အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်
Vol. 8 Ch. 102
မန်ဟိုသည် တစ်ယောက်တည်း ရေရွတ်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက တွင်းနက်ကြီးကို လှမ်းကြည့်လိုက်သည်။ ယခုလောလောဆယ်တွင် အဖြူရောင်ဝတ်ရုံနှင့်လူတစ်ယောက်သာ မဟုတ်ဘဲ မတူညီသောနေရာအသီးအသီးတွင် လူခုနစ်ယောက် လွင့်မျောနေကြသည်။ သူတို့၏ သွေး ကြည့်လိုက်ရာတွင် ဝတ်စုံဖြူနဲ့ လူတစ်ဦးတည်းသာမကဘဲ အခြား ၇ ယောက်ခန့်သည် နေရာစုံတွင် ရှိနေကြသည်။ သူတို့၏ သွေးများစီးကျနေသောအကြည့်များက သူ့အပေါ်သို့သာ စူးစိုက်နေကြသည်။
သူတို့၏ မျက်လုံးများကို မမြင်ရသော်လည်း မန်ဟို၏ တစ်ကိုယ်လုံးသည် အေးစက်လာသည်။ ဤနေရာသည် မယုံနိုင်လောက်အောင် ထူးဆန်းနေသဖြင့် သူ့မှာ တတ်နိုင်သမျှ မြန်မြန် ထွက်သွားလိုစိတ်များ ပြည့်နှက်လာသည်။
သို့သော် သူက လက်ထဲရှိ ရှေးဟောင်းကျောက်စိမ်းအပိုင်းအစများကို ငုံကြည့်ပြီး စိတ်ပိုင်းဖြတ်လိုက်သည်။ သူက လျှာထိပ်ကို ကိုက်လိုက်ကာ သွေးစက် တစ်စက်ကို ဒုတိယ ရှေးဟောင်းကျောက်စိမ်းအပေါ် ကျစေလိုက်သည့။
သွေးစက် ၄င်းအပေါ် ကျသွားသည်နှင့် တစ်ပြိုင်နက် ၄င်းသည် စတင် တုန်ခါလာ၏။ မန်ဟို့အရှေ့တွင် အငွေ့တစ်ခု ပေါ်ပေါက်လာပြီးနောက် ခဲရောင်ချီအဖြစ် စုသည်းသွားသည်။ ၄င်းက သူ့ထံပြေးဝင်လာကာ သူ၏ မျက်ခုံးနှစ်ဖက်အကြားရှိနေရာသို့ ဝင်ရောက်သွားသည်။ သူ့စိတ်ထဲတွင် ထစ်ချုန်းသံတစ်သံ ပြည့်နှက်သွားပြီးနောက် ရှေးဆန်သောအသံကြီး ထပ်မံပေါ်ထွက်လာသည်။ ဤတစ်ကြိမ်တွင် ၄င်းသည် သူ့ဘေးတွင် ရပ်ပြီး စကားပြောနေသကဲ့သို့ ပီသလေသည်။
"ငါက အမြဲတမ်း ရှစ်ဆက်မြောက် မိစ္ဆာချုပ်နှောင်တာအိုပညာရှင်မဟုတ်ခဲ့ဘူး။ ဆဌမတောင်ရဲ့ အပြင်မှာ ခုနှစ်ဆက်မြောက် မိစ္ဆာချုပ်နှောင်တာအိုပညာရှင် သေဆုံးသွားတုန်းက ချန်ထားခဲ့တဲ့ သေတမ်းစာကနေ ငါဉာဏ်အလင်းရခဲ့တယ်။ ငါ ငါအအတိတ်ကို လိုလိုလားလား အဆက်ဖြတ်ခဲ့ပြီး အရင်မျိုးဆက်ရဲ့ တာအိုကို အမွေဆက်ခံရင်း ငါ့တာအိုကို ပြောင်းပြန်လှန်ခဲ့တယ်။ ငါ ခြေဦးတည့်ရာ လျှောက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ မျိုးဆက်တစ်ဆက်ဆီအတွက် လိုအပ်တဲ့ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းကို ထုလုပ်ဖို့ ဆဌမတောင်ရဲ့ အပြင်ဘက်က ပင်လယ်တစ်ဝက်ကို သန့်စင်ခဲ့တယ်
