လီဖူချန်းရဲ့တိုက်ခိုက်မှု
Vol. 88 Ch. 1234
"မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ငါ ပြောသားပဲ" ကျန့်ရွှယ်လုံက မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် တိုက်ခိုက်တာကို ရပ်တန့်ခဲ့တယ်။
ပုရွှမ်းက သူမခန္ဓာကိုယ်ထဲရှိရစ်လိမ်ခြင်းဥပဒေသမှ သက်သာအောင်အားထုတ်ပြီးနောက် ပြောလိုက်တယ်"နင်က အရမ်းသန်မာပါတယ်၊ ဒါပေမယ့် လီဖူချန်းနဲ့တော့ မယှဉ်ပြိုင်ဖို့ အကြံပေးချင်တယ်၊ မဟုတ်ရင် နင် မရှုမလှရှုံးနိမ့်သွားရလိမ့်မယ်"
ကျန့်ရွှယ်လုံက သူမထက် အနည်းငယ်ပဲသန်မာတာလေ။
"တကယ်လား၊ စောစောက ငါ့ရဲ့ခွန်အားအကုန်လုံးလို့ မင်း ထင်နေတာလား" ကျန့်ရွှယ်လုံက ဆိုလိုက်တယ်။
"နင် မယုံရင်လဲ ငါ မတတ်နိုင်ဘူး၊ သူ ရောက်နေပြီ" ပုရွှမ်းက လူအုပ်ကြီးနောက်ကို ကြည့်လိုက်တယ်။
လူအုပ်ကြီးအနောက်မှ လီဖူချန်းက ရောက်ရှိလာတယ်။
လီဖူချန်းအနေနဲ့ နာမည်တပ်စိန်ခေါ်မှုကို လက်မခံဖို့ မဖြစ်နိုင်ဘူး။
ဘယ်လိုပဲပြောပြော၊ သူ့ရဲ့ကြွက်သားနဲ့အရိုးတွေက လှုပ်ရှားပေးရတာ ကောင်းပါတယ်လေ။
"မင်းက လီဖူချန်းပေါ့" ကျန့်ရွှယ်လုံက လီဖူချန်းကို ကြည့်လိုက်တယ်၊ တစ်ခုခုမြင်ရမလားလို့ပေါ့။
ပထမ၊ တစ်ဖက်လူက ဓားတာအိုဥပဒေသကို ကျင့်ကြံတဲ့ဓားနတ်ဘုရားတစ်ယောက်ဖြစ်ရမယ်။
ဒုတိယ၊ တစ်ဖက်လူရဲ့ချီက အလွန်သိမ်မွေ့ကာ နက်နဲတဲ့အသွင်အပြင်ကို ဖြစ်ပေါ်စေတယ်။
ဒါပေမယ့် လီဖူချန်းက ပုရွှမ်းထက် ပိုသန်မာတယ်ဆိုတာ ကျန့်ရွှယ်လုံက မြင်နိုင်ပါတယ်။
"ငါပဲ၊ မင်းက ငါ့ကို စိန်ခေါ်ချင်တာလား" လီဖူချန်းက ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။
"စိန်ခေါ်ဖို့" ကျန့်ရွှယ်လုံက ပြုံးလိုက်တယ်"အားနည်းတဲ့သူတွေကပဲ စိန်ခေါ်တယ်လို့ပြောတာ။ ငါက မင်းကို စိန်ခေါ်ဖို့ လာတာမဟုတ်ဘူး၊ မင်းကို အနိုင်ယူဖို့"
"မင်းက အရမ်းယုံကြည်ချက်ရှိနေတာပါလား" လီဖူချန်းက ပြုံးလိုက်တယ်။
"အရေမရအဖတ်မရတွေပြောမနေနဲ့တော့၊ ရစ်လိမ်နတ်ဘုရားလက်ဝါး" ကျန့်ရွှယ်လုံက အလွန်သတိကြီးတယ်၊ သူ လာတဲ့အခိုက်အတန့်မှာတင် သူက ရစ်လိမ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ဖြစ်တဲ့ရစ်လိမ်နတ်ဘုရားလက်ဝါးကို ထုတ်ဖော်ခဲ့တယ်။
ကြီးမားတဲ့ရစ်လိမ်လက်ဖဝါးအရိပ်တစ်ခုက လီဖူချန်းကို ရစ်ပတ်လာတယ်။ ကြောက်စရာကောင်းတဲ့ရစ်လိမ်ခြင်းဥပဒေသက လီဖူချန်းကို ဦးတည်ဘက်တိုင်းမှ တားဆီးခဲ့တယ်။ ရန်သူရဲ့လှုပ်ရှားမှုက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ရှောင်တိမ်းဖို့မဖြစ်နိုင်ဘူး၊ ခုခံရုံသာ တတ်နိုင်တယ်။
အုန်း......
