ဒဏ္ဍာရီလာသိမ်းငှက်နှင့် မိုးနဂါးပျံ
Vol. 8 Ch. 111
အပိုင်း ၁၁၁
ဒဏ္ဍာရီလာသိမ်းငှက်နှင့် မိုးနဂါးပျံ
ချူယွီယန်တွင်လည်း အနာအဆာမဲ့အခြေတည်ခြင်းရှိသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဇီယွင်ဂိုဏ်း၊ဂိုဏ်းခေါင်းဆောင်၏ သမီးဖြစ်သည့်အချက်အပြင် မဟာအကြီးအကဲဆေးလုံးမိစ္ဆာကြောင့်လည်း ဖြစ်သည်။ ထိုမျှသာမက သူမ၏ပင်ကိုယ်စွမ်းရည်အား ဇီယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် တတိယအကောင်းဆုံးအဖြစ် သတ်မှတ်နိုင်လေသည်။
ဤအကြောင်းပြချက်ကြောင့်ပင် သူမဖခင်သည် တောင်ပိုင်းဒေသတွင် အလွန်ရှားပါးသော အနာအဆာမဲ့အခြေတည်ခြင်းဆေးလုံးတစ်လုံးအား အရှေ့ဘက်နယ်မြေများရှိ ဖန်းမျိုးနွယ်စုဆီမှ အထူးတလည်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဤနည်းဖြင့် ချူယွီယန်မှာ အနာအဆာမဲ့အခြေတည်ခြင်းအား ရရှိခဲ့၏။
မှန်ပါသည်။ ဇီယွင်ဂိုဏ်းကား ထို့အတွက် အတော်လေးပေးဆပ်ခဲ့ရလေသည်။
မန်ဟိုနောက်သို့ ထပ်ကြပ်မကွာလိုက်နေစဥ်တွင် သူမ၏မျက်ဝန်းလေးများ လင်းလက်နေ၏။ သူမ၏ထင်မြင်ချက်အရ မန်ဟို့တွင် ဘယ်နည်းနှင့်မှ အနာအဆာမဲ့အခြေတည်ခြင်းမရှိနိုင်ပေ။ တောင်ပိုင်းဒေသ၏ ယခုလက်ရှိ ရွေးချယ်ခံမျိုးဆက်တွင် အနာအဆာမဲ့အခြေတည်ခြင်းနှင့် ကျင့်ကြံသူရှစ်ဦးသာရှိပြီး တစ်ဦးတစ်ယောက်ချင်းစီသည် မျိုးနွယ်စုငါးစုနှင့် ဂိုဏ်းသုံးဂိုဏ်းမှဖြစ်သည်။
ဝမ်တန်ဖေးတွင်ပင် ဒဏ်ရာအခြေတည်ခြင်းအဆင့်တွင် ဖြစ်၏။ ဝမ်မျိုးနွယ်စုသည် ကြီးမားလှသဖြင့် ဝမ်တန်ဖေးမှာ ရွေးချယ်ခံများထဲမှ တစ်ယောက်ဖြစ်သော်လည်း မျိုးနွယ်စု အကျော်ကြားဆုံးအဖွဲ့ဝင်တစ်ယောက်တော့ မဟုတ်ပေ။ အမှန်တကယ်ဆိုရလျှင် သူ့အစ်ကိုကြီးအပေါ်သာ အာရုံစိုက်ကြသည်ကများလေသည်။
"မန်ဟို......" သူ၏မျက်ဝန်းလေးများ ရွှန်းလဲ့သွားပြီး သူမနှုတ်ခမ်းထောင့်စွန်းလေးသည် အေးစက်သောအပြုံးတစ်ခုအသွင် တွန့်ချိုးသွားသည်။ သူမ၏မျက်နှာလှလှလေးတွင် ထိုကဲ့သို့ အေးစက်သောအမူအရာလေးကို မြင်ရသည်မှာ အတော်လေးစိတ်ကြွဖွယ်ကောင်း၏။ "မလောက်လေးစား ဒဏ်ရာအခြေတည်အဆင့်ကများ။ နင့်မှာရှိတာက ထူးထူးဆန်းဆန်း မှော်ပစ္စည်းတချို့ပါပဲ" သူမက အရှိန်ကို ထပ်တင်လိုက်သည်။ သူတို့နှစ်ယောက်သားသည် တုန်းလိုင်ပြည်၏ ကောင်းကင်ယံတွင် လေကိုခွင်း၍ တဟုန်ထိုးသွားနေသော အလင်းတန်းနှစ်တန်းအသွင်ပြောင်းသွား၏။