"မိစ္ဆာချုပ်နှောင်ကျောက်စိမ်းအကူအညီနဲ့ ငါဟာ သတ္တမမိစ္ဆာချုပ်နှောင်မန္တန်ကို ကျွမ်းကျင် တတ်မြောက်ခဲ့တယ်။ ရှေးယခင်ထဲက မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ မျိုးဆက်သစ်တိုင်းဟာ မန္တန်အသစ်တစ်ခု ဖန်တီးကြရတယ်။ ဒါကြောင့် အဋ္ဌမ မိစ္ဆာချုပ်နှောင်မန္တန်ကို ငါဖန်တီးခဲ့တယ်။ ငါ့ဘဝတစ်လျှောက်လုံး တခြားပြန့်ကျဲနေတဲ့ မန္တန်တွေကို ကြိုးစားရှာဖွေခဲ့တယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ ငါ တောင်တန်းကိုးလုံးနဲ့ ပင်လယ်ကိုးစီးရဲ့ တာအိုပြစ်ဒဏ်ကို ရောက်တဲ့အချိန်မှာ ၃ ခုပဲ ရှာတွေ့သေးတယ်။ ဘယ်လောက် နှမြောစရာကောင်းလိုက်လဲ
“ဆက်ခံသူ၊ မင်း ကံကောင်းပြီး အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို စုပ်ယူနိုင်ခဲ့ရင် နဝမ မိစ္ဆာချုပ်နှောင်မန္တန်ကို ဖန်တီးပါ။ ဒါဆိုရင် မိစ္ဆာချုပ်နှောင်သူအဖွဲ့ဟာ တာအိုရဲ့ ဥပဒေနဲ့ ကိုက်ညီသွားလိမ့်မယ်
"မိစ္ဆာချုပ်နှောင်သူအဖွဲ့ဟာ မိုးကောင်ကင်အောက်မှာရှိတဲ့ သက်ရှိအားလုံးရဲ့ချီတွေကို နုတ်ယူရင်း ကောင်းကင်နဲ့ မြေကြီးရဲ့ အင်အားကြီးတဲ့ မိစ္ဆာကောင်တွေကို လိုက်ရှာကြတယ်။ မိစ္ဆာသက်ရှိတွေကို ဖမ်းဆီးခြင်း၊ မိစ္ဆာသွေးကို သန့်စင်ခြင်း ၊ အဲ့တာတွေကို သုံး...... မိစ္ဆာချုပ်နှောင်ခြင်း၊ မိစ္ဆာတည်ဆောက်ခြင်းနဲ့ မိစ္ဆာအသွင်ပြောင်းခြင်းတို့ရဲ့ အယူအဆတွေ......
“မင်းက ဘယ် မိစ္ဆာချုပ်နှောင်သူမျိုးဆက်လဲ မသိပေမဲ့ ကိုးဆက်မြောက် ဖြစ်နိုင်တယ်။ ဒီလိုဆိုရင်တော့ မင်း ကံကောင်းသလို ကံလဲ ဆိုးတယ်။ ၉ ဆိုတာ ပျက်စီးခြင်းရဲ့ အထွတ်အထိပ်၊ ထိပ်ဆုံးနံပါတ်။ မင်းးလျှောက်လှမ်းနေတဲ့ လမ်းစဉ်က..... အပြောင်းအလဲတွေနဲ့ ပြည့်နက်နေတယ်"
