← Chapters

နွေဦးနှင့် ဆောင်းဦးသစ်ပင်

Vol. 8 Ch. 107

နွေဦးနှင့် ဆောင်းဦးသစ်ပင်

Vol. 8 Ch. 107

" ဒီအဆိပ်ကို ရင်ဆိုင်ဖို့ နည်းလမ်းသုံးခုရှိတယ်" အဘိုးအိုက သိုလှောင်အိတ်ကိုသိမ်းရင်း ပြောသည်။ "တတိယနည်းလမ်းက အဆိပ်ကြောင့် ခံစားရတဲ့ နာကျင်မှု သက်သာစေဖို့ပဲ။ အဲ့ဒီအာနိသင်ရဖို့အတွက် မင်းစားနိုင်တဲ့ နွေဦးသစ်သီးသုံးမျိုးရှိတယ်

"ဒုတိယနည်းလမ်းကိုတော့ အဆိပ်အာနိသင်တွေကို ဖိနှိပ်ပြီး အဆိပ်တက်တဲ့အကြိမ်ရေနည်းအောင် သုံးနိုင်တယ်။ ဒါအတွက်ဆိုရင် မင်း နွေဦးနဲ့ဆောင်းဦးသစ်ပင်တစ်ပင် လိုတယ်။ တစ်ပင်ဆိုရင် တစ်နှစ်အထိ အဆိပ်ကို ဖိနှိပ်ပေးထားနိုင်တယ်။ စကားမစပ် အဲ့ဒီ့သစ်ပင်အမျိုးအစားက တကယ်တမ်း အဆိပ် တစ်သောင်းကို ဖိနှိပ်ပေးနိုင်တာထက်ပိုပြီး အစွမ်းထက်တယ်။ တော်တော်လေးရှားပေမယ့် မရနိုင်တာတော့ မဟုတ်ဘူး။ တစ်ခုတည်းသောဆိုးကျိုးကတော့ အဲ့တာသုံးရင် အဆိပ်ပိုပြင်းလာရုံတင်မကဘူး တန်ပြန်အားလဲ ပြင်းထန်တယ်။ မင်း အဆိပ်ကို မဖိနှိပ်နိုင်တော့တဲ့အချိန်ကျရင် တစ်ခါတည်းပေါက်ထွက်ပြီး မင်း ဖြေနိုင်မှာမဟုတ်တော့ဘူး

"အဆိပ်ကို လုံးဝထုတ်ပစ်ဖို့အတွက်ကတော့ ပထမဆုံးနည်းလမ်းက အသင့်တော်ဆုံးပဲ။ အဲ့တာက တကယ်တော့ ရိုးရိုးလေးရယ်။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်မှာရှိတဲ့ စီနီယာမျိုးဆက်တစ်ယောက်ယောက်ကို သွားရှာ။ သူတို့က စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ရဲ့စွမ်းအားကိုသုံးပြီး မင်းအဆိပ်ကို အလွယ်တကူ ထုတ်ပေးနိုင်တယ်

"သိပ်ကောင်းတယ်။ မင်း ဒီလောက်များတဲ့ဝိညာဥ်ကျောက်တုံးတွေကို သုံးထားတော့လဲ စတုတ္ထနည်းလမ်းကိုပါ ငါပြောပြပေးလိုက်မယ်။ တကယ်လို့ မင်းသာ ကံကောင်းထောက်မပြီး မဟာအကြီးအကဲဆေးလုံးမိစ္ဆာကိုယ်တိုင် ဖော်ထားတဲ့ အဆိပ်ဖြေဆေးလုံးကိုရရင်တော့ အဆိပ်လုံးဝဖြေနိုင်တယ်

"ဒါပေမယ့်လဲ" အဘိုးအိုက အေးဆေးတည်ငြိမ်စွာ ပြောသည်။ "မဟာအကြီးအကဲဆေးလုံးမိစ္ဆာက ဇီယွင်ဂိုဏ်းမှာ အဆင့်အတန်း မြင့်တယ်။ တော်တော်ခက်မှာပဲ"

မန်ဟို တစ်ချက်စဥ်းစားပြီးနောက် ဘာမှမပြောဘဲ နောက်အိတ်တစ်လုံးထုတ်လိုက်သည်။ ဝိညာဥ်ကျောက်တုံးများအား သူနှမြောပါသော်လည်း သူ့အသက်နှင့်နှိုင်းယှဥ်လျှင် ၄င်းတို့ကား ရုပ်ဝတ္ထုပစ္စည်းများသာ ဖြစ်ချေသည်။

