အဋ္ဌမမြောက် မိစ္ဆာချုပ်နှောင်သူ
Vol. 8 Ch. 101
“အန္တရာယ်လေး နည်းနည်းရှိလို့ မစုံစမ်းဘဲနေလိုက်ရင် နောင် တကယ့်အန္တရာယ်များတဲ့ အခြေအနေနဲ့ကြုံတဲ့အခါ ဘယ်လိုလုပ်မလဲ။ ပိုလို့တောင် တွန့်ဆုတ်နေမိဦးမှာပဲ။ ဒီစိတ်ဓာတ်က ကျင့်ကြံခြင်းလောကရဲ့ ကြီးနိုင်ငယ်ညှင်းဝါဒနဲ့ မသင့်တော်ဘူး။ ဒီမိစ္ဆာချုပ်နှောင်ကျောက်စိမ်းက မှီခိုရာဂိုဏ်းချုပ်ဆီကဆိုတော့ မိစ္ဆာချုပ်နှောင်ဂိုဏ်းရဲ့ အဆောင်အယောင်ပစ္စည်းဆိုတာ သိသာယတယ်။ ဒါ့အပြင် ...... ငါကိုယ်တိုင်ကိုက မိစ္ဆာချုပ်နှောင်ဂိုဏ်းရဲ့ဂိုဏ်းသား တစ်ယောက်ပဲ။ ဘာဖြစ်နေတာလဲဆိုတာ ငါ အဖြေရှာရမယ်" ရှန့်ကွမ်းရှိုးအသုံးပြုခဲ့သည့် မိစ္ဆာကျင့်စဉ်နှင့် မှီခိုရာ ဂိုဏ်းချုပ်၏ မိစ္ဆာမှော်ပညာရပ်ကို ပြန်တွေးရင်း မန်ဟို၏ မျက်လုံးများ လင်းလက်တောက်ပသွားသည်။ သူသည် အလျှော့မပေးလိုစိတ်များ ရင်ထဲတွင် ပြည့်နှက်လျက် ဂူထဲ ဝင်ရောက်သွားသည်။
“ဒီလိုဆိုပေမဲ့လဲ ငါ အတော်လေး သတိထားဖို့ လိုသေးတယ်။ တကယ်လို့ ငါ ရင်မဆိုင်နိုင်တဲ့ ရန်သူတွေပေါ်လာရင် နောင်တရမနေဘဲ ချက်ချင်း ပြန်ထွက်ရမယ်” မန်ဟို၏ မျက်လုံးများသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် တောက်ပသွားသည်။ လျှပ်စီးတိမ်တိုက်က သူ့ကို ဝိုင်းပတ်ထားပြီး သစ်သားဓားနှစ််လက်က ပျံဝဲနေကာ ငှက်မွှေးများက အကာအကွယ်အဖြစ် လှည့်ပတ်နေသည်။ သူ၏မျက်နှာတွင် သတိကြီးကြီးထားနေသော အရိပ်အယောင် ထင်ဟပ်နေပြီး စိတ်ဝိညာဥ်စွမ်းအင်တို့ သူထံမှ ထွက်နေသည်။ ဤနည်းဖြင်ပ အန္တရာယ်အရိပ်အယောင် နည်းနည်းလေးကိုပင် သူ အာရုံခံနိုင်မည်ဖြစ်သည်။
ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အဖြစ် သူ၏ခန္ဓာကိုယ်သည် ပိုမိုသန်စွမ်းလာပြီး ပျံသန်းနိုင်ကာ စိတ်ဝိညာဥ်အာရုံကိုလည်း ပိုင်ဆိုင်ထားသည်။ ဤအရာအားလုံးက သူ့ကို သူ့ကိုယ်သူ ကာကွယ်ရန် လွယ်ကူစေပြီး အသက်ရှည်ရှည်နေနိုင်စေသည်။ ၄င်းတို့ကြောင့် သူသည် အန္တရာယ်များကိုလည်း ယုံကြည်ချက်ရှိရှိ ရင်ဆိုင်နိုင်လာသည်။
အခုလောလောဆယ်တွင် မန်ဟို စဦးချီဖွဲ့စည်းမှုအဆင့်သာဆိုလျှင် ဤဂူထဲ ဝင်ရောက်ရန် သတ္တိရှိလျှင်တောင်မှ မဝင်နိုင်ပေ။
