← Chapters

အိမ်မက်ဆိုးစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်

Vol. 88 Ch. 1239

အိမ်မက်ဆိုးစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်

Vol. 88 Ch. 1239

"ကောင်းကင်ရေခဲဓားဆန္ဒ"

အဆုံးစွန်းအေးစက်တဲ့ဓားဆန္ဒက ခယ်ဗင်ကို တိုက်ခိုက်ခဲ့တယ်။

ခယ်ဗင်က နေရာမှာ မလှုပ်မယက်ရပ်နေခဲ့တယ်၊ ရေခဲဓားဆန္ဒက ပြန်လှည့်ကာ ပုရွှမ်းကို တိုက်ခိုက်လာတယ်။

"နှလုံးသားက အေးစက်တယ်၊ ဓားက အေးစက်တယ်"

ရေခဲဓားဆန္ဒစက်ဝိုင်းတစ်ခုက လှည့်ပတ်လာပြီး ရေခဲဓားဆန္ဒကို ခုထေလိုက်တယ်။

"အိမ်မက်ဆိုးလက်.......ထွက်လာစမ်း......"

ခယ်ဗင်က လက်ကို ရုတ်တရက်ဆန့်ထုတ်ကာ ပုရွှမ်းဆီ လှုပ်ခါလိုက်တယ်။ ပုရွှမ်းက ချောက်ခြားမှုကို ချက်ချင်းခံစားခဲ့ရပြီး သူမရဲ့စိတ်က မရှင်းမလင်းဖြစ်လာတယ်။ ဒီအချိန်မှာ သူမက အလွန်အိပ်ချင်ခဲ့တယ်၊ တစ်ယောက်ယောက်က သူမကို ခေါ်နေတာကို ကြားတဲ့အခါ သူမက မသိစိတ်အရ လျှောက်လှမ်းလာတယ်။

ခယ်ဗင်က သူ့နှုတ်ခမ်းကို သပ်လိုက်မိတယ်၊ ဒီလိုအလှလေးတစ်ယောက်ကို အရသာခံရရင် အရမ်းကောင်းမှာပဲ။

"မင်းရဲ့အဝတ်တွေကို ချွတ်လိုက်"

ခယ်ဗင်က သူ့ရဲ့လက်ကို ဆက်လက်လှုပ်ခါနေတယ်။

ဒါကို ကြားပြီး ပုရွှမ်းက ရုန်းကန်ခဲ့တယ်။

"နာခံပြီး မင်းရဲ့အဝတ်အစားတွေကို ချွတ်လိုက်စမ်း.......ဒီလိုမှ မင်းက သက်သောင့်သက်သာရှိလာမှာ"

ခယ်ဗင်ရဲ့လက်၊ ခယ်ဗင်ရဲ့အသံမှာ ကြောက်စရာကောင်းတဲ့မှော်စွမ်းအားရှိပြီး ရစ်လိမ်ခြင်းဥပဒေသရဲ့လက္ခဏာရပ်တွေနဲ့အတူ ၎င်းက ပုရွှမ်းရဲ့မသိစိတ်ထဲသို့ တိုက်ရိုက်ပျံ့နှံ့သွားတယ်။

ပုရွှမ်းက သူမရဲ့အပေါ်ဝတ်ရုံကို ချွတ်ချပြီး သူမရဲ့နှင်းဖြူရောင်ပခုံးကို ပြသလိုက်တယ်။

"ဆက်ချွတ်ထား.....အဲဒါမှ မင်းက အတိသုခကို ခံစားရမှာ"

ခယ်ဗင်ရဲ့အသံက ပိုပိုမှော်ဆန်လာတယ်။

ဒီအချိန်မှာ ပုရွှမ်းရဲ့ရုန်းကန်မှုက ပိုပြင်းထန်လာပြီး ဘယ်အချိန်မဆို နိုးထလာမယ့်ပုံရတယ်။

