ရစ်လိမ်ခြင်းဥပဒေသ
Vol. 88 Ch. 1233
"ညီမလေး၊ ညီမလေး၊ ဒီတစ်ခါတော့ ငါ ကြီးမားတဲ့အကူအညီတစ်ခုကို ရလာပြီ" နန်ကုန်းဖှေးဖန်ရဲ့ခြံဝင်းထဲကို နန်ကုန်းယုက ဝင်လာတယ်။
"ဘာကို ပြောတာလဲ" နန်ကုန်းဖှေးဖန်က အံ့အားသင့်စွာ မေးလိုက်တယ်။
တစ်ဖက်လူက သူမရဲ့အကိုအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားလေ။
နန်ကုန်ယုက ဂုဏ်ယူစွာ ပြောလိုက်တယ်"ငါက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်သုံးယောက်ကို ခေါ်နိုင်ခဲ့သလို စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်တစ်ယောက်ကိုလဲ ခေါ်လာနိုင်ခဲ့တယ်"
"အိုး...တကယ်လား။ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်လား" နန်ကုန်းဖှေးဖန်က ပျော်သွားလေတယ်။ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်တစ်ယောက်က ကြီးမားတဲ့အခန်းကဏ္ဍတစ်ခုမှာ ပါဝင်နိုင်တယ်လေ၊ ဒါက ကောင်းတဲ့အရာတစ်ခုပဲ။
"အဆင့်ကရော ဘယ်လောက်လဲ" နန်ကုန်းဖှေးဖန်က မေးလိုက်တယ်။
နန်ကုန်းယုက ပြောလိုက်တယ်"အဆင့်၇၈၀၊ ငါ တန်ဖိုးကြီးကြီးမားမားပေးပြီး ဖိတ်ခေါ်ခဲ့ရတာနော်"
"လူကရော ဘယ်မှာ"
အဆင့်၇၈၀ဆိုတာ တော်တော်လေမြင့်တယ်လို့ ဆိုရမယ်။
"အကိုရွှယ်လုံ၊ ဝင်လာပါ" နန်ကုန်းယုရဲ့အသံက ခြံဝင်းအပြင်ဘက်သို့ ပျံ့နှံ့သွားတယ်။
မကြာမီမှာတော့ ပုံရိပ်တစ်ခုက ဝင်လာတယ်။
ဒါက သူ့ခန္ဓာကိုယ်ပေါ်မှာရစ်လိမ်ခြင်းချီတည်ရှိမှုရှိတဲ့လူရွယ်တစ်ယောက်ပဲ။
အရိုးကြေစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကျန်ရွှယ်လုံ၊ စန်းလန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့အဆင့်၇၈၀။
"အရမ်းသန်မာတာပဲ" ဒါက နန်ကုန်းဖှေးဖန်ရဲ့ပထမဆုံးအမြင်ပါပဲ။
တစ်ဖက်လူက နေရာမှာတင်ရပ်နေတာက သူ့ပတ်လည်ရှိအရာအားလုံးကိုဆွဲဆောင်နေတဲ့ရစ်လိမ်ခြင်းပိုင်နက်တစ်ခုလိုပဲ။
"ဒါပေမယ့် လီဖူချန်းထက်တော့ ဆိုးဝါးသေးတယ်၊ ပုရွှမ်းနဲ့တော့ သိပ်မကွာလောက်ဘူး" ကျန့်ရွှယ်လုံက လီဖူချန်းရဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်နိုင်မယ်လို့ ကျန့်ရွှယ်လုံက မထင်ပါဘူး။ လီဖူချန်းဆိုတဲ့မွန်းစတားက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်ကို ကျော်လွန်သွားပြီလေ။
ကျန့်ရွှယ်လုံက နန်ကုန်းဖှေးဖန်ကို ရဲတင်းစွာ စိုက်ကြည့်လိုက်တယ်"ဖှေးဖန်မိန်ကလေး၊ ဒီတစ်ခါအသေးစားလျှို့ဝှက်နယ်မြေဖွင့်တဲ့အခါ အရာအားလုံးကို ငါ့အပေါ် ထားလိုက်၊ ဒါပေမယ့် ငါ တောင်းဆိုစရာတစ်ခုရှိတယ်။ မင်း ငါ့ရဲ့အချစ်ကို လက်ခံနိုင်မလားမသိ"