ရစ်လိမ်ခြင်းလက်ဝါးက လီဖူချန်းကို ထိမှန်သွားတယ်။
ကျန့်ရွှယ်လုံက ပြုံးလိုက်တယ်၊ ရန်သူက ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ ရစ်လိမ်ခြင်းဥပဒေသထိမှန်တာနဲ့ ဒဏ်ရာမရဖို့က မဖြစ်နိုင်ပါဘူး။
ကံမကောင်းစွာနဲ့ ကျန့်ရွှယ်လုံက သူ့ကိုယ်သူအထင်ကြီးသလို လီဖူချန်းကို အထင်သေးခဲ့တာပဲ။
လီဖူချန်းပတ်လည်မှာ မမြင်နိုင်တဲ့အတားအဆီးတစ်ခုက ရှိနေပုံရတယ်၊ အဲဒါက ရစ်လိမ်ခြင်းဥပဒေသရဲ့ကျူးကျော်မှုနဲ့ရစ်လိမ်ခြင်းလက်ဝါးရဲ့တိုက်ခိုက်မှုကို အပြည့်အဝသီးခြားထားတယ်။
လီဖူချန်းကို မချဉ်းကပ်ခင် ဒီလက်ဝါးက ပျောက်ကွယ်သွားတော့တယ်။
"ဒါက"
ကျန့်ရွှယ်လုံက အနည်းငယ်မလွယ်ကူသလို ခံစားလာရတယ်။
အနေအထားက သူ့ရဲ့ထိန်းချုပ်မှုကနေ အနည်းငယ်လွတ်ထွက်နေတာပဲ။
"မင်းရဲ့ခွန်အားအကုန်လုံးထုတ်လိုက်....မင်းက ငါနဲ့နီးကပ်နိုင်တာနဲ့ ငါ အရှုံးပေးမယ် " လီဖူချန်းက ပြောလိုက်တယ်။
"မောက်မာလှပါလား"
ဒါက သူ့ကို အခြားသူတစ်ယောက်က အထင်သေးတဲ့ပထမဆုံးအကြိမ်ပဲ။ သူက အမြင့်သို့ ခုန်တက်ကာ အဆင့်မြင့်ရစ်လိမ်ခြင်းစိတ်ဝိညာဉ်နတ်ဘုရားအတတ်ဖြစ်တဲ့ဖျက်ဆီးခြင်းအရိုးချိုးခြေထောက်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို ထုတ်ဖော်လိုက်တယ်၊ ခြေထောက်အရိပ်တစ်ခုက လီဖူချန်းဆီ ရွေ့လျားလာတယ်။
ဖျက်ဆီးခြင်းအရိုးချိုးခြေထောက်၊ စွမ်းအားက မှင်တက်စရာပဲ၊ ဟင်းလင်းပြင်က တွန့်လိမ်သွားတယ်၊ မမြင်နိုင်တဲ့ရစ်လိမ်ခြင်းဥပဒေသက အရာအားလုံးကို တွန့်လိမ်သွားတယ်၊ အရာအားလုံးကို ဖျက်ဆီးပစ်တယ်။
ခြေထောက်အရိပ်က လီဖူချန်းကို ချဉ်းကပ်တော့မယ့်အခိုက်မှာ။
အုန်း.....
