← Chapters

ခွန်အားပြသခြင်း

Vol. 88 Ch. 1241

ခွန်အားပြသခြင်း

Vol. 88 Ch. 1241

ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စတွေက ကြယ်ငါးလုံးသားရဲမိသားစုတွေအတွက် အရမ်းအရေးမကြီးပေမယ့် အရေအတွက်က သေချာတဲ့အဆင့်တစ်ခုကို ရောက်သွားတဲ့အခါ အလွန်အရေးကြီးလာတယ်။

လွင်ပြင်တစ်ခုပေါ်မှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်သောင်းလောက်က တစ္ဆေအရိပ်မြင်းပေါက်စအကောင်တစ်ရာအတွက် တိုက်ခိုက်နေကြတယ်။

တစ္ဆေအရိပ်မြင်း၊ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲ၊ အရွယ်ရောက်ပြီးသားတစ္ဆေအရိပ်မြင်းက အလွန်အမင်းမြန်တယ်၊ ပျမ်းမျှအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲတွေထက် ပိုမြန်ပြီး ခရီးသွားဖို့အတွက် အကောင်းဆုံးဖြစ်တယ်။

အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စတစ်ကောင်က အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာဘီလီယံထိုက်တန်တယ်ဆိုရင် တစ်ရာက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံခန့်ရှိတယ်၊ ဒါက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ရဲ့တန်ဖိုးနဲ့ညီမျှတယ်။

တိုက်ခိုက်မှုက အလွန်အမင်းပြင်းထန်ပြီး လူတိုင်းက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတွေရရှိဖို့ စိတ်အားထက်သန်နေကြတယ်။

အချို့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက သတ်ဖြတ်နေရင်း သူတို့‌ရဲ့နေရာကို ပြောင်းရွေ့ကာ တစ္ဆေအရိပ်မြင်းတစ်ကောင်ကို လမ်းတစ်လျှောက် စုဆောင်းခဲ့ကြတယ်။

"ဟားဟား.......ဒီတစ္ဆေအရိပ်မြင်းပေါက်စတွေက ငါ့ဟာပဲ.....မင်းတို့ကောင်တွေ မင်းတို့ရဲ့သားရဲအိတ်တွေကို အခုထိ မလွှဲပေးသေးဘူးလား......."

လူသားပုံစံသားရဲတစ်ကောင်က လူအုပ်ကြီးထဲသို့ ပြေးဝင်လာပြီး မြင်တွေ့သမျှလူတိုင်းကို သတ်ဖြတ်ခဲ့တယ်။ တစ်ခဏကြာပြီးနောက် ၎င်းက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ဒါဇင်ကို သတ်ဖြတ်ခဲ့တယ်။

"ဒါ ပါဇာဟုပဲ......"

ပါဇာဟုက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေအားလုံးမတွေ့ချင်တဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေထဲကတစ်ယောက်ပဲ။ သူ့ရဲ့ခံစစ်က သန်မာလွန်းပြီး သူတို့ရဲ့တိုက်ခိုက်မှုက သူ့ကို ကလိထိုးနေသလိုပါပဲ။

ဒါပေမယ့် ပါဇာဟုက ဘယ်လောက်ပဲ သန်မာနေပါစေ၊ သူ့ရဲ့ခံစစ်က ဘယ်လောက်ပဲ မြင့်မားနေပါစေ၊ သူက တစ်ယောက်တည်းသာဖြစ်တယ်၊ ပြီးတော့ သူ့ရဲ့တိုက်ခိုက်ရေးနည်းလမ်းက ရိုးရှင်းတယ်၊ ပစ်မှတ်ကျယ်တိုက်ခိုက်မှုမျိုး မဟုတ်ဘူး၊ ဒါကြောင့် သူက တစ်ချိန်မှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အနည်းငယ်ပဲ သတ်နိုင်တယ်။

ဒါပေမယ့် လူတိုင်းကို စိတ်ပျက်အားငယ်စေတာကတော့ နောက်ထပ်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်တစ်ယောက်က ထပ်ရောက်လာလို့ပဲ။

ဒီလူကို တူကောင်းကင်ဘုံစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်လို့ခေါ်ပြီး စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့အဆင့်၂၂၀ဖြစ်တယ်။ သူ့လက်နက်က အနက်ရောင်တူတစ်လက်ဖြစ်တယ်။

