← Chapters

မျက်နှာအားဖြတ်ရိုက်ခြင်း

Vol. 155 Ch. 2170

မျက်နှာအားဖြတ်ရိုက်ခြင်း

Vol. 155 Ch. 2170

ရှီမာယူယူ၏ စကားများကိုကြားသည်နှင့် ထိုနေရာမှလူများအားလုံး ရယ် မောလိုက်ကြသည်။

တချို့လူများသည် သူမကို ရိုင်းစိုင်းသည်ဟု ထင်ကြပြီး တချို့လူများ သည် ဆော့ကစားတတ်ရုံသာဟု ထင်ကြသည်။

“စံတင်အဆင့်လောက်က ငါ့မိုးပြာရောင်မြို့တော်မှာ အဓိပ္ပာယ်မရှိတာ တွေလာပြောရဲတယ်” ကုန်ဖေးလော့ နှာမှုတ်လိုက်လေသည် “ဒီနေရာက မင်း တို့တွေ လာမောက်မာလို့ရတဲ့နေရာမဟုတ်ဘူး.. ဒီလူတွေက အသင်းတွေ့ဆုံပွဲ လုပ်မှာကို မိုးပြာရောင်မြို့ရဲ့အမိန့်ကိုနှောင့်ယှက်ပြီး မဟာတွေ့ဆုံပွဲကြီးကို ချုပ်ကိုင်ဖို့ကြိုးစားနေတယ်.. သူတို့တွေက ရန်သူ့ဘက်တော်သားတွေပြဖြစ် မယ် အခု ဒီလူတွေကို ဒီနေရာတင်ပဲသတ်ပစ်ဖို့ မြို့စားကအမိန့်ချတယ်”

“ဟုတ်ကဲ့ပါ မြို့စား” သူ့အနောက်မှ လူတချို့လှုပ်ရှားကြလေသည်။ သူတို့အားလုံးသည် စံတင်အဆင့်ခိုင်သူများဖြစ်နေကြသည်။

ဤမျှ အားကောင်းသည့်အဆင့်ရှိသည့် လူများစွာရှိနေသဖြင့် မိုးပြာရောင် မြို့တော်၏ အင်အားသည် အားမနည်းဟု ရှီမာယူယူ ပြောလိုသည်။ မြို့စား၏ အကျင့်စရိုက်မကောင်းသဖြင့် မြို့သူမြို့သားများအတွက် ကောင်းသည့်ကိစ္စ မဟုတ်သည်မှာတော့ နှမြောဖွယ်ကောင်းသည်။

“ကုန်ဖေးလော့ သူမ ဘယ်သူလဲဆိုတာ မမမေးဘဲသတ်တော့မလို့လား” ဝေကျိရွှီသည် အေးအေးလူလူလက်ပိုက်ရင်း မေးလေသည်။

“အသင်းမဟာမိတ်ကို ရန်လာစတဲ့ဘယ်သူမဆို ခွင့်လွှတ်ပေးလို့မရဘူး” ကုန်ဖေးလော့ ပြောလိုက်သည် “အခုမှ အသနားခံဖို့ဆို နောက်ကျသွားပြီ”

“ကျွန်မ တစ်ခွန်းမှမပြောရသေးဘဲနဲ့ အသတ်ခံရမယ့်စာရင်းထဲရောက်နေ ပြီ.. ပိုအားနည်းတဲ့လူဆိုရင် ပိုဆိုးမှာတောင်ကြောက်ရတယ်.. ရှင်က တကယ့် ကိုကောင်းတဲ့ မြို့စားပါလား.. အသင်းမဟာမိတ်က ဒီလိုယုတ်ညံ့တဲ့လူကို ဘာလို့ ရှေ့တန်းတင်ထားတာလဲ နားကိုမလည်တော့ဘူး” ရှီမာယူယူ ပခုံးတွန့် လိုက်သည် “ကျွန်မပြန်သွားလို့ကတော့ မြို့စားရွေးချင်ရင် အကျင့်စရိက်ကို စစ် ကြည့်ပါဦးလို့ပြောရဦဂမယ်”

ကုန်ဖေးလော့သည် ရှီမာယူယူ၏ စကားများအနည်းငယ် ထူးဆန်းနေ သည်ဟု ထင်မိသည်။ သို့သော် သူ စဉ်းစားလိုက်သည်မှာ အသင်းမဟာမိတ် အတွင်း၌ ဤကဲ့သို့အင်အားရှိသည့် အမျိုးသမီးမရှိပေ။ ထို့ကြောင့် ဤလူများ သည် အသင်းမဟာမိတ်မှမဖြစ်နိုင်ပေ။

