← Chapters

လျို့ဝှက်ဆန်းကြယ်နယ်မြေ

Vol. 88 Ch. 1236

လျို့ဝှက်ဆန်းကြယ်နယ်မြေ

Vol. 88 Ch. 1236

ဒီအသံက လီဖူချန်းထက် အတိုင်းအတာတစ်ခုအထိ ပိုကြောက်စရာကောင်းတယ်။

လီဖူချန်းက သူ့ကို အနိုင်ယူရုံမျှပဲ။

တစ်ဖက်လူက သူ့ကို အရှက်ခွဲခဲ့တယ်။

အကြောင်းကတော့ တစ်ဖက်လူကလဲ ရစ်လိမ်ခြင်းဥပဒေသကို လေ့ကျင်ထားပြီး သူ့ထက် ပိုသန်မာတယ်လေ။

အသံနောက်လိုက်လျက် ကျန့်ရွှယ်လုံက ကြည့်လိုက်တယ်။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အုပ်စုထဲမှာ အဖြူရောင်ဆံပင်နဲ့လူရွယ်တစ်ယောက်က သူ့ကို ပြုံးဖြဲဖြဲလုပ်ပြနေတယ်။

အိမ်မက်ဆိုးစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ခါဝမ်၊ စန်းလန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့အဆင့်၄၄၀။ သူ့ရဲ့ရစ်လိမ်ခြင်းဥပဒေသက ပြီးပြည့်စုံခြင်းအခြေအနေတစ်ခုကို ရောက်ရှိထားပြီး လူတွေရဲ့စိတ်ကိုတောင် လှည့်စားနိုင်တယ်။

"အမ်၊ သူလဲ ရစ်လိမ်ခြင်းဥပဒေသကို ကျင့်ကြံထားတာလား" အဖြူရောင်ဆံပင်နဲ့လူရွယ်ပေါ်ရှိချီအရှိန်အဝါက ကျန့်ရွှယ်လုံနဲ့အလွန်တူတယ်ဆိုတာ တစ်ချက်ကြည့်လိုက်ရုံနဲ့ လီဖူချန်းက မြင်နိုင်တယ်။

ဒါပေမယ့် နှစ်ယောက်ကြားမှာ ကွာခြားချက်တွေ ရှိတယ်။

ကျန့်ရွှယ်လုံရဲ့ရစ်လိမ်ခြင်းဥပဒေသက အလွန်လွှမ်းမိုးနိုင်ပေမယ့် ပြောင်းလဲမှုတွေ ကင်းမဲ့တယ်။

ဆံဖြူလူရွယ်ရဲ့ရစ်လိမ်ခြင်းဥပဒေသက လွှမ်းမိုးနိုင်ရုံသာမက ဆန်းကြယ်ပြီး ပေါ်လွင်ထင်ရှားတယ်။

"တစ်ခုခုတော့ စိတ်ဝင်စားစရာကောင်းနေပြီ"

လီဖူချန်းက ပြုံးလိုက်တယ်။

စိတ်ဝင်စားတယ်လို့ သူ တွေးတာက ပြိုင်ဘက်တစ်‌ယောက်ကို တွေ့လို့မဟုတ်ဘူး။

မတူညီတဲ့ဥပဒေသတွေကို မြင်တွေ့ရလို့ပဲ။

ဥပဒေသတစ်ခုစီက မတူညီတဲ့လေ့ကျင့်သူတွေပေါ်မှာ ကွဲပြားခြားနားတဲ့သက်ရောက်မှုတွေ ရှိတယ်။

သူ့အမြင်အရ ရစ်လိမ်ခြင်းဥပဒေသက ပစ္စည်းတွေကိုပါ တွန့်လိမ်စေရုံသာမက စိတ်ကို လှည့်စားနိုင်တယ်၊ ဆန္ဒကို လှည့်စားနိုင်တယ်၊ လူတစ်ယောက်ရဲ့စရိုက်ကိုတောင် လှည့်စားနိုင်တယ်။