"စိတ်ဆန္ဒက တကယ်သန်မာပေမယ့် ငါခယ်ဗင်နဲ့တွေ့တာ ကံမကောင်းတာပဲ......စိတ်ဆန္ဒက ဘယ်လောက်ပဲ သန်မာပါစေ အသုံးမဝင်ဘူး.....အိမ်မက်ဆိုးစိတ်ဝိညာဉ်......" ခယ်ဗင်ရဲ့ခန္ဓာကိုယ်ကလဲ ယိမ်းထိုးသွားပြီး မရေမတွက်နိုင်လောက်တဲ့ခယ်ဗင်တွေက ထွက်ပေါ်လာတယ်၊ တစ်ယောက်ချင်းစီက ပုရွှမ်းထံ နတ်ဆိုးလက်ကို ထုတ်ဖော်နေတယ်၊ တစ်ချိန်တည်းမှာ ခယ်ဗင်ရဲ့အသံက ပြောင်းလဲလာပြီး သူက ပုရွှမ်းနှစ်သက်တဲ့သူဖြစ်လာတယ်။

ပုရွှမ်းကြိုက်နေတဲ့လူက ဘယ်သူလဲ။

အိမ်မက်တစ်ခုပမာ ပုံရိပ်တစ်ခုက ပုရွှမ်းရဲ့စိတ်ထဲမှာ လျှပ်တစ်ပြက်လက်သွားတယ်။

"ဦးတည်ဘက်တိုင်းအေးစက်ခြင်းဓား......"

‌အေးစက်တဲ့ဓားဆန္ဒက ပုရွှမ်းရဲ့ခန္ဓာကိုယ်မှ ချက်ချင်းပေါ်ထွက်လာပြီး ပတ်ပတ်လည်ကို တိုက်ခိုက်ခဲ့တယ်။

"ဘာဖြစ်တာလဲ"

ခယ်ဗင်က အနည်းငယ်ဗဟေဠိဖြစ်သွားတယ်။ ဒီအကွက်က အတိတ်မှာ အောင်မြင်ခဲ့ပါတယ်၊ ဒါက သူ လွှဲချော်တဲ့ပထမဆုံးအကြိမ်ပဲ။

"အရှက်မရှိဘူး....." သူမရဲ့အနေအထားကို မြင်ပြီး ပုရွှမ်းက သူမရဲ့အဝတ်တွေကို အမြန်ဝတ်လိုက်တယ်။

"စိတ်ဝင်စားစရာတော့ကောင်းတယ်.....ဒါပေမယ့် မင်းက လွတ်မြောက်သွားရင် ငါ ခယ်ဗင်က အိမ်မက်ဆိုးစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဘယ်ဟုတ်တော့မလဲ" ခယ်ဗင်က အားကောင်းတဲ့ရစ်လိမ်ခြင်းဥပဒေသကို ထုတ်ဖော်ခဲ့တယ်။ ဒီရစ်လိမ်ခြင်းဥပဒေသက ဟင်းလင်းပြင်နဲ့နတ်ဘုရားကမ္ဘာဥပဒေသကို ရစ်လိမ်ရုံသာမက ပတ်ဝန်းကျင်နဲ့ပုရွှမ်းရဲ့စိတ်ကိုပါ ရစ်လိမ်(လှည့်စား)တယ်။ ပုရွှမ်းက ဆန်းကြယ်တဲ့ကမ္ဘာတစ်ခုထဲသို့ ကျရောက်သွားတယ်။ ဒီကမ္ဘာထဲမှာ အရာအားလုံးက ရစ်လိမ်နေတယ်။ သူမက ရှေ့သို့ တိုးချင်ပေမယ့် နောက်ကိုပဲ ပြန်ဆုတ်နေတယ်၊ သူမက တိုက်ခိုက်ချင်ပေမယ့် သူမက နာခံတတ်လာတယ်။ ဒီအချိန်မှာ သူမရဲ့နှလုံးသားက အလွန်နုနယ်သလို ခံစားရတယ်။ သူမကို သက်သောင့်သက်သာရှိစေမယ့်တစ်စုံတစ်ယောက်ကို သူမက တကယ်လိုချင်ခဲ့တယ်။