ဂူသည် မှောင်ပိန်းနေပြီး အရှေ့မှ အဆက်မပြတ် ရိုက်ခတ်နေသော အေးခဲချီ၏ ကြောက်မက်ဖွယ်ကို မန်ဟို ခံစားလိုက်ရသည်။
အအေးဓါတ်ထဲတွင် မန်ဟို ရှေ့တိုးသွားလေ၊ ပိုမို သိပ်သည်းလာလေလေ ဖြစ်သော ခပ်ယဲ့ယဲ့ သွေးချီ ပါဝင်နေသည်။ သူသည် သတိအပြည့်ဖြင့် ရှေ့ဆက်သွားနေ၏။ မီတာ ၃ဝဝ ခန့် ဝင်ပြီးနောက် သူက ခဏရပ်ပြီး မြေသားနံရံကို သစ်သားဓါးဖြင့် မပေါက်ထွင်းလိုက်သည်။ ထို့နောက် သိုလှောင်အိတ်ကို ပုတ်ကာ အဆောင်စက္ကူတစ်ရွက်ထုတ်ပြီး အပေါက်ထဲ ထည့်လိုက်သည်။
ဤအဆောင်မှာ အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သော ထိုရက်က ဝမ်တန်ဖေးဆီမှ ရရှိခဲ့ခြင်း ဖြစ်သည်။
သူသည် ဂူအတွင်းသို့ မီတာ ၆ဝဝ ခန့်ရောက်သည်အထိ မရပ်မနား ရှေ့ဆက်လာခဲ့သည်။ ထို့နောက် ရပ်ကာ သိုလှောင်အိတ်ထဲမှ ဓားပျံ ၁ဝ လက်ထုတ်ကာာ နံရံများထဲသို့ ထိုးစိုက်ထားလိုက်သည်။ သူသည် ဂူထဲသို့ ဝင်သွားနေရင်း မီတာရာ အနည်းငယ်ရောက်တိုင်း ရပ်ပြီး ထိုကဲ့သို့ ပြင်ဆင်မှုများ လုပ်တတ်သည်။ မမျှော်လင့်ထားသည့်အရာတစ်ခုခု ဖြစ်လာပါက ပြန်ဆုတ်ခွာရာတွင် ယခုကဲ့သို့ ပြင်ဆင်မှုများသည် အသက်ကယ်ရန် အထောက်အကူ ဖြစ်လာပေလိမ့်မည်။
မန်ဟို ဂူအတွင်းသို့ မီတာ ၁၂ဝဝ ခန့် ရောက်သွားစဥ်တွင် သူ့ကို ဝန်းထားသည် တိမ်တိုက်ကား တလိပ်လိပ် ရိုက်ခတ်လှုပ်ရှားလာသည်။ ညည်းသံသဲ့သဲ့ ကြားလိုက်ရသည်။ မန်ဟို့မျက်နှာပေါ်တွင် အာရုံစူးစိုက်လိုက်သော အရိပ်အယောင်ပေါ်လာပြီး သူက ခဏ ရပ်လိုက်သည်။ သူသည် အချိန်အတော်ကြာသည်အထိ ဂရုတစိုက် အကဲခတ်ပြီးနောက်မှ စူးတောက်ပနေသော မျက်လုံးများဖြင့် ကြိုးနီအတိုင်း ဂူအတွင်းသို့ ဆက်ဝင်သွားသည်။
မကြာမီ မီတာ ၁၅ဝဝ သို့ ရောက်ရှိသွားလေပြီ။ ဂူ၏အတွင်းပိုင်းမှ နားကွဲလုမတတ် ဟိန်းဟောက်သံနှင့်အတူ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ သူ့ကို ဝိုင်းရံထားသည့် တိမ်တိုက်သည် လျှပ်စီးအမြောက်အမြားဖြင့် တဖျပ်ဖျပ်လက်ရင်း လျှပ်စီးဖန်လုံးတစ်လုံးအသွင် ပြောင်းသွားသည်။ ၄င်းက ဝုန်းခနဲ ပေါက်ကွဲသံနှင့် ပြေးထွက်သွားပြီး အရှေ့ရှိ ဝိုးတိုးဝါးတားပုံရိပ်ကို ဝင်တိုက်လိုက်သည်။ ပုံရိပ်သည် လက်သွားပြီး ပျောက်ကွယ်သွား၏။
