အထီးကျန်နေတဲ့ပုံရိပ်
Vol. 155 Ch. 2162
ထိုမုန်းစရာကောင်းသော အနက်ဝတ်များကို တွေးမိသည်နှင့် သူတို့သည် အံကြိတ်မိကြသည်။
သူတို့ကြောင့်သာမဟုတ်လျှင် တိုင်းပြည်တစ်ခုလုံးသည် ဝရုန်းသုန်းကား အခြေအနေသို့ရောက်သွားမည်မဟုတ်ပေ။ သူတို့ကြောင့်သာမဟုတ်လျှင် သူမ သည် အချိန်ကြာရှည်စွာ အိပ်မောကျသွားမည်မဟုတ်ပေ။ သူမသည် တစ္ဆေ လောကသို့ ကိစ္စတချို့သွားလုပ်သည်ကို သူတို့သိကြသော်လည်း မုန်းနေတုန်း ပင်။
“တခြားနေရာကနေ ထွက်လာမလားမသိဘူး.. ဒါပေမဲ့ သူတို့တွေ မူစစ်ကို ဖမ်းသွားတာတော့ အမှန်ပဲ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ တိုင်းပြည် ကြီးက ထပ်ပြီးအရှုပ်အထွေးတွေဖြစ်လာဦးမယ်လို့ လက်ထောက်လေး ဟော ထားတယ်”
“မင်းနိုးလာတာနဲ့ ဘာလို့ထပ်ပြီးရှုပ်ထွေးနေတာလဲ… အဲဒီကိစ္စတစ်ခုလုံး က မင်းနဲ့များပတ်သက်နေမလား” ဖန်ကျိရှင်း ခန့်မှန်းလေသည်။
ဖန်ကျိရှင်းသည် အရိပ်အကဲမြန်သည်ကို ရှီမာယူယူ သိသည်။ သို့သော် ဤမျှလောက် မြန်လိမ့်မည်ဟုထင်မထားပေ။ သူမသည် စကားတစ်ခွန်းနှစ်ခွန်း မျှ ပြောရသေးသော်လည်း သူခန့်မှန်းမိပြီးသားဖြစ်နေသည်။
“ဆရာ ဘာလို့အဲလိုမှန်းမိတာလဲ” သူမ မငြင်းပေ။
“ရိုးရှင်းပါတယ်.. မင်း အိပ်မောကျသွားတုန်းက အနက်ဝတ်လူတွေ ပျောက်သွားတယ်.. မင်းနိုးလာတဲ့အချိန်မှာ သူတို့တွေ ပြန်ပေါ်လာတယ်.. ပြီးတော့ သူတို့တွေက မင်းတပည့်မူစစ်ကို ဖမ်းခဲ့ကြတယ် ခန့်မှန်းမိဖို့က မခက် ပါဘူး” ဖန်ကျိရှင်းပြောလိုက်သည်။
“ဆရာက အရမ်းတော်တာပဲ” ရှီမာယူယူ ဂုဏ်ယူပြီးပြောလေသည် “ဒီ ကိစ္စတွေက ကျွန်မနဲ့ဆက်စပ်နေတယ်လို့ လက်ထောက်လေးပြောတယ်.. အမှန်အတိုင်းပြောရရင် ဒီကိစ္စတွေက ကျွန်မနဲ့တော့မဆိုင်ဘူး.. ဒါပေမဲ့ အခု တော့ဆိုင်သွားပြီ.. ဘာလို့လဲဆိုတော့ ဒီကိစ္စမှာ မလာခင်ကတည်းက သက်ဆိုင် နေတာလည်းဖြစ်နိုင်တာပဲ”
“လက်ထောက်လေးရဲ့ ဂမ္ဘီရပညာကလည်း အရင်တုန်းက သူ့ဆရာ နောက်တော့မကျဘူးပဲ” အဘိုးနတ်ဆိုး သက်ပြင်းချလေသည် “သူ မင်းအတွက် ဘာဟောပေးခဲ့လဲ”
