ရိုးစင်းသော
Vol. 155 Ch. 2166
ဟေးဒီးစ်သည် ထိုပုလ္လင်ငယ်ပေါ်တွင်ထိုင်ရမည်မှာ သူ၏ဂုဏ်ရည်ဩဇာ များ ပျောက်ဆုံးသွားသလိုခံစားလိုက်ရသည်။
သို့သော် ရှီမာယူယူ၏ တောက်ပနေသောမျက်လုံးများကို မြင်သောအခါ သူ့စိတ်ထဲမှ ငြင်းဆန်မိသော်ငြား ဘာမှမပြောနိုင်တော့ပေ။
အကြိမ်တိုင်းတွင် သူသည် ထိုမျက်လုံးများကြောင့် ရှုံးနိမ့်ရသည်။ အဲဒီ အကြည့်တွေ…
သူသည် စိတ်မပါလက်မပါဖြင့် သူ့ပုလ္လင်ပေါ်မှဆင်းပြီး ရှီမာယူယူ၏ ပုလ္လင်ငယ်ပေါ်တွင် ထိုင်လိုက်သည်။
ရှီမာယူယူသည် သူမဆိုးသည်ကိုလည်း သူမကိုယ်သူမသိသည်။ သူမ သည် ဟေးဒီးစ်၏ တသီးတခြားနေတတ်ပြီး ဘာကိုမှစိတ်မဝင်စားသည့် ပုံစံကို သွားနှောက်ရသည်ကို သဘောကျသည်။ သူ ဒေါသထွက်၊ နေရခက်ပြီး အလွန် တရာတွန့်ဆုတ်နေပုံကိုမြင်ရလျှင် သူမသည် အနည်းငယ်စိတ်လှုပ်ရှား ပျော်ရွှင် မိသည်။ ယခုသူ့ပုံစံမှာ သူမကို အလွန်ပင် စိတ်ခံစားချက်ကောင်းစေသည်။
“ဗီလိန်ကြီးက အောင်မြင်သွားပြီ” ဟေးဒီးစ်သည် သူမ၏အတွေးကို သိ သဖြင့် ရွံရှာစွာ ပြောလေသည်။
“ကျွန်မ တောင်းဆိုချက်ကို ပူးပေါင်ပေးလို့ ကျေးဇူးတင်ပါတယ် ဂုဏ်သရေရှိလူကြီးမင်းဟေးဒီးစ်” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည် “အသင့်ပြင်ထား ကျွန်မ စမ်းကြည့်တော့မယ်”
ရှီမာယူယူသည် ဝိညာဉ်စွမ်းအင်ထည့်ရမည့်နေရာပေါ်သို့ လက်တင်ပြီး ဝိညာဉ်စွမ်းအားထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အလင်းတန်း ခပ်ဖျော့ဖျော့သည် ပုလ္လင်ငယ်ပတ်ပတ်လည်တွင် ပေါ်လာပြီး နှစ်ခုလုံး ပျောက် ကွယ်သွားလေသည်။
အစပိုင်းတွင် သူမသည် ပုလ္လင်ငယ်နှင့် မရင်းနှီးသဖြင့် စီးရသည်မှာ ဆောင့်နေသည်။ သူမသည် ပတ်ပတ်လည်မှ စွမ်းအင်ကို စမ်းစစ်ပြီးနောက် အရှိန်ကို တဖြည်းဖြည်းလျော့လိုက်သည်။
