← Chapters

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်

Vol. 88 Ch. 1242

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်

Vol. 88 Ch. 1242

ဒါက စိမ်းလန်းစိုပြည်တဲ့တောအုပ်တစ်ခုပဲ။

တောအုပ်ရဲ့အစွန်အဖျားမှာ ကျန့်ရွှယ်လုံက ဒုက္ခရောက်နေတယ်၊ သူနဲ့အတူ နန်ကုန်းမိသားစုရဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဒါဇင်ကျော်လဲ ရှိနေတယ်။

မကြာသေးခင်က သူတို့က သုံးရောင်ခြယ်အလင်းထုတ်လွှတ်နေတဲ့သားရဲပေါက်စတစ်ကောင်ကို တွေ့ပြီး တောအုပ်ထဲသို့ တစ်ဟုန်ထိုးပြေးဝင်လာခဲ့တာလေ။

သူတို့က နတ်ဘုရားသားရဲပေါက်စစာအုပ်မှာ မြင်ဖူးတယ်၊ ဒီသုံးရောင်ခြယ်သားရဲဥပေါက်စက အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲဖြစ်တဲ့သုံးရောင်ခြယ်သားရဲပါပဲ။

သုံးရောင်ခြယ်နတ်ဘုရားသားရဲက သာမန်အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲမဟုတ်ဘဲ အလွန်ရှားပါတဲ့အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲတစ်ကောင်ဖြစ်တယ်။

သုံးရောင်ခြယ်နတ်ဘုရားသားရဲမှာ စွမ်းရည်သုံးခုရှိတယ်။ ပထမက ကုသခြင်းစွမ်းရည်။ အဆင့်မြင့်ပိုင်နက်နတ်ဘုရားတွေက ထိခိုက်မှုဘယ်လောက်ပဲရှိနေပါစေ၊ စိတ်ဝိညာဥ်ဒဏ်ရာဆိုရင်‌တောင် ၎င်းက အချိန်တိုအတွင်း ကုသပေးနိုင်တယ်။

ဒုတိယစွမ်းရည်က အန္တရာယ်ကိုရှောင်ရှားတဲ့စွမ်းရည်ပါပဲ။ သုံးရောင်ခြယ်နတ်ဘုရားသားရဲတွေနဲ့ဆိုရင် မင်းက သေရေးရှင်ရေးအခြေအနေတစ်ခုကြုံတွေ့ရမှာကို စိုးရိမ်စရာမလိုတော့ပါဘူး၊ အကြောင်းကတော့ သုံးရောင်ခြယ်နတ်ဘုရားသားရဲက ရှေ့ရေးကို ကြိုတင်ခန့်မှန်းနိုင်လို့ပဲ။ ဒါပေမယ့် သေရေးရှင်ရေးဇစ်မြစ်က အရမ်းအားမကောင်းရဘူးဆိုတာ သိထားရမယ်။ ဥပမာ ကမ္ဘာနတ်ဘုရားတွေဆိုရင် သုံးရောင်ခြယ်သားရဲက အန္တရာယ်ကို ကြိုတင်မခန့်မှန်းနိုင်ပါဘူး။

တတိယစွမ်းရည်က တိုက်ခိုက်ရေးစွမ်းရည်ပါပဲ။

သုံးရောင်ခြယ်နတ်ဘုရားသားရဲတွေရဲ့တိုက်ခိုက်ရေးစွမ်းအားက အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲအများစုထက် ပိုအားမနည်းပါဘူး။

ဒီစွမ်းရည်သုံးခုက သုံးရောင်ခြယ်နတ်ဘုရားသားရဲပေါက်စကို အလွန်တန်ဖိုးရှိစေတယ်။

တန်ဖိုးက ပုံမှန်အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေထက် ဆယ်ဆပိုမြင့်တယ်။

သုံးရောင်ခြယ်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ကို ရှာတွေ့တာ ကောင်းတဲ့အရာတစ်ခုဆိုပေမယ့် သူတို့က ဓားနတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်နဲ့ ကြုံတွေ့ခဲ့ရတာပဲ။

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်၊ စန်းလန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့အဆင့်၁၅၊ အလွန်အမင်းအားကောင်းတဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်။

စန်းလန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်‌စာရင်းပေါ်ရှိဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေထဲမှာ ပိုင်ကျန့်မင်ရှန့်ကလွဲပြီး သူ့ကို တစ်ယောက်မှ မဖိနှိပ်နိုင်ပါဘူး။