ရှီမာယူယူ ခေါင်းခါလိုက်သည် “သူ ကျွန်မအတွက် ဟောပေးဖို့ အာရုံခံ လိုက်တိုင်း တိမ်တိုက်နဲ့မြူခိုးတွေပဲ မြင်ရတယ်လို့ပြောတယ်.. အဲဒါကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရဘူးတဲ့.. ဒီကိစ္စက ဗေဒင်ဟောတာမဟုတ်ဘဲ ရှေးဟောင်းရောင်ဝါနဲ့ဆိုင်တဲ့ ရောင်ဝါရှိနေတာတဲ့”
“ရှေးဟောင်းရောင်ဝါဟုတ်လား ဘာအဓိပ္ပာယ်လဲ”
ရှီမာယူယူသည် လက်ထောက်လေး၏ စကားများကို ပြန်ပြောင်းပြောပြ ရာ ဆရာသုံးယောက်သည် အလွန်ပင် မယုံနိုင်စရာဖြစ်နေကြသည်။
“အနက်ဝတ်လူတွေကိစ္စကို စစုံစမ်းမယ်ဆိုရင် ငါတို့လည်း အင်အား ပူးပေါင်းပါ့မယ်” ရှုကျင်းပြောလေသည် “ဒီအချိန်အတွင်းကို မင်းအပြင်မထွက်နဲ့ ဦး”
“ဟုတ်တယ် မိသားစုထဲမှာပဲနေဦး ဟုတ်ပြီလား သတင်းတစ်ခုခုရလာရင် မင်းကိုသတိပေးလိုက်မယ်” အဘိုးနတ်ဆိုးပင် ထိုသို့ပြောလာသဖြင့် ဖန်ကျိရှင်း သည်ဘာမှမပြောသော်လည်း သဘောထားမှာရှင်းလင်းနေသည်။
ရှီမာယူယူသည် စိတ်ထဲမှ ပြောစရာစကားလုံးမဲ့နေသည်။
သူမနိုးလာကတည်းကပင် လူအားလုံး၏အတွေးမှာ အံ့ဩစရာကောင်း လောက်အောင်ပင် တူညီနေခဲ့သည်။ သူမတွင်ဘာမှလုပ်စရာမရှိလျှင် ဘယ်ကို မှမသွားဘဲ အိမ်တွင်သာနေရမည်။ အားလုံးသည် အလွန်တရာမှ သတိထားနေ ကြသည်။ သူမ သတိလက်လွတ်ဖြစ်သွားပါက ပြန်ဆယ်လို့မရသည့် စွန့်စားမှု ကိုခံစားသွားရမည်ကို ကြောက်နေကြသည်။
ဤကဲ့သို့ သဘောထားမျိုးဖြစ်နေကြရာ သူမသည် အကြောင်းပြရန်ပင် ပျင်းလွန်းလှသည်။ သူမသာ စကားတစ်ခွန်းပြောလိုက်ပါက သူတို့ စကား ဆယ် ခွန်းပြန်ပြောမည်ကို သိနေခြင်းကြောင့်ပင်ဖြစ်သည်။ အတိုချုပ်ပြောရလျှင် အဓိပ္ပာယ်မရှိသည့်စကားများအဖြစ်သာ နိဂုံးချုပ်သွားမည်ဖြစ်သည်။
“မင်း ကောင်းကောင်းအနားယူဦး အရင်ဆုံးစီစဉ်စရာရှိတာ စီစဉ်ကြတာ ပေါ့” ထို့နောက် ဆရာသုံးယောက်သည် အတူတကွထွက်သွားကြရာ သူမ တစ် ယောက်တည်း အဆောင်ငယ်တွင် အသည်းကွဲကာကျန်ခဲ့လေသည်။