အဘိုးအိုက မျက်လုံးများဝင်းလက်တောက်ပနေရင်း အိတ်ကိုလက်ခံပြီးနောက် ပြုံးသည်။

"မင်းမေးမယ့် မေးခွန်းကို ငါသိတယ်"

"ကျုပ် ဘယ်မှာဝယ်လိို့ရလဲ" မန်ဟိုက တတင်းမာခက်ထန်သောမျက်နှာထားဖြင့် အေးတိအေးစက်မေးသည်။

"အပြင်လူတစ်ယောက်သာဆိုရင်တော့ ဒီကြောင်း ဘယ်နည်းနဲ့မှ မသိနိုင်ဘူး။ ဒါပေမယ့် ငါ့အဆင့်အတန်းကိုစဥ်းစားကြည့်ရင်ငါကထူးခြားတယ်လေ။ ဒါကြောင့် မင်းလိုချင်တဲ့သတင််းအကြောင်း ငါကြားဖူးတာပေါ့ကွာ။တစ်လအတွင်း အနောက်တိုင်းသဲကန္တာရက ကုန်သည်တွေ ဒီကိုရောက်လာလိမ့်မယ်။ အဲ့အခါကျရင် သတမရတနာဆောင်မှာ လေလံပွဲကျင်းပကြလိမ့်မယ်။ သူတို့ရောင်းမယ့်ပစ္စည်းတစ်ခုက နွေဦးနဲ့ဆောင်းဦးသစ်ပင်ပဲ"

(မှတ်ချက်။ ။ သတမ= တစ်ရာ)

"သတမရတနာဆောင်" ကျိုးပြည်နယ်ရှိ အရှေ့ဘက်သန့်စင်ခြင်းမ်ြို့တော်ရှိ သတမရတနာဆောင်ကို တွေးမိသွားသဖြင့် မန်ဟို၏မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။

မန်ဟို ထရပ်လိုက်ပြီး အဘိုးအိုကို နောက်ဆုံးတစ်ခေါက်ကြည့်ကာ လှည့်၍ တံခါးထံလမ်းလျှောက်သွားသည်။ သူ တံခါးဖွင့်လိုက်သောအခါ ပထမဆုံးမြင်ရသည်က သန့်စင်မွန်မြတ်လှပသော မိန်းမပျိုလေးတစ်ဦးပင်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွား၏။

"ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်" မန်ဟို စိတ်ထဲတွေးလိုက်မိသော်လည်း မျက်နှာပေါ်တွင် မည်သည့်အရာမှမဖော်ပြဘဲ ရှေ့ဆက်လျှောက်သွားသည်။ အဖြူရောင်မိန်းမပျိုလေး၏အမူအရာကား ပုံမှန်ပင်။ မန်ဟိုထွက်သွားသည်နှင့် သူမ ဆိုင်ထဲ လျှောက်ဝင်သွားသည်။ ထိုစဥ် သူမ၏သွယ်တန််းသောမျက်ခုံးလေးတစ်စုံ တွန့်ချိုးသွားပြီး ထွက်သွားသော ချူးလင်နှင့်မန်ဟိုကို ပြန်လှည့်ကြည့်လိုက်သည်။

"သူ့ကို ရင်းနှီးသလိုလိုရှိပေမယ့် အရင်က ဘယ်မှာမြင်ခဲ့ဖူးလဲ မသိတော့ဘူး" ချူယွီယန် ထိုအကြောင်းအား သိပ်အာရုံမထားပေ။ သူမ မန်ဟို့ကို မှီခိုရာဂိုဏ်း၏ အရှေ့ဘက်တောင်တန်းထိပ်တွင် မြင်ခဲ့သည့်နှစ်တုံးက သူသည် စဦးချီဖွဲ့စည်းမှုအဆင့် ၆ တွင်သာ ရှိသေးသည်။ ဝမ်တန်ဖေးထံမှ အတွင်းစည်းထဲဝင်ရောက်ရန် အခွင့်အရေးကိုလုယူခဲ့သည့်တိုင် ချူယွီယန် သူ့ကို နည်းနည်းလေးပင် အာရုံမရှိပေ။ ထိုအချိန်မှစ၍ ခြောက်နှစ်ကုန်လွန်သွားခဲ့ပြီဖြစ်၍ သူမ သူ့အကြောင်း သတိပင်မရတော့ချေ။

သူမက မန်ဟို့ကို မေ့သွားသော်လည်း မန်ဟိုကတော့ သူမကို မမေ့ပေ။

ထိုညက သက်လတ်ပိုင်းတာအိုစောင့်ရှောက်သူကို မန်ဟို ဘယ်တော့မှ မေ့နိုင်သလို၊ ဝမ်တန်ဖေးနှင့် သာမန်ပိုသောပတ်သက်မှုရှိပုံရသည့် အမျိူးသမီးကိုလည်းး မေ့နိုင်မည်မဟုတ်ပေ။