ဒီအချိန်မှာ ခယ်ဗင်က ထွက်ပေါ်လာတယ်၊ သူ့မျက်နှာက နူးညံ့ညင်သာစွာ ပြုံးလျက် သူက တစ်လှမ်းချင်းစီ လျှောက်လှမ်းလာတယ်"အရာအားလုံးက ပြီးသွားပြီ.....လာပါ....."

"ကောင်းပြီ"

ပုရွှမ်းက နာခံစွာ လျှောက်လာတယ်။

"ဘယ်လိုရစ်လိမ်ခြင်းဥပဒေသလဲ"

ပုံရိပ်တစ်ခုက ဆန်းကြယ်တဲ့ကမ္ဘာကို ရုတ်တရက် ရောက်ရှိလာပြီး ခယ်ဗင်နဲ့ပုရွှမ်းကြားမှာ ချက်ချင်းထွက်ပေါ်လာတယ်။

ဘယ်အရာမှ သူ့စိတ်ဆန္ဒနဲ့နှလုံးသားကို မလှုပ်ခတ်စေနိုင်သလို သူ့မျက်လုံးတွေက မပြောင်းမလဲဘဲ ကျန်ရှိနေတယ်။ သူထုတ်လွှတ်တဲ့ချီက အလွန်ကြမ်းတမ်းတယ်၊ အလွန်အန္တရာယ်များတယ်၊ ဆန်းကြယ်ကမ္ဘာက တစ်လက်မချင်းစီ ယိုယွင်းပျက်ဆီးလာတယ်။

"ဘယ်လိုဖြစ်တာလဲ......"

ခယ်ဗင်က အံ့အားသင့်သွားတယ်။

ဒါက သူနဲ့ပုရွှမ်းကြားရှိစိတ်ဝိညာဉ်ကမ္ဘာလေ။ တစ်ဖက်လူက ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ။ တစ်ဖက်လူလဲ ရစ်လိမ်ခြင်းဥပဒေသကို ကျင့်ကြံထားတာများလား။

မဟုတ်ဘူး၊ အဲလိုမဟုတ်လောက်ဘူး။

ခယ်ဗင်က နားမလည်ခင် စိတ်ဝိညာဉ်ကမ္ဘာက ပျက်ဆီးသွားပြီး ပုရွှမ်းက အသိပြန်ရလာတယ်။

သူမက ဒေါသနဲ့ကြောက်ရွံ့မှုတို့ တစ်ချိန်တည်းဖြစ်နေတယ်။

ကြောက်စရာကောင်းလွန်းတယ်၊ ခယ်ဗင်က သူမမြင်ဖူးသမျှကြောက်စရာအကောင်းဆုံးလူပဲ၊ သူ့ရဲ့ခွန်အားကြောင့်တော့မဟုတ်ဘူး၊ သူ့ရဲ့ကြောက်စရာကောင်းတဲ့နည်းလမ်းတွေကြောင့်ပဲ၊ သူက သူမရဲ့စိတ်ကို အလွယ်တကူလှည့်စားနိုင်ခဲ့တာလေ။

လီဖူချန်းသာ မထွက်ပေါ်လာရင် သူမက ဘယ်လိုမြင်ကွင်းမျိုးကို ရင်ဆိုင်ရမလဲကို သူမက စိတ်မကူးနိုင်ဘူး။

လီဖူချန်းရဲ့နောက်ကျောကို ကြည့်ရင်း အရင်ကမရှိခဲ့ဖူးတဲ့လုံခြုံတဲ့ခံစားချက်တစ်ခုကို ခံစားမိလာတယ်။ တစ်ဖက်လူသာ ရှိရင် အရာအားလုံးက ပြဿနာမဟုတ်တော့သလိုပဲ။

