← Chapters

သောက်ပြောမကြီးဘဲ သတ္တိရှိရင် အခုဆင်းခဲ့

Vol. 43 Ch. 608

သောက်ပြောမကြီးဘဲ သတ္တိရှိရင် အခုဆင်းခဲ့

Vol. 43 Ch. 608

အခန်း (၆၀၈) သောက်ပြောမကြီးဘဲ သတ္တိရှိရင် အခုဆင်းခဲ့

ကျန်းချောင်နှင့်အခြားသူများက ရန်တိ၏တိုက်ခိုက်မှုကို ပိတ်ဆို့ပြီး ပြန်လည်ဆုတ်ခွာချင်ကြသည်။ သူတို့က ထူးကဲယန်စည်းတံဆိပ်ကိုရယူရန် အရေးမစိုက်ကြတော့ပေ။

သူတို့ ဆင်းသက်လာသော ကောင်းကင်အက်ကွဲကြောင်းနေရာမှ ကောင်းကင်တစ်ခွင်နှင့် နေမင်းကို လွှမ်းခြုံလျှက် အနက်ရောင်ချီစွမ်းအားများက ပတ်ဝန်းကျင်အနှံ့ ပြန့်ကျဲထွက်ပေါ်လာသည်။

ကောင်းကင်တစ်ခွင်လုံး ချက်ချင်းပင် မှောင်မိုက်သွား၏။

ကောင်းကင်ထက်မှ နေမင်းအစစ်ပဲဖြစ်စေ ၊ အောက်ဘက်တွင်ရှိနေသည့် ထူးကဲယန်စည်းတံဆိပ်ပဲဖြစ်စေ အရာအားလုံး ဝါးမြိုခံလိုက်ရသလိုပင်။

နေ့ည ပြောင်းလဲသကဲ့သို့ အလင်းမှ အမှောင်သို့ ပြောင်းလဲခြင်းမျိုးမဟုတ်ဘဲ နေရောင်ခြည်က စုပ်ယူခံလိုက်ရသည့်ပမာ ဖြစ်သည်။

နေမင်းက နေရာမှာပင်ရှိနေသည့်တိုင် အလင်းရောင်ကို ထုတ်လွှတ်နိုင်စွမ်း မရှိတော့ပေ။

ရန်ကျောက်ကဲမျက်ဝန်းများ တုန်လှုပ်သွားပြီး...

“တိုက်စားခြင်းတန်ခိုးစွမ်းအား...”

သေသေချာချာကြည့်လိုက်တော့ ကောင်းကင်ထက်တွင် မှိန်ဖျော့ဖျော့ အနက်ရောင်မီးတောက်တစ်ခု တောက်လောင်နေသည်ကို တွေ့ရသည်။ ထိုမီးတောက်က မိုးမြေနယ်နိမိတ်တစ်ခွင်မှ အလင်းရောင်များကို လောင်စာအဖြစ်အသုံးပြုပြီး မသိမသာ ကြီးထွားလာသည်။

ထိုမီးတောက်တွင် အလင်းနှင့်အမှောင် အတူတကွတည်ရှိနေပြီး တစ်ခု၏အားနည်းချက်ကို တစ်ခုက ဖြည့်ဆည်းပေးထားသည်။ ၎င်းအမှောင်ထုမီးတောက်သည် ရက်စက်ကြမ်းတမ်းပြီး အလိုရမ္မက်ကြီးသော ၊ ဆင်းခြင်တုံတရားကင်းမဲ့ပြီး ဆိုးရွားသော အတိတ်နိမိတ်တစ်ခုဖြစ်ကာ နေရောင်ခြည်၏ ရန်သူသက်သက်သာ ဖြစ်သည်။

အလင်းရောင်သည် တရားမျှတခြင်းမဟုတ်သလို အမှောင်သည်လည်း မကောင်းမှု မဟုတ်ပေ။

မရေမတွက်နိုင်သော ဘဝပေါင်းများစွာ မွေးဖွားလာရန်အတွက် အမှောင်ထုထဲတွင် လုံလောက်သည့်အချိန်တစ်ခုအထိ သန္ဓေတည်ကြရသည်။ ထို့ကြောင့် အမှောင်ထုတိုင်းက မိစ္ဆာဆန်ခြင်းမရှိပေ။

သို့သော် ယခု နေရောင်ခြည်ကို ဝါးမျိုပစ်လိုက်သော အပြာရောင်မှိန်ဖျော့ဖျော့တောက်ပနေသည့် အနက်ရောင် နတ်ဆိုးမီးတောက်သည် ကြောက်မက်ဖွယ်ရာအတိဖြစ်ပြီး ကြီးမားသောဘေးဆိုးများကိုသာ ကိုယ်စားပြုကြောင်း ပြောဆိုနိုင်သည်။