ထို့နောက် သူမသည် သူ့ကိုဟိတ်ဟန်ထုတ်ကာ ပြောမိလိုက်သည်။ ဒီလူ တွေက ပိုပြီးတော့တောင် စက်ဆုပ်ဖို့ကောင်းပါလား။

“ဟင်း မင်းတို့ရဲ့ မဟုတ်တမ်းတရားတွေကို ငါစိတ်မဝင်စားဘူး.. အဲလို မြင်ကွင်းကိုမြင်ချင်ရင်တော့ နောက်ဘဝထိစောင့်ရလိမ့်မယ်” ကုန်ဖေးလော့ ပြောလိုက်သည် “မင်းမသေခင် အကြံတစ်ခုပေးလိုက်မယ် မင်းသွားရှုပ်လို့မရ တဲ့လူတွေဆိုတာလည်းရှိသေးတယ်”

ရှီမာယူယူသည် လမ်းအဆုံးကို တစ်ချက်ကြည့်ပြီး ပြုံးကာ ပြောလိုက် သည် “ဒီစကားကို ရှင့်ကိုပဲ ပြန်ပြောပေးလိုက်မယ်.. ရှင်သွားရှုပ်လို့မရတဲ့လူ တွေဆိုတာလည်း ရှိသေးတယ်”

“မသေခင်ကို လျှာစောင်းလာထက်နေသေးတယ် လုပ်ကြတော့” ကုန်ဖေးလော့ လက်ဝှေ့ယမ်းလိုက်သည်နှင့် စံတင်ကျွမ်းကျင်သူများသည် လှုပ်ရှားတော့မည်ပြုသည်။

စံတင်ကျွမ်းကျင်သူများ တိုက်ခိုက်သည်နှင့် ပွဲကြည့်လာပရိသတ်များ သည် ဝင်ငြိတွယ်မည်ကို စိုးသဖြင့် အမြန်ပင်ပျံပြေးကြသည်။

ရှီမာယူယူတို့သည် အလွန်ပင်တည်ငြိမ်သည်။ ထိုလူများ သူတို့၏ ဝိညာဉ် စွမ်းအင်များကို ထုတ်လိုက်သော်လည်း သူတို့သည် အလောမကြီးပေ။

ထိုတည်ငြိမ်မှုသည်… လူအများကို ဆွံ့အသွားစေသည်။

သို့သော် မကြာမီတွင် လူများသည် အကြောင်းအရင်းကိုသိသွားကြသည်။

“ရပ်လိုက်ကြ ဘယ်သူလုပ်ရဲလဲ” စူးရှသည့်အော်သံတစ်ခုသည် လမ်းပေါ် မှထွက်လာရာ လူတစ်စုသည် အမြန်ပျံသွားကြလေသည်။

ထိုလူလာသည်ကိုမြင်သည်နှင့် မောက်မာပြီး အုပ်စိုးချင်သည့် ကုန်ဖေး လော့သည် ချက်ချင်းပင် မျက်နှာထားပြောင်းသွားသည် “ဥက္ကဌရှား၊ ဥက္ကဌဖန်း၊ ဥက္ကဌရှဲ၊ ဥက္ကဌဖန် ဘာလို့ရောက်လာကြတာလဲ”

ရောက်လာသောသူများမှာ အဂ္ဂိရတ်ပညာရှင်အသင်း၏ဥက္ကဌ ရှားကျောင်ထျန်၊ အစီအရင်သခင်များအသင်း၏ဥက္ကဌ ဖန်မင်၊ ဝိညာဉ်ရှာဖွေ အသင်း၏ဥက္ကဌ ရှဲချန်လင်းနှင့် သားရဲထိန်းကျောင်းသူအသင်းဥက္ကဌဖန်းယွမ်လုံ တို့ဖြစ်ကြသည်။

ဥက္ကဌလေးဦးအတူတကွ လာရောက်ကြသဖြင့် ပွဲမှာကြီးသွားသည်။

သို့သော် ဥက္ကဌများသည် သူ့ကိုလျစ်လျူရှုကာ ရှီမာယူယူဆီသို့လာပြီး ပြောကြသည် “မင်းက နောက်မှလာမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား.. ဘာလို့ ဒီလောက်အစောကြီးရောက်ချလာတာလဲ.. မင်းရောက်တာကို ငါတို့ကို တောင်ဘာလို့မပြောတာလဲ… မင်းကိုကြိုဖို့ ငါတို့လူလွှတ်ပေးမှာပေါ့”

“ကျွန်မကို လူလွှတ်ပြီးကြိုခိုင်းရင် ဒီကမြို့စားက ဒီလောက်အားကောင်း နေမှန်းသိမှာမဟုတ်ဘူး.. သူက သူသဘောမကျရင် လူသတ်ပစ်လိုက်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါက ရှင်တို့ရွေးထားတဲ့မြို့စားလား အကျင့်စရိုက် ကို ဂရုမစိုက်တော့ဘူးလား”