"ပိုင်ကျန့်မင်ရှန့်လဲ မဆိုးဘူး၊ သူက အဆုံးစွန်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ကိုးခုကို ဖန်တီးထားခဲ့တာပဲ"

လီဖူချန်းက ဦးတည်ဘက်တိုင်းမှ နားထောင်နေခဲ့တယ်၊ သူက ဆွေးနွေးမှုအားလုံးနီးပါးကို ကြားခဲ့ရတယ်။

အဆုံးစွန်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ကိုးခုဆိုတာက လက်ရှိလီဖူချန်းထကထ အများကြီးသာလွန်တယ်။

ဒါပေမယ့် ဒါက လီဖူချန်းရဲ့ကျင့်ကြံခြင်းအချိန်က တိုလွန်းတာကြောင့်ပဲ၊ တစ်ဖက်လူရဲ့ကျင့်ကြံခြင်းအချိန်က အနည်းဆုံးနှစ်တစ်သောင်းရှိတယ်လေ။

လီဖူချန်းကို နှစ်တစ်သောင်းပေးရင် အဆုံးစွန်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ကိုးခုလောက်တော့မပြောနဲ့၊ အခုကိုးဆယ်အပြင် အဆင့်နိမ့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကိုတောင် ဖန်တီးနိုင်တယ်။

"ဒါပေမယ့် အားအကောင်းဆုံးလူက မီးခိုးရောင်ဝတ်ရုံနဲ့လူရွယ်ပဲ။ သူ့ကို ကြည့်ရတာ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးထားပုံရတယ်" လီဖူချန်းရဲ့မျက်လုံးတွေက ကြယ်လေးလုံးသားရဲမိသားစုတွေကြားရှိမီးခိုရောင်ဝတ်ရုံနဲ့လူရွယ်တစ်ယောက်ဆီ ရောက်ရှိသွားတယ်။

မီးခိုရောင်ဝတ်ရုံလူရွယ်က သာမန်ဆန်လွန်းတယ်။ သူနဲ့ပတ်သက်ပြီးတစ်ယောက်ယောက်ပြောနေတာကို လီဖူချန်းက မကြားခဲ့ရဘူး။

တစ်ဖက်လူအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုဖန်တီးထားတာကိုလီဖူချန်းမြင်နိုင်တဲ့အကြောင်းရင်းကတော့ သူက ဆန်းကြယ်နတ်ဘုရားအတတ်အရိပ်အယောင်တစ်ခုကို အမှတ်တမဲ့ထုတ်လွှတ်ထားလို့ပဲ။ လီဖူချန်းရဲ့စိတ်ဝိညာဉ်က ဘယ်လောက်တောင်အာရုံခံနိုင်လဲ၊ ပိုင်နက်နတ်ဘုရားတွေကလွဲပြီး တစ်ယောက်မှ သူ့ထက် ပိုမသန်မာပါဘူး။

"ဖန်တီးထားတာ မကြာသေးပုံပဲ၊ အဲဒါက အပြည့်အဝမတူညီသေးဘူး"

နတ်ဘုရားအတတ်တွေကလဲ လူတစ်ယောက်ရဲ့ချီကို ပြောင်းလဲနိုင်တယ်။

တကယ်တော့ အားကောင်းတဲ့နတ်ဘုရားအတတ်တစ်ခုကို ကျင့်ကြံရင် ယုံကြည်ချက်က အလိုအလျောက်တိုးလာပါလိမ့်မယ်၊ ယုံကြည်ချက်က သန်မာရင် ချီက အလိုအလျောက်သန်မာပါလိမ့်မယ်။

"သူ ဘယ်လိုကျင့်ကြံခဲ့သလဲ ငါ မသိဘူးပဲ"

စိတ်ဝိညာဉ်အဆင့် မြင့်မားတယ်၊ ထိုးထွင်းသိမြင်မှု မြင့်မားတယ်၊ ဓားတာအိုဥပဒေသအဆင့်မြင့်မားတာတွေကြောင့် လီဖူချန်းက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို အလွယ်တကူဖန်တီးနိုင်တာ။

ဟမ်.....

