← Chapters

သားရဲပေါက်စ

Vol. 88 Ch. 1237

သားရဲပေါက်စ

Vol. 88 Ch. 1237

"ဒုတိယသခင်မလေး"

သူတို့သုံးယောက်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့တယ်။ အဲဒါက အနည်းငယ်ခက်ခဲပေမယ့်  သူတို့က ရပ်တန့်နိုင်ပါတယ်။ အခု နန်ကုန်းဖှေးဖန်ပါ ပေါင်းလာပြီဆိုတော့ အများကြီးပိုလွယ်ကူလာပါပြီ။

"စိတ်မပျံ့လွင့်စေကြနဲ့"

နန်ကုန်းဖှေးဖန်ရဲ့လက်နက်က ဓားတစ်လက်ပဲ။ ဒီဓားကို ဖှေးဖန်ဓားလို့ ခေါ်တယ်။ ဒါက အထူးသီးသန့်လုပ်ပေးထားတဲ့ပြီးပြည့်စုံခြင်းအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။

ဖှေးဖန်ဓားက ခုတ်ပိုင်းလိုက်တယ်၊ ခုတ်ချက်က မျက်နှာချင်းဆိုင်ဘက်ရှိအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲထံ‌ ရောက်ရှိသွားတယ်။

ဒီအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲက ခန္ဓာကိုယ်ပေါ်မှာငွေရောင်အမွေးတွေရှိတဲ့ခေါင်းနှစ်လုံးနတ်ဆိုးကျားပါပဲ။

"ဘယ်လိုတောင်သန်မာတဲ့ခံစစ်လဲ"

နန်ကုန်းဖှေးဖန်က မေးငေါ့လိုက်တယ်။

"ဒုတိယသခင်မလေး၊ ဒီခေါင်းနှစ်လုံးနတ်ဆိုးမြွေရဲ့ခံစစ်က အရမ်းသန်မာတာ၊ ၎င်းရဲ့အမွေးတွေက  တိုက်ခိုက်မှုအများစုကို ဖယ်ရှားနိုင်တယ်" နန်ကုန်းမိသားစုရဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က သတိပေးလိုက်တယ်။

ခေါင်းညိတ်လျက် နန်ကုန်းဖှေးဖန်က ငြာသံပေးကာ ဖှေးဖန်ဓားနဲ့အတူ ငွေရောင်ဖီးနစ်ခုတ်ချက်ကို ထုတ်ဖော်လိုက်တယ်။

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်-ငွေရောင်ဖီးနစ်ခုတ်ချက်။

ဝှစ်.....ဒီတစ်ခါမှာတော့ ခေါင်းနှစ်လုံးနတ်ဆိုးကျားက မလွတ်မြောက်တော့ဘူး။ အမွေးတွေ ခွဲဖြတ်သွားရုံသာမက အသားကိုပါ ခွဲဖြတ်သွားပြီး သွေးတွေ ပန်းထွက်လာတော့တယ်။

ပြီးပြည့်စုံခြင်းအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်နဲ့ ပေါင်းစပ်တာက အလွန်အားကောင်းတယ်၊ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲအများစုရဲ့ခံစစ်ကို ချိုးဖြတ်ဖို့ လုံလောက်တယ်။

ဟိန်းသံ.....

ခေါင်းနှစ်လုံးနတ်ဆိုးကျားက ဟိန်းဟောက်လိုက်တယ်၊ ခေါင်းနှစ်လုံးထဲမှတစ်လုံးက အနက်ရောင်ကျောက်တုံးတွေကို နန်ကုန်းဖှေးဖန်ထံ အန်ထုတ်လိုက်တယ်။

ဒီအနက်ရောင်ကျောက်တုံးတွေက ကြီးမားတဲ့သက်ရောက်မှုတစ်ခုရှိတယ်။

အနက်ရောင်ကျောက်တုံးအနည်းငယ်ကို ဖယ်ရှားပြီးနောက် နန်ကုန်းဖှေးဖန်ရဲ့လက်က ထုံလာခဲ့တယ်။

"မဟုတ်တော့ဘူး၊ ငါ့ရဲ့အချိန်ကို အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ပေါ်မှာပဲ ဖြုန်းနေလို့မရဘူး"

တကယ်တော့ ဖြည်းဖြည်းချင်းသွားရင် လူလေးယောက်နဲ့လဲ ခေါင်းနှစ်လုံးနတ်ဆိုးကျားကို ဖြေရှင်းနိုင်ပါတယ်၊ ဒါပေမယ့် အဲဒါက သေချာပေါက်အချိန်အများကြီးကြာလိမ့်မယ်။