“တိုက်စားခြင်းတန်ခိုးစွမ်းအား ၊ ကောင်းကင်ဘုံက နတ်ခွေးကြီးက နေမင်းကို စားသောက်ပစ်လိုက်သလိုပဲ ၊ ဒီစွမ်းအားက နေမင်းနဲ့ဆန့်ကျင်ဘက် ရာဟုကြယ်ရဲ့ စွမ်းအားပဲ”

ရန်ကျောက်ကဲ သဘောပေါက်သွားသည်။

“ဟက်... ဒီကောင်တွေ ပြဿနာလာရှာရဲတာ မအံ့သြတော့ပါဘူး”

တိန့်စန်းတို့အုပ်စု သေဆုံးသွားသည့်တိုင် ကွမ်းမင်ဂိုဏ်းသားများက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဤမျှစွမ်းအားမြင့်မားသူတစ်ယောက် ရှိနေမည်ဟု မထင်ထားခဲ့ကြ‌ပေ။ ထို့ပြင် မန်ဝမ်နှင့် ထန်ယုံဟောင်တို့ထံမှ ရရှိသောသတင်းများအရ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိုသို့သော တန်ခိုးစွမ်းအားရှင်မျိုး မရှိကြောင်း သိခဲ့ရသည်။

ထို့ကြောင့် ထူးကဲယန်စည်းတံဆိပ်တစ်ခုတည်း၏ တည်ရှိမှုကိုသာ တွေးတောခဲ့ကြပြီး ရှုံးနိမ့်မည်ကို မတွေးတောခဲ့ကြပေ။

သူတို့အားလုံးက ထူးကဲယန်စည်းတံဆိပ်ကို မက်မောဆာလောင်နေပြီး ရန်ကျောက်ကဲနှင့် ဝါဒတောင်ကို နက်ရှိုင်းစွာ မုန်းတီးနေခဲ့ကြသည်။

ထို့ကြောင့် မမျှော်လင့်သော အဖြစ်အပျက်များ ရင်မဆိုင်ရစေရန် လူအင်အားပိုမိုများပြားစွာဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်လာခဲ့ကြသလို ထူးကဲယန်စည်းတံဆိပ်ကို ကိုင်တွယ်ရန် နည်းလမ်းတစ်ခုကိုလည်း အထူးပြင်ဆင်ခဲ့ကြသည်။

ထိုအရာမှာ နေမင်း၏ဆန့်ကျင်ဘက် ၊ ‘တိုက်စားခြင်းတန်ခိုးစွမ်းအားကို’ ပိုင်ဆိုင်ပြီး နတ်ဆိုးမိစ္ဆာချီများကို ထုတ်လွှတ်နိုင်သော ‘ရာဟုကြယ်’ ပင် ဖြစ်သည်။

ရာဟုကြယ်၏ နတ်ဆိုးမီးတောက်စွမ်းအားသည် ကောင်းကင်တစ်ခုလုံးကို မျိုချပြီး နေမင်းကို ဝါးမျိုသွားသည်။ ထို ရာဟုကြယ်စွမ်းအားက ထူးကဲယန်စည်းတံဆိပ်၏ တောက်ပမှုကိုပင် မှေးမှိန်သွားစေသည်။

ရာဟုကြယ်စွမ်းအားက ထူးကဲယန်စည်းတံဆိပ်ကို တားဆီးထားစဉ် ကျန်းချောင်နှင့်အခြားသူများက ရန်တိ၏ဓားဝိညာဉ်ကို အတင်းတွန်းလှန်ပြီး အလျှင်အမြန် ဆုတ်ခွာသွားသည်။ သူတို့စီစဉ်ထားသည့်အတိုင်း ရာဟုကြယ်စွမ်းအားက ထူးကဲယန်စည်းတံဆိပ်ကို တွန်းလှန်နိုင်ခဲ့သည့်တိုင် ကွမ်းမင်ဂိုဏ်းမှလူများအားလုံး စိတ်မချမ်းမသာ ခံစားကြရသည်။

