← Chapters

ခုနစ်ရောင်ခြယ် ရှင်သန်ခြင်းနှင်းပန်း ပွင့်လန်းသောနေ့

Vol. 8 Ch. 106

ခုနစ်ရောင်ခြယ် ရှင်သန်ခြင်းနှင်းပန်း ပွင့်လန်းသောနေ့

Vol. 8 Ch. 106

"အစ်ကိုကြီး ကျွန်တော် မြို့ထဲမှာ အစ်ကိုကြီး လိုချင်တာမှန်သမျှ လိုက်ပြပေးနိုင်ပါတယ်" လူငယ်က ကပျာကယာ ပြော၏။ သူ့မှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် မျက်ဝန်းများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များပင် ထင်ဟပ်နေပြီဖြစ်သည်။ မန်ဟို အခုလေးတင် ပြောလိုက်သည့်အတိုင်း သူ့တွင် ရှင်းပြရန် အခွင့်အရေးတစ်ခုသာ ရှိပြီး သို့မဟုတ်ပါက အစအနပင်မကျန် သုတ်သင်ခံရမည်ဖြစ်ကြောင်း သူယုံသည်။ မြို့တော်၏နယ်နိမိတ်အတွင်း ဖြစ်နေစေကာမူ လူတစ်ယောက်သေဆုံးသွားခြင်းအား မည်သူမျှအရေးလုပ်နေမည်မဟုတ်ပေ။

မန်ဟိုက လူငယ်အား စကားတစ်ခွန်းမဆိုဘဲ တစ်ချက်သာ ကြည့်လိုက်သော်လည်း လူငယ်သည် အရိပ်အခြည်နားလည်သဖြင့် စကားဆက်ပြော၏။

"ကျွန်တော်က ဂျူနီယာမျိုးဆက်သစ် ချူးလင်ပါ" သူ့မှာ ကရားရေလွှတ်ပြောရင်း ရင်တဒိန်းဒိန်းခုန်နေချေသည်။ " ကျွန်တော့်ဇာတိက ဒီအရှေ့ဘက် ကျိုးယွဲ့မြို့ပါပဲ။ ဒါကြောင့် အစ်ကိုကြီးထက် ဒီနေရာအကြောင်း ကောင်းကောင်းသိပါတယ်။ အစ်ကိုကြီး မြို့ထဲ စဝင်တာနဲ့ ဒီကို ပထမဆုံးရောက်ဖူးတာဖြစ်မယ်လို့ ကျွန်တော် တန်းခနဲ သတိထားမိလိုက်တာ။ အစ်ကိုကြီးရှာနေတဲ့အရာအတွက် မြို့အကြောင်း နှံ့နှံ့စပ်စပ်သိတဲ့သူတစ်ယောက်ယောက်လိုပါတယ်။ ကျွန်တော်ကတော့ အစ်ကိုကြီးကို အကူအညီပေးဖို့ အဆင်သင့်ပါပဲ

"အစ်ကိုကြီး ဝိညာဉ်ကျောက်တုံး ငါးဆယ်လောက်လေးနဲ့ အချိန်ကုန်သက်သာမှာနော်။ အစ်ကိုကြီး လိုချင်တာကို မြန်မြန်ရှာတွေ့အောင် ကျွန်တော် ကူညီနိုင်တယ်" သူက မန်ဟို့ကို ရင်တုန်တုန်ဖြင့် ကြည့်လိုက်သည်။ သူပြောသမျှအားလုံးကား မုသားတစ်ခွန်းမှ မပါ၊ အမှန်အတိုင်းပြောနေခြင်းသာဖြစ်သည်။

သူသည် ယခင်က ဤကိစ္စမျိုးအား ပြုမူခဲ့ဖူးသော်လည်း မန်ဟိုကဲ့သို့ သေစေနိုင်သော အငွေ့အသက်များ ထုတ်လွှတ်နေသည့်လူတစ်ယောက်နှင့် ပထမဆုံး တွေ့ကြုံဖူးခြင်းဖြစ်၏။

