အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်
Vol. 88 Ch. 1231
၂၁ထပ်မြောက်၊ ၂၃ထပ်မြောက်၊ ၂၄ထပ်မြောက်.....
သူက ၂၅ထပ်မြောက်ကို ရောက်လာတဲ့အခါ လီဖူချန်းက အပ်နဲ့ထိုးခံရသလို စူးရှမှုကို ခံစားရတယ်။
တင်ပျဉ်ခွင်ထိုင်ကာ လီဖူချန်းက ဓားမျှော်စင်ထဲမှာ စီးဆင်းနေတဲ့ ဓားဆန္ဒကို တိတ်တဆိတ်ခံစားရင်း ဓားတာအိုဥပဒေသကို ဖမ်းဆုပ်ခဲ့တယ်။
အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားပျမ်းမျှအခြေအနေ။
၂၅ထပ်မှာ လီဖူချန်းရဲ့ဓားတာအိုဥပဒေသက နယ်ပယ်သေးတစ်ခု မြင့်တက်လာခဲ့တယ်။ တစ်ချိန်တည်းမှာ သူ့ရဲ့ဓားတာအိုစိတ်ဝ်ညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၄.၇ဘီလီယံကို ရောက်ရှိလာခဲ့တယ်။
၂၇ထပ်၊ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားထူးကဲအခြေအနေ၊ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၄.၅ဘီလီယံ။
၂၉ထပ်မှာ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်၊ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၄.၃ဘီလီယံ။
၃၁ထပ်မှာ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းအခြေအနေ၊ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၄ဘီလီယံ။
ဓားတာအိုဥပဒေသနယ်ပယ်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းနယ်ပယ်ကို ရောက်ရှိပြီးနောက် လီဖူချန်းက တစ်ဆို့မှုတစ်ခုကို ထပ်မံကြုံတွေ့ခဲ့တယ်။
၃၄ထပ်။
ဖောက်......
သူ့ခန္ဓာကိုယ်ပေါ်မှာ သွေးမြူက ပေါက်ကွဲထွက်သွားပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်က ဇကာတစ်ခုအလား မရေမတွက်နိုင်တဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက စိမ့်ထွက်လာတယ်။
ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက စိမ့်ထွက်နေတဲ့အခိုက်မှာ ဓားတာအိုဥပဒေသနယ်ပယ်က တစ်ဆို့ရာမှ ချိုးဖြတ်ခဲ့ပြီး အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိလာခဲ့တယ်။
အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားကျင့်ကြံခြင်းမှာ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားဓားတာအိုဥပဒေသနယ်ပယ်ရှိတယ်၊ ဒါက သွေးစွန်းတိုက်ကြီးတစ်ခုလုံးကို အုတ်အော်သောင်းတင်းဖြစ်စေဖို့ လုံလောက်တယ်။
ယေဘုယျအားဖြင့် အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်အထိ ကျင့်ကြံနိုင်ပြီး အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားဥပဒေသနယ်ပယ်ကို နားလည်နိုင်တဲ့ ထိပ်တန်းအဆင့်ပါရမီရှင်တစ်ယောက်က လူပေါင်းများစွာနဲ့ လေးစားမှုကို ရရှိဖို့ လုံလောက်တယ်။