သူမ၏မြင်ကွင်းမှာ ပိတ်နေပြီး အပြင်ဘက်ကို ရှင်းလင်းစွာမမြင်ရသော် လည်း သူတို့သည် လေဟာပြင်အတွင်း ခရီးသွားနေကာ အရှိန်မှာလည်း မမြန် လွန်းသည်ကို အကြမ်းဖျင်းသိသည်။ ထို့အပြင် ပုလ္လင်သည် သူမ၏အတွေး အတိုင်း ဦးတည်ရာများကို ပြောင်းလဲနိုင်သည်။
ပုလ္လင်ငယ်သည် သူတို့ကို လေဟာပြင်မှ ခေါ်ထုတ်သွားသည်။ ထိုနေရာ ကိုမြင်သည်နှင့် ရှီမာယူယူသည် လေအေးများကိုရှုသွင်းလိုက်သည်။
ဒါက ဟော်ကျန်းကျန့်တို့နေတဲ့မြို့မဟုတ်ဘူးလား။ သူမသာ ရှီမာမျိုးနွယ် မှ သာမန်နည်းလမ်းနှင့် ဤအရပ်ဒေသသို့လာမည်ဆိုပါက ဖြတ်လမ်းဝင်္ကပါက ပင် အနည်းဆုံးရက်အနည်းငယ် ကြာမည်ဖြစ်သည်။ ဒါပေမဲ့ သူတို့ကို ခေါ်လာ တာ ဘယ်လောက်ကြာလဲ။ မျက်စိတစ်မှိတ်အတွင်းပဲ။
တကယ်တော့ သူတို့အတွက် တစ်နာရီ၊ နှစ်နာရီခန့် ကုန်ဆုံးသွားပြီဖြစ် သည်။ သို့သော် ထိုကြာချိန်ကို သူမ လျစ်လျူရှုလိုက်သည်။
“ဟုတ်တယ် မင်းအားကနိမ့်နေသေးလို့ ဒီလောက်ကြာတာ” ဟေးဒီးစ် သည် ပုလ္လင်ငယ်ကိုမှီပြီး သူမ၏ နည်းပါးသောယုံကြည်မှုကို ချိုးဖျက်ကာ အေးစက်သောအသံဖြင့် အမှန်တရားကိုပြောလေသည်။
“ကျွန်မ စွမ်းအားကနည်းနေတာသိတယ်.. ဒါပေမဲ့ ကျွန်မက ဒါနဲ့မှ မရင်းနှီးသေးတာ.. ပြန်သွားရင် အဲလောက်ကြာမှာမဟုတ်ဘူး” ရှီမာယူယူသည် ဟေးဒီးစ်၏ကဲ့ရဲ့ခြင်းကို ခံလိုက်ရသော်လည်း ဘာမှမထိခိုက်သွားပေ။ ထိုအစား သူမသည် ပျော်ရွှင်စွာဖြင့် သူ့ကိုပြန်ခေါ်လာသည်။
သူမ ပြောသည့်အတိုင်းပင် ပြန်လာချိန်တွင် ပုလ္လင်ငယ်နှင့် ပိုရင်းနှီးမှုရှိနေ ပြီး ထိန်းချုပ်ရလွယ်ကူရာ အချိန်လည်းပိုသက်သာကာ အရင်သုံးသည့်အချိန် ထက် တစ်ဝက်ခန့်လျှော့ချနိုင်လေသည်။
“မင်းရဲ့ အားနည်းနည်းလေးနဲ့ အဝေးကြီးကိုသွားရင် စွမ်းအားတွေ ကုန်ခမ်းသွားချင်တာလား.. အခုကို အားကနည်းနေပြီ ထပ်ကုန်သွားရင် မင်းက မံမီအသေကောင်ဖြစ်ချင်လို့လား”
ရှီမာယူယူ “….”
