← Chapters

သင်ခန်းစာပေးခြင်း

Vol. 88 Ch. 1232

သင်ခန်းစာပေးခြင်း

Vol. 88 Ch. 1232

သိပ်မကြာမီမှာပဲ ငွေရောင်ငှက်တောင်မွေးဂိုဏ်းကို ရောက်ရှိလာတယ်။

ကြယ်ငါးလုံးဂိုဏ်းတစ်ခုအနေနဲ့ ငွေရောင်ငှက်တောင်မွှေးဂိုဏ်းက အလွန်ခံ့ညားထည်ဝါတယ်၊ ဟွမ်ဖုန်မြို့ရဲ့ကြယ်ငါးလုံးမိသားစုတွေထက် အများကြီးပိုခံ့ညားထည်ဝါတယ်။

အဓိကအကြောင်းရင်းကတော့ ဂိုဏ်းတွေက ပုံမှန်အားဖြင့် မြို့အပြင်မှာ တည်ဆောက်ကြပြီး မိသားစုတွေက မြို့အတွင်းမှာ နေထိုင်ကြလို့လေ။

နန်ကုန်းမိသားစုက ငွေရောင်ငှက်တောင်မွှေးဂိုဏ်းရဲ့နံပါတ်တစ်မိသားစုဖြစ်တယ်။ ငွေရောင်ငှက်တောင်မွှေးဂိုဏ်းရဲ့ပင်မဧရိယာ၊ နန်ကုန်းမိသားစုရှိရာနေရာမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်စုက ခြံဝင်းတစ်ခုမှာ စုဝေးနေကြတယ်။

နန်ကုန်းမိသားစုမှာ နန်ကုန်းဖှေးဖန်တစ်ယောက်ပဲ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကို စုဆောင်းနေတာ မဟုတ်ဘူး၊ နန်ကုန်းမိသားစုတစ်ခုလုံးက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကို စုဆောင်းနေတာပါ။

ခြံဝင်းထဲရှိစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေရဲ့အရေအတွက်ကို ကြည့်ရင်း နန်ကုန်းဖှေးဖန်က တိတ်တဆိတ်ခေါင်းညိတ်လိုက်တယ်။ စုဆောင်းထားတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေရဲ့အရေအတွက်က မများလွန်းပေမယ့် တစ်ရာထက်တော့ ပိုပါတယ်။

"ဒါ သခင်မလေးပဲ"

"ဒုတိယသခင်မလေးက ရောက်လာပြီ"

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အချို့က နန်ကုန်းဖှေးဖန်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး လာရောက်နှုတ်ဆက်လာခဲ့ကြတယ်။

နန်ကုန်းဖှေးဖန်က ပြုံးကာ ပြောလိုက်တယ်"ဒီတစ်ကြိမ်တော့ ငါက မင်းတို့အားလုံးကို အားကိုးရမှာပဲ"

"ဒုသခင်မလေး၊ ဒီနှစ်ယောက်ရဲ့နာမည်က ဘာလဲ" တစ်ယောက်က လီဖူချန်းနဲ့ပုရွှမ်းတို့ကို ကြည့်လိုက်တယ်။

ဒီနှစ်ယောက်က မလွယ်ဘူးလို့ မသိစိတ်က သူတို့ကို ပြောပြခဲ့တယ်။

နန်ကုန်းဖှေးဖန်က တည်ငြိမ်စွာ ပြော‌လိုက်တယ်"ဒါက ပုရွှမ်း၊ ယွင်ထျန်းဓားဂိုဏ်းရဲ့အထူးချွန်ဆုံးတပည့်၊ သူမရဲ့ခွန်အားက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်တွေထက် အားမနည်းဘူး။ ဒါက လီဖူချန်း၊ သူ့ခွန်အားက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းမှာရှိတယ်"

