ကံကြမ္မာဆိုး၏ဒဏ္ဍာရီ
Vol. 8 Ch. 109
နဂါးငွေ့တန်းပင်လယ်မှ နှစ်တစ်ထောင်ခရုခွံ။ကျင့်ကြံသူတစ်ဦး၏သက်တမ်းကို ရှည်စေနိုင်စွမ်းရှိခြင်း။ သက်တမ်းဟူသည် အဖိုးအနဂ္ဃထိုက်တန်၏။ အသက်ရှည်ရှည်နေရန်မှာ မည်သူမဆိုအတွက် အရေးကြီးသည်သာ ဖြစ်သည်။ ၄င်းကား အသည်းနှလုံးထဲမှ ပေါက်ဖွားလာသော လိုလားတောင့်တမှုတစ်ခုပင်။
ယင်းမှာ နောက်ဆုံးနှစ်ကာလအပိုင်းအခြားကို ရောက်ရှိနေပြီဖြစ်သော ကျင့်ကြံသူများအတွက်ဆို ပိုမှန်သည်။ သူတို့သည် သက်တမ်းအား နှစ်ခြောက်ဆယ်ရပ်ဝန်းဆွဲဆန့်ရန် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်မည်ဖြစ်၏။
ဤပစ္စည်းသည် ပထမဆုံးလေလံပစ္စည်းဖြစ်နေသည့်အချက်က တော်တော်လေးပွက်လောရိုက်သွားစေ၏။ အောက်ဖက်ရှိ လူတစ်ထောင်နီးပါးအဖွဲ့ထဲမှသာမက အပေါ်ရှိ သီးသန့်ရုံများမှ လူများပါ အပြိုင်အဆိုင် စျေးခေါ်လာကြသည်။ နှစ်တစ်ထောင်သက်တမ်းရှိသော ခရုခွံအတွက် ခေါ်စျေးများမှာ မန်ဟို့ကို ထိတ်လန့်သွားစေသည့်အဆင့်အထိပင် မြင့်သထက်် မြင့်လာတော့သည်။
အဆုံးသတ်တွင် ဒုတိယအထပ်သီးသန်ရုံမှ လူတစ်ယောက် ဝယ်ယူသွား၏။ အောက်ဖက်ရှိ လူစုထဲမှ ဘယ်သူမှ မဝယ်နိုင်ခဲ့သော်လည်း ဝယ်စျေးကြောင့် စိတ်ဓာတ်အားမာန်များတက်ကြွလာကြသည်။ ဒုတိယ၊ တတိယနှင့် စတုတ္ထပစ္စည်းများ ထွက်ပေါ်လာသောအခါ ပို၍ပင်စိတ်လှုပ်ရှားဖွယ်ကောင်းလာပြီး ခေါ်စျေးများ ပို၍ပင်မြင့်မားလာ၏။
မန်ဟို့အတွက် ဤကဲ့သို့ လေလံပွဲမျိုးကို ပထမဆုံးတက်ဖူးခြင်းဖြစ်၍ ကျင့်ကြံသူများ၏ ထိန်းမနိုင်သိမ်းမရလောက်အောင် စိတ်လှုပ်ရှားနေမှုများအား ပထမဆုံးမြင်ဖူးခြင်းလည်း ဖြစ်သည်။ သူ့စိတ်အစဥ်မှာ တဖြေးဖြေးရှင်းလင်းလာပြီး ဝယ်လိုသောပစ္စည်းများအတွက် စျေးခေါ်နေကြသော ကျင့်ကြံသူများကို အေးစက်စွာ ကြည့်လိုက်သည်။
"မဲနံပါတ် ၈က တာအိုရောင်ရင်းအများစု ဝယ်ဖို့ ဒီကို တကူးတက ခရီးထွက်လာရတဲ့ ပစ္စည်းတစ်ခုပဲ....." ဆရာကြီးချောင်က အေးအေးလူလူပြောသည်။ သူက ညာလက်ကို ဟန်ပါပါဝှေ့ယမ်းလိုက်ရာ သူ့နောက်တွင် ကျောက်စိမ်းဗန်းတစ်ဗန်းအပေါ်ရှိ နောက်ထပ်ပစ္စည်းတစ်ခုနှင့်အတူ ချောင်လင် ပေါ်လာ၏။
