ပိုင်နက်နတ်ဘုရားသားရဲပေါက်စ
Vol. 88 Ch. 1238
"ဒီရွာလေးက ငါတို့ရဲ့အိမ်ဖြစ်သွားပြီ၊ မင်းတို့ရဲ့သားရဲအိတ်တွေကို ငါတို့ကို လွှဲပေးပြီး အမြန်ဆုံးထွက်သွားတော့၊ မဟုတ်လို့ကတော့ အသတ်ခံရမယ်"
ရွာလေးရဲ့အပြင်ဘက်မှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဖွဲ့သုံးဖွဲ့က စုဆုံနေတယ်။ နန်ကုန်းမိသားစုအဖွဲ့ဝင်ငါးယောက်၊ ဖုန်းမိသားစုအဖွဲ့ဝင်ခုနှစ်ယောက်နဲ့ နောက်ထပ်သားရဲမိသားစုဖြစ်တဲ့ချန်မိသားစုအဖွဲ့ဝင်အယောက်ငါးဆယ်။
စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အရေအတွက်အရ ချန်မိသားစုအဖွဲ့က အကြွင်းမဲ့အသားစီးရထားတယ်။ သူတို့က နန်ကုန်းမိသားစုအဖွဲ့နဲ့ဖုန်းမိသားစုအဖွဲ့တို့ကို စတင်နှိပ်စက်နေတော့တယ်။
"မင်းတို့ တရားမလွန်နဲ့နော်"
ဖုန်းမိသားစုရဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်က ဒေါသတကြီးပြောလိုက်တယ်။
ရွာလေးထဲမှာ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်စုနေထိုင်တယ်၊ တစ်ကောင်စီက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံထိုက်တန်တယ်၊ အနည်းဆုံးအကောင်နှစ်ဆယ်ပါတဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်စုဆိုရင် အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ထရီလီယံပါပဲ။
ဒါက သူတို့အတွက် ကြီးမားတဲ့အရာတစ်ခုပဲ။
လူတိုင်းက လီဖူချန်းလို ဆုတစ်ခုတည်းကတင် အလယ်ဆင့်နတ်ဘုရားကျောက်တုံးငါးဆယ်ထရီလီယံကို ရနိုင်တာမဟုတ်ဘူး။
ဒါ့ပြင် ဒီချန်မိသားစုက ရွာလေးကို သိမ်းပိုက်ချင်ရုံတင်မက သားရဲအိတ်တွေကိုပါ ပေးစေချင်တယ်၊ ဒါက လုံးဝကို သည်းမခံနိုင်စရာပဲ။
"ဟုတ်လား.....ဒါဆိုလဲ မင်းတို့တွေ သေလိုက်ကြတော့"
ချန်မိသားစု၊ ထိပ်တန်းကြယ်ငါးလုံးသားရဲမိသားစု၊ မိသားစုထဲမှာ ပိုင်နက်နတ်ဘုရားဆရာသခင်တစ်ယောက်ရှိတယ်။ သူတို့ဖိတ်ခေါ်ထားတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အရေအတွက်က ရှစ်ရာကျော်ပြီး တစ်ယောက်စီရဲ့အရည်အသွေးက အတော်လေးမြင့်တယ်။ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အယောက်သုံးဆယ်ရှိတယ်။ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်ကိုးယောက်ရှိတယ်။
ယခုချန်မိသားစုရဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ငါးဆယ်ထဲမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်တစ်ယောက်မှမရှိပေမယ့် အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နှစ်ယောက်ရှိတယ်၊ နန်ကုန်းမိသားစုနဲ့ဖုန်းမိသားစုတို့မှာ တစ်ယောက်မှ မရှိပါဘူး။
"လျှပ်စီးမိုးကြိုး"
အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နှစ်ယောက်ထဲမှာ မိုးကြိုးတာအိုဥပဒေသကိုကျွမ်းကျင်တဲ့တစ်ယောက်က သူ့ရဲ့ညာလက်ကို ဆန့်ထုတ်လိုက်တယ်၊ မှင်တက်စရာကောင်းတဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်သွားတယ်။ နောက်အခိုက်အတန့်မှာတော့ အဆုံးမြဲမိုးကြိုးလျှပ်စီးတွေက နန်ကုန်းမိသားစုအဖွဲ့ဝင်ငါးယောက်နဲ့ဖုန်းမိသားစုအဖွဲ့ဝင်ခုနှစ်ယောက်ဆီ ကျဆင်းလာတော့တယ်။
ရန်သူရဲ့ခွန်အားက သန်မာလွန်းတယ်၊ နန်ကုန်းမိသားစုဝင်ငါးယောက်နဲ့ ဖုန်းမိသားစုဝင်ငါးယောက်က ချက်ချင်းသေဆုံးသွားတော့တယ်။
ထွက်ပြေးတော့.......