"မင်း ဘယ်သူလဲ" ခယ်ဗင်က လီဖူချန်းက လေးလေးနက်နက်စိုက်ကြည့်လိုက်တယ်။

ဒီလူက ကြောက်စရာကောင်းတဲ့လူတစ်ယောက်ပဲ၊ သူ အလေးအနက်ထားရမယ့်လူမျိုးပဲ။

တစ်ဖက်လူက သူ ဖန်တီးထားတဲ့စိတ်ဝိညာဉ်ကမ္ဘာထဲကို လွတ်လွတ်လပ်လပ်ဝင်ရောက်နိုင်ခဲ့တာကြောင့်ပဲ။ ဒီနေ့၊ ခက်ခဲတဲ့တိုက်ပွဲတစ်ခုဖြစ်လာမယ်ဆိုတာ သူ သိတယ်။

"မင်းကို သတ်မယ့်လူ" လီဖူချန်းက သူ့ခေါင်းကို ပုရွှမ်းဘက်သို့ လှည့်ကာ ပြောလိုက်တယ်"မင်း အဆင်ပြေရဲ့လား"

သူက ပုရွှမ်းရဲ့အကြောင်းကြားမှုကို လက်ခံရရှိပြီးနောက် ချက်ချင်းပြေးလာခဲ့တာပဲ။

သူက ခယ်ဗင်နဲ့ တစ်ခါမှ မတိုက်ဖူးပေမယ့် ရစ်လိမ်ခြင်းဥပဒေသရဲ့ကြောက်မက်ဖွယ်ကောင်းပုံကို သူ သိတယ်။

သူ အရောက်နောက်ကျရင် အကျိုးဆက်က အလွန်ဆိုးဝါးနိုင်တယ်။

ကံကောင်းစွာနဲ့ သူက အချိန်မီရောက်လာခဲ့တာပဲ။

ဒါပေမယ့် သူက ပုရွှမ်းထံမှာ သေးငယ်တဲ့ပြောင်းလဲမှုတွေကို ရေးတေးတေးမြင်ရတယ်။ တစ်ဖက်လူက ပိုပိုအားနည်းလာပုံရတယ်၊ စိတ်ဆန္ဒနဲ့နှလုံးသားက အတက်အကျက အလွန်ကြီးမားတယ်။ ဒါက ဓားနတ်ဘုရားတစ်ယောက်အတွက် ကောင်းတဲ့အရာတစ်ခုမဟုတ်ဘူး.....

ဓားနတ်ဘုရားဆိုတာ 'တုံးဆိုတိုက်.....ကျားဆိုကိုက်....'ဆိုတဲ့စိတ်ဆန္ဒနဲ့နှလုံးသားရှိရမယ်။

သူ့လမ်းကြောင်းမှာ ဘယ်သူပဲ ရပ်နေပါစေ သူက ဓားတစ်ချက်နဲ့ ဖြတ်တောက်ရမယ်။

ကြည့်ရတာ ပုရွှမ်းကို အိမ်မက်ဆိုးစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ခယ်ဗင်က လွှမ်းမိုးခဲ့ပုံပဲ။ ဒီလူကို မဖယ်ရှားရင် လူဘယ်လောက်ထိ ထိခိုက်မလဲကို မသိနိုင်ဘူး။

"ငါ့ကို သတ်မယ်ပေါ့လေ" ခယ်ဗင်က နှာခေါင်းရှုံ့လိုက်တယ်၊ လီဖူချန်းက အလွန်သန်မာတယ်၊ ကြောက်စရာကောင်းလောက်အောင်သန်မာတယ်ဆိုတာ သူ ဝန်ခံပါတယ်။