“ဒီကိုယ်ပွားမှာ အဋ္ဌမ မိစ္ဆာချုပ်နှောင်မန္တန်ကိုပဲ ပိုင်ဆိုင်ထားတယ်။ ငါ အခု မင်းကို လွှဲပေးမယ်။ ဒီမန္တန်ဟာ အခြေခံအနေနဲ့ မိစ္ဆာချီကို သုံးထားတယ် ။ ပြီးတော့...... ခန္ဓာကိုယ်တွေ၊ စိတ်ဝိညာဉ်တွေ၊ အင်မိုတယ်တွေ၊ နတ်တွေ၊ မိုးကောင်းကင်ရဲ့ ကံကောင်းခြင်းတွေ၊ ကမ္ဘာပေါ်က သက်ရှိအားလုံးကို ချုပ်နှောင်နိုင်တယ်" အသံကြီးသည် မန်ဟို့ခေါင်းထဲတွင် ပဲ့တင်ထပ်နေပြီး ထင်ရှားသထက် ထင်ရှားလာကာ ဂျိန်းခနဲ ထစ်ခြုန်းသံကြီးဖြင့် သူ၏စိတ်အပေါ် တံဆိပ်ခတ်နှိပ်လိုက်သည်။ ထို တံဆိပ်မှာ 'ချုပ်နှောင်ခြင်း' ဆိုသော ရှေးစာလုံးတစ်လုံးဖြစ်သည်။
နောက်ဆုံးတွင်တော့ ထစ်ချုန်းသံကြီး တစတစ ပျောက်ကွယ်သွားသည်။ မန်ဟို သတိမထားမိသော်လည်း ထိုတံဆိပ်ခတ်နှိပ်ခြင်းဖြစ်စဥ်တွင် သူ နစ်မြောနေစဥ် အပြင်ဘက်ကမ္ဘာ၌ ဆယ်ရက် ကုန်သွားခဲ့ပြီဖြစ်သည်။
တောင်ကြား၏ အပြင်ဘက်တွင် လရောင်သည် မြူခိုးများကို ထိုးဖောက်ကျဆင်းနေရာ ပင်လယ်ရေများ ဖွေးဖွေးလှုပ်နေသကဲ့သို့ ဖြစ်နေစေသည်။ ဖားပြုပ်ပေါ်ရှိအဘိုးအိုသည် တစ်ဖန်ပြန်ရောက်လာသည်။ ဤတစ်ကြိမ်တွင် စဦးချီဖွဲ့စည်းမှု အဆင့် ၉ ရှိ ကျင့်ကြံသူတစ်ဦး ထပ်တိုးပါလာသည်။ သူက အဆင့် ၉ သို့ မကြာသေးမီကမှ တက်ခဲ့ကြောင်း သိသာလေသည်။ မည်သို့ပင်ဖြစ်စေ၊ ဤသည်က အဖွဲ့ကို ယုံကြည်ချက်အပြည့်အဝရှိနေစေသည်။
“အခု အစ်ကိုစွန်း ကျင့်ကြံခြင်းအခြေခံ အဆင့်တက်သွားပြီိဆိုတော့ ငါတို့ သေချာပေါက် မီတာ၁၅၀၀ လောက် ဆွဲတင်နိုင်မှာပဲ"
“မှန်တယ်။ ငါတို့ ဒီရက်ကို စောင့်နေခဲ့ရတာ အတော်ကြာပြီ။ ငါတို့သာ မီတာ ၁၅၀၀ လောက် ဆွဲတင်နိုင်ရင် ငါတို့ရဲ့ ဘိုးဘေးဝိညာဉ် နိုးထလာလိမ့်မယ်။ ငါတို့ ကျင့်ကြံခြင်းအခြေခံတွေ နောက်တဆင့်တက်သွားလိမ့်မယ်။ ကံကောင်းရင် ချီအခြေတည်အဆင့်တောင် ရောက်သွားနိုင်တယ်"
“ချီအခြေတည်အဆင့် ရောက်နိုင်ခြေကို ဆုံးဖြတ်ဖို့က ခက်တယ်။ ဒါပေမာ့် ဘိုးဘေးတွေကနေ လက်ဆင့်ကမ်းလာတဲ့ ရှေးမှတ်တမ်းတွေအရ မီတာ ၁၅၀၀ ဆွဲထုတ်တာက သေချာပေါက် ကံကောင်းခြင်းတစ့မျိုးမျိုးတော့ ပါလာမှာပဲ" သူတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဖြာကျနေသော လရောင်အောက်တွင် ချက်ချင်း လုပ်ငန်းစလိုက်ကြသည်။ မှန်ပေသည်။ မန်ဟိုကား သူတို့ခေါင်းထဲတွင် မရှိတော့ပေ။ သူတို့စဥ်းစားရသရွေ့ သူသေဆုံးသွားသည်မှာ ကြာပြီဖြစ်သည်။