နန်ကုန်းမိသားစုနဲ့ဖုန်းမိသားစုရဲ့ကျန်ရှိနေတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက အသက်ရှင်ဖို့အတွက် စတင်ထွက်ပြေးခဲ့ကြတော့တယ်။
အစက သူတို့က ပူးပေါင်းတိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် အခုတော့ သူတို့က နားလည်လိုက်ပါပြီ၊ သူတို့နဲ့အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကြားကွာဟဟချက်ကို ဒီအရေအတွက်လောက်နဲ့ မဖာထေးနိုင်ဘူးဆိုတာပဲ။
ချန်မိသားစုရဲ့နောက်ထပ်အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က စတင်လှုပ်ရှားခဲ့တယ်။ သူက ရေတာအိုဥပဒေသကို ကျွမ်းကျင်တယ်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အဆုံးစွန်းအထိသိပ်သည်းတဲ့ရေစီးကြောင်းတစ်ခုက ပေါက်ကွဲထွက်လာတယ်။
အသက်တစ်ခါရှုချိန်ပြီးနောက်။
နန်ကုန်းမိသားစုထဲမှာ တစ်ယောက်ပဲ ကျန်တော့တယ်၊ ဖုန်မိသားစုရဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကတော့ တစ်ယောက်မှ မကျန်တော့ပါဘူး။
နန်ကုန်းမိသားစုရဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အသက်ရှင်ခဲ့ရတဲ့အကြောင်းရင်းကတော့ သူက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်ရုံသာမက အဆင့်မြင့်နတ်ဘုရားခန္ဓာကိုယ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုကိုလဲ ဖန်တီးထားလို့ပါပဲ၊ ဒါကြောင့် သူက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားနှစ်ယောက်ရဲ့တိုက်ခိုက်မှုတွေကို တောင့်ခံနိုင်ခဲ့တာပဲ။ ဒါပေမယ့် လက်ရှိအချိန်မှာ သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအများစုက ပျက်သုန်းနေပြီ၊ မကြာခင် သူလဲ သေချာပေါက် သေရတော့မှာပါ။
"ဘာလို့ လီဖူချန်းက မရောက်သေးတာလဲ" ကူထျန်းက အလွန်စိုးရိမ်နေတယ်။
သူက ရွာလေးကို ရှာတွေ့တာနဲ့ လီဖူချန်းကို ချက်ချင်းဆက်သွယ်ခဲ့တာပဲလေ။
"နတ်ဘုရားခန္ဓာကိုယ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်.......ကောင်းတယ်......မိုးကြိုးလျှပ်စီးသေမင်းလှံ......." မိုးကြိုးတာအိုဥပဒေသကို ကျွမ်းကျင်တဲ့အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က မဲ့ပြုံးပြုံးလိုက်တယ်၊ သူ့ရဲ့ညာလက်မှသိပ်သည်းထားတဲ့မိုးကြိုးလျှပ်စီးလှံက ကူထျန်းထံ ပြေးဝင်လာတယ်။
မိုးကြိုးလျှပ်စီးလှံက မြန်လွန်းတယ်၊ ကူထျန်းက သေတော့မှာပဲ။
"နောက်ကျတဲ့အတွက် တောင်းပန်ပါတယ်"
လက်တစ်ဖက်က မိုးကြိုးလျှပ်စီးလှံကို ဆုပ်ကိုင်ထားတယ်။
"ဘယ်သူလဲ" လင်းလေက မျက်မှောင်ကြုတ်ကာ ရောက်လာသူကို ကြည့်လိုက်တယ်။
ဒါက ဓားနတ်ဘုရားတစ်ယောက်၊ အားကောင်းတဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ပဲ။
သူ့ရဲ့မိုးကြိုးလျှပ်စီးသေမင်းလှံကို ရန်သူက လက်တစ်ဖက်နဲ့ ကိုင်ထားနိုင်ခဲ့တာပဲ။
"မြားအားလုံးတစ်ဟုန်ထိုးပစ်"
စစ်ထူထောင်၊ ရေတာအိုဥပဒေသကိုကျွမ်းကျင်တဲ့စစ်ထူထောင်က လက်နှစ်ဖက်လုံးကို အရူးအမူးကခုန်စေလိုက်တယ်၊ မရေမတွက်နိုင်တဲ့ရေမြားတွေက လီဖူချန်းဆီ တိုက်ခိုက်လာခဲ့တယ်။
"ထာဝရအမုန်းဓား"
"ဒေါသလေလက်သီး"
"မြေပြင်ခုတ်ချက်"
ကျန်ရှိနေတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာခဲ့ကြတယ်။
"ပြန်သွားစမ်း"
လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရေမြားတွေအကုန်လုံးက နောက်ပြန်လှည့်သွားတယ်။
ဝှစ်.....ဝှစ်.....ဝှစ်.....