ဒါပေမယ့် သူ့ရဲ့နည်းလမ်းအားလုံးက အသုံးပြု‌ရသေးတာမဟုတ်ဘူး။ ပုရွှမ်းနဲ့ရင်ဆိုင်ဖို့ သူက စိတ်ဆန္ဒကိုလှည့်စားတဲ့နည်းလမ်းအချို့ကို အသုံးပြုခဲ့တယ်။ စိတ်ဆန္ဒလှည့်စားတာက လီဖူချန်းအပေါ် အသုံးမဝင်ဘူးဆိုမှတော့ သူက သူ့ရဲ့သတ်ဖြတ်‌ရေးနည်းလမ်းတွေကို အသုံးပြုရမှာပေါ့။

"ဒါပေါ့...မင်းမှာ ဘယ်လိုနည်းလမ်းတွေပဲရှိရှိ မင်းအသုံးပြုလို့ရတယ်.....မဟုတ်ရင် မင်းမှာ အခွင့်အရေးရှိမှာမဟုတ်ဘူး...." ရန်သူကို ဓားတစ်ချက်တည်းနဲ့သတ်ဖြတ်တာက သနားညှာတာလွန်းပါတယ်။ လီဖူချန်းကို ရန်သူကို မသေခင်ခံစားချက်ကို ခံစားစေချင်တယ်။

"သေချင်နေတာပဲ....ရစ်လိမ်ခြင်းကမ္ဘာ"

ခယ်ဗင်ရဲ့လက်ဝါးလှိုင်းတစ်ခုနဲ့အတူ အဆုံးမဲ့ရစ်လိမ်ခြင်းဥပဒေသက လျှံထွက်လာတယ်။ နောက်အခိုက်အတန့်မှာ လီဖူချန်းရှိနေရာကမ္ဘာနဲ့ဟင်းလင်းပြင်က အမှုန့်တွေအဖြစ် ချက်ချင်းရစ်လိမ်သွားတော့တယ်။

"ဒါက မင်းစွမ်းဆောင်နိုင်တာလား.....သာမန်ပါပဲ....."

တွင်းချိုင့်တစ်ခုအပေါ်မှာ လီဖူချန်းက ထိခိုက်အနာတရမရှိဘဲ လွင့်မျောနေတယ်။

"ရစ်လိမ်ခြင်းဓား....."

ခယ်ဗင်က သူ့ရဲ့ညာလက်ကို လှန်လိုက်တယ်၊ မမြင်နိုင်တဲ့ရစ်လိမ်ခြင်းဓားက သူ့လက်ထဲမှာ ထွက်ပေါ်လာတယ်။

ရစ်လိမ်ခြင်းဓားက ခုတ်ချလာတယ်၊ မရေမတွက်နိုင်တဲ့ရစ်လိမ်ခြင်းဓားအရိပ်တွေက လီဖူချန်းရဲ့ဦးတည်ဘက်တိုင်းမှာ ထွက်ပေါ်လာတယ်။ ရစ်လိမ်ခြင်းဥပဒေသရဲ့လွှမ်းမိုးမှုအောက်မှာ ဒီဓားအရိပ်တွေက သူတို့နဲ့လီဖူချန်းကြားအကွာအဝေးကို တိုက်ရိုက်လစ်လျူရှုခဲ့ပြီး အဆိပ်မြွေပမာ လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ဖို့ ကြိုးစားလာကြတယ်။

အုန်း.....

ရစ်လိမ်ခြင်းဓားအရိပ်က ပျက်ဆီးသွားပြီး အပိုင်းအစတွေက ဦးတည်ဘက်တိုင်းကို ပျံ့နှံ့သွားတယ်။

"မဖြစ်နိုင်ဘူး"

ခယ်ဗင်က ရစ်လိမ်ခြင်းဓားရဲ့အစွမ်းကို သိတယ်။ အဲဒါက အဆုံးစွန်းအဆင့်မြင့်ရစ်လိမ်ခြင်းစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုဖြစ်ပြီး ခုခံမှုကို တိုက်ရိုက်လစ်လျူရှုကာ ရန်သူရဲ့အတွင်းစိတ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်တယ်။