ထိုလူကြီးသည် သူမကိုစနောက်ချင်၍ နှစ်ပေါင်းထောင်ချီ နေလာခဲ့ခြင်း ဖြစ်မည်။ သူမ သည်းခံရမည်။
“အင်း ဒါဆိုလည်း ကျွန်မကိုသင်ပေးလေ.. ကျွန်မကိုသင်မပေးရင် အဲလို မျိုးတွေ ဘယ်လိုလုပ်ရမှာလဲ” သူမသည် ပြုံးပြီး ပြောလိုက်သည်။
“ငါက မင်းရဲ့ဆရာလား.. ဘယ်လိုသုံးရမလဲဆိုတာ မင်းကိုသင်ပေးနေရ ဦးမှာလား” ဟေးဒီးစ်သည် ပုလ္လင်အားမှီပြီး မျက်လုံးများကို ကျဉ်းမြောင်းထား ကာ သူမကိုလျစ်လျူရှုလိုက်သည်။
“သေချာပေါက် သင်ပေးရမှာပေါ့.. ပစ္စည်းတွေဝယ်ရင်တောင် ညွှန်ကြား ချက်လက်စွဲတွေ ထည့်ပေးသေးတာပဲ.. ရှင် ကျွန်မကိုဘာမှမပြောရင် စွမ်းအား ချွေတာပြီး မြန်မြန်ဆန်ဆန်နဲ့ ဘယ်လိုသက်ရောက်မှုရှိအောင်လုပ်မလဲဆိုတာ ကို ဘယ်လိုလုပ်သိမှာလဲ” သူမသည် ဆက်ပြီးသည်းခံနေသည်။
“ဝယ်တာလား မင်းက ဒါကိုငါ့ဆီကဝယ်မှာလား” ဟေးဒီးစ်သည် သူမရှေ့ သို့ လက်ဖြန့်လုက်သည်။
ရှီမာယူယူသည် ပြီးပြည့်စုံသည် လက်ဖဝါးကိုကြည့်ပြီး ရိုက်ချလိုက်သည် “ကဲ သင်မှာလားမသင်ဘူးလား.. ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မသာ ကောင်းကောင်း မလေ့လာရင် ဒီပုလ္လင်ကိုရှင်ထိန်းချုပ်ဖို့လည်းခက်မှာပဲ.. ရှက်စရာကောင်းတယ် လို့ပြောကြေးဆိုရင် ဒီတစ်ခုကပိုပြီးတောင် ရှက်ရဦးမယ်”
“ဟုတ်ပြီ မင်းက ငါ့မျက်နှာကိုအိုးမည်းသုတ်မယ့်လူပဲ.. ထားလိုက်ပါ တော့ ငါကြင်နာပေးလိုက်မယ်”
“ဟုတ်ပြီလေ ရှင်ကအမြဲကြင်နာတတ်ပါတယ် ဘယ်လိုသုံးရမလဲဆိုတာ မြန်မြန်လေးသင်ပေးတော့” ရှီမာယူယူသည် ချော့မော့တတ်သေးသည်။
“ငါ ဘယ်လိုလုပ်လဲကြည့်ထား” ဟေးဒီးစ်ပြောလိုက်သည်နှင့် ပုလ္လင်ငယ် သည်ပျောက်ကွယ်သွားလေသည်။
“ဒါက ကျွန်မရဲ့ ပုလ္လင်လေးမလား ဘယ်လိုထိန်းချုပ်လိုက်တာလဲ”
“ဘယ်သူလုပ်လိုက်တယ်ဆိုတာက အရေးမကြီးဘူး.. ဒီဟာလောက်လေး က ငါ့အတွက် ချိတ်ဆက်ဖို့တာင်မလိုဘူး”
“ဒါဆို ဒါက ကျွန်မဟာလုံးလုံးမဖြစ်သေးဘူးပဲ…”
ခြံဝန်းထဲမှ အသံနှစ်သံပျောက်သွားမှပင် ဟွမ်နှင့် အရိပ်မည်းတို့ လေထဲမှ ထွက်လာကြသည်။
အရိပ်မည်းသည် သက်ပြင်းချပြီး ပြောလိုက်သည် “ငါတို့ဘုရင်ကြီးက သခင်မလေးနဲ့တွေ့တဲ့အခါတိုင်းဆို အရမ်း..ရိုးစင်းတာပဲ”
“အင်း သူ့ကိုယ်သူတော့ အဲလိုထင်မှာမဟုတ်ဘူး” ဟွမ်သဘောတူ လိုက်သည် “အဲဒါကြောင့် သူမက သခင်မလေးဖြစ်နေတာလေ”
