မွေးနေ့ဆုတောင်း
Vol. 155 Ch. 2163
မွေးနေ့ပွဲနေ့မှာ နောက်ဆုံးတွင်ရောက်လာသည်။
ရှီမာယူယူသည် အလုပ်များလွန်းသဖြင့် မူးနောက်နေသည်။ ဤနေရာသို့ ပထမဆုံးရောက်လာဖူးသူများသည် သူမနှင့် စကားပြောချင်ကြသည်။ ရှီမာယူ ယူရောက်လာမှပင် သူတို့စိတ်အေးကြသည်။
မလာနိုင်သူများသည် သူမ၏မွေးနေ့နှင့် နိုးထလာခြင်းအတွက် ဂုဏ်ပြု မွေးနေ့လက်ဆောင်များပေးကြသည်။ ဥပမာဆိုရလျှင် မြင့်မြတ်သော ရှေးဟောင်းသားရဲဖြစ်သည့် မြင့်မြတ်သောဝူလင်းသည် သူ၏လူများကိုလွှတ် ကာ ရှေးဟောင်းဆေးပစ္စည်းများ၊ အသင်းတစ်ခုချင်းစီသည် ဆေးဖက်ဝင် အပုံ လိုက်နှင့်အတူ ဆုတောင်းစာများကို ပေးပို့ကြသည်။
အသင်းမဟာမိတ်သည် မကြာမီတွင် မဟာမိတ်တွေ့ဆုံပွဲ ကျင်းပမည် ဖြစ်သည်။ ထိုပြိုင်ပွဲသည် အရင်တိမ်တိုက်မြို့တွင် ကျင်းပခဲ့သည့် ပြိုင်ပွဲများနှင့် ဆင်တူပြီး အသင်းအမျိုးမျိုးမှ လူငယ်များ၏ပြိုင်ပွဲဖြစ်သဖြင့် အသင်းတစ်ခုစီမှ ကိုင်တွယ်မည်ဖြစ်ရာ အချိန်ကြာနိုင်သည်။ ထို့ကြောင့် သူမ၏ မွေးနေ့ပွဲကို မတက်ရောက်နိုင်ခြင်းဖြစ်သည်။
စိတ်ဓာတ်များမြှင့်တင်နိုင်ရန် သူတို့သည် သူမကို လာကြည့်ရန် ဖိတ်ကြားခဲ့ကြသည်။
ဖိတ်စာသည် အချိန်ကိုက်ရောက်လာသည်ဟု တွေးပြီး ချက်ချင်းပင် သဘောတူကာ အသင်းမဟာမိတ်အသင်းမှလူများကို အဖြေပြန်ပေးပြီးနောက် ရှီမာကျိယွင်တို့ဆီသို့ ထွက်လာခဲ့လိုက်သည်။
ရှီမာကျိယွင်နှင့်တခြားသူများသည် ဧည့်သည်များကို နှုတ်ဆက်နေကြ သည်။ သူမ ရောက်သွားသည်နှင့် ဆွဲခေါ်ပြီး အားလုံးနှင့် မိတ်ဆက်ပေးလေ သည်။ နောက်ဆုံးတွင် သူမ အပြင်ထွက်ရတော့မည်ဟု တွေးလိုက်မိသည်နှင့် ခံစားရသက်သာသွားကာ မသိသည့်လူများကို နှုတ်ဆက်ရသည်မှာ မပင်ပန်း တော့ပေ။