သူက နန်ကုန်းဖှေးဖန်ကို မြင်မြင်ချင်းချစ်မိသွားပြီ၊ ဒါက သူနှစ်သက်တဲ့ပုံစံမျိုးပဲ။
နန်ကုန်းဖှေးဖန်က မျက်မှောင်ကြုတ်လိုက်တယ်"ရှင်က ယုံကြည်ချက်ရှိနေပါလား"
"ဒါပေါ့" ကျန့်ရွှယ်လုံက ဂုဏ်ယူစွာ ပြောလိုက်တယ်။
"တောင်းပန်ပါတယ်၊ ငါ သဘောမတူဘူး" နန်ကုန်းဖှေးဖန်က ငြင်းပယ်လိုက်တယ်။
ကျန့်ရွှယ်လုံက ပြောလိုက်တယ်"ဘာလို့လဲ၊ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က မင်းထက် နိမ့်လို့လား။ အဲဒါအတွက် စိတ်မပူနဲ့၊ ငါ့အနေနဲ့ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်ဖို့ ဘယ်လောက်မှ မကြာဘူး၊ အနာဂတ်မှာ ငါက မင်းကိုတောင် ကျော်ဖြတ်သွားနိုင်တယ်။ မင်း ငါ့ကို လက်ထပ်ဖို့ ကတိပေးသရွေ့ ငါ့ဘဝတစ်လုံးကို နန်ကုန်းမိသားစုနဲ့ငွေရောင်ငှက်တောင်မွှေးဂိုဏ်းအတွက် ပုံအပ်ပေးမယ်"
ဒါက တစ်ယောက်ယောက်က သူ့ညီမကို လိုက်နေတာကို နန်ကုန်းယုမြင်တဲ့ ပထမဆုံးအကြိမ်ပဲ၊ သူက ပြုံးကာ ပြောလိုက်တယ်"အကိုရွှယ်လုံ၊ ငါတို့တွေ ဒီကိစ္စကို နောက်မှ ပြောကြရအောင်၊ အချိန်တွေ အများကြီး ကျန်ပါသေးတယ်"
"ဟုတ်ဒါပေါ့၊ ငါ အရမ်းမဆင်မခြင်လုပ်မိသွားတယ်" ကျန့်ရွှယ်လုံက ပြောလိုက်တယ်။
နန်ကုန်းဖှေးဖန်က ပြောစရာစကားမရှိပါဘူး၊ သူမက နန်ကုန်းယုကို ပြောလိုက်တယ်"အကို သူ့ကို ကျင်းဟွာခြံဝင်းကို ခေါ်သွားလိုက်"
လီဖူချန်းနဲ့အခြားသူတွေက ဖှေးလင်းခြံဝင်းမှာ နေကြပေမယ့် အဲမှာက ပြည့်နေပါပြီ။
"ကောင်းပြီ၊ အကိုရွှယ်လုံ၊ ဒီလမ်းအတိုင်း ကြွပါ"
နန်ကုန်းယုက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်ပေမယ့် သူက ကျန့်ရွှယ်လုံအပေါ် အလွန်ယဉ်ကျေးပါတယ်။ ပထမ၊ နန်ကုန်းမိသားစုက ကျန့်ရွှယ်လုံကို လိုအပ်တယ်။ ဒုတိယ၊ ကျန့်ရွှယ်လုံရဲ့နောက်ခံက ငွေရောင်ငှက်တောင်မွှေးဂိုဏ်းနဲ့နန်ကုန်းမိသားစုထက် မနိမ့်ကျပါဘူး။
ဖှေးလင်းခြံဝင်းနဲ့ကျင်းဟွာခြံဝင်းတို့က ကပ်လျက်တည်ရှိတယ်။
ဖှေးလင်းခြံဝင်းက ပြည့်နေပြီဆိုပေမယ့် ကျင်းဟွာခြံဝင်းက တစ်ဝက်လွတ်ပါသေးတယ်။
ကျန့်ရွှယ်လုံရောက်လာခြင်းက ကျင်းဟွာခြံဝင်းကို လှုံ့ဆော်စေခဲ့တယ်။
အကြောင်းကတော့ ကျင်းဟွာခြံဝင်းထဲမှာ ကျန့်ရွှယ်လုံကိုသိတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ရှိတယ်လေ။