မန်ဟို ပင့်သက်ရှိုက်သွားသည်။ သူ၏ လျှပ်စီးအလံသည် အစွမ်းထက်သည်။ ချီအခြေတည်အဆင့် ရောက်ပြီးနောက်ပိုင်း ပို၍ပင် အစွမ်းထက်သေးသည်။ သို့ထိတိုင် ၄င်း ဝိုးတိုးဝါးတားပုံရိပ်ကို အပြီးတိုင် မဖယ်ရှားနိုင်ခဲ့သည့်အချက်က ထိုပုံရိပ်မည်မျှ အစွမ်းထက်ကြောင်း သက်သေပြနေသည်။ မန်ဟိုက ချီတုံချတုံဖြစ်လျက် တခဏ ရပ်နေသည်။ သူသည် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းကို ပွတ်ရင်း အရှေ့သို့ လှမ်းကြည့်သည်။ ထို့နောက် အံတင်းတင်းကြိတ်ပြီး ရှေ့ဆက်သွား၏။
နောက်ထပ် မီတာ ၆ဝဝ ဆက်ဝင်သွားရာ စုစုပေါင်း မီတာ ၂ဝဝဝ ကျော်ခန့် ခရီးရောက်နေပြီဖြစ်သည်။ အေးခဲချီက သူ၏ခန္ဓာကိုယ်ကို တုန်ရီနေစေသည်။ သွေးချီများက သူ အသက်ရှူလိုက်တိုင်း နှာခေါင်းဝတွင် ပြည့်နှက်သွားရင်း တိုးဝှေ့ရိုက်ခတ်နေသည်။ သူ့အရေပြားပေါ်တွင် ကြက်သွေးရင့်ရောင်အကွက်များ စတင်ပေါ်လာပြီး သူ၏မျက်လုံးများ နီရဲလာသည်။
“ငါ မီတာ ၂ဝဝဝ ကျော်လောက်တော့ ရောက်နေပြီ။ ဂူအဆုံးရောက်ဖို့ မီတာ ၃ဝဝ လောက်ပဲ လိုတော့တယ်. ......" သူ့မျက်လုံးများမှာ ပို၍နီရဲလာသည်။ ယခုအချိန်တွင် သူ၏ လက်မလျှော့လိုသောစိတ်သည် တဟုန်းဟုန်းတောက်လာခဲ့ပြီဖြစ်သည်။ သူသည် ချီအခြေတည်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံအား ထုတ်ဖော်ရင်း ရှေ့ဆက်သွားလိုက်သည်။ အပြည့်အဝသုံးကာ ရှေ့ဆက်တိုးလိုက်သည်။ သူ၏ တာအိုမဏ္ဍိုင်သည် ခန္ဓာကိုယ်တစ်လျှောက်လုံးသို့ အကန့်အသတ်မဲ့ စိတ်ဝိညာဥ်စွမ်းအင်များ ပို့လွှတ်ရင်း တုန်ခါနေသည်။ သူသည် အရှိန်တင်ရင်း လိုဏ်ခေါင်းအတိုင်း မြန်မြန် ဆင်းသွားသည်။
အသက်ရှိုက်စာ အနည်းငယ်ကြာသော် ဂူအဆုံးဟုထင်ရသည့်နေရာကို သူပစ်လိုက်သည့် ဓါးနှင့်အတူ တွေ့လိုက်ရသည်။
အရာရာသည် ရှင်းလင်းပြတ်သားလာသဖြင့် သူထင်ထားသည့်အတိုင်း ဂူအနက်မှာ မီတာ ၂၅၀၀ မဟုတ်ကြောင်းတွေ့လိုက်ရငည်။ မီတာ ၂၅ဝဝ ထဲတွင် အဝိုင်းသဏ္ဍာန် ကျောက်ပြားကြီးတစ်ခု ရှိသည်။ ၄င်း၏အလယ်တွင် ၂မီတာခန့်ကျယ်သည့် တွင်းကြီးရှိသည်။