သူတို့က သွေးစက်များကို ထွေးထုတ်ပြီး အနက်ရောင် ဓားတစ်လက် ဖန်တီးလိုက်သည်။ မြူခိုးများသည် ဝဲကတော့အဖြစ် စတင် လည်ပတ်လာပြီးနောက် ကြိုးနီ ပေါ်လာသည်။ ဖားပြုပ်ပေါ်ရှိအဘိုးအိုက ကြိုးကို ဆုပ်ကိုင်ကာ ဟစ်ကြွေးရင်း ဆွဲလိုက်သည်။
မိုးခြိမ်းတမျှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားပြီး ကြိုးက စတင်လှုပ်ရှားလာသည်။ လှုပ်ရှားမှုက တောင်ကြားတစ်လျှောက်ဆင်း၍ မန်ဟိုရပ်နေသည့်နေရးကို ဖြတ်သန်းပြီး မှော်ပညာဖြင့် ချိတ်ပိတ်ထားသောတွင်းအတွင်း ထိုးဆင်းသွားသည်။
ကြိုး လှုပ်ရှားလာသည်နှင့်တစ်ပြိုင်နက် ဆံပင်ဖြူနှင့်လူ အပြင် ၈ ယောက်အဖွဲ့၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သည့် အမူအရာများ ပေါ်ပေါက်လာသည်။ ၇ နှစ်၊ ၈နှစ်အရွယ် ကလေးများနှင့်တူသော တစ္ဆေ ၁၂ ကောင်နီးပါး ရုတ်တရက် ပေါ်လာသည်။ သူတို့၏ စူးစူးဝါးဝါးအော်သံများသည် ဂူတစ်ခုလုံးတွင် ပဲ့တင်သံထပ်သွား၏။
ဤကြိုး၏ ထူးဆန်းသောဂုဏ်သတ္တိမှာ ၄င်းကို ဆွဲသောအခါ အေးခဲချီအမြောက်အမြားနှင့်အတူ ပုပ်သိုးသိုးအနံအသက် ထုတ်လွှတ်တတ်ခြင်းပင်။ တလက်လက်တောက်ပနေသော အချုပ်အနှောင်မန္တန်မှာ အချိန်မရွေး ပျက်စီးတော့မည့်အခါး တုန်ခါလာသည်။
အချိန်များ ကုန်ဆုံးသွားသည်။ အပြင်ရှိ လူ ၇ ဦး ကြိုးကို တဖြည်းဖြည်းချင်း ဆွဲထုတ်နေသည်မှာ ၁၅ မီတာ ခန့် ရှိလာသည်။ ထစ်ချုန်းသံသည် ပိုမိုကျယ်လောင်လာပြီး အေးခဲချီများလည်း ပို၍ပင် ထွက်ပေါ်လာသည်။ အပုပ်နံ့ကား အဆပေါင်းများစွာ ဆိုးရွားလာ၏။
မကြာမီ..……ဂူထဲတွင် မောဟိုက်နေသံ ကြားလာရသည်။ ထိုအသံမှာ သက်ရှိတစ်ကောင်ကောင် ရုန်းကန်လှုပ်ရှားနေသံကဲ့သို့ဖြစ်သည်။ စူးစူးဝါဝါးအော်နေသော ပုံရိပ်တစ်ခု ပေါ်လာ၏။ ၄င်းက တောက်ပနေသည့် အချုပ်အနှောင်မန္တန်ထံ ပြေးဝင်သွားသည်။
မန္တန်သည် ယိမ်းခါသွားပြီး အစွန်းများတွင် အက်ရာများ ပေါ်လာသည်။
ဤအခိုက်အတန့်တွင် မန်ဟို၏ မျက်လုံးများ ပကတိကြည်လင်သွားသည်။ သူက သူ့ကိုယ်သူ လှုပ်ခါပြီး အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်သည်။ ရှေးဟောင်းဂူထဲတွင် ဖြစ်ပျက်နေသည်များကို သတိထားမိလိုက်သဖြင့် အလင်းရောင်တစ်ချက် သူ့မျက်လုံးများထဲတွင် ဖျတ်ခနဲ လက်သွားသည်။ ရွေ့လျားနေသော ကြိုးနှင့်အတူ လျင်မြန်စွာပြိုကျလာနေသော အချုပ်အနှောင်မန္တန်ကို သူမြင်လိုက်ရသည်။