တစ်ယောက်ယောက်က သူ့ကို ကြည့်နေတယ်လို့ မီးခိုးရောင်ဝတ်လူရွယ်က ခံစားမိခဲ့တယ်၊ ဒါပေမယ့် ဘယ်နေရာက ကြည့်နေသလဲကို သူ မသိပါဘူး။

ဒါက သူ့ကို အံ့အားသင့်စေခဲ့တယ်။

သူ့ကို ကြည့်နေတာက ပိုင်နက်နတ်ဘုရားတစ်‌ယောက်အသာထား၊ ဆန်းကြယ်နတ်ဘုရားတစ်ယောက်တောင်မဟုတ်ဘူးဆိုတာ သေချာတယ်။

အခြားစကားဖြင့်ဆိုရရင် စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်က သူ့ကို ကြည့်နေတာပဲ။

"ငါက ကမ္ဘာကြီးကို တကယ် လျော့တွက်လို့မရဘူးပဲ" မီးခိုးရောင်ဝတ်လူရွယ်က သူ့ရာသူရေရွတ်လိုက်တယ်။

"စိတ်ဝင်စားစရာပဲ။ တစ်ဖက်လူမှာ ကမ္ဘာနတ်ဘုရားတစ်ယောက်ရဲ့သွေးမျိုးဆက်ရှိတာများလား"

လီဖူချန်းက ခန့်မှန်းလိုက်တယ်။

ဆန်းကြယ်နတ်ဘုရားတွေရဲ့ကျင့်ကြံခြင်းက ဆန်းကြယ်နတ်ဘုရားအတတ်တွေကို အဆက်မပြတ်ပေါင်းစပ်ခြင်းပါပဲ။

ဒါကြောင့် ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိပြီးနောက် တစ်စုံတစ်ယောက်ရဲ့ကိုယ်ပိုင်သွေးမျိုးဆက်က စတင်ပြောင်းလဲလာပြီး နတ်ဘုရားအတတ်တွေရဲ့ချီအရှိန်အဝါရှိလာတယ်။

ဆန်းကြယ်နတ်ဘုရားကလေးတွေက သူတို့ရဲ့သွေးမျိုးဆက်မှဆန်းကြယ်နတ်ဘုရားအတတ်တွေကို သေချာတဲ့အတိုင်းအတာတစ်ခုအထိ အမွေဆက်ခံနိုင်တယ်။

ဒီလိုအမွေဆက်ခံတဲ့ဆန်းကျယ်နတ်ဘုရားအတတ်မျိုးကို သွေးမျိုးဆက်နတ်ဘုရားအတတ်လို့ခေါ်တယ်။

သွေးမျိုးဆက်နတ်ဘုရားအတတ်ကို အဆင့်မြှင့်တင်နိုင်တယ်။ ကျင့်ကြံခြင်းအဆင့်တိုးလာတာနဲ့အမျှ သွေးမျိုးဆက်နတ်ဘုရားအတတ်တွေကလဲ အဆက်မပြတ်တိုးတက်လာနိုင်တယ်။

ဒါပေမယ့် ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ ဆန်းကြယ်နတ်ဘုရားတွေက များလွန်းတယ်၊ ဆန်းကြယ်နတ်ဘုရားတွေရဲ့သွေးမျိုးဆက်က မရှားပါဘူး။

ပိုက်နက်နတ်ဘုရားသွေးမျိုးဆက်တောင် မရှားပါဘူး။

ကမ္ဘာနတ်ဘုရားသွေးမျိုးဆက်ကပဲ တကယ်အားကောင်းတာ။

ကမ္ဘာနတ်ဘုရားကလေးတွေက သာလွန်ထူးကဲစွာ မွေးဖွားလာပြီး သူတို့ရဲ့ပါရမီအလားအလာက ထိပ်တန်းပါရမီရှင်တွေထက် ပိုကြောက်စရာကောင်းတယ်။