သွေးများ ရွှဲနေသည်ဟုထင်ရသည့် ကြိုးမှာ တွင်းနက်ကြီးထဲသို့ အဆုံးမရှိသည့်အလား တွဲလျားကျနေသည်။
ကျောက်ပြားကြီး၏ ဘေးတွင် မန်ဟိုပစ်လိုက်သည့် ဓား စိုက်ဝင်နေသည်။ ယင်းမှာ လိုဏ်ဂူသည် မီတာ ၂၅ဝဝ အနက်ရှိသည်ဟူ၍ သူ့ကို ထင်စေခဲ့သော အကြောင်းရင်းပင်။ ဤအခြင်းအရာကို မြင်သော် သူ အံ့အားသင့်သွားသည်။ သို့သော် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းက ယခု မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်များကို ထုတ်လွှတ်နေသည့်အတွင် သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ထို့နောက်တွင် ကျောက်ပြားဘေး၌ တင်ပျဥ်ခွေထိုင်နေသော အရိုးစုတစ်စုကို သူ သတိထားမိလိုက်သည်။
အရိုးစု၏ လက်ထဲတွင် ရှေးဆန်သောကျောက်စိမ်းပြားတစ်ခု ရှိသည်။ ဤကျောက်စိမ်းပြားသည်လည်း သူ့လက်ထဲက ကျောက်စိမ်းပြားဖြင့် ဆက်စပ်နေသည့်အလား စူးရှတောက်ပသောအလင်းများ ထုတ်လွှတ်နေသည်။
မန်ဟို ဤအရာအားလုံးကို ရေရေလည်လည်မတွေးနိုင်သေးခင် ခပ်စူးစူးအော်သံကြီး ထွက်ပေါ် လာသည်။ ဝိုးတိုးဝါးတားပုံရိပ်တစ်ခု သူ့ထံ ပြေးဝင်လာ၏။ တိမ်တိုက်က သူ့ကို ကာကွယ်ပေးလိုက်သော်လည်း လက်ချောင်း ၆ ချောင်းရှိသည့် လက်ကြီး ၄င်းကို ဖိ၍ သူ့ထံ ထိုးဝင်လာသည်ကို မန်ဟို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုလက်သည် လူကြီးလက်နှင့်မတူဘဲ ကလေးလက်နှင့်တူကာ ကြောက်မက်ဖွယ်အေးခဲချီတစ်ခုကို ထုတ်လွှတ်နေသည်။
ဝုန်း
မန်ဟို အနောက်သို့ လွင့်သွားသည်။ သူက မျက်လုံးလင်းလက်နေရင်း လက်ကိုဝှေ့ယမ်းလိုက်ရာ သစ်သားဓားနှစ်လက် ထိုဝိုးတိုးဝါးတားပုံရိပ်ထံ ပြေးဝင်သွားသည်။ သစ်သားဓားနှစ်လက်မှာ မယုံနိုင်ဖွယ်ကောင်းလောက်အောင် မြန်သည့်တိုင် ပုံရိပ်က ပို၍ပင်မြန်သေးသည်။ ၄င်းက ရှောင်တိမ်းပြီး ကျောက်ပြားဝိုင်းဘေးတွင် ကုပ်ကုပ်ကလေး ပြေးဝပ်နေသည်။ ရှေးဟောင်းကျောက်စိမ်း၏ အလင်းရောင်အောက်တွင် မန်ဟို ၄င်းကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
