ဒါကိုမြင်ဖူးလား
Vol. 155 Ch. 2161
ရှီမာယူယူသည် သေတ္တာဖွင့်ကြည့်ရာ အထဲတွင် ပန်းထိုးထားသည့် အဝတ်စရှိနေသည်။
“ဒါကို အဲလူတွေဆီက ကျခဲ့တာဖြစ်မယ်လို့ ငါတို့ထင်ခဲ့ကြတယ်.. ဒါပေမဲ့ အတွင်းပိုင်းဒေသတစ်ခုလုံးကို ရှာပြီးသွားတာတောင် ဒီသင်္ကေတကို ဘယ်သူမှ မသုံးကြဘူး”
ရှီမာယူယူသည် ထိုသင်္ကေတကို စိုက်ကြည့်ပြီး အနည်းငယ်ရင်းနှီးသလို ခံစားရလေသည်။ သူမ သေချာစဉ်းစားပြီးနောက် ပြောလိုက်သည် “သူ ဘယ်မှာလဲဆိုတာ ငါသိပြီထင်တယ်”
“ယူယူ ဒါကိုအရင်ကမြင်ဖူးလို့လား” ဖက်တီးကျူ မေးလိုက်သည်။
“ဒါနဲ့ဆင်တူတာမြင်ဖူးတယ် ဒီတစ်ခုအပြင်နောက်ထပ်ရှိသေးတယ်.. ဒါက ငါမြင်ဖူးတဲ့ထဲက တစ်ပိုင်းဖြစ်မယ်” ရှီမာယူယူသည် ပြောပြီးနောက် စာရွက်နှင့် စုတ်တံထုတ်ပြီး သူမမြင်ဖူးသည့် သင်္ကေတကိုဆွဲလိုက်သည်။ အဝတ်ပေါ်မှ သင်္ကေတနှင့်ယှဉ်လျှင် အမှန်တကယ်ပင် တစ်စိတ်တစ်ပိုင်းပါဝင် နေသည်။
“တကယ်ပဲ.. ယူယူ ဒီသင်္ကေတကို အဲဒီမှာမြင်ဖူးတာလား” ဘေးဂုံထန် မေးလိုက်သည်။
“တစ္ဆေလောကမှာမြင်ခဲ့တာ.. ဒါပေမဲ့ အဲလူက တစ္ဆေလောကကလူ မဟုတ်ဘူး နတ်ဘုံလို့ခေါ်တဲ့နေရာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“နတ်ဘုံဟုတ်လား အဲဒါကဘာလဲ ပျောက်ဆုံးနေတဲ့နေရာလိုမျိုးလား”
“မဟုတ်ဘူး” ရှီမာယူယူသည် သူတို့ကို ကစဥ့်ကလျားကမ္ဘာအကြောင်း ရှင်းပြသည်။ သူမ ကစဥ့်ကလျားကမ္ဘာတွင် မြင်ခဲ့သည့်ပုံရိပ်များ ရှေးဟောင်း မျိုးနွယ်စုများ၏ ပြောင်းရွှေ့မှုများကိုပါ အစုံအလင်ပြောပြလိုက်သည်။
“အဲတော့ နတ်ဘုံဆိုတာက နတ်ဘုရားတွေနေတဲ့နေရာလား” ဖက်တီး ကျူသည် ထိုနေရာမျိုး တည်ရှိလိမ့်မည်ဟု ထင်မထားသဖြင့် ပါးစပ် အဟောင်းသားဖြစ်နေသည်။
“အဲနေရာနဲ့ ပျောက်ဆုံးနေတဲ့နေရာက အဆက်အစပ်ရှိလား”
“အခုတော့အဆက်အစပ်မရှိဘူး.. ဒါပေမဲ့ ပျောက်ဆုံးနေတဲ့နေရာကလူ တွေက သူတို့ကိုယ်သူတို့ နတ်မျိုးနွယ် မျိုးဆက်တွေလို့ပြောကြတယ်မလား အဆက်အစပ်ရှိရင်လည်းရှိနိုင်တယ်” ရှီမာယူယူသည် မသေချာစွာဖြင့် ပြော လိုက်သည်။
သူမသည် ပြီးခဲ့သည့်တစ်ခေါက် ပျောက်ဆုံးသည့်နယ်မြေသွားစဉ်က လှေသမားထွတ် သူမကိုပေးခဲ့သည့်မြေပုံကို ရုတ်တရက်သတိရသွားသည်။ သူမသည် ထိုစဉ်က သိပ်မသုံးခဲ့ပေ။ သို့သော် သူတို့ခွဲခွာစဉ်က အနာဂတ်တွင် အသုံးလိုလာလိမ့်မည်ဟု သူ ပြောခဲ့သည်။ သူမ အဲနေရာကိုသွားရမယ်လို့ ပြော ချင်တာလား။