၄င်းက အနက်ရောင်အရိုး၏ အပိုင်းအစတစ်ခုဖြစ်သည်။ ၄င်း၏ အနားများမှာ အချွန်အတက်များဖြင့် မညီမညာဖြစ်နေပြီး ဦးခေါင်းခွံတစ်ခု၏ အစိတ်အပိုင်းဖြစ်ဟန်တူလေသည်။ ၄င်းအပေါ်တွင် ရှုပ်ထွေးသော မှော်သင်္ကေတများကိုလည်း ရေးဆွဲထားသည့်အပြင် ရှေးဆန်ပြီး အော်ဂလီဆန်ဖွယ် အနံအသက်များကို ထုတ်လွှတ်နေ၏။
၄င်းအား ကျောက်စိမ်းဗန်း၏ အသေးစားဒိုင်းငယ်တစ်ခုဖြင့် ချိတ်ပိတ်ထားသော်လည်း အနံ့အသက်အချို့ ပျံ့လွင့်လာရာ လေလံပွဲကျင်းပရာ ရင်ပြင်တစ်ခုလုံးတွင် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက စုဆောင်းလာခဲ့ပုံရသော ပုပ်သိုးသိုးအနံဆိုးများဖြင့် ပြည့်နှက်သွားသည်။ ရှိသမျှလူတိုင်းမှာ မဖော်ပြနိုင်လောက်အောင် ပြင်းထန်သောပူဆွေးသောကများဖြင့် ပြည့်နှက်နေသည့် ရှေးဟောင်းအရှိန်အဝါတစ်ခုကို ခံစားလိုက်ရလေသည်။
" တောင်ပိုင်းဒေသရဲ့ အန္တရာယ်နယ်မြေသုံးခုထဲက တစ်ခုက ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းပဲ။ ကံကြမ္မာဆိုးမျိုးနွယ်စုက ရှေးခေတ်အခါတုံးက ထွန်းတောက်ပေါ်ထွက်လာခဲ့ပေမယ့် မိုးကောင်းကင်ရဲ့ အသိအမှတ်ပြုမှုကို မရခဲ့ဘူး။ ကောင်းကင်တာအိုက သူတို့ကို ကျိန်စာတိုက်ခဲ့တာကြောင့် သူတို့အားလုံး သေဆုံးခဲ့ကြရတယ်။ ဒါပေမယ့် သူတို့ရဲ့စိတ်ဝိညာဥ်တွေက အလွယ်တကူ သေဆုံးလိုစိတ် မရှိလို့ မို့ကောင်းကင်ကို အာခံပြီး သူတို့ရဲ့ဘုရားကျောင်းကို ဖန်တီးခဲ့ကြတယ်
"အဲ့အချိန်ထဲက နှစ်တွေဘယ်လောက် ကုန်ဆုံးသွားခဲ့လဲဆိုတာ ပြောဖို့ခက်တယ်။ ဘုရားကျောင်းက ကြောက်စရာကောင်းတဲ့ ဘေးအန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့ အန္တရာယ်နယ်မြေတစ်ခုဖြစ်လာခဲ့တယ်။ အနုသုခုမရုပ်ခန္ဓာအခြေတည်ခြင်းအဆင့်ကျင့်ကြံသူတွေတောင်မှ အဲ့ဒီကနေ အသက်ရှက်ထွက်လာနိုင်ဖို့ မလွယ်ဘူး။ ဒါပေမယ့် ဘုရားကျောင်းထဲမှာ ရှေးဟောင်းအမွေအနှစ်တစ်ခု၊ ရှေးဟောင်းဝိညာဥ်ဆေးတွေနဲ့ ရတနာတွေရှိတယ်။ လွန်ခဲ့နှစ်အနည်းငယ်တုံးက ယီးကျန့်ဂိုဏ်းရဲ အကြီးအကဲတစ်ယောက် သူမြင်ခဲ့ရတဲ့ အသက်ရှည်ဆေးလုံးအကြောင်း ကယောင်ကတမ်းပြောရင်း အသက်ရှင်ရက် ထွက်လာခဲဖူးတယ်
