← Chapters

အင်မိုတယ်တစ်ယောက်၏ အမွေအနှစ်

Vol. 9 Ch. 116

အင်မိုတယ်တစ်ယောက်၏ အမွေအနှစ်

Vol. 9 Ch. 116

" အပေါ်မှာ အပြင်ထွက်မရအောင် လုပ်နေတဲ့ ဒိုင်းအလွှာတစ်လွှာရှိတယ်" မန်ဟိုက တည်ငြိမ်အေးဆေးစွာ ပြောသည်။ " ငါ အဲ့တာကို ဖောက်ထွက်လို့မရဘူး။ ဒါပေမယ့် နည်းနည်းပါးပါး လေ့လာကြည့်တော့ မိုးကြိုးက အဲ့တာကို ပုံပျက်အောင် လုပ်နိုင်ပုံပဲ" ချူယွီယန်၏မျက်ဝန်းလေးများတွင် စိတ်ပျက်အားငယ်ခြင်းများ ပြည့်နှက်မနေတော့ပေ။ ထိုအစား ၄င်းတို့သည် အသက်ဝင်လာပြီး အတန်ငယ်ပင် ညိို့အားပြင်းလာ၏။

မန်ဟိုက လေထဲသို့ လက်ကိုမြှောက်ပြီး ဆတ်ခနဲဖမ်းဆုပ်သည့်လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်။ တရှူးရှူးအော်မြည်နေသော မြေပွေးတစ်ကောင် သူ့ထံပျံလာပြီး သူက ၄င်းခေါင်းပေါ်ရှိ ပျော့ကွက်ကို လက်ချောင်းဖြင့် ဖိရင်း ကျွမ်းကျင်စွာ ဖမ်းဆုပ်လိုက်၏။

သူက မြေကိုကိုင်ရင်း ချူယွီယန်ကို တည်ငြိမ်စွာ ကြည့်သည်။ ထို့နောက် ဘာမှဆက်ရှင်းပြမနေတော့ဘဲ သူမ၏ ခါးသိမ်သိမ်လေးကို ပွေ့လိုက်၏။ အဝတ်စများးစုတ်ပြဲနေ၍ မန်ဟိုလက်မှာ သူ၏အသားအပေါ်တည့်တည့်ကျရောက်လာသဖြင့် သူမမျက်နှာလေးတစ်ခုလုံး နီမြန်းသွားလေသည်။

သူက ချူယွီယန်ကိုဆွဲလျက် ဓားပျံကိုနင်းရင်း အပေါ်သို့ပျံတက်လိုက်သည်။ သူတို့နှစ်ယောက်သား မြူတိမ်များ ထိုးခွင်းရင်း မကြာမီ အလွှာထံ ရောက်သွားကြသည်။ မန်ဟိုက မြွေကို ၄င်းထံ ပစ်ပေါက်လိုက်၏။ ချူယွီယန် ကြည့်နေစဥ်မှာပင် မြွေ၏ခန္ဓာကိုယ်သည် ဖွားခနဲ သွေးမှုန်များအသွင်ပြောင်းသွားပြီးနောက် အဖြူရောင်အရိုးစုသာ ပြန်ပြုတ်ကျလာသည်။ သူမမှာ အံသြမှင်သက်သွားတော့သည်။

မန်ဟိုက သိုလှောင်အိတ်ကိုပုတ်လိုက်ရာ ဓားပျံဆယ်ချောင်း ထွက်ပေါ်လာ၏။ သူတို့က ရောင်စုံအလင်းတန်းများအသွင် တဟုန်ထိုးပြေးဝင်သွားပြီးနောက် ချက်ချင်းပြာကျသွားသည်။

ဤအရာအားလုံးများ လုပ်ပြပြီးနောက် မန်ဟိုက သူမကို အေးစက်သောမျက်လုံးများဖြင့် စိိုက်ကြည့်သည်။ ထို့နောက် သူက သူမကို သူ့အနားနီးနီးကပ်ကပ်ဆွဲရင်း မီးတောင်အောက်ခြေသို့ ပြန်ဆင်းလိုက်သည်။