ဒါပေမယ့် ကျင့်ကြံခြင်းအဆင့်ပိုမြင့်လေ၊ ကလေးမွေးဖို့ ပိုခက်ခဲလေပဲ။ ဒါကို နတ်ဘုရားကမ္ဘာဥပဒေသက ကန့်သတ်ထားတာပဲ။ ယေဘုယျအားဖြင့် ပိုင်နက်နတ်ဘုရားတစ်ယောက်က သူ့ဘဝတစ်သက်တာမှာ ကလေးတစ်ယောက်မွေးဖွားနိုင်တာက‌တင် ကျေးဇူးတင်ဖို့ကောင်းနေပြီ။ ပိုင်နက်နတ်ဘုရားအများစုက သူတို့ရဲ့ဘဝတစ်သက်တာမှာ ကလေးမမွေးဖွားနိုင်ကြပါဘူး.....

ပိုင်နက်နတ်ဘုရားသားရဲလျို့ဝှက်နယ်မြေဖွင့်လှစ်မယ့်အချိန်က ရောက်လာပါပြီ။ နာရီအချို့စောင့်ပြီးနောက် ချိုင့်နက်ထဲရှိအပေါက်ကြီးရဲ့အတွင်းပိုင်းက ရုတ်တရက် အလင်းကို ထုတ်လွှတ်လာတယ်။

"ပိုင်နက်နတ်ဘုရားသားရဲလျို့ဝှက်နယ်မြေဖွင့်ပြီ၊ ဆင်းကြစို့"

ပိုင်နက်နတ်ဘုရားလျို့ဝှက်နယ်မြေက ပိုင်နက်နတ်ဘုရားတွေရဲ့ဝင်ရောက်ခြင်းကို ကန့်သတ်ထားတယ်၊ ဒါကြောင့် သားရဲမိသားစုတစ်စုစီမှာ ဆန်းကြယ်နတ်ဘုရားတွေနဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကပဲ အပေါက်ကြီးဆီ ပြေးဝင်လာနေတယ်။

နန်ကုန်းမိသားစုက အရှေ့မြောက်ထောင့်ရှိအပေါက်ကြီးတစ်ခုကို ရွေးချယ်ခဲ့တယ်။

"လီဖူချန်း၊ ပိုင်နက်နတ်ဘုရားသားရဲလျို့ဝှက်နယ်မြေက အန္တရာယ်များလွန်းတယ်။ သတိရပါ၊ ငါ့နားကနေ သိပ်မခွာပါနဲ့ " နန်ကုန်းဖှေးဖန်ရဲ့အသံက လီဖူချန်းရဲ့နားထဲသို့ ဝင်ရောက်လာခဲ့တယ်။

အသေးစားလျို့ဝှက်နယ်မြေက ပိုင်နက်နတ်ဘုရားသားရဲလျို့ဝှက်နယ်မြေထဲမှာ ရှိတယ်။

"ကောင်းပါပြီ"

လီဖူချန်းက ပြောရဆိုရခက်တဲ့လူတစ်ယောက်မဟုတ်ပါဘူး။ သူ့ခွန်အားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအများစုထက် မဆိုးဘူးလို့ သူ တွေးထားပေမယ့် သူကိုယ်တိုင်ဝင်တိုက်ခိုက်ရလောက်တဲ့အထိ မရူးပါဘူး။ နန်ကုန်းမိသားစုမှာ ဆန်းကြယ်နတ်ဘုရားတွေ ဒီလောက်အများကြီးရှိနေတာပဲလေ။

ပိုင်နက်နတ်ဘုရားသားရဲလျို့ဝှက်ဆန်းကြယ်နယ်မြေက အလွန်ထူးခြားတယ်။ နတ်ဘုရားကမ္ဘာဥပဒေသတွေအပြင် အခြားဥပဒေသတွေလဲ ပေါင်းစပ်နေတယ်။