(အပိုင်း ၃၅မှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်)

"သေချာပေါက် သူပဲ...." မန်ဟို အေးစက်သောမျက်နှာထားဖြင့် ခပ်သုတ်သုတ်လျှောက်နေပါသော်လည်း သူ၏အတွေးများကား ပြေးလွှားနေ၏။ သူမ၏တုံံ့ပြန်ပုံအရ သူ့ကိုမမှတ်မိကြောင်း သိသာသည်။ မည်သို့ပင်ဆိုစေ၊ သူသည် မကြာသေးမီက အတော်များများပြောင်းလဲသွားခဲ့သည်မဟုတ်ပါလော။ အထူးသဖြင့် ကျင့်ကြံခြင်းအခြေအရဆိုလျှင် လက်ရှိမန်ဟိုကို အရင်မန်ဟိုနှင့် ဆက်စပ်ကြည့်ရန် မည်သူမဆိုအတွက် ခက်ခဲမည်သာ ဖြစ်သည်။

"အဲ့တုံးက ငါက ဘာကောင်မှမဟုတ်သေးဘူးလေ။ ကြည့်ရတာ ဝမ်တန်ဖေးနှင့်တော်တော်ရင်းနှီးပုံပဲ၊ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းက ဂိုဏ်းသားဖြစ်ရမယ်။ သူ့အပေါ်တော့ ဘာသဘောထားမှ မရှိပေမယ့် သူ့ကျင့်ကြံခြင်းအခြေခံက ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ရောက်နေပြီ..... ဝမ်တန်ဖေး......ဝမ်တန်ဖေးရဲ့ကျင့်ကြံခြင်းအခြေခံကော ဒီအချိန် ဘယ်အဆင့်ရောက်နေလိမ့်မလဲ" ထိုနှစ်က ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို သူပြန်တွေးမိသွားပြီး သူ၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု မသိမသာဖြစ်ထွန်းလာ၏။

ချူးလင်လည်း အလေးအနက်တွေးနေရင်း သူ့နဘေးတွင် လမ်းလျှောက်နေသည်။ ထို့နောက် သူက နောက်လှည့်ကြည့်ပြီး ရုတ်တရက် ရပ်လိုက်၏။

"အခု ကျွန်တော်သိပြီ။ အဲ့တာ ချူယွီယန်ပဲ"

"ချူယွီယန်" မန်ဟိုက ရိပ်ခနဲအမူအရာပြောင်းသွားရင်း ချူးလင်ကိုပြန်ကြည့်ကာ မေးသည်။ "ဟိုက အမျိုးသမီးကို ပြောတာလား"

"ဟုတ်တယ်" ချူးလင်က စိတ်လှုပ်ရှားစွာဖြင့် ဆိုသည်။ "သူက ဇီယွင်ဂိုဏ်းရဲ့ ရွေးချယ်ခံဖြစ်ရုံတင်မကဘူး၊ တောင်ပိုင်းဒေသ ထိပ်တန်းလှပဂေးလေးဦးထဲက တစ်ယောက်လဲဟုတ်တယ်။ သေချာပေါက်သူပဲ"

"ဟုတ်လား" မန်ဟို၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။

"ကောဟဟလတွေအရ" ချူးလင်ကား ရွှန်းရွှန်းဝေအောင် ပြောတော့သည်။ " သူမွေးတဲ့အချိန်မှာ သုခဘုံကြာပန်းတစ်ပွင့် ပွင့်ခဲ့တယ်တဲ့။ သူရဲ့မွေးရာပါစွမ်းရည်တွေကတော့ အံမခန်းပဲ။ သူ့အလှကလဲ ထူးခြားတယ်။ မဟာအကြီးအကဲဆေးလုံးမိစ္ဆာကိုယ်တိုင် သူ့ကို လက်ထောက်အဖြစ် ခန့်ထားတာ။ သူ့ရဲ့ ချစ်သူ ဝမ်တန်ဖေးကလဲ မြင့်မြတ်တဲ့ ဝမ်မျိုးနွယ်စုက ရွေးချယ်ခံရသူတစ်ယောက်။ သူတို့နှစ်ယောက် စေ့စပ်တဲ့နှစ်တုံးကဆို တောင်ပိုင်းဒေသတစ်ခုလုံး ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်နေတော့တာပဲ" ချူးလင်သည် တောင်ပိုင်းဒေသအတွင်း ဖြစ်ပျက်နေသော ကိစ္စရေးရာများနှင့်ပတ်သက်၍ နှိုက်နှိုက်ချွတ်ချွတ်သိသော်လည်း သူစကားပြောနေစဥ်တွင် မန်ဟို့မျက်လုံးများထဲ ပေါ်ပေါက်လာသည့် အကြည့်ကို သတိမထားမိပေ။