ဒါကို စဉ်းစားမိပြီး နန်ကုန်းဖှေးဖန်က သူမရဲ့လက်ကောက်ဝတ်ရှိသားရဲလွယ်အိတ်ကို ပုတ်လိုက်တယ်၊ နောက်အခိုက်အတန့်မှာ ခရမ်းရောင်အလင်းတွေထုတ်လွှတ်နေတဲ့ကြီးမားတဲ့ငှက်တစ်ကောင်က ပျံသန်းထွက်လာပြီး ခေါင်းနှစ်လုံးနတ်ဆိုးကျားဆီ ပြေးဝင်တိုက်ခိုက်လာခဲ့တယ်။

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲ- ခရမ်းရောင်အလင်းငှက်။

ဒီခရမ်းရောင်အလင်းငှက်က နန်ကုန်းဖှေးဖန်ကျွန်ပြုထားတဲ့ ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ဖြစ်တယ်။

နတ်ဘုရားသားရဲတွေကို ကျွန်ပြုနိုင်တယ်ဆိုတာက နန်ကုန်းဖှေးဖန်က နတ်ဘုရားသားရဲဆရာသခင်တစ်‌ယောက်ဖြစ်တယ်လို့ ဆိုလိုတယ်။

နတ်ဘုရားသားရဲဆရာသခင်တွေက အရမ်းရှားတယ်။ နန်ကုန်းမိသားစုက ကြယ်ငါးလုံးသားရဲတိုက်ခိုက်ရေးမိသားစုတစ်ခုဖြစ်ပေမယ့် နတ်ဘုရားသားရဲဆရာသခင်‌တွေရဲ့အရေအတွက်က မများပါဘူး။

ခရမ်းရောင်အလင်းငှက်က အလွန်အားကောင်းတယ်၊ ခေါင်းနှစ်လုံးနတ်ဆိုးကျားထက် ပိုသန်မာတယ်။ ထိုးချက်တစ်ချက်မျှနဲ့ ခေါင်းနှစ်လုံးနတ်ဆိုးကျားရဲ့အသားအသွေးအစိတ်အပိုင်းကြီးတစ်ခုက ဆုတ်ပြဲသွားတယ်။

"နတ်ဘုရားသားရဲဆရာသခင်က အားကောင်းတယ်။ ခရမ်းရောင်အလင်းငှက်ရဲ့အကူအညီနဲ့ဆိုရင် ဒုတိယသခင်မလေးတစ်ယောက်တည်းကတင် ခေါင်းနှစ်လုံးနတ်ဆိုးကျားနှစ်ကောင်ကို ရင်ဆိုင်ဖို့ လုံလောက်တယ်"

"နတ်ဘုရားသားရဲဆရာသခင်တွေက အားကောင်းသလို ရှားလဲရှားတယ်။ သခင်လေးက ဒုတိယသခင်မလေးရဲ့အကိုဖြစ်ပေမယ့် နတ်ဘုရားသားရဲဆရာသခင်သွေးမျိုးဆက်ကို မနိုးထနိုင်ခဲ့ဘူးလေ"

ခရမ်းရောင်အလင်းငှက်ရဲ့အကူအညီနဲ့အတူ သူတို့လေးယောက်က ခေါင်းနှစ်လုံးနတ်ဆိုးကျားကို တစ်ခဏအတွင်း သတ်ဖြတ်ခဲ့ပြီး အခြားသူတွေက လှည့်ပတ်ကူညီနေခဲ့တယ်။

"ဒါက နတ်ဘုရားသားရဲဆရာသခင်လား" လီဖူချန်းက တိတ်တဆိတ်ခေါင်းညိတ်လိုက်တယ်၊ နန်ဘုရားသားရဲဆရာသခင်တွေက တကယ်ကို အရမ်းအားကောင်းတာပဲ။

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေနဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတွေကြားတိုက်ပွဲက အလွန်ပြင်းထန်တယ်ဆိုရင် အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေနဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲတွေကြားတိုက်ပွဲက အဆတစ်ရာပိုပြင်းထန်တယ်။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲဖြစ်တဲ့ဦးချိုချွန်လိပ်ကို နန်ကုန်းမိသားစုရဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနှစ်ဆယ့်ရှစ်ယောက်က ရင်ဆိုင်နေခဲ့တယ်။