ချီအခြေတည်အဆင့်ကို ရောက်ရှိပါက ပျံသန်းနိုင်ပြီဖြစ်သည်။ သို့သော် အမြန်နှုန်းအရဆိုလျှင် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်တွင်ရှိသော ချူယွီယန်က မန်ဟို့ထက် ပိုမြန်လေသည်။ အချိန်တိုလေးအတွင်းမှာပင် သူမ သူ့ကို မှီသွား၏။။
ဘုန်း
ပြင်းထန်သောပေါက်ကွဲသံကြီး မြည်ဟည်းသွားသည်။ ချူယွီယန်က လျှပ်တပြက် မုဒြာဟန်ဖော်ပြီး မန်ဟို့ထံသို့ ခရမ်းရောင်မြူတိမ်တစ်ခု ပြေးဝင်သွားစေသည်။ ၄င်းမှာ လျှပ်စီးအလံ၏မြူထုဖြင့် ဟန့်တားခံလိုက်၍ ပြိုကွဲသွားလေသည်။
ပေါက်ကွဲသံ မြည်ဟည်းသွားစဥ် မန်ဟိုက ချူယွီယန်ကို အေးစက်စွာ ပြန်လှည့်ရင်း ဆက်လက်ပျံသန်းလိုက်သည်။
"မင်း မြန်ရင်မြန်မယ်။ ဒါပေမယ့် ငါ့ကို မင်းမဖမ်းနိုင်ဘူး။ ငါ လေလံပွဲမှာ အမြင့်ဆုံးပေးပြီးဝယ်ခဲ့တာမလို့ နွေဦးနဲ့ဆောင်းဦးသစ်ပင်က ငါ့အပိုင်ပဲ။ ဒါက မိုးကောင်းကင်ရဲ့ အလိုတော်ပဲလေ"
" ငါနင့်ကို ဒီနေ့ ဖမ်းမယ်" သူမက တည်ငြိမ်စွာ ပြောသည်။ " နွေဦးနဲ့ဆောင်းဦးသစ်ပင်ကြောင့်မဟုတ်ဘူး။ ဝမ်တန်ဖေးရဲ့လက်ချောင်းအတွက်ပဲ။ ပြီးတော့ တင်းရှင့်ရဲ့ အနက်ရောင်လေးကို နင်ဘယ်လိုရခဲ့လဲ ငါ့ကို သေသေချာချာရှင်းပြရမယ်" သူမ လေကိုခွင်း၍ပျံသန်းနေစဥ်တွင် အဝတ်စလေးများက လေတွင် တဖျပ်ဖျပ်လွင့်နေရာ သူမ၏ အသားအရေသာမက ကိုယ်လုံးကိုယ်လေးပါ လှပကြော့ရှင်းနေတော့သည်။ သူမက နည်းလမ်းတစ်ခုခုဖြင့် အဝတ်လဲလိုက်၏။ ထိုအခါ စောစောက မြင်သာနေသော အသားလေးများကား အကာအကွယ်အောက်သို့ ပြန်ရောက်ရှိသွားလေသည်။
မန်ဟိုက ဘာမှပြန်မပြောသော်လည်း သူ၏မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။ စောစောက သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ခဲ့တုန်းက ချူယွီယန်သည် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်တွင်ဖြစ်၍ သူမကို အနိုင်ယူနိုင်မည်မဟုတ်ဟု သူဆုံးဖြတ်ခဲ့သည်။ သို့သော် သူမ သူ့ကို ဖမ်းချင်လျှင် လွယ်ကူမည်တော့မဟုတ်ပေ။
သူတို့နှစ်ယောက် နှစ်နာရီနီးပါးကြာသည်အထိ ရှေ့ဆက်သွားနေကြ၏။ သူမက သူ့ကို အကြိမ်များစွာ ဖမ်းရန်ကြိုးစားခဲ့သော်လည်း လျှပ်စီးတိမ်တိုက်က သူ့ကို ကာကွယ်ပေးထားလေသည်။ အကြိမ်တိုင်း ပေါက်ကွဲသံတစ်သံ မြည်ဟည်းသွားတတ်ပြီး သူက ရှေ့ဆက်သွားနေမည်သာဖြစ်သည်။ ချူယွီယန်မှာ အားကိုးရာမဲ့ ဖြစ်နေသည်ဟုပင် ခံစားလာရလေပြီ။
