← Chapters

လူတွေကို ရိုက်နှက်တတ်တဲ့မြို့စား

Vol. 155 Ch. 2169

လူတွေကို ရိုက်နှက်တတ်တဲ့မြို့စား

Vol. 155 Ch. 2169

တည်းခိုဆောင်၏ ခြံဝန်းမှာကျယ်ဝန်းလှသည်မဟုတ်သော်လည်း သူတို့ လူအနည်းငယ် နေထိုင်ရန်လုံလောက်သည်။ ယခုအခါ လူနှစ်ယောက်ပိုလာ သည်ဖြစ်၍ အခန်းတစ်ခန်းဖယ်ပေးထားကာ ဝေကျိရွှီနှင့် ဖက်တီးကျူတို့ နှစ် ယောက်တစ်ခန်းနေကြသည်။

အနက်ဝတ်ထားသောလူသည် သူ့သူငယ်ချင်းကို အခန်းထဲသို့ရွှေ့ပြောင်း ပြီးနောက် ထွက်လာကာ ရှီမာယူယူတို့ကို ကျေးဇူးတင်စကားပြောလေသည် “ကျွန်တော့်နာမည်က စူးထျန်းယွိပါ ကျွန်တော့်သူငယ်ချင်းက ဖန်ထျန်းမင်ပါ ကျွန်တော်တို့ အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ပြည်နယ် ၁၉ က စူးမျိုးနွယ်လား” ရှီမာယူယူ မေးလိုက်သည်။

စူးထျန်းယွိသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် ဝန်ခံလေသည် “အမှန် ပါပဲ.. သခင်မလေးက ဘယ်လိုသိတာလဲမသိဘူး”

“ရှင်နဲ့ စူးယူက တော်တော်တူတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒါကြောင့်ကိုး ဟုတ်ပါတယ်.. ကျွန်တော့်ဦးလေးနဲ့ ကျွန်တော်က တူပါတယ်” စူးထျန်ယွိ ပြုံးလိုက်သည်။

“အဲတော့ သခင်မလေးက ကျွန်တော့်ဦးလေးကိုသိတာလား”

“အရင်က တစ်ခါနှစ်ခါလောက် တွေ့ဖူးပါတယ်” ရှီမာယူယူ ပြောလိုက် သည် “ဟင်း တိုက်ဆိုင်လိုက်တာ.. ပြည်နယ် ၃၂ မှာပဲလာဖြစ်ရတယ်လို့”

သူမ ထိုသို့ပြောလိုက်သည်နှင့် စူးထျန်ယွိသည် အရိုအသေပြုကာ ပြော လိုက်သည် “သခင်မလေး အဲတုန်းကဦးလေးကိုကယ်ခဲ့တဲ့ ရှီမာယူယူလား.. ကျွန်တော် သခင်မလေးကိုတွေ့ရင် ကျေးဇူးတင်ရမယ်လို့ ဦးလေးက အမြဲပြော နေတာပါ.. မဟုတ်ဘူး ဒီနေ့အတွက်လည်း ကျေးဇူးတင်ရဦးမယ်”

ရှီမာယူယူသည် သူအရိုအသေပြုသည်ကို လက်ခံပြီးနောက် ပြောလိုက် သည် “ဘာလို့ ရှင်တို့နှစ်ယောက်တည်းလဲ ရှင်တို့မျိုးနွယ်ကဘာလို့အတူမရှိတာ လဲ..”