ချန်မိသားစုရဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ငါးဆယ်စလုံးကို ရေမြားတွေက ထိုးဖောက်သတ်ဖြတ်သွားခဲ့တယ်။
"တော်သေးတာပေါ့" ကူထျန်းက စိတ်သက်သာရာရသွားတယ်၊ တစ်ချိန်တည်းမှာ အနည်းငယ်ဝမ်းနည်းသွားတယ်။ သူတို့မလာခင် ငါးယောက်ရှိခဲ့တယ်၊ အခု သူ တစ်ယောက်ပဲ ကျန်တော့ပါလား။
တစ်ချက်တည်းနဲ့ သားရဲအိတ်အမြောက်အများက လီဖူချန်းရဲ့အရှေ့မှာ လွင့်မျောနေတော့တယ်။
"ကူထျန်း၊ မင်း ဒိီရွာလေးကို ရှာတွေ့ခဲ့တယ်ဆိုတော့ ငါ မင်းအတွက် အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲနှစ်ကောင်ကို မှတ်ထားပေမယ်၊ ဘယ်လိုလဲ" လီဖူချန်းက ပြောလိုက်တယ်။
ရွာလေးကို ကူထျန်းက ရှာတွေ့ခဲ့ပေမယ့် တကယ်တမ်းသူမရှိရင် ကူထျန်းက ဘာတစ်ခုမှ ရလိမ့်မှာမဟုတ်ဘုး၊ အသတ်တောင် ခံလိုက်ရမှာပါ။
ကူထျန်းက အလျင်အမြန်ခေါင်းခါလျက် ပြောလိုက်တယ်"တစ်ခုပဲ၊ ငါ့အတွက် တစ်ခုဆို ရပြီ"
"ငါ နှစ်ခုလို့ ပြောခဲ့ပြီးသား" လီဖူချန်းက ခေါင်းခါယမ်းလိုက်တယ်။
"ဒါဆိုလဲ ကျေးဇူးတင်ပါတယ်"
ကူထျန်းက အလွန်ပျော်ရွှင်နေတယ်၊ ဒီအလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ထရီလီယံကို နန်ကုန်းမိသားစုရဲ့ဆုလာဒ်ပါ ထည့်ပေါင်းလိုက်ရင် တော့ ဒိီတစ်ကြိမ် သူ အသက်ရှင်နိုင်ခဲ့ရင် နှစ်ပေါင်းများစွာ စွန့်စားဖို့ မလိုအပ်တော့ဘူး။
ရွာလေးထဲမှာ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စတွေ သုံးဆယ်ကျော်ရှိတယ်။
သူ့နေရာမှာ အခြားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေဆိုရင် သူတို့ကို တစ်ကောင်ပြီးတစ်ကောင်လိုက်ဖမ်းနေရမှာပါ။ လီဖူချန်းက တစ်ကွက်ပဲ လှုပ်ရှားခဲ့တယ်၊ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲအားလုံးကို ဖမ်းပြီး သားရဲအိတ်တွေထဲသို့ တစ်ကောင်ပြီးတစ်ကောင်ပစ်ထည့်လိုက်တယ်။
ကူထျန်းနဲ့ ချက်ချင်းမခွဲသေးဘဲ လီဖူချန်းက ကူထျန်းအတွက် နောက်ထပ်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဖွဲ့တစ်ဖွဲ့ကို စီစဉ်ပေးပြီးမှ ထွက်ခွာလာခဲ့တယ်။
……
"ဒီစိတ်ဝိညာဉ်သားရဲပေါက်စတွေက ငယ်ရွယ်ပေမယ့် အရမ်းသန်မာတယ်။ နတ်ဘုရားသားရဲဆရာသခင်တွေကပဲ သူတို့ကို ထိန်းကျောင်းကျွန်ပြုနိုင်လောက်မယ်" လီဖူချန်းက မြွေပုံစံဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်နဲ့ ကစားနေရင်း တိတ်တဆိတ် ပြောလိုက်တယ်။
