← Chapters

ဓားရေကန်နေရာလပ်

Vol. 88 Ch. 1230

ဓားရေကန်နေရာလပ်

Vol. 88 Ch. 1230

လီဖူချန်းက ဒါကို ဂရုမစိုက်ပါဘူး။

သူ ဂရုစိုက်တာက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံနဲ့ ဓားရေကန်နေရာလပ်ပါပဲ။

ရှေ့တစ်ခုက သူ့ကို အတားအဆီးမရှိလေ့ကျင့်ခွင့်ပြုတယ်၊ နတ်ဘုရားကျောက်တုံးနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိတော့ဘူးလေ။ နောက်တစ်ခုကတော့ သူက မဝင်ရသေးဘူဆိုတော့ သက်ရောက်မှုက ဘယ်လိုရှိမလဲ သူ မသိဘူး။ သက်ရောက်မှုက ကောင်းရင် သူ့ရဲ့နှစ်တစ်ထောင်အားထုတ်မှုကို လျော့ချစေနိုင်တယ်။

သူ့ရဲ့နှစ်တစ်ထောင်အားထုတ်မှုက သာမန်လူတွေရဲ့နှစ်တစ်သောင်းအားထုတ်မှုနဲ့ ညီမျှတာကို မင်း သိရမယ်။

ရက်အနည်းငယ်အတွင်းမှာ လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်ရှရမ်ကျယ်ကို အနိုင်ယူခဲ့တဲ့သတင်းက ဟွမ်ဖုန်မြို့မှာ ပျံ့နှံ့လာတော့တယ်။

ဒီတစ်ခါမှာတော့ လူတော်တော်များများက လီဖူချန်းဆီ လာရောက်လည်ပတ်ကြတယ်။ ယွမ်ဝေ့နဲ့ယန်ပိုင်ရှန်တို့နှစ်ယောက်လုံးက ထိပ်တန်းလူမှုအသိုင်းအဝိုင်းရဲ့ဧည့်သည်တော်တွေ ဖြစ်လာကြတယ်။

"အကိုဖူချန်း၊ ငါ့အဖေက မင်းအတွက် ဓားရေကန်ကို ဖွင့်ပေးဖို့ သဘောတူခဲ့တယ်" ဒီနေ့မှာ ယွမ်ဝေ့က သတင်းကောင်းတစ်ခုကို ယူဆောင်လာပေးခဲ့တယ်။

"ဘယ်အချိန်လဲ" လီဖူချန်းက မေးလိုက်တယ်။

ယွမ်ဝေ့က ပြောလိုက်တယ်"ဘယ်အချိန်မဆိုရတယ်၊ အခုလဲ မင်း ငါနဲ့အတူ လိုက်လာလို့ရတယ်"

"ကောင်းပြီ"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

……

ဟွမ်ဖုန်မြို့ရဲ့ကြယ်ငါးလုံးအဆင့်မြင့်မိသားစုအနေနဲ့ ယွမ်မိသားစုမှာ အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်ရှိတယ်။

ယွမ်မိသားစုက အလွန်ကျယ်ပြန့်တဲ့ဧရိယာတစ်ခုကို ဖုံးလွှမ်းထားတယ်။ မရေမတွက်နိုင်တဲ့နတ်ဘုရားဝင်္ကပါတွေက အထဲမှာ ရှိတယ်။ ခံစစ်က အလွန်တင်းကျပ်မှန်း သိသာတယ်။

ယွမ်မိသားစုကို ဝင်ရောက်ပြီးနောက် လီဖူချန်းက တိတ်တဆိတ်ရေရွတ်လိုက်မိတယ်"ကြယ်ငါးလုံးအဆင့်မြင့်မိသားစုဆိုတဲ့အတိုင်းပဲလား"

ယွမ်မိသားစုထဲမှာ ဆန်းကြယ်နတ်ဘုရားတွေအများကြီးရှိတယ်။ လမ်းတစ်လျှောက်မှာ နေရာတိုင်းမှာ ဆန်းကြယ်နတ်ဘုရားတွေ ရှိတယ်၊ လူတိုင်းက အလုပ်များနေပြီး သူတို့ရဲ့ကိုယ်ပိုင်လုပ်စရာတွေ ရှိတယ်။