" အခုလို ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းမှ တိုက်ရိုက်ဆင်းသက်လာတဲ့ ဒီပစ္စည်းကို လေလံတင်ရာမှာ သတမရတနာဆောင်ကို ကိုယ်စားပြုရတဲ့အတွက် ကျုပ် အတိုင်းထက်အလွန် ဝမ်းသာကျေနပ်မိပါတယ်။ ဒီပစ္စည်းမှာ မကောင်းဆိုးဝါးတွေကို ကာကွယ်နိုင်တဲ့ စွမ်းအားရှိတယ်" သူစကားပြောပြီးသောအခါ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ သို့သော်လည်း လူအများ လေလံစဆွဲရန် သိပ်မကြာလိုက်ပေ။
"ဝိညာဥ်ကျောက်တုံး သုံးသိန်း"
"ဝိညာဥ်ကျောက်တုံး ငါးသိန်း။ အဲ့ပစ္စည်းက မကောင်းဆိုးဝါးရန်က ကာကွယ်နိုင်တယ်။ ငါ ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းထဲဝင်ရင် သေချာပေါက်သေမှာ။ ပြီးတော့ ငါ့သက်တမ်းရဲ့ အဆုံးသတ်ကိုလဲ ရောက်နေပြီ။ ဒါပေမယ့် အဲ့ဒီပစ္စည်းနဲ့သာဆိုရင်တော့ ငါ ဘုရားကျောင်းထဲ ဝင်နိုင်လောက်တယ်"
"ဝိညာဥ်ကျောက်တုံး ခြောက်သိန်း။ ကျုပ်တော့ ဒီပစ္စည်းကို အရယူဖို့ စိတ်ပိုင်းဖြတ်ပြီးသွားပြီ"
ခေါ်စျေးများကို နားထောင်ရင်း မန်ဟို၏မျက်လုံးများ တဖျတ်ဖျတ်လက်နေသည်။ သူသည် တောင်ပိုင်းဒေသ၏ အန္တရာယ်နယ်မြေသုံးခုအကြောင်း ဖတ်ခဲ့ဖူးသော်လည်း တိတိကျကျမဟုတ်ဘဲ ယေဘုယျသာ သိခဲ့ရသည်။ အခုတွင် ဆရာကြီးချောင်၏ ကျေးဇူးဖြင့် ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းအကြောင်း အနည်းငယ်ထပ်သိလိုက်ရလေပြီ။
"အန္တရာယ်နယ်မြေသုံးခု - ပြန်လည်မွေးဖွားခြင်းဂူ၊ ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းနဲ့ ကမ္ဘာဦးတာအိုရေကန်များ....." မန်ဟိုကြည့်ရှုနေစဥ် ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းမှ ပစ္စည်းအပေါ် ခေါ်စျေးများသည် တဖြေးဖြေးမြင့်တက်လာသည်။ ခဏကြာသော် သူက မျက်လုံးများပိတ်လိုက်သည်။ ဤပစ္စည်းတွင် သူနည်းနည်းလေးမှ စိတ်ဝင်စားခြင်းမရှိပေ။
ပစ္စည်းတစ်ခုပြီးတစ်ခု လေလံဆွဲနေစဥ် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ နောက်ဆုံး၌ ဆရာကြီးချောင်၏ အသံထွက်ပေါ်လာသည်။