တစ်ချိန်က သူက သူ့ထက် အဆင့်အများကြီးပိုမြင့်တဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ အဆုံးမှာ တစ်ယောက်မှ ဘာမှ မလုပ်နိုင်ခဲ့ပေမယ့် တစ်ဖက်လူက သူ့ရဲ့ရစ်လိမ်ခြင်းဓားအောက်မှာ အတော်လေးခံစားခဲ့ရတယ်။

"အိမ်မက်ဆိုးဆင့်ခေါ်ခြင်း"

ခယ်ဗင်က နောက်ထပ်အဆုံးစွန်းအဆင့်မြင့်ရစ်လိမ်ခြင်းနတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်ခဲ့တယ်၊ ကြီးမားတဲ့ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ရဲ့အနက်ပိုင်းမှ ထွက်လာတယ်။

ဒါက နဖူးပေါ်မှာ ဦးချိုနှစ်စုံနဲ့ မီးလျှံနတ်ဆိုးတစ်ကောင်ပဲ။ နတ်ဆိုးရဲ့ခန္ဓာကိုယ်က ဖရိုဖရဲစွမ်းအားကို ထုတ်လွှတ်နေတယ်။

"အသူတရာချောက်နက်နတ်ဆိုးလား"

ပုရွှမ်းက အံ့အားသင့်သွားတယ်။

နတ်ဆိုးတွေက အသူတရာချောက်နက်ထဲမှာပဲ ထွက်ပေါ်တာ၊ တစ်ဖက်လူက နတ်ဆိုးတွေကို နတ်ဘုရားကမ္ဘာဆီ ဆင့်ခေါ်နိုင်တာလား။

ဒါက လက်မခံနိုင်စရာပါပဲ.....

လီဖူချန်းက မီးလျှံနတ်ဆိုးကို တစ်ချက်ကြည့်ကာ ပြောလိုက်တယ်"ဒါက အသူတရာချောက်နက်နတ်ဆိုးရဲ့ခန္ဓာကိုယ်မဟုတ်ဘူး......တစ်ဖက်လူရဲ့အကာအကွယ်မျှပဲ......"

မီးလျှံနတ်ဆိုးက ဟိန်းလိုက်တယ်၊ ဒီဟိန်းသံတစ်ခုတည်းကတင် လူတွေရဲ့စိတ်ဆန္ဒကို ပျက်ဆီးယိုယွင်းစေဖို့ လုံလောက်တယ်။

အုန်း အုန်း အုန်း....

ကြီးမားတဲ့ခြေလှမ်းတွေနဲ့အတူ မီးလျှံနတ်ဆိုးက လီဖူချန်းဆီ ပြေးဝင်လာတယ်။

လီဖူချန်းနားရောက်တဲ့အခါ မီးလျှံနတ်ဆိုးက လက်သီးတစ်ချက်ထိုးလိုက်တယ်။

အုန်း......

မီးလျှံနတ်ဆိုးက လက်သီးမှ စတင်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြာအဖြစ် တမြေ့မြေ့ပြောင်းလဲသွားတယ်။

မျက်စိတစ်မှိတ်အတွင်း မီးလျှံနတ်ဆိုးက ပျောက်ကွယ်သွားခဲ့တယ်။

လီဖူချန်းက သူ့လက်ကိုတောင် မသုံးဘဲ အသူတရာချောက်နက်နတ်ဆိုးအကာအကွယ်ကို ပျက်ဆီးစေခဲ့တယ်။ ဒီခွန်အားက ခယ်ဗင်ကို တုန်လှုပ်သွားစေတယ်။