၎င်းက သံပြားတစ်ချပ်ကို ကန်မိလိုက်သလို ခြေထောက်အရိပ်က ချက်ချင်းပျောက်ကွယ်သွားတော့တယ်။
လီဖူချန်းပတ်လည်မှာ ဘယ်လိုတိုက်ခိုက်မှုကိုမဆိုသီးခြားဖြစ်စေနိုင်တဲ့အကြွင်းမဲ့အတားအဆီးတစ်ခုရှိပုံပဲ။
"ဖျက်ဆီးခြင်းအရိုးချိုးခြေထောက်"
ကျန့်ရွှယ်လုံက လက်မလျော့ပါဘူး၊ သူက ဒီအတားအဆီးကို ချိုးဖြတ်ဖို့ ဖျက်ဆီးခြင်းအရိုးချိုးခြေထောက်ကို ထပ်ခါတလဲလဲထုတ်ဖော်ခဲ့တယ်။
အုန်း....အုန်း.....အုန်း.....
ကံမကောင်းစွာနဲ့ အရာအားလုံးက အချည်းနှီးပါပဲ။
"မင်းမှာ ဒီစွမ်းရည်ပဲ ရှိတာလား၊ ဒီလောက်နဲ့ ငါ့ကို အနိုင်ယူချင်တာလား" လီဖူချန်းက ပြောလိုက်တယ်။
"သန်မာလွန်းတယ်"
ကြည့်ရှုနေသူတွေက ပြောစရာစကားတောင် မရှိချင်တော့ဘူး။
ကျန့်ရွှယ်လုံကို ကြည့်ရတာ သူ့ရဲ့လက်သီးပျော့ပျော့လေးကို သုံးပြီး လီဖူချန်းကို ထုရိုက်ဖိုဘ ကြိုးစားနေတဲ့ ကလေးတစ်ယောက်လိုပါပဲ။
ကျန့်ရွှယ်လုံက ရှက်သွားတော့တယ်။
"ငါ မယုံဘူး၊ ငါ မင်းရဲ့ခံစစ်ကို မချိုးဖြတ်နိုင်ဘူးဆိုတာ ငါ မယုံဘူး"
ကျန့် ရွှယ်လုံက ကျယ်လောင်စွာ အော်လိုက်တယ်၊ သူက အရူးနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းကာ လီဖူချန်းကို တစ်ဟုန်ထိုးတိုက်ခိုက်လာတယ်။
အရူးနဂါးက ကမ္ဘာကို ဖျက်ဆီးမယ့်နဂါးနဲ့တူတယ်။ ၎င်းရဲ့ချီကို ထုတ်ဖော်ရုံမျှနဲ့ ဟင်းလင်းပြင်ကို ပျက်ဆီးယိုယွင်းသွားစေတယ်၊ ကမ္ဘာကို အက်ကွဲသွားစေပြီး နေရာလပ်-အချိန်က တွန့်လိမ်ဆုတ်ပြဲသွားတယ်။
အဆုံးစွန်းအဆင့်မြင့်ရစ်လိမ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်-ကောင်းကင်ဘုံမြေကြီးဖျက်ဆီးခြင်းအရူးနဂါးပျက်သုန်းခြင်း။
ဒါကလဲ အဆုံးစွန်းအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုဖြစ်ပေမယ့် မတူပါဘူး။
အချို့တွေက ဖန်တီးသူတွေက အားထုတ်မှုတွေအများကြီးလုပ်ရပြီး သဘာဝအရ အလွန်အမင်းအားကောင်းတယ်။
အချို့က ဖန်တီးသူတွေကြုံသလိုဖန်တီးထားတာပဲ၊ မွေးရာပါအားနည်းတယ်။
အနှစ်သာရအရ ဖျက်ဆီးခြင်းအရူးနဂါးက ဖျက်ဆီးခြင်းအရိုးချိုးထက် ပိုသန်မာတယ်၊ နည်းနည်းလေးတောင်မဟုတ်ဘူး။
ဖျက်ဆီးခြင်းအရူးနဂါးက ဖျက်ဆီးခြင်းအရိုးချိုးထက် အနည်းဆုံးငါးဆပိုသန်မာတယ်လို့ ပြောနိုင်တယ်။ ဒါက ကျန့်ရွှယ်လုံရဲ့အသန်မာဆုံးတိုက်ကွက်ပါပဲ။ အဆုံးစွန်းမရောက်မချင်း သူက ဒါကို အလွယ်တကူအသုံးမပြုပါဘူး။
ဒါပေမယ့် ဒီအချိန်မှာ ကျန့်ရွှယ်လုံက ဒါကို အသုံးပြုခဲ့ရတယ်။
မသုံးရင် သူ့အနေနဲ့ ပြန်လာဖို့ အခွင့်အရေးမရှိတော့ဘူးလေ။
ဒီအကွက်က လီဖူချန်းရဲ့အကာအကွယ်ကို မချိုးဖြတ်နိုင်ဘူးလို့တော့ သူက မယုံပါဘူး။
ဖျက်ဆီးခြင်းအရူးနဂါးက လီဖူချန်းဆီ ပြေးဝင်လာပြီး သူ့ကို အပိုင်းပိုင်းဆုတ်ဖြဲဖို့ ကြိုးစားလာတယ်။
ဟာ......