မန်ဟို၏ပွေ့ဖက်ခံထားရခြင်းက သူမအတွက် ထူးဆန်းသလို ခံစားရ၏။ သူတို့ မြေကြီးပေါ် ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သူမက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီး အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။ "နင် ဘာဆေးလုံးလိုချင်တာလဲ"

"မိုးကြိုးခုနစ်သွယ်ဆေးလုံး" သူက မပြောင်းလဲသော မျက်နှာထားဖြင့် ပြောသည်။

"မိုးကြိုးခုနစ်သွယ်ဆေးလုံး" သူမက မျက်မှောင်ကြုတ်ကာ ဆိုသည်။ ဤကဲ့သို့ဆေးလုံးမျိုးအား သူမတစ်ခါမှ ကြားပင် မကြားခဲ့ဖူးပေ။

"ငါ အဲ့တာကို ရှေးဟောင်းနေရာတစ်နေရာကနေ ရခဲ့တာ။ ကောင်းကင်က မိုးကြိုးတွေကို လှုံ့ဆော်ပေးနိုင်တယ်။ မင်း ဖော်စပ်နိုင်ရင် ငါတို့ ဒီနေရာက ထွက်သွားနိုင်ပြီ" သူက ဘာမှဆက်မပြောတော့ဘဲ သူမဘာသာသူမ အကောင်းအဆိုးချင့်ချိန်စေလိုက်သည်။ ထပ်ရှင်းပြလျှင် မေးစရာမေးခွန်းများ ထပ်ပေါ်လာမည်ဖြစ်၍ သူ သူမကို ထိုကဲ့သို့ မတွေးစေလိုပေ။

ချူယွီယန် တခဏမျှ တိတ်ဆိတ်သွားသည်။ နောက်ဆုံး၌ သူမအသံထွက်လာတော့သည်။ " ဆေးဖော်စပ်ဖို့ဆိုရင် ငါ ဆေးပေါင်းဖိုလိုတယ်" သူမသည် ယခင်က မိုးကြိုးခုနစ်သွယ်ဆေးလုံးဟူ၍ မကြားခဲ့ဖူးသော်လည်း ဒိုင်းအလွှာအား သူမမျက်စိဖြင့်တပ်အပ် မြင်ခဲ့ပြီးလေပြီ။

မန်ဟိုက သိုလှောင်အိတ်ကို ပုတ်ပြီး လက်ဝါးအရွယ်ရှိသော အသေးစားဆေးပေါင်းဖိုတစ်လုံး ထုတ်လိုက်သည်။ဤသည်မှာ ရှန့်ကွမ်းရှိုး၏သိုလှောင်အိတ်ထဲမှ ရရှိခဲ့သော ဆေးပေါင်းဖိုပင်။ ရှန့်ကွမ်းရှိုးသည် သူကိုယ်တိုင် ဆေးဖော်စပ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၄င်းကို အဆင်သင့်ပြင်ထားခဲ့ခြင်း ဖြစ်သည်။

"ခုနစ်စင်ကြယ်ကျောက်စိမ်းပေါင်းဖို" ချူယွီယန် ဆေးပေါင်းဖိုအပေါ် အကြည့်ရောက်သွားချိန်တွင် အံသြတုန်လှုပ်သောအရိပ်အယောင်များ သူမမျက်နှာလေးကို ဖုံးလွှမ်းသွား၏။ သူမ ဤဆေးပေါင်းဖိုအမျိုးအစားကို သိသည်။ ၄င်း၏အရည်အသွေးမှာ သာမန်ထက်ကျော်လွန်ပြီး အတိုင်းထက်အလွန် တန်ဖိုးကြီးလေသည်။ သူမက မန်ဟိုကို ပြန်ကြည့်လိုက်သည်။ "ဆေးပေါင်းဖိုအပြင် ငါ ကောင်းကင်နဲ့ မြေကြီးရဲ့ မီးလျှံလိုသေးတယ်"