အရင်က စီစဉ်ထားသည်မှာ ထူးကဲယန်စည်းတံဆိပ်ကို ရယူပြီးနောက် ၊ နောက်ဆက်တွဲပေါက်ကွဲအားကို ခေတ္တပိတ်ဆို့ရန် ရာဟုကြယ်စွမ်းအားကို အသုံးပြုရန် ဖြစ်သည်။ ထူးကဲယန်စည်းတံဆိပ်ကို ထိန်းချုပ်နိုင်သည်နှင့် သူတို့ (၆)ယောက်က လျှပ်စီးပမာလျှင်မြန်သောအရှိန်အဟုန်ဖြင့် ဝါဒ‌တောင်မှလူများကို ကျော်ဖြတ်ကာ အထက်ဘုံကမ္ဘာသို့ ပြန်မည်ဖြစ်၏။

ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ကို ထိန်းချုပ်နိုင်သည်ဆိုဦးတော့ အချိန်ကြာမြင့်စွာ ထိန်းချုပ်နိုင်မည်မဟုတ်ဟု အခိုင်အမာ ယုံကြည်ခဲ့ကြသည်။

သူတို့၏ မူလအစီအစဉ်သည် အမှန်တကယ် အောင်မြင်နိုင်ခြေရှိသည်။

သို့သော် ရန်တိက သိုင်းသူတော်စင် ဒုတိယအဆင့်သို့ မမျှော်လင့်ဘဲ တက်ရောက်သွားခဲ့ပြီး ပြင်းထန်သောစွမ်းအားများဖြင့် သူတို့ (၆)ယောက်လုံးကို တစ်ပြိုင်နက်တည်း ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် ယခင်ကထူးကဲယန်စည်းတံဆိပ်ကိုထိန်းချုပ်ရန်အတွက် ပြင်ဆင်ထားသော ရာဟုကြယ်စွမ်းအားကို အန္တရယ်ကင်းစွာ ထွက်ပြေးနိုင်ရန် အသုံးပြုရတော့သည်။

ကြိုတင်ကြံစည်ထားသောအစီအစဉ်နှင့် ပကတိလက်တွေ့ကွာဟချက်က ကျန်းချောင်တို့အုပ်စုကို အသက်ရှူကြပ်စေသည်။ ကြီးကျယ်ခမ်းနားသော အောင်ပွဲတစ်ခုရရှိမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း အဆုံးသတ်တွင် ဆုတ်ခွာရန်သာ ကြိုးပမ်းကြရသည်။

ကောင်းကင်အက်ကွဲကြောင်းကို ဖြတ်ကျော်ပြီး အသံတစ်သံထွက်ပေါ်လာသည်။

“ဝါဒတောင်က ရန်တိ ၊ မင်းနာမည်ကို ငါမှတ်ထားမယ် ၊ မင်းက ငါတို့ထင်ထားတာထက် အစွမ်းထက်တယ် ၊ တန်ခိုးမြင့်မားတယ် ၊ အထက်ဘုံကမ္ဘာကမဟုတ်ဘဲ မင်းလောက်တန်ခိုးစွမ်းအားမြင့်မားတဲ့သူ မတေါ့ဖူးဘူး ၊ ဒါပေမဲ့ မင်းက ငါတို့ဂိုဏ်းရဲ့ရန်သူဖြစ်လာပြီမို့ ပျက်သုဉ်းမယ့်ကံကြမ္မာနဲ့ရင်ဆိုင်ရမှာတော့ စိတ်မကောင်းစရာပဲ”

ရန်တိက မျက်ခုံးတစ်ချက်ပင့်ရင်း...

“သောက်ပြောမကြီးဘဲ သတ္တိရှိရင် အခု ဆင်းခဲ့... ၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က သိုင်းသူတော်စင် တတိယအဆင့်ထက်မမြင့်သေးဘူးဆိုတာ ငါ သိတယ်”

ထိုအသံက...

“အလျင်မလိုပါနဲ့ ၊ ငါတို့ မကြာခင် ပြန်ဆုံကြမှာပါ”

ရန်ကျောက်ကဲက...

“ဒါဖြင့် မင်းနာမည် ဘယ်လိုခေါ်လဲ”

ကောင်းကင်အက်ကွဲကြောင်းအတွင်းမှ အကြည့်တစ်ချက်က အာကာသအလွှာပေါင်းများစွာကို ဖြတ်ကျော်လျှက် ရန်ကျောက်ကဲထံ ကျရောက်လာသည်။

“ကွမ်းမင်ဂိုဏ်းက နုန်ယွိရွှမ်...”