"မဲနံပါတ် ၃၈က စုစုပေါင်း သန့်စင်အခြေတည်ဆေးလုံး၆လုံးရှိတဲ့ ဆေးပုလင်းပဲ။ မဟာအကြီးအကဲ ဆေးလုံးမိစ္ဆာကိုယ်တိုင် ဖော်စပ်ထားပြီးတော့ ချီအခြေတည်အဆင့်ကျင့်ကြံသူတွေအတွက် သင့်တော်တယ်။ ကြမ်းခင်းစျေး သုံးသောင်း။ ခေါ်စျေးက အနည်းဆုံး တစ်သောင်းစီတိုးရမယ်"
အရှေ့က လေလံပစ္စည်းအချို့တွင် ဆေးလုံးများပါဝင်ခဲ့သော်လည်း စျေးမြင့်လျှင်မြင့်၊ သို့မဟုတ်လျှင် သူ့အဆင့်အတွက် မသင့်တော်ဖြစ်ခဲ့သည်။ သို့သော် ဤသန့်စင်အခြေတည်ဆေးလုံးကား လေလံတင်လာသမျှထဲ စျေးအနည်းဆုံးပစ္စည်းဖြစ်လေသည်။
"ဝိညာဥ်ကျောက်တုံး လေးသောင်း" လေလံပွဲတက်ရောက်သူများတွက် စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူများ အများဆုံးဖြစ်ပြီး ထို့နောက်တွင် ချီအခြေတည်အဆင့်ကျင့်ကြံသူများဖြစ်သည်။ စောစောက လေလံဆွဲသည့်လူအရေအတွက် သိပ်မများခဲ့သော်လည်း ဤပစ္စည်းအတွက်မူ လူအတော်များများ အပြိုင်အဆိုင်စျေးခေါ်လာကြလေသည်။
"ဝိညာဥ်ကျောက်တုံး ငါးသောင်း"
"ကျုပ် ဝိညာဥ်ကျောက်တုံး ရှစ်သောင်းနဲ့ လေလံဆွဲမယ်။ ကျုပ် အဲ့ဒီသန့်စင်အခြေတည်ဆေးလုံးတွေ လိုတယ်။ ကျေးဇူးပြုပြီးတော့ တာအိုရောင်ရင်းအပေါင်းတို့ ဖုန်းယွဲ့ဂိုဏ်းအတွက် ကျုပ်ကို ယူသွားခွင့်ပေးပါ"
"တစ်သိန်း" မန်ဟိုက တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ပြောသည်။ သူလည်း ဤဆေးလုံးများလိုအပ်လေသည်။ သူပါးစပ်ဟလိုက်လျှင်ချင်း အခုလေးတင်စကားပြောခဲ့သော ကျင့်ကြံသူက လှည့်လာ၏။ သူ၏မျက်လုံးများ ဟိုဟိုသည်သည်ပြေးသွားသော်လည်း လူအရမ်းများလွန်းသဖြင့် မည်သူပြောလိုက်သည်လဲ ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။
"တစ်သိန်းတစ်သောင်း" သူက အေးစက်စွာ ဆိုသည်။
"တစ်သိန်းငါးသောင်း" မန်ဟိုသည် သူ့ကိုလိုက်ရှာနေသော ကျင့်ကြံသူအား အနည်းငယ်ပင် ဂရုမစိုက်ပေ။ သူစကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ထိုလူ့၏အကြည့်က သူ့အပေါ်ကျရောက်လာ၏။
ဤဖုန်းယွဲ့ဂိုဏ်းမှ ကျင့်ကြံသူသည်လည်း ချီအခြေတည်အဆင့်တွင်ဖြစ်သည်။ သူက အံတင်းတင်းကြိတ်ရင်း မန်ဟို့ကို သတ်ဖြတ်တော့မတတ် စိုက်ကြည့်နေ၏။
" နှစ်သိန်း"