စူးယူကို ဦးလေးဟု ခေါ်နေသည်မှာ သူသည်စူးမျိုးနွယ်၏ ဆက်ခံသူဟု အဓိပ္ပာယ်ရသည်။ ဤကဲ့သို့လူမျိုးကို ကာကွယ်သည့်သူရှိလိမ့်မည်။

“ကျွန်တော်က သူငယ်ချင်းနဲ့အတူလာခဲ့တာ.. သူ့မိသားစုက ဒီတွေ့ဆုံပွဲ မှာ ဝင်မပါစေချင်ဘူး အဲဒါကြောင့် ဘယ်သူမှမရှိတုန်း တိတ်တိတ်လေးလာခဲ့ ကြတာ” စူးထျန်းယွိ ရှင်းပြလေသည်။

“သူ့မိသားစုကတော့ နောင်တရတော့မှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ကျွန်တော် ဒီကိုလာတာ ဦးလေးသိပါတယ်.. ဒါပေမဲ့ သူက နောက်နှစ် ရက်နေမှ ရောက်မယ်လို့ ပြောခဲ့ပါတယ်” စူးထျန်းယွိ ပြောလိုက်သည် “ဦးလေး က သခင်မလေးအကြောင်းကို အမြဲပြောနေတာ.. သခင်မလေးကို ဒီမှာတွေ့ တာသိရင် သူအရမ်းပျော်သွားမျာပဲ”

“ဒါဆိုလည်း စူးယူကို ဒီမှာပဲစောင့်လို့ရတာပဲ” ရှီမာယူယူ ပြောလိုက် သည် “ရှင်က သူ့တူဆိုမှတော့ ရှင့်လုံခြုံရေးကို ကျွန်မဂရုစိုက်ပေးမှာပါ.. ဒါပေမဲ့ ရှင့်သူငယ်ချင်းရဲ့ ဒဏ်ရာနဲ့ဆိုရင် အဂ္ဂိရတ်ပညာပြိုင်ပွဲမှာ ဝင်ပါလို့မဖြစ်နိုင် တော့ဘူး”

“သူ့အသက်ကိုပဲ အရင်ကယ်ကြတာပေါ့” စူးထျန်ယွိသည် ခဏကြာ အောင် စကားပြောပြီးနောက် သူငယ်ချင်းဖြစ်သူကို စောင့်ရှောက်ပေးရန် ပြန် သွားလေသည်။

ထိုလူများသည် ကိုင်တွယ်ရန်မလွယ်ဘဲ သူတို့ပါ ဝင်ပါဝင်ငြိတွယ်သွားနိုင် သည်ဟု သူ ပြောချင်မိသည်။ သို့သော် ရှီမာယူယူ၏ သရုပ်မှန်ကိုစဉ်းစားလိုက် သည်နှင့် ထိုကိစ္စကိုစိတ်ပူရန်မလိုတော့ပေ။

သူမသည် အသင်းမဟာမိတ်၏ ဒုဥက္ကဌဖြစ်သည်။ ယခု မဟာတွေ့ဆုံပွဲ ကြီးသည် ဤနေရာတွင်ကျင်းပမည်ဖြစ်ပြီး ဥက္ကဌများစွာလည်း ဤနေရာသို့ ရောက်နေကြသည်။ သူမကို ဒီမှာ ဘယ်သူအနိုင်ကျင့်ရဲမှာလဲ။ အဲဒါကြောင့် သူမက ခုနက မေးခွန်းတွေမေးတာကိုး။ အခု တောက်ပြောင်လွန်းတဲ့ဥဒေါင်း ကြီး သူတို့တံခါးလာခေါက်ဖို့ကိုပဲ မျှော်နေမိပြီ။ တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ။

မိုးပြာရောင်မြို့တော်၏မြို့စားအနေနှင့် ကုန်ဖေးလော့သည် အသင်း မဟာတွေ့ဆုံပွဲကြီးကို ကြည့်ချင်သည်။ ပြိုင်ပွဲများပြီးသွားသည်နှင့် သူသည် မြို့စစားအိမ်တော်သို့ ပြန်ရန်ပင် အလွန်နောက်ကျသွားခဲ့သည်။

ထို့ကြောင့် တောက်ပြောင်လွန်းသည့်ဥဒေါင်း လူခေါ်လာချိန်မှာ အလွန် ညဥ့်နက်နေပြီဖြစ်သည်။