အသေးစားလျို့ဝှက်နယ်မြေက သေးတယ်လို့ ပြောပေမယ့် တကယ်တမ်းတော့ မယုံနိုင်လောက်အောင် ကြီးတယ်၊ ၎င်းမှာ နေရာလပ်အမြောက်အများပါဝင်တယ်။ အချို့နတ်ဘုရားသားရဲတွေက ဒီနေရာလပ်တွေမှာ နေထိုင်ပြီး အလွန်ပုန်းကွယ်နေကြတယ်။
လီဖူချန်းက နေရာလပ်-အချိန်ဥပဒေသကို ကျွမ်းကျင်တာကြောင့်မဟုတ်ရင် သူက အဲဒါကို ရှာတွေ့မှာမဟုတ်ဘူး။
"ဒါက ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ပဲ၊ သတ်စမ်း"
အရှေ့ရှိချိုင့်တစ်ခုမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နှစ်ယောက်က တိုက်ခိုက်နေတယ်၊ ချိုင့်ရဲ့အလယ်ဗဟိုမှာ အနီရောင်ကြေးခွံတွေဖုံးလွှမ်းနေတဲ့သားရဲပေါက်စတစ်ကောင်ရှိတယ်။
အဆင့်နိမ့်ပိုင်နက်နတ်ဘုရားသားရဲ၊ မီးယူနီကွန်သားရဲပေါက်စ။
အဆင့်နိမ့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စ၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံထိုက်တန်တယ်၊ လူတိုင်းက ရူးသွပ်သွားကြပြီး အပြင်းအထန်တိုက်ခိုက်နေတော့တယ်။
"မီးယူနီကွန်သားရဲပေါက်စ......ဟားဟား......ငါ့ကံက တကယ်ကို ကောင်းတာပဲ.....အနက်ရောင်အလင်းဝါးမျိုခြင်း......"
ချိုင့်ရဲ့အစွန်းမှာ အနက်ရောင်ဝတ်လူရွယ်တစ်ယောက်က ရပ်နေတယ်။ သူက ပြုံးဖြဲဖြဲလုပ်ရင်း အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်လိုက်တယ်။
သန်မာတော့ဓားအလင်းက လှိုင်းတစ်ခုနဲ့တူတယ်၊ တိုက်ခိုက်နေတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အားလုံးကို တစ်ချက်တည်းနဲ့ ဝါးမျိုသွားတော့တယ်။
စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းနဲ့ရင်းနှီးသူတစ်ယောက်ယောက်ရှိရင် သူတို့က ဒီလူရဲ့အဆင့်အတန်းကို သေချာပေါက် သိလိမ့်မယ်။
အနက်ရောင်အလင်းစိတ်ဝိညာဉ်ဆရာသခင်၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့အဆင့်၇၉၀၊ အဆင့်မြင့်ဥပဒေသဖြစ်တဲ့အနက်ရောင်အလင်းဥပဒေသကို ကျွမ်းကျင်တယ်။
အနက်ရောင်အလင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က သားရဲပေါက်ကို ဖမ်းမိတော့မယ့်အခိုက်မှာ အနက်ရောင်ဓားချီတစ်ခုက ရုတ်တရက် ရိုက်ခတ်လာတယ်။
ဒီအနက်ရောင်ဓားချီက မြန်လွန်းတယ်၊ အနက်ရောင်အလင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ရှောင်တိမ်းဖို့အချိန်မရှိပါဘူး။
ဝှစ်.......