ဧည့်ခံပွဲကို သေးငယ်ပြီး ခမ်းနားလေးနက်စွာ ကျင်းပသည်။ စားဖိုမှူးများ အားလုံးကို အမှတ်တရစားသောက်ဆိုင်မှ ဖိတ်ကြားထားသည်။ ရှီမာယူယူ ပြင်ဆင်ပေးသည့် ဝိညာဉ်သစ်သီးများနှင့် ဟင်းပွဲများသည် ထိပ်တန်းပင်ဖြစ် သည်။ ဝိုင်ကိုလည်း ရှီမာယူယူ ပြင်ဆင်ထားခြင်းဖြစ်ကာ သူမ အိပ်မောကျစဉ် တွင် ဝိညာဉ်လေးမှ အချဉ်ဖောက်ထားခြင်းဖြစ်သည်။ သူသည် ပျင်းရိနေသဖြင့် သစ်သီးဝိုင်များနှင့် သေရည်များကို ချက်လုပ်ထားခဲ့သည်။
အရာရာတိုင်းသည် အထူးကောင်းမွန်ပြီး အရည်အသွေးမြင့်လှသည်။ ရှီမာကျိယွင်နှင့် တခြားသူများသည် ရှီမာယူယူကိုခေါ်ကာ တစ်ဦးချင်းစီ ကျေးဇူးတင်ကြောင်း ဂုဏ်ပြုပေးပြီး တစ်ချိန်တည်းမှာပင် အရင်က မနှုတ်ဆက် မိသူများကိုလည်း တောင်းပန်စကားဆိုလေသည်။
သူမ လှည့်ပတ်သွားလာပြီးနောက် မှောင်မည်းနေပြီဖြစ်သည်။
ဧည့်သည်များသည် ရှီမာယူယူကို မြင်သောအခါ အလွန်ဝမ်းသာကြ သည်။ သူမသည် ပညာရှိစံအိမ်တော်နှင့် အနက်ဝတ်လူများအကြောင်း ဆွဲထုတ် ကာ ကမ္ဘာကြီးတည်ငြိမ်အောင်ပြုလုပ်ပေးပြီး သူတို့ကိုအေးချမ်းသောဘဝကို ပေးစွမ်းခဲ့သည်။
သူတို့၏ ကျေးဇူးတင်စကားများကို ရှီမာယူယူကြားသောအခါ သူမ၏ စိတ်မှာ လေးပြီးရင်းလေးလံမိသည်။ အနက်ဝတ်လူတွေ ပြန်ထွက်လာပြီး အဲဒီ ကိစ္စက သူမနဲ့ပတ်သက်နေတယ်ဆိုတာကို သိသွားရင် သူတို့ ဘယ်လိုခံစားကြ မလဲ။
သူမ နားမလည်ပေ။ နှစ် ၁၀၀ ကျော်သည် တိုတောင်းလှသည့် အချိန် မဟုတ်ပေ။ သူမ ဒီလောက်အကြာကြီးပျောက်သွားတာကို အနက်ဝတ်လူတွေ က သူမကြောင့် ပြန်ပေါ်လာတာလား။ အဲဒါနဲ့ဘာဆိုင်လို့လဲ။
မူစစ်.. သူကရော ဒီကိစ္စမှာဘာလို့ သော့ချက်ဖြစ်နေတာလဲ။
သူမသည် အိမ်၌သာ သတင်းဆက်စောင့်မနေနိုင်တော့ပေ။ သူမ အပြင် ထွက်ရမည်။
ဧည့်ခံပွဲပြီးနောက် ရှီမာမျိုးနွယ်သည် ဧည့်သည်များအားလုံးအတွက် လက်ဆောင်များ ပြန်ပေးရန်ပြင်ဆင်ထားသည်။ ထိုလက်ဆောင်များသည် ဈေးမကြီးသော်လည်း အလွန်ထူးခြားသည်။ ဧည့်သည်များအားလုံးသည် ကျေနပ်စွာ ထွက်သွားကြသည်။