“အဟွတ် ဒါက.. အဲတုန်းက သူ့အင်အားက အဆင်ပြေပါတယ်” ရှဲကျောင် လင်း ပြန်ဖြေလေသည်။

ထိုစကားပြောသည်မှာ ထိုလူသည် ဝိညာဉ်ရှာဖွေအသင်းက လူဖြစ်နေ ခြင်းကြောင့်ပင်။

“ဥက္ကဌရှဲ ကျွန်မ ခုနက သူတို့ကိုမေးကြည့်လိုက်တယ်.. မြို့စားတစ် ယောက်ကို ဖယ်ချပစ်ဖို့ ကျွန်မမှာ လုပ်ပိုင်ခွင့်ရှိလား.. ကျွန်မ ဒီကိစ္စကို အရင်က မမေးဖူးတော့ မသိဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။

“အသင်းမဟာမိတ်ရဲ့ဒုဥက္ကဌအနေနဲ့ လုပ်ပိုင်ခွင့်ရှိတာပေါ့” ရှားကျောင် ထျန် ပြောလိုက်သည်။

“ယူယူ မင်းက အမြဲတမ်း တရားမျှတတယ်.. အခု သူ့ကိုရာထူးဖယ်ချချင် တယ်လို့ပြောတော့ ပြဿနာကြီးလို့ဖြစ်မယ်” ဖန်ယွင်ဟွေ့ ပြောလေသည် “လောင်ရှဲ ဘယ်လိုထင်လဲ”

ရှဲကျောင်လင်းသည် ကုန်ဖေးလော့ကို ကြည့်ပြီး မည်သည့်ကန့်ကွက်ချက် မှမပြောပေ။

“ဒါဆိုလည်း ဆုံးဖြတ်ချက်ချကြတာပေါ့.. ကုန်ဖေးလော့ကို မြို့စားရာထူး ကနေချပြီး သူ့ကိုယာယီ ဆိုင်းငံ့ထားလိုက်မယ်.. မဟာတွေ့ဆုံပွဲကြီးပြီးမှပဲ သူ့ ကိုဘယ်လိုရှင်းမလဲဆိုတာ ပြောကြတာပေါ့” ဖန်မင် ပြောလေသည်။

ဥက္ကဌလေးဦးအနက် သူ့အတွက် မည်သူမှ မပြောပေးကြဘဲ သူမအား သဘောတူလိုက်ကြသည်။

ထိုအခါမှပင် ကုန်ဖေးလော့သည် သူ မည်သို့သောလူကို ကန်လိုက်မိပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

မဟာမိတ်အသင်းဒုဥက္ကဌ ရှီမာယူယူ။ သူမက မဟာမိတ်အသင်းရဲ့ ဒဏ္ဍာရီဝင် အမျိုးသမီးမလား။ တခြားလူများကိုသာ ရန်စနိုင်သော်လည်း ရှီမာ ယူယူကိုတော့ ရန်စ၍မရကြောင်းကို အသင်းမှလူတိုင်းသိကြသည်။ သူမကို ရန်စမိသည်နှင့် ပြန်စရာလမ်းပင်ရှိတော့မည်မဟုတ်ပေ။

အစောက သူမ၏ သရုပ်မှန်ကို မမေးလိုက်မိသည့်အတွက် သူသည် ရုတ်တရက် နောင်တရသွားသည်။ သူမ ထိုအကြောင်းပြောသောအခါ သူ ထပ် ပြီးစဉ်းစားမိသင့်သည်။

သူသည် နောက်လိုက်များကို အမိန့်ပေးနိုင်သော်လည်း သူတို့သည်လည်း တကယ်တော့ အသင်းမဟာမိတ်မှလူများဖြစ်ကြသည်။ သူ့ကိုသာ တစ်ယောက် ယောက်လာဖမ်းပါကလည်း သူ၏ကိုယ်ရံတော်များသည် နေမြဲနေရာတွင်သာ ရပ်နေကြလိမ့်မည်။ သူသည် ဆန့်ကျင်ချင်သော်လည်း အသင်းမဟာမိတ်၏ အင်အားကိုတွေးမိလိုက်ပြီး လက်လျော့ကာ ထိုလူများနောက်သို့ ကျိုးနွံစွာပင် လိုက်ခဲ့လိုက်သည်။

သူ အဖမ်းခံလိုက်ရသည်ကို အပြင်လူများမြင်သောအခါ အားလုံး အား တက်သွားကြပြီး လက်မြှောက်လိုက်ကြသည်။