နန်ကုန်းမိသားစုရဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေရဲ့ခွန်အားက အားနည်းလွန်းလို့တော့မဟုတ်ဘူး၊ ဒီဦးချိုချွန်လိပ်က သန်မာလွန်းလို့ပဲ။ အထူးသဖြင့် ၎င်းအခွံရဲ့ခုခံမှုပဲ။ သူတို့လုပ်နိုင်တဲ့အရာက အဆက်မပြတ်တိုက်ခိုက်ပြီး အခွံကနေတစ်ဆင့် ‌၎င်းရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားကို ချေမှုန်းတာပဲ။ ဒါက အထိရောက်ဆုံးနည်းလမ်းပါပဲ။

ဦးချိုချွန်လိပ်နဲ့ရင်ဆိုင်ဖို့ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနှစ်ဆယ့်ရှစ်ယောက်ကို လိုအပ်ပေမယ့် ခြေရှစ်ဖက်ခွေးအနဲ့ရင်ဆိုင်တဲ့အခါ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားရှစ်ယောက်ပဲ လိုအပ်တယ်။ ခြေရှစ်ဖက်ခွေးအက ဦးချိုချွန်လိပ်ထက် အများကြီးအားနည်းတယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ခြေရှစ်ဖက်ခွေးအရဲ့တိုက်ခိုက်မှုက ဦးချိုချွန်လိပ်ထက် ပိုမြန်ပြီးပိုခြိမ်းခြောက်နိုင်ပေမယ့် ၎င်းရဲ့ခံစစ်က ဦးချိုချွန်လိပ်ထက် အများကြီးအားနည်းတယ်။

ဦးချိုချွန်လိပ်နဲ့ရင်ဆိုင်ဖို့ လူအရေအတွက်က နည်းလို့မရဘူး၊ သို့မဟုတ်ရင် ၎င်းရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားကို လျင်မြန်စွာ ချေမှုန်းဖို့ မဖြစ်နိုင်ဘူးလေ။

ပျံသန်းငွေမြွေကိုတော့ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားကိုးယောက်က ရင်ဆိုင်နေခဲ့တယ်။

နတ်ဘုရားစားအဆိပ်ဖားကိုတော့ အယောက်နှစ်ဆယ်၊ ရောင်စုံကောင်းကင်သတ်ခြင်ကိုတော့ ငါးယောက်။

လီဖူချန်းရဲ့အာရုံက ပုံမှန်အားဖြင့် အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေနဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲတွေပေါ်မှာပါပဲ။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေက တကယ်အားကောင်းတယ်။ သူတို့က ဆန်းကြယ်နတ်ဘုရားအတတ်တွေ ဘယ်လောက်ထိ ပေါင်းစပ်ထားသလဲမသိ။ သူတို့လှုပ်ရှားမှုတစ်ခုပြုတဲ့အခါတိုင်း ကောင်းကင်နဲ့မြေကြီးကို ချိုးဖြတ်တဲ့ သက်ရောက်မှုရှိတယ်။အားအကောင်းဆုံးတစ်ယောက်ဆိုရင် အခြားသူတွေထက် ဆယ်ဆပိုအားကောင်းတယ်။ သူတစ်ယောက်ထဲနဲ့တင် အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားဒါဇင်ကျော်နဲ့ ညီမျှတယ်။

"ကြည့်ရတာ ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေ မရှိဘူးပဲ"

စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်မှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေရှိသလို ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာ ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေရှိတယ်။

ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်ဖို့က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်ဖို့ထက် ဆယ်ဆပိုခက်တယ်။

စန်းလန်မြို့ထဲမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အရေအတွက်က တစ်သန်းအောက်မကျပေမယ့် ဆန်းကြယ်နတ်ဘုရားအရေအတွက်က အဆတစ်ထောင်လောက် လျော့ကျတယ်။

မင်းက ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်‌ယောက်ဖြစ်ချင်ရင် အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်ကို အရင်ဖန်တီးရမယ်၊ ပြီးတော့ ပေါင်းစပ်ရမယ်။

ပုံမှန်အခြေအနေအောက်မှာ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က သူ့ဘဝတစ်လျှောက်လုံး အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်အချို့ကို မဖန်တီးနိုင်ပါဘူး။

ဒီတိုက်ပွဲက သုံးရက်သုံးညကြာခဲ့တယ်။

အဆုံးမှာ ဆန်းကြယ်နတ်ဘုရားသားရဲသားရဲဒါဇင်ကျော်ကို သတ်ဖြတ်ခြင်းနဲ့ အဆုံးသတ်ခဲ့တယ်၊ နန်ကုန်းမိသားစုဘက်က ထိခိုက်တာမရှိပါဘူး။

