← Chapters

အလွယ်တကူအနိုင်ယူခြင်း

Vol. 88 Ch. 1229

အလွယ်တကူအနိုင်ယူခြင်း

Vol. 88 Ch. 1229

"ငှက်တစ်ထောင်မိုးကြိုးသွား"

မီထိုဖာက တတိယမြောက်တိုက်ကွက်ကို ထုတ်ဖော်လိုက်တယ်၊ ဒါက သူ့ရဲ့အသန်မာဆုံးတိုက်ကွက်လဲ ဖြစ်တယ်။

ရိုက်ချက်တစ်ခုနဲ့အတူ မိုးကြိုးတွေက ငှက်အကောင်တစ်ထောင်ကျည်ကျည်ကျာကျာမြည်နေသလို စုဝေးလာကြတယ်။

တစ်ချိန်တည်းမှာ ဒီဓားကွက်က မယုံနိုင်လောက်အောင် မြန်တယ်။

ဓားအလင်းတစ်ခုကို လျှပ်တစ်ပြက်မြင်လိုက်ရပြီး  ဓားသွားက ရှရမ်ကျယ်ရဲ့ရင်ဘက်သို့ ရောက်ရှိလာတယ်။

ရှရမ်ကျယ်ရဲ့ရင်ဘက်က အနည်းငယ်ချိုင့်ဝင်သွားတယ်၊ ဒါပေမယ့် လျင်မြန်စွာ ပြန်ကန်ထွက်သွားပြီး တိမ်သောဓားအမှတ်အသားတစ်ခုကို ချန်ထားရစ်ခဲ့တယ်။

နောက်ဆုံးတော့ ဒီဓားကွက်က ရှရမ်ကျယ်ရဲ့အရေပြားကို ချိုးဖြတ်နိုင်ခဲ့ပြီပေါ့။

"ငါ့ရဲ့အရေပြားကို ချိုးဖြတ်နိုင်တဲ့အတွက် မင်း ဂုဏ်ယူသင့်တယ်"

ရှရမ်ကျယ်က သူ့ရဲ့ညာလက်ကို ဆန့်ထုတ်လိုက်တယ်။

မီထိုဖာက ‌နောက်သို့ ကမန်းကတန်း လျင်မြန်စွာ ပြန်ဆုတ်လိုက်တယ်။

ကံမကောင်းစွာနဲ့ သူက ဘယ်လောက်ပဲမြန်မြန်၊ ရှရမ်ကျယ်ထက် ပိုမမြန်နိုင်ပါဘူး။

သူက မီထိုဖာရဲ့လက်ထဲရှိဓားကို ဆုတ်ကိုင်မိသွားတာနဲ့ ရှရမ်ကျယ်ရဲ့ညာလက်က အနည်းငယ်တုန်ခါသွားပြီး အလွန်အမင်းသန်မာတဲ့ချီက ဖြတ်သန်းလာတယ်။

အုန်း....အုန်း....အုန်း....

မီထိုဖာရဲ့ခန္ဓာကိုယ်က ‌သွေးမြူတွေ ပေါက်ကွဲထွက်သွားပြီး သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အရူးအမူးကုန်ဆုံးလာတယ်။

စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို မသုံးဘဲ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို မှီခိုရုံမျှနဲ့ မီထိုဖာက အပြင်းအထန်ဒဏ်ရာရသွားခဲ့တယ်၊ လူတိုင်းက မှင်တက်သွားကြတယ်၊ ယွမ်ဝေ့ကတောင် မှင်တက်နေမိတယ်။

"စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့၉၄၀မြောက်တည်ရှိမှုလို့ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူ့ကို ဖိတ်ခေါ်ရတာ ထိုက်တန်လှပါတယ်လေ" ဟွမ်ရှောက်ပေ့က အားရပါးရရယ်မောလိုက်တော့တယ်။

မုန်တိုင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရှရမ်ကျယ်အတွက် သူပေးချေခဲ့တဲ့တန်ဖိုးကမြင့်မားပေမယ့် သူက အလောင်းအစားတိုက်ပွဲကို အနိုင်ရပြီး အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံကို ရနိုင်သရွေ့ သူက ဆုံးရှုံးမှုတစ်ခုတစ်လေတောင် ရှိမှာမဟုတ်ဘူး၊ သူကတောင် အမြတ်ရလာမှာပါ။ တကယ်တော့ ရှရမ်ကျယ်ကိုဖိတ်ခေါ်တဲ့တန်ဖိုးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံမဟုတ်ဘူးလေ။