နန်ကုန်ဖှေးဖန်ရဲ့အတွေးက အလွန်ရိုးရှင်းတယ်၊ ပထမ လီဖူချန်းနဲ့ပုရွှမ်းတို့ရဲ့အဆင့်အတန်းကို အရင်ဆုံးဖြတ်ရမယ်၊ ပြီးရင် အသေးစားလျှို့ဝှက်နယ်‌မြေကို သွားတဲ့အခါ သူတို့နှစ်ယောက်ကို ဦးဆောင်ခိုင်းရမယ်။

"ဘာ"

လူတိုင်းက တစ်ခဏတာ မှင်တက်သွားကြတယ်၊ သူတို့နှစ်ယောက်လုံးက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့ခွန်အားရှိတယ်၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူတို့က နန်ကုန်းဖှေးဖန်ကို မယုံတာတော့ မဟုတ်ဘူး၊ နန်ကုန်းဖှေးဖန်ရဲ့စကားတွေက အနည်းငယ်အံ့အားသင့်သွားရုံမျှပဲ။

သူတို့တစ်ရာကျော်ထဲမှာ အနည်းငယ်ကပဲ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေဖြစ်ကြပြီး တစ်ယောက်မှ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့ခွန်အားမရှိပါဘူး။ အခု နန်ကုန်ဖှေးဖန်ဘက်မှာ နှစ်ယောက်ရှိနေတယ်။ ဘယ်အချိန်တုန်းက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်တွေက တရုတ်ဂေါ်ဖီထုပ်လို ဖြစ်လာတာလဲ။

"တကယ်ရောဟုတ်ရဲ့လား"

လူအချို့က ရယ်လိုက်တယ်၊ ဘာပြောရမလဲကို မသိတော့ဘူး။

ဒါကို မြင်ပြီး နန်ကုန်းဖှေးဖန်က သက်ပြင်းချလိုက်တယ်။ ဒီလူတွေက မယုံဘူးဆိုတာ သူမက သိတယ်၊ ဒါပေမယ့် သူမက ဘာမှမတတ်နိုင်ပါဘူး။ နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ လီဖူချန်းနဲ့ပုရွှမ်းက သူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေဖို့ သူမက မျှော်လင့်တယ်။

ဝင်းထဲမှာ ဝိုင်းတွေ အများကြီးရှိပြီး လီဖူချန်းနဲ့ပုရွှမ်းတို့အတွက် ကပ်လျက်ဝိုင်းနှစ်ခုကို စီစဉ်ပေးထားတယ်။

နန်ကုန်းဖှေးဖန်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်သလားတော့ မသိဘူး၊ ဒိီဝိုင်းနှစ်ခုက ဝင်းတစ်ခုလုံးရဲ့အလယ်ဗဟိုမှာ ရှိတယ်။ ဒီလိုအလယ်ဝိုင်းကိုးခုရှိပြီး အခြားခုနှစ်ခုမှာ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ခုနှစ်ယောက်က နေထိုင်ကြတယ်။

အသေးစားလျှို့ဝှက်နယ်မြေမဖွင့်ခင် ရက်အနည်းငယ်လိုသေးတယ်။ ဝင်းထဲမှာနေထိုင်တဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက ငြီးငွေ့လာကြကာ တစ်ယောက်နဲ့တစ်ယောက် မကြာခဏယှဉ်ပြိုင်နေတော့တယ်။

"လီဖူချန်း၊ မင်းမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းခွန်အားရှိတယ်လို့ ဒုတိယသခင်မလေးဆီကနေ ငါ ကြားတယ်၊ မင်း ငါ့ကို အလင်းပြပေးနိုင်မလား၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်နဲ့ငါ့ကြားကွာဟချက်ကို သိခွင့်ပေးပေါ့" ဒီနေ့မှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်က လီဖူချန်းကို စိန်ခေါ်လာတယ်။

ဒီလူက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်ပြီး ဟယ်ရှလို့ ခေါ်တယ်။ လီဖူချန်းနဲ့ပုရွှမ်းတို့မှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းခွန်အားရှိမယ်လို့ သူက မယုံကြည်ပါဘူး။