"အားလုံးပဲ၊ ဆက်သွားကြစို့"

နန်ကုန်းမိသားစုကို ဦးဆောင်လာတဲ့ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားက ပြောလိုက်တယ်။

ဒါကို ကြားပြီး လူတိုင်းက ရှေ့ဆက်ခရီးနှင်လာခဲ့တယ်။

လမ်းတစ်လျှောက်မှာ လူတိုင်းက ဆန်းကြယ်နတ်ဘုရားသားရဲတွေရဲ့အလစ်တိုက်ခိုက်မှုလှိုင်းတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဒါပေမယ့် အကြိမ်တိုင်းမှာ ဆန်းကြယ်နတ်ဘုရားသားရဲတွေက ကျရှုံးမှုနဲ့ပဲ အဆုံးသတ်ခဲ့တယ်။

ဒီဆန်းကြယ်နတ်ဘုရားသားရဲတွေက အားကောင်းပေမယ့် ဘယ်လိုပူးပေါင်းတိုက်ခိုက်ရမလဲကို သူတို့က မသိဘူးလေ။

ဒါပေမယ့် ဆန်းကြယ်နတ်ဘုရားသားရဲတွေရဲ့သေဆုံးဒဏ်ရာရမှုက အရမ်းနည်းပြီး သေတာတွေက ပုံမှန်အားဖြင့် အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲအချို့ပါပဲ။ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ကို သတ်ဖြတ်ဖို့က ခက်ခဲလွန်းတယ်လေ။ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ကို သတ်ဖို့ဆိုရင် လူဒါဇင်ကျော်ပေါင်းတာတောင် အနည်းဆုံးရက်ပေါင်းများစွာကြာမှာ။

အချိန်က ကုန်ဆုံးနေတယ်၊ နောက်ဆုံးမှာ လူတိုင်းက အသေးစားလျို့ဝှက်နယ်မြေရဲ့ဝင်ပေါက်ကို ရောက်ရှိလာခဲ့တယ်။

ဒီအချိန်မှာ သားရဲတိုက်ခိုက်ရေးမိသားစုတော်တော်များများက ရောက်ရှိနေပါပြီ။

"အချိန်မှီသွားသေးတယ်"

နန်ကုန်းမိသားစုရဲ့ဆန်းကြယ်နတ်ဘုရားတွေက စိတ်သက်သာရာရသွားတယ်။

အသေးစားလျို့ဝှက်နယ်မြေဖွင့်တဲ့အချိန်က အတိအကျမရှိပါဘူး၊ တစ်ခါတစ်ရံစောပြီး တစ်ခါတစ်ရံနောက်ကျတယ်။

လက်ရှိအချိန်မှာတော့ အသေးစားလျို့ဝှက်နယ်မြေက မဖွင့်သေးပါဘူး။

"လူတစ်ယောက်လျှင် သားရဲအိတ်သုံးခု၊ သားရဲ ပေါက်စတစ်ကောင်ကို စုဆောင်းနိုင်ရမယ်"

နန်ကုန်းမိသားစုက သားရဲလွယ်အိတ်တွေကို စတင်ဖြန့်ဝေပေးခဲ့တယ်။

တကယ်တော့ သားရဲအိတ်သုံးခုက များလွန်းပါတယ်၊ လူတစ်ယောက်က သားရဲပေါက်စတစ်ကောင်ကို ရရုံနဲ့တင် နန်ကုန်းမိသားစုက ကျေနပ်ပါပြီ။

"ငါ့ကို သုံးဆယ်ပေးပါ" လီဖူချန်းက ပြောလိုက်တယ်။

တစ်ဖက်မှဆုတွေအများကြီးလက်ခံထားမှတော့လီဖူချန်းက ပျင်းရိလို့မရဘူးလေ။

"ကောင်းပြီ" နန်ကုန်းဖှေးဖန်က လီဖူချန်းထံ နောက်ထပ်သားရဲလွယ်အိတ်နှစ်ဆယ့်ခုနှစ်ခုကို ပေးအပ်ခဲ့တယ်။