"သန်မာလွန်းတယ်၊ ဒါ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းထဲကသူရဲ့ခွန်အားလား။ ဒါ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမှာလဲ၊ နတ်ဘုရားအတတ်တွေကို အသုံးမပြုရင်တောင် သူက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကို အပြင်းအထန်ဒဏ်ရာရစေနိုင်တယ်"

"စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နဲ့ငါတို့က အဆင့်မတူသသလို စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းကသူတွေက အဆင့်မတူပါဘူး"

"ယွမ်ဝေ့က ဒီတစ်ခါဆိုးဆိုးဝါးဝါးရှုံးနိမ့်တော့မှာပဲ၊ ဒါပေမယ့် သူ့ရဲ့ကံဆိုးဝါးမှုကိုပဲ သူ အပြစ်တင်ရမယ်။ ဟွမ်ရှောက်ပေက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းကစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို ဖိတ်ခေါ်နိုင်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

လူတိုင်းရဲ့မှတ်ချက်တွေကို ကြားပြီး ယွမ်ဝေ့နဲ့ဟွမ်ရှောက်ပေတို့နှစ်ယောက်စလုံးရဲ့အမူအရာက လေးနက်နေတော့တယ်၊ အနိုင်ရမှာ သေချာရဲ့လားလို့တောင် သူက လီဖူချန်းကို မေးချင်နေခဲ့တယ်၊ ဒါပေမယ့် သူ မမေးရဲပါဘူး။

"စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွမ်အားက သတ္တမအဆင့်၊ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်ဘီလီယံ။ ကွဟချက်က ကြီးမားလွန်းတာပဲ"

လီဖူချန်းက သူ့ခေါင်းကို ခါယမ်းလိုက်တယ်။

ပုံမှန်အခြေအနေမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အားကောင်းတဲ့အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေနဲ့ တူပြီး စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ပိုသန်မာတယ်။ ဒါပေမယ့် အမြဲတမ်းတော့ အဲဒီလိုမဟုတ်ပါဘူး။ အချို့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက အကောင်းတဲ့အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေထက် ပိုမသန်မာပါဘူး။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေရဲ့စွမ်းအားက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေထက် သာလွန်တဲ့အကြောင်းကတော့ စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကြောင့်ပဲ။

အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတော်တော်များများက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို မဖန်တီးနိုင်ပါဘူး။

အကယ်လို့ ဖန်တီးနိုင်ရင်တောင် အားနည်းတဲ့အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကိုပဲ ဖန်တီးနိုင်တယ်။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကတော့ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို တစ်ခုပြီးတစ်ခုဖန်တီးနိုင်တယ်။

ဖန်တီးထားတဲ့စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေရဲ့ခွန်အားနဲ့အဆင့်အရ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကို သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်၊ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နဲ့ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဆိုပြီး အဆင့်အမျိုးမျိုးခွဲခြားထားတယ်။

ဒါကြောင့် စိတ်ဝိညာဉ်နတ်ဘုရားသခင်အများစုမှာ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁.၅ဘီလီယံခန့်ရှိပြီး နှစ်သန်းထက် မကျော်ကာ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ပဉ္စမဒါမှမဟုတ်ဆဌမအဆင့်ရှိတယ်။ ဥပမာအားဖြင့် မီထိုဖာရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁.၅ဘီလီယံသာရှိပြီး စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက ပဉ္စမအဆင့်ရှိတယ်။

အခြားတစ်ဖက်မှာတော့ မုန်တိုင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရှရမ်ကျယ်က သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို အသုံးမပြုရသေးဘူး၊ ဒါကြောင့် ဘယ်အဆင့်ရှိမလဲကို မသိဘူး။

ဒါပေမယ့် သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းနဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက မှင်တက်စရာပါပဲ။

စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်ဘီလီယံရှိတယ်၊ အဲဒါက မီထိုဖာထက် သန်းငါးရာပိုမြင့်တယ်၊ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက သတ္တမအဆင့်ရှိကာ မီထိုဖာထက် နှစ်ဆင့်ပိုမြင့်တယ်။

စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်ဆမြင့်ရင် ခွန်အားက ဆယ်ဆပိုသန်မာတယ်။

စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက တစ်ဆင့်ပိုမြင့်ရင် ခွန်အားက အဆအနည်းငယ်တိုးလာပါလိမ့်မယ်။

ဒီနည်းလမ်းအရ ရှရမ်ကျယ်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက မီထိုဖာထက် အဆများစွာ ပိုသန်မာတယ်၊ ဒါကြောင့် သူက မီထိုဖာကို အလွယ်တကူရိုက်နှက်နိုင်တာပေါ့။

"ဟားဟား၊ ပျော်စရာတွေပဲဟေ့......"