ညနေခင်း ကျရောက်လာချိန်မှာတော့ ချူယွီယန် ပို၍မှုန်ကုပ်သွားသည်။ သူမသည် မန်ဟို၏ကျင့်ကြံခြင်းအခြေခံကို တစိုးတစိမှ အာရုံမရှိသော်လည်း သူ့ကို ကာကွယ်ထားသည့် လျှပ်စီးတိမ်တိုက်မှာ ချိုးဖျက်ရန် အလွန်တရာ ခက်ခဲလေ၏။ သူမက အံကြိတ်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ရှေးဟောင်းဆီမီးအိမ်တစ်လုံး ထွက်ပေါ်လာသည်။ ဤမီးအိမ်မှာ သူမယခင်က တစ်ခါလေးပင် အသုံးမပြုခဲ့ဖူးသော အဖိုးထိုက်ဆုံးရတနာများထဲကတစ်ခုဖြစ်သည်။ သို့သော် မန်ဟို့ကို ဖမ့းရန်အတွက် သူမ မသုံးမဖြစ်သုံးရပေတော့မည်။
မီးအိမ်သည် ထွက်ပေါ်လာသည့်အချိန်၌ လင်းထိန်မနေသော်လည်း လေထုကို ရှေးဆန်သောအသံတစ်သံဖြင့် ပြည့်နှက်စေခဲ့ပြီးဖြစ်သည်။ ချူယွီယန် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် မီးစာကို မှုတ်လိုက်သည်။ ထိုသို့လုပ်လိုက်စဥ် သူမ၏မျက်နှာမှာ ပို၍ဖြူဖျော့သွားသော်လည်း မီးတောက်တစ်ခု ပေါ်ထွက်လာ၏။
မီးအိမ်လင်းသွားသည်နှင့်တစ်ပြိုင်နက် မီတာသုံးရာပမာဏအတွင်းရှိ နေရာတစ်ခုလုံးသည် မရေမတွက်နိုင်သော မီးတောက်များဖြင့် ဖွဲ့စည်းထားသော လင်းလက်တောက်ပနေသည့်အလွှာတစ်ခုဖြင့် ပြည့်နှက်သွားသည်။
၄င်းတွင် ပုံသဏ္ဍာန်အတည်မကျရှိသည်သာမက ထိ၍လည်း မရသလို မမြင်လည်းမမြင်ရပေ။ မန်ဟို မျက်မှောင်ကြုတ်သွားတော့သည်။
" ရောင်စဥ်တန်းများ စုစည်းစေ" သူမ၏ပြတ်သားသော အသံထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးပြည့်နှက်နေသော အလင်းရောင်များက ရောင်စဥ်တန်းများအဖြစ် ဖြာထွက်သွား၏။ ထို့နောက် သူတို့က မန်ဟိုလမ်းကို ဘယ်၊ညာနှင့် အရှေ့မှ တာဆီးပိတ်ဆို့ကာ သူ့အား တဖြေးဖြေး ဝိုင်းပတ်လာသည်။
ကျရောက်နေသော အန္တရာယ်အခြေအနေကို မန်ဟို သတိထားမိလိုက်ချိန်မှာပင် လျှပ်စီးတိမ်တိုက်ကား ကျုံ့လာ၏။ ကြည့်ရသရွေ့ လွှမ်းခြုံလာနေသော ရောင်စဥ်တန်းများက ၄င်းကို လွင့်စဥ်ပျောက်ကွယ်သွားစေပုံရသည်။
မန်ဟို မျက်လုံးများအရောင်လက်သွားပြီး ရှေ့ဆက်မသွားတော့ဘဲ နောက်ပြန်လှည့်လိုက်သည်။ သူက လျှပ်စီးတိမ်တိုက်ခန္ဓာကိုယ်တစ်ဝိုက်လှည့်ပတ်နေလျက် ချူယွီယန်ဆီ တဟုန်ထိုးဦးတည်သွားသည်။