မန်ဟိုက လက်ကို မြှောက်လိုက်ရာ သစ်သားဓားနှစ်ချောင်း ချက်ချင်းထွက်ပေါ်လာသည်။ ၄င်းတို့က မြေကြီးကို မရပ်မနားထွင်းရင်း အထဲဝင်ရောက်သွား၏။ အချိန်အနည်းငယ်ကြာသော် ထစ်ခြုန်းသံတစ်သံ ကြားလိုက်ရသည်။ လေလပူများ လှိုင်းလုံးကြီးပမာ ရိုက်ခတ်သွားခြင်းနှင့်အတူ သစ်သားဓားနှစ်ချောင်းလည်း လိုက်ပါလာသည်။ သစ်သားဓားနှစ်ချောင်း ဖန်တီးခဲ့သော လက်ဝါးအရွယ်အပေါက်အတွင်းမှ မီးတောက်မီးလျှံများ တလိပ်လိပ်တက်လာ၏။ ဤသည်ကား မြေမီးတောက်ပင်။

၄င်းတို့က မီးတောင်အတွင်း တည်ရှိသည်ဖြစ်ပြီး ကံကောင်းချင်တော့ ဤမီးတောင်မှာ မီးငြိမ်းတောင် မဟုတ်သေးပေ။ မန်ဟိုသည် သူ၏ကျင့်ကြံခြင်းအခြေခံ ပြန်လည်ရရှိပြီးနောက် ဤအခြင်းအရာကို စစ်ဆေးကြည့်ခဲ့ပြီး မြေမီးတောက်များနှင့်ပတ်သက်၍ ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ သေချာလေသည်။

"မင်းမှာ ဆေးပေါင်းဖိုလဲရှိပြီ။ မြေမီးတောက်လဲ ရှိပြီ ၊ နောက်ဘာလိုသေးလဲ" မန်ဟိုက လေသံအေးအေးဖြင့် ပြောသည်။

ချူယီယန်က အနီရောင်မီးတောက်များ တဟုန်းဟုန်းတောက်လောင်သော အပေါက်ကို ကြည့်လိုက်သည်။ မီးတောက်များ၏အပူကို သူမ ခံစားကြည့်ပြီးနောက် မန်ဟို့လက်ထဲရှိ ဆေးပေါင်းဖိုကို ကြည့်သည်။ ဤနေရာမှာ ဆေးဖော်စပ်ခြင်းပညာရပ်အတွက် အလွန်သင့်တော်ကြောင်း သူမ ဝန်ခံရမည်သာဖြစ်သည်။

"ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံတချို့ ပြန်ရဖို့ လိုသေးတယ်" သူမက မျက်ဝန်းကလေးများ ရွှန်းလဲ့တောက်ပနေရင်း ပြောသည်။

သူက သူမကို အေးတိအေးစက်ကြည့်ပြီးနောက် လက်ကို မြှောက်လိုက်ရာ အဆင့်နိမ့်ဝိညာဥ်ကျောက်တုံးတစ်တုံး သူမရှေ့သို့ ရောက်လာ၏။ သူမ၏နူးညံ့သောလက်ကလေးနှစ်ဖက်ဖြင့် ဝိညာဥ်ကျောက်တုံးအား ဆတ်ခနဲဖမ်းယူလိုက်စဥ်တွင် သူမ၏စိတ်ဓာတ်အားမန်များ တက်ကြွလာဟန်တူသည်။ သူမက အံတင်းတင်းကြိတ်ပြီး မန်ဟို၏ဥပမာအတိုင်း အနီးနားရှိ ကျောက်တုံးတစ်တုံးဖြင့် သူမလက်ဝါးကို ထိုးခွဲလိုက်သည်။ နာကျင်မှုဒဏ်က သူမျက်နှာလေးကို ဖြူဖျော့သွားစေပြီး သူမကိုယ်လုံးလေး တသိမ့်သိမ့်တုန်သွား၏။ သိို့သော် သူမသည် အံတင်းတင်းကြိတ်၍ ဝိညာဥ်ကျောက်တုံးကို ဒဏ်ရာအထဲ ထိုးထည့်လိုက်သည်။