သူက မီထိုဖာကို အနိုင်ယူခဲ့ပေမယ့် ရှရမ်ကျယ်က မရပ်တန့်သေးပါဘူး၊ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ဆက်လက်ဖော်ထုတ်ပြီး လေပွေတစ်ခုက မီထိုဖာကို ရစ်ပတ်လာတယ်။

ဒီလေပွေက အသားကြိတ်စက်တစ်ခုနဲ့တူတယ်၊ မီထိုဖာရဲ့ခန္ဓာကိုယ်ကို ဖြတ်တောက်‌ပြီး အသားလွှာတွေကို တစ်လွှာပြီးတစ်လွှာဖျက်ဆီးနေလေတယ်၊ တစ်ခဏကြာပြီးနောက် မီထိုဖာရဲ့အသားနဲ့သွေးက ပတ်ပတ်လည်ကို ပျံ့နှံ့သွားတော့တယ်။

လူတိုင်းက ကြည့်တောင်မရဲတော့ဘူးဖြစ်နေတယ်၊ အနိုင်ရနေပြီးပဲလေ၊ ဘာလို့ ဒီလောက်ထိ နှိပ်စက်ညှင်းပန်ရတာလဲ။

"ရပ်စမ်း" လျိုချမ်က ပြေးထွက်လာတယ်။

အုန်း.....

ပုံရိပ်တစ်ခုက လွင့်ထွက်သွားပြီး လျိုချမ်က မြေပြင်ပေါ်သို့ လဲကျသွားလေတယ်၊ သူက အချိန်အတော်ကြာတဲ့အထိ ပြန်မထနိုင်တော့ဘူး။

"မင်းက လူတွေကို နှိပ်စက်ညှင်းပန်းရတာကို ကြိုက်တာလား"

လီဖူချန်းကို သူ့ခေါင်းကို ခါယမ်းလိုက်တယ်၊ သူ့ခန္ဓာကိုယ်က အနည်းငယ်လှုပ်သွားတယ်။

ယန်ပိုင်ရှန်က ခေါင်းလှည့်ပြီး လီဖူချန်းနဲ့ ပြောဖို့ ပြင်လိုက်ပေမယ့် လီဖူချန်းက ရှ်ိမနေတော့ပါဘူး။

လေပွေက ပျောက်ကွယ်သွားပြီး လက်တစ်ဖက်က ရှရမ်ကျယ်ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတယ်။

"မင်းက အနိုင်ရနေပြီးပဲ၊ ဘာလို့ အခုလို လုပ်ရတာလဲ"

ရှရမ်ကျယ်က ရယ်လိုက်တယ်"မင်းရှုံးရင် မင်းလဲ အဲလိုဖြစ်ဖို့ ပြင်ဆင်ထား"

"ဒါဆိုရင် မင်းက ရှုံးဖို့ အသင့်ဖြစ်နေပြီလား" လီဖူချန်းက ‌ပြန်မေးလိုက်တယ်။

"ငါက၊ ဘယ်သူက ငါ့ကို အနိုင်ယူနိုင်မှာမို့လို့လဲ"

ရှရမ်ကျယ်က သူ့ခွန်အားကို စတင်ထုတ်ဖော်ခဲ့ပြီး လီဖူချန်းရဲ့လက်မှ လွတ်မြောက်ဖို့ ကြိုးစားခဲ့တယ်။

ဟမ့်.....