ရာပေါင်းများစွာသောလူများသည် တည်းခိုဆောင်တစ်ခုလုံးကို ဝိုင်းလိုက် ကြသည်။ ရှီမာယူယူသည် တရားထိုင်နေရာမှ ထပြီး တည်ငြိမ်စွာပင် တံခါးဖွင့် ကာထွက်လာသည်။

ဖက်တီးကျူနှင့် တခြားသူများလည်းထွက်လာသည်။ ထို့နောက် စူးထျန်း ယွိပါ ထွက်လာသည်။

“ရှင့်သူငယ်ချင်း ကောင်းလာပြီလား” ရှီမာယူယူ မေးလိုက်သည်။

“ကောင်းလာပါပြီ” စူးထျန်းယွိသည် ပြန်ဖြေပြီးနောက် စိုးရိမ်မှုနှင့်အတူ မျှော်လင့်မှုကိုပါ ရောယှက်ပြီးပြောလိုက်သည် “သူတို့တွေက လူတွေအများကြီး ခေါ်လာတာထင်တယ်”

“ဒါဆိုလည်း သွားပြီးသူတို့နဲ့တွေ့ကြတာပေါ့”

ထိုလူများသည် ရှီမာယူယူကို လာရှာသည်ကိုအားလုံးသိကြသဖြင့် တခြားလူများသည် အခန်းထဲတွင်သာ ကြိတ်ကြိတ်တိုးနေပြီး ထွက်မလာရဲကြ ပေ။ ရှီမာယူယူသည် ခြံဝန်းမှထွက်လာပြီး ဧည့်ခန်းကိုဖြတ်ကာ တည်းခိုဆောင် အပြင်သို့သွားလိုက်သည်။

“ဘဏ္ဍာထိန်း သူတို့ပဲ အဲမိန်းမက အကုန်လုံးကို အဆိပ်ခတ်လိုက်တာ.. ဒဏ်ရာရနေတဲ့လူက အစေခံပဲ” တောက်ပြောင်လွန်းသည့်ဥဒေါင်းသည် လူအုပ်အနောက်ရှိ ရှီမာယူယူနှင့် ဖက်တီးကျူကို လက်ညှိုးထိုးပြလေသည်။

“မင်းက ဘယ်သူလဲ မြို့စားအိမ်တော်ရဲ့လူတွေကို ထိခိုက်အောင်လုပ်ရဲ တယ်ပေါ့” ဘဏ္ဍာထိန်းသည် ကျယ်လောင်စွော အော်ငေါက်ရာ လှုပ်ရှားသံများ ထွက်လာသည်နှင့် လူအုပ်မှာ ရုတ်တရက်ပိုတိုးလာသည်။

“သူတို့က ငါတို့ကိုသတ်တော့မှာလေ.. အဲဒီတော့ ငါတို့လည်း ပြန်တိုက် ခိုက်ရတာပေါ့.. ငါတို့ကို လာသတ်တာကို ထိုင်စောင့်နေရအောင်ငါတို့က အဲ လောက်အ,တဲ့ပုံပေါက်နေလား” ဖက်တီးကျူ နှာမှုတ်လေသည် “မင်းတို့က တုံး တာလား ငါတို့ကပဲတုံးတာလား”

“မင်းက သခင်လေးကို ရန်စခဲ့တာဆိုတော့ သင်ခန်းစာယူသင့်တယ်” ဘဏ္ဍာထိန်းသည် ကြမ်းတမ်းသည်အပြုအမူဖြင့် အော်ဟစ်လေသည်။