ထို့နောက် သူမသည် တင်ပျဥ်ခွေကာ တရားထိုင်၏။ တစ်နာရီကြာသော် သူမမျက်လုံးလေးများ ပွင့်လာသည်။ ယခုတွင် သူမ၏ကျင့်ကြံခြင်းအခြေခံသည် စဦးချီဖွဲ့စည်းမှုအဆင့် ၂ သို့မဟုတ် ၃ အထိ ပြန်လည်ရောက်ရှိသွားလေပြီ။

"ငါ့ကို ဆေးဖော်စပ်နည်းပေး" သူမက ထရပ်ရင်း ပြောသည်။ "ပြီးတော့ သိုလှောင်အိတ်တစ်လုံးလဲ လိုတယ်" သူမအသားအရေသည် သူမ၏ကျင့်ကြံခြင်းအခြေခံနှင့်အတူ ပြန်လည်ကောင်းမွန်လာ၏။ ၄င်းမှာ ယခုတွင် စိုပြည်နေပြီး ဝင်းလက်နေလေသည်။ သူမက မန်ဟို့ကို ကြည့်လိုက်သည်။

သူက ကျောက်စိမ်းပြားတစ်ပြားထုတ်၍ သူ၏မျက်ခုံးနှစ်ဖက်အကြား ထားပြီးနောက် ချူယွီယန်ဆီ ပစ်ပေးသည်။ သူ၏သိုလှောင်အိတ်ထဲမှ ဆေးပင်အမျိုးအစားများစွာကိုလည်း သူမကို လွှဲပေးလိုက်သည်။

"မိုးကြိုးခုနစ်သွယ်ဆေးလုံးက ပါဝင်ပစ္စည်းအနေနဲ့ အရန်ဆေးလုံးခုနစ်လုံးလိုတယ်။ ဒီကျောက်စိမ်းပြားမှာ ပထမဆုံးအလုံး ဖော်စပ်နည်းပါတယ်။ အဲထဲ့မှာ နှစ်လုံးလုပ်ဖို့ ပစ္စည်းလုံလုံလောက်လောက်ရှိတယ်။ အဲ့တာ ရှိသမျှအကုန်ပဲ။ ဒါကြောင့် မင်းမှာ အခွင့်အရေးနှစ်ခုပဲ ရမယ်။ မင်း မအောင်မြင်ရင် ငါတို့လွတ်ဖို့ မျှော်လင့်ချက်မရှိဘူး" သူက သိုလှောင်အိတ်အလွတ်တစ်လုံးနှင့်အတူ ဆေးပေါင်းဖိုအား သူမထံပစ်ပေးလိုက်သည်။ နောက်ထပ် တစ်လုံးတပါဒမှ မပြောတော့ဘဲ သူက ဂူဘေးတွင် တင်ပျဥ်ခွေထိုင်ပြီး မျက်လုံးများပိတ်ကာ တရားထိုင်တော့သည်။

ချူယွီယန်၏မျက်ခုံးလေးနှစ်ဖက် တွန့်ချိုးသွား၏။ သူမက ဆေးပေါင်းဖိုကို မပြီး ဆေးပင်များအား သိုလှောင်အိတ်ထဲ ထည့်သည်။ ထို့နောက် မြေမီးတောက်တွင်းအနားသွားပြီး မီးတောက်များအား အတန်ကြာသည်အထိ လေ့လာလိုက်သည်။ လေ့လာပြီးသောအခါမှ သူမသည် တင်ပျဥ်ခွေထိုင်ပြီး ကျောက်စိမ်းပြားအား စတင် ပိုင်းခြားစိတ်ဖြာတော့သည်။