ရုတ်တရက် ရန်သူရဲ့လက်ဝါးက တောင်တန်းတစ်ခုနဲ့တူပြီး လုံးဝမလှုပ်စေနိုင်ဘူးဆိုတာ ရှရမ်ကျယ်က သိခဲ့တယ်။

"ဘယ်လိုဟာသလဲ"

ရှရမ်ကျယ်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်သွားပြီး သူ့လက်ပေါ်ရှိအပြာရောင်သွေးကြောတွေက ထွက်ပေါ်လာတယ်၊ အလွန်သန်မာတဲ့ချီအားတစ်ခုက သူ့လက်မှတစ်ဆင့် လီဖူချန်းရဲ့လက်ဖဝါးဆီ ဖြတ်သန်းလာခဲ့တယ်။

ဒါပေမယ့် လီဖူချန်းရဲ့လက်ဖဝါးက နတ်ဘုရားလက်ဖဝါးတစ်ခုနဲ့ တူတယ်၊ ရှရမ်ကျယ်က စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားဘယ်လောက်ပဲ ပေါက်ကွဲထွက်နေပါစေ၊ ၎င်းက ပင်လယ်ထဲကိုဝင်ရောက်သွားတဲ့ရွှံ့နွားတစ်ကောင်နဲ့တူပြီး လုံးဝမတုံ့ပြန်နိုင်ခဲ့ဘူး။

ရှရမ်ကျယ်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက သတ္တမအဆင့်ရှိပြီး လီဖူချန်းကလဲ အတူတူပါပဲ။

ခြားနားချက်ကတော့ ရှရမ်ကျယ်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်ဘီလီယံသာရှိပြီး လီဖူချန်းကတော့ ရှစ်ဘီလီယံရှိတယ်။

ပြီးတော့ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားမှာ ထိပ်တန်းအဆင့်ဥပဒေသဖြစ်တဲ့ဓားတာအိုဥပဒေသပါဝင်တယ်။ ရှရမ်ကျယ်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက လေတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားဖြစ်ပြီး သာမန်ဥပဒေသဖြစ်တဲ့လေတာအိုဥပဒေသပါဝင်တယ်။

မီထိုဖာနဲ့ရှရမ်ကျယ်ကြားကွာဟချက်က ကြီးမားတယ်ဆိုရင် ရှရမ်ကျယ်နဲ့လီဖူချန်းကြားကွာဟချက်ကလဲ ကြီးမားပါတယ်။

အသက်ရှုချိန်အနည်းငယ်ပြီးနောက် တစ်ခုခု မှားနေတာကို လူတိုင်းက မြင်ခဲ့တယ်။ ရှရမ်ကျယ်က လီဖူချန်းရဲ့လက်ဖဝါးမှ မလွတ်မြောက်နိုင်ဘူးထင်ရတယ်။

ဒါက အနည်းငယ်အံ့အားသင့်စရာပဲ။

သူက ခွန်အားကို အများကြီးမထုတ်ပြချင်ပါဘူး။ သူ့ကို စောင့်ကြည့်နေတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ လီဖူချန်းက သိတယ်၊ အနာဂတ်မှာ သူက ဆန်းကြယ်နတ်ဘုရားအဆင့်ရန်သူတွေနဲ့ ဆုံတွေ့ရမယ်ဆိုတာ သံသယရှိစရာမလိုဘူး။ အခု သူက တစ်ခါတည်းနဲ့ ခွန်အားအများကြီးထုတ်ပြလိုက်ရင် သူ့ခွန်အားက အလွန်သန်မာတယ်ဆိုတာ အခြားသူတွေကို ပြောပြတာနဲ့ အတူတူပဲ။

ဒါကြောင့် လီဖူချန်းက ရှရမ်ကျယ်ရဲ့လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်တယ်။

ရှရမ်ကျယ်ရဲ့လက်ကောက်ဝတ်မှာ ဂဟေဆော်ထားသလို လက်ဝါးတစ်ခုက ကျန်ရစ်နေတယ်၊ ထိုနေရာရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားနဲ့အသက်အားက အမြောက်အများချေမှုန်းခံလိုက်ရတယ်။

ဝှစ်......

သူ့လက်ကောက်ဝတ်က ပြေလျော့သွားလျှင်ချင်း ရှရမ်ကျယ်က လျင်မြန်စွာ ပြန်ဆုတ်လာပြီး လီဖူချန်းက မည်းမှောင်သောမျက်နှာနဲ့ စိုက်ကြည့်လိုက်တယ်။

သူက တစ်ဖက်လူကို အထင်သေးခဲ့မိတာပဲ။ တစ်ဖက်လူရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက သူ့ထက် တကယ်ကို ပိုသန်မာတယ်၊ နည်းနည်းလေးပိုသန်မာတာတောင် မဟုတ်ဘူး။