“ဒါပေမဲ့ အရှင်ခံစားနေရတာတော့ တကယ်ကြီးပဲ.. သူမရဏာလောက မှာဆိုရင် အထီးကျန်နေတာ” အရိပ်မည်းသည် မရဏာလောကအတွက် စိတ်ဖိစီးမိသည်။
အရင်ကဆိုလျှင် သူနှင့် ဟေးဒီးစ်တို့သည် ရတနာများကို ကစားလေ့ရှိပြီး သူပျော်အောင်လုပ်ရန် အကြံများစွာရှိခဲ့သည်။ သို့သော် ထိုသက်ရောက်မှုသည် ရှီမာယူယူလောက် မကောင်းပေ။
“သူမက သူ့ကိုဘယ်လိုပျော်အောင် ထားပေးရမလဲဆိုတာသိတယ်.. ငါတို့ ကသူမကို ကာကွယ်ပေးရုံပဲ”
“ဟုတ်တယ်”
ရှီမာူယူသည် ဟေးဒီးစ်နှင့်အတူထွက်သွားသည်။ သူပုလ္လင်ငယ်ကို ကိုင်တွယ်ပံဒကိုကြည့်ပြီး သူ သူမကိုဘာကြောင့် ထိုမျှအထင်သေးနေသည်ကို နားလည်သွားသည်။
သူမနှင့် ပုလ္လင်ငယ်၏ဆက်သွယ်ချက်ကြောင့် ဟေးဒီးစ်ပုလ္လင်ငယ်ကို ထိန်းချုပ်သည့်အခါတိုင်းတွင် ထည့်လိုက်သည့် ဝိညာဉ်စွမ်းအားသည် အရင်က နှင့်တူသည်ကို သိသည်။ သို့သော် စွမ်းအားတူပါလျက်နှင့် ပုလ္လင်ငယ်၏ အရှိန် သည် အဆပေါင်းများစွာတိုးသွားသည်။ တကယ်ကို အံ့ဩဖွယ်ကောင်းကာ သူတို့သည် အရင်နေရာမှ ပြန်ထွက်လာကြသည်။
“အခု ရှက်ပြီလို့ခံစားရပြီလား” ဟေးဒီးစ်သည် သူမကိုဘေးကနေကြည့် နေသည်။
ရှီမာယူယူသည် သူ့မျက်လုံးထဲမှ ဂုဏ်ယူမှုနှင့် အနည်းငယ်လှောင်ပြောင် မှုကိုမြင်နေရသည်။
“ဘာရှက်ဖို့လိုလို့လဲ၊ ကျွန်မက ရှင်နဲ့ယှဉ်နိုင်မှာလား.. ပြီးတော့ ပို လေ့ကျင့်လိုက်ရင် ရှင့်လောက်တော့ တော်လာမှာပါ” သူမသည် လက်မခံသလို ပြောလိုက်သည်။
“ဒါဆိုလည်း ပိုလေ့ကျင့်ပြီးတော့ ဘယ်လောက်တိုးတက်လဲ ကြည့်တာ ပေါ့”
“ဒါဆို ရှင် သွားလိုက်တာကောင်းမယ်”
ထို့ကြောင့် နောက်နှစ်ရက်ကြာသည်အထိ ရှီမာယူယူသည် ပုလ္လင်ပေါ်မှ မဆင်းဘဲ ထိုင်ပြီးပတ်သွားနေသည်။ ကြာလေလေ သူမသည် ပုလ္လင်ငယ်နှင့် ပို ရင်းနှီးလာပြီး သူမ၏ထိန်းချုပ်မှုမှာလည်း သက်ရောက်မှု ပိုရှိလာသည်။ များမကြာမီတွင် သူမသည် ပုလ္လင်ငယ်ကိုအလိုရှိသလို ထိန်းချုပ်နိုင်လာသည်။ မည်သည့်အခြေအနေမျိုးမှာမဆို သူမသည် ပုလ္လင်ငယ်ကို သွားရန် ထိန်းချုပ် နိုင်သည်။
“နောက်ဆို မင်းမတိုက်ခိုက်နိုင်တော့ဘူးဆို အနည်းဆုံးတော့ ထွက်ပြေး လို့ရသွားပြီ” ဟေးဒီးစ်ပြောလိုက်သည်။
ရှီမာယူယူ “….”