ဒီအချိန်မှာ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁.၅ဘီလီယံအထိ လျော့ကျသွားခဲ့တယ်၊ အဲဒါက သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေနဲ့တူတယ်။ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက နဝမအဆင့်ထိ တိုးလာခဲ့ပြီး စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားနဝမအဆင့်ရဲ့အကန့်အသတ်ကို ရောက်ရှိလာတယ်။
ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အမြောက်အများလျော့ကျခဲ့ပေမယ့် လက်ရှိသူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားရဲ့ကြီးမားတဲ့ပမာဏတစ်ခုကို တစ်ချက်တည်းနဲ့ ချေမှုန်းနိုင်တယ်ဆိုတာ လီဖူချန်းက သိတယ်။
ဓားတာအိုဥပဒေသနယ်ပယ်က တိုးတက်လာပြီး လီဖူချန်းက အောက်သို့ ဆက်ဆင်းနေခဲ့တယ်။
၃၆ထပ်၊ ၃၈ထပ်။
၄၀ထပ်။
ဓားတာအိုဥပဒေသနယ်ပယ်က စိတ်ဝိညာဉ်အဆင့်နဲ့ တူညီတဲ့နယ်ပယ်ကို ရောက်ရှိသွားလို့လားတော့ မသိဘူး။ လီဖူချန်းရဲ့ဓားတာအိုဥပဒေသနယ်ပယ်က ပြေလျော့တဲ့လက္ခဏာတွေ မပြသတော့ပါဘူး။
"ကြည့်ရတာ ဓားတာအိုဥပဒေသနယ်ပယ်က တိုးတက်တာ မြန်ဆန်တော့ အခြေခံအုတ်မြစ်က အနည်းငယ်မတည်ငြိမ်ပုံပဲ" လီဖူချန်းက တိတ်တဆိတ်ပြောလိုက်တယ်။
ဆယ်ရက်မတိုင်ခင် ရက်အနည်းငယ်ပဲ ရှိသေးတယ်။ လီဖူချန်းက ဓားမျှော်စင်မှ မထွက်ခွာဘဲ ဓားဆန္ဒကို ဆက်လက်နားလည်နေခဲ့တယ်။ ဒိီနည်းလမ်းအတိုင်း သူက ဓားဆန္ဒကို အသုံးပြုကာ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို သွေးနေခဲ့တယ်။
သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ဆက်လက်တိုးတက်နိုင်တယ်လို့ သူက ခံစားမိတယ်။
ဆယ်ရက်ပြည့်ဖို့ နေ့တစ်ဝက်ပဲ ကျန်တော့တဲ့အချိန်မှာ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားခွန်အားက နဝမအဆင့်မှ ဒဿမအဆင့်အထိ တိုးလာခဲ့တယ်။
ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားခွန်အားက ဘယ်လောက်သန်မာသလဲတော့ လီဖူချန်းက မသိဘူး၊ လက်ရှိအချိန်မှာ လက်ချောင်းတစ်ချောင်းတည်းနဲ့ သူက အရင်ကထက် အဆတစ်ရာသေစေနိုင်စွမ်းရှိတာကိုတော့ သူက သိတယ်။
ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက ဒဿမအဆင့်အထိ မြင့်တက်လာခဲ့ပြီး လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သန်းကိုးရာသာ ရှိတယ်။