ဒိီနတ်ဘုရားသားရဲနယ်မြေက ပြောင်းလဲမှုတွေဖြစ်သွားပြီး နတ်ဘုရားသားရဲတွေနေထိုင်ဖို့ ပိုသင့်တော်မှန်း သိသာတယ်။

သူတို့က ပိုင်နက်နတ်ဘုရားသားရဲလျို့ဝှက်ဆန်းကြယ်နယ်မြေကို ဝင်ရောက်လျှင်ချင်း ကြီးမားတဲ့ဆန်းကြယ်နတ်ဘုရားသားရဲအရေအတွက်တစ်ခုက အပြေးရောက်လာခဲ့တယ်။

ဒီကြီးမားတဲ့နတ်ဘုရားသားရဲအုပ်စုကို အားကောင်းတဲ့ဆန်းကြယ်နတ်ဘုရားသားရဲငါးကောင်က ဦးဆောင်လာခဲ့တယ်။

နတ်ဘုရားတွေက ပိုင်နက်နတ်ဘုရားသားရဲလျို့ဝှက်ဆန်းကြယ်‌နယ်မြေထဲကို ဝင်ရောက်နိုင်တယ်ဆိုရင် နတ်ဘုရားသားရဲတွေက ပိုင်နက်နတ်ဘုရားသားရဲလျို့ဝှက်ဆန်းကြယ်‌နယ်မြေထဲကို ပိုတောင် ဝင်ရောက်နိုင်တယ်၊ သူတို့မှာ ပိုင်နက်နတ်ဘုရားသားရဲလျို့ဝှက်ဆန်းကြယ်‌နယ်မြေထဲကို ဝင်ရောက်ဖို့ နည်းလမ်းတွေ ပိုရှိမှာပဲ။

ကြီးမားတဲ့ဆန်းကြယ်နတ်ဘုရားသားရဲအရေအတွက်တစ်ခုကိုဦးဆောင်လာတဲ့ဆန်းကြယ်နတ်ဘုရားသားရဲငါးကောင်ထဲမှာ ပထမဆုံးတစ်ကောင်က ဧရာမလိပ်တစ်ကောင်ပါပဲ၊ ၎င်းရဲ့နောက်ကျောမှာ ဦးချိုတွေမရေမတွက်နိုင်လောက်အောင် ရှိတယ်၊ သွေးရောင်မျက်လုံးတွေလဲ ရှိတယ်။

ဒုတိယဆန်းကြယ်နတ်ဘုရားသားရဲက ခွေးအနဲ့တူပြီးခြေရှစ်ဖက်ရှိတဲ့ရွှေရောင်အမွေးတွေနဲ့သားရဲတစ်ကောင်ပါပဲ။

တတိယဆန်းကြယ်နတ်ဘုရားသားရဲက ငွေရောင်အလင်းတွေခန္ဓာကိုယ်မှာတောက်ပနေတဲ့ဧရာမစပါးအုံးတစ်ကောင်ပါပဲ။ စပါးအုံးရဲ့နံရိုးတွေအောက်မှာ တောင်ပံတစ်စုံရှိတယ်။

စတုတ္ထမြောက်ဆန်းကြယ်နတ်ဘုရားသားရဲက အစိမ်းရင့်ရောင်ဧရာမဖားတစ်ကောင်ပါပဲ။ ၎င်းကို ကြည့်လိုက်ရုံမျှနဲ့ မူးဝေသလို လူတိုင်းက ခံစားရတယ်။ ဒီအစိမ်းရင့်ရောင်ဧရာမဖားက အဆိပ်မြင့်မားမှန်း သိသာတယ်၊ ၎င်းရဲ့သွေးမျိုးဆက်ထဲမှာ အဆိပ်ဥပဒေသက မွေးရာပါပါဝင်တယ်။