တွေးနေဖို့ အချိန်မရှိပေ။ သူက လက်ယှက်၍ အရိုးစုကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထို့နောက် လျှပ်စီးတိန်တိုက်နှင့်အတူ ဂူဝံသို့ တစ်ချိုးတည်းပြေးတော့သည်။ မီတာ ၃၀ ပင် မရောက်သေးခင် အချုပ်နှောင်မန္တန် လုံးဝပျက်စီးသွားသည်။ ပိန်ချုံးချုံး တစ္ဆေ ၁၀ ကောင်ကား ဆံဖြူအဘိုးအို ၈ယောက်နှင့်အတူ လိုက်လာသည်။ သူတို့အားလုံးက စူးစူးဝါးဝါးအော်ရင်း မန်ဟိုဆီသို့ ဦးတည်လာကြသည်။
သူတို့အနောက်တွင် ခပ်ပါးပါး အနက်ရောင်အမျှင်များ တွင်းနက်ကြီးထဲမှ လွှင့်မျာ ထွက်လာသည်။ ၄င်းတို့က အမွှေးမျှင်နှင့်တူလေသည်။ တွင်းကြီးထဲမှ မောဟိုက်သံကား ပိုမိုပြတ်သားလာ၏။
အထဲတွင် တစ်စုံတခုသည် တွင်းထဲမှ ထွက်ရန် ပြင်းပြနေသကဲ့သို့ အားသွန်ခွန်စိုက် ရုန်းကန်နေသည်။
မန်ဟိုသည် မျက်နှာဖြူဖျော့နေသော်လည်း မျက်လုံးများက တောက်ပနေသည်။ သူ့ တာအိုမဏ္ဍိုင် စတင်လည်ပတ်လာပြီး ခန္ဓာကိုယ်အနှံအပြားသို့ ချီအခြေတည်အဆင့်စွမ်းအားများ ပို့လွှတ်နေသည်။ သူက မီတာဒါဇင်များစွာ တဟုန်ထိုးပြေးလိုက်သည်။ ကံဆိုးစွာပင် ကလေးတစ္ဆေ များက ပိုမြန်လေသည်။ တစ္ဆေများက မန်ဟို၏ လျှပ်စီးတိမ်တိုက်ကို ထပ်ကာထပ်ကာ ပြေးတိုက်ကြသည်။
ပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး လျှပ်စီးတိမ်တိုက်မှာ လျင်မြန်စွာ ပျက်စီးစပြုလာသည်။ ကလေးတစ္ဆေများမှာ နာကျင်မှုခံစားရပုံမပေါ်ပေ။ ၄င်းတို့သည် လျှပ်စီးတန်းများကြောင့် အဝေးလွှင့်ထွက်သွားသည့်အခါတိုင်း ပြန်ပြေးဝင်လာကြသည်။ မန်ဟို မြင်မြင်သမျှနေရာတိုင်းတွင် တစ္ဆေများ သူ့ဆီ ဦးတည်လာနေကြလေပြီ။
သစ်သားဓားများ ဓားအရှိန်အဝါများ ဖြာထွက်ရင်း သူ့ကို လှည့်ပတ်နေသည်။ ငှက်မွှေးများ လည်လိုက်ရာ လေတစ်ချက်တိုက်သွားသည်။ မန်ဟိုက တတ်နိုင်သမျှ မြန်မြန် ရှေ့ဆက်သွားလိုက်သည်။