အဆင့်၁အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေနဲ့ တူပြီး စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေထက် အများကြီးနိမ့်ကျတယ်။
နောက်ဆုံးတော့ ဆယ်ရက်ပြည့်ပါပြီ၊ ဓားရေကန်နေရာလပ်က ပိတ်သွားပြီး လီဖူချန်းနဲ့အခြားသူတွေက အစစ်အမှန်ကမ္ဘာသို့ ပြန်ရောက်လာခဲ့တယ်။
"ကြည့်ရတာ မင်းက ကြီးမားတဲ့တိုးတက်မှုကို ရရှိခဲ့ပုံပဲ"
လီဖူချန်းကို မြင်ပြီး ယွမ်ခုန်က အနည်းငယ်ထိတ်လန့်သွားတယ်။
လွန်ခဲ့တဲ့ဆယ်ရက်တုန်းက လီဖူချန်းက ဓားတစ်လက်ဆိုရင် ယခု သူက ပြိုင်ဘက်ကင်းဓားတစ်လက်ပါပဲ။
ပြောင်းလဲမှုက သိသာတယ်။
ဒါပေမယ့် သူ့လိုပိုင်နက်နတ်ဘုရားတစ်ယောက်ကပဲ ဒါကို မြင်နိုင်တယ်။
ဆယ်ရက်အတွင်းမှာ လီဖူချန်းရဲ့ခွန်အားက ကမ္ဘာတုန်လှုပ်မတတ်ပြောင်းလဲမှုမျိုးကြုံတွေ့ခဲ့ရတာကို သူ ဘယ်လိုလုပ် သိမှာလဲ။ အခု သူက စိတ်ဝိညာဉ်ခွဲဖြာဓားကို မလိုအပ်တော့ဘဲ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအများစုကို သတ်နိုင်တယ်လို့ ယုံကြည်ချက်ရှိတယ်။
"ဒါအတွက် ဦးလေးယွမ်ကို ကျေးဇူးတင်ပါတယ်"
လီဖူချန်းက တစ်ဖက်လူကို တကယ်ကျေးဇူးတင်တယ်။ ဓားရေကန်နေရာလပ်က သူ့အတွက် ကြီးမားတဲ့တိုးတက်မှုကို ဖြစ်စေခဲ့တယ်လေ။
ဓားရေကန်နေရာလပ်ကို မဝင်ခင် သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက သတ္တမအဆင့်သာရှိတယ်၊ အခု ၎င်းက ဒဿမအဆင့်အထိ မြင့်တက်လာခဲ့ပြီး စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားနဝမအဆင့်အကန့်အသတ်ကို ကျော်လွန်ခဲ့တယ်။
ဓားရေကန်နေရာလပ်ကို မဝင်ခင် သူ့ရဲ့ဓားတာအိုဥပဒေသနယ်ပယ်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းနယ်ပယ်မှာ ရှိခဲ့ပြီး အခု အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားစဦးနယ်ပယ်မှာ ရှိနေပါပြီ။
ဓားတာအိုဥပဒေသက နယ်ပယ်နှစ်ခုတိုးတက်လာခဲ့ပြီး လီဖူချန်းအနေနဲ့ နတ်ဘုရားအတတ်တွေ ဖန်တီးရတာ ဆယ်ဆပိုလွယ်ကူလာတယ်။
ဒါက သူ့ရဲ့နှစ်ပေါင်းမရေမတွက်များစွာအားထုတ်မှုကို လျော့ချပေးခဲ့တယ်။
ဒါကြောင့် သူက သူ့အတွက် ဓားရေကန်နေရာလပ်ကို ဖွင့်ပေးခဲ့တဲ့ ယွမ်ခုန်ကို အလွန်ကျေးဇူးတင်တယ်၊ ယွမ်ဝေ့နဲ့ယန်ပိုင်ရှန်တို့လဲ ပါတယ်။
ဒီနှစ်ယောက်က အနာဂတ်မှာ သူ့ရဲ့အကူအညီလိုအပ်နေသရွေ့ သူက အချိန်မရွေးပါပဲ။
"ဒါက မင်းရဲ့ကိုယ်ပိုင်ဖန်တီးမှုပဲ။ မင်းက လုံလုံလောက်လောက်ပါရမီမရှိရင် ဝင်လဲ အသုံးမဝင်ဘူးလေ" ယွမ်ခုန်က သူ့ခေါင်းကို ခါယမ်းလိုက်တယ်။
ယွမ်မိသားစုမှ ထွက်လာပြီးနောက် လီဖူချန်းက သူ့ရဲ့ခြံဝင်းသို့ ပြန်ရောက်လာခဲ့တယ်။
