သူမအကြောင်းပြောပါဦး
Vol. 155 Ch. 2160
ရှီမာယူယူသည် ဝူလာလီကို ကြည့်လိုက်သည်။
အစတုန်းကတော့ ဝူလာလီသည် ၁၁ လေးကိုမလွှတ်ချင်ပေ။ သို့သော် အစောက ကိစ္စများစွာကို ကြုံတွေ့ရန် အခွင့်အရေးပေးသင့်သည်ဟူသည့် သူမ၏စကားများကို ပြန်တွေးမိသည်နှင့် သူခေါင်းညိတ်လိုက်သည်။
ဝူလာလီသဘောတူသည်ကို ရှီမာယူယဓမြင်သည်နှင့် ၁၁ လေးကိုပြော လိုက်သည် “မင်းသွားလို့ရတယ် ဒါပေမဲ့ သူ့စကားကိုနားထောင်ရမယ်”
သူမသည် ရှီမန်ဖန်ကို ညွှန်ပြကာ ဆက်ပြောလေသည် “သူ့စကားကို နား မထောင်ရင် မင်းကို ပြန်ပို့ဖို့ ရှောင်ချီကိုပြောလိုက်မှာ.. နောက်ဆိုရင် ရှောင်ချီနဲ့ လည်း မကစားခိုင်းတော့ဘူး နားလည်လား”
၁၁ လေးသည် ဆူပုပ်နေသော်လည်း သဘောတူသေးသည်။ ချုပ်နှောင် ခံရသည်ထက် အပြင်တွင်ကစားသည်က ပို၍ဆွဲဆောင်မှုရှိသည်။
ရှီမာယူယူသည် ရှောင်ချီကို ထပ်မံသတိပေးကာ ငှက်လေးနှင့် တခြားသူ များကိုခေါ်လိုက်သည်။
ရှောင်ချီသည် ကစားရသည်ကို နှစ်သက်သော်လည်း အလုပ်ကိစ္စများတွင် ပို၍စိတ်ချရသည်။ သူမနှင့် ၁၁ လေးကို ထည့်ပေးရသည်မှာ စိတ်မချစရာတော့ မရှိပေ။ အနည်းဆုံးတော့ ၁၁ လေး စကားနားမထောင်လျှင် ရှောင်ချီသည် သူမ ကိုလွင့်အောင် ကန်ပစ်ရန် တွေဝေနေမည်မဟုတ်ပေ။
အစက ရှီမန်ဖန်သည် ရှီမာယူယူ၏သားရဲများကို ခေါ်မသွားချင်သော် လည်း သူတို့နှစ်ပေါင်းများစွာ မကစားခဲ့ရဘဲ သည်တစ်ကြိမ်တွင် အပြင်ထွက် ကစားမည်ဟု ကြားလိုက်သည်နှင့် သူမသက်မသာ ခံစားမိလိုက်ရသည်။
သူသည် ရှီမာယူယူ တစ္ဆေလောကတွင် လုပ်ခဲ့သည့်ကိစ္စများအကြောင်း ကို ရှောင်ချီတို့ကိုမေးသည်။ ထို့ကြောင့် ကျန်ခရီးတစ်လျှောက်တွင် ရှောင်ချီ တင်ဆက်ရတော့သည်။ သူတို့သည် ရှီမာယူယူ တစ္ဆေလောကတွင် လုပ်ခဲ့သည့် ကိစ္စများအကြောင်းကိုပြောပြရာ တစ်ဖွဲ့လုံးမှာ မှင်တက်ကုန်ကြသည်။
“တောင်ကြားဒုသခင်က အရမ်းမိုက်တာပဲ.. သူမက ဒီလောက်အများကြီး ကျော်ဖြတ်ခဲ့တာပဲ” ရှီမန်ဖန်၏အခြွေအရံများက သက်ပြင်းချကြသည်။
“တောင်ကြားဒုသခင်က လူသားလောကမှာလည်း ဒီလောက်အများကြီး ကြုံခဲ့တာ.. တစ္ဆေလောကက အတွေ့အကြုံကလည်း အံ့လောက်စရာပဲ”
“မဟုတ်ဘူး”
အစောက စကားများနေသော ၁၁ လေးသည် ထိုအခိုက်တွင် နှုတ်ဆိတ် နေသည်။ ရှောင်ချီသည် သူမ၏ခေါင်းမှ ဆံစုလေးကို ပွတ်သပ်ပြီးမေးလိုက် သည် “မင်း ဘာလို့စကားမပြောတာလဲ ၁၁ လေး”