သူမနိုးလာသည်မှာ မွေးနေ့ပွဲကျင်းပရန်အတွက် အတော်နောက်ကျနေပြီ ဖြစ်ရာ ရှီမာမျိုးနွယ်သည် တစ်လနောက်ဆုတ်ခဲ့သည်။ နေ့စဉ် မတူညီသော လူ များကိုကြည့်ခြင်းအားဖြင့် ပွဲသည်နီးကပ်လာပြီး ရက်အနည်းငယ်သာလိုတော့ လေသည်။
ရှီမာယူယူသည် လက်ချောင်းများကို ခေါက်ချိုးကာ ဤအချိန်အတွင်း တွင် တွေ့ခဲ့သောထောင်ချီသည့်လူများကို ရေတွက်နေသည်။ တချို့မှာ သူမ မြင်ပင်မမြင်ဖူးပေ။ သူတို့ကိုတွေ့ရသည်မှာလည်း အဆက်အစပ်များစွာကြောင့် လာရောက်ပြီး သူမ၏ မွေးနေ့ကိုဂုဏ်ပြုခြင်းကြောင့်ဖြစ်သည်။
ဤကဲ့သို့ ပင်ပန်းသည့်ကိစ္စဖြစ်မည်မှန်း အစောကပင်သိခဲ့ပါက ဤကိစ္စ ကို သဘောတူခဲ့မည်မဟုတ်ပေ။
“ယူယူငါတို့ပြန်လာပြီ” ရှောင်ချီသည် အပြင်မှပြေးဝင်လာသည်။ နောက် တွင် ၁၁ လေးလည်းပါလာသည်။
၁၁ လေးသည် ရှောင်ချီ၏ နောက်လိုက်လိုပင်ဖြစ်နေချေပြီ။ ရှောင်ချီ သွားသည့်နေရာတိုင်း သူမသည် ပြေးလိုက်သွားပြီး သူမ၏မျက်လုံးများမှာ လည်း လေးစားမှုအပြည့်ဖြစ်နေသည်။
သူမသည် ရှောင်ချီနောက် တစ်နေကုန်လိုက်ပြီး ရှောင်ချီ၏စကားများ ကိုနားထောင်ကာ သူမနှင့်လည်း ဆော့ကစားလေသည်။ ထိုအခါမှသာ သူမ အရင်ကလုပ်ခဲ့သည့်အရာများသည် နိမ့်ကျသည်ကိုသိခဲ့ရလေသည်။
‘နိမ့်ကျသည်’ ဆိုသည့်စကားမှာလည်း ရှောင်ချီဆီမှ သင်ယူခဲ့ခြင်းပင် ဖြစ် သည်။
“ပြန်လာကြာပြီလား လမ်းမှာတစ်ခုခုတွေ့ခဲ့ကြသေးလား” ရှီမာယူယူ မေးလိုက်သည်။
“ဟင့်အင်း အကုန်ဘေးကင်းတယ်” ရှောင်ချီပြောလိုက်သည်။
တချို့ကိစ္စများရှိသော်လည်း သူမမပြောတော့ပေ။
ရှီမာယူယူသည် သူမ၏အကျင့်ကိုသိသဖြင့် မမေးတော့ပေ။ သူမသည် ရှောင်ချီကို ၁၁ လေးကို ခေါ်သွားကစားခိုင်းလိုက်ပြီးနောက် ကုန်ရှန်ယိနှင့် ကလေးကိုတွေ့ရန် အပြင်ထွက်ခဲ့လိုက်သည်။
ကုန်ရှန်ယွိသည် ရှီမာကျိယွမ်တို့ကို အရင်သွားတွေ့ပြီးနောက် ရှီမာယူယူ ဆီသို့အလာ လမ်းတစ်ဝက်တွင်တွေ့ကြလေသည်။ ရှီမာယူယူကိုမြင်သောအခါ သူမ အလွန်ပင် ပျော်သွားလေသည်။