သူက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့အဆင့်၇၈၀၊ အခြားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဒါဇင်ပါပေါင်းထည့်လိုက်ရင် နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကို တိုက်ခိုက်ဖို့ လုံလောက်တယ်လို့ ကျန့်ရွှယ်လုံက တွေးထားခဲ့မိတယ်။

ဒါပေမယ့် အသက်ရှုချိန်အနည်းငယ်ပြီးနောက် သူက မှားယွင်းသွားမှန်း ကျန့်ရွှယ်လုံက သိခဲ့တယ်။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့ထိပ်ဆုံးငါးဆယ်နဲ့ရင်ဆိုင်ရတဲ့အခါ အရေအတွက်က အသုံးမဝင်ဘူးဆိုတာပဲ။

တစ်ကွက်အတွင်း သူတို့ဘက်မှ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ဒါဇင်ကျော်က ဒဏ်ရာရသူရ၊ သေသူသေဖြစ်ခဲ့တယ်၊ သူကိုယ်တိုင်လဲ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားများစွာ ချေမှုန်းခံခဲ့ရတယ်။

"ဘယ်လိုလုပ်ပြီး ဒီလောက်တောင်အားကောင်းရတာလဲ"

ကျန့်ရွှယ်လုံက လီဖူချန်းကို တွေးလိုက်တယ်။ လီဖူချန်းရဲ့ခွန်အားက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့အထက်မှာ ရှိပါသေးတယ်။

လီဖူချန်းက သူတို့နဲ့ ဘယ်လောက်တောင် ဝေးတာလဲ၊ ဘယ်အချိန်မှ ရောက်လာမလဲ။

"အသုံးမဝင်ဘူး၊ မင်းတို့တစ်ယောက်ပြီးတစ်ယောက် နာနာခံခံနဲ့ သေလိုက်ကြတော့"

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့လက်ထဲရှိဓားက အနက်ရောင်ဓားတစ်လက်ဖြစ်ပြီး ဓားသွားက နှလုံးဆောင့်မတတ်စွမ်းအားကို ထုတ်လွှတ်နေတယ်။

ဓားကွက်နဲ့အတူ အနက်ရောင်ဓားချီက ပိုက်ကွန်တစ်ခုအဖြစ် ရောယှက်သွားပြီး လူတိုင်းကို ဖုံးလွှမ်းသွားတယ်။

ချက်ချင်းပဲ လူဒါဇင်ကျော်ကို သတ်ဖြတ်ဒဏ်ရာရစေခဲ့တယ်။

ဒါက ကျန့်ရွှယ်လုံက ဓားချီအများစုကို ခုခံခဲ့လို့ပဲ၊ မဟုတ်ရင် ပိုသေကြေပျက်ဆီးမှုတွေဖြစ်သွားပါလိမ့်မယ်။

"သူ့ခွန်အားက လီဖူချန်းလောက် မသန်မာဘူးဆိုတာ သေချာတယ်"

ဒီအချိန်မှာ ကျန့်ရွှယ်လုံက လီဖူချန်းရဲ့ခွန်အားကို ပိုနက်နက်ရှိုင်းရှိုင်းသဘောပေါက်လာပါပြီ။

"တစ်ခုခုတော့ စိတ်ဝင်စားစရာကောင်းနေပြီ"

ဓားကွက်ဆက်တိုက်က ကျန့်ရွှယ်လုံနဲ့အခြားသူတွေကို သတ်ဖြတ်ဖို့ ကျရှုံးတာကို မြင်ပြီး နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က မျက်မှောင်ကြုတ်လိုက်တယ်။

ကြည့်ရတာ ငါ ပိုအလေးအနက်ထားရမယ့်ပုံပဲ။

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က လက်ထဲရှိအနက်ရောင်ဓားရှည်ကို ခပ်မြင့်မြင့်မြှောက်ကာ ခုတ်ပိုင်းချလိုက်တယ်။

"နတ်ဘုရားဓားဦးတည်ဘက်ဆယ်ရပ်ခုတ်ချက်........"