ထိုအချိန် ဆံဖြူ ၈ ယောက် နီးကပ်လာ၏။ တစ်ချိန်တည်းမှာပင် ကလေးဝိညာဉ်တစ္ဆေအမြောက်အမြား သူ့ရှေ့တွင် ပေါ်လာပြီး လမ်းကို ပိတ်လိုက်ကြသည်။ မန်ဟို အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် တွေဝေမနေဘဲ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ရာနှင့်ချီသော ဓားပျံများထွက်ပေါ်လာပြီး ဓားမိုးကြီးအသွင်ဖြင့် တဟုန်ထိုးရှေ့ထွက်သွားသည်။
“ပေါက်ကွဲစမ်း”
မန်ဟို ထိုစကားလုံး ရေရွတ်လိုက်သည်နှင့် ဓားပျံများ ပေါက်ကွဲသွားပြီး အစအနများ ပြန့်ကျဲသွားကာ တစ္ဆေများကို ဖယ်ရှားလိုက်သည်။ မန်ဟိုက ၄င်းတို့ကို ဖြတ်ကျော်ကာ မီတာ၁၅၀၀ ခန့်သာ လိုတော့သော ဂူဝသို့ ပြေးထွက်လိုက်သည်။
သူ့နောက်မှ အော်သံသည် ပိုမိုကျယ်လောင်လာပြီး ပိုမိုများပြားသော အနက်ရောင်အမျှင်တန်းများ တလွင့်လွင့်တက်လာသည်။ ၄င်းတို့က သူ့အနောက် မီတာ သုံးရာခန့်သို့ ရောက်လာသည်။
မန်ဟို့မှာ သေချာကြည့်နေရန် အချိန်မရပေ။ အကယ်၍ ခြေလှမ်းလေးပင် နှေးကွေးမိလိုက်လျှင် အသက် ဆုံးရှုံးရမည်ဖြစ်ကြောင်း သူ သိသည်။ နည်းနည်းလေးနောက်ကျသွားလျှင်တောင်မှ သူ သေသွားလိမ့်မည်။
"အနာခံမှ အသာစံရမှာ။ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ရလိုက်တာက တန်ပါတယ်လေ။ မန္တန်နဲ့ပတ်သတ်ပြီး ဉာဏ်အလင်းအပြည့်အဝမရသေးတာက ဆိုးတာပဲ။ ရခဲ့ရင် ခုချိန် ထုတ်သုံးလို့ရပြီ" သူက အသက်ပြင်းပြင်း တစ်ချက်ရှုရင်း အမြင်ဆုံးအရှိန်ဖြင့် တဟုန်ထိုးပြေးထွက်လိုက်သည်။ ယခုတွင် ဂူဝသည် မီတာ ၁၂၀၀ ခန့်သာ ဝေးတော့သည်။
ထိုအချိန် မန်ဟို့အနောက်မှ အဖြူရောင်ဝတ်ရုံနှင့်လူများက လက်များ မြှောက်ကာ သူ့ထံသို့ လက်ချောင်းများကို ဝှေ့ယမ်းလိုက်သည်။
လက်ချောင်းတိုက်ကွက်များက မန်ဟို့ တစ်ကိုယ်လုံးကို အေးစက်သွားစေသည်။ သူက တုံ့ဆိုင်းမနေဘဲ မန္တန်လက်ကွက်ဖော်ကာ နောက်သို့ ဝှေ့ယမ်းလိုက်သည်။ သူ့ကို ဝန်းရံထားသည့် ငှက်မွှေးများ နောက်သို့ ထီက်သွားပြီး ရုတ်တရက် ပေါက်ကွဲသွားသည်။ နောက်ထပ် ရာနှင့်ချီသော ဓားပျံများ သူ၏သိုလှောင်အိတ်ထဲမှ ထွက်ပေါ်လာပြီး အနောက်သို့ ပျံထွက်ကာ ပေါက်ကွဲသွားကြသည်။
ပေါက်ကွဲသံတစ်သံ လိုဏ်ဂူတစ်လျှောက် ပြည့်နှက်သွားပြီး အပြင်သို့ ပဲ့တင်ထပ်ကာ အဖြူရောင်ဝတ်ရုံနှင်လူများ၏ လက်ချောင်းတိုက်ကွက်စွမ်းအားကို လျော့နည်းသွားစေသည်။ သို့သော် ၄င်းတို့က မန်ဟို့ထံ ထိုးဆင်းလာနေဆဲပင်။