“မင်းက အမေတောင်ဖြစ်နေပြီ ဒီလောက်အငိုလွယ်နေရင် မကောင်းဘူး လေ” ရှီမာယူယူသည် ပြုံးပြီးပြောရင်းနှင့် သူမကိုပွေ့ဖက်လိုက်သည်။
“အာ.. ကျွန်မက စောစောကတည်းကလာချင်တယ်လို့ ပြောတယ်.. ဒါပေမဲ့ သူကကျွန်မကို တောင်ကြားထဲမှာနေဖို့ ရက်ပိုင်းလောက်ဆွဲထားတာ မဟုတ်ရင် ဒီကိုရောက်နေတာကြာပြီ” ကုန်ရှန်ယိ စောဒကတက်လေသည်။
“မင်းက အခုမှကလေးမွေးထားတာလေ.. ငါတို့လိုကျင့်ကြံသူတွေက မီးဖွားတာနဲ့ပတ်သက်ပြီးတော့ အထူးတလည်မဟုတ်တောင် ဂရုတော့စိုက်ရဦး မယ်လေ” ရှီမာယူယူသည် ရှီမန်ဖန်၏ရင်ခွင်ထဲမှ ကလေးကိုမြင်သောအခါ လက်ကိုဆန့်ထုတ်လိုက်သည်။ ရှီမန်ဖန်သည် ကလေးလွတ်ကျမည်စိုးသဖြင့် ကလေးကိုသူမဆီသို့ ဂရုတစိုက် ပေးလိုက်သည်။
“ကျွတ် ကျွတ် ဂရုစိုက်တတ်လိုက်တာ.. စိတ်မပူပါနဲ့ဟ မင်းနဲ့ လီအာနဲ့ကို ငါပဲထိန်းလာတာ မင်းရဲ့သားကို ငါလွတ်မကျပါဘူး” ရှီမာယူယူ စနောက်လိုက် သည်။
“ယူယူ ကလေးကိုနာမည်မပေးရသေးဘူး.. သူ့နာမည်ပေးဖို့ အဒေါ့်ကို စောင့်နေတာ” ကုန်ရှန်ယိ ပြောလိုက်သည်။
“ဝိုး မင်းက တကယ်ပဲ ငါ့ကိုစောင့်နေတာပဲ”
“ဒါပေါ့ သူ့အဒေါ်ကိုနာမည်ပေးခိုင်းမယ်လို့ ပြောပြီးပြီ အဲဒီတော့ အစ်မကို စောင့်ရတာပေါ့” ကုန်ရှန်ယိ ပြောလိုက်သည်။
“အင်း ရှီမန်ကျွင်းယိဆိုရင်ရော.. ကမ္ဘာကိုအုပ်စိုးမယ့် ကြော့မော့တဲ့ အမျိုးကောင်းသားဆိုတဲ့ အဓိပ္ပာယ်လေ.. ကျွင်းကျွင်းလေး ဘယ်လိုလဲ” ရှီမာယူ ယူသည် ကလေးကိုဖက်ထားရာ သူသည် သူမကိုရယ်ပြနေလေသည်။
“ဒီကောင်လေးက ဒီနာမည်ကိုကြိုက်တယ်နဲ့တူတယ်… ကျွန်မကိုတောင် ရယ်မပြတာကြာပြီ ဒါပေမဲ့ အစ်မကို သူရယ်ပြမယ်လို့ထင်တောင်မထားဘူး” ကုန်ရှန်ယိ ပြောလေသည် “အဲလိုဆိုမှတော့ သူ့ကိုရှီမန်ကျွင်းယိလို့ပဲ ခေါ်ကြ တာပေါ့”
“ဟုတ်ပြီလေ” ရှီမန်ဖန်သည်လည်း ထိုနာမည်မှာ ကောင်းသည်ဟု ထင်မိ သည်။
ရှီမာယူယူသည် ကလေး၏ခန္ဓာကိုယ်ကို ထပ်မံစမ်းသပ်ကြည့်ပြီး ပြော လိုက်သည် “သူကအုတ်မြစ်ကောင်းတယ်.. ပြီးတော့ သူ့အရည်အချင်းက အနာ ဂတ်မှာ မနိမ့်လောက်ဘူး ဒါယူထားပြီး သူ့ကိုပေးလိုက်”
