မရဏာလောကက မင်းနောက်ခံပဲ
Vol. 155 Ch. 2165
ဟွမ်နှင့် အရိပ်မည်းတို့နှင့်ပတ်သက်ပြီး ယွိခဲ့လော့တို့သည် မျိုးနွယ်ကို ပြောပြီးသားဖြစ်သည်။ ဟေးဒီးစ်သည် ရှီမာယူယူနှင့် ဝူလင်းယူတို့ကို ပြန်ခေါ် လာသဖြင့် ဟေးဒီးစ်၏တည်ရှိမှုကို သူတို့သိကြသည်။
နောက်တွင် ရွှီမာလျူရွှမ်နှင့် ယွိခဲ့လော့တို့ပြန်လာချိန်မှ တစ္ဆေလောက အတွင်းရှိ ရှီမာယူယူအကြောင်းကိုမေးကြရာ သူမကို သခင်များမှ ကာကွယ်ပေး ထားသည်ကို သိကြသည်။
“ဘယ်တော့သွားမှာလဲ” ရှီမာဟော်ရွှမ် မေးလိုက်သည်။
“မနက်ဖြန်ပါ” သူမ ထွက်သွားတော့မည်ဖြစ်သဖြင့် ပြင်ဆင်ရဦးမည်ဖြစ် သည်။ အနည်းဆုံးတော့ ဆေးများကိုပြန်ဖြည့်ရမည်။ တစ္ဆေလောကတွင်သုံးခဲ့ သည့် ဆေးများနေရာတွင် လူသားလောက၏ဆေးများဖြင့် အစားထိုးရမည်။ မဟုတ်လျှင် တစ်ချိန်ချိန် သူမဒဏ်ရာရလျှင်ဆေးပင်ရှိတော့မည်မဟုတ်ပေ။
ပြီးနောက် သူမသည် မျိုးနွယ်မှလူများကို ပြောရန်လိုသည်။
ထိုမှတစ်ဆင့် ရှီမာလျူရွှမ်နှင့် ယွိခဲ့လော့ဆီသွားရမည်။ သူမ ထွက်သွား တော့မည်ဟု ကြားသည်နှင့် သူတို့နှစ်ယောက်သည် ကန့်ကွက်စရာမရှိသော် လည်း တွန့်ဆုတ်နေသေးသည်။
“သမီးနိုးလာတာမှ ဘယ်လောက်ကြာသေးလို့လဲ အမေက သမီးနဲ့ အချိန် အတူကုန်ဆုံးတာမှမကြာသေးဘူး အခုသမီးကပြန်ထွက်သွားတော့မယ်” ယွိခဲ့ လော့သည် ရှီမာယူယူကို တွန့်ဆုတ်စွာ ပြန်ဆွဲထားလေသည်။
“အမေ အမေက လူသားလောကမှာ အကြာကြီးမနေဘူးမလား.. ဒါဆို သမီးအိမ်ပြန်ရောက်ရင် အမေ့ကိုတွေ့ရပါ့မလား” ရှီမာယူယူသည် သူမလက်ကို ဆွဲယူကာ ယွိခဲ့လော့၏ပခုံးပေါ်တွင် ခေါင်းတင်လိုက်သည်။
“အပြင်ထွက်ရင် သမီးသတိထားရမယ်နော် ဟုတ်ပြီလား” ယွိခဲ့လော့ တိုက်တွန်းလိုက်သည် “သမီး ဘာနည်းလမ်းပဲသုံးသုံး အသက်ရှင်နိုင်တယ်ဆို ရင် တခြားသူတွေရဲ့ထင်မြင်ချက်ကို ဂရုမစိုက်နဲ့”
“ဟုတ် သမီးသိပါတယ်” ရှီမာယူယူသည် သူမ၏အမြင်နှင့်တူသည့် ယွိခဲ့ လော့၏ အကြံကိုသဘောကျသည်။ “ဒါနဲ့ အမေ အဖေနဲ့အမေ သမီးကို ဘယ်တော့ မောင်လေးညီမလေး မွေးပေးမှာလဲ”
သူတို့နှစ်ယောက်တွင် သမီးတစ်ယောက်တည်းရှိကာ သူမသည်လည်း သူတို့၏ဘေးတွင် အမြဲမနေနိုင်ပေ။ သူတို့တွင်သာ တခြားကလေးရှိပါက ပို အဆင်ပြေနိုင်သည်။
“ကလေး ဘာတွေပြောနေတာလဲ” ယွိခဲ့လော့သည် သူမ၏လက်ချောင်း ရှည်များဖြင့် သူမ၏နဖူးကိုတောက်ပြီး အနည်းငယ်ရှက်ရွံ့စွာကြည့်လေသည်။