၄င်းသည် ပိန်ချုံးသောကိုယ်နှင့် သားရိုင်းတိရစ္ဆာန်တစ်ကောင်နှင့် တူသည်။ သို့သော် သေချာအနီးကပ်ကြည့်လိုက်သောအခါ ၇ နှစ် ၊ ၈နှစ်အရွယ် ကလေးငယ် တစ်ယောက်နှင့် ပိုတူလေသည်။ ၄င်း၏ မျက်လုံးများသည် လုံးဝရဲတွတ်နေပြီး မန်ဟိုကို စိုက်ကြည့်ရင်း အနက်ရောင်သွားများကို ဖြဲပြမာန်ဖီလိုက်သည်။
မန်ဟို၏ မျက်လုံးများသည် အေးစက်နေသော်လည်း သူ၏ အမူအရာမှာ ယခင်အတိုင်းပင်။ သစ်သားဓားနှစ်လက်က မန်ဟိုကို လှည့်ပတ်နေစဉ်တွင် ဓါးအရှိန်အဝါများ တောက်ပလာသည်။ ရုတ်တရက် မန်ဟို မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ကျောက်ပြားကြီး၏ တွင်းနက်ထဲမှ မှုန်ဝါးဝါးအလင်းတန်း ၁ဝ တန်း ထွက်ပေါ်လာပြီး ကလေးလေးနှင့် တထေရာတည်းတူသောပုံရိပ်များအသွင် ပြောင်သွားသည်။ ၄င်းတို့က ရက်စက်ကြမ်းကြုတ်မှုများ ထုတ်လွှတ်ရင်း မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေကြသည်။
ဤအတိုင်းအတာအထိသာဆိုလျှင် ပြဿနာသိပ်မရှိပေ။ သို့သော် ရှေးဟောင်းကျောက်စိမ်းပြား၏ အလင်းရောင်ဖြင့် တစ္ဆေ ၁ဝ ကောင်၏ အနောက်တွင်၊ တွင်းကြီးထဲမှ အဖြူရောင်ဆံပင်နှင့် ယောက်ျားတစ်ယောက် တစ္ဆေအသွင်ဖြင့် ပျံတက်လာသည်ကို မန်ဟို မြင်လိုက်ရသည်။
သူ၏မျက်နာသည် သွေးဆုပ်နေပြီး သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့ ဆံပင်ဖြူများသည် သူ့ဘေးတွင် ပျံ့လွှင့်နေ၏။ သူ၏ မျက်လုံးများက ပိတ်နေပြီး ကြောက်မက်ဖွယ် အမာရွတ်ကြီးက နဖူးမှ မေ့စေ့ထိ တစ်လျှောက်ဆင်းလျက်ရှိသည်။ ဒဏ်ရာပတ်လည်က အသားများမှာ မွစာကျဲနေပြီး အရိုးများ ပေါ်နေသည်။ တစ္ဆေ ၁ဝကောင်က သူ့ကို ဝန်းရံထားကြသည်။ မြင်ကွင်းတစ်ခုလုံးက မန်ဟို့ရင်ထဲတွင် နက်နဲသောအန္တရာယ်အာရုံကြီးဖြင့် ပြည့်နှက်သွားစေသည်။
သူ့ဦးရေပြား ထုံကျင်လာပြီး သူက နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ သူ ခြေလှမ်း ၃လှမ်းပင် မလှမ်းရသေး၊ စူးစူးဝါးဝါးအော်သံကြီး ထွက်ပေါ်လညသည်။ တစ္ဆေ ၁ဝ ကောင်က ကျောက်ပြားကြီးထံမှ မန်ဟိုဆီ တဟုန်ထိုး ပြေးဝင်လာကြသည်။
ဤအခိုက်တွင် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းက ၄င်း၏သဘောအလျောက် လေထဲပျံတက်သွားသည်။ ၄င်းထံမှာ စူးရှတောက်ပသော အလင်းရောင်ဖြာထွက်လာသည်။ တစ်ချိန်တည်းမှာပင် ကျောက်ပြားကြီးဘေးရှိ အရိုးစု လက်ထဲက ရှေးဟောင်း ကျောက်စိမ်းပြားသည်လည်း ပျံတက်လာသည်။