သူမထံ ဥိီးတည်လာနေသည်ကို မြင်သောအခါ သူမမျက်လုံးများ ကျဥ်းမြောင်းသွား၏။ သူမက လက်ဝါးနှစ်ဖက်ကို အတူတကွ သူမအရှေ့သို့ တွန်းထုတ်လိုက်ရာ ခရမ်းရောင်ချီစက်ကွင်းကြီးတစ်ခု သူမခေါင်းထိပ်မှ စိီးထွက်လာပြီး သူမကို ဝန်းရံလိုက်သည်။ ထို့နောက် သူမက မန်ဟို့ထံ ရွယ်ရင်း လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်၏။ ခရမ်းရောင်ချီများသည် ကြီးမားရှည်လျားသော ခရမ်းရောင်နဂါးကြီးအသွင် ပေါင်းစည်းသွားပြီး ဟိန်းဟောက်ကြုံးဝါးရင် မန်ဟို့ထံ ပြေးဝင်သွားသည်။
လျှပ်စီးတိမ်တိုက်အတွင်းတွင် မန်ဟို ခရမ်းရောင်နဂါးကြီး ချဥ်းကပ်လာသည်ကို မြင်လိုက်သည်။ သူ၏ညာလက်သည် ဂါယာမန္တယားဆိုင်ရာ မုဒြာဟန်တစ်ခု လှစ်ခနဲပြောင်းသွားပြီး ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ လျှပ်စီးတိိမ်တိုက်မှာ တဟုန်းဟုန်းထကြွလာပြီးနောက် လာနေသော နဂါးကြီးနှင့် တစ်တန်းတည်းဖြစ်သွား၏။ တစ်ချိန်တည်းမှာပင် သူက ဘယ်လက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဓားပျံတစ်ရာ ပျံထွက်လာ၏။ မန်ဟို ထိုဓားပျံအား စိတ်ဝိညာဥ်အာရုံဖြင့် ထိန်းချုပ်၍ ဓားလေပွေအသွင် ပြောင်းစေလိုက်သည်။ လျှပ်စီးတိမ်တိုက်နှင့် ဓားလေပွေ ခရမ်းရောင်နဂါးကြီးအား ဝင်တိုက်သွားသည်နှင့် ဝုန်းခနဲပေါက်ကွဲကာ လှိုင်းဂယက်များထသွား၏။ သို့သော် ဓားလေပွေက ချူယွီယန်ထံ ဆက်သွားဆဲပင်။
သူမ၏ဆီမီးအိမ်က မန်ဟို ထွက်မပြေးနိုင်အောင် ဟန့်တားနိုင်ခဲ့၏။ မကြာခင် ရောင်စဥ်တန်းများ မန်ဟိုထံ ရောက်ရှိသွားပြီး အတောင်ပါလျှင်ပင် သူထွက်ပြေးနိုင်တော့မည်မဟုတ်ကြောင်း သူမသိသည်။
သူမက တည်ငြိမ်သောမျက်နှာထားဖြင့် သိုလှောင်အိတ်ကို ပုတ်သည်။ သူမလက်ထဲတွင် အနီရောင်၊ အဖြူရောင်နှင့် အနက်ရောင်တို့ရောစပ်နေသော ယပ်တောင် ပေါ်လာ၏။ သူမက အရှေ့သို့ သုံးကြိမ်ခတ်လိုက်လေသည်။
ပထမအကြိမ် သူမခတ်လိုက်ချိန်တွင် အနီရောင်အလင်းစက်လုံးတစ်လုံးပေါ်လာပြီး အနီရောင်ချိုကြီးတစ်ခုအသွင် ပြောင်းသွားသည်။
ဒုတိယအကြိမ် သူမခတ်လိုက်ချိန်တွင် အဖြူရောင်အလင်းစက်လုံးတစ်လုံးပေါ်လာပြီး ထိုချိုနှင့် ကြံ့ကြီးတစ်ကောင်အသွင်ပြောင်းသွားသည်။
တတိယအကြိမ် သူမခတ်လိုက်ချိန်တွင် အနက်ရောင်စက်လုံးတစ်လုံးပေါ်လာပြီး ကြံကို ဖုံးအုပ်ထားသော အနက်ရောင်သံချပ်ကာအဖြစ် ပေါင်းစည်းသွားသည်။ ကြံ့ကြီးသည် ခေါင်းအား ဒေါသတကြီးခါရမ်းရင်း မန်ဟို၏ ဓားလေပွေဆီ ပြေးဝင်သွား၏။