"နင်က သူ့ကို ယှဉ်ချင်ရင် ငါ့ကို အရင်နိုင်အောင် လုပ်ရမယ်" ပုရွှမ်းက ပြောလိုက်တယ်။

ဒီကိုလာတဲ့လမ်းမှာ သူမကို လီဖူချန်းရဲ့ခွန်အားက ပြုစားခဲ့တယ်။ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်ကိုကျော်လွန်တဲ့ကြောက်စရာကောင်းတဲ့ခွန်အားတစ်ခုပဲ။ ဒီအချိန်မှာ တစ်ယောက်ယောက်က လီဖူချန်းကို ယှဉ်ပြိုင်ချင်တာကို မြင်ပြီး သူမက ထရပ်လိုက်တယ်။

"ကောင်းပြီ၊ ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့"

ဟယ်ရှက အနိုင်ရဖို့ မမျှော်လင့်ထားပါဘူး၊ သူက သူတို့နှစ်ယောက်ရဲ့ခွန်အားကို စမ်းသပ်ရုံမျှပဲ။

အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်အနေနဲ့ ဟယ်ရှက အလွန်အားကောင်းတယ်၊ သူက သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ လက်သီးအရိပ်တစ်ထောင်က နေတစ်စင်းထွန်းလင်းတောက်ပနေတဲ့အလား ပေါက်ကွဲထွက်လာတယ်။

ထူးကဲအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်-မိုးထိနေလက်သီး။

ဖြောက်......

ရေခဲဓားဆန္ဒတစ်ခုက ရိုက်ခတ်လာတယ်၊ လက်သီးအရိပ်က အေးခဲကာ ပေါက်ကွဲထွက်သွားပြီး ဟယ်ရှရဲ့ခန္ဓာကိုယ်က နေရာမှာတင် အေးခဲသွားတော့တယ်။

ဓားတစ်ချက်နဲ့အတူ ဟယ်ရှက ရှုံးနိမ့်သွားတယ်။

"ဒီလောက်တောင် သန်မာတာ၊ ဟယ်ရှကို ဓားတစ်ချက်နဲ့ အနိုင်ယူခဲ့တာပဲ"

ခြံဝင်းက ကြီးမားတာကြောင့် လှုပ်ရှားမှုသေးသေးလေးတစ်ခုဖြစ်လာတာနဲ့ လူတိုင်းက ပတ်ပတ်လည်မှာ စုဝေးလာကြတယ်။ ဒီအချိန်မှာ ပုရွှမ်းက ဟယ်ရှကို ဓားတစ်ချက်နဲ့ အနိုင်ယူခဲ့တာကို မြင်ပြီး သူတို့က အံ့ဩသွားကြတော့တယ်။

သူတို့က ငွေရောင်ငှက်တောင်မွှေးဂိုဏ်းရဲ့နန်ကုန်းမိသားစုမှာ ရောက်ရှိနေတာ အချိန်တစ်ခုရှိပြီ၊ သူတို့က တစ်ယောက်နဲ့တစ်ယောက် မကြာခဏယှဉ်ပြိုင်ခဲ့ကြတယ်၊ ဒါကြောင့် သူတို့က ဟယ်ရှရဲ့ခွန်အားကို ကောင်းကောင်းနားလည်တယ်။

အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကြားမှာ ဟယ်ရှရဲ့ခွန်အားက သာလွန်သူလို့ ဆိုနိုင်တယ်၊ သူ့ထက် သန်မာတာဆိုလို့ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ခုနှစ်ယောက်ဒါမှမဟုတ်ရှစ်ယောက်နဲ့အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေသာ ရှိတယ်။

"ငါ တိုက်ခိုက်မယ်"

နောက်ထပ်အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်က ထရပ်လာတယ်၊ သူ့ရဲ့ချီအရ သူက ဟယ်ရှထက် အများကြီးပိုသန်မာတယ်။