မန်ဟိုက မျက်လုံးများအား ဖွင့်သည်ဆိုရုံလေးဖွင့်၍ သူမကို တခဏကြည့်ပြီးနောက် ပြန်မှိတ်လိုက်သည်။

သူ သူမကို ဖော်စပ်ခိုင်းခဲ့သော မိုးကြိုးခုနစ်သွယ်ဆေးလုံးကား အမှန်တွင် ပြီးပြည့်စုံသောချီအခြေတည်ဆေးလုံးပင်။ ထိုဆေးလုံးကို ဖော်စပ်မှသာလျှင် ကောင်းကင်မိုးကြိုးပစ်စစ်ဆေးခြင်းကို ဆွဲငင်ပြီး မျှော်လင့်ချက်ရှိပြီး ဒိုင်းအလွှာအား ချိုးဖျက်ရန် အခွင့်အရေးရမည်ဖြစ်သည်။

ချူယွီယန် ဆေးဖော်စပ်ရန် စတင်သည်နှင့် သံသယများ ပြည့်နှက်လာမည်မှာ မလွဲဧကန်ပင်။ သို့သော် မန်ဟို ဂရုမစိုက်ပေ။ ပြီးပြည့်စုံသောချီအခြေတည်ဆေးလုံးသည် အရန်ဆေးလုံးခုနစ်လုံးလိုအပ်၏။ တစ်လုံးတလေမရှိလျှင်ပင် ပြီးပြည့်စုံမည်မဟုတ်သော်လည်း အရန်ဆေးလုံးများသက်သက်ဆိုလျှင် အသုံးမဝင်မပေ။ ၄င်းတို့မှာ အတူတကွပေါင်းစပ်မှသာ အာနိသင်ရှိသည်ဖြစ်သည်။

မန်ဟိုလက်ဝယ်၌ အရန်ဆေးနှစ်လုံးရှိသော်လည်း မှန်ပါသည်၊ ချူယွီယန်တစ်ယောက် ၄င်းတို့အား ကူးယူနိုင်မည်မဟုတ်ပေ။

"ဒီနေရာမှာ ထူးဆန်းတဲ့အရာတွေ အများကြီးရှိတယ်" သူက တစ်ယောက်တည်းတွေးနေမိသည်။ " ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံ တချို့ပြန်ရသွားပြီဆိုတော့ ဟိုဟိုသည်သည် လျှောက်ကြည့်သင့်တယ်။ အထူးသဖြင့် ဟိုသွေးကန်ပဲ"

တခဏကြာသော် သူက ထရပ်သည်။ လောလောဆယ်၌ ကျောက်စိမ်းပြားကို လေ့လာနေသော ချူယွီယန်ကို လျစ်လျူရှုကာ မြူတိမ်များအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။

ချူယွီယန်က သူထွက်သွားသည်ကို ကြည့်ပြီးနောက် သူမအသွေးသားထဲ နစ်မြုပ်နေသော ဝိညာဥ်ကျောက်တုံးကို ပြန်ငုံကြည့်လိုက်သည်။

"အဆင့်နိမ့်ဝိညာဥ်ကျောက်တုံးက ငါ့တံဆိပ်ကို အသက်သွင်းဖို့ မလုံလောက်ဘူး.....အနည်းဆုံး အလယ်အလတ်အဆင့်ဝိညာဥ်ကျောက်တုံးလိုမှာ။ အဲ့တာနဲ့တောင်မှ ရလဒ်နဲ့ပတ်သက်ပြီး ယုံကြည်ချက်မရှိဘူး။ အခုဆို တစ်လပြည့်ပြီ၊ ဂိုဏ်းက ဘယ်သူမှလဲ ပေါ်မလာတာထောက်ရင် ဒီဒိုင်းက အကုန်လုံးကို တကယ်ဖိနှိပ်နိုင်ပုံပဲ။ ကဲပါလေ ငါသူ့အတွက် မိုးကြိုးခုနစ်သွယ်ဆေးလုံးကို ဖော်စပ်ပေးလိုက်မယ်။ အဲ့တာက ဒီထဲကထွက်ဖို့ တစ်ခုတည်းသောအခွင်အရေးပဲ" သူမက သက်ပြင်းဖွဖွချပြီး ကျောက်စိမ်းပြားကို ဆက်လက်လေ့လာလိုက်သည်။ သူမသည် ဂိုဏ်းတွင် သူမဆရာနှင့်အတူ သင်ယူခဲ့တုံးထက်ပို၍ စိတ်အားထက်ထက်သန်သန်ဖြင့် လေ့လာနေလေသည်။

