တောက်ပြောင်လွန်းတဲ့ဥဒေါင်း
Vol. 155 Ch. 2168
ရှီမာယူယူ ဘာမှမပြောနိုင်ခင်မှာပင် အစေခံတစ်စု၏ ဝိုင်းခြင်းကိုခံလိုက် ရသည်။
ထိုအခါမှပင် အစောက ကြီးမားပြီးမည်းနက်နေသောအရာမှာ လူတစ် ယောက်ဖြစ်သည်ကို သိလိုက်ရသည်။ ရှီမာယူယူ၏ ကူညီမှုကြောင့် သူသည် တည်ငြိမ်နိုင်သွားလေသည်။
တည်းခိုဆောင်၏ ဧည့်ခန်းတွင် လူတစ်ယောက်သည် တောက်ပြောင် သောအရောင်များဝတ်ဆင်ထားပြီး ကုလားထိုင်တစ်လုံးကိုမှီကာ သူ့ခြေ ထောက်အောက်တွင် လူနောက်တစ်ယောက်ရှိနေသည်။ ထိုလူသည် ဆိုးရွား စွာအရိုက်ခံထားရသဖြင့် သူ၏အသွင်အပြင်ကို မှတ်မိစရာပင်မရှိတော့ပေ။
အင်အားကြီးလူအများအပြားသည် သူ့အနောက်တွင်ရပ်ကာ အရှေ့တွင် ဖြစ်ပျက်နေသမျှကို မသိကျိုးနွံပြုနေကြသည်။
ကြောက်ရွံ့တတ်သူ လူတချို့သည် ဧည့်ခန်ထောင့်တွင် ကြိတ်ကြိတ်တိုး ပြီး တောက်ပြောင်သည့်ဒေါင်းကို ကြောက်လန့်တကြားကြည့်နေကြသည်။ နောက်ဆုံးတွင် ဆိုင်တာဝန်ခံသည် ကောင်တာအနောက်တွင်သာ ပုန်းနေပြီး ထွက်မလာရဲပေ။ သူ့မျက်လုံးထဲတွင် သည်းခံမှုများနှင့် ကူကယ်ရာမဲ့မှုများ ရှိ နေသည်။
တစ်ချက်ကြည့်လိုက်သည်နှင့် ရှီမာယူယူတို့သည် ထိုနေရာမှ အဖြစ်အပျက်များကို နားလည်သွားကြသည်။ သူတို့သည် ရန်သူ၏ အင်အားကို ချက်ချင်းပင် အကဲဖြတ်လိုက်ကြသည်။ အင်း သိပ်တော့မမြင့်ပါဘူး၊ သူတို့ ဖြေရှင်းနိုင်ပါတယ်။
အနက်ဝတ်လူများ မားမားမတ်မတ်ရပ်လိုက်ပြီးနောက် သူသည် ရှီမာယူ ယူတို့ကိုပြောလေသည် “ဒီကကိစ္စက မင်းတို့နဲ့မဆိုင်ဘူး မြန်မြန်ထွက်သွားသင့် တယ်”
“မင်းတို့ကိစ္စကိုလည်း ငါတို့ဝင်စိတ်မပူချင်ပါဘူး” ဖက်တီးကျူ ပြောလိုက် သည် “ငါတို့က ဒီမှာတည်းခိုဖို့လာတာ တာဝန်ခံ ကျုပ်တို့ကို ခြံဝန်းသပ်သပ်ပေး”
ရှီမာယူယူတို့သည် ထိုလူများကို လျစ်လျူရှုပြီး ကောင်တာဆီသို့ လျှောက် သွားလေသည်။ သူတို့၏သဘောထားမှာ ထိုလူများကို ပြင်းထန်စွာလှုံ့ဆော် ထားပြီး တောက်ပြောင်သည့်ဒေါင်းမှ လက်ဝှေ့လိုက်သည်နှင့် အစေခံများသည် သူတို့ကိုတိုက်ခိုက်လေသည်။
“သေချင်နေကြတာပဲ” ဖက်တီးကျူသည် အင်္ကျီလက်များကို ခေါက်တင် ကာ အစေခံများကို လွှင့်အောင်ထိုးလိုက်သည်။ ထို့နောက် သူ အမြန်ပင် လှုပ်ရှားကာ လှည့်ပြီး တစ်ယောက်ချင်းစီကန်ကာ ဝိုင်းပတ်ပြီးရိုက်လေသည်။ ဒါဇင်ကျော်မျှသောလူများမှာ သူတစ်ယောက်တည်း လှုပ်ရှားမှုအနည်းငယ်နှင့် ဖြေရှင်းခံလိုက်ရလေသည်။