"မှတ်ထားပါ၊ အသေးစားလျို့ဝှက်နယ်မြေထဲမှာ သုံး‌ယောက်တစ်ဖွဲ့ဒါမှမဟုတ်ငါးယောက်တစ်‌ဖွဲ့စုနေတာက အကောင်းဆုံးပဲ၊ ပြီးတော့ မင်းတို့တွေ သားရဲပေါက်စတစ်ကောင်ကို ရတာနဲ့ လီဖူချန်း၊ ကျန့်ရွှယ်လုံနဲ့ ပုရွှမ်းတို့ကို ချက်ချင်းအကြောင်းကြားကြ၊ ဘေးကင်းဖို့အတွက် သားရဲအိတ်ကို သူတို့ကို လွှဲပေးလိုက်"

ပြောတဲ့သူက နန်ကုန်းမိသားစုရဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ပဲ။ သူက လီဖူချန်းတို့သုံးယောက်ကို ဒီခရီးရဲ့ခေါင်းဆောင်တွေအနေနဲ့ သတ်မှတ်ထားတယ်။ သားရဲအိတ်တွေကို သူတို့သုံးယောက်ဆီ လွှဲပေးတာ အကောင်းဆုံးပဲလေ။

တကယ်တော့ လီဖူချန်းက သားရဲအိတ်တွေအားလုံးကို သူ့ကိုပဲ လွှဲပေးဖို့ အကြုံပြုချင်ခဲ့တယ်။ သူ့ခွန်အားနဲ့ဆိုရင် ဆန်းကြယ်နတ်ဘုရားမဟုတ်သ‌ရွေ့ တစ်ယောက်မှ သူ့ထဲကနေ နတ်ဘုရားသားရဲအိတ်တွေကို မယူနိုင်ဘူးလေ။

ဒါပေမယ့် ဒါကို စဉ်းစားကြည့်လိုက်တော့၊ ထားလိုက်ပါတော့လေ၊ အများကြီးထုတ်ပြနေရင် မကောင်းဘူးလေ။

ဒါ့ပြင် သူက အသန်မာဆုံးပဲ။ အဲ့အချိန်ကျရင် လူအများစုက သူ့ကိုပဲ သားရဲအိတ်တွေ လာအပ်ကြမှာပါ။

နေ့တစ်ဝက်ပြီးနောက် အသေးစားလျို့ဝှက်နယ်မြေက ပွင့်လာပါပြီ။

ဝှစ် ဝှစ်......

မရေမတွက်နိုင်တဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက အသေးစားလျို့ဝှက်နယ်မြေထဲသို့ တစ်ဟုန်ပြေးဝင်နေကြတော့တယ်။

ပိုင်နက်နတ်ဘုရားသားရဲလျို့ဝှက်ဆန်းကြယ်နယ်မြေနဲ့ယှဉ်ရင် အသေးစားလျို့ဝှက်နယ်မြေရဲ့ပတ်ဝန်းကျင်က ပိုကောင်းတယ်၊ နတ်ဘုရားချီက အလွန်သန်မာတယ်။

"အားလုံးပဲ လူစုခွဲကြ၊ ဖြစ်နိုင်ရင် တစ်ဖွဲ့ကို ငါးယောက်နှုန်းနဲ့ သွားကြ" လီဖူချန်းက ပြောလိုက်တယ်။

ကြားပြီး‌နောက် လူအများစုက ထိုအတိုင်း ပြုလုပ်ခဲ့ကြတယ်၊ သူတို့က လီဖူချန်းကို အလွန်ယုံကြည်လေးစားတယ်လေ။

"မှတ်ထားပါ၊ မင်းတို့မဖြေရှင်းနိုင်တဲ့တစ်ခုခုကို တွေ့ရင် ငါ ဒါမှမဟုတ် ပုရွှမ်းနဲ့ ကျန့်ရွှယ်လုံကို ချက်ချင်းအကြောင်းကြားပါ" လီဖူချန်းက ထပ်ပြောလိုက်တယ်။

ဒါကို ပြောပြီးနောက် လူအုပ်ကြီးက ခွဲသွားတော့တယ်။

လီဖူချန်းက ဘယ်သူနဲ့မှ မဖွဲ့ပါဘူး။ သူ့အတွက် အခြားသူတွေနဲ့အဖွဲ့ဖွဲ့တာက သူ့ကိုပဲ သက်ရောက်စေလိမ့်မယ်။

ကျန့်ရွှယ်လုံနံ့ပုရွှမ်းတို့လဲ အခြားသူတွေနဲ့ မဖွဲ့ပါဘူး။

လီဖူချန်းက ကံကောင်းတယ်။ သူ လူအုပ်ကြီးနဲ့ ခွဲထွက်ပြိီး မကြာမီမှာပဲ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ကို ရှာတွေ့ခဲ့တယ်။