ယွမ်ဝေ့ရဲ့ဦးဆောင်မှုအောက်မှာ လီဖူချန်းနဲ့ယွမ်ဝေ့က ယွမ်မိသားစုရဲ့ခန်းမတွေထဲကတစ်ခုကို ရောက်ရှိလာတယ်။

ခန်းမထဲမှာ ယွမ်မိသားစုခေါင်းဆောင်ဖြစ်တဲ့ယွမ်ဝေ့ရဲ့အဖေယွမ်ခုန်က စောင့်နေတယ်။

"လီဖူချန်းက ယွမ်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်" လီဖူချန်းက လေးစားစွာ ပြောလိုက်တယ်။

ယွမ်ခုန်က အလယ်ဆင့်ပိုင်နက်နတ်ဘုရားတစ်ယောက်လေ၊ လီဖူချန်းရဲ့ရိုသေးလေးစားမှုနဲ့ ထိုက်တန်ပါတယ်။

ယွမ်ခုန်က ပြုံးကာ ပြောလိုက်တယ်"မင်းက ယွမ်ဝေ့ရဲ့သူငယ်ချင်းပဲ။ ငါ့ကို အခုကစပြီး ဦးလေးယွမ်လို့ ခေါ်နိုင်ပါတယ်....."

"မင်္ဂလာပါ ဦးလေးယွမ်" လီဖူချန်းက ပြောလိုက်တယ်။

"မင်းက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့၉၄၀မြောက်ပုဂ္ဂိုလ်ကို အနိုင်ယူခဲ့တယ်လို့ ငါ ကြားတယ်။ မင်းက တကယ်ကို ကြောက်စရာကောင်းတာပဲ" ယွမ်ခုန်ကလဲ ငယ်ရာကနေ ကြီးလာတာပဲလေ။ စိတ်ဝိညာဉ်နတ်ဘုရားအခြေအနေမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်ဖို့က ဘယ်လောက်ခက်ခဲသလဲကို သူ သိတယ်၊ အဲဒါက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းမှာပါဝင်ဖို့ထက် ဆယ်ဆပိုခက်ခဲတယ်။ လီဖူချန်းက ရှားပါးတဲ့ပါရမီရှင်တစ်ယောက်ဆိုတာ သေချာပေါက်ပဲ။

လီဖူချန်းက ဘယ်အထိသွားနိုင်မလဲကို ယွမ်ခုန်က သိချင်တယ်၊ အနာဂတ်မှာ ကမ္ဘာနတ်ဘုရားတစ်ယောက်ဖြစ်လာမလားပေါ့။

လီဖူချန်းက ကမ္ဘာနတ်ဘုရားတစ်ယောက်ဖြစ်လာနိုင်ရင် ယွမ်မိသားစုယနေ့လုပ်ခဲ့သမျှအရာအားလုံးက ထိုက်တန်ပါတယ်လေ။

ကမ္ဘာနတ်ဘုရားတစ်ယောက်က အနည်းငယ်လှုပ်ရှားရုံနဲ့ ယွမ်မိသားစုကို အကြီးအကျယ်မြင့်တက်သွားစေနိုင်တယ်။

ဒီကမ္ဘာနတ်ဘုရားမသေသရွေ့ ယွမ်မိသားစုက အဆက်မပြတ်တောက်ပနေပါလိမ့်မယ်။

တကယ်လို့ လီဖူချန်းက ဘာမှ မအောင်မြင်ရင်တောင် ယွမ်မိသားစုက ဘာတစ်ခုကိုမှ ဆုံးရှုံးလိမ့်မှာမဟုတ်ဘူး။ ဒီတစ်ကြိမ် ဓားရေကန်နေရာလပ်ဖွင့်တဲ့အခါ လီဖူချန်းအပြင် အခြားယွမ်မိသားစုကလေးတွေက ဝင်ရောက်ပါလိမ့်မယ်။

ဘယ်လိုပဲပြောပြော၊ လီဖူချန်းက ယွမ်ဝေ့ရဲ့မိတ်ဆွေပဲလေ။ သူက ယွမ်ဝေ့အတွက် ပြဿနာကြီးတစ်ခုကို ဖြေရှင်းပေးခဲ့တယ်လို့ ကြားတယ်၊ ယွမ်မိသားစုက သူ့ကို မျက်နှာသာပြန်ပေးရမှာပေါ့။