ကျန့်ရွှယ်လုံ၊ အရိုးကြေစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်၊ အဆင့်မြင့်ဥပဒေသဖြစ်တဲ့ရစ်လိမ်ခြင်းဥပဒေသကို ကျွမ်းကျင်တယ်။ သူနဲ့တိုက်ခိုက်တဲ့အခါ မင်းက မတုံ့ပြန်နိုင်ခင် မင်းရဲ့ခန္ဓာကိုယ်ကို အားကောင်းတဲ့ရစ်လိန်ချီအားတစ်ခုက ရစ်ပတ်ပြီး မင်းရဲ့အရိုးတွေက ကြေမွသွားစေလိမ့်မယ်။
အရိုးကြေစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဆိုတဲ့နာမည်က ဒီကဆင်းသက်လာတာပဲလေ။
လူတိုင်းရဲ့စိတ်ဝင်စားတဲ့သဘောထားနဲ့မတူညီစွာ ကျန့်ရွှယ်လုံရဲ့သဘောထားက အနည်းငယ်အေးစက်တယ်၊ အထင်အမြင်သေးတတ်တယ်။
ဒီစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက အားနည်းလွန်းတယ်။
သူတို့နဲ့ ခင်မင်ရင်းနှီးစရာလုံးဝမလိုအပ်ပါဘူး။
"အကိုရွှယ်လုံ၊ ငါက ရစ်လိမ်ခြင်းဥပဒေသကို တစ်ခါမှ မမြင်ဖူးဘူး။ မင်း ငါတို့ကို မြင်တွေ့ခွင့်ပေးနိုင်မလား"အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဆစ်ယောက်က ကျန့်ရွှယ်လုံရဲ့ရစ်လိမ်ခြင်းဥပဒေသကို အရမ်းစိတ်ဝင်စားတယ်။ ဒါပေမယ့် သူက ကျန့်ရွှယ်လုံနဲ့ မယှဉ်ပြိုင်ရဲပါဘူး၊ တစ်ဖက်လူက နည်းနည်းလေးသရုပ်ပြပေးရုံပါပဲ။
ဖြောက်......
"ရော့"
ကျန့်ရွှယ်လုံက သူ့ရဲ့လက်သည်းတွေကို လေထဲမှ ရစ်လိမ်ခဲ့တယ်၊ စကားပြောခဲ့တဲ့အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က တွန့်လိမ်သွားခဲ့တယ်။ သူ့အရိုးတွေက လုံးဝပျက်ဆီးသွားပြီး သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ပြင်းပြင်းထန်ထန်လျော့ကျလာခဲ့တယ်။
"ကြမ်းတမ်းလွန်းတယ်"
ဒီကျန့်ရွှယ်လုံက အလွန်မောက်မာပြီး သူတို့နဲ့မိတ်ဆွေမဖြစ်ချင်ဘူးဆိုတာ ဘယ်သူမှ မမြင်စရာလား။
"ဒါက သူမြင်ချင်တဲ့အတိုင်းပဲ။ နောက်ထပ် ဘယ်သူကရော ထပ်မြင်ချင်သေးလဲ" ကျန့်ရွှယ်လုံရဲ့မျက်လုံးတွေက ဝေ့ကြည့်သွားတယ်။
"တစ်ယောက်မှ မရှိတော့ဘူးလား။ ဒါဆိုလဲ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့။ ငါ့ရဲ့ရစ်လိမ်ခြင်းဥပဒေသက မင်းတို့ကြည့်ချင်တိုင်းကြည့်လို့ရတဲ့အရာမဟုတ်ဘူး။ မင်းတို့က ကြည့်ချင်ရင် တန်ဖိုးတစ်ခုတော့ ပေးချေရမှာပဲ" ကျန့်ရွှယ်လုံက ဂုဏ်ယူစွာနဲ့ ထွက်ခွာသွားခဲ့တယ်။
"ဘယ်လောက်တောင် ကြီးကျယ်လိုက်သလဲ၊ လီဖူချန်းနဲ့တွေ့လို့ကတော့ ဒူးထောက်သွားရမှာ သေချာတယ်"
"ဟုတ်တယ်၊ သူက ငါတို့ရှေ့မှာပဲ မောက်မာရဲတာပါ၊ သူက လီဖူချန်းရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
လူအုပ်ကြီးထဲမှာ လူတိုင်းက တတွတ်တွတ်ပြောနေတော့တယ်။