ချူးလင်းက ချူယွီယန်နှင့်ပတ်သက်သော အကြောင်းစုံ အားတက်တရောပြောနေရင်း သူတို့နှစ်ယောက်သား တရွေ့ရွေ့ဆက်လျှောက်သွားကြသည်။ မန်ဟို၏တောင်းဆိုမှုကြောင့် သူသည် မြို့အစွန်အဖျားရှိ တည်းခိုဆောင်တစ်ဆောင်ကို ဦးဆောင်ခေါ်သွား၏။ မန်ဟိုက သူ့ကို လေလံပွဲနှင့်စပ်လျဥ်း၍ မေးခွန်အနည်းငယ်မေးမြန်းပြီးနောက် သူရသင့်ရထိုက်သော ဝိညာဥ်ကျောက်တုံးများ ပေးချေလိုက်သည်။ ချူးလင်ပြန်သွားချိန်တွင် ညဥ့်နက်နေပြီဖြစ်သည်။

တည်းခိုဆောင်ရှိ အခန်းထဲတွင် မန်ဟို တင်ပျဥ်ခွေထိုင်လိုက်သည်။ သူ၏မျက်လုံးများကား တဖျတ်ဖျတ်လက်နေပြီး သူ၏စိတ်အစဥ်မှာ ချူးလင်ပြောပြခဲ့သည့် ချူယွီယန်အကြောင်းမျိုးစုံဖြင့် ပြည့်နှက်နေ၏။ အမွေးတိုင်နှစ်တိုင်ထွန်းစာ အချိန်ကုန်ဆုံးသွားပြီးနောက်တွင် သူက မျက်မှောင်ကြုတ်လိုက်သည်။

" ချူယွီယန်ကို အသုံးချပြီး မဟာအကြီးအကဲဆေးလုံးမိစ္ဆာဆီက အဆိပ်ဖြေဆေးလုံးရဖို့ နည်းလမ်းတစ်ခုခုများရှိမလား မသိဘူး......." မဟာအကြီးအကဲဆေးလုံးမိစ္ဆာအကြောင်းတွေးလေလေ၊ တင်းရှင့်၏ ချီအခြေတည်အဆင့်ဆေးလုံးအကြောင်း သူတွေးမိလေလေပင်။

"တင်းရှင့်လဲ မဟာအကြီးအကဲဆေးလုံးမိစ္ဆာရဲ့ တပည့်တစ်ယောက်ပဲ....." မန်ဟို ခါးသက်စွာဖြင့် ရယ်မောလိုက်မိသည်။ သူသည် ထိုလူ၏တပည့်ကို သတ်ခဲ့ပြီး ဇီယွင်ဂိုဏ်းကိုလည်း ရန်စခဲ့လေသည်။ ထိုနည်းဖြင့် အဆိပ်ဖြေခြင်းက အလွန်ခက်ခဲပေလိမ့်မည်။

အချိန်အနည်းငယ်ကြာသော် သူ တရားစထိုင်တော့သည်။ ချီအခြေတည်အဆင့်ရောက်ရှိပြီးနောက်ပိုင်း စဦးချီဖွဲ့စည်းမှုအဆင့်ထက် ပို၍ ဝိညာဥ်စွမ်းအား အမြောက်အမြားလိုအပ်ကြောင်း မန်ဟို တွေ့ရှိခဲ့၏။ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်သို့ရောက်ရှိရန် အလို့ငှာ သူသည် တာအိုမဏ္ဍိုင်လေးတိုင် ဖန်တီးရမည်ဖြစ်သည်။

"အခု ငါ့မှာ တာအိုမဏ္ဍိုင်တစ်တိုင်ပဲ ရှိသေးတယ်။ တာအိုမဏ္ဍိုင်ပေါ်က အက်ရာကြောင့် အနာအဆာမဲ့အခြေတည်ခြင်းအဆင့်မှာပဲ။ ဒါ့အပြင် စဦးချီဖွဲ့စည်းမှုအဆင့် ၁၃ကို ရောက်ပြီးတဲ့နောက်မှ ငါ့ရဲ့ အခြေခံကို စိုက်ထူခဲ့တယ်။ ငါ့ရဲ့ကျင့်ကြံခြင်းကလဲ မြင့်မြတ်သောဝိညာဥ်ကျမ်းစာပေါ်မှာ အခြေခံတာကြောင့် တာအိုမဏ္ဍိုင်က ရွှေရောင်ဖြစ်နေတာပဲ။ ငါ့ရဲ့ဉာဏ်အလင်းက နက်ရှိုင်းပြီးတော့ ငါ့မှာ တခြားသူတွေထက်ပိုပြီး စိတ်ဝိညာဥ်အာရုံပိုပေါများတယ်။ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်က လူတော်တော်များများက ငါ့ရဲ့ပြိုင်ဘက် ဖြစ်လိမ့်မယ် မထင်ဘူးး