အနက်ရောင်အလင်းစိတ်ဝိညာဉ်အရှင်သခင်က ဗလာအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတော့တယ်။
တိုက်ခိုက်ခဲ့တဲ့သူက လီဖူချန်းပါပဲ။
အသေးစားလျို့ဝှက်နယ်မြေသို့ခရီးမှာ အမြဲတမ်းသနားညှာတာနေလို့မရဘူး။ သတ်သင့်ရင် သတ်ရမှာပဲ။ ဒီအနက်ရောင်အလင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ဒီလောက်များတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကို သတ်ခဲ့မှတော့ လီဖူချန်းအနေနဲ့ သူ့ကို သတ်ဖြတ်တာ ပုံမှန်ပါပဲ။
ဒါပေမယ့် လီဖူချန်းက သွေးဆာတဲ့လူတစ်ယောက်မဟုတ်ပါဘူး။ အခြားသူတွေက ပိုင်နက်နတ်ဘုရားသားရဲပေါက်စကို တွေ့ပြီး သူ့ကို မတိုက်ခိုက်ရင် သူက တစ်ဖက်လူကို မောင်းထုတ်ရုံသာပြုမှာပါ၊ သတ်ဖြတ်ခြင်းမပြုပါဘူး။
သူ့လက်ကို လှုပ်ရှားလိုက်ရာ မီးယူနီကွန်သားရဲပေါက်စက ခုခံနိုင်စွမ်းမရှိတော့ဘဲ လီဖူချန်းက ဖမ်းဆီးလိုက်လေတယ်။
"အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံပဲဟေ့......."
လီဖူချန်းရဲ့မျက်နှာက ပြုံးနေတော့တယ်၊ နန်ကုန်းဖှေးဖန်သူ့ကိုပေးခဲ့တဲ့ဆုလာဒ်က အလယ်ဆင့်နတ်ဘုရားကျောက်တုံးငါးဆယ်ထရီလီယံသာ ရှိတာလေ။
ဒါပေမယ့် ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေက ပေါ်ထွက်ဖို့ခက်ခဲတယ်ဆိုတာ လီဖူချန်းကလဲ သိတယ်။ ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စတွေလို နေရာတိုင်းမှာ တွေ့နိုင်တာမဟုတ်ဘူး။
ထင်ထားတဲ့အတိုင်းပါပဲ၊ နောက်လဝက်အတွင်းမှာ လီဖူချန်းက ဒုတိယမြောက်ပိုင်နက်နတ်ဘုရားသားရဲကို ထပ်မတွေ့ခဲ့ပါဘူး။
တကယ်တမ်းတော့ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စလေးဆယ်၊ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စငါးကောင်နဲ့ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စနှစ်ဆယ်အပါအဝင် သူ့မှာ ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စငါးဆယ်ကျော်ရှိနေပါပြီ၊
ဒီလောက်များတဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စတွေကိုရခဲ့တဲ့အကြောင်းရင်းကတော့ ရွာလေးမှာရခဲ့တဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စတွေရဲ့အရေအတွက်က သုံးဆယ်ကျော်ရှိတာလေ။
ကံကောင်းစွာနဲ့ နန်ကုန်းမိသားစုပေးအပ်ခဲ့တဲ့သားရဲအိတ်သုံးဆယ်အပြင် လီဖူချန်းက အခြားသူတွေထံမှာ သားရဲအိတ်အမြောက်အများကို ရရှိခဲ့လို့ပဲ၊ သို့မဟုတ်ရင် လုံးဝလောက်မှာမဟုတ်ဘူး။
လီဖူချန်းအပြင် ပုရွှမ်းကလဲ ကြီးကြီးမားမားရရှိခဲ့တာပဲ။
သူမရဲ့ကံက လီဖူချန်းထက် မဆိုးပါဘူး၊ သူမလဲ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ကို ရရှိခဲ့တယ်လေ။
ထိုအချိန်တုန်းက သူမက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့၉၁၅တည်ရှိမှုနဲ့ ယှဉ်ပြိုင်နေခဲ့တာ။
နှစ်ယောက်သား အကွက်တစ်ရာအထိ တိုက်ခိုက်ခဲ့တယ်။ အဆုံးမှာ ပုရွှမ်းက ကောင်းကင်ရေခဲဓားဆန္ဒကို မှီခိုပြီး တစ်ဖက်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို လုံးဝချေမှုန်းစေခဲ့တယ်လေ။
ခွန်အားအရ ပုရွှမ်းက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့ရှစ်ရာကျော်မှာ ရှိနိုင်တယ်။
ဒါပေမယ့် ဒါက ခန့်မှန်းခြေတစ်ခုပဲ။ တကယ်တော့ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေအများကြီးရှိတာ။ သူတို့က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းထဲ မဝင်ပေမယ့် ခွန်အားက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းပေါ်ရှိစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေထက် မနိမ့်ကျပါဘူး။
ဥပမာအားဖြင့် ရေကန်တစ်ကန်ဘေးနားမှာ အမည်မသိအားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းပေါ်ရှိအဆင့်၆၀၀ကျော်တည်ရှိမှုတစ်ဦးကို တစ်ကွက်တည်းနဲ့ သတ်ဖြတ်ခဲ့တယ်။
"အားနည်းလွန်းပါတယ်ကွာ......ငါ ဘယ်တော့မှ အဆုံးစွန်းအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို အသုံးပြုခွင့်ရမှာလဲ......"