"မင်းက ရစ်လိမ်ခြင်းဥပဒေသကို ဒီအတိုင်းအတာအထိ ကျင့်ကြံနိုင်တဲ့အတွက် ဂုဏ်ယူစရာပါပဲ......ကဲ.....အခု.....ငါ တိုက်ခိုက်ဖို့ အလှည့်ပဲ" လီဖူချန်းက ခယ်ဗင်ဆီ တစ်လှမ်းချင်းစီ‌ လျှောက်လာတယ်။

ခယ်ဗင်ရဲ့ပုံရိပ်က လျှပ်တစ်ပြက်လက်သွားပြီး ရစ်လိမ်ခြင်းဥပဒေသအောက်မှာ သူ့ရဲ့ခြေတစ်လှမ်းက ပုံမှန်အခြေအနေရဲ့ခြေလှမ်းဆယ်သန်းနဲ့ ညီမျှတယ်။

ဒါပေမယ့် သူ ဘယ်နေရာမှာပဲ ထွက်ပေါ်နေပါစေ၊ လီဖူချန်းက အမြဲတမ်းသူ့ရှေ့မှာပဲ။

"ဒီကို မလာနဲ့......ရစ်လိမ်ခြင်းကမ္ဘာ....."ခယ်ဗင်က ဟိန်းဟောက်လိုက်တယ်၊ ကမ္ဘာတစ်ခုလုံးကို တွန့်လိမ်စေသလို ရစ်လိမ်ခြင်းကမ္ဘာကို သူ့ရဲ့ခွန်အားအကုန်လုံးနဲ့ ထုတ်ဖော်လိုက်တယ်။

လီဖူချန်းရဲ့ပုံရိပ်က တစ်ခဏဝေဝါးသွားတယ်၊ ပြီးနောက် တဖြည်းဖြည်းရှင်းလင်းလာပြီး ခယ်ဗင်ဆီ ဆက်လက်ချဉ်းကပ်နေခဲ့တယ်။

နီးကပ်လာတာနဲ့ လီဖူချန်းက လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ခယ်ဗင်ဆီ ညင်သာစွာ ထိုးလိုက်တယ်။

ဝှစ်.....

သွေးပေါက်တစ်ခုက ခယ်ဗင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာတယ်။

သွေးပေါက်မှ သွေးတွေက မရပ်မနားထွက်နေတယ်။

ဝှစ်......

‌နောက်ထပ်သွေးပေါက်တစ်ခုက ထွက်ပေါ်လာတယ်။

ပြီးနောက် သုံး၊ လေး......

တစ်ခဏကြာပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်မှာ ‌သွေးပေါက်တွေ ဘယ်လောက်တောင် ထွက်ပေါ်လာသလဲကို မသိနိုင်တော့ဘူး။

သူ့ရဲ့ဆန္ဒက အနည်းငယ်ဇဝေဇဝါဖြစ်လာတယ်၊ သူ့စိတ်က မတည်မငြိမ်ဖြစ်လာတယ်၊ အထူးသဖြင့် သူ့ခန္ဓာကိုယ်ပဲ၊ အားနည်းလွန်းတာကြောင့် သူ့ရာသူတောင် မထနိုင်တော့ဘူး။

"မင်းက ဘယ်သူလဲ" ခယ်ဗင်က ကြောက်ရွံ့သွားတယ်၊ ဒီလိုကြောက်စရာကောင်းတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို သူ ဘယ်တုန်းမှ မမြင်ဖူးပါဘူး။

ဒါ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ရောဟုတ်ရဲ့လား။

"ငါ ပြောခဲ့တာပဲ၊ မင်းကို သတ်မယ့်လူလို့၊ ဒါပေမယ့် မင်း မသေခင် ငါ မင်းကို ကြောက်ရွံ့ခြင်းရဲ့အရသာကို မြည်းစမ်းခိုင်းမယ်"