"ဦးလေးယွမ်က အထင်ကြီးလွန်းနေပြီ" လီဖူချန်းက ပြောလိုက်တယ်။

"နှ်ိမ့်ချဖို့ မလိုပါဘူး၊ ကဲ......သွားရအောင်"

ယွမ်ခုန်က လီဖူချန်းကို ဓားရေကန်နေရာလပ်အပြင်ဘက်သို့ ခေါ်ဆောင်သွားတယ်။

ဓားရေကန်နေရာလပ်ဘေးနားမှာ လီဖူချန်းအပြင် ယွမ်မိသားစုဝင်တွေအများကြီးရှိတယ်။

ဒီကလေးတွေအားလုံးက ဓားတာအိုကို လေ့ကျင့်ကြတယ်။ သူတို့က လီဖူချန်းကို မြင်တဲ့အခါ မနာလိုခြင်း၊ အားကျခြင်း ဒါမှမဟုတ် သံသယဖြစ်ခြင်းတို့ အသီးသီးဖြစ်ပေါ်နေတော့တယ်။

ဒီအကြိမ်ဓားရေကန်နေရာလပ်က လီဖူချန်းအတွက် သီးသန့်ဖွင့်ပေးတယ်ဆိုတာ သူတို့က ရှင်းရှင်းလင်းလင်းသိတယ်။

"ဟမ့်၊ ငါက ဓားရေကန်နေရာလပ်ကို မဝင်ရသေးဘူး။ ဒီတစ်ကြိမ် ငါ ဝင်တဲ့အခါကျရင် ငါက သေချာပေါက် နာမည်ကြီးလာလိမ့်မယ်" ယွမ်မိသားစုကလေးအချို့က လက်သီးဆုပ်ရင်း တိတ်တဆိတ် ရေရွတ်နေကြတော့တယ်။

"ဒါ လီဖူချန်းလား။ ငါက ယွမ်ဝေ့ရဲ့ဝမ်းကွဲယွမ်‌ရှောင်ရှောင်ပါ" ယွမ်မိသားစုမှ လှပတဲ့မိန်းကလေးတစ်ယောက်က ရောက်လာပြီး လီဖူချန်းကို စတင်နှုတ်ဆက်ခဲ့တယ်။

"ဟုတ်တယ်၊ အရင်က ယွမ်ဝေ့က ငါ့အကြောင်း ပြောခဲ့ဖူးတာလား"

"အကြိမ်ပေါင်း မြောက်များစွာ‌ပေါ့၊ သူက နင့်ကို အရမ်းချီးကျူးနေခဲ့တာ" ယွမ်ရှောင်ရှောင်က လီဖူချန်းနဲ့ပတ်သက်ပြီး အရမ်းသိချင်နေခဲ့တာ၊ ဒီတစ်ကြိမ် ဓားရေကန်နေရာလပ်ဖွင့်တဲ့အခါ သူမက လီဖူချန်းနဲ့ပတ်သက်ပြီး ပိုသိလာနိုင်မှာပါ။

ဓားရေကန်က မကြာခင်မှာ ဖွင့်လှစ်ခဲ့ပြီး လူတိုင်းက ဝင်ရောက်သွားခဲ့တယ်။

ဓားရေကန်နေရာလပ်က မတော်တဆမဖြစ်ရင် နှစ်ပေါင်းမရေမတွက်များစွာတည်ရှိနိုင်တဲ့အလွန်တည်ငြိမ်တဲ့နေရာလပ်တစ်ခုဆိုတာ သံသယရှိစရာမလိုပါဘူး။

ဒါက လီဖူချန်း‌နေရာလပ်-အချိန်ဥပဒေသကိုအသုံးပြုပြီးဖန်တီးထားတဲ့နေရာလပ်-အချိန်နဲ့ မတူပါဘူး၊ အဲဒါက အချိန်အတိုလေးသာ တည်ရှိနိုင်ပြီး နှစ်ခုက နှိုင်းယှဉ်လို့မရနိုင်ပါဘူး။

ဓားရေကန်နေရာလပ်ရဲ့အတွင်းပိုင်းက အလွန်ရိုးရှင်းတယ်၊ မီးခိုးရောင်ပတ်ဝန်းကျင်တစ်ခုနဲ့အတူ အလယ်မှာ ကြီးမားတဲ့ရေကန်တစ်ခုရှိတယ်။ ရေကန်ထဲမှာ မှင်တက်စရာကောင်းတဲ့ဓားဆန္ဒတစ်ခုရှိတယ်။