မန်ဟိုက လူငယ်ကို အေးစက်စက် ကြည့်ပြီးနောက် သူ၏လည်ပင်းအား ဆုပ်ကိုင်ထားသောလက်ကို ဖြေးဖြေးချင်း ဖြေလျော့ပေးလိုက်သည်။ အဆိပ်တက်သည့်အကြိမ်ရေများလာလေလေ၊ သူ၏သတ်ဖြတ်လိုစိတ်များ ပိုမိုပြင်းထန်လာလေလေဖြစ်နေပုံပေါ်သဖြင့် မန်ဟိုမျက်မှောင်ကြုတ်သွားမိသည်။ ၄င်းက သူ၏ပင်ကိုယ်စရိုက်ကိုပင် တစတစ သက်ရောက်လာနေပုံရလေသည်။

ချူးလင်က အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး မေးသည်။ " ဘာဝယ်ချင်ပါသလဲ အစ်ကိုကြီး"

"အဆိပ်ဆေးလုံး" မန်ဟိုက အေးတိအေးစက် ပြန်ဖြေလိုက်သည်။

"အဆိပ်ဆေးလုံး" ချူးလင်မှာ မန်ဟို့ကို တအံ့တသြ စိုက်ကြည့်ရင်း တခဏကြာတွေးနေ၏။ ထို့နောက် သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားပြီးနောက် မြို့အကြောင်း အသေးစိတ် ဆက်လက်ရှင်းပြလေသည်။

"အစ်ကိုကြီး မ်ြို့ထဲမှာ အဆိပ်ဆေးလုံးသီးသန့် ရောင်းတဲ့ဆိုင် များများများစားစားမရှိဘူး။ ဒါပေမယ့် အဆိပ်ဆေးလုံးကလဲ ဆေးလုံးပဲမလား။ ဆေးလုံးအရောင်းဆိုင်တွေကတော့ မြို့ထဲ တစ်ပုံကြီးပဲ။ အဲ့ထဲမှက အကောင်းဆုံးလို့သတ်မှတ်လို့ရတဲ့ ဆိုင်နှစ်ဆိုင်ရှိတယ်။ တစ်ဆိုင်ရဲ့နာမည်က ဆေးလုံးတစ်သောင်းအရောင်းဆိုင်တဲ့။ အဲ့ဒီ့ဆိုင်က ဆေးလုံးအမျိုးအစားအစုံဆုံးမလို့ တော်တော်လေးနာမည်ကြီးတယ်။ သူတို့လေလံပွဲကျင်းပရင် ချီအခြေတည်အဆင့်ကျင့်ကြံသူတွေတောင် လာတက်ရောက်ကြတာ

"နောက်တစ်ဆိုင်ကတော့ နဲနဲပိုသေးတယ်။ ဒါပေမယ့် အနောက်တိုင်းသဲကန္တာရနဲ့ အရောင်းအဝယ်လုပ်တာကြောင့်မလို့ ပြည်ပသွင်းကုန်တွေ အများကြီးရှိတယ်။ သူတို့ပြောတာတော့ အဲ့မှာ ဆေးရောင်းတဲ့သူက ဇီယွင်ဂိုဏ်းက မဟာအကြီးအကဲ ဆေးလုံးမိစ္ဆာနဲ့ အလုပ်လုပ်ခဲ့ဖူးတယ်တဲ့။ သူက ဆေးပညာနဲ့ပတ်သက်ရင် ပါရမီရှင်တစ်ယောက်လို့ ကြားတာပဲ

"ဘယ်နေရာကို သွားချင်လဲ အစ်ကိုကြီး"

မန်ဟိုက တခဏကြာ စဥ်းစားပြီးနောက် ပြောသည်။

" ဆေးလုံးတစ်သောင်းအရောင်းဆိုင်"

ချူးလင်က ခေါင်းညိတ်ပြီး ရှေ့ကဦးဆောင်သွား၏။ သူ့ထံမှ အကူအညီက အမှန်တကယ်ပင် မန်ဟို့အတွက် အချိန်တော်တော်လေး သက်သာလေသည်။ သူတို့နှစ်ယောက်သား မြို့ကို ဖြတ်၍ ခပ်သုတ်သုတ်လမ်းလျှောက်သွားကြသဖြင့် တစ်နာရီအတွင်း အထပ်ခုနစ်ထပ်ရှိသော ဆိုင်တစ်ဆိုင်ရှေ့ ရောက်သွားကြ၏။ ထိုဆိုင်၏ဘေးတွင် 'ဆေးလုံးတစ်သောင်းအရောင်းဆိုင်'ဆိုသော စာလုံးများ ရေးထိုးထားသည့် ဧရာမကျောက်တိုင်ကြီးတစ်တိုင် စိုက်ထူထားသည်။