"မင်းတို့ဘာပြောတာလဲ" ကျန့်ရွှယ်လုံက ရုတ်တရက် ပြန်လှည့်လာပြီး သူ့ရဲ့ညာလက်ကို လေထဲမှာ ဆုပ်ကိုင်လိုက်တယ်၊ စကားပြောခဲ့တဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အနည်းငယ်က သူ့ရှေ့သို့ ရောက်ရှိလာခဲ့တယ်။
"မင်းက လီဖူချန်းရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူးလို့ ငါ ပြောခဲ့တာ" စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်က ထွက်လာကာ ပြောလိုက်တယ်။
"လီဖူချန်း၊ သူက ဘယ်သူလဲ"
ကျန့်ရွှယ်လုံရဲ့လက်ဝါးက တင်းကြပ်သွားပြီး တစ်ဖက်လူရဲ့အရိုးတွေမှ အက်ကွဲသံတစ်ခု ထွက်ပေါ်လာတယ်။
"မင်းက ဖှေးလင်းခြံဝင်းကို သွားရင် သိမှာပါ"
"ဖြောက်".....
လူအချို့ရဲ့ခန္ဓာကိုယ်က တွန့်လိမ်သွားပြီးနောက် ကျန့်ရွှယ်လုံက ဖှေးလင်းခြံဝင်းဆီ လျှောက်လာခဲ့တယ်။
ဖှေးလင်းခြံဝင်း။
"လီဖူချန်းဆိုတာ ဘယ်သူလဲ၊ သူ့ကို ငါနဲ့ လာတွေ့ခိုင်းလိုက်" ကျန့်ရွှယ်လုံရဲ့အသံက ဖှေးလင်းခြံဝင်းတစ်လျှောက် ပျံ့နှံ့သွားတယ်။
"ဘယ်သူက လီဖူချန်းကို စိန်ခေါ်ရဲတာလား"
"အခုမှ အသစ်ရောက်လာတာထင်တယ်"
"ငါ သူ့ကို သိတယ်။ သူက ကျန့်ရွှယ်လုံပဲ၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့အဆင့်၇၈၀မြောက်အရိုးကြေစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ပဲ" တစ်ယောက်ယောက်က ကျန့်ရွှယ်လုံကို သိတယ်။
"စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းလား"
"ဒီအဆင့်က မနိမ့်ဘူးပဲ၊ ဒီလောက်မောက်မာနေတာ အံ့ဩစရာမရှိပါဘူးလေ"
"မောက်မာတော့ရော ဘာထူးလဲ၊ လီဖူချန်းနဲ့တွေ့တဲ့အခါ အမြီးကုပ်သွားရမှာပဲ"
လီဖူချန်းက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ထာလီဖုကို အနိုင်ယူခဲ့တဲ့ပုံရိပ်ကို လူတိုင်းက မှတ်မိနေကြတယ်။ သူတို့အမြင်အရ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်အနည်းငယ်ကပဲ လီဖူချန်းကို ယှဉ်နိုင်မယ်။
"မင်းတို့ကောင်တွေ တတွတ်တွတ်ရွတ်နေတာပဲ၊ မင်းတို့ ဘာတွေ ပြောနေတာလဲ " ကျန့်ရွှယ်လုံက အလွန်အနိုင်ကျင့်လွန်းတယ်၊ သူက စကားပြောခဲ့တဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နည်းငယ်ကို ဖမ်းလိုက်တယ်။
"ကျန့်ရွှယ်လုံ၊ မင်း ဘာလုပ်ချင်တာလဲ"
"ကျန့်ရွှယ်လုံ၊ အားလုံးကို သခင်မလေးဖှေးဖန်က ဖိတ်ခေါ်ထားတာပဲ၊ ဒါကြောင့် ငါတို့ကို အနိုင်ကျင့်စရာမလိုဘူး"
"ရော့၊ ဒါက ငါ့နောက်ကွယ်မှာ ငါ့အကြောင်းပြောတဲ့အတွက်......"