“တကယ်ပြောနေတာ” ရှီမာယူယူ ပြောလိုက်သည် “အခု အဖေနဲ့အမေ တို့ကို တားမယ့်သူမရှိတော့ဘူး အမေတို့က အတူနေနေကြပြီဆိုတော့ ကလေး ရလာမှာလည်း သဘာဝပဲလေ.. အနာဂတ်က ခရီးရှည်ပါတယ်.. ကလေးမရနိုင် စရာမရှိဘူးလေ.. ဘယ်လိုပဲဖြစ်ဖြစ် ခုမဟုတ်ရင် နောက်ကျရမှာပဲ.. အဲဒါကို အဖော်ပြုခိုင်းဖို့ စောစောလေးယူလိုက်တာ မကောင်းဘူးလား”
“သမီးက အမေတို့နဲ့ အဖော်မပြုပေးချင်တာတဲ့ အငယ်တွေကို မျှော်လင့် နေတာမလား” ယွိခဲ့လော့သည် သူမ၏အတွေးများကို ဖောက်ထွင်းပြောလိုက် သည်။
“သမီးလည်း ဒီလိုမဖြစ်ချင်ပါဘူး.. ဒါပေမဲ့ သမီးကိုရှေ့ဆက်သွားရအောင် အခြေအနေတွေက တွန်းပို့နေတာ” ရှီမာယူယူသည် သက်ပြင်းချလိုက်သည်။
ယွိခဲ့လော့သည် သူမစကားများထဲမှ ကူကယ်ရာမဲ့နေသည်ကို ကြားရ သည်။ သူမသည် ရှီမာယူယူ၏လက်ကို ပုတ်ပြီးပြောလိုက်သည် “အမေတို့တွေ မလုပ်ချင်ဘဲလုပ်ရတဲ့အလုပ်တွေလည်း အများကြီးရှိတယ်.. ဒါပေမဲ့ ရှေ့ကို ဆက်သွားတာကောင်းတယ်.. သမီးလည်း ပိုမြင့်ပြီးပိုဝေးတဲ့နေရာကို သွားနိုင်ဖို့ မျှော်လင့်ပါတယ်”
“သမီးသိပါတယ်”
“တကယ်တော့ သမီးအဖေမှာ အဲလိုအကြံရှိပါတယ် ဒါပေမဲ့ အမေက သဘောမတူတာ” ယွိခဲ့လော့ ပြောလိုက်သည်။
“ဘာလို့လဲ အမေက ကလေးမလိုချင်ဘူးလား” ရှီမာယူယူသည် မေးလိုက် ပြီးမှ ယွိခဲ့လော့၏ မျက်လုံးထဲမှ ကြင်နာသော တောင်းပန်မှုကို မြင်လိုက်မှပင် ရုတ်တရက် နားလည်သွားသည် “သမီးကြောင့်လား”
“ဟုတ်တယ်” ယွိခဲ့လော့ သက်ပြင်းချလိုက်သည် “သမီး မွေးပြီးကတည်း က သမီးနဲ့အတူမနေခဲ့ရဘူး.. နောက်ဆုံးတော့ အမေ့ကိုကယ်ဖို့ သမီး အား အများကြီးစိုက်ထုတ်ခဲ့ရတယ်.. အဲနောက်ကျလည်း သမီးကအိပ်မောကျနေလို့ အမေက ဂရုမစိုက်ပေးနိုင်ခဲ့ဘူး.. သမီးက အခုမှနိုးလာတာ သမီးကို အဖော်ပြု ပေးချင်သေးတယ်”
“အမေ အဲဒါကပဋိပက္ခမဟုတ်ပါဘူး.. သမီး ခံပြင်းမှာကို စိတ်ပူဖို့မလိုပါ ဘူး.. သမီးအသက်ကြီးပါပြီ” ရှီမာယူယူ ပြုံးလိုက်သည် “အမေတို့ကို အဖော်ပြု ပေးဖို့ မောင်လေးညီမလေးတွေကို သမီးလည်းလိုချင်ပါတယ်”
“ဒါက.. ဒီအကြောင်းကို နောက်မှပြောကြတာပေါ့” ယွိခဲ့လော့သည် ရှက် နေသည် “ဒါနဲ့ သမီးအနာဂတ်မှာ တစ်ခုခုလုပ်မယ်ဆို မကြောက်ဘဲ ယုံကြည် ချက်ရှိရှိလုပ်ပါလို့ ဟေးဒီးစ်က လင်းယူကိုပြောသွားတယ် မရဏာလောကက သမီးနောက်မှာ နောက်ခံအဖြစ်ရှိမှာတဲ့”