"အလယ်အလတ်အဆင့်မှာ ရှိတဲ့ ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ကျ တစ်ခါမှ မတိုက်ခိုက်ဖူးတော့ အတပ်မပြောနိုင်ပေမယ့် ထိန်းနိုင်လိမ့်မယ်လို့ ထင်တာပဲ" သူသည် ရှန်းမျိုးရိုးလူထွားကြီးဖြင့် တိုက်ခိုက်ခဲ့သော ပြိုင်ပွဲကို ပြန်တွေးမိလိုက်သဖြင့် သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားတော့သည်။ ထိုအချိန်တုံးက သူသည် အနာအဆာမဲ့အခြေတည်ခြင်း၏ စွမ်းအားအကြောင်း များစွာပို၍ နားလည်လာခဲ့၏။ သူ၏ ဒုတိယမြောက်တာအိုမဏ္ဍိုင် တည်ဆောက်ရန် အချိန်ကျလျှင် သူ အဆင်သင့်ဖြစ်နေမည်ဖြစ်သည်။

"ငါ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်အတွက် သင့်တော်တဲ့ဆေးလုံးတွေ လိုအပ်တယ်" သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းရင်း ရေရွတ်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများကို ပိတ်ကာ လျှပ်စီးအလံကို ထုတ်သည်။ အလံထွက်လာသည်နှင့်တစ်ပြိုင်နက် လျှပ်စီးမီးပန်းများ တဖျတ်ဖျတ် လက်လက်ထနေသော လျှပ်စီးမြူစက်ကွင်းတစ်ခု ပေါ်လာ၏။ တစ်စုံတစ်ယောက် သူ့ကိုလုပ်ကြံရန် အားထုတ်လျှင် လျှပ်စီးများက သူ့ကို ချက်ချင်းကာကွယ်ပေးမည်ဖြစ်သည်။

မြူများအတွင်းတွင် မန်ဟိုသည် အဌမမိစ္ဆာချုပ်နှောင်မန္တန်ကို အသုံးပြုရန် နောက်တစ်ဖန်ကြိုးစားသော်လည်း ထပ်မံမအောင်မြင်ပြန်ပေ။ သို့သော် ကျရှုံးသည့်အကြိမ်တိုင်း ဉာဏ်အလင်းပွင့်ရန် တစတစ နီးစပ်လာပုံရသည်။

ညသည် ပုံမှန်အတိုင်း ကုန်ဆုံးသွား၏။ အရှေ့ဘက် မိုးကုပ်စက်ဝန်းဆီမှ လင်းရောင်ခြည်တို့ ပက်ဖျန်းလာသည့်အခါ မန်ဟို၏ မျက်လုံးများ ပွင့်သွားသည်။ ထို့နောက် သူသည် တုန်းလိုင်ပြည်၏ ဤကျင့်ကြံသူများမ်ြို့တော်ကို လျှောက်ပတ်ကြည့်ရန် တည်းခိုဆောင်မှ ထွက်လာလိုက်သည်။ သူသည် မြို့ထဲတွင် ချီအခြေတည်အဆင့်အတွက် သင့်တော်သော ဆေးလုံးတချို့လည်း ရှာချင်ပြီး နွေဦးနှင့်ဆောင်းဦးသစ်ပင်နှင့်ပတ်သက်၍လည်း နည်းနည်းပါးပါးသိရန် မျှော်လင့်ထားလေသည်။

မန်ဟို မ်ြို့ထဲရှိ ဆိုင်အားလုံးနီးပါးအား မွှေနှောက်ရှာဖွေနေသည့်အတောအတွင်း လဝက်ကုန်ဆုံးသွားသည်။ ဤမြို့မှာ မယုံကြည်နိုင်ဖွယ်ကောင်းသော ဆေးလုံးများ၊ မှော်ပစ္စည်းများဖြင့် စုံလင်စွာပြည့်နှက်နေပါသော်လည်း စျေးကား တော်တော်ကြီးသည်။ သူ၏ ထင်မြင်ချက်များအား အချိန်ပေးစဥ်းစားပြီးနောက်တွင်မှ မန်ဟိုသည် ချီအခြေတည်အဆင့်အတွင်း အသုံးဝင်သော သာမန်ဆေးလုံးတစ်လုံး ဝယ်ယူလိုက်သည်။