"အခုက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို တိုးတက်စေဖို့ အချိန်ပဲ"
ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက ဒဿမအဆင့်အထိ တိုးလာပေမယ့် အဆဘယ်လောက်သန်မာသလဲကို မသိဘူး၊ ဒါပေမယ့် ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သန်းကိုးရာသာ ရှိကာ လီဖူချန်းက သူ့ခန္ဓာကိုယ်ထဲမှာ ဟာလာဟင်းလင်းဖြစ်သလို ခံစားမိစေတယ်။
ရေတစ်ခွက်စာလောက်သာရှိတဲ့ကြီးမားတဲ့ရေစည်တစ်ခုလိုပေါ့။
အလယ်ဆင့်နတ်ဘုရားကျောက်တုံး၂၅ထရီလီယံ။
ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁၅ဘီလီယံ။
အလယ်ဆင့်နတ်ဘုရားကျောက်တုံး၂၅ထရီလီယံကို သုံးစွဲပြီးနောက် လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁၅ဘီလီယံကို ရောက်ရှိလာခဲ့တယ်။
"ငါ့မှာ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတွေ အလုံအလောက်ရှိနေတာ ကံကောင်းသွားတယ်၊ မဟုတ်ရင် ငါက နတ်ဘုရားကျောက်တုံးတွေဖို့ ကြိုးစားအားထုတ်နေအုံးမယ်"
နောက်ဆုံးအကြိမ်သူချိုးဖြတ်တုံးက လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံး၁၀၀၀ထရီလီယံသာ သုံးစွဲခဲ့ရတယ်။
အခု အလယ်ဆင့်နတ်ဘုရားကျောက်တုံး၂၅ထရီလီယံဆိုတော့ ခြားနားချက်က အဆ၂၅၀ကျော်တယ်။
"လက်ရှိအချိန်မှာ ငါက အားနည်းတဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေကို သတ်ဖြတ်နိုင်တယ်လို့ ခန့်မှန်းထားတယ်" လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကို ခေါင်းထဲတောင် မထည့်တော့ဘူး။ သူ့မျက်လုံးထဲမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက ပုရွက်ဆိတ်နဲ့ မခြားပါဘူး။
နောက်တော့ လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို စတင်တိုးတက်စေခဲ့တယ်။
လီဖူချန်းအနေနဲ့ အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေအားလုံးကို အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တွေအဖြစ် မြှင့်တင်ဖို့ တစ်လကြာခဲ့တယ်။
ဒါက မပြီးသေးပါဘူး၊ လီဖူချန်းက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တွေရဲ့အဆင့်ကို စတင်တိုးတက်စေခဲ့တယ်။
လက်ရှိမှာ အမြင့်ဆုံးက ပြီးပြည့်စုံခြင်းအဆင့်ရှိမူလအဆုံးစွန်းခုတ်ချက်၊ သူ့နောက်မှ ထူးကဲအဆင့်ရှိ စပ်ကြောင်းမဲ့ခုတ်ချက်၊ ကျန်တာတွေက ပျမ်းမျှအဆင့်မှာ ရှိတယ်။
မူလအဆုံးစွန်းခုတ်ချက်က အဆုံးစွန်းအဆင့်ကို ဦးစွာ ရောက်ရှိလာတယ်။
အဆုံးစွန်းအဆင့်ကို ရောက်ရှိလာတဲ့ ဒုတိယမြောက်က လိုဏ်ဂူတစ်ရာဓားပိုင်နက်ပါပဲ။