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို ထုတ်ပြခဲ့တယ်။

ဒီတစ်ခါမှာတော့ သူ့ရဲ့ဓားချီက အဆအနည်းငယ်ပိုသန်မာလာတယ်။

"မကောင်းတော့ဘူး"

သေရေးရှင်ရေးအနေအထားက ကျန့်ရွှယ်လုံရဲ့နှလုံးသားထဲသို့ ဖြတ်သန်းလာခဲ့တယ်။

ဒီအချိန်မှာ တစ်ဖက်လူက လုံးဝအလေးအနက်မထားခဲ့ဘူးဆိုတာ၊ သူ့ခွန်အားရဲ့တစ်ဆယ်ရာခိုင်နှုန်းအောက်ကိုပဲ ပြသခဲ့တယ်ဆိုတာ သူက သဘောပေါက်ခဲ့တယ်။

……

"သုံးရောင်ခြယ်နတ်ဘုရားသားရဲပေါက်စ"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

သုံးရောင်ခြယ်နတ်ဘုရားသားရဲက ရှားပါးတဲ့အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲတစ်ကောင်ပဲ။

သုံးရောင်ခြယ်နတ်ဘုရားသားရဲပေါက်စ၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံး(အဆင့်မြင့်နတ်ဘုရားကျောက်တုံးလို့ ကျွန်တော်ထင်တယ်)တစ်ဆယ်ထရီလီယံထိုက်တန်တယ်၊ ဒါ ဘယ်လိုသဘောတရားမျိုးလဲ။

အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအများစုနဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအများစုမှာတောင် ဒီလောက်များတဲ့အလယ်ဆင့်နတ်ဘုရားကျောက်တုံး(အဆင့်မြင့်နတ်ဘုရားကျောက်တုံး)တွေမရှိဘူးလို့ လီဖူချန်းက ခန့်မှန်းထားတယ်။

သူတို့ရဲ့နတ်ဘုရားကျောက်တုံးပိုများလာတာကို မနှစ်သက်တဲ့သူတစ်ယောက်မှ မရှိပါဘူး။

ဒါ့ပြင် သူ့ရဲ့ကျင့်ကြံခြင်းမှာ နတ်ဘုရားကျောက်တုံးတွေကို အလွန်အကျူးသုံးစွဲတဲ့ဥပဒေသနှစ်ခုရှိတယ်။

ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားချိုးဖြတ်တုန်းက သူက အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ဆယ့်ငါးထရီလီယံကို သုံးစွဲခဲ့ရတယ်။

သူက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်သာဖြစ်သေးတာကို သိရမယ်။ သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်လာရင်ရော။ အနည်းဆုံးအဆတစ်ရာဖြစ်လာမယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။

ထပ်ပြောရရင် ဖျက်ဆီးခြင်းဥပဒေသက မတိုးတက်သေးလို့။ ၎င်းက တိုးတက်လာရင် အလယ်ဆင့်နတ်ဘုရားကျောက်တုံးသုံးစွဲခြင်းအရှိန်က ဓားတာအိုဥပဒေသထက် ပိုမြင့်ပေလိမ့်မယ်။

ဒါကြောင့် လီဖူချန်းအတွက်တော့ နတ်ဘုရားကျောက်တုံးတွေ ပိုရလေလေ၊ ပိုကောင်းလေလေပါပဲ။

ဓားတာအိုဥပဒေသကို အသုံးမပြုတော့ဘဲ လီဖူချန်းက နေရာလပ်-အချိန်ဥပဒေသကို အသုံးပြုခဲ့တယ်။

နေရာလပ်-အချိန်ဥပဒေသရဲ့အရှိန်က မြန်လွန်းတယ်။

တစ်ခဏကြာပြီးနောက် သူက တောအုပ်နဲ့ နီးကပ်လာတယ်။

အဝေးမှ လီဖူချန်းက အားကောင်းတဲ့ဓားချီတစ်ခုကို ခံစားမိတယ်။

ဒီဓားချီက အားကောင်းရုံတင်မက သတ်ဖြတ်ခြင်းအနှစ်သာရလဲ ပါဝင်တယ်။

အကွာအဝေးက ဝေးလွန်းတယ်။ သူ့နေရာမှာ အခြားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေဆိုရင် ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။

ဒါပေမယ့် လီဖူချန်းအတွက်တော့ အကွာအဝေးက ပြဿနာမဟုတ်ဘူး။ သူ လိုချင်ရင် အကွာအဝေးက ဆယ်ဆအဆတစ်ရာဆိုရင်တောင် သူ့တိုက်ခိုက်မှုက ချက်ချင်းရောက်ရှိနိုင်တယ်။

ဓားက ရွေ့လျားသွားပြီး အနက်ရောင်ဓားချီတစ်ခုက ပြေးထွက်လာတယ်။

အရှိန်က မြန်လွန်းတာကြောင့် နေရာလပ်-အချိန်ကတောင် တွန့်ခေါက်သွားတယ်။

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့ဓားချီက လူအုပ်ကြီးကို ပြန့်ကျဲစေတော့မယ့်အခိုက်မှာ......