ခုနစ်ရက်ဆိုသော အချိန်ကာလသည် လျှပ်တပြက်ကုန်ဆုံးသွား၏။ မန်ဟိုက ဂူထံ ပြန်မသွားဘဲ သွေးကန်စပ်မှ မီတာသုံးရာစွန်းစွန်းအကွာအဝေးရှိ ကျောက်နံရံတွင် ထွင်းခဲ့သော ဂူတစ်လုံးထဲ၌ တင်ပျဥ်ခွေထိုင်နေ၏။

သူ့အရှေ့တွင် နွေဦးနှင့်ဆောင်းဦးသစ်ပင် ဆယ်ပင်ရှိသည်။ သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး သူ့တစ်ကိုယ်လုံး တုန်ရီနေသည်။ သူက လက်ထဲတွင် နောက်ထပ် နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို ကိုင်ထား၏။ ထို့နောက် သူ၏မျက်လုံးများပွင့်လာပြီး သူက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

သူ ထုတ်လိုက်သောလေမှာ မိစ္ဆာမျက်နှာနှင့်တူသော သုံးရောင်ပန်းပွင့်တစ်ပွင့် အသွင်ပြောင်းသွား၏။ ၄င်းက ရက်စက်ကြမ်းကြုတ်စွာ ပြုံးရယ်နေပြီးနောက် တစတစ ပျောက်ကွယ်သွားသည်။

သူ၏အကြည့်သည် အရှေ့ရှိ သစ်ပင်ဆယ်ပင်ထံ ရောက်သွားသည်။ စောစောက အဆိပ်ထလာခဲ့ပြီး နွေဦးနှင့်ဆောင်းဦးသစ်ပင်ကို သူအောင်အောင်မြင်မြင် အသုံးပြုနိုင်ခဲ့၏။ "ဒီတော့ နွေဦးနဲ့ဆောင်းဦးသစ်ပင်က ငါ့ကိုယ်ထဲက အဆိပ်ကို တကယ် ဖိနှိပ်နိုင်တာပဲ"

သူက အင်္ကျီလက်စရှည်ကို ခါပြီး ကျန်ရှိသောသစ်ပင်များ ပြန်သိမ်းလိုက်သည်။ ထို့နောက် သူ၏ကျင့်ကြံခြင်းအခြေကို ထိန်းညှိပြီး မျက်လုံးများ ပြန်ဖွင့်ကာ သွေးကန်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများကား စိတ်ပိုင်းဖြတ်ထားသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေချေသည်။

"ဒီတစ်နေရာလုံးက တစ်နည်းနည်းနဲ့ ချိတ်ပိတ်ခံထားရသလို တကယ် ထူးဆန်းတယ်။ ပြိးတော့ ဒီသွေးကန်..... ငါ ဒီမှာ ပိတ်မိနေတာ နှစ်လရှိပြီ။ ငါတို့ ပထမဆုံး ဒီနေရာကိုရောက်လာတဲ့အချိန်ကလွှဲပြီး ဘာအန္တရာယ်အငွေ့အသက်မှ မရခဲ့ဘူး။ ငါ ပြီးပြည့်စုံတဲ့ ချီအခြေတည်ဆေးလုံးမှာပဲ မျှော်လင့်ချက်အကုန်စုပုံထားလို့ မဖြစ်ဘူး။ အကယ်လို့ ချူယွီယန်သာ ဆေးဖော်စပ်တာ မအောင်မြင်ခဲ့ရင် ငါအသင့်ပြင်ထားသင့်တယ်။ ဒိီနေရာတစ်ခုလုံးမှာမှ ဒီကန်က အထူးဆန်းဆုံးနေရာပဲ