ပြိးတော့ ဒီဓားဆန္ဒမှာ သန်မာတဲ့ဓားတာအိုဥပဒေသပါဝင်တယ်။

လီဖူချန်းက အစက ခံစားမိရုံမျှပဲ၊ ဓားရေကန်ထဲရှိဓားဆန္ဒက ဓားမြစ်ထဲရှိဓားဆန္ဒထက် သာလွန်တယ်လို့ သူက ချက်ချင်း ကောက်ချက်ချခဲ့တယ်။

အခြားစကားဖြင့်ဆိုရရင် ဒီ‌ဓားရေကန်ကို ကမ္ဘာနတ်ဘုရားတစ်ယောက်က ချန်ထားခဲ့တာ ဖြစ်ဖို့ များတယ်။

ကမ္ဘာနတ်ဘုရား၊ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့ထိပ်တန်းစွမ်းအားရှင်။ ကမ္ဘာနတ်ဘုရားရဲ့ဓားဆန္ဒက ဘယ်လောက်သန်မာသလဲကို တစ်ယောက်မှ မသိဘူး။

ယွမ်ရှောင်ရှောင်က လီဖူချန်းကို မိတ်ဆက်ပေးခဲ့တယ်"ဓားရေကန်ထဲမှာ ဓားမျှော်စင်လို့ခေါ်တဲ့မျှော်စင်တစ်ခုရှိတယ်၊ ရှင် မြင်ရလား"

လီဖူချန်းက သေချာကြည့်လိုက်တယ်၊ ဓားရေကန်ရဲ့အလယ်မှာ မျှော်စင်တစ်ခုရှိတာပဲ၊ ဒါပေမယ့် ဓားမျှော်စင်ရဲ့ထိပ်ဆုံးအလွှာကိုသာ ဖော်ထုတ်ပြသထားပြီး ဓားဆန္ဒရဲ့နှောင့်ယှက်မှုအောက်မှာ ဂရုတစိုက်မလေ့လာရင် မြင်တွေ့ဖို့ခက်ခဲတယ်။

ယွမ်ရှောင်ရှောင်က ပြောလိုက်တယ်"ငါတို့တွေ လေ့ကျင့်ဖို့အတွက် ဓားမျှော်စင်ကို ဝင်ရလိမ့်မယ်။ ဓားမျှော်စင်ရဲ့ထိပ်ဆုံးအလွှာက အတိမ်ဆုံးဓားဆန္ဒရှိတယ်။ ငါတို့ယွမ်မိသားစုရဲ့စိတ်ဝိညာဥ်နတ်ဘုရားမှတ်တမ်းက ဆယ့်သုံးထပ်ပဲ။ ဓားမျှော်စင်တစ်ခုလုံးမှာ အထပ်ဘယ်လောက်ရှိသလဲတော့ မသိဘူး၊ ဘာလို့ဆို တစ်ယောက်မှ ‌နောက်ဆုံးအထပ်ကို မရောက်နိုင်ဘူးလေ"

"ဒီလိုကိုး" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

"ကောင်းပြီ၊ ဝင်ကြစို့"

ယွမ်ရှောင်ရှောင်က ဓားမျှော်စင်ဆီ ပျံသန်းသွားခဲ့တယ်။

ဒီအချိန်မှာ ယွမ်မိသားစုရဲ့ကလေးအများစုက ဝင်ရောက်သွားခဲ့ပါပြီ။

ဒါကို မြင်ပြီး လီဖူချန်းက နောက်မှ ဝင်ရောက်သွားတယ်။

ဓားမျှော်စင်ရဲ့ပထမအထပ်က ဘာမှထူးခြားတာမရှိဘူး။ ဒီနေရာမှာ ယွမ်မိသားစုဝင်ဒါဇင်က ကျင့်ကြံနေတယ်။

လီဖူချန်းက တစ်ချက်ကြည့်လိုက်တယ်။ ဒီယွမ်မိသားစုဝင်တွေအားလုံးက အစစ်အမှန်နတ်ဘုရားတွေပဲ။ သူတို့က ပထမအလွှာရဲ့ဓားဆန္ဒကိုပဲ ခံနိုင်တယ်။