"ကျေးဇူးပြုပြီး"

ဖြောက်။

ဘာအမှားအယွင်းမှမရှိဘဲ ဒီလူကိုလဲ ပုရွှမ်းရဲ့ဓားဆန္ဒက အေးခဲသွားစေခဲ့တယ်၊ သူက လုံးဝမခုခံနိုင်ခဲ့ပါဘူး။

ဒါကို မြင်ပြီး ပုရွှမ်းက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဆိုတာ လူတိုင်းက သဘောတူခဲ့တယ်။

ဒါပေမယ့် အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်ကြားမှာ ကွဟချက်တစ်ခုတော့ ရှိနေပါသေးတယ်။

စန်းလန်မြို့ထဲမှာ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်သိန်းဒါမှမဟုတ်ရှစ်သောင်းအထိ ရှိပေမယ့် စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းက တစ်ထောင်သာ ရှိတယ်။

အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ရာမှာ တစ်ယောက်ကပဲ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းကို ဝင်နိုင်ပါလိမ့်မယ်။

"မာဖေ"

ရွှေရောင်ဆံပင်နဲ့လူရွယ်တစ်ယောက်က လျှောက်လာတယ်။

မာဖေ၊ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်။

"ကျေးဇူးပြုပြီး"

ပုရွှမ်းရဲ့အမူအရာက မပြောင်းလဲပါဘူး။

မာဖေရဲ့လက်နက်က ရွှေရောင်လှံတစ်ချောင်းဖြစ်တယ်၊ ရွှေရောင်လှံကို ကိုင်တွယ်လျက် မာဖေရဲ့ခန္ဓာကိုယ်က ကျယ်ပြောပြီးကြမ်းတမ်းတဲ့ချီတစ်ခုပေါက်ကွဲထွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးက နေပမာ အဆုံးမဲ့အလင်းနဲ့အပူကို ထုတ်လွှတ်နေတော့တယ်။

မာဖေအထူးပြုတဲ့ဥပဒေသက ထိပ်တန်းအဆင့်ဥပဒေသဖြစ်တဲ့နေဥပဒေသမှန်း သိသာတယ်။

သာမန်ဥပဒေသတွေနဲ့ယှဉ်ရင် ထိပ်တန်းအဆင့်ဥပဒေသတွေက မွေးရာပါအဆများစွာပိုသန်မာပြီး သူတို့ရဲ့ချီအရှိန်အဝါက ပိုကျယ်ပြောကာ လူတွေကို ယှဉ်ပြိုင်ဖို့ ခက်ခဲသလို ခံစားရစေတယ်။

"နေလှံ"

မာဖေက ထိုးချလိုက်တယ်၊ သူ့ပုံရိပ်က ရွေ့လျားသွားပြီး ရွှေရောင်လှံက လှံအရိပ်သန်းတစ်ရာအဖြစ် ပေါက်ကွဲထွက်သွားခဲ့တယ်။ လှံအရိပ်တစ်ခုစီက စူးရှပူပြင်းတဲ့‌နေတစ်စင်းလိုပဲ။ လှံအရိပ်သန်းတစ်ရာက ရိုက်ခတ်လာပြီး ကောင်းကင်နဲ့မြေကြီးကြားမှာ အလင်းနဲ့အပူသာ ချန်ထားတော့တယ်။

ဟယ်ရှရဲ့အလင်းဥပ‌ဒေသနဲ့ယှဉ်ရင် မာဖေရဲ့နေဥပဒေသက နှစ်ဆပိုသန်မာတယ်။

ဟယ်ရှရဲ့အလင်းဥပဒေသက အဆင့်မြင့်ဥပဒေသသာဖြစ်တယ်။

သန်မာတဲ့လွှမ်းမိုးနိုင်တဲ့မာဖေရဲ့ရင်ဆိုင်ရပေမယ့် ပုရွှမ်းက နေရာမှာတင် ရပ်နေလျက်ပဲ၊ သူမလက်ထဲရှိဓားရှည်က အနည်းငယ်လှုပ်ယမ်းသွားပြီး ရေခဲဓားဆန္ဒတစ်ခုက တိုက်ခိုက်လာတယ်။

ပြီးပြည့်စုံခြင်းအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်- အေးခဲဓားဆန္ဒ။

ဖြောက်....ဖြောက်.....ဖြောက်......