“ဟေး မင်းက တုံးအတဲ့ပုံလေည်းမပေါက်ပါဘူး ပြီးတော့ တုံးအဖို့လည်း မမျှော်လင့်ပါဘူး” ဖက်တီးကျူသည် သူ့ကိုအပေါ်အောက်ကြည့်လိုက်သည် “မင်းမွေးလာတုန်းက မင်းအမေ့ဗိုက်ထဲမှာ ဦးနှောက်ကျန်ခဲ့တာလား..မဟုတ် ရင် ဒီလိုစိတ်မမှန်တာတွေ ဘယ်လိုလုပ်ပြောနိုင်မှာလဲ”

“ဟား ဟား”

ပွဲကြည့်ပရိသတ်သည် ရယ်မောလိုက်ကြကာ အသက်ရှုမရအောင်ပင် ရယ်မောကြလေသည်။

တောက်ပြောင်လွန်းသည့်ဥဒေါင်း အနိုင်ကျင့်ခံရသူများသာ အသံမထွက် ရဲကြပေ။

နောက်ဆုံးတော့ သူတို့ကို ပြန်တိုက်ခိုက်မယ့်သူရှိပြီ။

“အတင့်ရဲလိုက်တာ” ဘဏ္ဍာထိန်းသည် လူကြားသူကြားတွင် အလှောင် ခံလိုက်ရသဖြင့် ဒေါသထွက်ကာ မျက်နှာများပင်နီရဲလာသည်။

“ဘာလို့လဲ ဘယ်သူမှ အမှန်တရားကိုမပြောကြဘူးလား” ဖက်တီးကျူ သည် မေးမော့ကာ တစ်ဖက်လူကိုရွံရှာသည့်အလား နှာခေါင်းကိုရှုတ်နေသည်။ ဒါပေါ့, သူသည် တစ်ဖက်လူ ဒေါသအထွဋ်အထိပ်ရောက်သည်အထိ တုံ့ပြန် တတ်သည်မှာ သူ၏ကျွမ်းကျင်မှုပင်ဖြစ်သည်။

“သွားတော့.. အဲလူတွေက သခင်လေးကို ထိခိုက်အောင်လုပ်ပြီး အခု မြို့စားအိမ်တော်ကလူကိုတောင် လူကြားထဲမှာ အရှက်ခွဲနေတာ.. သူတို့အကုန် လုံးကိုဖမ်းလိုက်.. ခုခံရဲတဲ့သူဆိုရင် အသေရရအရှင်ရရဖမ်းခဲ့”

“ကျွတ် နောက်ဆုံးတော့ တိုက်ခိုက်ရတော့မှာပဲလား.. ကြည့်ရတာ မြို့စားရာထူးကိုမလိုချင်တော့ဘူးထင်တယ်” ဖက်တီးကျူသည် ကပ်ဆိုးကြီး ရောက်လာတော့မည်ဟုပင် မခံစားရဘဲ ရယ်မောလိုက်သည်။

ကိုယ်ရံတော်များရောက်လာချိန် သူတို့မစခင်တွင် ရှီမာယူယူပြောလိုက် သည် “မင်းတို့က အဲဒီကိုယ်ရံတော်တွေရဲ့ အဆိပ်ကိုမဖြေချင်ဘူးလား”

“ရပ်လိုက်” တောက်ပြောင်လွန်းသည့်ဥဒေါင်း တားလိုက်သည်။ ထို့နောက် ရှီမာယူယူကိုကြည့်ပြီးပြောလေသည် “အဆိပ်ဖြေဆေးပေး.. ဒီနေ့ မင်းကိုကိုယ်လက်အပြည့်အစုံနဲ့ သေခွင့်ပေးမယ်”

“အဆိပ်ဖြေဆေးလိုချင်လား မင်းအဘိုးကြီးကို လာစကားပြောခိုင်းလိုက်” ရှီမာယူယူသည် ထိုနေရာတွင်ရပ်နေသည်။ ထိုလူများ အနားကပ်လာချိန်တွင် လည်း သူမ တုပ်တုပ်မှမလှုပ်ပေ။