တူက မြေပြင်ကို ရိုက်ချလိုက်တယ်၊ မြေပြင်က အက်ကွဲသွားပြီး အဆုံးမဲ့အလင်းတန်းတွေကို ကောင်းကင်သို့ ပစ်ခတ်လိုက်တယ်။ အချိန်တစ်ခဏအတွင်းမှာ အနည်းဆုံးစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဒါဇင်က တူအောက်မှာ သေဆုံးသွားခဲ့တယ်။

ခွန်အားအရ တူကောင်းကင်ဘုံစိတ်ဝိညာဉ်နတ်ဘုရားအရှင်သခင်က ပါဇာဟုနဲ့ မယှဉ်နိုင်ဘူး၊ ဒါပေမယ့် သတ်ဖြတ်ခြင်းအရှိန်အရ ပါဇာဟုက တူကောင်းကင်ဘုံစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကို လိုက်မမီနိုင်ပါဘူး။

"အလင်းလက်သီး......"

မယှဉ်သာလောက်အောင်အလွန်ကြီးတဲ့နေလက်သီးတစ်လုံးက ကောင်းကင်မှ ကျဆင်းလာပြီး စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေအသိပ်သည်းဆုံးနေရာသို့ ကျရောက်သွားလေတယ်။

အုန်း....

အလင်းက တောက်ပနေပြီး စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဒါဇင်က ပြာအဖြစ် ပြောင်းလဲသွားတော့တယ်။

တောက်ပစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့အဆင့်၁၁၀။

အချိန်တိုအတွင်းမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့ထိပ်တန်းအဆင့်ရှိစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်သုံးယောက်က ရောက်ရှိလာပြီး သူတို့က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ထောင်ကို သတ်ဖြတ်ခဲ့တယ်။

မရတဲ့အဆုံးတော့ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက စတင်ပြန်ဆုတ်လာခဲ့ကြတယ်။

သူတို့က အခုချိန်မဆုတ်ရင် မကြာခင်သေသွားရမှာပဲလေ။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အားလုံးနီးပါးပြန်ဆုတ်သွားတဲ့အခါ ပါဇာဟု၊ တူကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နဲ့ တောက်ပစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တို့က စတင်တိုက်ခိုက်ခဲ့ကြတယ်။

သူတို့ထဲမှာ ပါဇာဟုက အဆင့်အမြင့်ဆုံးဖြစ်ပေမယ့် အထုံဆုံးလဲဖြစ်တယ်။

တူကောင်းကင်ဘုံစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့ပစ်မှတ်ကျယ်တိုက်ခိုက်မှုက အကြမ်းတမ်းဆုံးဖြစ်ပေမယ့် ပါဇာဟုကို ဘာမှမလုပ်နိုင်သလို အလွန်အမင်းမြန်တဲ့တောက်ပစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကိုလဲ ဘာမှမလုပ်နိုင်ပါဘူး။

နှိုင်းယှဉ်ရရင် တောက်ပစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က အသာစီးအရဆုံးပဲ။

ဒါပေမယ့် သူတို့သုံးယောက်က အနိုင်ရသူကို ဆုံးဖြတ်ချင်တယ်ဆိုရင် တစ်ရက်နှစ်ရက်မပြောနဲ့၊ ဆယ်ရက်ဒါမှမဟုတ်လဝက်‌တောင် အနိုင်ရသူကို ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူး။

"ငါ ဒီတစ္ဆေအရိပ်မြင်းပေါက်စအားလုံးကို ယူလိုက်မယ်....."

.

သူတို့သုံးယောက်က တိုက်ခိုက်နေစဉ်မှာ ပုံရိပ်တစ်ခုက လွင်ပြင်သို့ ရောက်ရှိလာပြီး တစ်ချက်လှုပ်ရှားလိုက်ရာ တစ္ဆေအရိပ်မြင်းပေါက်စတစ်ထောင်က သားရဲအိတ်ထဲသို့ ရောက်ရှိသွားတော့တယ်။

"ဘယ်သူလဲ"

"သေချင်နေတာလား"

"ရှင်ဘုရင်ရဲ့အမျက်ဒေါသ"

ပထမဆုံးတိုက်ခိုက်တာက တူကောင်းကင်ဘုံစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ပဲ။ သူ့လက်ထဲရှိတူက မြေပြင်သို့ ရိုက်ချသွားပြီး အဆုံးမဲ့အလင်းတန်းတွေက ကောင်းကင်သို့ မြင့်တက်ကာ လီဖူချန်းကို နစ်မြုပ်သွားတော့တယ်။

"အလင်းနတ်ဘုရား......"