ရှီမာယူယူသည် ခြံဝန်းဆီသို့ ပြန်လာသည်။ အားလုံးသည် အလုပ်ရှုပ်နေ ကြရာ နဂိုက ဟာလာဟင်းလင်းဖြစ်နေသည့် ခြံဝန်းမှာ အခုလူတစ်ယောက် သာရပ်နေလေ၏။
ရှီမာယူယူသည် တဒင်္ဂမျှလန့်သွားသည်။ ပြီးနောက် ပြုံးကာ ပြောလိုက် သည် “ဟော ဘယ်တုန်းကလာတာလဲ ရှေ့ကဧည့်ခံပွဲကိုဘာလို့မလာတာလဲ”
ရွှမ်ချုံးဟော်သည် လရောင်အောက်တွင်ရပ်နေကာ သူ၏ ဖြူစွတ်နေ သည့်ဝတ်ရုံသည် သူ့ကိုလရောင်နှင့်ပင် ရောယှက်နေသလိုပင်။ ရှီမာယူယူ သူ့ ရှေ့တွင်ရပ်နေသည်ကို မြင်သောအခါ အိပ်မက်မဟုတ်သလို အကြိမ်ပေါင်းများ စွာ ကွဲပြဲခဲ့ရသည့်မြင်ကွင်းလည်းမဟုတ်တော့သဖြင့် သူ့စိတ်ထဲမှ အထီးကျန်မှု သည် တဒင်္ဂအတွင်း ပျောက်ကွယ်သွားသည်။
“မင်းကိုတွေ့ချင်တာလေ အဲဧည့်သည်တွေကို တွေ့ချင်တာမှမဟုတ်တာ” ရွှမ်ချုံးဟော် ပြောလေသည်။
ရှီမာယူယူ လျှောက်သွားပြီး သူ့ရှေ့သို့ လက်ဆန့်ထုတ်ကာ မျက်တောင် ခတ်ပြီး ပြောလိုက်သည် “ကျွန်မမွေးနေ့ကို ဂုဏ်ပြုဖို့လာတယ်ဆိုတော့ ကျွန်မ လက်ဆောင်က ဘယ်မှာလဲ”
သူမ မျက်နှာမှ အပြုံးကိုမြင်သောအခါ ရွှမ်ချုံးဟော်သည် နှုတ်ခမ်းထောင့် ကိုတွန့်ပြုံးလိုက်ကာ သေတ္တာတစ်လုံးထုတ်ပြီး သူမကိုပေးလိုက်သည် “မင်း မွေးနေ့ပဲကို လက်ဆောင်ဘယ်လိုလုပ်မေ့ပါ့မလဲ”
“ကျွန်မ သိနေတယ်လေ” ရှီမာယူယူသည် ကျောက်စိမ်းသေတ္တာယူပြီး ဖွင့်ကြည့်ရာ အထဲမှအကြောင်းအရာကိုမြင်သည်နှင့် အံ့ဩသွားသည်။
အဲဒါက ဘာလဲဆိုတာ သူမမသိပေမဲ့ အံ့ဖွယ်ဆေးတွေကို အများကြီးတွေ့ ဖူးလာတာဆိုတော့ အံ့ဖွယ်ဆေးရောင်ဝါကို ဘယ်လိုလုပ်မမှတ်မိဘဲနေပါ့မလဲ။
သူက တကယ်ပဲ သူမကိုအံ့ဖွယ်ဆေးပေးတာပဲ။
သူမသည် လက်ဆောင်ကိုပြန်ပေးပြီး ပြောလိုက်သည် “ရှင့်လက်ဆောင် က အရမ်းတန်ဖိုးကြီးလွန်းတယ် ကျွန်မမယူနိုင်ဘူး..”