ထိုအသံက ဆက်ပြောသည်။

“မင်းက ရန်ကျောက်ကဲ မဟုတ်လား ၊ ထူးကဲယန်စည်းတံဆိပ်ကို မင်း ဘယ်လိုထိန်းချုပ်နိုင်သလဲ မသိပေမယ့် မင်းက ဒီလိုပစ္စည်းမျိုးကို ထိန်းချုပ်နိုင်တဲ့အတွက် သေမယ့်ရက် မဝေးတော့ပါဘူး”

“မကြာခင်မှာ ပြန်တွေ့မယ်လို့ ပြောထားတယ် ၊ ဒီအချိန်အတောအတွင်း မင်းရဲ့ခေါင်းကို မင်းလည်ပင်းမှာ မြဲခွင့်ပေးထားလိုက်မယ်”

သူ့စကားဆုံးသွားသည်နှင့် ထိုစကားများကို အတည်ပြုသည့်အလား အပြာရောင်ဖျော့ဖျော့တောက်ပနေသော အနက်ရောင် နတ်ဆိုးမီးတောက်က လက်ခနဲ တောက်ပသွားသည်။

အနက်ရောင်နတ်ဆိုးမီးတောက်က ရွှေရောင်များလင်းထိန်တောက်ပနေသော ထူးကဲယန်စည်းတံဆိပ်ကို ပိတ်ဆို့ထားသည်။ ထို အနက်ရောင်နတ်ဆိုးမီးတောက်က ပိုမိုကြီးမားလာပြီး ထူးကဲယန်စည်းတံဆိပ်မှ အလင်းတန်းများအားလုံးကို ဝါးမြိုတော့မည့်အလား ထင်မှတ်ရ၏။

ရာဟုနတ်ဆိုးမီးတောက်ကို ထူးကဲယန်စည်းတံဆိပ်တွန်းလှန်နိုင်ရန် အချိန်ယူရမည် ဖြစ်သည်။ ထိုအချိန်က ကျန်းချောင်တို့အုပ်စု ထွက်ပြေးလွတ်မြောက်ရန် လုံလောက်သည်။

ရန်ကျောက်ကဲက မြင်ကွင်းကိုတည်ငြိမ်စွာကြည့်ရင်း ရုတ်တရက် ပြုံးလိုက်သည်။

ထို့နောက် သူက ဝေးကွာလှသော ကောင်းကင်အက်ကွဲကြောင်းဆီသို့လှမ်းကြည့်ရင်း...

“မင်းတို့ မှားနေပြီ ၊ ရာဟုကြယ်က နေမင်းနဲ့ဆန့်ကျင်ဘက်ကြယ်ဆိုပေမယ့် နေမင်းကို ပျက်ဆီးစေနိုင်တဲ့အရာ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“ပြီးတော့ ငါမသိဘူးလို့ မင်းတို့ထင်နေသလား ၊ အဲဒီ အမှောင်နတ်ဆိုးချီဟာ ရာဟုကြယ်ရဲ့ စွမ်းအားကို ဆောင်ယူထားတဲ့ ရတနာပစ္စည်းတစ်ခုက ဆင်းသက်လာတာဆိုပေမယ့် အဲဒီစွမ်းအားကို အဲဒီရတနာပစ္စည်းက ပိုင်ဆိုင်မထားပါဘူး ၊ အဲဒီပစ္စည်းက ရာဟုကြယ်ရဲ့ ရောင်ဝါနဲ့ စွမ်းအားအချို့ကို စုဆောင်းထားရုံပဲ တတ်နိုင်တာ”

“ငါက ထူးကဲယန်စည်းတံဆိပ်စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်ပေမယ့် မင်းတို့ရဲ့ ရတနာပစ္စည်းလို ကိုယ်ပိုင်စွမ်းအားမရှိတာမျိုး မဟုတ်ဘူး”

ရန်ကျောက်ကဲက ရယ်မောရင်း...

“မင်းတို့ကိုယ်မင်းတို့ အနန္တတန်ခိုးရှင်ကြီးတွေလို့ ထင်နေတာလား ၊ ဟက်... ဘယ်သူ့ကိုမှ အရူးလုပ်လို့ မရဘူးကွ...”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လေထဲသို့ ပျံသန်းထွက်ခွာသွားပြီး ထူးကဲယန်စည်းတံဆိပ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

သူက ‘နေမင်းကျမ်းဂန်အမွေအနှစ်’ ကို သူ့ခန္ဓာကိုယ်ထဲ လှည့်ပတ်လိုက်ပြီး သမုဒ္ဒရာရေပြင်ပမာ များပြားလှသော နဂါးချီစွမ်းအားများနှင့် ပေါင်းစပ်လိုက်သည်။ အလွန်မြင့်မားသော တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ထူးကဲယန်စည်းတံဆိပ်ကို ထပ်မံတောက်ပလာစေသည်။