အနက်ရောင်ဓားချီတစ်ခုက လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာတယ်။

ဝှစ်.....

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့နတ်ဘုရားဓားဦးတည်ဘက်ဆယ်ရပ်ခုတ်ချက်က တစ်ချက်တည်းနဲ့ ပျက်ဆီးသွားတော့တယ်။

"ဘာဖြစ်တာလဲ"

သေခြင်းအန္တရာယ်ဝန်းရံထားတဲ့လူတွေက ခေါင်းမော့ကာ အံ့အားသင့်စွာ ကြည့်လိုက်တယ်။

ကျန့်ရွှယ်လုံက အဝေးကို ကြည့်လိုက်တယ်၊ အလွန်ရင်းနှီးတဲ့ဝေဝေဝါးဝါးပုံရိပ်တစ်ခုကို ‌တွေ့လိုက်ရတယ်။

"ဘေးကင်းပြီ‌ဟေ့......လီဖူချန်း ရောက်လာပြီ"

ကျန့်ရွှယ်လုံက စိတ်သက်သာရာရသွားကာ လူတိုင်းကို ပြောလိုက်တယ်။

"ကောင်းကင်က ငါတို့ကို မသတ်ဘူးပဲ......လီဖူချန်းက နောက်ဆုံး ရောက်လာပြီပေါ့"

လူတိုင်းအတွက်တော့ လီဖူချန်းက သူတို့ရဲ့ ကျောရိုးပါပဲ။ လီဖူချန်းနဲ့ရှိနေရင် သူတို့က ဘေးကင်းမှာ ဧကန်မုချပဲ။

"ဒီဓားချီက....."

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့အမူအရာက လေးနက်လာတယ်။ ဒီလူက သူ့ရဲ့နတ်ဘုရားဓားဦးတည်ဘက်ဆယ်ရပ်ခုတ်ချက်ကို ဒိီလိုအကွာအဝေးတစ်ခုကနေ တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တယ်။ ဒီလူရဲ့ခွန်အားက အကြွင်းမဲ့အားကောင်းတယ်။

ပြီးတော့ အရေးကြီးဆုံးကတော့ တစ်ဖက်လူကလဲ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ပါပဲ။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းပေါ်မှာ ပိုင်ကျန့်မင်ရှန့်ကလွဲပြီး ဒီလောက်သန်မာတဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ယောက်ကို သူ ဘယ်တော့မှ မကြားခဲ့ဘူး။

လီဖူချန်းအတွက် အကွာအဝေးရှည်ဆိုတာ ဘာမှမဟုတ်ဘူး။ မကြာမီမှာပဲ သူက မြင်ကွင်းသို့ ရောက်ရှိလာခဲ့တယ်။

"သုံးရောင်ခြယ်နတ်ဘုရားသားရဲပေါက်စက တောအုပ်ထဲမှာလား" လီဖူချန်းက မေးလိုက်တယ်။

"ဟုတ်တယ်"

ကျန့်ရွှယ်လုံက ခေါင်းညိတ်လိုက်တယ်။

နန်ကုန်းမိသားစုကို ကြည့်လိုက်ရာ သေသူသေ၊ ဒဏ်ရာရသူရနဲ့ အလွန်သနားစဖွယ်ကောင်းနေတာကို လီဖူချန်းက တွေ့ရှိခဲ့တယ်။

"မင်းတို့ အရင်ကုသထား၊ ငါ့ကို ဒီနေရာမှာ ချန်ထားလိုက်....." လီဖူချန်းက ကျန့်ရွှယ်လုံနဲ့အခြားသူတွေကို ပြောလိုက်တယ်။

အသက်ကို နက်နက်ရှိုင်းရှိုင်းရှုသွင်းပြီးနောက် နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ပြောလိုက်တယ်"မင်းက အရမ်းသန်မာတယ်။ အသေးစားလျို့ဝှက်နယ်မြေထဲမှာ မင်းလိုဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို တွေ့လိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး"