မန်ဟို အော်ဟစ်ကြုံးဝါးလိုက်ရာ ဓားလေပွေမှာ စတင်ပြိုပျက်လာ၏။ ရုတ်တရက် ဓားများအားလုံး ပေါက်ကွဲသွားပြီး အပိုင်းအစများး အရပ်လေးမျက်နှာသို့ ပျံ့ထွက်သွားသည်။ ထို့နောက် အတူတကွ ပြန်ပေါင်းစည်းပြီး အနက်ရောင်သံချပ်ကာနှင့် ကြံ့ကြီးထံ တဟုန်ထိုးဦးတည်သွား၏။
တစ်ချိန်တည်းမှာပင် လျှပ်စီးတိမ်တိုက်သည် ရုတ်တရက် ဝရုန်းသုန်းကား ပေါက်ကွဲထွက်သွားပြီး မီတာသုံးရာနယ်ပယ်တစ်ခုလုံး ပြည့်နှက်သွားသည်။
မန်ဟိုက လျှပ်စီးတိမ်တိုက် ဖုံးလွှမ်းနေသော ခန္ဓာကိုယ်ဖြင့် တဖျပ်ဖျပ်လက်နေရင်း ချူယွီယန်ထံ ချဥ်းကပ်လာသည်။ သူ၏ညာလက်မှ မြွေမီးတောက်တစ်ခု ပျံထွက်လာသဖြင့် သူမအား ဟွန့်ခနဲ နှာခေါင်းရှုံ့သွားစေ၏။ ဆည်းလည်းသံများ တချွင်ချွင်ထွက်ပေါ်နေသော ခေါင်းလောင်းတွဲတစ်တွဲ သူမလက်ထဲတွင် ထွက်ပေါ်လာရာ မြွေမီးတောက်မှာ ဝမ်းနည်းပူဆွေးစွာ အော်ဟစ်ငိုကြွေးလာတော့သည်။
အထင်သေးသောအရိပ်ယောင်များ မျက်နှာကို ဖုံးလွှမ်းနေလျက် ချူယွီယန်က လက်ကိုမြှောက်သည်။ သူမက မန်ဟို့ထံသို့ လက်ကိုဝှေ့ယမ်းလိုက်ရာ ခေါင်းလောင်းသံများ တချွင်ချွင်မြည်ဟည်းသွား၏။
သူမလက်ချောင်းများမှ ခရမ်းရောင်ချီများ စီးထွက်လာပြီး မန်ဟိုဆီ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
ဤအချိန်တွင် လင်းလက်တောက်ပနေသော ရောင်စဥ်တန်းများက မန်ဟိုထံမှ မီတာအနည်းငယ်ကွာဝေးသော နေရာသို့ ရောက်ရှိနေလေပြီ။ တစ်ခုနှင့်တစ်ခုထပ်လျက်ရှိသော အလင်းလွှာပေါင်းများစွာမှာ ချူယွီယန်၏စိတ်စွမ်းအား၏ ထိန်းချုပ်မှုအောက်တွင် ပြားပြားဝပ်နေပုံရသည်။
ခရမ်းရောင်ချီများ နီးကပ်လာချိန်တွင် မန်ဟို့၏မျက်လုံးများထဲ၌ မမြင်နိုင်သောအလင်းတစ်ခု ထွက်ပေါ်လာသည်။ ခံစားချက်မျိုးစုံ သူ့မျက်နှာပေါ်တွင် ဖြတ်ပြေးသွားပြီး သူ့မှာ သိုလှောင်အိတ်ကို အယောင်ယောင်မှားမှားပုတ်လိုက်ပုံရသည်။ သစ်သားဓားတစ်ချောင်းးထွက်ပေါ်လာပြီး ၄င်း ခရမ်းရောင်ချီများကိုဝင်တိုက်လိုက်ချိန်မှာပင် အနက်ရောင်ပိုက်ကွန်ငယ်နှင့်အတူ ဒုတိယသစ်သားဓားတစ်ချောင်းပျံထွက်လာ၏။ ချူယွီယန်အတွက်မူ မန်ဟိုပုံမှာ အလောတကြီးတိုက်ခိုက်လိုက်ပုံပေါက်နေသည်။ မဟုတ်လျှင် မည်သည့်အတွက်ကြောင့် ရုတ်တရက် ရတနာပစ္စည်းများစွာ အသုံးပြုမည်နည်း။ ၄င်းမှာ အကြောင်းပြချက်ပေးနိုင်သော အတိုင်းအတာထက် အမှန်တကယ်ကျော်လွန်နေချေသည်။