မည်သူမှ ဆက်လက်လေလံဆွဲလိုစိတ်မရှိတော့ပေ။ ဆေးလုံးက ထူးကဲပါသော်လည်း ဝိညာဥ်ကျောက်တုံးနှစ်သိန်းမှာ သူတို့အများစုတတ်နိုင်သည့်အတိုင်းအတာထက် ကျော်လွန်သွားပြီဖြစ်သည်။
မန်ဟို မှုန်ကုပ်သွားသည်။ သူ ဤဆေးလုံးကို လိုအပ်သော်လည်း တကယ်တမ်း တစ်လုံးကိုသာ လိုအပ်ခြင်းဖြစ်သည်။ ထို့ပြင် နွေဦးနှင့်ဆောင်းဦးသစ်ပင်အတွက် စျေးကလည်း မည်မျှမြင့်ဦးမည်ကို သူမသိနိုင်ပေ။ ထိုသည်နှင့်ယှဥ်လျှင် ဆေးလုံးက အရေးမကြီးသောကြောင့် လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။
"မဲနံပါတ် ၃၉ နွေဦးနဲ့ဆောင်းဦးသစ်ပင်။ ဒီသစ်အမျိုးအစားက သိပ်တွေ့ရလေ့မရှိဘူး။ ဒါက အဆိပ်အမျိုးအစား တစ်သောင်းကို ဖိနှိပ်ပေးနိုင်ပြီး မှော်ပစ္စည်းအမျိုးမျိုးပြုလုပ်ဖို့ အဓိကပါဝင်ပစ္စည်းအဖြစ် မွမ်းမံလို့ရတယ်။ ဒါ ဒီပစ္စည်းမျိုးကို ကျုပ်ကိုယ်တိုင် ပထမဆုံးလေလံတင်ဖူးတာပဲ။ ဒါကြောင့် အဆွေတာအိုရောင်ရင်းတို့အားလုံးကို သတင်းအချက်အလက်တချို့ ဝေမျှပေးချင်ပါတယ်
"နွေဦးနဲ့ဆောင်းဦးသစ်ပင်ကို နွေဦးနဲ့ဆောင်းဦးမိုးကြိုး သာမန်သစ်သားကို ပစ်ချလိုက်တဲ့အချိန် ဖန်တီးထားတာဖြစ်တယ်။ လူတွေ ပြုလုပ်လို့မရဘူး။ မိုးကောင်ကင်ရဲ့ ကံကောင်းခြင်းနဲ့အညီမှပဲ ပေါ်လာတာ။ အဆွေတို့ တော်တော်များများ သိပြီးသားဖြစ်မှာပါ။ ဒီသစ်ပင်မှာ အမြစ်မရှိဘူး။ ဒါကြောင့် အဆွေတို့ ဒါကို မြေကြီးပေါ်ချလိုက်ရင် ကြီးထွားလာမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒဏ္ဍာရီအရ ဒီသစ်ပင်ရဲ့ မိခင်သစ်ပင်က မြေအောက်ကမ္ဘာသင်္ချိုင်းမှာ ရှိပြီး လောကသစ်ပင်လို့ ခေါ်ကြတယ်" သူ၏စကားလုံးများက လေလံပွဲကျင်းပရာရင်ပြင်တစ်ခုလုံးအား အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေ၏။ လောကသစ်ပင်ဆိုသော စကားသံကို ကြားရလျှင်ချင်း သီးသန့်ရုံထဲရှိ ကျင့်ကြံသူများပင်လျှင် တအံ့တသြငုံံ့ကြည့်လိုက်ကြသည်။
"ဆရာကြီးချောင်" သီးသန့်ရုံတစ်ရုံမှ အသံတစ်သံထွက်လာသည်။ " ခင်ဗျားပြောလိုက်တဲ့ လောကသစ်ပင်ဆိုတာ မိုးကောင်းကင်အလွန်ကို လမ်းပြပေးတဲ့ ဒဏ္ဍာရီလာသစ်ပင်လား"