ပဉ္စမမြောက်ဆန်းကြယ်နတ်ဘုရားသားရဲက ရောင်စုံခြင်တစ်ကောင်ဖြစ်ပြီး ခေါင်းတစ်လုံးအရွယ်အစားရှိကာ ၎င်းထုတ်လွှတ်နေတဲ့ချီက လူတိုင်းကို တုန်ခါသွားစေတယ်။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲ၊ ဦးချိုချွန်လိပ်။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲ၊ ခြေရှစ်ဖက်ခွေးအ။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲ၊ ပျံသန်းငွေမြွေ။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲ၊ အဆိပ်ဖား။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲ၊ ရောင်စုံကောင်းကင်သတ်ခြင်။

ဆန်းကြယ်နတ်ဘုရားသားရဲငါးကောင်စလုံးက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲတွေပါပဲ။ ဒီအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲငါးကောင်စလုံးမှာ အားအနည်းဆုံးကတောင် နန်ကုန်းမိသားစုရဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေထက် ဆယ်ဆပိုသန်မာတယ်။

အခြားဆန်းကြယ်နတ်ဘုရားသားရဲတွေကတော့ အားလုံးက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲတွေနဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတွေပါပဲ။

ဆန်းကြယ်နတ်ဘုရားသားရဲတစ်အုပ်ပြေးလာနေတာကို မြင်ပြီး နန်ကုန်းမိသားစုရဲ့ဆန်းကြယ်နတ်ဘုရားတွေရဲ့အမူအရာက ပြောင်းလဲသွားတော့တယ်။

သူတို့ရဲ့ကြီးမားတဲ့အရွယ်အစားကြောင့် နတ်ဘုရားသားရဲတွေက နတ်ဘုရားတွေထက် အဆများစွာပို‌အားကောင်းတာ သဘာဝပါပဲ။ ပုံမှန်အခြေအနေအောက်မှာ ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ကို ရင်ဆိုင်ဖို့ ဆန်းကြယ်နတ်ဘုရားဆယ်ယောက်ကျော်အထိ လိုအပ်တယ်။

ဒါပေမယ့် နတ်ဘုရားတွေက နတ်ဘုရားသားရဲတွေထက် နိမ့်ကျတယ်လို့ ပြောလို့မရပါဘူး။

နတ်ဘုရားကမ္ဘာအသီးသီးမှာ နတ်ဘုရားတွေက နေရာတစ်ခုကို ရယူထားနိုင်တယ်၊ ပထမက အရေအတွက်ကြောင့်၊ ဒုတိယက ခွန်အားကြောင့်။

အရေအတွက်ကို ပြောစရာတောင်မလိုပါဘူး၊ နတ်ဘုရားတွေရဲ့အရေအတွက်က တကယ်ကို ကြီးမားပါတယ်။

ခွန်အားအတွက်ကတော့ ......

နတ်ဘုရားသားရဲတွေက သန်မာပေမယ့် အမှန်တကယ်သန်မာသူတွေကို မွေးဖွားဖို့ ခက်ခဲတယ်။ ဒါပေမယ့် အားနည်းတဲ့နတ်ဘုရားတွေကို နေရာတိုင်းမှာ တွေ့နိုင်ပေမယ့် သူတို့က ကြောက်စရာကောင်းတဲ့သန်မာသူအချို့ကို မွေးထုတ်နိုင်တယ်။

ဥပမာအားဖြင့် လီဖူချန်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်သာဖြစ်ပေမယ့် အဆင့်မြင့်နတ်ဘုရားတစ်ထောင်ကတောင် သူ့ကို ရင်ဆိုင်ဖို့ မလုံလောက်ဘူးလေ။

တကယ်တော့ ပျမ်းမျှတိုက်ခိုက်ရေးစွမ်းအားအရ နတ်ဘုရားတွေက နတ်ဘုရားသားရဲတွေကို မလိုက်မီနိုင်ဘူး၊ အထွတ်အထိပ်တိုက်ခိုက်ရေးစွမ်းအားအရ နတ်ဘုရားသားရဲတွေက နတ်ဘုရားတွေကို မလိုက်မီနိုင်ပါဘူး။