ရှီမာယူယူသည် ဖက်တီးကျူ၏ တိုက်ခိုက်မှုစွမ်းရည်ကို အနည်းငယ် အံ့ဩမိသည်။ သူ့ကိုမမြင်ရသည့် နှစ်ပေါင်း ၁၀၀ ကျော်အတွင်းတွင် သူသည် ဤမျှတိုးတက်လာလိမ့်မည်ဟု ထင်မထားပေ။
“ဟေး ဒီလူတွေတောင် ဒီသခင်လေးရဲ့လူကို လာမပိတ်ရဲဘူး” ဖက်တီး ကျူရိုက်နှက်ပြီးနောက် လက်သီးကိုမှုတ်ကာ တောက်ပြောင်သည့်ဒေါင်းကို မထီမဲ့မြင်ကြည့်လိုက်သည်။
တောက်ပြောင်နေသည့်ဒေါင်းသည် ဒေါသထွက်လွန်းကာ ခြေထောက် ကို ဆောင့်ပြီး ခြေထောက်အောက်မှလူကို သဲအိတ်သဖွယ် ကန်ပြီးရင်းကန်လေ သည်။ အနက်ဝတ်လူသည် တက်သွားပြီး သူ့အဖော်ကိုကယ်တင်လိုက်သည်။
“ကျေးဇူးတင်ပါတယ်” အနက်ဝတ်လူသည် တောက်ပြောင်သည့်ဒေါင်း ကို ထေ့ငေါ့စွာဖြင့်ပြောပြီး ထိုလူကို စားပွဲဘေးတွင်တွဲထိုင်ခိုင်းပြီး ဆေးနှစ်လုံး တိုက်လိုက်သည်။ ရှီမာယူယူသည် မျက်ခုံးများကိုပင့်လိုက်သည်။ သို့သော် ထို အနက်ဝတ်လူသည် ဤကဲ့သို့စိတ်ထားရှိနေလိမ့်မည်ဟု သူမ ထင်မထားပေ။
တောက်ပြောင်သည့်ဒေါင်းသည် အလွန်ဒေါသထွက်ကာ သူ့ကို လူသတ် နိုင်မည့်အကြည့်များဖြင့် ကြည့်လေသည် “ငါ ဘယ်သူလဲဆိုတာ သိလား ငါ့ကို ထိခိုက်အောင်လုပ်ရဲတဲ့လူတွေက တော်တော်သတ္တိရှိတာပဲ.. မင်းတို့တွေ သူတို့ ကိုသွားသတ်လိုက်ကြ” သူလက်ဝှေ့ယမ်းလိုက်သည်နှင့် သူ့နောက်မှလူများ လှုပ်ရှားကြလေသည်။
ထိုလူများလှုပ်ရှားသည်ကို မြင်သည်နှင့် အနက်ဝတ်လူသည် သူ၏ အပေါင်းအဖော်ရှေ့တွင်ရပ်ကာ ကာကွယ်လေသည်။
“အင်း ငါတို့တွေက တကယ်တော့… မင်းဘယ်သူလဲဆိုတာကို သိတောင် မသိဘူး” ရှီမာယူယူသည် ပြောပြီးသည်နှင့် နေရာမှပျောက်ကွယ်သွားလေ သည်။
ထိုလူအနည်းငယ်၏ အင်အားမှာ မနိမ့်ပေ။ ပြီးနောက် ဖက်တီးကျူလည်း ကိုယ့်ဘာသာ မကိုင်တွယ်နိုင်ပေ။
“ဖူး”
“ဘုန်း”
“အား” အော်သံပေါင်းစုံသည် တစ်ချိန်တည်းလိုလိုထွက်ပေါ်လာပြီး ထိုလူ များလွှင့်သွားကာ တစ်ယောက်ချင်းစီသည် အဆိပ်မိပြီး ကြမ်းပြင်ပေါ်တွင် သတိမေ့သွားကြလေသည်။ သူတို့သတိမမေ့ခင်တွင် ရှီမာယူယူ၏အရိပ်ကိုပင် မမြင်လိုက်ရပေ။ ရှီမာယူယူသည် ပျောက်သွားသည့်နေရာတွင်ပြန်ပေါ်လာရာ တည်းခိုဆောင်မှလူများသည် သူမကို ကွဲပြားသည့်အကြည့်များဖြင့် ကြည့်ကြ လေသည်။
ဒါကမှတကယ့်သခင်ပဲ။
သို့သော် သူမသာ တောက်ပြောင်သည့်ဒေါင်းကိုရန်စမိပါက မိုးပြာရောင် မြို့တွင် သူမ နေလို့မရတော့မည်ကို စိုးရိမ်ရသည်။