"အမှန်ပဲ" ဆရာကြီးချောင်က တည်ငြိမ်အေးဆေးသောအမူအရာဖြင့် ပြောသည်။ "သူ့ရဲ့ပုံသဏ္ဍာန်က နွားတစ်ကောင်နဲ့တူပြီးတော့ သစ်ခေါက်ကို အလွယ်တကူခွာလို့ရတယ်။ အဲ့လို့ခွာတဲ့အချိန်ကျရင် အမျှင်တန်းတွေက အဝါရောင်မြွေတစ်ကောင်အသွင်ရှိတယ်။ သူ့ရဲ့အရွက်တွေက ပိုက်ကွန်တစ်ခုနဲ့တူတယ်။ သူ့အသီးက ရွှေမိုးကျသစ်ပင်က အသီးနဲ့ဆင်တူတယ်။ သူ့နာမည်က လောကသစ်ပင်ပဲ
"ရှေးခေတ်အခါတုံးက ကောင်းကင်ယံကကြယ်တွေကို အစားထိုးပစ်နိုင်တဲ့ မြင့်မြတ်သောစွမ်းအားကြီးရဲ့ ဒဏ္ဍာရီတစ်ပုဒ်ရှိတယ်။ကောင်းကင်က အဲဒီ့စွမ်းအားကြီးအပေါ်မှာဖြစ်ပြီး ကြယ်တာရာတွေက အပြင်ဘက်မှာ တည်ရှိတယ်။ ဒါပေမယ့် လောကသစ်ပင်က မိုးကောင်းကင်ကို နာခံဖို့ သဘောမတူခဲ့ဘူး။ ဒါကြောင့် ပေါက်ကွဲသွားပြီး သူ့ရဲ့ခန္ဓာကိုယ်က ကြယ်တာရာတွေအကြားထဲ ပြန့်ထွက်သွားတယ်။ ဒါပေမယ့် ကမ္ဘာမြေကြီးအတွင်းမှာ ကျန်ရစ်ခဲ့သေးတယ်။ နွေဦးနဲ့ဆောင်းဥိီးရာသီတွေမှာ ကောင်းကင်မိုးကြိုးက အဲ့ဒီ့အပေါ် ပစ်ခတ်လေ့ရှိတယ်။ ဒါကြောင့် သူ့ကိုယ်သူကာကွယ်ဖို့အတွက် နွေဦးနဲ့ဆောင်းဦးသစ်ပင်ကို ဖန်တီးလိုက်တာပဲ
"စိမ်းပုပ်ရောင်အရွက်၊ ခရမ်းရောင်ပင်စည်၊ အနက်ရောင်ပန်းပွင့်တွေနဲ့ အဝါရောင်သစ်သီး။ သူ့လောင်းရိပ်အောက်မှာ အသံမရှိသလို အရိပ်လဲမကျဘူး။ ဟုတ်ပါတယ်။ ဒါတွေက ကျုပ်ကြားခဲ့ဖူးတဲ့ ကောလဟာလေတွေပေါ့ဗျာ။ မှန်လား၊မှားလားတော့ ကျုပ်လဲ သေချာမသိဘူး။ နွေဦးနဲ့ဆောင်းဦးသစ်ပင်အတွက် ကြမ်းခင်းစျေးကို ဝိညာဥ်ကျောက်တုံးတစ်သိန်းက စမယ်" ဆရာကြီးချောင်၏စကားလုံးများက နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို စိတ်မဝင်စားခဲ့သူများကိုပင် ရုတ်တရက် မျက်စိကျသွားစေ၏။
မန်ဟို မျက်မှောင်ကြုတ်သွားသည်။ အရင်က သူ့မှာ သစ်ပင်၏စျေးနှုန်းကို ထိန်းနိုင်လိမ့်မယ်ဟု ယုံကြည်ခဲ့သော်လည်း အခုတွင် လူပေါင်းများစွာ စိတ်ဝင်စားနေပြီဖြစ်ရာ သေချာပေါက်စျေးမြင့်ပေတော့မည်။
သူက လေလံပွဲကျင်းပရာစင်မြင့်ထက်၌ ရပ်နေသော ဆရာကြီးချောင်ကို မော့ကြည့်လိုက်သည်။ သူ၏မျက်နှာမှာ အမူအရာကင်းမဲ့သော်လည်း ထိုလူ မည်မျှပါးနပ်ပြီး ရက်စက်ကြောင်း မန်ဟို သိသိသာသာအာရုံရနေ၏။