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က လီဖူချန်းကို အထင်မသေးရဲပါဘူး။ ခွန်အားက အများကြီးမကွာခြားရင် အမှားသေးသေးလေးတစ်ခုက အနေအထားကို ပြောင်းပြန်လှန်နိုင်တာကို သူက ကောင်းကောင်းသိတယ်။

"မင်းခွန်အားက အားမနည်းပါဘူး......မင်းရဲ့အသန်မာဆုံးဓားတာအိုနတ်ဘုရားအတတ်တွေကို ထုတ်လိုက်.....မဟုတ်ရင် မင်းက အနာဂတ်မှာ အဲဒါတွေကို သုံးဖို့ အခွင့်အရေးရှိတော့မှာမဟုတ်ဘူး"

လူသေတွေက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို ဘယ်သုံးနိုင်မှာလဲ။

"ရဲတင်းလှချည်လား.....ငါ မင်းကို ငါ့ရဲ့အသန်မာဆုံးဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို ပြသမယ်....."

စောစောက သူအသုံးပြုခဲ့တဲ့ နတ်ဘုရားဓားဦးတည်ဘက်ဆယ်ရပ်ခုတ်ချက်က ပြီးပြည့်စုံခြင်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုသာ ဖြစ်ပြီး သူက အဆုံးစွန်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ခုနှစ်ကွက်ကို ဖန်တီးထားခဲ့တယ်လေ။

သူက ဒီလောက်ပဲလို့ လီဖူချန်းက ထင်နေရင်တော့ သူက တစ်ဖက်လူကို သင်ခန်းစာတစ်ခုပေးရလိမ့်မယ်။

"တကယ်လား.....ဒါဆိုလဲ ငါ စောင့်နေမယ်"

လီဖူချန်းက အားကောင်းဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကို အတော်ကလေးစိတ်ဝင်စားပါတယ်။

အခြားသူတွေရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို ကြည့်ရှုတာက သူ့ကို ဈာန်ဝင်စားခြင်းအချို့‌ပေးတယ်၊ သူ့ကို အဆင့်နိမ့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကို ပိုဖန်တီးနိုင်လာစေတယ်။

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကသာ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်မဟုတ်ရင် သူက အဓိပ္ပါယ်မရှိတာတွေ ပြောမနေဘဲ တစ်ကွက်တည်းနဲ့ သတ်ဖြတ်ပြီးနေပြီ။

"ကမ္ဘာဖျက်ဆီးခြင်း....."

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ဓားကို ဆွဲထုတ်လိုက်တယ်၊ ဓားချီက မြေပြင်နဲ့အနီးကပ်ပျံသန်းသွားပြီး ဓားအလင်းတန်းတစ်ခုက လီဖူချန်းကို ထိမှန်သွားတယ်။

ပြီးပြည့်စုံခြင်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်-ကမ္ဘာဖျက်ဆီးခြင်းခုတ်ချက်။

"ငါ မင်းကို အနိုင်ယူပြမယ်" လီဖူချန်းက ဓားတောင် မဆွဲထုတ်ခဲ့ဘူး။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်ဓားချီက ဓားချီအလင်းတန်းအားလုံးကို ဖြတ်တောက်သွားပြီး နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဆီ ပျံသန်းလာခဲ့တယ်။

"နတ်ဆိုးဓားချိတ်ပိတ်...."

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ငြာသံပေးလိုက်တယ်၊ ကြီးမားတဲ့အနက်ရောင်နတ်ဆိုးဓားတစ်လက်က သူ့အရှေ့မှာ သိပ်သည်းလာတယ်။

အဆုံးစွန်းအဆင့်မြင့်ဓားတာအိုခံစစ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်- နတ်ဆိုးဓားချိတ်ပိတ်။

ဖြောက်.....

အနက်ရောင်နတ်ဆိုးဓားက အက်ကွဲသွားပြီး အနက်ရောင်ဓားချီက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကို ဆက်တိုက်ခိုက်လာခဲ့တယ်။

"ဓားနတ်ဆိုးခန္ဓာကိုယ်"

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ကြောက်ရွံ့သွားပြီး အဆုံးစွန်းနတ်ဘုရားခန္ဓာကိုယ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို ထုတ်ဖော်ခဲ့တယ်။ သူ့ခန္ဓာကိုယ်ကို ဓားချီအလွှာတွေ ဖုံးလွှမ်းသွားပြီး ခန္ဓာကိုယ်က ဖိနှိပ်ဓားချီနဲ့ ပြည့်သွားတယ်။ ဒီဖိနှိပ်ဓားချီက အထူးဥပဒေသတွေ ပေါင်းစပ်ထားပြီး မထိုးဖောက်နိုင်တဲ့ခံစစ်တစ်ခုဖြစ်လာခဲ့တယ်။

ဝှစ်......