ရှေးဆန်ပြီးလေးနက်သော အသံကြီး မြည်ဟည်းလာသည်။ “ရှေးဟောင်း တာအို။ ကောင်းကင်တံခါးကိုပိတ်ချင်သော ဇွဲဆန္ဒ။ တောင်တန်းတွေအတွက် အကျိုးကျေးဇူး။ တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းရဲ့ မရှောင်လွဲနိုင်သော တာအိုပြစ်ဒဏ်။ ထာဝရအလိုတော်” ၄င်းပ ရှေးဟောင်းဂူတစ်ခုလုံး ဟိန်းထွက်သွားရာ တစ္ဆေ၁ဝကောင်အား စူးစူးဝါးဝါးအော်ဟစ်လိုက်စေသည်။ မန်ဟို ကြည့်နေစဥ် ၄င်းတို့သည် ချက်ချင်း အနက်ရောင်အခိုးအငွေ့များအဖြစ် ပြောင်းသွားသည်။
ဆံဖြူလူကြီး၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။
သူ၏ မျက်လုံးအိမ်မှာ ..... မျက်လုံးများမရှိ၊ သွေးသံရဲရဲအပေါက်ကြီးသာ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ၏ မျက်လုံးများသည် ဖောက်ထုတ်ခံခဲ့ရပုံပေါ်သည်။
သူ့မျက်လုံးများ ဖွင့်လိုက်စဉ် ရှေးဟောင်းကျောက်စိမ်းအပိုင်းအစနှစ်ခုသည် မှော်သင်္ကေတများပြည့်နေသည့် အချုပ်အနှောင်မန္တန်တစ်ခုကို ဖန်တီးရန် အပြန်အလှန်ချိတ်ဆက်နေသော အလင်းတန်းနှစ်တန်း ထုတ်လွှတ်လိုက်သည်။ မန္တန်သည် ပတ်ဝန်းကျင်တစ်ခုလုံးအပေါ် ဖုံးလွှမ်းသွားသည့်အတွက် အဖြူရောင်ဝတ်ရုံနှင့်လူမှာ မလှုပ်ရှားနိုင်တော့ဘဲ တဆတ်ဆတ်တုန်လာသည်။
သူက ညာလက်ကို ဖြေးညင်းစွာ မြှောက်ကာ အချုပ်အနှောင်မန္တန်ကို တွန်းလိုက်သည်။ သူကိုယ်တိုင်က ဘာအသံမှ မထွက်သော်လည်း သူ၏လှုပ်ရှားမှုရ ဂူတစ်ခုလုံးကို တုန်ခါသွားစေသည်။
ဤအရာအားလုံး အလွန်လျင်မြန်စွာ ဖြစ်ပျက်သွား၏။ မန်ဟိုမှာ ရှေးဟောင်းကျောက်စိမ်းပြား ၂ ပိုင်းကို ကြည့်ပြီး အသက်မှန်မှန်မရှူနိုင်တော့ပေ။ သူက လက်ကို မြှောက်လိုက်ရာ ချက်ချင်းပင် ကျောက်စိမ်းအပိုင်းအစနှစ်ခုက သူ့လက်ဖဝါးအပေါ် ဆင်းသင်လာသည်။
ဒုတိယ ရှေးဟောင်းကျောက်စိမ်းတွင် မှော်စာလုံးတစ်လုံး ရေးထွင်းထားသည်။ မှီခိုရာဂိုဏ်းရှိ မှော်နားခိုဆောင်တွင် သင်ယူမလေ့လာခင်က မန်ဟို ထိုစာလုံးကို မြင်ဖူးသည်။ ထိုစာလုံးက ‘ရှစ်’ ဖြစ်သည်။