ဖြောက်......ဖြောက်.....
သူဖမ်းထားတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အနည်းငယ်က အရိုးတွေကျိုးကြေသွားပြီး သူတို့ရဲ့ခန္ဓာကိုယ်က တွန့်လိမ်သွားတော့တယ်။
"မောက်မာလွန်းတယ်၊ လီဖူချန်းကို သွားခေါ်ကြရအောင်"
"ဟုတ်တယ်၊ ပုရွှမ်းကိုလဲ ခေါ်ရမယ်။ လီဖူချန်းက အခြားသူတွေနဲ့ တိုက်ခိုက်ချင်ပုံမပေါ်ဘူး"
ရက်အနည်းငယ်ကြာပြီးနောက် လူတိုင်းက လီဖူချန်း၊ ပုရွှမ်းတို့နဲ့ ရင်းနှီးလာခဲ့တယ်။
လီဖူချန်းက အနည်းငယ်အေးစက်ပေမယ့် သူက မဆိုးပါဘူး။
တစ်ခဏကြာပြီးနောက် ပုရွှမ်းက ရောက်ရှိလာတယ်။
လီဖူချန်းက မလာပါဘူး။
တစ်ဖက်လူက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းအဆင့်၇၈၀ဆိုတာကို ပုရွှမ်းက ကြားခဲ့တယ်၊ ဒါကြောင့် သူမက ယှဉ်ပြိုင်ချင်တယ်။
ပုရွှမ်းကို မြင်ပြီး ကျန့်ရွှယ်လုံက မေးငေါ့လိုက်တယ်"မင်းက လီဖူချန်းမဟုတ်သလို ငါ့ပြိုင်ဘက်လဲ မဟုတ်ဘူး၊ ဒါကြောင့် မင်း ပြန်ဆုတ်လိုက်တော့"
သူက ပုရွှမ်းကို အနိုင်မကျင့်ချင်ပါဘူး၊ သူက မိန်းမလှတွေဆိုရင် ပိုသည်းခံတတ်တဲ့သူလေ။
"မကြိုးစားဘဲနဲ့ ဘယ်လိုလုပ်သိမှာလဲ" ပုရွှမ်းက ဓားဆန္ဒတစ်ခုကို ထုတ်လွှတ်ကာ ကျန့်ရွှယ်လုံကို တိုက်ခိုက်ခဲ့တယ်။
သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားဆန္ဒက ပျက်ပြယ်သွားပြီး ကျန့်ရွှယ်လုံက ပြောလိုက်တယ်"ငါပြောခဲ့တယ်နော်၊ မင်းက ငါ့ပြိုင်ဘက်ဘယ်လိုမှ မဖြစ်နိုင်ဘူး"
သူ့ရဲ့ဥပဒေသနယ်ပယ်အပေါ်အောင်မြင်မှုက သာမန်လူတွေအနေနဲ့ စိတ်ကူးမယဉ်နိုင်စရာပဲ။
စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အများစုမှာ ဥပဒေသနယ်ပယ်က အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်မှာ ရှိတယ်။
အချို့သောအားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ကာ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားစဦးအခြေအနေကို ရောက်ရှိထားတယ်။
သူ့ရဲ့ရစ်လိမ်ခြင်းဥပဒေသနယ်ပယ်ကတော့ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနှောင်းပိုင်းအခြေအနေကို ရောက်ရှိထားတယ်။
ထပ်ပြောရရင် သူက အထူးပြုကျင့်ကြံထားတယ်၊ ရစ်လိမ်ခြင်းဥပဒေသက အဆင့်မြင့်ဥပဒေသဖြစ်ပြီး သာမန်ဥပဒေသတွေယှဉ်နိုင်တဲ့အရာမဟုတ်ပါဘူး။