ပိုင်နက်နတ်ဘုရားအတတ်တွေက ထိပ်တန်းဦးစားပေးပဲ၊ လီဖူချန်းက သူတို့ကို လစ်လျူရှုလို့မရပါဘူး။
"လီဖူချန်း၊ အသေးစားလျှို့ဝှက်နယ်မြေက ရက်အနည်းငယ်အတွင်း ပွင့်မယ်၊ မင်းနဲ့ငါ ငွေရောင်ငှက်တောင်မွေးဂိုဏ်းကို ပြန်သွားရမယ်" ဒီနေ့မှာ နန်ကုန်းဖှေးဖန်က လီဖူချန်းရဲ့ခြံဝင်းသို့ ရောက်ရှိလာတယ်။
"ကောင်းပြီ"
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
မြို့မှ ထွက်လာပြီးမှသာ နန်ကုန်းဖှေးဖန်ရဲ့အိမ်စေလူအိုကြီးရဲ့ကျင့်ကြံခြင်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိထားတယ်ဆိုတာ လီဖူချန်းက သိခဲ့ရတယ်။
အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က အလွန်ခြိမ်းခြောက်နိုင်ပါသေးတယ်၊ လီဖူချန်းကို စောင့်ကြည့်နေတဲ့ ဟွမ်ဖုန်မြို့မိသားစုတွေရဲ့ကျွမ်းကျင်သူတွေက အခြေခံအားဖြင့် ဆန်းကျယ်နတ်ဘုရားအဆင့်မှာ ရှိတာလေ။
လူအိုကြီးရဲ့တည်ရှိမှုက လီဖူချန်းရဲ့ဒုက္ခတော်တော်များများကို ဖြေရှင်းပေးခဲ့တယ်။ လီဖူချန်းရဲ့ခွန်အားက မသိနိုင်လောက်အောင် တိုးတက်လာခဲ့ပေမယ့် သူက ဆန်းကြယ်နတ်ဘုရားတစ်ယောက်ကို လစ်လျူရှုနိုင်လောက်တဲ့အထိ မမောက်မာရဲပါဘူး။
တောင်ပံခြောက်ခုငွေရောင်ငှက်မွေးလင်းယုန်ပျံသန်းရေးယာဉ်က ကောင်းကင်မှာ ပျံသန်းနေတယ်။ ပျံသန်းရေးယာဉ်ပေါ်မှာ နန်းတော်ထဲမှာ လီဖူချန်းသာမက ပုရွှမ်းလဲ ရှိနေတယ်။
နန်ကုန်းဖှေးဖန်က ပုရွှမ်းကို ဖိတ်ခေါ်နိုင်ခဲ့တာပေါ့။
"လီဖူချန်း၊ မင်းရဲ့ခွန်အားက အမြောက်အများတိုးတက်လာသလိုပဲ" ပုရွှမ်းက လီဖူချန်းရဲ့သိမ်မွေ့သောပြောင်းလဲမှုတွေကို သတိပြုမိခဲ့တယ်။
လီဖူချန်းက ပြောလိုက်တယ်"မင်းလဲ တူတူပါပဲ"
ပုရွှမ်းရဲ့ခန္ဓာကိုယ်ပေါ်ရှိအအေးဓာတ်က ပိုတောင်သန်မာနေတာလေ။
"ငါ မကြာသေးမီကမှ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုကို အဆုံးစွန်းအထိ မြှင့်တင်ခဲ့တယ်" ပုရွှမ်းက မဖုံးကွယ်ပါဘူး။
"အို....ဂုဏ်ယူပါတယ်"
လီဖူချန်းက မေးငေါ့လိုက်တယ်။
အဆုံးစွန်းအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုက ခွန်အားကို အကြီးအကျယ်တိုးစေပါတယ်။ ပုရွှမ်းက ယခင်က အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကြားမှာ အားကောင်းတဲ့တည်ရှိမှူတစ်ခုဆိုရင် ယခု သူမက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်အချို့ထက် အားမနည်းတော့ပါဘူး။
"ငါတို့တွေ ငွေရောင်ငှက်တောင်မွေးမြို့ကို ရောက်တဲ့အခါကျရင် နင်နဲ့ငါ အပြန်အလှန်သင်ယူကြရအောင်" ပုရွှမ်ရဲ့မျက်လုံးတွေမှာ တိုက်ခိုက်လိုစိတ်အရိပ်အယောင်တစ်ခုဖြစ်တည်လာတယ်။
