← Chapters

မင်းအသက်က အရမ်းရှည်နေတယ်ထင်လား

Vol. 155 Ch. 2167

မင်းအသက်က အရမ်းရှည်နေတယ်ထင်လား

Vol. 155 Ch. 2167

ရှီမာယူယူ သက်ပြင်းချလိုက်သည်။ သူများကို စိတ်ပူတယ်ဆိုရင်တောင် ဘာလို့ စိတ်ပူကြောင်းကိုမပြနိုင်ရတာလဲ။ သူမ တစ်ခုခုဖြစ်တာနဲ့ အမြန်ဆုံး ရောက်လာတာ သူပဲမဟုတ်ဘူးလား။ အဲဒါကိုဘာလို့ ပါးစပ်က အဆိုးတွေပဲ ပြောနေတာလဲ။

သူမသည် ပုလ္လင်ငယ်ကိုထိတွေ့ပြီး ဟေးဒီးစ် သူမအတွက် လုပ်ပေးခဲ့ သည့်အရာများကိုတွေးမိသည်နှင့် သူမ၏နှလုံးမှာနွေးထွေးလာတော့သည်။

ဟေးဒီးစ်သည် သူမကို ယောက်ျားနှင့် မိန်းမအကြားမှ ချစ်ခြင်းမေတ္တာ ကဲ့သို့မဟုတ်ဘဲ တကယ့်မိသားစုဝင်သကဲ့သို့ ကောင်းမွန်စွာ ဆက်ဆံသည်ဟု ခံစားရသည်။

သူ အထီးကျန်ဆန်၍လည်းဖြစ်နိုင်သည်။

မရဏာလောကမှလူအားလုံးသည် သူ့ကို တန်ခိုးစွမ်းအင်ကြီးမားပြီး အာဏာရှိ၊ မြင့်မြတ်သည့်လူအဖြစ် သတ်မှတ်ထားကြသည်။ သူ့တွင် ဇနီးသည် မရှိ၊ သားသမီးမရှိနှင့် သူမည်သည့်နေရာမှ လာသည်၊ သို့မဟုတ် ဆွေမျိုးများပင် မရှိပေ။ သူသည် တစ်ကိုယ်တည်းဖြစ်ကာ သူ၏လက်အောက်ငယ်သားများသာ ရှိသည်။

ပြီးနောက် သူမသည် သူ့ကို မိတ်ဆွေလိုတစ်ဖုံ၊ ဆွေမျိုးကဲ့သို့တစ်သွယ် ချက်ပြုတ်ပေး၊ စနောက်ပေးနှင့် သူမ၏ ပြဿနာများကိုလည်း ပြောပြပေးခဲ့ သည်။ ထို့ကြောင့် သူသည် သူမကို မိသားစုအဖွဲ့ဝင်ကဲ့သို့ ချစ်မြတ်နိုးခြင်းဖြစ် သည်။

သို့သော် သူမသည် သူ့ကိုမကြာခဏအဖော်မပြုပေးနိုင်ပေ။ သူသည် အထီးကျန်နေဆဲဖြစ်သဖြင့် သူမကိုပါ စိတ်မကောင်းဖြစ်စေသည်။

သူမသည် သူ့ကို တစ်နှစ်စာ အစားအသောက်များ အကြွေးတင်နေသည်။ သူမတွင်လုပ်စရာကိစ္စများရှိသည်ကို သူ သိသဖြင့် ယခုဖြည့်ဆည်းရန် တောင်း ဆိုခြင်းမပြုပေ။

“ဂရုစိုက်တတ်လူကို အများကြီးအကြွေးတင်နေပြီ” သူမ ရေရွတ်ပြီး ပုလ္လင်ငယ်ပေါ်မှဆင်းကာ ပုလ္လင်ငယ်ကိုသိမ်းကာ ဖက်တီးကျူတို့ဆီသို့သွား လိုက်သည်။

ဧည့်ခံပွဲတွင် တခြားဧည့်သည်များအားလုံး ပြန်သွားကြပြီဖြစ်သည်။ ရှီမန် ဖန်ပင်လျှင် လူများခေါ်ကာ ထိပ်တန်းတောင်ကြားသို့ပြန်သွားပြီဖြစ်ပြီး ဘေဂုံ ထန်တို့သာ ကျန်ခဲ့လေသည်။

“ယူယူ အသင့်ပဲလား” ဖက်တီးကျူ မေးလိုက်သည်။

“အင်း ပြီးခါနီးပြီ.. မင်းတို့တွေ အထုပ်ပြင်ကြတော့လေ ငါတို့သွားလို့ရပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့က ဘာပြဿနာမှမရှိဘူး.. အချိန်မရွေးသွားလို့ရတယ်” ဘေဂုံထန် ပြောလိုက်သည်။