အနက်ရောင်ဓားချီက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်ခဲ့ပြီး သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအမြောက်အများကို ချေမှုန်းခဲ့တယ်။

ဓားတစ်လက်ရဲ့စွမ်းအားက ဒီလောက်တောင်ကြောက်စရာကောင်းတယ်။

"မင်းရဲ့နည်းလမ်းအားလုံးကို သုံး၊ မဟုတ်ရင် မင်းမှာ အခွင့်အရေးလုံးဝရှိမှာမဟုတ်ဘူး....."

တကယ်တမ်းတော့ သူက လီဖူချန်းနဲ့ တွေ့ကတည်းက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်မှာ ဘာအခွင့်အရေးမှ မရှိတော့ပါဘူး။

"တောက်၊ ကောင်းကင်ဘုံဓား......"

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က အဓိကသတ်ဖြတ်ကွက်သုံးကွက်ထဲကတစ်ကွက်ကို ထုတ်ပြခဲ့တယ်၊ အနက်ရောင်ဓားချီက ကောင်းကင်မှ တစ်ခုပြီးတစ်ခုကျဆင်းလာပြီး လီဖူချန်းကို ခုတ်ပိုင်းခဲ့တယ်။

ဒီဓားက လီဖူချန်းရဲ့ဓားသင်္ဂြိုလ်ခြင်းနဲ့ အတော်လေးတူတယ်။

ဒါပေမယ့် ဓားသင်္ဂြိုလ်ခြင်းလောက် လွှမ်းမိုးနိုင်စွမ်းမရှိပါဘူး။

ဒင်း ဒင်း.....

အနက်ရောင်ဓားချီက ပြန်ကန်ထွက်သွားပြီး လီဖူချန်းကို နည်းနည်းလေးတောင် မနာကျင်စေခဲ့ဘူး။

"ဖျက်ဆီးခြင်းစိတ်ဝိညာဥ်ဓား....."

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ရူးသွပ်သွားပြီး ဒုတိယမြောက်သတ်ဖြတ်ကွက်ကို ထုတ်ဖော်ခဲ့တယ်။

အနက်ရောင်ဓားချီက မြင်နိုင်ရာမှ မမြင်နိုင်ရာသို့ ပြောင်းလဲသွားပြီး ကြောက်စရာကောင်းတဲ့စွမ်းအားအစုအဝေးတစ်ခုကိုသာ ချန်ထားရစ်ခဲ့တယ်။

ဖျက်ဆီးခြင်းစိတ်ဝိညာဥ်ဓားက စိတ်ဝိညာဉ်ကိုတောင် ဖျက်ဆီးနိုင်တယ်။

ဒါက သတ်ဖြတ်ကွက်တစ်ခုထဲကသတ်ဖြတ်ကွက်ပဲ။ နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ဒါကို အလွယ်တကူအသုံးမပြုနိုင်ဘူး။

ဒီအကွက်ကြောင့် သူလဲ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားအချို့ကို ဆုံးရှုံးရလိမ့်မယ်။

"ဒီဓားကွက်က စိတ်ဝင်စားစရာကောင်းသား"

လီဖူချန်းက လက်နှစ်ချောင်းကို ဖျစ်ညှစ်လိုက်တယ်၊ မမြင်နိုင်တဲ့ဓားချီကို သူ့လက်ချောင်းထိပ်ပေါ်မှာ ဖိညှပ်ထားလိုက်တော့တယ်။

"ဘာ....."

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်၊ သူမြင်ခဲ့တဲ့မြင်ကွင်းကို သူက မယုံနိုင်ဘူးဖြစ်နေတယ်။

ဖျက်ဆိီးခြင်းစိတ်ဝိညာဥ်ဓားကို တကယ် ဖိညှပ်ထားထားခဲ့တာပဲ၊ ဒါက သူစိတ်ကူးထားတာထက်ကို ကျော်လွန်နေပြီ။

***

All Chapters