ထန်ရှင်းရဲ့မျက်နှာက အလွန်ဖြူရော်နေပေမယ့် ဖျားနေတာမျိုးတော့ လုံးဝမဟုတ်ပါဘူး။ သူ့လက်ချောင်းတွေက အလွန်သေးသွယ်ပြီး ဓားတစ်လက်ကို ကိုင်ဆောင်ထားတယ်။ ၎င်း ပျံ့နှံ့သွားတဲ့အခါ ပတ်ဝန်းကျင်ဟင်းလင်းပြင်က ဓားနေရာလပ်ထဲသို့ ကျဆင်းသွားတော့တယ်။
ဒါက အလွန်အားကောင်းတဲ့ဓားနတ်ဘုရားတစ်ယောက်ပဲ၊ သူ့ခွန်အားက ပိုင်ကျန့်မင်ရှန့်နဲ့ နီးကပ်တယ်၊ ပိုင်ကျန့်မင်ရှန့်နဲ့တောင် ယှဉ်နိုင်တယ်။
ဓားချီနဲ့ရောစပ်နေတဲ့ဟင်းလင်းပြင်က အတက်အကျဖြစ်သွားပြီး ထန်ရှင်းက ပျောက်ကွယ်သွားတော့တယ်။
……
ပုရွှမ်းက အခက်ကြုံနေတယ်။
သူမက ရစ်လိမ်ခြင်းဥပဒေသကိုကျင့်ကြံတဲ့ဒုတိယမြောက်တည်ရှိမှုတစ်ခုကို တွေ့ဆုံခဲ့တယ်၊ ဒီလူရဲ့ရစ်လိမ်ခြင်းဥပဒေသက ကျန့်ရွှယ်လုံထက် ဆယ်ဆပိုသန်မာတယ်။
ရန်သူရဲ့လက်ဝါးက လေထဲမှ ဆုပ်ကိုင်လိုက်ရာ သူမနဲ့သူမရှိရာကမ္ဘာကို လေက ဆုပ်ကိုင်လိုက်ပြီး တွန့်လိမ်သွားစေတော့တယ်။
သွေးတစ်ပွက်အန်ထွက်သွားပြီး ပုရွှမ်းက မနီးမဝေးရှိကျောက်တုံးတစ်တုံးပေါ်မှာ ထွက်ပေါ်လာတော့တယ်။
သန်မာလွန်းတယ်၊ တစ်ကွက်က သူမရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားတစ်ဆယ်ရာခိုင်နှုန်းကို ချေမှုန်းခဲ့တယ်။
နောက်ဆုံးအားကိုးရာအနေနဲ့ ပုရွှမ်းက ဆက်သွယ်ရေးတိုကင်ကို သုံးကာ လီဖူချန်းထံ ဆက်သွယ်လိုက်တော့တယ်။
ဒီမြင်ကွင်းကို မြင်ပေမယ့် ခယ်ဗင်က မတားခဲ့ပါဘူး။ တစ်ဖက်လူက ဘယ်သူ့ကိုပဲခေါ်ခေါ်၊ သေရမှာပဲလေ။
***