လူတိုင်းက အေးစက်မှုကို အရင်ခံစားခဲ့ရတယ်၊ ပြီးနောက် အလင်းနဲ့အပူက ချက်ချင်းပျောက်ကွယ်သွားပြီး မမြင်နိုင်တဲ့အေးခဲဓားဆန္ဒတစ်ခုက ကမ္ဘာမှာ ပြည့်သွားတယ်။

နောက်အခိုက်အတန့်မှာ မာဖေက အေးခဲသွားပြီး မရွေ့လျားနိုင်တော့ပါဘူး။

ဟေး......

လူတိုင်းက ပင့်သက်ရှိုက်မိတယ်။

မာဖေကို ဓားတစ်ချက်နဲ့ အနိုင်ရခြင်း။

ဒီပုရွှမ်းက တကယ်ပဲ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းခွန်အားရှိပုံပဲ။

ပုရွှမ်းက ဘာမှ မပြောပါဘူး၊ တစ်ဖက်လူက အားနည်းလွန်းတယ်၊ သူမက အဆုံးစွန်းအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကိုတောင် အသုံးမပြုခဲ့ရဘူး။

ဒီနေရာကိုလာတဲ့လမ်းမှာ သူမက လီဖူချန်းနဲ့ ယှဉ်ပြိုင်ချင်ရတဲ့အကြောင်းရင်းကတော့ အဆုံးစွန်းအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ရဲ့စွမ်းအားကို စမ်းသပ်ချင်လို့ပဲ။

ပတ်ပတ်လည်ကို ဖျက်ကနဲကြည့်ပြီးနောက် ပုရွှမ်းက ပြောလိုက်တယ်"ဘယ်သူ နောက်ထပ်ယှဉ်ပြိုင်ချင်သေးလဲ"

ကြည့်နေတဲ့အခြားအားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ခြောက်ယောက်က မလှုပ်ပါဘူး။ အသက်ရှုချိန်အနည်းငယ်ပြီးနောက် သူတို့ထဲကတစ်ယောက်က ပြောလိုက်တယ်"မင်းရဲ့ခွန်အားကို ငါတို့ လက်ခံပါတယ်၊ ဒါပေမယ့် သူ့ရဲ့ခွန်အားတော့ မဟုတ်ဘူး" သူက လီဖူချန်းကို လက်ညှိုးထိုးလိုက်တယ်။

သူတို့က မာဖေကို တစ်ချက်နဲ့ အနိုင်မယူနိုင်ဘူး၊ ဒါကြောင့် သူတို့က ပုရွှမ်းရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာ လက်ခံခဲ့ကြတယ်။

ဒါပေမယ့် လီဖူချန်းက ဘာမှမလှုပ်ရှားရသေးဘူးလေ။

ပုရွှမ်းက လီဖူချန်းကို ကာကွယ်နေတယ်လို့ သူတို့က သံသယရှိတယ်။

ဒါက သူတို့လက်မခံနိုင်တဲ့အရာပဲ။

မင်းက ဒီနေရာမှာ ခြေကုပ်တစ်ခုကို လိုချင်ရင် မင်းက မင်းရဲ့ခွန်အားကို ပြရပါမယ်။ တကယ်တော့ မင်းက အသေးစားလျို့ဝှက်နယ်မြေကို ဝင်တဲ့အခါ မင်းရဲ့ခွန်အားအတိုင်း ဆောင်ရွက်ရပါမယ်။ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က အသင်းကို ဦးဆောင်ပြီး အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က တပ်ဖွဲ့ကို ဦးဆောင်ရပါမယ်။