“ဒါဆိုလည်း မသွားခင် ဘိုးဘိုးကြီးနဲ့ အဖေအမေတို့ကို သွားပြောလိုက်ဦး မယ်”

“ဟုတ်ပြီလေ”

ထိုအချိန်တွင် ချန်ကျိုးလေဟာပြင်မှထွက်လာပြီး ပြောလေသည် “ဘုရင်မငယ်လေး သတင်းရှိတယ်”

ဘေဂုံထန်တို့သည် သူ့ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသည်။ သူ သည် ရှီမာယူလင်းအကြောင်းပြောနေသည်ကို သူတို့သိကြသည်။

“ဘယ်လိုလဲ” ရှီမာယူယူသည် ပိုတည်ငြိမ်လာသည်။

“သူက တကယ်ပဲ လမျိုးဆက်ကျောရိုးမှာရှိတယ်.. ပြီးတော့ အကြီးအကဲ ရဲ့တပည့်ဖြစ်နေတယ်.. သူ့ကို အဲတုန်းကထာဝရရှင်သန်သူနယ်မြေက အကြီး အကဲက အတင်းအကြပ်ခေါ်သွားတယ်ပြောတယ်.. အခု သူက လမျိုးဆက် ကျောရိုးမှာ ရာထူးတောင်မြင့်နေပြီ” ချန်ကျိုး ပြောလိုက်သည်။

“ကောင်းလိုက်တာ” သူ အဆင်ပြေသည်ကို သိသည်နှင့် သူတို့ စိတ်အေး သွားရသည်။

“ဒါပေမဲ့ ကျွန်တော်တို့လူတွေ စုံစမ်းဖို့သွားတော့ ဖူရှီနဲ့သွားတိုးခဲ့တယ်” ချန်ကျိုး ပြောလိုက်သည်။

“သူ ဘာပြောလိုက်လဲ”

“သူက ရှီမာယူလင်းကို ဂရုစိုက်နေတယ်.. သူ အဲဒီမှာရှိတယ်လို့လည်း မှာလိုက်တယ် ဘုရင်မလေး အဲဒီကိုသွားရင် သူ့ကိုသေချာပေါက် ရှာပါတဲ့.. စောစောတက်လာဖို့ကိုလည်း မှာလိုက်တယ်” ချန်ကျိုး ပြောလိုက်သည်။

“အဲကောင်စုတ်လေးကတော့” ရှီမာယူယူ ပြုံးလိုက်သည်။ ထို့နောက် သူတို့ကို ပြောပြလိုက်သည် “အဲဒီမှာ ဖူရှီရဲ့ ရာထူးကလည်းမဆိုးပါဘူး.. သူသာ ယူလင်းကိုကာကွယ်ပေးထားရင် စိတ်ပူဖို့မလိုတော့ဘူး”

“ငါတို့လည်း ကြိုးစားပြီးတော့ အဲဒီကိုတက်သွားကြည့်ကြတာပေါ့”

“ဟုတ်တယ် ယူယူ.. မင်းက နောက်ကိုမင်းအဲဒီကိုသွားမယ်၊ အခုယူလင်း ကလည်း အဲဒီကိုရောက်နေပြီ၊ အကုန်လုံးသွားကြမယ်ဆိုတော့ ငါတို့လည်း နောက်ကျကျန်ခဲ့လို့မဖြစ်ဘူး” ဖက်တီးကျူ ပြောလိုက်သည်။

“ဟုတ်တယ် အကုန်အတူကြိုးစားကြမယ်” ရှီမာယူယူသည် ပြုံးပြီးပြော လိုက်သည်။

ပြိုင်ဆိုင်မှုရှိလျှင် တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင်လိုက်ရ သည်မှာ ပိုပျော်ဖို့ကောင်းပြီး ခံစားချက်မှာလည်း အလွန်ကောင်းလှသည်။

တကယ်တော့ သူတို့၏လက်ရှိအားနှင့်ဆိုလျှင် အပေါ်သို့တက်ရန် ပြဿနာမရှိပေ။ ထိုမျှအင်အားရှိနေသည်မှာ အလွန်ကောင်းသည်ဟုပင် တွေး ရနေပြီဖြစ်သည်။

သို့သော် သူတို့သည် သူမနှင့်အတူ တက်သွားမည်မဟုတ်ပေ။

ဖူရှီသာ သူမကိုမပြောခဲ့သော်လည်း ထိုစဉ်က သားရဲများ၏ တိုက်ပွဲမှာ မည်မျှပြင်းထန်ကြောင်းကို သူမ ခန့်မှန်းမိသည်။ ထို့ကြောင့် အထက်မှလူများ သည် သားရဲလေးကောင်ကို မြင်ရသည်မှာ မပျော်မရွှင်ဖြစ်နိုင်သည်။ ကိုယ့် ဘာသာတက်သွားလျှင် အန္တရာယ်များနိုင်သည်။ သူတို့သာ သူမနှင့်လိုက်သွား လျှင် ရှုပ်ထွေးရစ်ပတ်နိုင်စေသည်။