"ကျွန်တော် တကယ် အထဲဝင်လို့မရဘူး၊ အပြင်ကပဲ စောင့်နေတော့မယ်နော် အစ်ကိုကြီး" ချူးလင်က ပြောသည်။ မန်ဟို တစ်ချက်ဝေ့ကြည့်လိုက်သောအခါ စဦးချီဖွဲ့စည်းမှုအဆင့် ၅ သို့မဟုတ် ၆ ရှိသော ဂိုဏ်းသား အတော်များများ အုံတိုးနေကြောင်း သတိထားမိလိုက်သည်။

မန်ဟို ခေါင်းညိတ်ပြကာ ခုနစ်ထပ်ဆောင်ထဲ ဝင်လိုက်သည်။ ချူးလင်အတွက်မူ မဖွယ်မရာကိစ္စတစ်ခုခု မလုပ်စေရန် သူ၏ကိုယ်ပေါ်တွင် စိတ်ဝိညာဥ်အာရုံအနည်းငယ်ဖြန့်ကျက်ထားခဲ့၏။

ယခုအချိန်တွင် သူသည် ချီအခြေတည်အဆင့်တွင် ဖြစ်သောကြောင့် စိတ်ဝိညာဥ်အာရုံအသုံးပြုပုံများနှင့် ပို၍အကျွမ်းတဝင်ရှိလာပြီဖြစ်သည်။

ဆေးလုံးတစ်သောင်းအရောင်းဆိုင်တွင် စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူများအား ပထမအထပ်တွင်သာ ကန့်သတ်ထားသည်။ ဒုတိယအထပ်နှင့် တတိယအထပ်သည် ချီအခြေတည်အဆင့်အတွက်ဖြစ်ပြီး လေးထပ်ကိုဝင်ရောက်ရန် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူဖြစ်ရပေမည်။ မန်ဟိုသည် အမျိုးမျိုးသော ဆေးလုံးများအား မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ဟိိုဟိုသည်သည် လျှောက်ပတ်ကြည့်လိုက်၏။

အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန်ကြာသော် သူထွက်လာသည်။ ချူးလင်က ချက်ချင်းပင် ရှေ့ရောက်လာ၏။

"မင်းပြောခဲ့တဲ့ ဒုတိယဆိုင်ကို သွားကြရအောင်" မန်ဟိုက မျက်မှောင်ကြုတ်လျက် ပြောသည်။ ချူးလင်ကား အကင်းပါးသဖြင့် တစ်စုံတရာမေးမြန်းခြင်းမရှိဘဲ မန်ဟို့ကို ချက်ချင်း ဦးဆောင်ခေါ်သွားသည်။ မြို့မှ အတော်လေး အစွန်အဖျားကျသည့် ရှေးပဝေဏသီကတည်းက တည်ရှိနေခဲ့ပုံရသော ဆိုင်တစ်ဆိုင်သို့ သူတို့နှစ်ယောက်ရောက်ချိန်တွင် ညနေပင် စောင်းခါနီးနေချေပြီ။

"ဒီနေရာက သေးတယ်။ ပြီးတော့ စည်းမျဥ်းသုံးခု ရှိတယ်" ချူးလင်က မန်ဟို့ကို ရှင်းပြသည်။ " ပထမစည်းမျဥ်းက ဝိညာဥ်ကျောက်တုံး အတုံးငါးဆယ် ကြိုတင်မပေးဘဲ ဝင်လို့မရဘူး။ အဲ့ဒီကြိုတင်ငွေကို ဆေးလုံးဝယ်ဝယ် မဝယ်ဝယ် ပြန်မအမ်းဘူး။

"ဒုတိယစည်းမျဥ်းက တစ်ကြိမ်ကို တစ်ယောက်ပဲ ဝင်ခွင့်ရှိတယ်။ ကျန်တဲ့သူတွေအားလုံး အပြင်မှာပဲ စောင့်နေရမယ်။ အဲ့တာတင်မကဘူး။ တစ်ရက်ကို လူအယောက်နှစ်ဆယ်ပဲ လက်ခံတယ်။ အယောက်နှစ်ဆယ် ဝင်ပြီးသွားတာနဲ့ နောက်တစ်ရက်ရောက်တဲ့အထိ စောင့်ရမယ်