ဤဆေးလုံးကို စုစည်းဆေးလုံးဟုခေါ်ပြီး ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်အတွက် သင့်တော်လေသည်။

"ချီအခြေတည်အဆင့်အတွက် သင့်တော်တဲ့ဆေးလုံးတွေ တော်တော်လေးများပေမယ့် သူတို့ရဲ့အာနိသင်က မထူးခြားပုံပဲ။ တကယ့်ကို အဆင့်မြင့်ဆေးလုံးတွေကိုကျ ဂိုဏ်းအမျိုးမျိုးကနေ အထူးသီးသန့်ဖော်စပ်ထားတာ။ အပြင်လူတစ်ယောက်အတွက် ရဖို့ခက်ခဲတယ်။ ရဖို့ကို အသာထား၊ မြင်ဖို့အခွင့်အရေးကလဲ လေလံပွဲတစ်ခုတည်းရှိတာ"

နောက်ထပ်လဝက်ကုန်ဆုံးသွားပြန်သည်။ မန်ဟိုသည် မြို့နှင့်တဖြေးဖြေး အကျွမ်းတဝင်ရှိလာပြီဖြစ်သည်။ အခုလောလောဆယ်တွင် သူသည် တည်းခိုဆောင်၏ စားသောက်ဆိုင်အတွင်းတွင် ပြတင်းပေါက်ဘေး၌ ထိုင်ကာ အောက်ဖက်ရှိ ပျားပန်းခတ်မျှသွားလာလှုပ်ရှားနေသော လူအုပ်ကြီးကို ကြည့််နေ၏။ သူက အတွေးထဲ နစ်မြောနေရင်း လက်ထဲတွင် ကိုင်ဆောင်ထားသော သေရည်ခွက်ကို တစ်ကျိုက်မော့လိုက်သည်။

"ငါ လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ဆေးလုံးတွေ အလွန်အကျွံသုံးစွဲခဲ့မိတယ်။ သာမန်လူတစ်ယောက်ထက် ပိုများတဲ့ဆေးလုံးပမာဏနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို တွန်းပို့ခဲ့တယ်" သူမျက်မှောင်ကြုတ်နေမိသည်။ မြို့ထဲတွင် ချီအခြေတည်အဆင့်အတွက် သင့်တော်သောဆေးလုံးများ မရှိ၍လည်းမဟုတ်၊ စျေးကြီးလွန်း၍လည်း မဟုတ်ပေ။ ပြဿနာက လည်ဆွဲငါးခုပင်။

မ်ြို့ထဲတွင် သတ်မှတ်ထားသောပစ္စည်းများအား ဝယ်ယူရန် မည်သူအခွင့်အရေးရနိုင်သည်ကို အဆုံးအဖြတ်ပေးသော လည်ဆွဲအမျိုးအစားငါးခုရှိသည်။ ထိုလည်ဆွဲတစ်ခုခုမပါပါက သတ်မှတ်ထားသောပစ္စည်းများအား ဝယ်ရန် ငွေကြေးအလုံအလောက်ရှိစေကာမူ ဝယ်၍မရပေ။ ၄င်းက မြို့၏စည်းမျဥ်းဖြစ်ပြီး ဇီယွင်ဂိုဏ်းအတွက် နိုင်ငံအတွင်း ဆေးလုံးဖြန့်ဝေမှုများအား လက်ဝါးကြီးအုပ်ရန် နည်းလမ်းလည်းဖြစ်သည်။

"လည်ဆွဲအမျိုးအစားငါးခု။ တစ်ခုရဖိို့ တစ်ခုတည်းသောနည်းလမ်းက တာဝန်တစ်ခုခုထမ်းဆောင်ပေးရမယ်တဲ့လေ။ ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်သလဲ" မန်ဟို သေရည်ခွက်ကို မြှောက်ပြီး နောက်တစ်ကျိုက်မော့လိုက်ပြန်သည်။ သူ၏မျက်နှာကား ပို၍သုန်မှုန်လာ၏။

"ကံကောင်းစွာနဲ့ လေလံပွဲမှာ ပါဝင်ဖို့ ငါ့အတွက် လည်ဆွဲမလိုဘူး။ ဝင်ကြေးပေးဖို့ ဝိညာဥ်ကျောက်တုံးလုံလုံလောက်လောက်ရှိသရွေ့ ငါ အထဲဝင်နိုင်တယ်" မန်ဟို အောက်ဖက်ရှိလမ်းကို ဝေ့ဝိုက်ကြည့်ရင်း တစ်ကိုယ်တည်း ပွစိပွစိရေရွတ်နေစဥ် အချိန်များတရွေ့ရွေ့ကုန်ဆုံးသွား၏။ မကြာမီ တည်းခိုဆောင်၏စားသောက်ဆိုင်သည် စကားမစမြည်ပြောကြဆိုကြရင်း သတင်းများဖလှယ်နေကြသော ကျင့်ကြံသူများဖြင့် ပြည့်နှက်လာတော့သည်။