အပေါ်ထပ် သီးသန့်ရုံထဲရှိ ချူယွီယန်လည်း မှုန်ကုပ်သွားသည်။ သူမ၏ကွေးညွတ်နေသော မျက်ခုံလေးနှစ်ဖက်သည် တွန့်ချိုးနေပြီး သူမမှာ စိတ်ထဲတွင် သက်ပြင်းချနေလေသည်။ သူမ အတန်ငယ် အလျင်လိုခဲ့မိကြောင်း သဘောပေါက်လိုက်သည်။ သမတရတနာဆောင်ကား သူမစုံစမ်းပြီးနောက်တွင်မှ ဤကဲ့သို့တမင်လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ ကြည့်ရသရွေ့ သူတို့သည် ဤသစ်ပင်အား သူမလိုအပ်နေသော အကြောင်းရင်းကိုလည်း သိနေပုံထောက်သည်။
ရင်ပြင်ထဲရှိ ကျင့်ကြံသူအမြောက်အမြား အပြိုင်အဆိုင်စျေးခေါ်လာကြ၏။
"တစ်သိန်းခွဲ"
"နှစ်သိန်း"
"နှစ်သိန်းသုံးသောင်း"
မန်ဟိုမှာမူ စျေးများ မြင့်တက်လာသည်ကိုသာ စောင့်ကြည့်ရင်း ထိုင်နေ၏။
"နှစ်သိန်းခြောက်သောင်း။ ဒါကျုပ်အတတ်နိုင်ဆုံးပဲ။ ဒီသစ်ပင်က အဆိပ်တွေကို ဖိနှိပ်ပေးနိုင်ပေမယ့် စားသုံးလို့ရတဲ့ ပစ္စည်းတစ်ခုဖြစ်တယ်။ ကျုပ် လောကသစ်ပင်လို့ခေါ်တဲ့အရာကြောင့် လိုချင်တာမဟုတ်ပါဘူးး။ ကျုပ် အဆိပ်ဖြေဖို့အတွက် လိုချင်တာပါ" အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော စကားပြောချိုသည့်ကျင့်ကြံသူတစ်ဦးက ယဥ်ယဥ်ကျေးကျေးပြောသည်။ သူက ဘေးပတ်ဝန်းကျင်ရှိကျင့်ကြံသူများအား လက်ယှက်လျက် အရိုအသေပေးလိုက်သည်။
ဤအခိုက်တွင် ချူယွီယန် စကားစပြောသည်။
"သုံးသိန်း" သူမ၏ ပြတ်သားသောအသံလေး ထွက်ပေါ်လာခြင်းက လူများစွာကို အပေါ်သို့မော့ကြည့်မိလိုက်စေသော်လည်း မည်သူပြောခဲ့သည်လဲ အတပ်မပြောနိုင်ကြပေ။
"သုံးသိန်းနှစ်သောင်း" အခြားကျင့်ကြံသူက ရင်တဒိန်းဒိန်းခုန်လျက် ပြောသည်။ သူက အံကိုကြိတ်ပြီး သီးသန့်ရုံများအား မော့ကြည့်လိုက်၏။ ထိုနေရာရှိ လူအားလုံးမှာ တုန်းလိုင်ပြည်မှ အထင်ကရပုဂ္ဂိုလ်ကျော်များဖြစ်သဖြင့် အမှားပြု၍မဖြစ်ပေ။ သို့သော်လည်း သူ့မှာ နောက်မဆုတ််နိုင်ချေ။
"သုံးသိန်းငါးသောင်း" ချူယွီယန်က တည်ငြိမ်စွာပြောသည်။ အခုတွင် အောက်မှလူတချို့သည် အသံ မည်သည့်နေရာက လာနေကြောင်း ပြောနိုင်ပြီး သီးသန်ရုံ၏ အပေါ်ဆုံးအထပ်ကို မော့ကြည့်လိုက်ကြသည်။ သို့သော် ကျင်ကြံသူအများစုမှာ ယခုထက်ထိ အသံ ဘယ်ကလာနေသည်လဲ မဆုံးဖြတ်နိုင်ကြသေးပေ။