"တတိယစည်းမျဥ်းက အထဲရောက်တာနဲ့ ပါးစပ်ထဲရှိရာလျှောက်မေးခွင့်မပေးဘူး။ မေးခွန်းတစ်ခုမေးတိုင်း ဝိညာဥ်ကျောက်တုံးတွေကို အဖိုးအခအဖြစ် ပေးရမယ်"

မန်ဟိုမှာ တအံ့တသြငေးကြည့်လိုက်မိ၏။ ထို့နောက် နားလည်သောအရိပ်အယောင်များ သူ၏မျက်လုံးများထဲတွင် ပေါ်လာပြီးနောက် သူက ရှေ့သို့ ဆက်လျှောက်သွားသည်။ ဝိညာဥ်ကျောက်တုံးများ ဆုံးရှုံးရမည်ကို သူသဘောမကျသော်လည်း အဆိပ်ဖြေပေးနိုင်စွမ်းရှိလျှင်တော့ တန်ပါသေးသည်။

ဆိုင်တံခါးကား ပိတ်ထားပြီး ၄င်းအပေါ်တွင် နံပါတ် ၁၈ဟု ရေးထိုးထားသော ကျောက်ပြားတစ်ပြား ချိတ်ဆွဲထားသည်။

မန်ဟို သူ၏ချီဓာတ်များအား ထိန်းညှိိပြီး စိတ်အစဥ်ကို တည်ငြိမ်စေပြီးနောက် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်လိုက်သည်။ ချူးလင်လည်း သူ့ဘေးတွင် ရပ်နေ၏။ နောက်ဆုံးတွင် ကောင်းကင်ယံမှ နေမင်းအသူရိန်သည် အနောက်ဘက် မိုးကုပ်စက်ဝန်းဆီသို့ သက်ဆင်းတော့မည့်အချိန်တွင် တံခါးသည် ကျွီခနဲပွင့်သွားပြီး သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ထွက်လာ၏။ သူ၏မျက်နှာမှာ သုန်မှုန်နေပြီး သူက မန်ဟိုနှင့် ချူးလင်ကို အဖက်ပင်မလုပ်ပေ။ ထိူလူသည် လျှောက်ထွက်လာပြီး သူ့ကို လိုက်ပါပို့ဆောင်ပေးသည့် အဘိုးအိုကို လှည့်၍ ဦးညွှတ်အရိုအသေလိုက်၏။

သက်လတ်ပိုင်းလူကိို မြင်သောအခါ မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ဦးညွှတ်လိုက်သည်။ ဤလူကား ယနေ့မနက် ကောင်းကင်ယံတွင် ပျံသန်းနေသည်ကို သူမြင်တွေ့ခဲ့ရသော ဆရာကြီးပိဟုန်က လွဲ၍ တခြားမဟုတ်ပေ။

ဆိုင်တံခါးပေါက်တွင် ရပ်နေသည့် အဘိုးအိုမှာ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်တွင် ဖြစ်သည်။ အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်တစ်ယောက်အနေဖြင့် သူ့ကို ဤကဲ့သို့ အပြုအမူမျိုးဖြင့် အရိုအသေပေးပုံမှာ အတော်လေးထူးခြားလှသည်ဟု ဆိုရပေမည်။

ဆရာကြီးပိဟုန်က ချာခနဲလှည့်၍ လေထုအထဲ တဟုန်ထိုးထွက်သွားသော ရောင်စုံအလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။ တရွှီးရွှီးလေတိုးသံတစ်သံ ပဲ့တင်ထပ်သွားပြီးနောက် ဆိုင်ထဲရှိ အဘိုးအိုက မန်ဟိုကို ကြည့်သည်။

မန်ဟိုက တစ်ချက်လေးပင် တုံ့ဆိုင်းခြင်းမရှိဘဲ ဝိညာဥ်ကျောက်တုံး အတုံးငါးဆယ်ရှိသော သိုလှောင်အိတ်ကို ထုတ်ကာ တရိုတသေ ကမ်းပေးလိုက်သည်။

အဘိုးအိုက ခေါင်းတစ်ချက်ညိတ်၍လက်ခံပြီးနောက် ဆိုင်ထဲဝင်သွားသည်။ မန်ဟို သူ့နောက်မှလိုက်ပါဝင်ရောက်လိုက်ပြီး သူ့အနောက်တွင် ပိတ်သွားသော တံခါးကို ပြန်လှည့်ကြည့်လိုက်သည်။ ကျောက်ပြားပေါ်ရှိ နံပါတ်ကား ၁၈ မှ ၁၉ သို့ ပြောင်းသွားလေပြီ။