တောက်ပစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က သူ့ရဲ့လက်ချောင်းတွေကို ဆက်တိုက်ထွန်းညှိလိုက်ရာ ‌တောက်ပလက်ချောင်းအရိပ်တွေက လီဖူချန်းကို တိုက်ခိုက်လာခဲ့တယ်။

ပါဇာဟုက လီဖူချန်းဆီ တစ်ဟုန်ထိုးပြေးလာခဲ့တယ်၊ သူက လီဖူချန်းနဲ့ အနီးကပ်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်။

အနက်ရောင်ဓားချီက ရွေ့လျားလာတယ်၊ အလင်းတန်းက ပျက်ဆီးသွားတယ်၊ တောက်ပလက်ချောင်းအရိပ်က ပျောက်ကွယ်သွားပြီး ပါဇာဟာက လွင့်ထွက်သွားတော့တယ်။ လီဖူချန်းက ပေါ့ပေါ့ပါးပါးပြောလိုက်တယ်"မင်းတို့သေချင်ရင် ငါ မင်းတို့ရဲ့ဆန္ဒကို ဖြည့်ပေးမယ်......"

"ဒီလောက်တောင်သန်မာတာ"

!

သူတို့သုံးယောက်က မျက်မှောင်ကြုတ်လိုက်တယ်၊ ဓားတစ်ချက်တည်းနဲ့ သူတို့ကို ပြန်ဆုတ်ဖို့ ဖိအားပေးခဲ့တယ်။

တစ္ဆေအရိပ်မြင်းပေါက်စတစ်ရာကို စဉ်းစားမိလိုက်တော့ သူတို့က တုံ့ဆိုင်းသွားပြန်တယ်။ ဒါက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံကျော်တယ်၊ သူတို့အနေနဲ့ ဒါကို ရဖို့ နှစ်များစွာ အချိန်ယူရပါလိမ့်မယ်။

"မင်းတို့မသွားသေးဘူးလား" လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်၊ အခြားသူတွေက သူ့ကို အရင်မတိုက်ခိုက်သရွေ့ သူက စတင်တိုက်ခိုက်လိမ့်မှာမဟုတ်ဘူး။

ဒါပေမယ့် ဒါက သူက ကြင်နာတတ်တယ်လို့ မဆိုလိုဘူး။

သူတို့သုံးယောက်က သူ့ကို ဆက်လက်ရစ်ပတ်နေရင် နောက်ဓားကွက်က သူတို့ရဲ့သေမင်းဖြစ်သွားလိမ့်မယ်။

ဟေး......

အလင်းတန်းတစ်ခုက နေရာလပ်-အချိန်ကို ထိုးဖောက်သွားပြီး လွင်ပြင်ကို ချက်ချင်းရောက်ရှိလာတယ်။

"ဒီနေရာမှာ တစ္တေအရိပ်မြင်းတစ်ရာရှိတယ်လို့ ငါ ကြားတယ်၊ အခု ဘယ်ရောက်သွားတာလဲ" အလင်းက လွင့်စင်ပပျောက်သွားပြီး လာရောက်တဲ့ပုံရိပ်က ထွက်ပေါ်လာတယ်။

"ထီလုံ"

ပါဇာဟုက အလွန်ပျော်သွားတယ်။

"ထီလုံ"

တူကောင်းကင်ဘုံစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နဲ့တောက်ပစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တို့က မျက်မှောင်ကြုတ်နေရာမှ ပျော်ရွှင်ဝမ်းမြောက်သွားတော့တယ်။

ထီလုံ၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့အဆင့်၂၈၊ သူ့ခွန်အားက သူတို့ထက် သေချာပေါက်သာလွန်တယ်။

အစက သူတို့က ပြန်ဆုတ်ဖို့ ရည်ရွယ်ခဲ့တယ်။ လီဖူချန်းရဲ့ခွန်အားက သန်မာလွန်းတယ်။ တစ္ဆေအရိပ်မြင်းပေါက်စက ကောင်းပေမယ့် အသက်လောက်တော့ အရေးမကြီးဘူးလေ။