“ယူယူ ဘာတွေတွေးနေတာလဲ”
“လှေသမားထွတ်ပေးခဲ့တဲ့ မြေပုံက တစ်ခုခုပတ်သက်နေမလားလို့ တွေး နေတာ” ရှီမာယူယူသည် အရင်ကကိစ္စများကို အရင်ကပြောဖူးသဖြင့် သူတို့ သိ ကြသည်။
“ဖြစ်နိုင်တယ်”
“ယူယူ မင်းယူလင်းကို ရှာဖို့တက်သွားချင်လို့လား”
“ဟင့်အင်း ယူလင်းကိစ္စရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါ သွားချင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ကြက်သွေးရောင်မီးတောက်က အဲဒီမှာမပြီးနိုင် သေးတဲ့ ရန်ငြိုးတွေရှိတယ်.. ပြီးတော့ နဝမမရဏာမျိုးနွယ်ရဲ့အထက်မှာလည်း ရှိနေတယ်.. ငါက နာမည်ခံဘုရင်မလေးဖြစ်နေပေမဲ့ ကြည့်ချင်သေးတယ်.. ပြီးတော့ သူတို့ကိုယ်သူတို့ နတ်ဘုရားတွေပါလို့ ပြောတယ်မလား ကောင်းကင် တာအိုက သူတို့နဲ့ ပတ်သက်နေမလားလို့ ကြည့်ချင်တယ်”
“ဒါဆို ငါတို့ဘယ်တော့သွားကြမလဲ” ဘေဂုံထန် မေးလိုက်သည်။
“စိတ်မပူပါနဲ့” ရှီမာယူယူသည် ရှီမာယူလင်း၏ အသက်ကျောက်စိမ်း ထုတ်ပြီး ကြည့်လိုက်သည် “သူ ပျောက်သွားတာ ကြာနေပြီဆိုပေမဲ့ အသက် ကျောက်စိမ်းက ကောင်းသေးတယ်.. အဲဒါနဲ့ပြောင်းပြန် ပိုပိုပြီးတော့တောင် တောက်ပနေသေးတယ်.. အဲတော့ သူ့ကိုတစ်ယောက်ယောက်က ပစ်မှတ်ထား ပြီး အဲဒီကိုခေါ်သွားတာဖြစ်မယ်.. အင်း သူ အခုအခြေအနေအရမ်းကြီးမဆိုးပါ ဘူး.. ငါ့တပည့်ကလည်း ဖမ်းသွားခံရတော့ သူ့ကိုရှာရဦးမယ်.. ပြီးတော့ ငါ နတ်ဆိုးလောကကို သွားရဦးမယ်”
အနက်ဝတ်လူများသည် သူမနှင့်ပတ်သက်သည်ဟု လက်ထောက်လေး ပြောထားသဖြင့် ထိုကိစ္စကိုမဖြေရှင်းရခင်တွင် နတ်ဆိုးလောကကို သွားရမည် မဟုတ်ပေ။
“နတ်ဆိုးလောကကို ဘာလို့သွားချင်သေးတာလဲ”
“အဲဒီက လင်းယူရဲ့အခြေအနေက အရမ်းမကောင်းသေးဘူး ငါ စိတ်မချ ဘူး.. ပြီးတော့ အိပ်မက်လေးက အဲဒီမှာရန်သူရှိတယ်.. သူမ လက်စားချေဖို့ အဲဒီ ကို ခေါ်သွားမယ်လို့ ကတိပေးဖူးတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ပြောရင်းနဲ့ မင်းတို့တွေ ငါတို့ကို မင်္ဂလာဆောင်ဖိတ်ဖို့ အချိန်ကျပြီ မဟုတ်ဘူးလား” ဝူရန်ဖေ မေးလိုက်သည်။
“ဟုတ်တယ် နင့်အမေကိုကယ်ပြီးရင် လက်ထပ်မယ်လို့ ပြောခဲ့သလားလို့ အခု မိသားစုတွေပြန်ဆုံပြီဆိုတော့ လက်ထပ်သင့်တဲ့အချိန်ရောက်ပြီမဟုတ် ဘူးလား”