ဆိုင်သည် သိပ်မကြီးလှပေ။ ပစ္စည်းတင်ရာ စင်များမရှိဘဲ အရွယ်အစားစုံလင်သော ဆေးပေါင်းဖိုခုနစ်လုံး၊ စားပွဲရှည်နှစ်ခုနှင့် ဆီမီးအိတ်တစ်လုံးသာ ရှိသည်။ မီးအလင်းရောင်မှာ မှိန်ပျပျသာရှိပါသော်လည်း ကျင့်ကြံသူများသည် အရာရာတိုင်းကို ပြတ်ပြတ်သားသားမြင်နိုင်ကြသဖြင့် ကိစ္စမရှိပေ။

"ဘာများ အလိုရှိပါသလဲ" အဘိုးအိုက စားပွဲရှည်တစ်ခုနောက်တွင် တင်ပျဥ်ခွေထိုင်ရင်း အေးတိအေးစက်မေးသည်။

မန်ဟို စကားတစ်ခွန်းဆိုဘဲ သိုလှောင်အိတ်ကို ပုတ်ကာ ကျောက်စိမ်းပုလင်းတစ်လုံးထုတ်လိုက်ပြီးနောက် စားပွဲအပေါ်မှတစ်ဆင့်် အဘိုးအိုထံသို့ တွန်းပို့လိုက်သည်။

အဘိုးအိုက ပုလင်းကို ကောက်ယူပြီး ဖွင့်ကာ အနီးကပ်ကြည့်သည်။ ထို့နောက် သူ၏ ခေါင်းကို ငုံံ့၍ အနံ့ရှူပြီး စောင်းချလိုက်ရာ သွေးများကား စားပွဲ၏မျက်နှာပြင်ပေါ်သို့ စီးကျလာ၏။

ကျောက်စိမ်းပုလင်းထဲတွင် မန်ဟို သူ၏ခန္ဓာကိုယ်မှ ထုတ်ယူထားခဲ့သော သွေးများပါရှိလေသည်။

"စိတ်ဝင်စားစရာပဲ" အဘိုးအိုက ခပ်တိုးတိုးပြောသည်။ သူက စားပွဲပေါ်ရှိ သွေးများကို ကြည့်ပြီးနောက် လက်ကိုမြှောက်လိုက်ရာ ငွေရောင်အပ်ရှည်တစ်ချောင်း ပေါ်လာသည်။ သွေးထဲနှစ်၍ စစ်ဆေးကြည့်ရာတွင် အပ်သည် ချက်ချင်း တောက်ပလာ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ဆွေးမြည့်ပျော်ကျလာပြီး တခဏအတွင်း ပြာမှုန်များအသွင်ပြောင်းကာ လေနှင့်အတူ မျောလွင့်သွားသည်။

အဘိုးအို၏မျက်လုံးများ ဝင်းလက်သွား၏။ သူက ဘယ်လက်ဖြင့် စားပွဲကို ရိုက်ချလိုက်သဖြင့် သွေးများ လေပေါ်မြောက်တက်လာပြီး သွေးစက်လုံးအဖြစ် စုစည်းသွားလေသည်။ ထို့နောက် သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်ရာတွင် ညှိုးနွမ်းခြောက်သွေ့နေသော အစေ့တစ်စေ့ ထွက်ပေါ်လာ၏။ သူက လက်ချောင်းများကို ဆတ်ခနဲတောက်ကာ အစေ့အား သွေးစက်လုံးနှင့် ပေါင်းစည်းစေလိုက်သည်။

သွေးစက်လုံးကား ရုတ်ခြည်း ကျုံ့လာပြီး မကြာခင် ပျောက်ကွယ်သွားသည်။ အစေ့မှာမူ ခြောက်သွေ့ညှိုးနွမ်းမနေတော့ဘဲ အားအင်ပြည့်ဖြိုး၍ ပေါက်ထွက်တော့မတတ်ဖြစ်နေ၏။ ၄င်း လေထဲတွင် လွင့်မျောနေစဥ်မှာပင် တဖြေးဖြေး အညှောင့်ထွက်လာချေသည်။