အခု ထီလုံနဲ့အတူ သူတို့လေးယောက်ပူးပေါင်းမှုက လီဖူချန်းကို သတ်ဖြတ်ဖို့ လုံလောက်တယ်။

"ထီလုံ၊ ဒီလူက အရမ်းအားကောင်းတယ်၊ သူက တစ္ဆေအရိပ်မြင်းပေါက်စအားလုံးကို ယူသွားပြီ။ မင်းနဲ့ငါတို့ပူးပေါင်းတိုက်ခိုက်ရင် ပိုကောင်းတယ်။ အချိန်ကျလာရင် မင်းက ငါးဆယ်ရာခိုင်နှုန်းယူ၊ ငါတို့သုံးယောက်က ငါးဆယ်ရာခိုင်နှုန်းယူမယ်" ပါဇာဟုက အကြံပြုလိုက်တယ်။

ထီလုံက လီဖူချန်းကို တစ်ချက်ကြည့်လိုက်တယ်"ခုနှစ်ဆယ်ရာခိုင်နှုန်း......"

လီဖူချန်းက မလွယ်ဘူးဆိုတာ သူလဲ မြင်တယ်၊ သို့မဟုတ်ရင် သူတို့သုံးယောက်က သူ့ကို အကူအညီအတွက် မေးလိမ့်မှာမဟုတ်ဘူး။

"ကောင်းပြီလေ၊ ငါ သဘောတူတယ်၊ မင်းတို့ရောဘယ်လိုလဲ" ပါဇာဟုက ‌တူစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နဲ့တောက်ပစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တို့ကို ကြည့်လိုက်တယ်။

"ငါတို့လဲ လက်ခံတယ်"

တစ်ယောက်တစ်ဆယ်ရာခိုင်နှုန်းက မဆိုးပါဘူး၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံထက် ကျော်တယ်လေ။

"မင်း ဘယ်သူလဲ။ မင်းနာမည်ကို ပြော။ ငါ နာမည်မရှိတဲ့သူတွေကို မသတ်ချင်ဘူး" ထီလုံက လီဖူချန်းကို ကြည့်ကာ ပြောလိုက်တယ်။

လီဖူချန်းက အကူအညီမဲ့စွာ ပြောလိုက်တယ်"ဘာလို့ မင်းတို့က သေချင်နေရတာလဲ"

သူ မသတ်ချင်ပေမယ့် သူ လုပ်ရတော့မှာပါလား။

"သေချင်နေတာလား၊ ပိုင်ကျန့်မင်ရှန့်ကတောင် ဒီလိုမပြောရဲဘူး။ မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ" ထီလုံက နှာခေါင်းရှုံ့လိုက်တယ်။

ပါဇာဟုက စိတ်မရှည်တော့ပါဘူး"ထီလုံ၊ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့၊ အခြားကျွမ်းကျင်သူတွေရောက်လာရင် မကောင်းဘူး"

"ဒါ ဟုတ်ပါတယ်"

ထီလုံက ခေါင်းညိတ်လိုက်တယ်။

သူတစ်ယောက်တည်းနဲ့ လီဖူချန်းကို ရင်ဆိုင်နိုင်မယ်လို့ ထင်ပေမယ့် အချိန်အချို့ယူရမှာ သေချာတယ်။ ထိုအချိန်အတွင်း သူက သူ့ထက်အဆင့်ပိုမြင့်တဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို ဆွဲဆောင်မိရင် မကောင်းပါဘူးလေ။

"သွားစမ်း"

ထီလုံရဲ့ပုံရိပ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ ချက်ချင်းပျောက်ကွယ်သွားတော့တယ်။

"ကျားအင်ပါယာလက်သီး......"

ပါဇာဟုက လီဖူချန်းနဲ့ အနီးကပ်ဆုံးပဲ။ ဒီအကွာအဝေးက သူ့ရဲ့အကောင်းဆုံးတိုက်ခိုက်ရေးအကွာအဝေးပါပဲ။

လက်သီးတစ်ချက်နဲ့အတူ ကျားတစ်ကောင်က လီဖူချန်းဆီ ကောင်းကင်နဲ့‌မြေပြင်ကိုဖျက်ဆီးမယ့်မှင်တက်စရာကောင်းတဲ့ချီတစ်ခုနဲ့အတူ ထိုးဆင်းလာတယ်။

"သေမင်းတူ"