“ဒါက..” ကုန်ရှန်ယိသည် ရှီမာယူယူပေးသည် ကျောက်စိမ်းပုလင်းကို ဖွင့်ကြည့်ရာ အထဲမှ ဆေးဖက်ဝင်ပစ္စည်း၏ အားကောင်းသောအနံ့ထွက်လာ သည်။
“ဒါက ရိုးတွင်းခြင်ဆီသန့်စင်တဲ့ဆေးပဲ” ရှီမာယူယူ ပြောလိုက်သည် “မင်း ကိုယ်ဝန်ဆောင်တုန်းကသာ စသုံးမယ်ဆိုရင် ကလေးက မွေးဖွားပြီးပိုကောင်း သွားနိုင်တယ်.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲတုန်းက ငါမနိုးခဲ့ဘူး.. ကံကောင်း တာက ကိုယ်ဝန်ဆောင်တုန်းက ကောင်းတာတွေစားခဲ့တာပဲ.. နောက်ထပ် ကောင်းတဲ့ပစ္စည်းတွေရှိသေးတော့ ကျွင်းကျွင်းလေးရဲ့ အနာဂတ်အောင်မြင်မှု လည်း မဆိုးနိုင်ဘူး”
“အကုန်လုံးက ရှီချန်းကျိရဲ့ ကျေးဇူးကြောင့်ပါပဲ.. သူ ကျွန်မတို့ကို ပြောပြ ခဲ့တာကြောင့်သာမဟုတ်ရင် သန္ဓေသားအတွက် ဘယ်ဟာတွေကောင်းလဲဆို တာသိမှာမဟုတ်ဘူး” ကုန်ရှန်ယိ ပြောလိုက်သည်။
“ရှီချန်းကျိက ဂိုဏ်းထဲမှာရှိသေးလား”
“သူတို့တွေရှိကြပါတယ်.. ဒါပေမဲ့ အပြင်သွားပြီး ဒဏ်ရာရလာတော့ အခု တောင်ကြားမှာ နလန်ထူနေကြပါတယ်.. ရှီချူးရှောင်က နေခဲ့ပြီး သူ့ကို ဂရုစိုက် ပေးနေပါတယ်” ကုန်ရှန်ယိသည် ပြောပြီး သေတ္တာတစ်လုံးထုတ်လိုက်သည် “ဒါက သူတို့အစ်မကိုပေးလိုက်တာပါ မွေးနေ့လက်ဆောင်တဲ့”
ရှီမာယူယူသည် ကလေးကိုရှီမန်ဖန်ဆီသို့ ပြန်ပေးပြီး သေတ္တာဖွင့်ကာ ကြည့်လိုက်သည်။ ထို့နောက်သိမ်းကာ ပြောလိုက်သည် “အတွင်းပိုင်းဒေသက လူတွေ ပိုရောက်လာမယ့်ပုံပဲ”
“လူတွေအများကြီးရှိနေပြီ.. ဘာလို့လဲဆိုတော့ အတွင်းပိုင်းဒေသမှာ ပိုချဲ့ထွင်နေပြီဆိုတော့ လူအင်အားလည်းပိုလိုနေပြီ”
“ဒီမှာရပ်မနေကြနဲ့တော့ ဝင်နားကြတော့လေ”
“ဟုတ်ကဲ့ပါ”
ရှီမာအိမ်တော်၏ မလှမ်းမကမ်းနေရာတွင် အထီးကျနေသောပုံရိပ်တစ်ခု သည် ခြံဝန်းထဲတွင်ရပ်ပြီး ရှီမာအိမ်တော်မှလာသည့် ဆူညံသည့် အသံများကို နားထောင်နေရင်း သူ့ခန္ဓာကိုယ်အတွင်းမှ ဝမ်းနည်းမှုကြီးထွက်ပေါ်လာလေ သည်။
***