ရှီမာယူယူ တစ်ယောက်တည်းဖြစ်နေသည်ကို မြင်သည်နှင့် တောက် ပြောင်သည့်ဒေါင်းသည် သူ့ကိုယ်ရံတော်များအားလုံးကို ခေါ်ချလာသည်။ သည် တစ်ကြိမ်တွင် ခက်ခဲသည့်ဆူးငြောင့်ကို တွေ့နေပြီဟုသိသည်နှင့် သူ မတ်တတ် ရပ်ကာ ပြေးထွက်ပြီးပြောလေသည် “မင်းမှာ သတ္တိရှိရင် အဲဒီမှာနေပြီး ထွက် မလာနဲ့”
“ဟေငး ဒီကအဘိုးက မင်းလောက်နူးညံ့မယ်ထင်နေလား လစ်လိုက် တော့ တောက်ပြောင်တဲ့ဒေါင်းကြီးရဲ့” ရောက်လာသည်နှင့် သူ့ကို သတ်ရန် ကြိုးစားသူကို ဖက်တီးကျူသည် မနှစ်သက်လှပေ။ သူသာ ပထမဆုံးအကြိမ် ရောက်လာခြင်းသာမဟုတ်လျှင် ဤဥဒေါင်းမှာ ယနေ့အသက်ရှင်လျက် ထွက် သွားနိုင်မည်မဟုတ်ပေ။
ရှီမာယူယူသည် ဖက်တီးကျူကိုကြည့်လိုက်သည်။ ဒီကောင်က ဘယ်တုန်းက ဒီလိုမျိုး ပါးစပ်ကြမ်းသွားတာလဲ။ ဘေဂုံထန်နှင့် တခြားသူများ သည် ကျင့်သားရနေပြီဖြစ်သည်။
သူမ သူ့ကိုကြည့်လိုက်ခြင်းကြောင့် ဖက်တီးကျသည် ရှက်သွားသဖြင့် နှာခေါင်းကိုထိကာ ချောင်းနှစ်ချက်ဟန့်ပြီး ကောင်တာဆီလျှောက်သွားရင်း ပြောလေသည် “မင်း ဒီမှာမနေတာကောင်းလိမ့်မယ် ဒီကနေမြန်မြန်သွားရ အောင် နောက်ကျသွားရင် ထွက်သွားလို့မရဘဲနေမယ်”
“အဲဒီတောက်တောက်ပြောင်ပြောင်နဲ့ ဥဒေါင်းက အရမ်းအားကောင်းတာ ပဲလား”
“သူက အရမ်းအားကောင်းတာမဟုတ်ဘူး.. ဒါပေမဲ့ သူ့သရုပ်မှန်က အား ကောင်းတယ်.. သူက မြို့စားရဲ့အငယ်ဆုံးသားပဲ၊ မြို့စားကလည်း တော်တော် ချစ်တယ်.. ဒါပေမဲ့ သူက အရမ်းမောက်မာပြီး ကြီးစိုးတယ် အဲဒါကိုသူ့အဖေက ကာကွယ်ပေးထားတာ မိုးပြာရောင်မြို့မှာ ဘယ်သူကမှ သူ့ကို မဆန့်ကျင်ရဲကြ ဘူး” သူသည် လက်စားချေတတ်သည့်လူမျိုးဖြစ်သည်ဟု ဆိုင်တာဝန်ခံသည် သူတို့ကိုဆက်အကြံပေးလေသည်။ “သူ့ကို ဒီနေ့ရန်စမိရင် သေချာပေါက် မင်း တို့ဆီပြန်လာလိမ့်မယ်.. အဲအချိန်ကျရင် သူ့လူတွေက ဒီနေ့လို အင်အားနဲ့လာ မှာမဟုတ်ဘူး.. အဲဒါကြောင့် မြန်မြန်ထွက်သွားလိုက်ကြပါ”
“ဒါက အသင်းမဟာမိတ်ရဲ့ နယ်နိမိတ်မဟုတ်ဘူးလား”
“ဟုတ်ပါတယ်”
“မြို့စားကိုလည်း အသင်းမဟာမိတ်က ပိုင်တာမလား”
“ဟုတ်ပါတယ်”
“အသင်းမဟာမိတ် တွေ့ဆုံပွဲက ဒီမှာကျင်းပတာမလား”
“ဟုတ်ပါတယ်”
“ဒါဆိုပြဿနာမရှိဘူး ကျွန်မတို့အတွက် ခြံဝန်းပြင်ဆင်ပေးပါ” ရှီမာယူ ယူ ပြောလိုက်သည်။
သူတို့ခေါင်းမာနေသည်ကို ကြည့်ပြီး ဆိုင်တာဝန်ခံ သဘောတူလိုက်ရ သည် “နောက်ဆုံးသီးသန့်ခြံဝန်းလေးတစ်ခုရှိပါတယ် အဲဒါကိုမိန်းကလေးတို့ကို ပေးလိုက်ပါမယ်”
“ကျေးဇူးတင်ပါတယ် တာဝန်ခံ” ရှီမာယူယူသည် သူ့ကိုသဲ့သဲ့ပြုံးလိုက် သည်။ ခုနကလူရိုက်တဲ့လူက ဘယ်ရောက်သွားတာလဲ။