"ရစ်လိမ်ခြင်းဥပဒေသလား" သူမရဲ့ဓားဆန္ဒက တွန့်လိမ်သွားပြီး လုံးဝထိရောက်ခြင်းမရှိခဲ့ပါဘူး။
"စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့အဆင့်၇၈၀တည်ရှိမှုဆိုတဲ့အတိုင်းပဲ"
ဒီမတိုင်ခင်တုန်းက သူမရဲ့ခွန်အားက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းမှာ အလွန်မြင့်မားမယ်လို့ ပုရွှမ်းက တွေးထားခဲ့တယ်။ အခု ကြည့်ရသလောက် သူမက အနည်းငယ်ယုံကြည်ချက်လွန်ကဲသွားပုံပဲ။
ဒါပေမယ့် ကိစ္စမရှိဘူး၊ သူမရဲ့အကန့်အသတ်ကို သိဖို့ သူမက ကျန့်ရွှယ်လုံနဲ့ တိုက်ခိုက်ရမှာပဲ။
"ရေခဲဓားဆန္ဒ"
ပုရွှမ်းက သူမရဲ့လက်ကို ဝှေ့ယမ်းကာ ရေခဲဓားဆန္ဒတွေကို ဆက်တိုက်ထုတ်လွှတ်ခဲ့တယ်။
"ဒီလိုဆိုမှတော့ ငါ့ကို ကြမ်းတမ်းလွန်းလို့ အပြစ်မတင်နဲ့တော့" ကျန့်ရွှယ်လုံက မျက်မှောင်ကြုတ်လိုက်တယ်၊ သူ့ရှေ့ရှိဟင်းလင်းပြင်က တွန့်လိမ်သွားပြီး နေရာလပ်-အချိန်ကလဲ တွန့်လိမ်သွားခဲ့တယ်။
ဖြောက်.....ဖြောက်......ဖြောက်......
ရေခဲဓားဆန္ဒက တွန့်လိမ်သွားပြီး တစ်ခုပြီးတစ်ခု ပျက်ဆီးသွားတော့တယ်။
ဒါပေမယ့် ကျန့်ရွှယ်လုံရဲ့ရစ်လိမ်ခြင်းဥပဒေသလဲ သက်ရောက်ခံခဲ့ရပါတယ်။ ဓားဆန္ဒတစ်ခုက သူ့ကို ထိမှန်သွားခဲ့တယ်။
ကျန့်ရွှယ်လုံရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အားကောင်းတဲ့ရစ်လိမ်စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားနဲ့ ကာကွယ်ထားတယ်၊ ရေခဲဓားဆန္ဒက လုံးဝမချိုးဖြတ်နိုင်ခဲ့ဘူး။
"ရစ်လိမ်ခြင်းလက်ဝါး"
ရုတ်တရက် ကျန့်ရွှယ်လုံက ပုရွှမ်းကို လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။
အုန်း......
ဟင်းလင်းပြင်က လှန်သွားပြီး ကြီးမားတဲ့ရစ်လိမ်ခြင်းလက်ဝါးအရိပ်တစ်ခုက ပုရွှမ်းကို လွှမ်းခြုံသွားတယ်။
"နှလုံးသားက အေးစက်တယ်၊ ဓားက အေးစက်တယ်"
ပုရွှမ်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးက သန်မာတဲ့အလွန်အေးစက်တဲ့ဓားဆန္ဒတစ်ခုကို ထုတ်လွှတ်ခဲ့တယ်။ ဒီဓားဆန္ဒက ပုရွှမ်းကို ဗဟိုပြုကာ လှည့်လည်နေပြီး ကျန့်ရွှယ်လုံရဲ့ရစ်လိမ်ခြင်းလက်ဝါးအရိပ်ကို ခုခံခဲ့တယ်။
ဖြောက်......