"တကယ်တမ်း ဒီနေရာပိတ်လှောင်ခံထားရတဲ့ အကြောင်းရင်းက ဒီသွေးကန်နဲ့ တစ်ခုခုပတ်သက်နေမယ်ထင်တယ်" သူက ဖြေးညှင်းစွာ ထရပ်ပြီး ဂူအထဲမှ လမ်းလျှောက်ထွက်လာသည်။ ထို့နောက် လျှပ်စီးစက်ကွင်းတစ်ခုကို ထွေးထုတ်လိုက်ရာ ၄င်းသည် တိမ်တိုက်အသွင်ပြောင်းပြီး သူ့ကို ဝန်းရံသွားသည်။ သူသည် လျှပ်စီးတိမ်တိုက်နှင့်အတူ သွေးကန်အနားသို့ တဖြေးဖြေးချဥ်းကပ်သွားတော့သည်။

ကန်စပ်ပတ်ပတ်လည်ရှိ မီတာသုံးရာအတွင်း သူခြေချလိုက်သည်နှင့်တစ်ပြိုင်နက် တည်ငြိမ်နေသော ကန်ရေပြင်ပေါ်တွင် လှိုင်းဂယက်များထသွား၏။ သူ၏မျက်လုံးများ လင်းလက်သွားပြီး သူက နောက်တစ်လှမ်းလှမ်းလိုက်သည်။

သူအနားတိုးကပ်သွားလေလေ၊ လှိုင်းဂယက်များထလာလေလေ ဖြစ်သည်။ တဖြေးဖြေးနှင့် ထစ်ခြုန်းသံများ ပဲ့တင်ထပ်လာပြီး စိမ်းပုပ်ရောင် ကျောက်ပလ္လင် ပေါ်ထွက်လာသည်။ ၄င်းသည် ပူဆွေးသောကများကြောင့် ရှုံ့တွနေသော မျက်နှာများဖြင့် မရေမတွက်နိုင်သော သွေးသံရဲရဲခန္ဓာကိုယ်များက ထမ်းလျက် ကန်ရေပြင်မှ ထိုးထွက်လာရာ လှိုင်းတံပိုးများ အဘက်ဘက်သို့ ရိုက်ခတ်သွားလေသည်။ ယဇ်ပလ္လင်သည် မြင့်သထက် မြင့်တက်လာ၏။

မျက်နှာဖုံးတပ်ထားသော အရိုးစုထိုင်နေသည့် ကျောက်ခုံလည်း ရှိသည်။ ပလ္လင်တဝက်ကျော်ကျော်ကား မြင်ကွင်းထဲ ထွက်ပေါ်လာလေပြီ။

မန်ဟို ရပ်လိုက်ပြီး တစ်လှမ်းချင်း နောက်ပြန်ဆုတ်လိုက်သည်။ သူထိုသို့လုပ်လိုက်စဥ် ယဇ်ပလ္လင်သည်လည်း ဆက်လက်မြင့်တက်မလာတော့ဘဲ တစတစ ပြန်လည်နစ်မြုပ်လာကြောင်း တွေ့လိုက်ရသည်။