တူကောင်းကင်ဘုံစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ပစ်မှတ်ကျယ်တိုက်ခိုက်ရေးစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုကို ရှားရှားပါးပါးအသုံးမပြုတော့ဘဲ အဲအစား ပစ်မှတ်တစ်ခုတိုက်ခိုက်ရေးစိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို အသုံးပြုခဲ့တယ်။ သူ့လက်ထဲရှိတူကို ထပ်ခါတလဲလဲဝှေ့ယမ်းလိုက်ပြီး မီးခိုးရောင်တူအရိပ်တွေက ဟင်းလင်းပြင်ကို ဖြတ်ကာ လီဖူချန်းကို နေရာတိုင်းမှာ တိုက်ခိုက်လာတယ်။ ဒါ မပြီးသေးပါဘူး။ ကောင်းကင်တူအရိပ်က လီဖူချန်းကို ချဉ်းကပ်လာတဲ့အခါ မီးခိုးရောင်တူအရိပ်တွေက ရုတ်တရက် တစ်ခုတည်းစုစည်းသွားပြီး ၎င်းရဲ့စွမ်းအားက အဆအနည်းငယ်ချက်ချင်းတိုးလာတယ်။ ‌သေရေးရှင်ရေးအနေအထားကို ဖြတ်ကျော်ပြီး ကြောက်စရာကောင်းတဲ့သေစေနိုင်စွမ်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။

"အလင်းလှံ....."

တောက်ပစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကလဲ သူ့ရဲ့အသန်မာဆုံးသတ်ဖြတ်ကွက်ကို ပေါက်ကွဲစေလိုက်တယ်။ သူ့ရဲ့ညာလက်ကို ခပ်မြင့်မြင့်ထားလျက် အလင်းတွေ တောက်ပသွားစေတယ်။ အဆုံးမဲ့‌တောက်ပမှုတွေထုတ်လွှတ်နေတဲ့လှံရှည်တစ်လက်က သိပ်သည်းလာခဲ့တယ်။

ဝှစ်.....

တောက်ပလှံရဲ့အရှိန်က ပိုပိုမြန်လာပြီး နေရာလပ်-အချိန်အကန့်အသတ်ကို ကျော်ဖြတ်သွားလုနီးပါးပါပဲ။

သူတို့သုံးယောက်နဲ့ထီလုံရဲ့အသန်မာဆုံးတိုက်ကွက်တွေနဲ့အတူ လီဖူချန်းက 'အလွန်အမင်းဆိုးဝါးတဲ့အနေအထား'တစ်ခုထဲသို့ ကျရောက်သွားမှာပဲ။

သူတို့လေးယောက်က ထိုသို့တွေးခဲ့ကြတယ်။

"မင်းတို့က သေချင်တယ်ဆိုတော့လဲ ငါ မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

လီဖူချန်း ဘာလုပ်တာကို မမြင်ရဘူး၊ အနက်ရောင်ဓားချီတစ်ခုက ရွေ့လျားလာတယ်။

ဒီအနက်ရောင်ဓားချီက အာကာသတွင်းနက်တစ်ခုနဲ့ဖွဲ့စည်းထားတဲ့ဓားချီတစ်ခုနဲ့ တူတယ်။ နတ်ဘုရားကမ္ဘာဥပဒေသအပါအဝင်၊ သူတို့သုံးယောက်ရဲ့ဥပဒေသတွေအပါအဝင် အရာအားလုံးက ပါဝင်တယ်။

ပူဖောင်းတစ်ခုအလား သူတို့သုံးယောက်ရဲ့တိုက်ခိုက်မှုတွေကို ထိုးဖောက်သွားတော့တယ်။

အနက်ရောင်ဓားချီစွမ်းအားက လုံးဝအားမနည်းဘဲ ရှေ့သို့ ဆက်လက်ရွေ့လျားနေတော့တယ်။

၎င်းရဲ့အရှိန်က မြန်လွန်းတယ်၊ သူတို့သုံး‌ယောက်က လုံးဝမတုံ့ပြန်နိုင်ဘူး။

အရင်သက်ရောက်ခံရသူက ပါဇာဟုပဲ။ အနက်ရောင်ဓားချီရဲ့ခုတ်ပိုင်းမှုအောက်မှာ သူ့ရဲ့မဖျက်ဆီးနိုင်တဲ့ခန္ဓာကိုယ်က တို့ဟူးအလား အထိမခံဖြစ်ပြီး တစ်ချက်တည်းနဲ့ ချေမှုန်းခံလိုက်ရတော့တယ်၊ သူ့နောက်မှ တူကောင်းကင်ဘုံစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့အလှည့်ပါပဲ။

အား......