“ဘာလို့ မယူနိုင်တာလဲ” ရွှမ်ချုံးဟော်သည် လက်မခံပေ “ငါမင်းကို ပေး တာက မင်းဟာပဲလေ.. ဒါက နှစ်ပေါင်း ၁၀၀ ကျော်အိပ်ရာကနေ နိုးလာလို့ မင်း ကိုဂုဏ်ပြုတဲ့အနေနဲ့ပေးတာ.. မင်းလက်မခံဘူးဆိုရင် ငါဝမ်းနည်းမှာပဲ”
ရှီမာယူယူသည် သူ့မျက်လုံးထဲမှ ဝမ်းနည်းမှုကိုမြင်သောအခါ သူမကို မကာကွယ်နိုင်သည့်အတွက် သူ့ကိုယ်သူ အပြစ်တင်နေသည်ကို သိလိုက်ရ၏။ ဤလက်ဆောင်ပေးရသည်မှာ သူ့ကိုပျော်စေလျှင် ပျော်ခွင့်ပေးလိုက်မည်။
“ဟုတ်ပြီ အရင်ဆုံးတော့ယူထားလိုက်မယ်.. နောက်မှရှင်လိုချင်ရင် ကျွန်မဆီလာခဲ့” သူမသည် သေတ္တာကိုသိမ်းလိုက်သည်။
“မင်းမွေးနေ့မှာ ဆုတောင်းချင်တယ်လို့ မင်းပြောဖူးတယ်.. ဆုတောင်းပြီး ပြီလား” ရွှမ်ချုံးဟော် မေးလိုက်သည်။
“ဒါဆိုရင်တော့ ကိတ်ရှိမှဖြစ်မယ်.. မွေးနေ့ကိတ်နဲ့ဆုတောင်းမှ တကယ် ဖြစ်လာမှာ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းကိုယ်မင်းအတွက် မလုပ်ဘူးလား” ရွှမ်ချုံးဟော် မေးလိုက်သည်။
“ကျွန်မက ဒီနောက်ပိုင်းအလုပ်များနေလို့ လုပ်ဖို့အချိန်ကိုမရှိဘူး” ရှီမာ ယူယူ ပြောလိုက်သည် “ပြီးတော့ အဲကိတ်ကို သူများကပေးရမှာ ကျွန်မဘာသာ လုပ်လို့မရဘူး”
“ငါလုပ်ခဲ့တာကံကောင်းသွားတယ်.. ဒါပေမဲ့ ရုပ်ဆိုးနေတယ်.. ငါ အစက ထုတ်မပြတော့ဘူးလုပ်နေတာ.. ဒါပေမဲ့ အခုတော့ မင်း ဘာလို့မလုပ်တာလဲ” ရွှမ်ချုံးဟော်သည် သူမအရင်က ပြောခဲ့ဖူးသည့်အတိုင်း ကိတ်တစ်လုံးထုတ်လာ သည်။
ရှီမာယူယူ အံ့ဩသွားသည်။ သူမသည် မွေးနေ့ကိတ်အကြောင်းကို အရင် ရွှမ်ချုံးမိသားစုတွင်ရှိစဉ်က ပြောပြခဲ့သည်။ သို့သော် သူမ မလုပ်ဖူးသော်လည်း သူ အမှန်တကယ်ပင် လုပ်လာသည်။
“ရှင် ဒါလုပ်ထားတာလား”
“အင်း ဒီနေ့တစ်နေကုန်လုပ်ထားရတာ.. နောက်ဆုံးတော့ သူများကို ပြစရာရှိတာပေါ့”
“လှလိုက်တာ ကျေးဇူးတင်ပါတယ်” သူမသည် ကိတ်ကိုယူကာ အဆောင် ငယ်ဆီသို့သွားပြီး စားပွဲပေါ်တင်ကာ ဖယောင်းတိုင်များထိုးစိုက်လိုက်သည်။
“ဆိုတောင်းလေ” ရွှမ်ချုံးဟော်သည် ပြုံးပြီးပြောလေသည်။
“အင်းပါ” ရှီမာယူယူသည် မျက်လုံးများမှိတ်ကာ ဆုတောင်းလိုက်သည်။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ ဖယောင်းတိုင်များအားလုံးကို မှုတ်လိုက်သည်။