အသေးစားလျို့ဝှက်နယ်မြေထဲမှာ သားရဲပေါက်စတွေကို ရခြင်းအတွက် အခြားဆုလာဒ်တွေ ရှိတယ်။

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ကိုရရင် ဆုလာဒ်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားကျောက်တုံးတစ်ရာဘီလီယံ။

အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ကိုရရင် ဆုလာဒ်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားကျောက်တုံးသုံးရာဘီလီယံ။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ကိုရရင် ဆုလာဒ်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံ။

အဆင့်နိမ့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ကို ရရင် ဆုလာဒ်က အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံ။

အလယ်ဆင့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ကို ရရင် ဆုလာဒ်က အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံ။

အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ကို ရရင် ဆုလာဒ်က အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံ။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စတစ်ကောင်က အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံထိုက်တန်တယ်၊ ဒါက လီဖူချန်းအတွက် သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ပါဘူး။ အနာဂတ်မှာ သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဖြစ် မြင့်တက်သွားတဲ့အခါ နတ်ဘုရားကျောက်တုံးတွေကြောက်စရာကောင်းတဲ့ပမာဏတစ်ခုထိ လိုအပ်တယ်လေ။

ဒါက ဝက်နဲ့တူတဲ့မီးခိုးရောင်သားရဲတစ်ကောင်ပဲ၊ ဒါပေမယ့် လက်သည်းတွေ၊ အစွယ်တွေရှိပြီး နောက်ကျောမှာ အရိုးတစ်တန်းရှိတယ်။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲ၊ ဟွင်ထျန်းသားရဲပေါက်စ။

လီဖူချန်းက်ု မြင်ပြီး သားရဲက အလွန်ပျာယာခတ်ကာ အဝေးသို့ ထွက်ပြေးခဲ့တယ်။

"ဘယ်ကို သွားမှာလဲ"

လီဖူချန်းက လှုပ်ရှားလိုက်တယ်၊ သားရဲပေါက်စကို ဖမ်းမိပြီး သားရဲအိတ်ထဲသို့ ထည့်လိုက်တယ်။ ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စရဲ့ခွန်အားက ပုံမှန်အားဖြင့် အစစ်အမှန်နတ်ဘုရားအဆင့်မှာ ရှိတာ။ လီဖူချန်းမဆိုနဲ့၊ ၎င်းက စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ရဲ့ဖမ်းဆီးမှုကို မခုခံနိုင်ပါဘူး။

ဒါပေမယ့် ဒါကြောင့်ပဲ ဆုလာဒ်က သေးငယ်နေရတာ။ မဟုတ်ရင် အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲပေါက်းတစ်ကောင်ရဲ့တန်ဖိုးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံမဟုတ်ဘဲ ဆယ်ထရီလီယံဖြစ်နေမှာ။

တကယ်တော့ သားရဲပေါက်စတစ်ကောင်ကို အရွယ်ရောက်အောင် မြှင့်တင်ဖို့က စွမ်းအင်နဲ့ရင်းမြစ်တွေအများကြီးလိုအပ်တယ်လေ၊ အဲဒါကို တစ်ညတည်းနဲ့ မလုပ်နိုင်ပါဘူး။

လီဖူချန်းရဲ့ကံက တကယ်ကောင်းတယ်။ သူက နောက်ထပ်အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ကို ဖမ်းမိခဲ့တယ်။

ဒါပေမယ့် နောက်ရက်အနည်းငယ်အတွင်းမှာ လီဖူချန်းရဲ့ကံက ကုန်သွားပုံရတယ်၊ သူက ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်တောင် မတွေ့တော့ပါဘူး။

"လီဖူချန်း၊ ငါတို့တွေ ရွာလေးတစ်ရွာမှာ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်စုကို တွေ့ခဲ့တယ်၊ ဒါပေမယ့် ငါတို့ချည်းပဲ မဟုတ်ဘူး၊ အခြားသားရဲမိသားစုတွေရဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေလဲရှိနေတယ်။ ဒီကို အမြန်လာ" ဆက်သွယ်ရေးတိုကင်မှ အသံတစ်ခု ထွက်လာတယ်။

"အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်စုလား"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

ဆက်သွယ်ရေးတိုကင်ပေါ်ရှိအလင်းစက်အတိုင်း လီဖူချန်းက ဦးတည်ဘက်ပန်းတိုင်ဆီ ပြေးသွားခဲ့တယ်။

***

All Chapters