လောလောဆယ်တွင် ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်အား တစ်ကြိမ်သာလျှင် အသုံးပြုနိုင်စွမ်းရှိသော်လည်း တိုက်ခိုက်မှုစွမ်းအားကိုတော့ ပိုမိုအားကောင်းလာအောင် ပြုလုပ်နိုင်သည်။

နေမင်း၏ဆန့်ကျင်ဘက်ဖြစ်သော ရာဟုကြယ်၏ တိုက်စားခြင်းစွမ်းအားများဖြင့် ဝါးမြိုခံနေရသော ထူးကဲယန်စည်းတံဆိပ်မှာ ရန်ကျောက်ကဲ၏ နှိုးဆော်ခြင်းကိုခံရသည်နှင့် မငြိမ်မသက်ဖြစ်သွားကာ စွမ်းအားများ ပိုမိုပြင်းထန်လာသည်။

မိုးမြေတစ်ခွင်တွင် နေရောင်ခြည်က နောက်တစ်ကြိမ်ပြန်လည်တောက်ပလာပြီး အဆက်မပြတ် လင်းလက်လာသည်။ နေရောင်ခြည်ကို တိုက်စားဝါးမြိုနေသော အမှောင်နတ်ဆိုးချီများက အဆက်မပြတ် လွင့်ပြယ်သွား၏။

အနက်ရောင်မီးတောက်ကြောင့် နေရောင်ခြည်များ ဝါးမြိုခံရသလို နေရောင်ခြည်အလင်းဒဏ်ကိုလည်း အမှောင်နတ်ဆိုးခြည်များ ခံနိုင်ရည်မရှိခဲ့ပေ။

ရာဟုကြယ်စွမ်းအားက နေရောင်ခြည်ကို တိုက်စားဝါးမြိုခြင်း ရပ်တန့်သွားသည့်အခါ မိုးနှင့်မြေသည် အရင်အတိုင်း ပြန်လည် ကြည်လင်တောက်ပလာသည်။

ကောင်းကင်အက်ကွဲကြောင်းအတွင်းမှ နုန်ယွိရွှမ်၏ တုန်လှုပ်ချောက်ချားသောအသံ ထွက်ပေါ်လာသည်။

“မင်းက ထူးကဲယန်စည်းတံဆိပ်ကို ထိန်းချုပ်နိုင်ရုံသာမက စွမ်းအားလည်း ဒီလောက်တောင် မြင့်မားသလား”

ရန်ကျောက်ကဲ အေးစက်စွာရယ်မောလိုက်သည်။

သူ့လက်ထဲမှ ထူးကဲယန်စည်းတံဆိပ်က အနက်ရောင်နတ်ဆိုးမီးတောက်ကို ဖြတ်ကျော်ကာ ကွမ်းမင်ဂိုဏ်းမှလူများထံသို့ ဝင်ရောက်သွားသည်။

ကျန်းချောင်နှင့် သိုင်းသူတော်စင် (၂)ယောက် အတားအဆီးများကို အောင်မြင်စွာကျော်ဖြတ်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ပျောက်ကွယ်သွားသော်လည်း ကောင်းကင်အက်ကွဲကြောင်းမှတစ်ဆင့် အထက်ဘုံသို့ ပြန်တက်ရန် လမ်းတစ်ဝက်မှာပင်ရှိသေးသော သိုင်းသူတော်စင် (၃)ယောက်ကတော့ ရှေ့ဆက်နိုင်ခြင်း မရှိတော့ပေ။

ထူးကဲယန်စည်းတံဆိပ်၏စွမ်းအားကို သူတို့ (၃)ယောက် အစွမ်းကုန်ခုခံသည့်တိုင် ထိုက်စန်းတောင်ကြီး ပြိုကျလာသည့်အလား ကြောက်မက်ဖွယ်ရာ ဖိအားကြီးကို ခံစားလိုက်ရသည်။

ကောင်းကင်ထက်တွင် အဆုံးမရှိအလင်းတန်းများထွက်ပေါ်လာချိန် ရန်တိ၏ ဓားအလင်းတန်းက မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော်သွားပြီး အဆက်မပြတ် ထိုးခုတ်တိုက်ခိုက်လိုက်သည်။

ထူးကဲယန်စည်းတံဆိပ်၏ ပြင်းထန်သောဖိအားများအောက်တွင် မိုးမြေတစ်ခုလုံး တုန်ခါလာချိန် သိုင်းသူတော်စင် (၃)ယောက်၏ ကြေကွဲဖွယ်ရာ ‌အော်ဟစ်သံကြီးများသည်လည်း တစ်ပြိုင်တည်းထွက်ပေါ်လာလေ၏။

All Chapters