“ဒီအကြောင်းကိုမေးရင်တော့ ငါ့မှာအဖြေမရှိဘူး” ရှီမာယူယူ ပခုံးတွန့် လေသည် “တစ္ဆေလောကမှာ ဘေးဒုက္ခကြုံပြီးသွားတော့ ငါလည်း စောစော လက်ထပ်ဖို့ကိုမစောင့်နိုင်တော့ဘူး၊ ဒါပေမဲ့ လက်ရှိအခြေအနေကိုကြည့်ရတာ တော့ ဘယ်တော့လုပ်ဖြစ်မလဲမသိဘူး”
ဖက်တီးကျူနှင့် တခြားသူများရယ်မောလေသ်။ ထို့နောက် ထိုအကြောင်း ကိုထပ်မပြောတော့ပေ။
သို့သော် သူတို့ မစဉ်းစားတော့ဘူးဟု မဆိုလိုပေ။
“ယူယူ အဲဒီနေရာက ဒီသင်္ကေတက ဘယ်လိုလဲ.. အဲလူက နင်နဲ့ရင်းနှီး လား” ဝေကျိရွှီ မေးလိုက်သည်။
“အရမ်းရင်းနှီးတယ် ငါတို့တွေ အနှစ် ၂၀ ကျော်လောက် အတူနေလာခဲ့ တာ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူက ဒီတံဆိပ်နဲ့ အင်္ကျီမဝတ်ဘူး သူ့ တံဆိပ်ကိုလည်း မတော်တဆတွေ့မိလိုက်တယ်”
“ဒါဆို အဲဒီမှာ သူ့သရုပ်မှန်ကဘာလဲ.. အဲလူတွေက လူကောင်းတွေလား” ဖက်တီးကျူသည် ရှီမာယူလင်း ပြန်ပေးဆွဲခံရပြီး ရောင်းစားခံရမည်ကို စိုးရိမ် နေသည်။
“လူကောင်းလား.. ဖြစ်နိုင်ပါတယ်.. ငါ သူ့ကိုအဲအကြောင်း မမေးခဲ့ဘူး” ရှီမာယူယူ ပြောလိုက်သည် “ချန်ကျိုး မင်းသိလား”
ချန်ကျိုးသည် သိပုံမပြသော်လည်း ပြောလေသည် “ဒါက လမျိုးနွယ် ကျောရိုးရဲ့ သင်္ကေတပဲ… ဖူရှီက လမျိုးနွယ်ကျောရိုးကပဲ.. သူ့ဆရာက လ မျိုးနွယ်ကျောရိုးရဲ့ နန်းတော်သခင်လေ.. လမျိုးနွယ်ကျောရိုးက အဲဒီမှာဆို အတော်အသင့်ကြီးတဲ့ အင်အားစုပဲ”
“ဒါဆိုရင် မင်းဆက်သွယ်ပြီးတော့ ယူလင်းအကြောင်း စုံစမ်းပေးလို့ရလား” ရှီမာယူယူ မေးလိုက်သည်။
“ရတယ် ဒါပေမဲ့ အချိန်တော့ကြာလိမ့်မယ်” ချန်ကျိုး ပြောလိုက်သည်။
တစ္ဆေလောကတွင်ရှိခဲ့စဉ်က သူသည် နဝမမြောက်မရဏာမျိုးနွယ်ကို ဆက်သွယ်ခဲ့ရာ နဝမမြောက်မရဏာမျိုးနွယ်သည် အထက်ကိုဆက်သွယ်နိုင်ခဲ့ ခြင်းဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူသည် လူသားလောကတွင်ရောက် နေသဖြင့် သူတို့ကို ဆက်သွယ်ရန် အချိန်ကြာနိုင်သည်။
“ဟုတ်ပြီ လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ယူယူ အခုပြောတဲ့လူက ဘယ်သူလဲ” ဖက်တီးကျူမေးလေသည်။
“သူက နဝမမြောက်မရဏာမျိုးနွယ်ရဲ့ ညာတမန်တော်ပါ အခု ငါ့လုံခြုံ ရေးကိုတာဝန်ယူထားတာ” ရှီမာယူယူ ပြောလိုက်သည်။
နဝမမြောက်မရဏာမျိုးနွယ်သည် ထိုနေရာနှင့်ဆက်သွယ်နိုင်သည်ဟုပင် သူမ ပြောပြရာ သူတို့ကြားလိုက်ရသည်နှင့် ထိုလူများသည် တကယ့်သခင်များ ဖြစ်ကြပြီး လွယ်လွယ်နှင့်ရှာရမည်မဟုတ်ဟု တွေးလိုက်ကြသည်။