ဥက္ကဌများသည် ထိုမြင်ကွင်းကိုမြင်သောအခါ ကုန်ဖေးလော့မှာ ပုံမှန်အား ဖြင့် မည်မျှလူကြိုက်နည်းသည်ကို သိလိုက်ကြသည်။ သူ ကျရှုံးတာကိုမြင်ပြီး မြို့တစ်မြို့လုံး ပျော်ရလောက်အောင်ထိ သူဆိုးတာတွေ ဘယ်လောက်တောင် လုပ်ခဲ့တာလဲ။

“ယူယူ ဘယ်တုန်းကရောက်တာလဲ လွန်ခဲ့တဲ့ရက်ကပဲ ပြည်နယ် ၆၄ မှာ မလား ဘာလို့ ဒီလောက်အမြန်ကြီးရောက်လာတာလဲ”

“ဒီနေ့မနက်ပဲရောက်တာပါ.. ကျွန်မရောက်တာနဲ့ ဒီလိုဖြစ်မယ်လို့ ဘယ်သူသိမှာလဲ” ရှီမာယူယူသည် ကူကယ်ရာမဲ့နေသည်။ သူမလက်ရှိရောက် နေသည့်နေရာအရ သူမသည် မျက်နှာဖြတ်ရိုက်ရမည့်ကိစ္စများကို စိတ်အား ထက်သန်ခြင်းမရှိတော့ပေ။ သို့သော် သူမကို တစ်စုံတစ်ယောက်မှ သေနတ် ပြောင်းဝလှည့်လာလျှင် ရွေးချယ်စရာမရှိတော့ဘဲ ထိုလူများကို ရှင်းပစ်မည်ဖြစ် သည်။

“မင်းရဲ့ မွေးနေ့ဧည့်ခံပွဲက လွန်ခဲ့တဲ့ ၅ ရက်ကဆိုတာ ငါမှတ်မိပါတယ်.. ၅ ရက်ပဲရှိသေးတာကို ပြည်နယ် ၆၄ ကနေ ပြည်နယ် ၃၂ ကိုဘယ်လိုမျိုးရောက် လာတာလဲ” ဖန်မင် မေးလေသည်။

“တစ်စုံတစ်ယောက်က ကျွန်မကို ရတနာပေးခဲ့တာပါ” ရှီမာယူယူသည် ရှင်းရှင်းလင်းလင်းမပြောသော်လည်း သူမထိုသို့ပြောလိုက်ချိန်တွင် မည်သူမှ ထပ်မမေးတော့ပေ။

ရှားကျောင်းထျန်တစ်ယောက်သာ သူမကိုဆွဲပြီးပြောလေသည် “အားကောင်းလိုက်တဲ့ ရတနာပါလား.. ငါတို့ပြန်သွားရင် အဲဒါကိုထုတ်ပြီး ငါ့ကို ကစားခိုင်းဦးလေ”

“ဟုတ်ပါပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒါနဲ့ တခြားအသင်းက ဥက္ကဌတွေကို ဘာလို့မတွေ့မိတာလဲ”

“လက်နက်သန့်စင်ပြိုင်ပွဲက ဒီနေ့ပဲပြီးသွားတယ်.. ဟော်ချန်းဒုန်နဲ့ တခြား သူတွေက ရှင်းစရာကိစ္စလေးတွေရှိနေလို့.. အဲဒါကြောင့် မင်းရောက်နေတယ် ဆိုတာ ကြားတာနဲ့ ဒီကိုအရင်လာလိုက်ကြတာပဲ” ဖန်ယွင်ဟွေ့ ပြောလေ သည်။

“လက်နက်သန့်စင်ပြိုင်ပွဲက အစောကြီးပြီးသွားပြီလား”

“ဟုတ်တယ် နောက်နှစ်ရက်အတွင်း အဂ္ဂိရတ်ပြိုင်ပွဲရှိလိမ့်မယ်.. အသင်း ထဲမှာ တိုးတက်နေတဲ့ကလေးတွေရှိလားလို့ မင်းကြည့်လို့ရတယ်” ရှားကျောင် ထျန် ပြောလေသည်။ “မင်းရောက်နေတာသာသိရင် သူတို့လည်း ပျော်ကြမှာပဲ”

သူမသည် အသင်းထဲမှလူများနှင့်မရင်းနှီးပါဟု ရှီမာယူယူ ပြောချင်သည်။

“ပြိုင်ပွဲကိစ္စကတော့ နောက်မှပြောကြတာပေါ့.. ဒီတစ်ခါ ပြောစရာ အရေ ကြီး သတင်းရှိတယ်..”

***

All Chapters