“အဲလူကြီးက မရဏာလောကမှာပျင်းလို့ လူသားလောကမှာ လာကစား မလို့တွေးနေတာဖြစ်မယ်” ရှီမာယူယူ ရယ်မောလိုက်သည် “ဒါပေမဲ့ သူအဲလို ပြောထားတာဆိုရင် အပြင်ထွက်ရင်လည်း စိတ်မပူတော့ဘူး.. ဟုတ်ပြီ အမေ သမီးအရင်သွားနှင့်မယ် ပြင်ဆင်စရာရှိတာပြင်ဆင်ရဦးမယ်”
“အေးပါ” ယွိခဲ့လော့သည် ရှီမာယူယူကို ပြန်လွှတ်လိုက်ပြီး သူမ ပြောခဲ့ သည့်စကားများကို ပြန်တွေးပြီးအနည်းငယ်ရှက်နေမိသည်။
ရှီမာယူယူသည် အပြင်ထွက်ရမည်ဆိုသဖြင့် ခံစားချက်ကောင်းနေသည်။ သူမသည် သီချင်းညည်းရင်း ပြန်လာသည်။ ခြံဝန်းသို့ဝင်သည်နှင့် သူမ မှင်တက် သွားသည်။ သူမသည် ထင်ယောင်ထင်မှားမဟုတ်သည်ကို သေချာစေရန် မျက် တောင်ခတ်လိုက်သည်။ ထို့နောက် ပြုံးကာ ပြောလိုက်သည် “ရှင်က ဘာလို့ ဒီကိုရောက်နေတာလဲ”
“မရဏာလောကက ပျင်းဖို့ကောင်းတယ်ထင်လို့ လူသားလောကမှာ လာ ကစားတာ” ဟေးဒီးစ်သည် ပုလ္လင်ပေါ်တွင်ထိုင်ပြီး သူမကိုစိုက်ကြည့်ကာ တိုးညင်းစွာပြောလေသည်။
အဟွတ် သူမ နောက်ကွယ်ကနေ အတင်းပြောတာ လူမိသွားပြီ။
ရှီမာယူယူသည် ထိုအခိုက်တွင် မသက်မသာဖြစ်သွားသည်။ ထို့နောက် ချက်ချင်းပင် ပြုံးလိုက်သည် “ကျွန်မပြောတာ မှန်တယ်မလား”
“ဘယ်လိုထင်လို့လဲ”
“အဲလိုထင်တာပဲ” ရှီမာယူယူ လျှောက်သွားပြီး သူ့ပလ္လင်ပေါ်ထိုင်ကာ လက်တန်းပေါ်လက်တင်ကာ ပြောလေသည် “ရှင့်ပုလ္လင်က အမိုက်ဆုံးဖြစ်နေ တုန်းပဲ.. ဒါနဲ့ ကျွန်မလက်ဆောင်က ဘယ်မှာလဲ”
“ဘာလက်ဆောင်လဲ”
“မွေးနေ့လေ.. ဒါက ကျွန်မရဲ့ပထမဆုံးမွေးနေ့ပွဲပဲ.. မွေးနေ့ပွဲကိုလွတ် သွားလည်းရပါတယ်.. ဒီမွေးနေ့ပွဲက မရှိမဖြစ်မို့လို့လေ” ရှီမာယူယူသည် ပါးမို့ များတက်အောင် ပြုံးရင်းပြောလေသည်။
“ငါက မင်းအသက်ကိုကယ်ထားတာ အဲဒါကိုမွေးနေ့လက်ဆောင်လာ တောင်းနေသေးတာလား” ဟေးဒီးစ်သည် မျက်ခုံးများကို ပင့်လိုက်သည်။ သူ၏ ညှို့အားပြင်းသောမျက်လုံးများသည် ပျော်ရွှင်မှုရော ဒေါသကိုရောမပြပေ။
သို့သော် ရှီမာယူယူသည် သူ့ဒေါသကိုသိပြီးဖြစ်သည် “လုပ်ပါ ရှင့်မှာရှိ ထားပြီးသားလားမသိဘူး.. အသင့်ဖြစ်နေပြီဆိုလည်း ဘာလို့မပေးတာလဲ”
“မင်းကတော့ ပိုပိုပြီးမသင့်တော်တော့ဘူး” ဟေးဒီးစ်သည် အထင်သေး စွာပြောလေသည်။ သို့သော် သူသည် လက်ဖဝါးအရွယ်အစားရှိသည့် ပုလ္လင်ငယ် လေးကို ထုတ်ပြီး သူမဆီသို့ ပစ်ပေးလိုက်သည်။