လီဖူချန်းက ပြောလိုက်တယ်"ထားလိုက်တော့၊ မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး"
တစ်ဖက်လူရဲ့ခွန်အားက သူ့ထက် အများကြီးနိမ့်ကျတယ်ဆိုတာ လီဖူချန်းက ရှင်းရှင်းလင်းလင်းသိတယ်။ တစ်ဖက်လူနဲ့ နွေးနွေးတာက အချိန်ဖြုန်းတာပါပဲ။
"ငါက နင့်ပြိုင်ဘက်မဟုတ်ဘူးဆိုတာ နင်ဘယ်လိုလုပ်သိလဲ"
နန်ကုန်းဖှေးဖန်က ပြောလိုက်တယ်"ပုရွှမ်း၊ မင်းက လီဖူချန်းရဲ့ပြိုင်ဘက်တကယ်ကိုမဟုတ်တာ၊ မင်းက ငါ့ကို ရေခဲမြစ်လိုခံစားချက်တစ်ခု ပေးစွမ်းပေမယ့် လီဖူချန်းက ငါ့ကို ကျယ်ပြောတဲ့သမုဒ္ဒရာတစ်ခုလိုအဆုံးမဲ့ပြီးနက်ရှိုင်းကာမခန့်မှန်းနိုင်တဲ့ခံစားချက်တစ်ခုကို ပေးစွမ်းတယ်"
သူမက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်လေ၊ သူမက ပုရွှမ်းထက် ပိုမြင်နိုင်ပါတယ်။
ဒါပေမယ့် ပွင့်လင်းစွာပြောရရင် သူမက လီဖူချန်းကို ဖြတ်မမြင်နိုင်ပါဘူး။ သူမက မြင်ဖို့ကြိုးစားတဲ့အခါတိုင်း အပေါ်ယံကိုသာ မြင်နိုင်ခဲ့တယ်။
ဒါက သူမကို အနည်းငယ် အံ့အားသင့်စေခဲ့တယ်။ မကြာသေးတဲ့အချိန်အတောအတွင်း လီဖူချန်းရဲ့တိုးတက်မှုက အံ့အားသင့်စရာတစ်ခုခုဖြစ်ပျက်ခဲ့ပုံပဲ။
"တကယ်လား" ပုရွှမ်းက ရုတ်တရက် အေးခဲဓားဆန္ဒတစ်ခုကို သိပ်သည်းကာ လီဖူချန်းကို တိုက်ခိုက်ခဲ့တယ်။
လီဖူချန်းက ပြုံးလိုက်တယ်၊ သူ့ချီကို အနည်းငယ်ပဲ ထုတ်လွှတ်လိုက်တယ်၊ ဆယ်ဆပိုကြောက်စရာကောင်းတဲ့ဓားဆန္ဒတစ်ခုက ထွက်ပေါ်လာပြီး ပုရွှမ်းကို လွင့်ထွက်သွားစေတယ်။ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက နန်းတော်နံရံနဲ့ရိုက်မိလုနီးပါးပဲ။ အရေးကြီးတဲ့အခြေအနေမှာ နန်ကုန်းဖှေးဖန်က ပုရွှမ်းကို ဖမ်းယူခဲ့တယ်လေ။
"လီဖူချန်းက မင်းက အရမ်းမဆင်မခြင်လုပ်တာပဲ" နန်ကုန်းဖှေးဖန်က ပြောစရာစကားမဲ့နေတယ်။
လီဖူချန်းက ပြောလိုက်တယ်"ငါ တောင်းပန်ပါတယ်၊ ငါ အတိုင်းအဆကို မသိတော့လို့"
သူ့ခွန်အားက အများကြီးတိုးလာတာဆိုတော့ အားဘယ်လောက်သုံးသင့်သလဲဆိုတာ သူတောင် မသိတော့ဘူးလေ။
ပုရွှမ်က ဖြူဖတ်ဖြူရော်နဲ့ ကြောက်ရွံ့နေတော့တယ်။
စောစောက လီဖူချန်းရဲ့ဓားဆန္ဒကို ရင်ဆိုင်ရတဲ့အခါ သူမရဲ့နှလုံးသားထဲမှာ သေခြင်းအာရုံတစ်ခုကို ခံစားမိခဲ့တယ်၊ ဒါက အလွန်အမင်းကြောက်စရာကောင်းတယ်။
ဒီအခါမှာတော့ သူမက သဘောပေါက်သွားလေပြီ၊ လီဖူချန်းက လိမ်ပြောတာ မဟုတ်ဘူး၊ သူမက တကယ်ကို သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူးပဲ။
***