သူ့ကို ဝိုင်းရံထားသည့် လျှပ်စီးတိမ်တိုက် ယိမ်းခါသွားပြီး အပေါက်တစ်ပေါက်ပေါ်လာသဖြင့် သူ၏မျက်နှာ ဖြူဖျော့သွားသည်။ သူ၏ခန္ဓာကိုယ် ချက်ချင်းပင်အေးခဲလာပြီး သူ့မှာ သွေးတစ်လုပ် အန်လိုက်ရသည်။ သွေးများသည် အအေးဒဏ်ကြောင့် ချက်ချင်း မာခဲသွားသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအား တစ်ဝက်မျှကျဆင်းသွားသည့်အလား သူ ခံစားလိုက်ရသည်။ သူကား အမှန်တကယ် ဒုက္ခရောက်နေလေပြီ။ သို့သော် အန္တရာယ်များကြားမှ မန်ဟိုသည် ရုတ်တရက် ကြိုးနီကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ကြိုး၏ စွမ်းအားကို အားပြု၍ ရှေ့သို့ ဆက်ပြေးလိုက်သည်။
ထိုစဉ် တောင်ကြား၏အပြင်၌ လူခုနစ်ယောက် မောဟိုက်နေကြသည်။ သူတို့က အံကြိတ်ရင်း ကြိုးနီကို ဆက်ဆွဲနေကြသည်။ သူတို့၏ နောက်တွင် အဆိပ်သားရဲများ တစ်ဒါဇင်ကျော်ခန့် ရှိနေပြီး ကြိုးနီကို သွားဖြင့်ကိုက်ကာ အားကုန်သုံး၍ ဆွဲနေကြသည်။
“ချီးပဲ။ ဘယ်လိုလုပ် ရုတ်တရက်ကြီး လေးသွားရတာလဲ”
“ဘာတွေဖြစ်နေတာလဲ။ ငါတို့ မီတာ ၃၀၀ လောက်ပဲ ဆွဲထုတ်ရသေးတာလေ။ အခုလို မဖြစ်သင့်သေးဘူး" လူခုနစ်ယောက် တုန်လှုပ်သွားပြီး သူတို့၏ မျက်နှာများပေါ်တွင် စိုးရိမ်သည့်အမူအရာများ ပေါ်ပေါက်လာသည်။ ရုတ်တရက် ကြိုးက သူတို့ကို ရှေ့သို့ မီတာဒါဇင်များစွာ ပြန်ဆွဲသွားသည်။ ထို့နောက် ဆောင့်ဆွဲနေသည့်အား ပျောက်ကွယ်သွားသည်။ သို့သော် ခဏအကြာ သူတို့ အံကြိတ်ပြီး ကြိုးကို ထပ်ဆွဲလိုက်ချိန်မှာပင် အားကြီးကြီးဖြင့် ပြန်ဆောင့်ဆွဲခံလိုက်ရသည်။
သူတို့ တွေဝေစွာဖြင့် အော်ဟစ်ငြီးတွားနေစဉ် ဂူထဲရှိ မန်ဟိုက ကြိုးကို ဆွဲရင်း ရှေ့တိုးလာနေသည်။ သူ့မှာ သွေးများ ထပ်မံအန်လိုက်ရသည်။ သူသည် အချိန်ဆွဲတွေဝေမနေဘဲ ဆေးလုံးများကို စားကာ အားကုန်သုံး၍ ထွက်ပြေးနေသည်။
သူ့အမူအရာကား တင်းမာခက်ထန်နေ၏။ သူ့ကို ဝိုင်းရံထားသည့် တိမ်တိုက်သည် ပါးသထက် ပါးလာသည်။ အဖြူရောင်ဝတ်ရုံနှင့်လူများ၏ လက်ချောင်းတိုက်ကွက်ကို တုံ့ပြန်ရာတွင် နည်းနည်းလေးသာ နောက်ကျခဲ့ပါက မန်ဟိုမှာ တစ်ကိုယ်လုံး အေးခဲပြီး သေနေလောက်ပြီ။
***
အပိုင်း ၁၀၂