“၁၀ လေးကအရမ်းမိုက်တာပဲ” ၁၁ လေးသည် လေးစားစွာဖြင့် ပြော လိုက်သည် “သူမက ကိစ္စအများကြီးကို ကောင်းကောင်းကိုင်တွယ်ခဲ့တာ.. အဲဒါ ကြောင့် ငါက ၁၀ လေးထက် အများကြီးဆိုးတယ်လို့ အစ်ကိုကြီးက ပြောတာ ကိုး.. အရင်တုန်းကတော့ မသိခဲ့ဘူး ဒါပေမဲ့ အခုကြည့်တာ တော်တော်လိုသေး တာပဲ”
၁၀ လေးသည် သူမထက် အသက် ၂၀ ၃၀ မျှသာကြီးသည်။ သို့သော် သူမ ထက်အတွေ့အကြုံများသည်။
“မင်းကြားတာ တစ္ဆေလောကက အကြောင်းတွေပဲနော်၊ လူသားလောက မှာလည်း သူမကအများကြီးလုပ်ခဲ့တာ” ရှောင်ချီပြောလိုက်သည်။
သူမသည် ရှီမာယူယူ၏အတွေးကိုသိသည်။ သည်တစ်ခေါက်ကို အခွင့် အရေးယူပြီး ၁၁ လေးကို သင်ကြားပေးချင်နေသည်။ မင်းသမီးလေး တစ်ပါး အနေနှင့် မာနကြီး၊ လွှမ်းမိုးချုပ်ကိုင်ဖို့ လိုရုံသာမကဘဲ ကိုယ့်တာဝန်ကိုယ် ယူ တတ်ဖို့လည်းလိုသေးသည်။ မဟုတ်လျှင် သူမ ကြီးလာလျှင် တာဝန်ကိုယူတတ် တော့မည်မဟုတ်ပေ။
“ဒါဆိုလည်း သူမ လူသားလောကက အကြောင်းကိုပြောပြဦး” ၁၁ လေး ပြောလိုက်သည်။
“ဟုတ်ပြီ သူမ ၁၅ နှစ်ကစကြတာပေါ့.. အဲတုန်းက သူမကိုတော့ ငါ မသိ သေးဘူး.. ဒါပေမဲ့ ရာဟွောင်တို့ အကြိမ်ပေါင်းများစွာပြောနေလွန်းလို့ ငါသိ တယ်.. အဲတုန်းက သူမက အသက် ၁၅ နှစ်ပဲရှိသေးတယ် ကျင့်ကြံဖို့လိုနေတဲ့ အသက်ပေါ့…”
ရှောင်ချီသည် ရှီမာယူယူ မည်သို့ပြုလုပ်ခဲ့သည်၊ မည်သို့ခံစားခဲ့ရသည်၊ မည်သို့ဒဏ်ရာရခဲ့ပြီး မည်သို့အောင်မြင်ခဲ့သည့်အကြောင်းများ အစရှိသဖြင့် ဖြတ်ကျော်ခဲ့သည့်အတိတ်များအကြောင်းကို ပြန်ကြောင်းပြောပြလေသည်။ သူ၏ သေးငယ်သောအရွယ်အစားနှင့် အားနိမ့်ပါးမှုကြောင့် ထိုကိစ္စများသည် ထိတ်လန့်စရာဖြစ်နေသည်။
ရှီမန်ဖန်သည်လည်း ဂရုတစိုက်နားထောင်နေသည်။ ရှောင်ချီသည် အစ်မ ဖြစ်သူ ဖြတ်ကျော်ခဲ့သည့်ကိစ္စများကို ပြန်ပြောင်းပြောနေသည်ကို သိသဖြင့် သူမကျော်ဖြတ်ခဲ့သည့်ကိစ္စများကို သူလည်းသိချင်သည်။ ယခုကြားလိုက်မှပင် သူမကို ပိုသနားလာသည်။
“တခြားသူတွေကတော့ ယူယူ ဘယ်လောက် အားကောင်းလဲ၊ သူမ ဘေး မှာ သူငယ်ချင်းတွေဘယ်လောက်များတယ်၊ သူမရဲ့အဆက်အသွယ်တွေက ဘယ်လောက်အားကောင်းတယ်ဆိုတာကိုပဲ မြင်ကြမှာပဲ.. ဒါပေမဲ့ သူမ ပေးဆပ် ခဲ့တာတွေကို သိတဲ့လူနည်းတယ်” ရှောင်ချီ ပြောလိုက်သည် “ခရမ်းလေးကိုပဲ ပြောကြတာပေါ့.. သူမဘေးမှာ မိုးကြိုးကိုတာဝန်ယူတဲ့လူရှိတယ်လို့ အားလုံး သိကြတယ်.. သူက အရမ်းအားကောင်းတယ်လို့လည်း သူမသိတယ်.. ဒါပေမဲ့ အဲဒါကို ဘယ်လိုရအောင်ယူခဲ့လဲဆိုတာ ဘယ်သူသိလဲ.. ယူယူက မိုးကြိုးဘေး ဒုက္ခကြောင့် သေမလိုဖြစ်ခဲ့တယ်.. ပြီးတော့ အဲဒါကြီးထွားလာအောင် ယူယူက ဘယ်လောက်မိုးကြိုးအပစ်ခံခဲ့ရလဲ.. အဲဒါကြောင့် လူတစ်ယောက်က လိုချင် တာရှိရင် တစ်ခုခုကိုတော့ ပေးဆပ်ရတာပဲ”