"နင်က တောကြိုအုံကြားက အညတရကျင့်ကြံသူလေးတစ်ယောက်ပဲ" ချူယွီယန်က လက်ကိုမြှောက်ရင်း အေးအေးဆေးဆေးပြောသည်။ " နင် ချီအခြေတည်အဆင့်ဖြစ်နေရင်တောင်မှ နင့်မှာ ဒဏ်ရာအခြေတည်ခြင်းပဲရှိမှာ။ နင်က မျက်နှာပြဖို့တောင် မတန်ဘူး" သူမ၏ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ကျင့်ကြံခြင်းအခြေ၏ စွမ်းအားများ ရုတ်ခြည်း ထွက်ပေါ်လာသည်။ သူမကိုယ်ထဲရှိ တာအိုမဏ္ဍိုင်လေးတိုင်သည် လှိုင်းတံပိုးကြီးများကဲ့သို့ ထိုးတက်လာပြီး သူမညာလက်မှ လေမုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်။ မန်ဟို၏ ဓားမှာ လေထဲတွင် တွန့်လိမ်ရှုံတွသွားပြီးနောက် အနက်ရောင်ပိုက်ကွန်မှာ ရှေ့နောက်ယိမ်းယိုးနေတော့သည်။
သို့သော် ထိုအခိုက်အတန့်တွင် မန်ဟို၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။ အနက်ရောင်ပိုက်ကွန်ကား ရုတ်ခြည်း ကြီးမားလာ၏။ ရောင်စဥ်တန်းများ သံကြိုးများကဲ့သို့ သူ့ပတ်ပတ်လည်၌ ကျုံ့လာချိန်မှာပင် ပိုက်ကွန်က ချူယွီယန်ထံ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ ၄င်း၏အရှိန်နှင့် ကြီးထွားနှုန်းကား ရုတ်တရက်ဆန်လွန်း၍ သူမမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုက်ကွန်က သူမကို လွှမ်းခြုံသွားပြီး တင်းတင်းကြပ်ကြပ် ရစ်ပတ်ချုပ်နှောင်လိုက်၏။
၄င်း သူမကို ချုပ်လိုက်သဖြင့် သူမ၏အဖြူရောင်ဝတ်ရုံရှည်မှာ နောက်တစ်ဖန် စုတ်ပြဲသွားရပြန်သည်။ သူမ၏ လှပတင့်တယ်သော ကောက်ကြောင်းလေးများ လှစ်ဟထွက်ပေါ်လာရာ မည်သည့်ယောက်ျားသားကိုမဆို ရင်ဖိုသွားစေရန် လုံလောက်လေသည်။ သူမမှာ ဒေါသလည်းထွက်၊ စိတ်လည်းလှုပ်ရှားနေ၏။ သူမက မန်ဟို့ကို သတ်ဖြတ်လိုစိတ်များ ဖြာထွက်နေသော မျက်ဝန်းလေးများဖြင့် မုန်းတီးစွာ ကြည့်သည်။
"ငါ နေရာတကာမှာ မျက်နှာလိုက်ပြနေစရာမလိုပါဘူး" သူက ချူယွီယန်ကို လှည့်ကြည့်ရင်း အေးအေးလူလူပြောသည်။ "ငါ ချုပ်ခံထားရတဲ့အချိန် မင်းကို ဒီလိုဖမ်းထားနိုင်တာပဲ ငါ့အတွက် လုံလောက်ပြီ"
သူတို့နှစ်ယောက်လုံး တခဏတာ လှုပ်ရှားမှုမပြုနိုင်ပေ။ တစ်ယောက်ကိုတစ်ယောက်လည်း စိတ်ဝိညာဥ်စွမ်းအင်တစ်စက်လေးပင် မသုံးဝံ့ချေ။ နှစ်ယောက်လုံး ရှေ့လည်းမတိုးသာ၊ နောက်လည်းမဆုတ်သာ ဖြစ်နေတော့သည်။
ချူယွီယန်၏သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာသဖြင့် မန်ဟိုပင်လျှင် သတ်ဖြတ်လိုစိတ်အနည်းငယ် ထုတ်ဖော်ပြထားရလေသည်။