“အင်း ကျုပ်တို့အတွက်လည်း အတူနေဖို့ကူညီပေးနိုင်မလား.. ကျုပ်တို့ နှစ်ယောက်အတွက် အခန်းတစ်ခန်းဆိုလောက်ပြီ” အနက်ဝတ်လူပြောလိုက် ရာ လူအားလုံးသူ့ကိုကြည့်လာသည်ကို မြင်သောအခါ သူ့မျက်နှာသည် အနည်း ငယ်ရဲသွားသည်။ သို့သော် သူ ဆက်ပြောသည် “ကျုပ်သူငယ်ချင်းက ဒဏ်ရာရ ထားတယ်.. သူ့အခြေအနေကိုကြည့်လိုက်ဦး လှုပ်လိုက်တာနဲ့ သူ့ကိုသတ်သလို ဖြစ်သွားလိမ့်မယ်.. ဒါပေမဲ့ ဒီမှာ တခြားအခန်းမရှိတော့ဘူး”
ဘေဂုံထန်သည် ဆိုင်တာဝန်ခံကိုကြည့်လိုက်သည်။
“ဟုတ်တယ် အခုတော့ ဒီဆိုင်မှာ ခြံဝန်းတစ်ခုပဲလွတ်တယ်.. အစတုန်း ကတော့ သူတို့က အဲဒီခြံဝန်းမှာနေမလို့ပဲ.. ဒါပေမဲ့ အဲလူရောက်လာတော့ သူတို့ နေတောင်မနေလိုက်ရဘူး” ဆိုင်တာဝန်ခံသည် ရှင်းပြလေသည်။
“ခင်ဗျားက သူနဲ့ဘာရန်ငြိုးတွေရှိလို့လဲ” ဝူရန်ဖေ မေးလိုက်သည်။
“တကယ်တော့ ဘာမှမဟုတ်ပါဘူး” အနက်ဝတ်ထားသောလူ ပြောလေ သည် “ကျုပ်တို့က နောက်လာမယ့်အဂ္ဂိရတ်ပညာတွေ့ဆုံပွဲကိုဝင်ပြိုင်ဖို့ ဒီနေ့ လာခဲ့တာပါ.. ကျုပ်တို့မြို့ကိုဝင်တာနဲ့ ဆေးပစ္စည်းဆိုင်ကိုသွားခဲ့တယ်.. ကျုပ် သူငယ်ချင်းက ဆေးပစ္စည်းမြင်တော့ အဂ္ဂိရတ်ပညာအတွက် လိုတာတွေဖြစ်နေ တယ်.. အဲလူက ကျုပ်သူငယ်ချင်း ဝယ်တာကိုဝင်နှောင့်ယှက်တာ ကျုပ်သူငယ် ချင်းကလည်း မပေးဘူး အဲဒါကြောင့်…”
ပြောဖို့မလိုလောက်အောင်ပင် အားလုံး နားလည်သွားကြသည်။ ဒေါသ ထွက်နေသော တောက်ပြောင်သည့်ဒေါင်းသည် လူများကိုပြဿနာရှာချင် သည်။ သို့သော် သူသည် ရှီမာယူယူတို့နှင့်တွေ့သွားသည်။
“သူတို့ကို ဘာလို့နေခွင့်မပေးမှာလဲ.. အဲလူရဲ့အခြေအနေနဲ့ဆိုရင် အပြင် ထွက်သွားဖို့မဖြစ်နိုင်လောက်ဘူး” ဖက်တီးကျူသည် ရှီမာယူယူကို ကြည့်ပြီး ပြောလိုက်သည်။
“ဟုတ်ပြီလေ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရှိရှိ မရှိရှိ တောက်တောက်ပြောင် ပြောင်နဲ့ဥဒေါင်းက ငါတို့ကိုရန်သူစာရင်းသွင်းလိုက်ပြီ.. ဒါပေမဲ့ ကျွန်တို့နဲ့ရှိနေ ရင် ပိုအန္တရာယ်များနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကျုပ်က သေလူစာရင်းဝင်သွားပြီဆိုမှတော့ အနာဂတ်ကို ဘာလို့စိတ်ပူ နေတော့မှာလဲ” သူ ပြောလိုက်သည်။
“ဒါဆိုလည်း နေလိုက်ပါ ဆိုင်တာဝန်ခံ လမ်းပြပါ” အရင်ဆုံးအသက်ရှင် နေမှ တခြားကိစ္စများကို စဉ်းစားနိုင်မည်ဖြစ်သည်။ သူသည် ထိုအရာကို ကောင်းစွာနားလည်သည်။
***