တောက်ပစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က အရင်တုံ့ပြန်နိုင်ခဲ့ပေမယ့် ဒီအချိန်မှာ နောက်ကျလွန်းနေပါပြီ၊ သူ လုပ်နိုင်တဲ့တစ်ခုတည်းသောအရာက နတ်ဘုရားခန္ဓာကိုယ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ဖြစ်တဲ့အလင်းခန္ဓာကိုယ်ကို ထုတ်ဖော်တာပဲ။

တောက်ပစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့ခန္ဓာကိုယ်က တောက်ပပုံရိပ်အစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။

အတိတ်မှာ အလင်းခန္ဓာကိုယ်ကို မှီခိုပြီး လူအနည်းငယ်ကပဲ သူ့ကို တစ်ခုခုလုပ်နိုင်ခဲ့တယ်၊ သူ့ထက်အဆင့်အများကြီးမြင့်တဲ့သူတွေကတောင် သူ့ကို ဘာမှမဖြစ်စေနိုင်ခဲ့ဘူး။

ဒါပေမယ့် အနက်ရောင်ဓားချီက ကြောက်စရာကောင်းလွန်းတယ်။ တောက်ပပုံရိပ်ကို ခုတ်ပိုင်းတဲ့အခိုက်အတန့်မှာ မမြင်နိုင်တဲ့အလင်းဥပဒေသက ဓားတာအိုဥပဒေသအဖြစ် စတင်ပြောင်းလဲလာခဲ့တယ်၊ ဒါက တောက်ပစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကို ထိတ်လန့်စေခဲ့တယ်။

ဝှစ်.......

အနက်ရောင်ဓားချီက တောက်ပပုံရိပ်ကို ဖြတ်ကျော်သွားတယ်။

ပြီး‌နောက် တောက်ပပုံရိပ်လဲ ဗလာနတ္ထိအဖြစ် လွင့်စင်ပပျောက်သွားတော့တယ်။

ထီလုံက လီဖူချန်းနဲ့ ကစားချင်ခဲ့ပေမယ့် ဒီမြင်ကွင်းကို မြင်တဲ့အခါ သူက သေမတတ်ကြောက်ရွံ့သွားတယ်၊ အလင်းက လျှပ်တစ်ပြက်လက်သွားပြီး သူက အဝေးသို့ ထွက်ပြေးသွားတော့တယ်။

ဒီလူက မွန်းစတားတစ်ကောင်ပဲ၊ ဘယ်လိုမှ အနိုင်ယူနိုင်မှာမဟုတ်ဘူး။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့နံပါတ်တည်ရှိမှုကတောင် လီဖူချန်းရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူးလို့ သူက သံသယဖြစ်မိတယ်။

"ထွက်ပြေးချင်နေတာလား......နောက်ကျသွားပြီ......"

လီဖူချန်းက သူ့လက်ကို ဆန့်ကာ ထီလုံကို ဆုပ်ကိုင်ခဲ့တယ်။ အရှိန်က ပြိုင်ဘက်ကင်းတယ်။ အလင်းအဖြစ်ပြောင်းလဲသွားခဲ့တဲ့ထီလုံကို မမြင်နိုင်တဲ့အားတစ်ခုက တိုက်ရိုက်ထိန်းချုပ်ထားခဲ့တယ်။

အုန်း.....

မမြင်နိုင်တဲ့အားက စုဝေးသွားပြီး ထီလုံက ဗလာနတ္ထိအဖြစ် ချေမှုန်းခံလိုက်ရတယ်။

အရာအားလုံးပြီးဆုံးပြီးနောက် လီဖူချန်းက အနှီလေးယောက်ရဲ့သားရဲအိတ်တွေကို ယူလိုက်တယ်။

သူတို့လေးယောက်မှာ သားရဲအိတ်တွေ အများကြီးရှိတာပဲ၊ သူတို့က အခြားသူတွေရဲ့သားရဲအိတ်ကို လုယူခဲ့မှန်း သိသာတယ်။

အခု အားလုံးက လီဖူချန်းအတွက် ဖြစ်သွားပြီပေါ့။

***

All Chapters