နှစ်ဖက်လုံးမှာ အားနည်းချက်နဲ့အားသားချက်တွေ ကိုယ်စီရှိပါတယ်။

ဒါက လက်ရှိအနေအထားပါပဲ။ နန်ကုန်းမိသားစုရဲ့ဆန်းကြယ်နတ်ဘုရားအများစုက သာမန်ဆန်းကြယ်နတ်ဘုရားတွေပဲ။ သူတို့က ဆန်းကြယ်နတ်ဘုရားသားရဲတွေနဲ့ရင်ဆိုင်ရင် တစ်ကောင်ကို လူဒါဇင်လောက်လိုအပ်လိမ့်မယ်။ ဒီလောက်များတဲ့ဆန်းကြယ်နတ်ဘုရားသားရဲတွေအတွက် သူတို့ထဲကတစ်ဝက်လောက်ကို အနည်းဆုံးလိုအပ်တယ်။

"လီဖူချန်း၊ ဂရုစိုက်ပါ"

နန်ကုန်းဖှေးဖန်က အနည်းငယ်စိုးထိတ်နေတယ်။ သူမက နန်ကုန်းမိသားစုရဲ့နှစ်ပေါင်းမရေမတွက်များစွာမှာတောင်မြင်တွေ့ဖို့ခက်ခဲတဲ့ပါရမီရှင်တစ်ယောက်ဆိုတာ သေချာတယ်။ ကံမကောင်းစွာနဲ့ လေ့ကျင့်ချိန်က တိုတောင်းပြီး အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်သုံးခုကိုပဲ ပေါင်းစပ်ထားတယ်။ လီဖူချန်းကို ကာကွယ်ဖို့ အသာထား၊ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ကိုတောင် ရင်ဆိုင်ဖို့ သူမအတွက် ခက်ခဲနေပါပြီ။

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်၊ မလိုအပ်ရင် သူက သူ့ရဲ့အစစ်အမှန်ခွန်အားကို ဘယ်တော့မှ မထုတ်ပြပါဘူး။

ဆန်းကြယ်နတ်ဘုရားသားရဲတွေရဲ့ဟိန်းသံက ကောင်းကင်နဲ့မြေပြင်အနှံ့ပြည့်နှက်သွားတယ်၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်များစွာက သူတို့ရဲ့နားကို ဖုံးအုပ်ထားရပြိီး သွေးတွေက သူတို့ရဲ့နားပေါက်တွေမှ စီးကျလာနေတယ်။

ဆန်းကြယ်နတ်ဘုရားသားရဲတွေရဲ့နတ်ဘုရားစွမ်းအားက ဒီလောက်တောင်ကြောက်စရာကောင်းတယ်၊ ရိုးရှင်းတဲ့ဟိန်းသံတစ်ခုက လူတွေကို ခုခံနိုင်စွမ်းမဲ့စေတယ်။

"ဒါ တကယ်ကို မယှဉ်နိုင်တာပဲ"

လီဖူချန်းက သူ့ခေါင်းကို ခါယမ်းလိုက်တယ်။

သူ့ရဲ့နတ်ဘုရားစွမ်းအားက နတ်ဘုရားသားရဲတွေရဲ့နတ်ဘုရားစွမ်းအားထက် ပို‌ကြောက်စရာကောင်းပေမယ့် သာလွန်ကြီးမားတဲ့နတ်ဘုရားသားရဲအချို့ကို မယှဉ်နိုင်ပါဘူး။

ဒါပေမယ့် သာလွန်ကြီးမားနတ်ဘုရားသားရဲတွေက သူ့လောက် အားမကောင်းတာ သေချာပါတယ်။

သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ဒဿမအဆင့်မှာ ရှိတယ်ဆိုတာ သိရမယ်။ နတ်ဘုရားသားရဲတစ်ကောင်ရဲ့နတ်ဘုရားစွမ်းအားက ပဉ္စမအဆင့်လောက်ထိ ရှိတာကတင် မဆိုးပါဘူး။