"မင်းကအရမ်းသန်မာတာပဲ၊ ဟွမ်ဖုန်မြို့မှာ မင်းလိုသူမျိုး ရှိ လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" ရှရမ်ကျယ်က အစိမ်းရောင်လက်အိတ်တစ်စုံကို ဝတ်ဆင်ပြီးနောက် သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို အထဲသို့ ထည့်သွင်းခဲ့တယ်။

"မင်းလဲ မဆိုးပါဘူး၊ မင်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားအတတ်က ဘယ်အဆင့်ရှိလဲတော့ ငါ မသိဘူး"

လီဖူချန်းက ပြောလိုက်တယ်။

"ဒါဆို စမ်းကြည့်ရအောင်၊ မုန်တိုင်းလက်သီး"

ရှရမ်ကျယ်က လက်သီးတစ်ချက်ပစ်လွှတ်လိုက်တယ်။ ဒီလက်သီးက မယုံနိုင်လောက်အောင် မြန်တယ်၊ မယုံနိုင်‌လောက်အောင် ကြမ်းတမ်းတယ်။ သူ လက်သီးထုတ်လိုက်တာနဲ့ ခန်းမက လေထဲမှာ တုန်ခါသွားပြီး သူတို့နှစ်ယောက်ပတ်လည်ရှ်ိဝင်္ကပါမျဉ်းတွေက လျှပ်တစ်ပြက်လက်သွားကာ ဒီလက်သီးအားရဲ့သက်ရောက်မှုကို ခုထေလိုက်ရတယ်။

ပကတိမျက်စိနဲ့ မြင်နိုင်တယ်၊ ဒီလက်သီးက မုန်တိုင်းနဂါးတစ်ကောင်အဖြစ် ပြောင်းပြီး လီဖူချန်းကို ဝါးမျိုလိုက်တော့တယ်။

ပြီးပြည့်စုံခြင်းအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်-မုန်တိုင်းလက်သီး။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်အနေနဲ့ မုန်တိုင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကျွမ်းကျင်တဲ့အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေအားလုံးက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိထားတယ်။

"ပျံသန်းနဂါးခုတ်ချက်"

ဒိအချိန်မှာ လိီဖူချန်းကလဲ သူ့ရဲ့အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ဖြစ်တဲ့ပျံသန်းနဂါးခုတ်ချက်ကို ပြီးပြည့်စုံခြင်းအဆင့်သို့ မြှင့်တင်ထားခဲ့တယ်။

ပျံသန်းနဂါးခုတ်ချက်ထွက်ပေါ်လာလျှင်ချင်း အနက်ရောင်ဓားချီက အနက်ရောင်ပျံသန်းနဂါးတစ်ကောင်အဖြစ် ပြောင်းသွားပြီး မုန်တိုင်းနဂါးနဲ့ ရင်ဆိုင်လိုက်တယ်။

ဖြောက်.....

ဧရာမမုန်တိုင်းနဂါးက အားကောင်းလွန်းပုံရပေမယ့် အနက်ရောင်ပျံသန်းနဂါးရဲ့အရှေ့မှာ ၎င်းက ကြက်တစ်ကောင်အလား ပျက်ဆီးသွားလေတယ်။

အနက်ရောင်ပျံသန်းနဂါးက မရပ်တန့်ဘဲ ရှရမ်ကျယ်ဆီ ရွေ့လျားလာတယ်။

"မုန်တိုင်းအစောင့်"

ရှရမ်ကျယ်က သူ့ရဲ့အဆင့်မြင့်ခံစစ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ဖြစ်တဲ့မုန်တိုင်းအစောင့်ကို ထုတ်ဖော်ခဲ့တယ်။

နောက်အခိုက်အတန့်မှာ မုန်တိုင်းအစောင့်က ပျံသန်းနဂါးနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။

မုန်တိုင်းက တစ်လွှာပြီးတစ်လွှာအားနည်းသွားပြီး အလွှာတစ်ခုပဲ ကျန်တော့တယ့်အချိန်မှာတော့ အနက်ရောင်ပျံသန်းနဂါးက နောက်ဆုံးမှာ ပျက်ဆီးယိုယွင်းသွားခဲ့တယ်။

"တစ္ဆေတံလျှပ်"