စိတ်ပျက်လက်ပျက်ဖြစ်တဲ့အသံက ထွက်ပေါ်လာတယ်၊ ဖျက်ဆီးခြင်းအရူးနဂါးက အားနည်းနေတုန်းပဲ၊ ၎င်းက ချက်ချင်း ပျက်ဆီးသွားတော့တယ်။
"မဖြစ်နိုင်ဘူး၊ ဒါ မဖြစ်နိုင်ဘူး"
ဖျက်ဆီးခြင်းအရူးနဂါးက ပျက်ဆီးသွားပြီး ကျန့်ရွှယ်လုံက ယိုင်တိယိုင်တိုင်ဖြစ်နေလေတယ်၊ သူ့မျက်နှာက ဖြူရော်နေလေရဲ့။
"ကြည့်ရတာ ဒါက မင်းရဲ့အကန့်အသတ်ပဲထင်တယ်"
လီဖူချန်းက ခေါင်းခါယမ်းလိုက်တယ်။
တစ်ဖက်လူက အားနည်းတယ်လို့ ပြောလို့မရပါဘူး၊ သူက အရမ်းသန်မာလွန်းတာပဲလို့ပဲ ပြောနိုင်တယ်။
"အခု ငါ တိုက်ခိုက်ဖို့ အလှည့်ပဲ"
လီဖူချန်းက လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ကျန့်ရွှယ်လုံဆီ ထိုးလိုက်တယ်။
ကျန့်ရွှယ်လုံက အေးခဲရပ်တန့်သွားပြီး နောက်အခိုက်အတန့်မှာ သူ့ခန္ဓာကိုယ်က ဇကာတစ်ခုအလား ပြောင်းသွားကာ မရေမတွက်နိုင်တဲ့ဓားအလင်းတွေက ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့တယ်။ ကြောက်စရာကောင်းတဲ့ဓားချီက ကျန့်ရွှယ်လုံရဲ့ဖျက်ဆီးခြင်းအရူးနဂါးထက် ဆယ်ပိုသန်မာတယ်။
ကျန့်ရွှယ်လုံရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအရိပ်အယောင်မျှသာကျန်ရှိတော့တဲ့အချိန်မှာ ဓားအလင်းက လွင့်ပါးသွားတယ်၊ ထို့နောက် လီဖူချန်းက လှည့်ကာ ထွက်ခွာသွားခဲ့တယ်။
"စိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာ ဘယ်သူက သူ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ"
တစ်ယောက်ယောက်က ရေရွတ်လိုက်တယ်။
"အကို၊ ကျန့်ရွှယ်လုံက လီဖူချန်းရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ငါ ပြောသားပဲ" အဝေးမှာ နန်ကုန်းဖှေးဖန်နဲ့နန်ကုန်းယုတို့က ကြည့်နေခဲ့တယ်၊ နန်ကုန်းဖှေးဖန်က ပြောလိုက်တယ်။
နန်ကုန်းယုက ပြောလိုက်တယ်"မင်း ဒီလိုလူကို ဘယ်ကနေ သွားရှာလာတာလဲ၊ တော်တော်လေးတော့ ပေးလိုက်ရမယ်ထင်တယ်"
သူမပေးချေခဲ့တဲ့တန်ဖိုးကို နန်ကုန်းဖှေးဖန်က နန်ကုန်းယုကို ပြောခဲ့တယ်။
နန်ကုန်းယုက ပြောလိုက်တယ်"မင်းက ရက်ရောလှတာပဲ၊ ဒီတန်ဖိုးက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ကို ဖိတ်ခေါ်ဖို့ လုံလောက်တယ်"
သူက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်ပေမယ့် သူ့ခွန်အားက အချို့အားကောင်းဆန်းကြယ်နတ်ဘုရားတွေအတွက် မလုံလောက်ပါဘူး။
အချို့အားကောင်းတဲ့ဆန်းကြယ်နတ်ဘုရားတွေက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်ငါးခုကျော် ပေါင်းစပ်ထားကြတယ်၊ သူက သုံးခုသာ ပေါင်းစပ်ထားတယ်။