ပုရွှမ်းက ညည်းလိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ခဲ့ရတယ်။
တစ်ဖက်လူရဲ့ရစ်လိမ်ခြင်းနတ်ဘုရားအတတ်က သန်မာလွန်းတယ်၊ သူမထင်ထားတာထက် ပိုသန်မာတယ်၊ သူမရဲ့ဓားဆန္ဒက အမြဲတမ်းတွန့်လိမ်သွားပြီး သူမခွန်အားရဲ့၇၀ရာခိုင်နှုန်းမှ၈၀ရာခိုင်နှုန်းထိသာ အသုံးပြုနိုင်တော့တယ်။
"တိတ်တဆိတ်ရစ်လိမ်ဖမ်းဆုပ်ခြင်း"
ကျန့်ရွှယ်လုံက ပုရွှမ်းကို အသက်ရှုဖို့ အခွင့်အရေးတစ်ခုတောင် မပေးခဲ့ဘူး၊ သူက သူ့လက်ဝါးကို လက်သည်းအဖြစ် ပြောင်းလဲကာ ပုရွှမ်းကို ဖမ်းဆုပ်ခဲ့တယ်။
မရေမတွက်နိုင်သောရစ်လိမ်လက်သည်းတွေက ပုရွှမ်းကို တိုက်ခိုက်နေခဲ့တယ်။ ရစ်လိမ်ခြင်းဥပဒေသက အရာအားလုံးကို တွန့်လိမ်စေနိုင်တာကြောင့် ပတ်ဝန်းကျင်က ရစ်လိမ်ခြင်းဥပဒေသရဲ့လွှမ်းမိုးမှုအောက်မှာ တိတ်ဆိတ်ငြိမ်သက်သေဆုံးသွားတော့တယ်။
"ကောင်းကင်ရေခဲဓားဆန္ဒ"
ကျန့်ရွှယ်လုံရဲ့အားကောင်းတဲ့ရစ်လိမ်ခြင်းစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုနဲ့ရင်ဆိုင်ရတဲ့အခါ ပုရွှမ်းက သတ်ဖြတ်ကွက်ကို ချက်ချင်း ထုတ်ဖော်လိုက်တယ်။
ချက်ချင်းပဲ ဓားဆန္ဒတစ်ခုက ဆယ်ဆပိုအေးစက်သွားပြီး ပတ်ဝန်းကျင်ဧရိယာဆီ ပျံ့နှံ့သွားလေတယ်။
အဆုံးစွန်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်- ကောင်းကင်ရေခဲဓားဆန္ဒ။
ရစ်လိမ်လက်သည်းအရိပ်တွေက အေးခဲကာ တစ်စစီဖြစ်သွားတယ်၊ ရစ်လိမ်ပတ်ဝန်းကျင်က ပုံမှန်အခြေအနေသို့ ပြန်ရောက်လာခဲ့တယ်။
"ဟမ်၊ အဆုံးစွန်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ပဲ" ကျန့်ရွှယ်လုံက အနည်းငယ်အံ့အားသင့်သွားတယ်။
အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို အဆုံးစွန်းအဆင့်အထိ ကျင့်ကြံနိုင်တဲ့သူတွေက အများကြီးမရှိပါဘူး။
"ဒါပေမယ့် အသုံးမဝင်ဘူး၊ ဖျက်ဆီးခြင်းအရိုးချိုးခြေထောက်"
ကျန့်ရွှယ်လုံက အမြင့်ခုန်ကာ ခြေထောက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တယ်၊ အရင်ကထက် ပိုကြောက်စရာကောင်းတဲ့ရစ်လိမ်ခြင်းဥပဒေသက ထွက်ပေါ်လာတယ်။ နောက်အခိုက်အတန့်မှာ ခြေထောက်တစ်ဖက်က ပုရွှမ်းကို ထိမှန်သွားတယ်။
အဆုံးစွန်းအဆင့်မြင့်ရစ်လိမ်ခြင်းစိတ်ဝိညာဉ်နတ်ဘုရားအတတ်- ဖျက်ဆီးခြင်းအရိုးချိုးခြေထောက်။
အုန်း......
ပုရွှမ်းက အကောင်းဆုံးကြိုးစားခဲ့ပေမယ့် သူမရဲ့ကောင်းကင်ရေခဲဓားဆန္ဒက ရန်သူရဲ့အရိုးချိုးခြင်းကို မခုခံနိုင်ခဲ့ပါဘူး။
ဒါက အပေါ်ယံမျှပဲ။ တကယ်တော့ ပုရွှမ်းရဲ့ခန္ဓာကိုယ်မှာ အရိုးကျိုးတာတွေ ပိုများနေပြီး သူမရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကြီးမားတဲ့အစိတ်အပိုင်းတစ်ခုက ပျက်သုန်းသွားတော့တယ်။
ရန်သူရဲ့အရိုးချိုးခြေထောက်က ကြောက်စရာကောင်းလှတယ်။
***