မရေမတွက်နိုင်တဲ့ရှရမ်ကျယ်တွေက ထွက်ပေါ်လာပြီး လီဖူချန်းက တိုက်ခိုက်လာကြတယ်။

အနက်ရောင်ဓားချီက လှိုင်းတစ်ခုနဲ့တူတယ်၊ စက်ဝိုင်းသဏ္ဍာန်ပျံ့နှံ့သွားပြီး ရှရမ်ကျယ်အားလုံးကို ချေမှုန်းလိုက်တယ်။

"မြင့်မြတ်လေအော်သံ"

အဆုံးမဲ့လက်သီးတွေက လီဖူချန်းကို တိုက်ခိုက်လာတယ်၊ လက်သီးတွေပတ်လည်မှာတော့ ကြောက်စရာကောင်းတဲ့လေပွေတစ်ခုက ရစ်ပတ်နေလေရဲ့။

အုန်း ဒုန်း အုန်း......

ဓားဘီးတစ်ခုက ဖြန့်ကျက်သွားပြီး ရှရမ်ကျယ်ရဲ့လက်သီးက ၎င်းအပေါ် ကျရောက်လာပေမယ့် ဓားဘီးက မရွေ့သွားပါဘူး။

"မင်း ဒီလောက်ပဲ တတ်နိုင်လား" လီဖူချန်းရဲ့အသံက ဟိန်းထွက်လာတယ်။

ရှရမ်ကျယ်က ဘာမှမပြောဘဲ ဆက်လက်တိုက်ခိုက်နေခဲ့တယ်။

အမည်မသိလူတစ်‌ယောက်ကို ရှုံးလိမ့်မယ်လို့ သူက မယုံပါဘူး။

ဒီအချိန်မှာ သူက စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို စတင်လောင်ကျွမ်းစေခဲ့တယ်။

"ကြည့်ရတာ မင်းက အရှုံးကို လက်ခံဖို့ အသင့်မဖြစ်သေးပုံပဲ၊ ဓားသင်္ဂြိုလ်ခြင်း"

မရေမတွက်နိုင်တဲ့အနက်ရောင်ဓားအရိပ်တွေက အနက်ရောင်သင်္ချိုင်းကမ္မည်းကျောက်စာတိုင်တွေပမာ ကောင်းကင်မှ ကျဆင်းလာပြီး ရှရမ်ကျယ်ရဲ့ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ထိုးဖောက်သွားခဲ့တယ်။ မကြာမီမှာတော့ ရှရမ်ကျယ်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအရိပ်အယောင်တစ်ခုကို ချေမှုန်းခဲ့ပြီး သူ့ရဲ့ချီက  အဆုံးစွန်းအထိ အားနည်းလာတယ်။

"မုန်တိုင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရှရမ်ကျယ် ရှုံးသွားပြီ"

"ဟုတ်တယ်၊ သူ ရှုံးသွားပြီ"

လူအုပ်ကြီးက တီးတိုးပြောနေတော့တယ်။

သူတို့ရဲ့မျက်လုံးကိုတောင် မယုံကြည်နိုင်ဖြစ်နေတယ်။ ရှရမ်ကျယ်က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်တစ်ယောက်လေ။

အခုတော့ သူ့ကို လီဖူချန်းက အနိုင်ယူခဲ့တယ်။

လီဖူချန်းကို ကြည့်လိုက်တော့လဲ သူက သက်သောင့်သက်သာအေးအေးဆေးဆေးပါပဲ။

"ဒါ မဖြစ်နိုင်ဘူး"

ဟွမ်ရှောက်ပေက အသိစိတ်တွေ ပျောက်ဆုံးသွားမတတ်ပါပဲ။

"အကိုပိုင်ရှန်၊ ငါ နိုင်ပြီ၊ ဟားဟား၊ ငါ နိုင်ပြီပဲ" ယွမ်ဝေ့က အလွန်အံ့အားသင့်သွားလေတယ်။ ရှရမ်ကျယ်က မီထိုဖာကို ရိုက်နှက်နေတာကို သူ မြင်တဲ့အခါ သူက အနည်းငယ်စိတ်ဓာတ်ကျမိခဲ့တယ်၊ သူ ဘယ်လိုလုပ်သိမှာလဲ၊ လီဖူချန်းရဲ့ခွန်အားက သူ စိတ်ကူးထားတာထက် ပိုသန်မာပြီး ရှရမ်ကျယ်ကို အလွယ်တကူအနိုင်ယူနိုင်မယ်လို့လေ။