ချူးလင်သည် မန်ဟို့အတွက် နာမည်ကြီးသောတည်းခိုဆောင်ကို ရွေးချယ်ပေးခဲ့ခြင်းဖြစ်၏။ ဤနေရာတွင် သေရည်ကိုသာ ရရှိနိုင်လေသည်။ အတိအကျဆိုရလျှင် ကြည်နူးရိပ်ဝိညာဥ်သေရည်ဟုသော အမျိုးအစားတစ်ခုတည်းသာ တည်ခင်းဧည်ခံကြသည်ဖြစ်သည်။

ဤသေရည်၏ အရသာမှာ အတော်လေးပြိုင်ဘက်ကင်း၏။ ၄င်းက လည်ချောင်း တောက်လျှောက် ပူဆင်းမသွားပေ။ ပြင်းပါသော်လည်း ဝိညာဥ်စွမ်းအင်များဖြင့် ဖောက်ထားခြင်းဖြစ်သည်။ ဝိညာဥ်စွမ်းအင်အမြောက်အမြားမဟုတ်သည့်တိုင် သေရည်အား စျေးကြီးစေရန်အထိတော့ လုံလောက်လေသည်။

" အနောက်တိုင်းသဲကန္တာရက ကုန်သည်တွေ ဒိီနေ့ရောက်တယ်လို့ ကျုပ်ကြားခဲ့တယ်။ပြီးတော့ ဒီတစ်ခေါက် မနှစ်ကထက် လူအများကြီး ခေါ်လာတယ်တဲ့။ သတမရတနာဆောင်လေလံပွဲမှာ ရတနာတွေအများကြီး လုရတော့မယ်ဆိုတာ ကျုပ်လောင်းရဲတယ်"

" တောင်ပိုင်းဒေသမှာလိုမျိုး အနောက်တိုင်းသဲကန္တာရမှာ ရင်းမြစ်များများစားစားမရှိပေမယ့် သူတို့မှာ ကျုပ်တို့မရှိမဖြစ်လိုအပ်တဲ့ ပြိုင်ဘက်ကင်းပစ္စည်းတွေတစ်ပုံကြီးရှိတယ်။ သူတို့ နှစ်အနည်းငယ်ကြာလို့ပေါ်လာတိုင်း နိုင်ငံအသီးသီးက ကုန်သည်တစ်ရာအဖွဲ့နဲ့ ဂိုဏ်းအမျိုးမျိုးဆီက ကိုယ်စားလှယ်တွေ ခေါ်လာတတ်တယ်။ သူတို့ကျင့်ကြံသူတွေကျင့်တဲ့ ကျင့်စဥ်တွေက သိပ်ထူးဆန်းတယ်သိလား။ သူတို့ဆီကနေ ကျုပ်တို့ တစ်ခုခုသင်ယူလေ့လာဖို့ အခွင့်အရေးရပါစေလို့ မျှော်လင့်ရတာပဲ"

"ကျုပ်တော့ အဲ့လိုမထင်ဘူး။ သူတို့ သိသိသာသာကို ပုံမှန်ထက်ပိုပြီး လူတွေခေါ်လာဆိုတော့ အကြောင်းပြချက်တစ်ခုတော့ရှိရမယ်။ ဟိုအင်မိုတယ်ရဲ့ အလောင်းနဲ့ပတ်သက်ပြီး တစ်ခုခုပတ်သက်နေမယ်ဆိုတာ ရှစ်ဆယ်ကနေကိုးဆယ်ရာခိုင်နှုန်းအထိ အခွင့်အရေးရှိတယ်ဗျာ" အသံများကား စားသောက်ဆိုင်ထဲတွင် ကျွတ်ကျွတ်ညံနေချေသည်။ အများစုမှာ လဝက်အတွင်း ကျင်းပတော့မည့်လေလံပွဲနှင့် အနောက်တိုင်းသဲကန္တာရကုန်သည်များဆိုက်ရောက်လာမှုဖြင့် မည်သို့ဆက်စပ်နေသည်ကို အကြိတ်အနယ်ဆွေးနွေးနေကြလေသည်။