"မင်းက သူနဲ့ ယှဉ်ပြိုင်ချင်တာ သေချာရဲ့လား"

နောက်ထပ်အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်က ပြောလိုက်တယ်"မင်းက သူ့ကို ကာကွယ်ဖို့ အခိုင်အမာရည်ရွယ်ထားရင်တော့ ငါတို့က ဘာတတ်နိုင်မှာလဲ၊ ဒါပေမယ့် မင်းတစ်ခုသိထားရမှာက လူတိုင်းရဲ့အသိအမှတ်ပြုမှုကို မရရင် တစ်ယောက်တည်း သီးခြားဖြစ်နေရလိမ့်မယ်၊ ဒါက သူ့အတွက် မကောင်းဘူး"

"ဒီလိုဆိုလဲ နင်တို့တွေ သူ့ကို စိန်ခေါ်နိုင်တယ်။ တကယ်တမ်းတော့ ငါက နင်တို့ကောင်းဖို့ လုပ်နေတာ" ပုရွှမ်းက ဘေးသို့ ရှောင်ပေးလိုက်တယ်။

ပုရွှမ်းနောက်ဆုတ်သွားတာကို မြင်ပြီး လူအချို့က တုံ့ဆိုင်းသွားတော့တယ်။ သူတို့က ပုရွှမ်းဘာဆိုလိုသလဲကို နားမလည်ကြပါဘူး။

ထာလီဖုလို့ခေါ်တဲ့အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်က ပုရွှမ်းပြောတာကို လစ်လျူရှုခဲ့တယ်။ သူက သူ့ခန္ဓာကိုယ်ထက်ပိုကြီးတဲ့ဧရာမပုဆိန်တစ်လက်ကို ကိုင်ထားပြီး လီဖူချန်းကို ပြောလိုက်တယ်"လာတိုက်ခိုက်စမ်းပါ.....ယောင်္ကျားဆိုရင် မိန်းမနောက်မှာပဲ ပုန်းမနေစမ်းပါနဲ့"

ကြည့်ရတာတော့ ရှောင်လို့မရတော့ဘူးထင်ပါရဲ့။

အပွင့်အလင်းဆုံးပြောရရင် လီဖူချန်းက တိုက်ခိုက်လိုစိတ်မရှိပါဘူး။

ပုရွက်ဆိတ်တစ်ကောင်နဲ့ယှဉ်ပြိုင်ရတာ ပျင်းဖို့ကောင်းတယ်လေ။

ဒါပေမယ့် တစ်ခါတစ်ရံမှာ မိမိဖြစ်ချင်သလို ဖြစ်မရပါဘူး။

သူက မတိုက်ခိုက်ရင် သူက သီးခြားဖြစ်တော့မှာ သံသယရှိစရာမလို၊ ဒါက ကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။

သက်ပြင်းချလျက် လီဖူချန်းက လက်နောက်ပစ်ကာ လျှောက်လာတယ်။

"စပါ" လီဖူချန်းက ပြောလိုက်တယ်။

သူက တစ်ဖက်လူကို သင်ခန်းစားတစ်ခုပေးဖို့ ဆုံးဖြတ်ထားတယ်၊ ဒီမှာရှိနေတဲ့လူတိုင်းကို သိမြင်သွားစေရမယ်။

သူတို့နဲ့သူ့ကြားမှာ ကြီးမားတဲ့ကွာဟချက်တစ်ခုရှိနေတယ်ဆိုတာကိုလေ။

"ဟေး၊ ပုဆိန်အရိပ်ကမ္ဘာ" ထာလီဖုက စတင်တိုက်ခိုက်ခဲ့တယ်။ သူ့လက်ထဲရှိဧရာမပုဆိန်က အလေးချိန်မရှိပုံရတယ်။ သူက လက်နှစ်ဖက်နဲ့ ဧရာမပုဆိန်ကို ကိုင်လျက် မြှောက်ကာ ခုတ်ချလိုက်တယ်။

အုန်း......

