဆက်နေဖို့အချိန်မရှိဘူး မင်းပြန်ပြီး ငါ့တူလေးကိုသွားခေါ်လိုက်”
ရှီမန်ဖန်မှာ “…”
ဒါက အရမ်းကို ဘက်လိုက်တာမဟုတ်ဘူးလား။
“အိုး လုပ်လေ.. ငါ မင်းအကြောင်းမသိဘူးလို့မထင်နဲ့.. မင်းလည်း အဲလို အစီအစဉ်ရှိမှာကိုတောင် ကြောက်မိတယ်” ရှီမာယူယူသည် သူ၏ ဂရုတစိုက်ရှိ လှသည့် အတွေးများကို ဖောက်မြင်နေသည်။
“ဒါဆို ပြန်လိုက်ဦးမယ်” ရှီမန်ဖန် ပြောလိုက်သည်။
“သတိထားသွား” ရှီမာယူယူသည် အနက်ဝတ်လူကိုတွေးမိသည်နှင့် စိတ်မအေးနိုင်သဖြင့် ပြောလိုက်သည် “ရှောင်ချီ မဟူရာ့ကိုခေါ်ပြီး လိုက်သွား”
“ဟုတ်ပြီ” ရှောင်ချီ ပြန်ဖြေလေသည်။
“၁၀ လေး.. ညီမလည်း ရှောင်ချီနဲ့အတူသွားချင်တယ်” ရှောင်ချီ ထွက် သွားတော့မည်ဟု ကြားသည်နှင့် ၁၁ လေးသည် ချက်ချင်းပြောလိုက်သည်။
***