“ငါ့အဖေကို တွေ့ဖို့ မင်းကိုယ်မင်းအရည်အချင်းမှီတယ်လို့ထင်နေလား” တောက်ပြောင်လွန်းသည့်ဥဒေါင်းသည် ဒေါသဖြင့် ရယ်မောလေသည် “မင်း ကိုယ်မင်း ဘယ်သူထင်နေလဲ”

“တကယ်ပါပဲ.. ခဏနေရင် သိရမှာပေါ့” ရှီမာယူယူသည် သူမ၏စွမ်းအား လွှတ်လိုက်ရာ စံတင်အဆင့်ရောင်ဝါသည် အားလုံးကို မှင်တက်သွားစေသည်။

သူမက စံတင်အဆင့်လား။ သူမက ဒီလောက်ငယ်သေးတာမဟုတ်ဘူး လား။ စူးထျန်းယွိသည် သူမအနောက်တွင်ရှိနေပြီး တအံ့တဩကြည့်နေသည်။

မြို့စားအိမ်တော်မှလူများလည်း မှင်တက်နေကြသည်။ ဒီလူက လေးစား ရလောက်တဲ့ စံတင်အဆင့်ဖြစ်နေတာလား။ ဒီမိန်းမက ဒီအဆင့်ရောက်နေတာ ကို သူတို့ဘယ်လိုလုပ်သိမှာလဲ။

“သွား ကုန်ဖေးလော့ကို ပြန်ခေါ်လိုက်” ရှီမာယူယူသည် ပါးစပ်လှုပ်ရုံ ပြောလိုက်သည်။

မြို့စားအိမ်တော်မှလူများသည် လှုပ်ရှားချင်သော်လည်း သူမ၏ ဖိအား အောက်တွင် မည်သူမှလှုပ်မရပေ။

“ဒီလောက်လူအများကြီး သွားဖို့မလိုပါဘူး မင်း” ရှီမာယူယူသည် ကိုယ်ရံ တော်တစ်ယောက်ကို ညွှန်ပြလိုက်သည် “သွားပြန် သတင်းပို့လိုက်”

သူမ ဖိအားပြန်ရုတ်သိမ်းလိုက်သော်လည်း မည်သူမှ မလှုပ်ရဲကြပေ။ အမည်ခေါ်ခံရသော ကိုယ်ရံတော်သည် အမြန်ပြေးသွားသည်။

“မလိုဘူး ဒီလိုမျိုးမောက်မာတဲ့စံတင်အဆင့်သခင်က မြို့ထဲကိုလာတာ ကိုမြို့ဝင်က သိတောင်မသိခဲ့ပါလား” ကုန်ဖေးလော့သည် လူများကိုဦးဆောင် ကာ လေဟာနယ်ထဲမှထွက်လာသည်။ သူ ထွက်လာသည်နှင့် ရှီမာယူယူအား ဖိအားပေးလိုက်သည်။

သို့သော် သူထင်ထားသလို ရှီမာယူယူသည် ဖိအားမရှိပေ။ ထိုအစား သူ့ကို မပြောင်းလဲသော မျက်နှာထားဖြင့် ကြည့်နေသည်။

သူမသည် တခြားသူများ၏ ဖိအားကိုအမြဲတစေ ခံနိုင်ရည်ရှိခဲ့သည်။ ဒီ ကုန်ဖေးလော့က သူမထက် နည်းနည်းပဲသန်မာတာကို သူမကိုဖိအားပေးချင် သေးတာလား။ အိပ်မက်မက်နေလိုက်။

“ပြောပါဦး သူ့ကို ဖယ်ရှားလိုက်ရမလား” ရှီမာယူယူသည် ဘေဂုံထန်ကို မေးလိုက်သည်။

ဒီလိုလူကတော့ အင်အားကြီးတာနဲ့ မြို့စားဖြစ်ပြီး လူတွေကိုရိုက်နှက်နေ မှာပဲ။

***

All Chapters