ဤလူကြီးသည် သူ့ကိုယ်သူပုလ္လင်ငယ်နှင့် ရင်းနှီးအောင်လုပ်ပြီး မည်သို့ သော အခြေအနေမျိုးတွင်မဆို ထွက်ပြေးနိုင်ရန် သူ့ကိုယ်သူတိုက်ခိုက်ရဲသည်။
“တစ်ယောက်ယောက်က ကြားထဲကထိန်းချုပ်လာရင်ရော ဘယ်လိုလုပ် မလဲ” သူမမေးလိုက်သည်။
“မင်းရဲ့လက်ရှိအားက လုပ်တဲ့ကာကွယ်ရေးအလွှာက ဧကရာဇ်လောက် ရှိတာမဟုတ်ဘူး.. အဲဒါကြောင့် မင်းတောင်လှုပ်ရှားအောင်လုပ်လို့မရဘူး ဘယ်သူလုပ်လုပ် မရစေရဘူး”
“ဟုတ်လှချည်လား” ရှီမာယူယူသည် ပုလ္လင်ငယ်ပေါ်တွင်ထိုင်ပြီး ဟေးဒီးစ်ထိုင်နေသော ပုလ္လင်ကြီးကိုကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံး သည် လေထဲတွင်လွှင့်တက်သွားပြီး စောင်ပေါင်နှင့် လာဖန်းတို့သည် ပုလ္လင်ကြီး ၏ အကြမ်းပတမ်းကိုင်တွယ်ခြင်းကိုခံလိုက်ရသည်။
“နောက်ဆိုရင် ဒါကြီးလာမှာလား” ရှီမာယူယူ မေးလိုက်သည်။
“ဘာ”
“ဒီဟာကဒီလောက်သေးနေတာ နောက်ဆိုရင် လှဲလို့တောင်ရမှာမဟုတ် ဘူး”
“မင်းက လှဲပြီးဘာလုပ်မှာလဲ မကောင်းတာလုပ်ချင်နေတာမလား”
ရှီမာယူယူ၏ နှုတ်ခမ်းသည် ကောက်ကျစ်စွာတွန့်သွားသည် “မမေးခဲ့ဘူး လို့သဘောထားလိုက်တော့”
တကယ်တော့ သူမ ကောင်းတာလုပ်ချင်လျှင် ပုလ္လင်ပေါ်တွင် လှဲရန်ပင် မလိုပေ။ ဒီလူကြီးက ဘာတွေတွေးနေတာလဲ။
မဟုတ်သေးဘူး သူမကရော ဘာလို့ဒါကိုတွေးနေတာလဲ။
မကြာခင်ကပင် သူမသည် သူ၏မတရားဖိနှိပ်ခြင်းကိုခံခဲ့ရသည်။ အဲဒါ ကြောင့် ဒီလိုကြုံရာတွေတွေးနေတာပဲ။
“ကျွတ်” ဟေးဒီးစ်သည် သူမကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည် “အင်း ဟုတ်တယ် မင်းက ဒီအပေါ်မှာမကောင်းတာတွေ လုပ်ချင်နေတာပဲ” သို့သော် သူသည် အရွယ်ရောက်ပြီးဖြစ်ကာ သူ၏ကလေးမှာလည်း ဆက်ပြီး ကြီးပြင်းနေသည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုပုလ္လင်သည် သူ့အပိုင်မဟုတ် တော့သဖြင့် သူမစိတ်ကြိုက်လုပ်နိုင်သည်။
“ဒီပစ္စည်းကိုကောင်းကောင်းဂရုစိုက်ပြီး လေ့လာထား.. ဘယ်လိုပဲ ဖြစ်ပါစေ မင်းက မရဏာလောကရဲ့သခင်မလေးပဲ…” ဟေးဒီးစ်သည် ပြောပြီး သည်နှင့် ပုလ္လင်နှင့်အတူ ပျောက်ကွယ်သွားလေသည်။
***