မန်ဟိုသည် စိတ်လှုပ်ရှားသထက် စိတ်လှုပ်ရှားလာရင်း ဖြစ်ပျက်နေသမျှအရာအားလုံးကို မမှိတ်မသုန်အာရုံစိုက်၍ စောင့်ကြည့်နေ၏။ သူ့မှာ အဆိပ်ဖြေရန်လေးအတွက်နှင့် ဝိညာဥ်ကျောက်တုံးပေါင်းများစွာ သုံးဖြုန်းခဲ့ရလေသည်။

အစေ့မှ အညှောင့်သည် ရှည်လျားသော အကိုင်းတစ်ကိုင်းဖြစ်လာပြီး ၄င်းအပေါ်တွင် အရွက်တစ်ရွက်တည်းသာ ထွက်လာ၏။ ထိုအရွက်သည် အဆုံးသတ်၌ ပန်းပွင့်တစ်ပွင့်အဖြစ် ပွင့်လန်းလာတော့သည်။ ပန်းပွင့်လာသည်နှင့်တစ်ပြိုင်နက် အဘိုးအို၏မျက်နှာ ဖြူဆုပ်သွားပြီး မန်ဟို့မျက်လုံးများ ကျဥ်းမြောင်းသွားသည်။

ပန်း၏ ပွင့်ချပ်များမှာ အဝါရောင်၊ အပြာရောင်နှင့် အနီရောင်ဟူ၍ အရောင်သုံးမျိုးရှိကာ တစ်ချပ်နှင့်တစ်ချပ် ချိတ်ဆက်လျက်ရှိ၏။ ပန်းမှာမူ တစ်ချိန်တည်းမှာပင် ငိုလိုက်ရယ်လိုက်ဖြစ်နေသော မိစ္ဆာမျက်နှာအသွင်ရှိသည်။ ထိုမိစ္ဆာမျက်နှာနှင့်ပန်းသည် အသက်ရှိနေသကဲ့သို့ လေထဲတွင်မျောလွင့်နေရာ အတိုင်းထက်အလွန် ထူးခြားဆန်းကြယ်နေတော့သည်။

"သုံးရောင်ခြယ် ရှင်သန်ခြင်းနှင်းပန်း....." အဘိုးအိုက တလက်လက်တောက်ပနေသောမျက်လုံးများဖြင့် ပန်းကိုကြည့်ရင်း ခပ်အက်အက်အသံဖြင့် ဆိုသည်။

"ဒီအဆိပ် သုံးကြိမ်ထရင် စက်ဝန်းတစ်ပတ်ပြည့်တယ်။ စက်ဝန်းသုံးပတ်ပြီးတဲ့အခါ ပန်းပွင့်တယ်။ ပန်းပွင့်ပြီးတဲ့နောက်မှာ ငိုလိုက်ရယ်လိုက်ဖြစ်နေတဲ့ မိစ္ဆာမျက်နှာတစ်ဖက် မင်းရဲ့ ညာဘက်မျက်လုံးအိမ်ထဲမှာ ပေါ်လာလိမ့်မယ်။ အဲ့တာက မင်းရဲ့ ကျင့်ကြံခြင်းအခြေခံအပေါ်မူတည်ပြီး လာနိုင်သွားနိုင်တယ်။ မင်း ကျင့်ကြံခြင်းအခြေခံကို အချိန်ကြာကြာ လှည့်ပတ်လိုက်ရင် အဲ့ဒီမျက်နှာက ပိုပြီးထင်ရှားလာမှာ။ ဒီအဆင့်မှာ အဆိပ်က မင်းကို ဒုက္ခပေးမှာမဟုတ်ဘူး။ တကယ်တမ်းပြောရရင် တခြားအဆိပ်တွေကနေတောင် မင်းကို ကာကွယ်ပေးနိုင်တယ်။ ဒါပေမယ့် မင်းရဲ့သတ်ဖြတ်လိုစိတ်တွေကတော့ ပိုပြီး ပြင်းထန်လာမယ်