နန်ကုန်းဖှေးဖန်က ပြောလိုက်တယ်"ဆန်းကြယ်နတ်ဘုရားတွေက အသေးစားလျို့ဝှက်နယ်မြေကို မဝင်နိုင်ဘူးလေ"
"ဒါ ဟုတ်ပါတယ်" နန်ကုန်းယုက ခေါင်းညိတ်လိုက်တယ်။
……
လီဖူချန်းကို ရှုံးနိမ့်ပြီးနောက် ကျန့်ရွှယ်လုံက သိပ်အာမကျယ်ရဲတော့ပါဘူး၊ ဒါပေမယ့် သူက နန်ကုန်းမိသားစုကနေ မထွက်ခွာခဲ့ပါဘူး၊ သူက နန်ကုန်းယုကို ကတိပေးထားတာဆိုတော့ နန်ကုန်းမိသားစုကို သေချာပေါက်ကူညီရမှာပေါ့။
ဒီလိုနဲ့ ကျင်းဟွာခန်းမမှာလဲ လူပြည့်လာပါပြီ။
နန်ကုန်းမိသားစုက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စုစုပေါင်းနှစ်ရာကျော်ကို ဖိတ်ခေါ်ခဲ့တယ်။ အရေအတွက်က မသေးသလို မများပါဘူး။
စန်းလန်မြို့က အရွယ်အစားအားဖြင့် ဘီလီယံရာချီရှိတယ်။ မြို့ထဲရှိစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အရေအတွက်က သန်းတစ်ရာနီးပါးရှိတယ်။ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နှစ်ရာလောက်က ဘာမှမဟုတ်ပါဘူး။
"အားလုံးပဲ၊ အသေးစားလျှို့ဝှက်နယ်မြေက ဖွင့်တော့မယ်၊ ကျေးဇူးပြုပြီး တက်ကြတော့"
ဒီနေ့မှာ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဥ်တစ်စီးက ကျင်းဟွာခြံဝင်းနဲ့ဖှေးလင်းခြံဝင်းတို့အထက်ကောင်းကင်မှာ ဆိုက်ကပ်လာတယ်။
ဒါကို ကြားပြီး စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နှစ်ရာကျော်က တစ်ယောက်ပြီးတစ်ယောက်တက်ခဲ့ကြတယ်။
ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ပေါ်မှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နှစ်ရာကျော်အပြင် ဆန်းကြယ်နတ်ဘုရားအချို့နဲ့ပိုင်နက်နတ်ဘုရားအနည်းငယ်ရှိတယ်။
နန်ကုန်းမိသားစုက ဒီခရီးကို အလွန်အရေးကြီးတယ်လို့ သတ်မှတ်ထားတာ သေချာတယ်၊ သူတို့ကို ကာကွယ်ဖို့ ပိုင်နက်နတ်ဘုရားတွေကိုတောင် စေလွှတ်ထားခဲ့တာပဲ။
ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က အလွန်မြန်တယ်၊ နေရာလပ်-အချိန်ကို တိုက်ရိုက်ထိုးဖောက်ကာ လျင်မြန်စွာ သွားလာနေတယ်။
"ဒါ ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဥ်လား"
လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက အပြင်ဘက်ရှိမြင်ကွင်းတွေကို လုံးဝမမြင်နိုင်ဘူးဖြစ်နေတယ်။
ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က ဘယ်လောက်မြန်ဆန်သလဲကို စိတ်ကူးနိုင်တယ်။
နောက်ထပ်ရက်အနည်းငယ်ကြာပြီးနောက် ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဥ်က လွင်ပြင်တစ်ခုဆီ ရောက်ရှိလာတယ်။