“နင်က အခု နဝမမြောက်မရဏဦမျိုးနွယ်ရဲ့ ဘုရင်မလေးဖြစ်နေတာပဲ အဲတော့ မင်း ဂရုစိုက်ရမယ်” ဘေဂုံထန် ပြောလိုက်သည်။
ရှီမာယူယူ ပြုံးလိုက်သည်။ ချန်ကျိုးအပြင် သူမဘေးတွင် တခြားနှစ် ယောက်ပါရှိသေးသည်ဟု သူမ မပြောရသေးပေ။ သူမ ရူးမိုက်သည့် လုပ်ရပ်မျိုး ထပ်လုပ်မည်ကို ကြောက်၍လားမသိပေ.. ဟွမ်နှင့်အရိပ်မည်းတို့သည် သူမ အား အနီးကပ်စောင့်ကြည့်နေလေသည်။
ရှီမာယူယူသည် ကျန်သည့်အချိန်များကို သူငယ်ချင်းဟောင်းများကို ဧည့်ခံရင်းနှင့်သာ ကုန်ဆုံးသည်။ သို့သော် လူအလွန်များလာချိန်တွင် အချိန် ကြာကြာဂရုမစိုက်နိုင်သည့် နေရာများလည်းရှိသည်။ ကံကောင်းစွာပင် နောက် ပိုင်းလာသူများကို ရင်းနှီးလှသည်မဟုတ်သဖြင့် သူမ ဧည့်ခံရန်မလိုပေ။ ဥပမာ ဆိုလျှင် ဦးလေးဟော်၊ အဒေါ်ဟော်တို့ကိုသာ တွေ့ရန်လိုပြီး ကျန်ကိစ္စများကို ဧည့်ခံရန် မျိုးနွယ်ကိုသာ အပ်ထားလိုက်သည်။
ပြီးနောက် သူမ သူငယ်ချင်းဟောင်းများနှင့် အဂ္ဂိရတ်ပညာရပ်များ၊ လက်နက်သန့်စင်မှုများအကြောင်း ဆွေးနွေးသည့်နေ့ရက်များသည် အလွန်ပင် ချမ်းမြေ့ဖွယ်ကောင်းလှသည်။
သူမ၏ မွေးနေ့ပွဲနီးလာသည်နှင့် အသိအကျွမ်းများပိုပိုရောက်လာကြ သည်။ အမျိုးမျိုးသောအသင်းများ၊ ဂိုဏ်းမှလူများနှင့် ထိပ်တန်းတောင်ကြားမှ သခင်တချို့လည်းလာကြသည်။
ရှီမာယူယူသည် သူမ၏ ပထဆုံးလက်ဦးဆရာဖြစ်သော ဖန်ကျိရှင်း၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှဆရာဖြစ်သည့် အဘိုးနတ်ဆိုး၊ ဂိုဏ်းမှဆရာ ရှုကျင်းအစရှိသဖြင့် ဆရာများကိုပါဖိတ်ကြားခဲ့သည်။ ဆရာတစ်ယောက်ချင်းစီ သည် သူမကိုကြင်နာပြီး ပညာမချန်သင်ကြားပေးခဲ့သည်။
သူမသည် သူတို့သုံးယောက်အတွက် လက်ဖက်ရည်နှပ်ပေးပြီး တလေး တစားဖြင့် ပေးလိုက်သည် “ဆရာတို့ လက်ဖက်ရည်သုံးဆောင်ကြပါဦး”
“ဆရာ စီနီယာအစ်ကိုနဲ့အစ်မတို့က ဘာလို့အတူမလာကြတာလဲ” ရှီမာ ယူယူသည် ရှုကျင်းကိုမေးလိုက်သည်။
“သူတို့နှစ်ယောက်က ကောင်စုတ်လေးကို သွားဖမ်းကြတယ်.. မင်းရဲ့ မွေးနေ့ပွဲအမှီကိုလာနိုင်အောင် ကြိုးစားမယ်လို့တော့ ပြောသွားကြတယ်” ရှုကျင်း ပြောလေသည်။
“ကြည့်ရတာ အဆော့သန်တဲ့ကလေးထင်တယ်” ရှီမာယူယူသည် ခံစား ချက်ပါပါ သက်ပြင်းချလိုက်သည်။
“ယူယူ အနက်ဝတ်လူတွေ ထပ်ထွက်လာပြန်ပြီလား” ဖန်ကျိရှင်းမေး လိုက်သည်။
အဘိုးနတ်ဆိုးနှင့် ရှုကျင်းတို့မှာ ထိုအကြောင်းမသိသေးသဖြင့် နှစ်ယောက်လုံး မျက်မှောင်ကြုတ်လိုက်ကြသည်။
***