သူ့လက် ၄င်းကို ထိလိုက်သည်နှင့်တစ်ပြိုက်နက် နက်နဲသိမ်မွေ့သောအသံကြီးတစ်သံ သူ၏စိတ်တွင် ပြည့်နှက်သွားသည်။ ၄င်းက ရှေးဆန်ပြီး ရှေးယခင့်ယခင် အချိန်တစ်ခုမှ ကူးပြောင်းပေးပို့လိုက်သကဲ့သို့ပင်။ ၄င်းသည် သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေ၏။
“မိစ္ဆာချုပ်နှောင်သူအဖွဲ့ဟာ တာအိုနည်းတူ ကြာမြင့်စွာ တည်ရှိခဲ့တယ်။ ငါက ရှစ်ဆက်မြောက် မိစ္ဆာချုပ်နှောင် တာအိုပညာရှင် ပဲ။ ငါဟာ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ တာအိုပြစ်ဒဏ်လမ်းစဉ်ကို လျှောက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ သေဆုံးနိုင်ခြေများတဲ့အတွက် ငါ ငါကိုယ်တိုင်နဲ့ သာနွီ့ကြားက အဆင်မပြေတဲ့ ဆက်ဆံရေးကို ဖြေရှင်းဖို့ ငါ့ကိုယ်ပွားနဲ့တူ အသိစိတ်ကို ထားခဲ့တာဖြစ်တယ်.....
“နဂါးငွေ့တန်းပင်လယ်ရဲ့ ဒီနယ်မြေရဲ့အလေးချိန်နဲ့ ဖိနှိပ်၊ မီတာ ၃သန်းအနက်မှာ ချုပ်နှောင်ခံရ။ ဝမ်းနည်းပူဆွေးခြင်းဟာ ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုရဲ့ အစိတ်အပိုင်းတစ်ခု။ ဒါပေမဲ့ ငါက မိစ္ဆာချုပ်နှောင်တာအိုပညာရှင်ဖြစ်တဲ့အတွက် ငါ့နှလုံးသားမှာ အနှောင့်အယှက်တွေ ဝင်ခွင့်ပေးလို့ မရဘူး...... ဒါကြောင့် သူမကို အဖော်ပြုဖို့အတွက် ငါ့ရဲ့ ကိုယ်ပွားကို ချန်ထားခဲ့တာ
“မင်းဟာ မိစ္ဆာချုပ်နှောင်သူအဖွဲ့သားဆိုရင် မင်းရဲ့ သွေးတစ်စက်ကို ကျောက်စိမ်းပြားပေါ်ချပါ။ အဖွဲ့သားမဟုတ်ရင်တော့ ဒီနေရာကနေ ထွက်သွားပါ။ ကျောက်စိမ်းပြားက သွေးစက်ကို လက်မခံဘဲ ထွက်သွားရင် မင်းရဲ့ မျိုးဆက် ၃ ဆက်ဟာ ကျိန်စာသင့်မယ်။ မင်းရဲ့ မြေးမြစ် တွေဟာ လကို ဘယ်တော့မှ မြင်ရမှာမဟုတ်ပဲ မင်းဟာလဲ သေဆုံးရလိမ့်မယ်"
အသံကြီး ပျောက်ကွယ်သွားပြီး ရှေးဟောင်းကျောက်စိမ်းလည်း တဖြေးဖြေး မှေးမှိန်လာသည်။ မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ်လင်းလက်နေရင်း တစ်ယောက်တည်းရေရွတ်လိုက်သည်။ ရှေးဟောင်းကျောက်စိမ်းအပေါ် သွေးစက် ချရမလား၊ မချရမလား သူ မဝေခွဲတတ်ပေ။
သို့သော် သွေးစက် မချဘဲ ကျောက်စိမ်းကို မယူသွားဝံ့ပေ။ ရှေးဆန်သည့် စကားသံ၏ သတိပေးမှုကို သူ အပြည့်အဝမယုံကြည်သော်လည်း လျစ်လျူရှု၍လည်း မဖြစ်ပေ။
***