၁၁ လေးသည် ပို၍ငြိမ်သက်သွားသည်။ သူမ ဆယ်ကျော်သက်အရွယ် တုန်းကလုပ်ခဲ့တာကို ပြန်တွေးကြည့်မိရဲ့လား။ စိတ်ထဲမှာအမှတ်မိဆုံးကတော့ နဂါးနန်းတော်ကြီး ပြိုကျမတတ်ဖြစ်ခဲ့တာပဲ။ သူမ အသက် ၁၅ နှစ်တုန်းက ဘာလုပ်ခဲ့လဲ။ မျိုးနွယ်အကြီးအကဲတွေရဲ့ မုတ်ဆိတ်ကို သွားနှုတ်နေခဲ့တာ ထင် တာပဲ။ သူမ အသက် ၁၀၀ တုန်းကရော.. ရေမျိုးနွယ်စုရဲ့ တခြားမင်းသားတွေ ကို သွားရိုက်ခဲ့တာလေ။
ရှီမာယူယူကြုံတွေ့ခဲ့ရသည်များကို ကြားပြီး သူမလုပ်ခဲ့သည့်အရာများ ကို ပြန်စဉ်းစားလိုက်ချိန်တွင် စဉ်းစားလေလေ သူမရှက်လာလေလေဖြစ်သည်။
အနာဂတ်တွင် သူမ ကြိုးစားပြီး အားကောင်းအောင်လုပ်ရမည်။ ၁၀ လေး သူမကို လွင့်ပစ်မည့်အဖြစ်မျိုး အဖြစ်ခံမည်မဟုတ်ပေ။
၁၁ လေးနားထောင်နေသည်ကို ကြည့်ပြီး ရှောင်ချီ ပြောလေသည် “ငါတို့ နားမှာ ငါတို့ကိုချစ်တဲ့လူတွေ အများကြီးရှိတာ ကံကောင်းတယ်လို့ ယူယူ ပြော ခဲ့တယ်.. ဒါပေမဲ့ သူတို့ရဲ့အချစ်တွေက ငါတို့ဆိုးဖို့မဟုတ်သလို သူတို့ကို ထိခိုက် အောင်လုပ်ဖို့လည်းမဟုတ်ဘူး.. အခုချိန် သူတို့အချိန်ကိုဆုံးရှုံးလိုက်ရလည်း ငါတို့တွေနောင်တမရဘူး ဒါပေမဲ့ အထီးကျန်ပြီးနေသွားရမှာပဲ”
“သူတို့တွေ ငါ့ကိုမချစ်တာမလိုချင်ဘူး.. ငါ အထီးလည်းမကျန်ချင်ဘူး” ၁၁ လေးသည် သူမ၏အစ်ကိုများနှင့် မိဘများမချစ်တော့မည်ကို စဉ်းစားမိ သည်နှင့် စိတ်ဓာတ်ကျမိသည်။
“တရားမှုက အထောက်အပံ့များစွာကို နှစ်သက်တယ်တ့.. မင်းသာ အပြင် ထွက်ပြီး ပြဿနာရှာနေရင် အကုန်လုံးက မပျော်တော့ဘဲ မင်းကိုသဘောကျ ကြမှာမဟုတ်ဘူး.. နောက်ပိုင်း မင်းမှာ အခက်အခဲတွေရှိလာရင် သူတို့က မင်း ကိုကူညီကြဦးမှာလား” ရှောင်ချီ ဆက်ပြောလေသည် “ဥပမာဆိုရင် မင်းက တခြားမျိုးနွယ်ကမင်းသားတွေကို သွားရိုက်ပြီး သူတို့ရတနာကိုဖျက်ဆီးတယ် ဆိုရင် မင်းတို့ဆက်ဆံရေးပိုဆိုးသွားမှာလေ.. နောက်ဆိုရင် မင်းတို့နဂါးမျိုးနွယ် တစ်ခုခုပြဿနာဖြစ်ရင် သူတို့က မင်းကိုကူညီတော့မှာလား”
၁၁ လေးနှုတ်ဆိတ်နေသည်။ ထိုအကြောင်းအရင်းများကို သူမ အရင်က မစဉ်းစားဖူးပေ။ သူမ၏ မိဘများ၊ အစ်ကိုကြီးများနှင့် သူမ၏မျိုးနွယ်ဝင်များ အားလုံး သူမကို အလိုလိုက်ခဲ့ကြသည်။ သို့သော် သူမ၏အစ်ကိုကြီးသည် သူမ ကို ရိုက်ရုံသာရိုက်ပြီး ထိုကိစ္စများကို စဉ်းစားရန် လမ်းမညွှန်ဖူးပေ။