ရွှမ်ချုံးဟော်သည် သူမဆုတောင်းနေပုံနှင့် ဖယောင်းတိုင်မှုတ်သည့်ပုံစံ များကို ကြည့်ပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးဖြစ်ပေါ်လာသည်။ သူသည် သူမကို ယခုလိုမြင်ရသည်မှာ နောက်ဆုံးအကြိမ်ဖြစ်သည့်အလား သူ့မျက်လုံး များသည် ပိုပိုဝမ်းနည်းလာသည်။ သို့သော် သူ့ခံစားချက်များသည် ကြာကြာမခံ ပေ။ ရှီမာယူယူ မျက်လုံးပြန်ဖွင့်လာချိန်တွင် ပျောက်ကွယ်သွားလေသည်။
သူမ ဖယောင်းတိုင်မှုတ်သည်ကို ကြည့်ပြီး သူပြုံးကာမေးလိုက်သည် “ဘာတွေများ ဆုတောင်းလိုက်တာလဲ”
“ကျွန်မမွေးနေ့ပွဲကိုလာတဲ့လူတွေ ဘေးကင်းကင်းနဲ့ပြန်နိုင်ဖို့ မျှော်လင့်ပါ တယ်လို့” ရှီမာယူယူ ပြောလိုက်သည် “အနက်ဝတ်လူတွေ ပြန်ထွက်လာပြီလို့ လက်ထောက်လေးပြောတယ်.. ပြန်သွားတဲ့လမ်းမှာ အဲဒီအနက်ဝတ်လူတွေနဲ့ မတွေ့ပါစေနဲ့လို့ မျှော်လင့်ပါတယ် မဟုတ်ရင် ကျွန်မဝမ်းနည်းရမှာ”
ရွှမ်ချုံးဟော်သည် မျက်နှာမှအပြုံးကိုရပ်ပြီး ပြောလိုက်သည် “စိတ်မပူပါ နဲ့ သူတို့အဆင်ပြေမှာပါ”
“အင်း ကျွန်မရဲ့မွေးနေ့ဆုတောင်း တကယ်ဖြစ်လာဖို့မျှော်လင့်ပါတယ်” ရှီမာယူယူသည် သူ့ကိုပြုံးပြီးပြောလိုက်သည် “ကဲ ကိတ်မုန့်စားရအောင်”
သူမသည် ဓားတစ်ချောင်းထုတ်ကာ နှစ်ပိုင်းပိုင်းလိုက်ပြီး တစ်ပိုင်းကို သူ့ ကိုပေးပြီး နောက်တစ်ပိုင်းကို သူမ စားလိုက်သည်။
“စားကောင်းလိုက်တာ ဟော်လုပ်တဲ့ကိတ်မုန့်စားရတာ တကယ် ကံကောင်းတာပဲ”
မင်းအတွက် ကိတ်မုန့်လုပ်ပေးနိုင်လို့ ငါပျော်ပါတယ်။ ရွှမ်ချုံးဟော်သည် စိတ်ထဲမှပြောလိုက်သော်လည်း ပါးစပ်မှ အသံထွက်မလာပေ။
သူမ ကိတ်မုန့်စားပြီးနောက် အပြင်ဘက်မှ အသံထွက်လာသည်။ ကြည့်ရ သည်မှာ တစ်စုံတစ်ယောက်လာသည့်ပုံပင်။
“ငါသွားတော့မယ်” ရွှမ်ချုံးဟော်သည် ထပြီးပြောလေသည်။
ရှီမာယူယူ မတ်တတ်ရပ်ကာ သူ့ကိုကြည့်ပြီးပြောလိုက်သည် “ဟုတ်ပါပြီ ရှင်က ဒါမျိုးတွေမကြိုက်တာ ကျွန်မသိပါတယ် အဲဒါကြောင့် ဆွဲမထားတော့ ဘူး.. ကျွန်မမွေးနေ့မှာ အဖော်လာပြုပေးတာ ကျေးဇူးတင်ပါတယ်”
ရွှမ်ချုံးဟော်သည် သူမကိုကြည့်ပြီး ရုတ်တရက် ရှေ့တိုးကာ သူမကို ပွေ့ဖက်လိုက်သည်။
***