အနက်ရောင်ဝတ်ရုံနှင့်ကျင့်ကြံသူ၏မျက်နှာကြီး ရှုံ့မဲ့သွားသည်။ နောက်ဆုံး၌ သူက ခါးသက်သက်ရယ်မောလိုက်သည်။ ဝိညာဥ်ကျောက်တုံးသုံးသိန်းနှစ်သောင်းမှာ သူတတ်နိုင်သမျှအကုန်ဖြစ်သည့်အပြင် အခြားသူများထံမှ ချေးထားသည်များလည်း ပါသေးသည်။ သို့သော်လည်း ထိုသည်က ဒုတိယအကြောင်းပြချက်သာ။ သူ့ကို လေလံပြိုင်ဆွဲခြင်းအပေါ် လက်လျှော့စေလိုက်သည့် အဓိကအကြောင်းရင်းမှာ တစ်ဖက်လူ၏အဆင့်အတန်းပင်။ သူနှင့်အတူ လေလံပြိုင်ဆွဲနေသော သူ၏ နေရာအတိအကျကို သူမသိသော်လည်း ထိပ်ဆုံးအဆင့် သီးသန်ရုံမှလာနေသည်ကို ထည့်တွက်လျှင် သူ ရန်စနိုင်သည့်သူမဟုတ်ကြောင်း သိလေသည်။
သူက နောက်ထပ်စျေးမခေါ်တော့ပဲ ခံပြင်းစွာ ထိုင်ချလိုက်သည်။
ဤအမည်မသိမိန်းကလေး မည်သူဖြစ်စေကာမူ သူမသည် နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို အလိုရှိနေကြောင်း လူတိုင်းသိ၏။ သီးသန့်ရုံများအတွင်းက လူတစ်ယောက်အား မည်သူမှ အတိုက်အခိုက်လုပ်လိုစိတ်အရှိပေ။
ချူယွီယန် သက်ပြင်းခပ်ဖွဖွချလိုက်မိသည်။ သူမမှာ မူလတန်ဖိုးထက် အဆမတန်ကျော်လွန်သော ဝိညာဥ်ကျောက်တုံးသုံးသိန်းခွဲကို သုံးစွဲနေရ၏။ သို့သော် သူမအတွက်တော့ တန်ပါသေးသည်။
သို့သော် ထိုအခိုက်အတန့်တွင် အသံတစ်သံက တိတ်ဆိတ်နေမှုကို ဖြိုခွဲသွား၏။
"သုံးသိန်းခြောက်သောင်း"
အသံထွက်လာသောအခါ ရင်ပြင်ရှိလူတိုင်း မည်သူပြောလိုက်သည်လဲ အသည်းအသန်လိုက်ရှာလိုက်သည်။ အနီးအနားရှိ ကျင့်ကြံသူများ သူ့ကို တအံ့တသြကြည့်နေကြသောကြောင့် ရင်ပြင်ရှိလူတိုင်း သူ့ကိုကြည့်ရန် သိပ်မကြာလိုက်ပေ။
သူက မျက်နှာဖုံးတပ်ထားပြီး ခေါင်းကိုငုံ့၍ တည်ငြိမ်သော မျက်ဝန်းများဖြင့် မလှက်မယှက်ထိုင်နေသည်။
"လေးသိန်း" ချီယွင်ယန်က မျက်မှောက်ကြုတ်ရင်း ပြောသည်။ သူမမှာ တစ်ယောက်ယောက် နောက်ထပ်လေလံဆွဲလိမ့်မည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးသော်လည်း စျေးနှုန်းကိုမြှင့်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
"လေးသိန်းတစ်သောင်း" မန်ဟိုက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏အသံမှာ ပုံမှန်ထက်ပို၍ သြရှနေသော်လည်း တည်ငြိမ်နေဆဲ ဖြစ်သည်။
***