ကြီးမားတဲ့ပုဆိန်အရိပ်တစ်ခုက ခြံဝင်းတစ်ခုလုံးမှာ ထွက်ပေါ်လာတယ်။

ဒီဧရာမပုဆိန်အရိပ်က နတ်ဘုရားတွေ လွှဲယမ်းလိုက်တဲ့ပုဆိန်တစ်ခုအလား ကောင်းကင်မှ ကျဆင်းလာကာ လီဖူချန်းကို ခုတ်ပိုင်းလာခဲ့တယ်။

လီဖူချန်းက လက်ကို နောက်ပစ်လျက် ဓားတောင် မထုတ်ခဲ့ပါဘူး။

ဒါ ဘယ်လိုချီအရှိန်အဝါမျိုးလဲ၊ ထာလီဖုခုတ်ချလာတဲ့ပုဆိန်အရိပ်က တိုက်ရိုက်ကြေမွကာ ပျက်ဆီးသွားခဲ့တယ်။ နောက်အခိုက်အတန့်မှာ ချီအရှိန်အဝါက ထာလီဖုကို ပစ်ထုတ်လိုက်တော့တယ်၊ ထာလီဖုက အပေါ်မှ ကျဆင်းလာကာ သွေးတွေက ကောင်းကင်တစ်လျှောက် ပက်ဖျန်းသွားတော့တယ်။

ဒီမြင်ကွင်းကို မြင်ပြီး လူတိုင်းက မှင်တက်သွားတော့တယ်။

သူက ထာလီဖုကို ချီအရှိန်အဝါမျှနဲ့ အနိုင်ယူခဲ့တယ်။ ဒါ ဘယ်လိုတောင်လဲ။

"သန်မာလွန်းတယ်၊ ငါတို့ထက် ဆယ်ဆပိုသန်မာတယ်" အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်က ရေရွတ်လိုက်မိတယ်။

သူ့ဘေးနားရှိအားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က တံတွေးမျိုချလိုက်မိတယ်"သူ့ခွန်အားက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းအဆင့်မှာရှိတာ သေချာတယ်၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းမှာတောင် သူက အကြွင်းမဲ့ဆရာသခင်တစ်ယောက်ပဲ"

ဆန်းကျယ်နတ်ဘုရားတစ်ယောက်မဟုတ်ဘဲနဲ့ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို ချီအရှိန်အဝါနဲ့ အနိုင်ယူနိုင်တဲ့သူကို သူ ဘယ်တော့မှ မမြင်ဖူးဘူး။

"ဟုတ်တယ်၊ သခင်မလေးက မှားနေတာလို့ ငါတို့တွေ တွေးခဲ့မိတာ။ ငါတို့ကပဲ တကယ်မှားခဲ့တာ။   ကြည့်ရတာ နန်ကုန်းမိသားစုက အသေးစားလျို့ဝှက်နယ်မြေမှာ တောက်ပလာတော့မှာပဲ" နည်းနည်းစိတ်ဓာတ်ကျသွားပေမယ့် လူအနည်းငယ်က စိတ်ထဲမှာ ပျော်ရွှင်ဝမ်းမြောက်နေတော့တယ်။ သူတို့ကို ဦးဆောင်မယ့် ဒီစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နှစ်ယောက်နဲ့ဆိုရင် သူတို့ရဲ့ဘေးကင်းမှုက အကြီးအကျယ်တိုးလာပေလိမ့်မယ်။

လီဖူချန်းက ထာလီဖုကို သူ့ရဲ့ချီအရှိန်အဝါမျှနဲ့ အနိုင်ယူခဲ့တယ်၊ ဒါက လူတိုင်းကို လက်ခံယုံကြည်လာစေခဲ့တယ်။ လီဖူချန်းကို သူတို့ရဲ့ကျောရိုးအနေနဲ့ လူတိုင်းက သတ်မှတ်ထားခဲ့ကြတယ်။

***

All Chapters