ဒုတိယအလွှာမှာလဲ ယွမ်မိသားစုဝင်တစ်ယောက်ရှိတယ်၊ အစစ်အမှန်နတ်ဘုရားပါပဲ။

စတုတ္ထထပ်အထိ စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ရှိယွမ်မိသားစုဝင်တွေက မထွက်ပေါ်လာခဲ့ပါဘူး။

ပဉ္မအထပ်မှာ လူအနည်းငယ်ရှိတယ်။

ဆဌမအထပ်မှာ လူနည်းနည်းရှိတယ်။

သတ္တမအထပ်မှာ လူအရေအတွက်က တစ်တက်လျော့ကျသွားတယ်။

အဌမအထပ်မှာ ယွမ်မိသားစုဝင်အနည်းငယ်သာ ရှိတယ်။

နဝမအထပ်မှာ ယွမ်မိသားစုတစ်ယောက်မှ မရှိပါဘူး။

ဒါပေမယ့် ယခုထိတိုင် လီဖူချန်းက ယွမ်ရှောင်ရှောင်ကို မမြင်ရသေးပါဘူး။

ဒဿမအထပ်မှာ ယွမ်မိသားစုဝင်တစ်ယောက်ရှိတယ်။

ဆယ့်တစ်ထပ်မြောက်မှာတော့ လီဖူချန်းက ယွမ်ရှောင်ရှောင်ကို မြင်တွေ့ရပါပြီ။

ယွမ်ရှောင်ရှောင်က ခါးသီးစွာ ပြုံးလိုက်တယ်"ငါ ဒီအထိပဲ ရတယ်"

ဆယ့်တစ်ထပ်မြောက်ရှိဓားဆန္ဒက ဒေါသထွက်နေတဲ့လှိုင်းတစ်ခုအလားပဲ၊ ယွမ်ရှောင်ရှောင်က စကားပြောဖို့တောင် အနည်းငယ်ရုန်းကန်နေရတယ်။

"ရှင် အရင် ဆင်းသွားပါ"

ဓားရေကန်နေရာလပ်က ဆယ်ရက်ပဲ ဖွင့်တာ၊ ယွမ်ရှောင်ရှောင်က အချိန်မဖြုန်းချင်ပါဘူး။

"ကောင်းပြီ"

လီဖူချန်းက ဆက်ဆင်းသွားတယ်။

ဆယ်နှစ်ထပ်မြောက်။

ဆယ့်သုံးထပ်မြောက်။

ဆယ့်လေးထပ်မြောက်။

လီဖူချန်းက ယွမ်မိသားစုသမိုင်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားနတ်ဘုရားမှတ်တမ်းကို အလွယ်တကူချိုးဖြတ်ခဲ့တယ်။

ဆယ့်ငါးထပ်မြောက်။

ဆယ့်ခြောက်ထပ်မြောက်။

……

မကြာမီမှာပဲ လီဖူချန်းက ဓားမျှော်စင်ရဲ့နှစ်ဆယ်ထပ်မြောက်ကို ရောက်ရှိလာခဲ့တယ်။

ဒီနေရာရဲ့ဓားဆန္ဒက မရေမတွက်နိုင်တဲ့သံမဏိအပ်တွေ ထိုးဖောက်နေသလိုပါပဲ။

"ဒီနေရာရဲ့ဓားဆန္ဒကို အရင်ခံစားကြည့်တာပေါ့"

လီဖူချန်းက တင်ပျဉ်ခွေထိုင်လိုက်တယ်။

ဓားဆန္ဒမှာပါဝင်တဲ့ဓားတာအိုဥပဒေသက ရှင်းလင်းပြီးသန်မာတယ်။ လီဖူချန်းက တစ်ခဏထိုင်ရုံပဲ ရှိသေးတယ်၊ ဓားတာအိုဥပဒေသဖြေလျော့လာတဲ့လက္ခဏာကို ခံစားမိလာတယ်။ ဒီမတိုင်ခင်တုန်းက သူ့ရဲ့ဓားဓားတာအိုဥပဒေသက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းအခြေအနေမှာရှိတယ်၊ အခု အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ဖို့ နီးလာပါပြီ။

တစ်ရက်ကြာတယ်။

"ဖိအားက မလုံလောက်တော့ဘူးပဲ"