"ရောက်ပြီ"
ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဥ်က ဖြည်းဖြည်းချင်းဆင်းသက်ခဲ့တယ်။
"လျှို့ဝှက်နယ်မြေက မြေအောက်မှာလား" တစ်ယောက်ယောက်က ပြောလိုက်တယ်။
ဒါကို ကြားပြီး စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်က ရှင်းပြလိုက်တယ်"မင်း အခုထိ မသိသေးဘူးပဲ၊ နတ်ဘုရားသားရဲတွေက ပုံမှန်အားဖြင့် မြေအောက်ကမ္ဘာမှာပဲ နေတာ၊ ဒါကြောင့် အသေးစားလျို့ဝှက်နယ်မြေကလဲ မြေအောက်မှာ ရှိတာပေါ့"
"ဒီလိုကိုး"
"မြေအောက်ကမ္ဘာလား"
နတ်ဘုရားသားရဲတွေက ပုံမှန်အားဖြင့် မြေအောက်ကမ္ဘာမှာပဲ နေတာကို လီဖူချန်းက သိတယ်။ သူ သိသလောက်ဆိုရင် မြေအောက်ကမ္ဘာက မြေပေါ်ကမ္ဘာထက် မသေးဘူး၊ မြေအောက်ကမ္ဘာရဲ့ပတ်ဝန်းကျင်က ပိုရှုပ်ထွေးတယ်။ အချို့နေရာတွေမှာ နေရာလပ်အလွှာတွေအများအပြားရှိတယ်၊ အချို့နေရာတွေက အသူတရာချောက်နက်နဲ့ ချိတ်ဆက်ထားတယ်။
မကြာမီမှာပဲ ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က ချို့င်ကြီးတစ်ခုအနားကို ဆင်းသက်ခဲ့တယ်။
ဒီချိုင့်ထဲမှာ အပေါက်ကြီးတွေရှိတယ်။
နန်ကုန်းမိသားစုအပြင် အခြားသားရဲတိုက်ခိုက် ရေးမိသားစုတွေလဲ ရောက်ရှိလာတယ်၊ တစ်ခဏကြာပြီးနောက် ပတ်ဝန်းကျင်ဧရိယာက လူတွေနဲ့ ပြည့်သွားတော့တယ်။
လီဖူချန်းက တစ်ချက်ဝေ့ကြည့်လိုက်တယ်၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေအများကြီးပဲဆိုတာ တွေ့ရှိခဲ့တယ်။ အရေအတွက်က တစ်သောင်းလောက် ရှိတယ်။ အကြီးမားဆုံးမိသားစုက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အရေအတွက်တစ်ထောင်အထိ ဖိတ်ခေါ်ထားတယ်။ အချို့တွေရဲ့ချီတည်ရှိမှုက ကျန့်ရွှယ်လုနဲ့ပုရွှမ်းထက် မဆိုးပါဘူး။ အနည်းငယ်က သူတို့နှစ်ယောက်ထက်တောင် ပိုသန်မာတယ်။
"ဒီလောက်များတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေ"
နန်ကုန်းဖှေးဖန်နဲ့နန်ကုန်းမိသားစုက အံ့အားသင့်သွားတယ်။
ဒီတိုက်ပွဲက တော်တော်လေးကြီးမားမှာပဲ။
နှိုင်းယှဉ်ရရင် နန်ကုန်းမိသားစုရဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နှစ်ရာက မသိသာလှပါဘူး။
ဒါပေမယ့် လီဖူချန်းရဲ့ခွန်အားကို တွေးလိုက်တော့ နန်ကုန်းဖှေးဖန်က စိတ်သက်သာရာရသွားတယ်။ လီဖူချန်းရဲ့တည်ရှိမှုက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ရာနဲ့ ညီမျှတယ်လေ။
လီဖူချန်းက နန်ကုန်းမိသားစုရဲ့သေမင်းတမန်ဆိုတာ သံသယရှိစရာမလိုပါဘူး။
***