ထိုအချိန်ရောက်လျှင် ဖူရှီ သူမကိုပေးသည့် နည်းလမ်းနှင့် သူတို့ကိုခေါ်ရ မလားဆိုသည်ကို ကြည့်ရမည်ဖြစ်သည်။

သူမသည် သူတို့ကို ရှီမာကျိယွင်တို့ကို နှုတ်ဆက်ရန်ခေါ်သွားပြီး မိဘများ ကိုပါ နှုတ်ဆက်ခဲ့လိုက်သည်။ ထို့နောက် သူတို့ကို ဝိညာဉ်စေတီအတွင်းထည့် ကာ ပုလ္လင်ငယ်ဖြင့် သွားရန်ပြင်ဆင်လိုက်သည်။

ဘေဂုံထန်နှင့် ကျန်လေးယောက်သည် ဝိညာဉ်စေတီအတွင်းရောက်‌ သောအခါ ပြောင်းလဲသွားသော ဝိညာဉ်စေတီကိုမြင်သည်နှင့် အတော်ပင် ခံစား သွားရသည်။

“ယူယူက ဒီနှစ်တွေမှာ အများကြီးခံစားခဲ့ရတာပဲ” ဝေကျိရွှီသည် စိတ် မချမ်းမြေ့စွာဖြင့် ပြောလေသည်။

ရှီမာယူယူသည် သေလုနီးပါးဖြစ်ခဲ့ကာ ဝိညာဉ်လေးသည်လည်း ဒဏ်ရာ ရခဲ့ကြောင်းကို ပြောပြခဲ့သည်။ နောက်ပိုင်းတွင် ရှေးဟောင်းပစ္စည်းဖြင့် ပြန် ပြင်ခဲ့သော်လည်း အထဲမှကမ္ဘာသည် အရင်လိုပြန်မဖြစ်တော့ပေ။

ယခုပုံစံကိုကြည့်ပြီး ထိုစဉ်ကအခြေအနေကို သူတို့တွေးမိကြသည်။

“အဲလိုစိတ်မကောင်းစရာတွေကို တွေးမနေကြနဲ့တော့… စဉ်းစားကြည့် လိုက် ဒါကအဆိုးထဲကအကောင်းပဲ.. သူမက ဒီအခွင့်အရေးမှာ တစ္ဆေလောက ကို ဝင်ပြီး သူမရဲ့အမေ့ကိုကယ်ခဲ့တယ်.. သူမလုပ်ချင်တာတွေကိုလုပ်ခဲ့ရပြီး မိသားစုလည်းပြန်ဆုံစည်းရပြီ” ဝူရန်ဖေ မေးလေသည်။

“မင်း အဲလိုပြောပေမဲ့ ယူယူ့အတွက် စိတ်မကောင်းဖြစ်တုန်းပဲ” ဖက်တီး ကျူ သက်ပြင်းချလေသည်  “သူမရဲ့ စစ်မှန်တဲ့ဘဝကို ဘယ်တော့များမှ ရနိုင် မှာလဲမသိဘူး”

“တကယ်ပဲ အာ…”

ရှီမာယူယူသည် ပုလ္လင်ငယ်ထုတ်ပြီး အရွယ်အစားချဲ့ကာ ထိုင်လိုက်သည် နှင့် ရှီမာအိမ်တော်မှ ပျောက်ကွယ်သွားလေသည်။

နေ့တစ်ဝက်အတွင်းမှာပင် သူမသည် အသင်းမဟာမိတ်မှ တွေ့ဆုံပွဲ ကျင်းပသည့် ပြည်နယ် ၃၂ ရှိမိုးပြာရောင်မြို့သို့ရောက်လေသည်။

သည်တစ်ကြိမ်တွင် ရှီမာယူယူသည် မိုးပြာရောင်မြို့အပြင်သို့ တိုက်ရိုက် သွားလိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက် မိုးပြာရောင်မြို့သို့သွားခဲ့သည့်အချိန်ကို သူမ မှတ်မိနေတုန်းပင်ဖြစ်သည်။

ထိုစဉ်က သူတို့သည် ရှေးဟောင်းသတ္တုတွင်းအတွက် လာခြင်းဖြစ်သည်။ ပြည်နယ် ၃၂ မှလေဟာနယ်သည် မငြိမ်မသက်ဖြစ်သဖြင့် သတ္တုတွင်းနေရာသို့ မရောက်ခင်တွင် ထွက်လာရသည်။ သို့သော် သည်တစ်ကြိမ်တွင် သူမ၏ ဦးတည်ရာနေရာအဖြစ် တိုက်ရိုက်လာခြင်းဖြစ်သည်။