အချိန်အတော်ကြားကြိုးစားအားထုတ်ပြီးနောက် အနည်းငယ်ဆိုးလာတယ်လို့ လီဖူချန်းက ခံစားမိတယ်။

ထရပ်ကာ လီဖူချန်းက နစ်ဆယ့်တစ်ထပ်မြောက်သို့ လျှောက်သွားခဲ့တယ်။

နစ်ဆယ့်တစ်ထပ်မြောက်ရှိဓားဆန္ဒက ထက်ရှပြီးစိတ်ကူးမယဉ်နိုင်ရုံသာမက အလွန်လျင်မြန်စွာ စီးဆင်းနေတယ်။ အပ်နဲ့ ထိုးဆွနေသလို သေးငယ်တဲ့သွေးပေါက်တွေက လီဖူချန်းရဲ့အရေပြားပေါ်မှာ အချိန်နဲ့အမျှ ထွက်ပေါ်လာနေခဲ့တယ်။

စူးရှနာကျင်မှုတွေကို သည်းခံလျက် လီဖူချန်းက တင်ပျဉ်ခွေထိုင်ခဲ့တယ်။

မကြာမီမှာ ကြီးမားတဲ့ဖိအားအောက်မှာ ဓားတာအိုဥပဒေသနယ်ပယ်က ပိုပြေလျော့လာခဲ့တယ်။

ဘယ်လောက်ကြာသလဲတော့မသိ၊ မှင်တက်စရာကောင်းတဲ့ဓားဆန္ဒတစ်ခုက ပေါက်ကွဲထွက်လာတယ်။

အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားစဦးအခြေအနေ။

ဒီအချိန်မှာ လီဖူချန်းရဲ့ဓားတာအိုဥပဒေသနယ်ပယ်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိလာခဲ့တယ်။

ဓားတာအိုဥပဒေသမြင့်မားလာလျှင်ချင်း ဓားမျှော်စင်ရဲ့နှစ်ဆယ်တစ်ထပ်မြောက်ပေါ်ရှိဓားဆန္ဒကယူဆောင်လာတဲ့ဖိအားက ရုတ်တရက် အဆမျစွာ ပိုသေးလာတယ်။

တစ်ချိန်တည်းမှာ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ယိုယွင်းကာ ပြောင်းလဲလာခဲ့တော့တယ်။

၇.၅ဘီလီယံ။

၇ဘီလီယံ။

၆.၅ဘီလီယံ။

……

ခဏအတွင်းမှာ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ငါးဘီလီယံသာ ရှိတော့တယ်။

ဒါပေမယ့် သူ့ခွန်အားက အားမနည်းရုံတင်မက အများကြီးတိုးတက်လာတာကို လီဖူချန်းက သိတယ်။

အကြောင်းကတော့ လက်ရှိသူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားခွန်အားက သတ္တမအဆင့်မှ အဌမအဆင့်ထိ မြင့်တက်လာခဲ့ပြိီလေ။

ရှေ့သို့ သွားလေလေ၊ တာအိုစိတ်ဝိညာဉ်နတ်ဘုရားခွန်အားတိုးမြှင့်ဖို့က ပိုခက်ခဲလေပဲ။ အလားတူပင်၊ ရှေ့သို့ သွားလေလေ၊ အဆင့်တစ်ခုစီရဲ့တိုးတက်မှုအတွက် ခွန်အားတိုးလာမှုက ပိုကြိီးမားလေပဲ။

ပြီးတော့ နတ်ဘုရားကျောက်တုံးအ‌လုံလောက်ရှိနေသရွေ့ သူက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို အပြည့်အဝမြှင့်တင်နိုင်ပါတယ်။

သူ့ရဲ့နေရာလပ်လက်စွပ်ထဲမှာ အလယ်ဆင့်နတ်ဘုရေားကျောက်တုံးတွေမရေမတွက်နိုင်လောက်အောင်ရှိတာကို သိရမယ်၊ ဒါကြောင့် ပြီးခဲ့တဲ့ချိုးဖြတ်ခြင်းတုန်းကလို သူက ဆွဲဆန့်စရာမလိုပါဘူး။

"အချိန်က အကန့်အသတ်ရှိတယ်၊ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို နောက်မှ မြင့်တင်လို့လဲ နောက်မကျပါဘူး"

လီဖူချန်းက ဆက်ဆင်းသွားခဲ့တယ်။

***

All Chapters