"သုံးပတ်ကျော်သွားရင် ပန်းထပ်ပွင့်လို့ အဆိပ်တက်တဲ့အခါ နောက်ထပ် မိစ္ဆာမျက်နှာတစ်ဖက် မင်းရဲ့ဘယ်ဘက်မျက်လုံးအိမ်မှာ ပေါ်လာလိမ့်မယ်။ အဲ့အချိန်ကျရင် မင်းရဲ့သတ်ဖြတ်လိုစိတ်က ပိုလို့တောင် ပြင်းထန်လာမှာ။ မင်း ကြောက်စရာကောင်းလောက်အောင် သွေးဆာလာမယ်။ အဲ့လိုဖြစ်ရင် မင်း အဆိပ်ပြီးရုံတင်မကဘူး အဆိပ်ငွေ့တွေကိုတောင် ထုတ်လာလိမ့်မယ်။ မင်းရဲ့သွေးအသားကလဲ အံဖွယ်ကောင်းလောက်အောင် မာကြောလာပြီး သာမန်ကျင့်ကြံသူတစ်ယောက်ထက်ပိုပြီး ခံနိုင်ရည်ရှိလာလိမ့်မယ်

"ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်လဲ ပိုပိုပြီး တောင့်တင်းလေးလံလာမှာ မင်းတွေ့လိမ့်မယ်။ မင်းရဲ့အမြန်နှုန်း ကျဆင်းသွားပြီး အသက်စွမ်းအား တဖြေးဖြေးမှေးမှိန်လာမယ်။ မင်း မကြာခဏ သေခြင်းအရှိန်အဝါရဲ့လွှမ်းခြုံခြင်းခံရလိမ့်မယ်

"အဲ့ဒီ့နောက်မှာတော့ တတိယအကြိမ် ပန်းပွင့်လိမ့်မယ်" အဘိုးအိုက အလွန်နက်နဲသိမ်မွေ့သောအသံဖြင့် ပြောသည်။ "မင်းရဲ့.....မင်းရဲ့အသိစိတ် ပျောက်ဆုံးသွားပြီး မင်းသေသွားမယ်။ မင်းရဲ့ခန္ဓာကိုယ်က သုံးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းတစ်ပွင့်အဖြစ် ပြောင်းသွားမယ်။ အဲ့ဒီ့အခါ မင်းကိုယ်ထဲမှာ အစေ့စိုက်ခဲ့တဲ့လူ က ပန်းကိုပြန်လာယူလိမ့်မယ်။ တစ်ခါတလေကျရင် ပြောင်းလဲပြီးတဲ့နောက် လေးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းအဖြစ် ပြောင်းသွားတတ်တယ်

"လူသားမျိုးနွယ်၊ စဦးချီဖွဲ့စည်းမှုအဆင့်၊ ချီအခြေတည်အဆင့်၊ အမြုတေ ဖြစ်တည်မှုအဆင့်၊ အနုသုခုမရုပ်ခန္ဓာအခြေတည်ခြင်းအဆင့်၊ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်၊ တာအိုရှာဖွေခြင်းအဆင့်။ အဆင့်ခုနစ်ဆင့်၊ အရောင်ခုနစ်ရောင်၊ တစ်ဆင့်ကို တစ်ရောင်စီ။ နောက်ဆုံး ခုနစ်ရောင်ခြယ် ရှင်သန်ခြင်းနှင်းပန်းပွင့်လန်းတဲ့အခါ ပန်း ဆင်းသက်လာလိမ့်မယ်။ အင်မိုတယ်အဆင့်တက်ခြင်း၊ နှစ်တစ်သောင်းကြာမှတစ်ကြိမ်

"ဟိုးရှေးခေတ်အခါတုံးက အင်မိုတယ်အဆင့်တက်ဖို့ ဒီပန်းကို ကျင့်ကြံသူတွေ သုံးခဲ့ကြတယ်" အဘိုးအိုက မန်ဟိုကို စိုက်ကြည့်သည်။

ထိုလူ၏စကားလုံးများက သူ့ကို တဆတ်ဆတ်တုန်ရီသွားစေသည်။ အေး၍တော့မဟုတ်၊ ထိတ်လန့်ကြောက်ရွံခြင်းကြောင့် ဖြစ်ချေသည်။ သူ့မှာ အဆိပ်နှင့်ပတ်သက်၍ အဘိုးအိုပြောသွားခဲ့သမျှအရာအားလုံးကို စဥ်းစားရင်း မျက်မှောင်ကြုတ်သွားမိ၏။

"တာအိုရောင်ရင်း ကျုပ်ကို မနောက်ပါနဲ့ဗျာ။ ကျုပ်မှာ သာမန်ပင်ကိုယ်ပါရမီတွေပဲ ရှိတာ။ လူတွေလိုက်ရှာဖွေနေတဲ့ အထူးရတနာပစ္စည်းတွေ ဘာညာ မရှိပါဘူး။ ဒီလောက်ရှားတဲ့ ပန်းတစ်ပွင့်အတွက်နဲ့ ကျုပ်ကို အကောက်ကြံဖို့ ရန်သူအတွက် တန်မှာမဟုတ်ပါဘူးဗျာ"