ဒါပေမယ့် သူ့လိုလူအတွက်တော့ အသေးအဖွဲ့ပါပဲ။

ဓားတာအ်ိုဥပ‌ဒေသကို အဆင့်မြင့်စိတ်ဝိညာဥ်နတ်ဘုရားအခြေအနေမှာ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်အထိ ကျင့်ကြံထားတဲ့သူ့လိုလူအနည်းငယ်ရှိတယ်၊ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ရှိတဲ့သူ့လိုလူအနည်းငယ်ရှိတယ်။

ဒါကြောင့် အခြားသူတွေအတွက် ဆန်းကြယ်နတ်ဘုရားတွေက တကယ်ကို ကြောက်စရာကောင်းတယ်၊ ဆန်းကြယ်နတ်ဘုရားတစ်ကောင်နဲ့ရင်ဆိုင်ဖို့ ဆန်းကြယ်နတ်ဘုရားဒါဇင်လောက်လိုအပ်တာ ပုံမှန်ပါပဲ။

အားကောင်းတဲ့ဆန်းကြယ်နတ်ဘုရားသားရဲငါးကောင်ကို နန်ကုန်းမိသားစုရဲ့အဆင့်မြင့်ဆန်းကြာ်နတ်ဘုရားတွေက ရင်ဆိုင်ပြီး ကျန်တာတွေကို အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတွေထံ လက်လွှဲပေးထားတယ်။ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေကတော့ ဒါဇင်လောက်သာ ရှိတယ်။ ဥပမာအားဖြင့် နန်ကုန်းဖှေးဖန်လိုပေါ့၊ သူမကိုယ်သူမ လေ့ကျင့်ဖို့အတွက် လာတာလေ။

အုန်း အုန်း အုန်း......

တိုက်ပွဲက လျင်မြန်စွာ ဖြစ်ပေါ်လာနေတယ်။ ကြံပုံစံဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်က ပြေးလာပြီး နန်ကုန်းမိသားစုရဲ့အလယ်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ကို ရိုက်ချလိုက်တယ်၊ ၎င်းကို တားဖို့အတွက် နန်ကုန်းမိသားစုရဲ့အလယ်ဆန်းကြယ်နတ်ဘုရားအရေအတွက်က တစ်ဆယ်အထိ ရောက်ရှိလာခဲ့တယ်။

နန်ကုန်းဖှေးဖန်ဘက်မှာ လက်ရှိအချိန်အထိ ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်မှ ပြေးလာတာ မရှိပါဘူး။

ဒါပေမယ့် နန်ကုန်းဖှေးဖန်ရဲ့စိတ်အားထက်သန်ပုံကို ကြည့်ရတာ သူက ဆန်းကြယ်နတ်ဘုရားသားရဲနဲ့ အမှန်တကယ်တိုက်ခိုက်ချင်နေပုံပဲ။

လီဖူချန်းရဲ့အသံက ကူးပြောင်းသွားပြီး သူက ပြောလိုက်တယ်"မင်း တိုက်ခိုက်ချင်ရင် တိုက်ခိုက်ပေါ့၊ ဘာလို့ ကိုယ်ကိုယ်ကိုယ်ဖိနှိပ်ထားရတာလဲ၊ ငါတို့ရဲ့ဘေးကင်းမှုအတွက်တော့ မင်း စိတ်ချလက်ချထားစမ်းပါ၊ ဒီနေရာမှာ ဆန်းကြယ်နတ်ဘုရားတွေအများကြီးရှိနေတာပဲလေ"

နန်ကုန်းမိသားစုမှာ ဆန်းကြယ်နတ်ဘုရားတစ်ရာကျော် ခေါ်ဆောင်လာတယ်၊ သူတို့ကို ကာကွယ်နေတဲ့ဆန်းကြယ်နတ်ဘုရားတစ်ရာနီးပါးရှိတယ်။

"ကောင်းပြီလေ"

နန်ကုန်းဖှေးဖန်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ကို သတ်ဖြတ်ခဲ့တယ်။ ဒီအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲရဲ့ပြိုင်ဘက်က နန်ကုန်းမိသားစုရဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသုံးယောက်ပါပဲ။

***

All Chapters