ရှီမာယူယူသည် ပုလ္လင်ငယ်လေးကိုမြင်သောအခါ မျက်လုံးများပင့်တက် သွားပြီး ပျော်ရွှင်စွာပြောလိုက်သည် “ဒါက ကျွန်မအတွက်လုပ်ပေးထားတဲ့ ပုလ္လင်လား ကျွန်မသွားချင်တဲ့နေရာကို ခေါ်သွားပေးနိုင်လား”
“ဒါကို ရုပ်တုလေးလို့ မင်းစိတ်ထဲမှာမတွေးမိဘူးလား”
“ဟေးဒီးစ်ကိုယ်တိုင်ယူလာတာဆိုရင် သာမန်ရုပ်တုဖြစ်နိုင်မှာလား”
ဟေးဒီစ်းသည် သူမမျက်နှာမှ အပြုံးကိုကြည့်ပြီး အေးစက်စွာနှာမှုတ် လိုက်သည် “မင်းက တကယ်ပဲ ပိုပိုပြီးမသင့်တော်တော့ဘူး”
သို့သော် ရှီမာယူယူသည် သူ့စကားထဲမှ ချစ်ခင်မှုများကို ကြားသောအခါ ပို၍ပင်ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ ဟေးဒီးစ်သည် သူမ၏ အသွင်အပြင် ကိုကြည့်ပြီး အထင်သေးစွာဖြင့် ဆူပုပ်နေသော်လည်း သူ့နှုတ်ခမ်းထောင့်မှာ အသာတွန့်တက်သွားပြီး ခံစားချက်ကောင်းနေသည်။
“ဟေးဒီးစ် ဒါကိုဘယ်လိုသုံးရတာလဲ.. ရှင့်ဟာလောက် မြန်လား” ရှီမာယူ ယူသည် လက်ထဲမှပုလ္လင်ကို ဂရုတစိုက်ကြည့်ပြီး မည်သို့သုံးရမည်ကို မသိပေ။
“သွေးဆက်စပ်မှု တည်ဆောက်ရမယ် တုံးလိုက်တာ”
“အိုး”
ရှီမာယူယူသည် ပုလ္လင်ပေါ်သို့ လတ်ဆတ်သည့် သွေးချလိုက်သည်။ ထို့နောက် ဟေးဒီးစ်ယူသွားကာ မည်သို့လုပ်လိုက်သည်မသိ ပုလ္လင်နှင့် ဆက်သွယ်ချက်ကို ခံစားရလေသည်။
“အရွယ်အစားကို မင်းဘာသာ ထိန်းချုပ်လို့ရတယ်.. ငါ့ဟာလောက် ကြီး ဖို့ကတော့မဖြစ်နိုင်ဘူး အများဆုံးမှ လူနှစ်ယောက်ပဲ ထိုင်လို့ရမယ်… ပုလ္လင်က ပိုကြီးလေလေ ဝိညာဉ်စွမ်းအားပိုသုံးရလေလေပဲ အရှိန်နှုန်းကတော့ မင်းရဲ့ အားအပေါ်မှာမူတည်တာပဲ” ဟေးဒီးစ်ပြောလိုက်သည်။
ပုလ္လင်သည် အင်အားကြီးသည့်သူ ထိန်းချုပ်လျှင် အရှိန်ပိုမြန်ပြိး အချိန် ကုန်သက်သာသည်ကို ရှီမာယူယူ နားလည်သည်။
သူမသည် သင်ပေးထားသည့် နည်းလမ်းအတိုင်း ပုလ္လင်ကို ထိန်းချုပ်ကာ ပိုကြီးလာစေရန် ထိန်းချုပ်လာသည်။ လူနှစ်ယောက်သာ ထိုင်နိုင်သည်ဟု တွေး မိလိုက်သည်နှင့် အဆုံးသတ်သွားပြီဟု ခံစားမိလိုက်ရသည်။
သူမသည် ဟေးဒီးစ်၏ ပုလ္လင်ပေါ်မှဆင်းပြီး သူမ၏ ကိုယ်ပိုင် ပုလ္လင်ငယ် ပေါ်သို့တက်ပြီး ဟေးဒီးစ်ကို ကမ်းလှမ်းလိုက်သည် “သက်ရောက်မှုကို စမ်းသပ် ကြည့်ကြမလား”
***