သူမသည် ဝိညာဉ်စေတီအတွင်းမှ ဖက်တီးကျူနှင့် လေးယောက်ကို ခေါ် ထုတ်ပြီး ရောက်ပြီဟုပြောရာ အားလုံးမှာ မယုံနိုင်ဖြစ်နေကြသည်။

“ယူယူ မင်းအရှိန်က အရမ်းမြန်နေတာမဟုတ်ဘူးလား.. အပြင်က အချိန် နဲ့ဆိုရင် နေ့တစ်ဝက်ပဲကုန်ဦးမှာ.. မင်းက ပြည်နယ် ၆၄ ကနေ ပြည်နယ် ၃၂ ကို တကယ်လာတာရောဟုတ်ရဲ့လား” ဖက်တီးကျူသည် အလန့်တကြားအော် လေသည်။

“ရှူး.. တိတ်တိတ်နေ.. တစ်ကမ္ဘာလုံးကြားအောင်အော်နေတာ ငါ့ ပုလ္လင် လေးကို သူများတွေ လုသွားစေချင်လို့လား” ရှီမာယူယူသည် သူ့ခေါင်းကိုအသာ ပုတ်လိုက်သည်။

ဖက်တီးကျူသည် သူ့အနောက်မှ သက်ပြင်းချကာ ပြောလေသည် “မင်းက တကယ်မြန်နေတာကိုး”

“ဒါကနှေးသေးတာ” ရှီမာယူယူ ပြောလိုက်သည် “ပြည်နယ် ၃၂ ရဲ့ လေဟာနယ်က မငြိမ်လို့.. မဟုတ်ရင် ဒီထက်စောစောရောက်လာမှာ”

“ပြည်နယ် ၃၂ က အရင်တစ်ခေါက် သတ္တုကြောရှာတွေ့တဲ့နေရာမလား” ဝေကျိရွှီ မေးလိုက်သည်။

“ဟုတ်တယ် ရှေးဟောင်းသတ္တုတွင်းက ဒီနဲ့သိပ်မဝေးဘူး” ရှီမာယူယူ ပြောလိုက်သည် “နောက်ပိုင်းအချိန်ရရင် အဲဒီကိုသွားကြည့်ကြတာပေါ့”

“အဲဒီမှာရှေးဟောင်း သတ္တုတွင်းရှိသေးတာလား” ဖက်တီးကျူမေးလိုက် သည်။

“မရှိလောက်တော့ဘူး” ရှီမာယူယူလည်း မသေချာပေ။ ထိုစဉ်က လူသား များ ထိုသတ္တုကြောကိုမတွေ့လျှင်တောင် မြင့်မြတ်သောဝူလင်းတို့သည် ရတနာများကို အတိုင်းသားထားမည်မဟုတ်ပေ။ သူမ မွေးနေ့တွင် မြင့်မြတ် သောဝူလင်းသည် လူလွှတ်ပြီး လက်ဆောင်များပေးသည်ကို စဉ်းစားကြည့်ရာ သူတို့တွင် ရှေးခေတ်မှ ပစ္စည်းများရှိနေသည်ကို တွေးရမခက်ပေ။

“မြို့တံခါးကပိတ်တော့မယ်.. မြို့ထဲကိုအမြန်ဝင်ကြတာပေါ့” ဘေဂုံထန် အကြံပြုလိုက်သည်။

“ဟုတ်ပြီ”

သူတို့ငါးယောက်သည် မြို့ဝင်ကြေးပေးပြီးနောက် တည်းခိုရန် တည်းခို ဆောင်ရှာရန်စီစဉ်လိုက်သည်။ တည်းခိုဆောင်သို့ သူတို့ဝင်လိုက်သည်နှင့် သူတို့ဘက်သို့ ကြီးမားပြီးမည်းနက်သည့်အရာကြီး ပျံလာသည်ကိုမြင်လိုက်ရ သည်။ ချက်ချင်းပင် သူမသည် ဝိညာဉ်စွမ်းအင်လုံး ပစ်လွှတ်လိုက်ရာ သူတို့ရှေ့ မှ လူထွားကြီးကို အချိန်မှီကယ်တင်နိုင်လိုက်သည်။

ချက်ချင်းပင် အထဲမှ စူးရှပြီးညံ့ဖျင်းသည့်အသံတစ်သံ ထွက်လာသည် “ဘယ်သူလဲ သခင်လေးရဲ့ကိစ္စကို လာပြီးဝင်ရှုပ်ရဲတယ်ပေါ့.. မင်းအသက်ကို အဲလောက်ရှည်နေပြီထင်နေတာလား”

***

All Chapters