လီဖူချန်းရဲ့မျက်လုံးတွေက မှော်စွမ်းအားရှိပုံရတယ်၊ ခယ်ဗင်ကို ကြည့်လိုက်ရုံနဲ့ ခယ်ဗင်ရဲ့မျက်လုံးတွေက မကြည်မလင်ဖြစ်လာတယ်၊ သူ့ရဲ့စိတ်ဝိညာဉ်ပင်လယ်ရဲ့အနက်ပိုင်းထဲမှာ မီးလျှံအရိပ်အငွေ့တစ်ခုက သူ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းနေတယ်။

စွမ်းအင်မီးဘောလုံးက အဆင့်နိမ့်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်တစ်ခုဖြစ်ပေမယ့် လီဖူချန်းရဲ့လက်ထဲမှာ ၎င်းက ပြီးပြည့်စုံခြင်းအထွတ်အထိပ်ကို ရောက်ရှိနေပါပြီ။

စိတ်ဝိညာဉ်ကို လောင်ကျွမ်းသွားတယ်၊ ခန္ဓာကိုယ်က အလွန်အမင်းအားနည်းလာပြီး ကြောက်ရွံ့ခြင်းမျိုးစေ့တွေက ခယ်ဗင်ရဲ့စိတ်နဲ့ဆန္ဒထဲမှာ ကြီးထွားလာနေတယ်။

"နောက်ဆုံးတော့ ခယ်ဗင်က ရူးသွပ်သွားပြီး သူ့မျက်လုံးတွေက အနီရောင်ပြောင်းလာတယ်။

"အရာအားလုံးကို ဖျက်ဆီးခြင်း....."

ခယ်ဗင်က သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို လောင်ကျွမ်းကာ လီဖူချန်းကို ပျောက်ကွယ်စေချင်တယ်။

"ပြီးဆုံးသွားပြီ...."

လီဖူချန်းက လက်ညှိုးထိုးလိုက်တယ်၊ ခယ်ဗင်က ပြာအဖြစ် လွင့်စင်ပပျောက်သွားတယ်၊ ၎င်းတည်ရှိမှုဆိုတာ ဘာတစ်ခုမှ မကျန်ခဲ့ဘူး။

တစ်ဖက်လူရဲ့သားရဲအိတ်နဲ့နေရာလပ်လက်စွပ်ကို သိမ်းပြီးနောက် လီဖူချန်းက ပုရွှမ်းဆီ လျှောက်လာတယ်။

"ဓားကို လေ့ကျင့်ဖို့ မင်းက မင်းရဲ့စိတ်ကို အရင်လေ့ကျင့်ရမယ်။ မင်းရဲ့ဓားက အေးစက်ပြီး အညှာတာကင်းမဲ့ပေမယ့် စိတ်ဝိညာဉ်ဆန္ဒနဲ့ မပေါင်းစပ်ထားခဲ့ဘူး။ ဒီနေ့မှာ မင်းရဲ့ဓားကို စိတ်ဝိညာဉ်ဆန္ဒနဲ့ ပေါင်းစပ်ထားရင် တစ်ဖက်လူက မင်းရဲ့စိတ်ဝိညာဉ်ဆန္ဒကို လှည့်စားဖို့ လွယ်ကူခဲ့မှာမဟုတ်ဘူး" လီဖူချန်းက ပြောလိုက်တယ်။

ဒါကို ကြားပြီး ပုရွှမ်းက ခေါင်းညိတ်လိုက်တယ်။ ဒီနေ့မှာ သူမမှာ အားနည်းချက်တွေ ရှိပြီး ထင်ထားသလောက်မသန်မာဘူးဆိုတာ သူမက သဘောပေါက်ခဲ့တယ်။

"အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ဒီခရီးက‌နေ ပြန်ရောက်တဲ့အခါကျရင် ငါ့ရဲ့နှလုံးသားကို ငါ လေ့ကျင့်ရမယ်၊ အပေါ်ယံခွန်အားနောက်ကို မျက်စိစုံမှိတ်လိုက်နေတာကို ရပ်တန့်ရမယ်။

***

All Chapters