အရာအားးလုံး တိတ်ဆိတ်နေ၏။ ချူယွီယန် မလှုပ်ရှားသလို၊ မန်ဟိုလည်း မလှုပ်ပေ။ သူတို့နှစ်ယောက်လုံး အချုပ်အနှောင်များမှ လွတ်မြောက်ရန် ကြိုးစားရင်း သူတို့၏ကျင့်ကြံခြင်းအခြေခံများအား လှည့်ပတ်နေကြသည်။ ပထမဆုံးလွတ်မြောက်သူသည်သာ အနိုင်ရသူဖြစ်လိမ့်မည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီးမကြာခင် မိုးသောက်ယံအချိန်သို့ ရောက်ရှိလာ၏။ မန်ဟိုသည် သူ၏ကျင့်ကြံခြင်းအခြေခံကို လျင်မြန်စွာ လှည့်ပတ်နေသောကြောင့် ရောင်စဥ်တန်းများ တဖြေးဖြေးလျော့ကျလာသည်။ ချူယွီယန်သည်လည်း ထိုနည်းတူလုပ်ဆောင်နေ၏။ သူမကျင့်ကြံခြင်းအခြေခံ၏ စွမ်းအားအောက်တွင် အနက်ရောင်ပိုက်ကွန်သည် အားနည်းသောအရိပ်အယောင်များ ပြလာလေသည်။
ဤသို့ဖြစ်ပျက်နေချိန် အဝေးတစ်နေရာ၌ တဝေါဝေါ လေတိုက်ခတ်သံများ ကြားလိုက်ရသည်။ စစချင်း ၄င်းက သိပ်မပြင်းထန်ပေ။ လေကြောင့် ချူယွီယန်၏ဆံနွယ်များ တလွင့်လွင့်ဖြစ်လာပြီး မန်ဟိုမျက်လုံးများ ခြောက်ကပ်လာသည်။ သို့သော် မကြာခင် ၄င်းကား အားကောင်းသထက် အားကောင်းလာပြီး ကြမ်းတမ်းစွာ တိုက်ခတ်လာတော့သည်။
အဝေးတစ်နေရာမှ အနက်ရောင်အရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ အလွန်ဝေးကွာလှပါသော်လည်း ဧရာမငှက်ပျံကြီးတစ်ကောင်ဖြစ်ကြောင်း သိသာသည်။ ၄င်းကား ပြန်လည်မွေးဖွားခြင်းဂူထံ ပျံသန်းလာနေသော......ဒဏ္ဍာရီလာသိမ်းငှက်ကြီးပင်။
ကောင်းကင်ထဲရှိ မည်သည့်လေသတ္တဝါမဆိုသည် ဤဒဏ္ဍာရီလာသိမ်းငှက်ကြီးအား မိုးကောင်းကင်၏ဘုရင်တစ်ဆူသဖွယ် ဦးညွှတ်အရိုအသေးပေးကြရမည်သာ ဖြစ်သည်။ ၄င်း၏ သြဇာညောင်းသော ကောင်းကင်အလိုတော် ထွက်ပေါ်လာစဥ် မန်ဟို၏ တာအိုမဏ္ဍိုင်အတွင်းရှိ မိစ္ဆာအမြုတေသည် တုန်ခါလာ၏။ ၄င်းက ဤမိုးကောင်းကင်ဘုရင်နှင့် တိုက်ခိုက်ချင်နေလေသည်။
မိုးနဂါးပျံကြီးသည်လည်း ကောင်းကင်ဘုရင်တစ်ပါးဖြစ်သည် မဟုတ်ပါလော။
လေသည် ပို၍ပင် ပြင်းထန်လာ၏။ မန်ဟို့ခန္ဓာကိုယ်ပင် နောက်သို့ ဆွဲခံလာရသည်။ ချူယွီယန်သည်လည်း တဖြေးဖြေး မြောက်တက်လာသဖြင့် မျက်နှာအမူအရာပြောင်းသွားသည်။ မန်ဟို၏ လျှပ်စီးတိမ်တိုက်၊ ချူယွီယန်၏ ဆီမီးအိမ်သာမက သစ်သားဓားများပင်လျှင် အကုန်လုံး လေကြောင့် လှုပ်ခတ်လာကြသည်။ ၄င်းတို့အားလုံးမှာ လွင့်ထွက်တော့မည်ပုံရလေသည်။
***