"စိတ်ဝင်စားစရာပဲ" မန်ဟိုက မျက်လုံးများလင်းလက်နေရင်း ပြောသည်။ သူသည် နောက်မဆုတ်နေသည်ကို ရပ်ပြီး ပြတ်ပြတ်သားသား ရှေ့ဆက်လျှောက်လာ၏။ သူ နီးကပ်လာချိန် ပလ္လင်ကို ထမ်းထားသော ယောက်ျားမိန်းမများက ဆွဲဆွဲငင်ငင်ငိုကြွေးတော့သည်။ ပလ္လင်သည် မြင့်သထက် မြင့်တက်လာသည်။ မကြာမီ မီတာတစ်ရာ့ငါးဆယ်ရှိသော ယဇ်ပလ္လင်တစ်ခုလုံး သွေးကန်ထဲမှ ထွက်ပေါ်လာတော့သည်။

မန်ဟို ရပ်ပြီး ငုံကြည့်လိုက်ရာ ကန်ထဲတွင် ကြီးမားသော အရာဝတ္ထုကြီးတစ်ခု ဖုံးကွယ်နေကြောင်း မြင်လိုက်ရသည်။

ယဇ်ပလ္လင်မှာ ထိုယောက်ျားမိန်းမများကြောင့် မြောက်တက်လာသည်ဟု ထင်ရသော်လည်း အမှန်တွင် ကန်အနက်ထဲ ပုန်းအောင်းကွယ်လျှိုးနေသော အရာက ပင့်တင်ပေးနေခြင်းဖြစ်သည်။

မန်ဟိုသည် တိမ်တိုက်များဝန်းရံထားလျက် တခဏကြာသည်အထိ တိတ်ဆိတ်စွာ ရပ်နေ၏။ ထို့နောက် ရှေ့ဆက်လျှောက်ပြီး ကန်ပတ်လည် မီတာသုံးဆယ်နယ်ပယ်အတွင်း ဝင်ရောက်လိုက်သည်။ ယဇ်ပလ္လင်မှာ မြောက်တက်လာပြီး ရုတ်တရက် သွေးကန်ထဲမှ ဧရာမဦးခေါင်းကြီး ထိုးထွက်လာ၏။ ယဇ်ပလ္လင်ကား ၄င်း၏ထိပ်တည့်တည့်တွင် တည်ရှိနေခြင်းပင်။

ခေါင်းကြီးသည် အချင်းအားဖြင့် မီတာ သုံးရာခန့်ရှိပြီး စိမ်းပုပ်ရောင်ဖြစ်သည်။ ဤသည်မှာ သက်ရှိသတ္တဝါတစ်ကောင်၏ ဦးခေါင်းမဟုတ်ဘဲ ကျောက်သားမှ ဖြစ်ပေါ်လာခြင်းပင်။ မန်ဟို သွေးကန်အစပ်နားသို့ရောက်ချိန်တွင် ခေါင်းကြီးသည် အလုံးစုံ သိသာထင်ရှားလာ၏။

သွေးများက အရုပ်ဆိုးအကြည်းတန်စွာ ရှုံ့တွနေသော မျက်နှာ၏ဒွါရပေါက်များမှ စီးကျလာသည်။ ၄င်း၏ ပါးစပ်ပွင့်လာပြီး ဟစ်ကြွေးသံတစ်သံ ကြားလိုက်ရ၏။

" ရှေးကံကြမ္မာဆိုးမျိုးနွယ်စု၊ သွေးအင်မိုတယ်၏ အမွေအနှစ်။ အကျွန်ုပ် ရဲ့ သွေးပင်လယ်ထဲ ဝင်ရောက်ပါ။ တောင်ပိုင်းဒေသမှာ ကိုးပေါက်ပွင့်လာပြီး သက်ရှိသက်မဲ့ဟူသမျှ သိကြလိမ့်မယ်။ ပထမဆုံးပုဂ္ဂိုလ်က..... သွေးးအင်မိုတယ် ရဲ့ သွေးမျိုးဆက်အဖြစ် ဆက်ခံရမယ်" အသံသည် မန်ဟိုခေါင်းထဲ တန်းတန်းမတ်မတ်ဝင်ရောက်ပြီး ပဲ့တင်ထပ်သွားသော ဟိန်းဟောက်သံကြီးဖြင့် ပြည့်နှက်သွားစေ၏။

***

All Chapters