ဒါကို စဉ်းစားကြည့်လိုက်တော့ သူ့ရဲ့ယခင်စိုးရိမ်မှုတွေက ဟာသတစ်ဖွယ်ပါပဲ။

"ဟုတ်တယ်၊ ဂုဏ်ယူပါတယ်"

အမှန်တရားကို ‌ပြောရရင် ယန်ပိုင်ရှန်က အလွန်အံ့အားသင့်မိတယ်။ လီဖူချန်းရဲ့ခွန်အားက စမ်းလေညှင်းအိမ်တော်စုဝေးပွဲကထက်  ပိုသန်မာမှန်း သိသာတယ်။ လီဖူချန်းက ခွန်အားဘယ်လောက်တောင် ဖုံးကွယ်ထားသလဲကို သူ မသိတော့ဘူး။

"ဟွမ်ရှောက်ပေ၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံက ဘယ်မှာလဲ၊ အခု ပေးတော့" ယွမ်ဝေ့က မေးလိုက်တယ်။

အလယ်ဆင့်နတ်ဘုရား‌ကျောက်တုံးတစ်ထရီလီယံက သေးငယ်တဲ့ပမာဏမဟုတ်ဘူး၊ တစ်ဖက်လူက သူ့ကတိကို ပျက်ကွက်မှာကို သူက တကယ်စိုးရိမ်တယ်။

"နတ်ဘုရားကျောက်တုံးလား၊ ဘာနတ်ဘုရားကျောက်တုံးလား" ဟွမ်‌ရှောက်ပေက အသိစိတ်ပြန်မရသေးပါဘူး။

ယွမ်ဝေ့ရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး သူက ကျယ်လောင်စွာ ပြောလိုက်တယ်"ဘာ၊ မင်းက မင်းရဲ့ကတိကို ဖျက်ချင်နေတာလား။ ဒီလောက်များတဲ့လူတွေရှေ့မှာ မင်း အရှက်ကွဲချင်နေတာလား"

ဟွမ်ရှောက်ပေရဲ့မျက်နှာက နစ်မြုပ်သွားတော့တယ်"ဘယ်အချိန်တုန်းက ငါ မပေးဘူးလို့ ပြောလို့လဲ"

ဒီလောက်များတဲ့လူတွေရှိနေမှတော့ သူက မငြင်းရဲပါဘူး၊ မဟုတ်ရင် သူ့ရဲ့ဂုဏ်သတင်းက ထိခိုက်သွားလိမ့်မယ်။

ယွမ်ဝေ့က စေ့ဆော်လိုက်တယ်"ဒါဆိုလဲ မြန်မြန်ပေးတော့၊ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့"

"မင်း" ယွမ်ဝေ့ရဲ့စေ့ဆော််မှုအောက်မှာ ဟွမ်ရှောက်ပေက နေရာလပ်လက်စွပ်တစ်ကွင်းကို ယူထုတ်ကာ ကမ်းပေးလိုက်တယ်။

ယွမ်ဝေ့က မကြည့်ခဲ့ပါဘူး။ သူက လီဖူချန်းထံ လွှဲပေးကာ ပြောလိုက်တယ်"အကိုဖူချန်း၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံပြည့်မပြည့်စစ်ကြည့်အုံး"

လီဖူချန်းက ဖွင့်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်တယ်။

"ဒါဆို ပြီးရော" ယွမ်ဝေ့က ဟွမ်ရှောက်ပေကို ပြန်ကြည့်ကာ ပြုံးလျက် ပြောလိုက်တယ်"ဟွမ်ရှောက်ပေ၊ ဒီတစ်ခါ ငါ အနိုင်ရတယ်နော်။ အဲဒီတော့ နောက်ကျရင် မင်း လွယ်ကို လိုက်လို့မရတော့ဘူး၊ မင်း ကြားတယ်နော်"

"ဟမ့်၊ ငါ ဒီနေရဲ့အရှက်ရမှုကို မှတ်ထားမယ်" ဟွမ်ရှောက်ပေက ဒဏ်ရာအပြင်းအထန်ရထားတဲ့ရှရမ်ကျယ်နဲ့အတူ ထွက်ခွာသွားတယ်။ မထွက်ခွာခင် သူက လီဖူချန်းကို ပြင်းပြင်းထန်ထန်စိုက်ကြည့်သွားခဲ့တယ်၊ သူ လီဖူချန်းကို မုန်းတီးနေမှန်း သိသာလှတယ်။

***

All Chapters