မန်ဟိုကား ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ကုန်သည်များအကြောင်းက သူ့ကို မဆွဲဆောင်နိုင်သော်လည်း အင်မိုတယ်တစ်ယောက်၏ ရုပ်အလောင်းအကြောင်း ကြားသောအခါ သူ၏မျက်လုံးများ ဝင်းလက်သွားပြီး ပြန်ထိုင်လိုက်သည်။ ထို့နောက် သူက သေရည်နောက်တစ်ခွက်ငှဲ့၍ တစ်ကျိုက်သောက်ကာ ဆက်နားထောင်နေလိုက်သည်။

"အင်မိုတယ်ရဲ့ ရုပ်အလောင်း......ဟီးဟီး ဟိုးတလောကပဲ လူသတ်ပွဲကြီးဖြစ်ပြီးသွားပြီ။ လွန်ခဲ့တဲ့သုံးနှစ်တုံးက ဂိုဏ်းကြီးငါးဂိုဏ်းနဲ့ မဟာမျိုးနွယ်စုသုံးစု အဲ့နယ်မြေထဲဝင်ရောက်ဖို့ အားထုတ်ခဲ့ပေမယ့် ကျရှုံးပြီးရင်း ကျရှုံးခဲ့တယ်လေ။ သူတို့မှာ နောက်ဆုတ်ဖို့ကလွှဲပြီး ရွေးချယ်စရာမရှိခဲ့ဘူးး"

"အင်မိုတယ်ရဲ့ရုပ်အလောင်းက တောင်ပိုင်းဒေသရဲ့ အန္တရာယ်နယ်မြေသုံးခုထဲက တစ်ခုဖြစ်တဲ့ ပြန်လည်မွေးဖွားခြင်းဂူကို ဝင်ရောက်ချင်လို့ အဲ့ဒီနှစ်က ကောင်းကင်ဘုံကနေ ပြုတ်ကျလာခဲ့တာဖြစ်ရမယ်။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် အဲ့နေရာကနေ မီတာသုံးထောင်အဝေးမှာ ကျရောက်ခဲ့တယ်။ တကယ်တမ်းဆိုရင် အဲ့အလောင်းက ဂိုဏ်ကြီးငါးဂိုဏ်းနဲ့ မဟာမျိုးနွယ်စုသုံးစုကို လှုံံဆော်ခဲ့ရုံတင်မကဘူး။ ပြန်လည်မွေးဖွားခြင်းဂူထဲမှာ ရှိတဲ့ ထူးထူးဆန်းဆန်းအရာတွေလဲ တခါတလေ ထွက်ထွက်လာတတ်တယ်"

"လူတိုင်း အင်မိုတယ်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းလေး တစ်ခုလောက် လိုချင်တာပဲ။ အဲ့အစိတ်အပိုင်းသေးသေးလေးက အင်မိုတယ်အဆင့်ကို တက်လှမ်းဖို့ မျှော်လင့်ချက်ရှိသွားစေတယ်လေ" မန်ဟို စားသောက်ဆိုင်ထဲရှိ တစ်ယောက်တစ်ပေါက်ပြောသံများအား နားထောင်နေစဥ် သူ၏မျက်လုံးများထဲ၌ ထူးဆန်းသောအရိပ်အယောင်တစ်ခုပေါ်ပေါက်လာသည်။ သူသည် ကျိုးပြည်မှာတုန်းက ကုန်းမြေများ ထပ်ကာထပ်ကာလှုပ်ခတ်ခဲ့နေချိန်ကို ပြန်တွေးမိသွား၏။ ထိုစဥ်က ကောင်းကင်ဘုံမှ တစ်စုံတခုပြုတ်ကျလာပြီး ပထဝီမြေကြီးနှင့်ရိုက်ခတ်သွားခဲ့သည်ဟု သူခံစားခဲ့ရလေသည်။

"ကျုပ်ဘာကြားခဲ့လဲ ခင်ဗျားသိလား။ အင်မိုတယ်ရဲ့ရုပ်အလောင်းပြုတ်ကျလာတုန်းက တချို့ဆို မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတယ်တဲ့။ သူ့ရဲ့သူငယ်အိမ်တွေက ခဲရောင်သမ်းနေပြီးတော့ အထဲမှာ ကြယ်စင်ခုနစ်လုံး လင်းလက်နေတယ်လို့ ပြောကြတယ်" မန်ဟို ဤစကားအားကြားချိန်တွင် နောက်တစ်ကျိုုက်မော့ရန် ခွက်ကိုမြှောက်နေရုံရှိသေးသည်။ ရုတ်တရက် သူ့တစ်ကိုယ်လုံးတုန်ရီသွားပြီး သူ့လက်များတဆတ်ဆတ်တုန်လာကာ သေရည်များ ဖိတ်ကျကုန်၏။

***

All Chapters