အဘိုးအိုက သူ့ကို ခပ်ပြုံးပြုံးသာကြည့်ပြီး ဘာမှမပြောပေ။

မန်ဟို တခဏ တိတ်ဆိတ်သွားပြီးနောက် နောက်ထပ်သိုလှောင်အိတ်တစ်လုံးကို အဘိုးအိုရှေ့ချပေးလိုက်သည်။ အဘိုးအိုက ခေါင်းညိတ်သည်။

"မိတ်ဆွေလေး၊ မင်းပြောခဲ့တဲ့စကားက မှန်လည်းမှန်သလို မမှန်လဲ မမှန်ဘူး" အဘိုးအိုက ဖြေးညှင်းစွာ ပြောသည်။ "ဒီ သုံးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းက မပြည့်စုံဘူး။ ချွတ်ယွင်းချက်တွေ ရှိတယ်။ သုံးရောင်ထက်ပိုပြီးတော့ ပွင့်မှာမဟုတ်ဘူး။ မဟုတ်လို့ကတော့ ကမ္ဘာပေါ်က ဘယ်သူမှ မင်းအတွက် အဆိပ်ကို ဖြေမပေးနိုင်တော့ဘူး"

"ကျုပ် ဘယ်လို ဖြေရမလဲ" အဘိုးအိုက မဖြေသဖြင့် မန်ဟို နောက်အိတ်တစ်လုံးပစ်ပေးလိုက်ရပြန်သည်။

ထိုအချိန် ဆိုင်အပြင်ဘက်တွင် ပုစွန်ဆီရောင်ညနေခင်း မိုးကောင်းကင်တွင် ကြယ်ပွင့်လေးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ငွေသော်တာလမင်းကား ထိန််ထိန်ညီးနေပြီဖြစ်သည်။ မြို့တစ်ခွင်လုံးလည်း ဆီမီးအိမ်များအား ထွန်းညှိထားကြလေပြီ။ ဖြာကျနေသော လင်းရောင်ခြည်အောက်တွင် အဖြူရောင် လက်ပြတ်ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် အဝေးတစ်နေရာတွင် ပေါ်လာ၏။

သူမသည် လက်ဖျားခါလောက်အောင် လှပချောမောပြီး ကျက်သရေရှိစွာ တင့်တယ်နေသည်။ လရောင်ခြယ်အောက်က သူမ၏ ကျစ်လျစ်သေးသွယ်သော ပုံသဏ္ဍာန်လေးမှာ နတ်ဘုရားမတစ်ပါးအလား အသက်ရှူမှားလောက်ပေသည်။ သူမသည် အေးစက်တည်ငြိမ်ပြီး အလွန်သန့်စင်မွန်မြတ်၏။ သူမ၏အသွင်အပြင်မှာ မည်သည့်ရှုထောင့်တွင်မဆို သာမန်ထက်ထူးခြားလေသည်။ မြို့တစ်လျှောက် ပြည့်နှက်နေသော ဆီမီးရောင်များအကြား၌ သူမသည် ဆိုင်ထံသို့ လျှောက်လှမ်းလာသည်။ တံခါးတွင် ချိတ်ဆွဲထားသော ကျောက်ပြားအပေါ်ရှိ နံပါတ် ၁၉ကို မြင်သောအခါ ခပ်ယဲ့ယဲ့အပြုံးလေးတစ်ခု သူမမျက်နှာပေါ်တွင် တွဲခိုသွား၏။ ချူးလင်မှာတော့ ရင်ဘတ်ကြီးပေါက်ထွက်တော့မတတ် နှလုံးခုန်သံတို့ မြန်ဆန်နေချေပြီ။

ဤအမျိုးသမီးကို မှီခိုရာဂိုဏ်းမှာတုံးက မန်ဟိုကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ဖူးသည်။ သူမကား ဝမ်တန်ဖေး ဂိုဏ်းမှထွက်ခါသွားချိန်က အတူရှိနေခဲ့သော အမျိုးသမီး...... ဝမ်တန်ဖေး၏ ဇနီးလောင်း ချူယွီယန်ပင်။

***

All Chapters