ထို့အပြင် ထိုစကားများကို ပုံမှန်အချိန်မှာသာကြားရလျှင် ဤကဲ့သို့ ပြန် သုံးသပ်မိမည်မဟုတ်ပေ။ သို့သော် ယခု ရှီမာယူယူ၏အကြောင်းကို နားထောင် ပြီး သူမလုပ်ခဲ့သည်များကို ပြန်တွေးမိရာ ထိုစကားများမှာ သက်ရောက်မှုကြီး လှသည်။
ငှက်လေးနှင့် မဟူရာတို့သည် ရှောင်ချီကို တိုးတိတ်စွာ လက်မထောင် ပြလေသည်။ တစ်နေကုန် တိုက်ခိုက်ရန်သာစိတ်ဝင်စားသည့် ရှောင်ချီသည် ဤကဲ့သို့ နက်နဲသည့်အရာများကို ပြောတတ်လိမ့်မည်ဟုထင်မထားပေ။ သို့သော် သူတို့နှစ်ယောက် အနည်းငယ်အာရုံခံကြည့်ရာ လေးစားမှုပင် ပျောက် သွားလေသည်။
ထိုစကားများသည် ရှီမာယူယူ စာချုပ်မှတစ်ဆင့်ပြောနေသည့် စကား များပင်ဖြစ်သည်။ အဲဒါကြောင့် သူမက ဒီလောက်လေးနက်တဲ့ စကားတွေ အများကြီးပြောနေတာကိုး။
ရှီမာယူယူသည် အိမ်တွင်နေကာ စားရင်းသောက်ရင်းနှင့် သူငယ်ချင်းများ နှင့် အတိတ်နေ့ရက်များအကြောင်းကို ပြန်ပြောင်းပြောနေကြသည်။ ရှောင်ချီ ပြောလိုက်သည့် စကားများကိုကြားသောအခါ ပြုံးပြီး ၁၁ လေး၏ပြောင်းလဲမှု ကို ဝူလာလီကို ပြောပြလိုက်သည်။
ထိုအကြောင်းများကြားပြီးနောက် ၁၁ လေးကို ရှီမာယူယူဆီပေးလိုက် သည်မှာ မှန်သည်ဟု ပိုပိုခံစားလာရသည်။ ၁၁ လေးသည်လည်း အမြင်ပွင့်သွား ကာ တာဝန်ယူမှုတာဝန်ခံမှုကို သင်ယူတတ်သွားမည်.
“ယူယူ ငါ ပြောမယ်.. ထာဝရရှင်သန်ခြင်းနယ်မြေမှာ ငါတို့တွေ အဲဒီ အခွင့်အရေးတွေရခဲ့တာအပြင်ကို ဝေကျိရွှီက နတ်ဆိုးမျိုးနွယ်ရဲ့ မိန်းကလေး တစ်ယောက် အာရုံစိုက်တာခံရတယ်လေ.. ပြီးတော့ သူမက သူ့ကို စွဲလမ်းသွား တော့ သူ့ကိုဖမ်းပြီး နတ်ဆိုးလောကမှာ လက်ထပ်ချင်နေတာ” ဖက်တီးကျူ သည် ပြုံးပြီးပြောလေသည်။
“ဟုတ်တယ် အဲမိန်းမက တော်တော်လှပြီး နတ်ဆိုးလောကမှာ လုပ်ပိုင် ခွင့်လည်းရှိတယ်.. ဒီကောင်က သွေးဆောင်မခံရတာတော့ နှမြောဖို့ကောင်း တယ်” ဘေဂုံထန် စနောက်လေသည်။
“ဒါနဲ့ ယူလင်းက မင်းတို့နဲ့ဘာလို့အတူမရှိတာလဲ” ရှီမာယူယူ မေးလိုက် သည်။
ရှီမာယူလင်း၏ နာမည်ကိုပြောလိုက်သည်နှင့် လူအများ တိတ်ဆိတ်သွား ကြသည်။
“ဘာဖြစ်တာလဲ သူတစ်ခုခုဖြစ်လို့လား” ရှီမာယူယူ၏ ရင်များ လှုပ်ရှား သွားသည်။
“သူပျောက်သွားတာ.. သူပျောက်သွားတုန်းက ဒါထားသွားတယ်” ဘေဂုံ ထန်သည် သေတ္တာတစ်လုံးထုတ်ပြီး သူမကိုပေးလေသည်။
***